Chapter 286

1.1K 134 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (286) နောင်ဘဝမှ တွေ့ကြတာပေါ့
အိပ်မက်ဆိုး ချောက်ကမ်းပါးသည် ယခင် အိပ်မက်ဆိုးဘုရင် ပြုတ်ကျသွားခဲ့သည့် နေရာဖြစ်သည်။
ထိုချောက်ကမ်းပါးသည် အမြင့် သုံးထောင်မီတာ ရှိသည်။ ထိုကဲ့သို့ အမြင့်မှ ပြုတ်ကျသွားလျင် ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တောင်မှ အသက်ဆုံးရှုံးရလောက်သည်။
ထိုချောက်ကမ်းပါးကို မြင်သည်နှင့် ဦးလေးချာခါသည် အလွန် စိတ်ဓာတ်ကျသွားသော မျက်နှာနှင့် ပြောလိုက်သည်။
"သူက အိပ်မက်ဆိုးဘုရင် အသစ်ကို ရှင်းပစ်ချင်နေတာပဲ … အရင် အိပ်မက်ဆိုးဘုရင် သေသွားက အိပ်မက်ဆိုး ချောက်ကမ်းပါးမှာ သေသွားခဲ့ရတာ … ဘုရင်အသစ်က‌ကော ဒီမှာပဲ သေဆုံးရမှာလား"
ဦးလေးချာခါ သာမက ဘေးပတ်လည်မှ အခြား အိပ်မက်ဆိုး သိုင်းပညာရှင်များလည်း အလွန် ဝမ်းနည်းလာကြသည်။
အိပ်မက်ဆိုးဘုရင်သည် သူ့ဘဝ အမြင့်သို့ မရောက်ရှိခင် ကျဆုံးသွားရတော့မည်ဟူသည့်အချက်ကို သူတို့ လက်မခံနိုင် ဖြစ်နေကြသည်။
ဂျွတ်ခနဲ အသံနှင့်အတူ နောက်ထပ် အိပ်မက်ဆိုး သိုင်းပညာရှင်တစ်ယောက်သည် မင်းသား ကာရိုးလ်၏ လက်ဖဝါးချက်အောက်၌ ကိုယ်နှစ်ခြမ်း အပိုင်းခံလိုက်ရ၏။
မြေကြီးပေါ်၌ မျက်စိတစ်ဆုံး အလောင်းများနှင့် ပြည့်နှက်နေ၏။ အိပ်မက်ဆိုး သိုင်းပညာရှင်များ၏ သွေးများကြောင့် မြေကြီးသည် ရဲရဲနီလို့နေ၏။
မိစ္ဆာကဲ့သို့သော  မင်းသား ကာရိုးလ်အား ပြန်လည်ခုခံနိုင်ခြင်းငှာ မစွမ်းနိုင်ကြပေ။ သူ့မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီးနောက် သူသည် ဖေးချမ်အား စိုက်ကြည့်ကာ လှောင်ပြောင်သည့် အပြုံးဖြင့် ပြောလိုက်သည်။
"ပုရွက်ဆိတ်လိုကောင် မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား"
"လုပ်စမ်းပါ … အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းကို ငါ့ကို အပ်ပြီးတော့ မင်းရဲ့ သခင်ကြီးအဖြစ် ငါ့ကို မှတ်ယူလိုက် … ဒါဆို မင်းကို ငါ ခွင့်လွှတ်ပေးမယ်"

သူ့စကားကြောင့် ဖေးချမ်၏ မျက်လုံးများက ရုတ်ချည်း တောက်ပလာသည်။
"မင်းကို ငါ့သခင်ကြီးအဖြစ် မှတ်ယူရမယ် ဟုတ်လား"
ဖေးချမ်သည် ရှေ့သို့ တစ်လှမ်းတိုးလာပြီး မင်းသား ကာရိုးလ်အား စိတ္တဇဆန်သော မျက်လုံးများဖြင့် ကြည့်ကာ ဆက်ပြောလိုက်သည်။
"ကာရိုးလ် … မင်းက တစ်မူထူးဆန်းပါပေတယ် … အဲ့တော့ကော ဘာဖြစ်လဲ … မင်း ငါ့ကို သတ်နိုင်တယ် … ဒါပေမယ့် မင်း ငါ့အရိုးတွေကို ချိုးနိုင်မှာ မဟုတ်ဘူး"
"ငါ့ရဲ့သခင်ကြီးက သေချာပေါက်ငါ့ ဧကရာဇ် ဖြစ်လာမယ့်သူကွ … သူ အမိန့်ထုတ်လိုက်တာနဲ့ နတ်ဆိုးအားလုံးက သူ့ရှေ့ ဒူးထောက်ရမှာ"
"မင်းက ဘာကောင်မို့လို့လဲ"
*ဘာ*
ဖေးချမ်၏ စကားကြောင့် မင်းသား ကာရိုးလ်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
"ပထမဆုံးပဲ"
ဖေးချမ်သည် မင်းသား ကာရိုးလ်အား လူကြားထဲ လှောင်ပြောင်ရှုတ်ချရဲသည့် တကယ့် ပထမဆုံးသူပင် ဖြစ်သည်။
"ဘယ်လို ပမွှားကောင်လေးလဲ … မင်း ငါ့ကို အညံ့ခံကိုခံရမယ် … မင်း အခုချက်ချင်း ငါ့ရှေ့ ဒူးထောက်ကို ထောက်စေရမယ်ကွ"
မင်းသား ကာရိုးလ်သည် အလွန်မောက်မာသော မျက်နှာထားနှင့်အတူ ချုပ်ကိုင်လိုသော ဟန်ပန်ဖြင့် ဆက်ပြောလိုက်သည်။
"မင်းက ငါ့အစေခံ ဖြစ်လာလိမ့်မယ်လို့ ငါပြောခဲ့တယ် … ဒါကြောင့် မင်း ငါ့ကို မင်းသခင်ကြီးအဖြစ် မှတ်ကို မှတ်ယူရမယ်ကွ"
ထိုသို့ပြောပြီး မင်းသား ကာရိုးလ်သည် ဖေးချမ်ထံသို့ တစ်လှမ်းပြီးတစ်လှမ်း လှမ်းလာရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ ထပ်ပြောလိုက်သည်။
"ဒီနေ့ ငါ မင်းကို ဘယ်သူက သခင်ဖြစ်ပြီး ဘယ်သူက အစေခံဆိုတာကို သင်ပြပေးမယ်"
ထို့နောက် မင်းသား ကာရိုးလ်သည် ဖေးချမ်ထံသို့ တန်းနေအောင် ပြေးဝင်သွားသည်။ ဤအဖြစ်ကို မြင်လိုက်ရသောကြောင့် အကြီးအကဲချာခါသည် မင်းသား ကာရိုးလ်အား တားမြစ်ရန် အလျင်အမြန် ပြေးတက်သွားသည်။ သို့သော် သူသည် ဖေးချမ်၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။
ထို့နောက် ဖေးချမ်သည် အလွန် ပြင်းပြသော ဆန္ဒဖြင့် ပြောလိုက်သည်။
"ဦးလေး ချာခါ … မှတ်ထားပေးပါ … အကယ်၍ သူနဲ့ ကျွန်တော် သေတဲ့အထိ တိုက်ခိုက်ရမယ်ဆိုရင် ကျေးဇူးပြုပြီး ဟွာရှနိုင်ငံ ကျန်းရှီမြို့က ကျုပ်သခင်ကြီး ယဲ့ဖန်ကို ကျုပ်ကိုယ်စား လိုက်ရှာပေးပါ"
"ပြီးတော့ သူ့ကို ပြောပေးပါ … လောဘအိုး ဝံပုလွေ ဖေးချမ်က နတ်ဆိုးဧကရာဇ်ရဲ့ ဂုဏ်သိက္ခာကို အရှက်ရစေခဲ့ပါတယ်လို့ ပြီးတော့ နောင်ဘဝရောက်မှပဲ အကြွေးပြန်ဆပ်ပါ့မယ်လို့"
ထိုသို့ပြောပြီးနောက် ဖေးချမ်၏ မျက်နှာက ပြာနှမ်းလာသည်။ ထိုအချိန်တွင် သူသည် သူ၏ သုံးမြှောင့်ဓားချွန်အား ဝှေ့ယမ်း၍ မင်းသား ကာရိုးလ်ထံနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
တိုက်ပွဲခေါ်သံနှင့်အတူ သိုင်းပညာရှင်နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက် ရင်ဆိုင်မိသွားသည်။
ဒဏ္ဍာရီလာအဆင့်နှင့် ဒဏ္ဍာရီအဆင့်တို့သည် အဆင့်ချင်းနီးကပ်သည်ဟု ဆိုရသော်လည်း ခွန်အားနှစ်ခုကြား၌ မကျော်လွှားနိုင်သော ခြားနားမှုကြီးတစ်ခု ရှိနေသည်။
မင်းသား ကာရိုးလ်သည် ဒဏ္ဍာရီလာ အလယ်အလတ်အဆင့်ဖြစ်သည်။ ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရရှိသွားပြီးနောက် သူ၏ တိုက်ပွဲဝင်ခွန်အားသည် ဒဏ္ဍာရီလာ နောက်ဆုံးအဆင့်နှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။
သို့သော် ဖေးချမ်သည် ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်၌သာ ရှိသေးသည်။ သူတို့၏ တိုက်ပွဲဝင်ခွန်အားနှစ်ခုကြား၌ ကြီးမားသော ကွာခြားမှုတစ်ခု ရှိနေသည်။
မင်းသား ကာရိုးလ်သည် ဖေးချမ်အား အစကတည်းက ဖိနှိပ်ထားနိုင်နေပြီ ဖြစ်သည်။
ရွှစ်! ရွှစ်! ရွှစ်!
ဆိုးရွားပြီး သွေးသံတရဲရဲနှင့် ဒဏ်ရာများက ဖေးချမ်၏ ကိုယ်ပေါ်၌ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် သူသည် သူ့ဒဏ်ရာများအားလုံးကို ဂရုမစိုက်သည့် လူသတ်လက်နတ်ကဲ့သို့ ဖြစ်နေပြီး သူ့မျက်လုံးသည် ရဲရဲနီနေ၏။
ဖေးချမ်သည် မင်းသားကာရိုးလ်နှင့် အသက်ချင်းလဲ၍ ထိပ်တိုက်ရင်ဆိုင်နေခြင်း ဖြစ်သည်။ ဂျွတ်ခနဲ အသံနှင့်အတူ မင်းသားကာရိုး၏ ဘယ်ဘက်ပါးပေါ်၌ နီရဲနေသော ဒဏ်ရာတစ်ခု ထင်ကျန်လာသည်။
တောက်! တောက်!
သူ့ဒဏ်ရာမှ ရဲရဲနီနေသော သွေးများ စီးကျလာပြီးနောက် မင်းသား ကာရိုးလ်သည် ဒေါသူပုန်ထသွားသည်။
"ပုရွက်ဆိတ်လိုကောင် … မင်းကများ ငါ့ကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့"
ကမ္ဘာတစ်ဝန်းမှ ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရရှိခဲ့သည့် လူခြောက်ဦးထဲမှ တစ်ဦးဖြစ်သည့် သူသည် သူ့ဒဏ်ရာအတွက် အရှက်ရသလို ခံစားမိသည်။
ဂျွတ်!
ဒေါသတကြီးဖြစ်လာပြီးနောက် သူ၏ လက်ဖဝါးသည် ဖေးချမ်၏ ရင်ဘတ်အား ထပ်မံ၍ ထိုးဖောက်သွားသည်။
"မင်း ငါ့ကို အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်း ပြေးပြီးတော့ ငါ့ကို မင်းရဲ့ သခင်ကြီးအဖြစ် မှတ်ယူပါ့မယ်လို့ ငါ့ကိုပြောစမ်း"
မင်းသားကာရိုးလ်သည် ခက်ထန်သော မျက်နှာထားနှင့် ပြောဆိုလိုက်သည်။ သူ့စကားကြောင့် ဖေးချမ်သည် မင်းသား ကာရိုးလ်၏ မျက်နှာပေါ်သို့ သွေးများ ထွေးထုတ်လိုက်သည်။ ထို့နောက် သူက ဟားတိုက်ရယ်မောလေသည်။
"ပုရွက်ဆိတ်တဲ့လား … ဟဟ … ငါ့သခင်ကြီး ရှေ့ရောက်သွားရင် မင်းကမှ ပုရွက်ဆိတ်သာသာ အဆင့်ကွ"
*ဘာ*
သူ့စကားကြောင့် မင်းသား ကာရိုးလ် ဒေါပွသွားသည်။
"ခွေးကောင်"
ထိုသို့ရေရွတ်ပြီးနောက် မင်းသား ကာရိုးလ်သည် ဖေးချမ်၏ ရင်ဘတ်ထဲမှ သူ့လက်ဖဝါးအား အားနှင့် ပြန်ဆွဲထုတ်လိုက်သည်။ ထို့နောက် ဖေးချမ်၏ ဘယ်ဘက်လက်မောင်းအား ချိုးချလိုက်၏။
ဂျွတ်!
ရဲရဲနီနေသော သွေးများက မြေကြီးပေါ်သို့ ပြန့်ကျဲထွက်သွားသည်။ ကြီးစွာသော နာကျင်မှုကြောင့် ဖေးချမ်သည် တစ်ကိုယ်လုံး ချွေးစို့လာရသည်။
"မင်း ငါ့ကို အရှုံးပေးပြီလား"
မင်းသား ကာရိုးလ်က တင်းမာသော မျက်နှာထားဖြင့် မေးလိုက်သည်။
"ီးကို အရှုံးပေးလိုက် … ငါက နတ်ဆိုးကွ … ငါ မိုးကောင်ကင်ကို ဒူးမထောက်သလို မြေကမ္ဘာကိုလည်း ဒူးမထောက်ဘူးကွ … ငါ့သခင်ကြီး တစ်ယော်တည်းရဲ့ ရှေ့မှာပဲ ငါ ဒူးထောက်တယ် … ငါ့သခင်ကြီးကိုပဲ နတ်ဆိုး ဧကရာဇ်အဖြစ် မှတ်ယူတယ် … မင်းက သောက်သုံးမကျတဲ့ကောင်ပဲကွ"
ဖေးချမ် ရယ်မောလိုက်သည်။ သူသည် သွေးများနှင့် ပေကျံနေပြီး အရူးတစ်ယောက်ကဲ့သို့ ရဲတင်းလွန်းစွာ ပြုမူနေသည်။
"ီးပဲကွာ … ီးပဲ … သောက်ချေးတဲ့မှ"
မင်းသား ကာရိုးလ် အလွန် ဒေါသထွက်နေ၏။ သူ သိုင်းပညာရှင်များစွာကို အလွန် ရက်စက်သော နည်းလမ်းများဖြင့် အနိုင်ယူခဲ့ဖူးသည်၊ သို့သော် ဤဖက်တီးလေးက သည်လောက် စိတ်ဓာတ် ခိုင်မာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။
"ကောင်းပြီလေ … မင်း နာကျင်မှုကို ဘယ်လောက်ထိ တောင့်ခံနိုင်လဲဆိုတာကို ငါ စောင့်ကြည့်ရသေးတာပေါ့"
"မင်း ငါ့ကို အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းကို တစ်စက္ကန့်အတွင်း မပေးဘူးဆိုရင် ငါ မင်းကို တစ်ကြိမ် ထိုးနှက်မယ် … မင်း ငါ့ကို တစ်မိနစ်အတွင်း မင်းရဲ့ သခင်ကြီးအဖြစ် မသတ်မှတ်ဘူးဆိုရင် မင်းကို ငါ အကြိမ် ခြောက်ဆယ် ထိုးနှက်မယ်"
ထို့နောက် မင်းသား ကာရိုးလ်သည် အလွန် ကြမ်းကြုတ်သော မျက်ဝန်းများဖြင့် ကြုံးဝါးလိုက်သည်။
"မင်း ငါ့ကို အစွမ်းကုန် ရိုသေလေးစားပြီး မင်း ငါ့ကို သခင်ကြီးအဖြစ် မှတ်ယူတာကို ငါ လိုချင်တယ်"
ရွှစ်!
ထိုသို့ပြောပြီး သူသည် ဖေးချမ်၏ ဘယ်ဘက်ပခုံးအား သူ့လက်ဖဝါး အားကုန် ထိုးစိုက်လိုက်သည်။ ဖေးချမ် တစ်ချက်တုန်ယင်သွားပြီးနောက် ဟစ်ကြွေးလိုက်သည်။
"ငါ့သခင်ကြီးက နတ်ဘုရားနဲ့ အင်မော်တယ်တွေကို သတ်ဖြတ်နိုင်တယ်ကွ"
ရွှစ်!
မင်းသား ကာရိုးလ်က သူ့အား ထပ်၍ ထိုးနှက်လိုက်သည်။ ထိုစဉ် ထိတ်လန့်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
ထို့နောက်တွင်မူ မင်းသား ကာရိုးလ်က ဖေးချမ်၏ ခန္ဓာကိုယ်အား ထပ်ခါထပ်ခါ ထိုးနှက်လာသည်။
သို့သော် ဖေးချမ်သည် သူ့အသက်ကို လုံးဝ ဂရုမစိုက်သော အရူးတစ်ယောက်ကဲ့သို့ ပြုမူနေသည်။ အလွန်အမင်း လေးစားသော မျက်နှာထားဖြင့် သူ၏ ဟစ်ကြွေးသံများက ကမ္ဘာတုန်လောက်ပေ၏။
ထိတ်လန့်စရာကောင်းလိုက်ပါဘိ။
ဘေးမှ ကြည့်နေသူများအားလုံးသည် ကမ္ဘာပေါ်ရှိ မည်ကဲ့သို့သော တည်ရှိမှုမျိုးက ဤကဲ့သို့ ရူးသွပ်သော သူတစ်ယောက်ကို သူ၏ အစေခံဖြစ်အောင် လုပ်နိုင်ခဲ့သလဲဆိုတာကို သိချင်မိကြသည်။
မည်ကဲ့သို့သော တည်ရှိမှုမျိုးက အိပ်မက်ဆိုး ဘုရင်သစ်အား သည်လောက် မိုက်မဲအောင် လုပ်နိုင်တာပါလိမ့်။ ဘယ်လိုလုပ် သူက ထိုသူ၏ ဂုဏ်သိက္ခာကို သူ့အသက်ဖြင့် ခုခံ ကာကွယ်ပေးနေရသနည်း။
အံ့…အံ့ဩစရာ ကောင်းလိုက်ပါဘိ။
ဒုန်းခနဲ အသံများ ပဲ့တင်ထပ်၍ ထွက်ပေါ်လာပြီး အကြီးအကဲချာခါနှင့် အခြား အိပ်မက်ဆိုး သိုင်းပညာရှင်များ ဖေးချမ်ရှေ့ ဒူးထောက်ကျလာပြီး သူတို့၏ မျက်နှာပေါ်၌ ပူနွေးသော မျက်ရည်များဖြင့် ပြည့်နှက်လာသည်။
ဘုရင်အသစ် ကျဆုံးတော့မည်ကို သူတို့ သိနေသည်။
"အရှင် … အရှင်"
အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး ချက်ချင်း မြေကြီးပေါ် ဒူးထောက်ကျလာသည်။ သူတို့ ဖေးချမ်နှင့် အချိန်အတော်ကြာ မသိကျွမ်းခဲ့သော်လည်း ဤဖက်တီးလေး၏ ရူးသွပ်သော စိတ်ဆန္ဒတို့ကိုတော့ သူတို့ သိနားလည်ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။
သူသည် သူတို့၏ ဘုရင်ပင်။
"ဟားဟား.."
ထိုစဉ် ဖေးချမ်သည် ဟားတိုက်ရယ်မောနေရင်း သူ၏ နဖူးအလယ်တည့်တည့်မှ ရွှေအိုရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူသည် သူ၏ ကိုယ်ပိုင် သဘာဝသွေးသားများကို လောင်မြှိုက်နေခြင်း ဖြစ်သည်။
ဘုန်း!
ဖေးချမ်သည် သူ၏ ခွန်အားအပြည့် အသုံးပြုပြီး မင်းသား ကာရိုးလ်အား ထိုးနှက်လိုက်သည်။
ဂျွတ်ခနဲ အသံနှင့်အတူ မင်းသား ကာရိုးလ်၏ လက်ဖဝါးသည် မည်သို့မျှ ကြိုတင်ကာကွယ်မှု မပြုလုပ်လိုက်ရဘဲ နောက်လန်၍ ကျိုးသွားပြီး သူသည်လည်း လေထဲသို့ သုံး၊လေး မီတာခန့် လွင့်ထွက်သွားသည်။ ထို့နောက် သူသည် အလွန် ထိတ်လန့်သွားသော မျက်နှာနှင့် နောက်သို့ ခပ်မြန်မြန် ဆုတ်လိုက်သည်။
ထိုအချိန်တွင် ဖေးချမ်သည် ယိုင်တိယိုင်တိုင် ဖြစ်နေပြီး သတိလစ်မတတ် ဖြစ်နေသည်။ သူ့မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီးနောက် သူသည် ဟွာရှနိုင်ငံ တည်ရှိရာ အရပ်သို့ လှမ်းကြည့်ရင်း အနည်းငယ် နွေးထွေးသော အပြုံးဖြင့် ပြောလိုက်သည်။
"သခင်ကြီး … နောင်ဘဝမှ ပြန်တွေ့ကြတာပေါ့"
ထိုသို့နောက်ဆုံးစကားပြောပြီး ဖေးချမ်းသည် ခြေတစ်လှမ်းတိုး၍ အိပ်မက်ဆိုး ချောက်ကမ်းပါးသို့ ခုန်ချလိုက်သည်။
"မဟုတ်ဘူး"
အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး အလွန် ကြောက်လန့်သွားကြပြီး သူတို့မျက်နှာပေါ်၌ အလွန် မျှော်လင့်ချက် ပျက်သုဉ်းသွားဟန်များ ပြည့်နှက်နေသည်။
မင်းသား ကာရိုးလ်၏ မျက်နှာတောင်မှ ညှိုးနွမ်းသွားသည်။ သူ ဖေးချမ်အား တားချင်သော်လည်း နောက်ကျသွားချေပြီ။
ဖေးချမ်သည် ချောက်ကမ်းပါးအောက်မျ တိမ်တိုက်များကြား၌ ပျောက်ကွယ်သွားပြီး အလွန် ရူးသွပ်သော အော်ဟစ်သံသာ ကြားနေရသည်။
"နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး … နတ်ဆိုးဧကရာဇ် သက်တော်ရှာကျော် ရှည်ပါစေ"
#ZAWGYI
စာစဥ္ (20) CHAPTER (286) ေနာင္ဘဝမွ ေတြ႕ၾကတာေပါ့
အိပ္မက္ဆိုး ေခ်ာက္ကမ္းပါးသည္ ယခင္ အိပ္မက္ဆိုးဘုရင္ ျပဳတ္က်သြားခဲ့သည့္ ေနရာျဖစ္သည္။
ထိုေခ်ာက္ကမ္းပါးသည္ အျမင့္ သုံးေထာင္မီတာ ရွိသည္။ ထိုကဲ့သို႔ အျမင့္မွ ျပဳတ္က်သြားလ်င္ ဒ႑ာရီလာအဆင့္ သိုင္းပညာရွင္ေတာင္မွ အသက္ဆုံးရႈံးရေလာက္သည္။
ထိုေခ်ာက္ကမ္းပါးကို ျမင္သည္ႏွင့္ ဦးေလးခ်ာခါသည္ အလြန္ စိတ္ဓာတ္က်သြားေသာ မ်က္ႏွာႏွင့္ ေျပာလိုက္သည္။
"သူက အိပ္မက္ဆိုးဘုရင္ အသစ္ကို ရွင္းပစ္ခ်င္ေနတာပဲ … အရင္ အိပ္မက္ဆိုးဘုရင္ ေသသြားက အိပ္မက္ဆိုး ေခ်ာက္ကမ္းပါးမွာ ေသသြားခဲ့ရတာ … ဘုရင္အသစ္ကေကာ ဒီမွာပဲ ေသဆုံးရမွာလား"
ဦးေလးခ်ာခါ သာမက ေဘးပတ္လည္မွ အျခား အိပ္မက္ဆိုး သိုင္းပညာရွင္မ်ားလည္း အလြန္ ဝမ္းနည္းလာၾကသည္။
အိပ္မက္ဆိုးဘုရင္သည္ သူ႔ဘဝ အျမင့္သို႔ မေရာက္ရွိခင္ က်ဆုံးသြားရေတာ့မည္ဟူသည့္အခ်က္ကို သူတို႔ လက္မခံႏိုင္ ျဖစ္ေနၾကသည္။
ဂြၽတ္ခနဲ အသံႏွင့္အတူ ေနာက္ထပ္ အိပ္မက္ဆိုး သိုင္းပညာရွင္တစ္ေယာက္သည္ မင္းသား ကာ႐ိုးလ္၏ လက္ဖဝါးခ်က္ေအာက္၌ ကိုယ္ႏွစ္ျခမ္း အပိုင္းခံလိုက္ရ၏။
ေျမႀကီးေပၚ၌ မ်က္စိတစ္ဆုံး အေလာင္းမ်ားႏွင့္ ျပည့္ႏွက္ေန၏။ အိပ္မက္ဆိုး သိုင္းပညာရွင္မ်ား၏ ေသြးမ်ားေၾကာင့္ ေျမႀကီးသည္ ရဲရဲနီလို႔ေန၏။
မိစာၦကဲ့သို႔ေသာ မင္းသား ကာ႐ိုးလ္အား ျပန္လည္ခုခံႏိုင္ျခင္းငွာ မစြမ္းႏိုင္ၾကေပ။ သူ႔မ်က္ႏွာေပၚမွ ေသြးမ်ားကို သုတ္လိုက္ၿပီးေနာက္ သူသည္ ေဖးခ်မ္အား စိုက္ၾကည့္ကာ ေလွာင္ေျပာင္သည့္ အၿပဳံးျဖင့္ ေျပာလိုက္သည္။
"ပု႐ြက္ဆိတ္လိုေကာင္ မင္း ထြက္ေျပးႏိုင္မယ္လို႔ ထင္ေနတာလား"
"လုပ္စမ္းပါ … အိပ္မက္ဆိုး လွ်ိဳ႕ဝွက္သိုင္းက်မ္းကို ငါ့ကို အပ္ၿပီးေတာ့ မင္းရဲ႕ သခင္ႀကီးအျဖစ္ ငါ့ကို မွတ္ယူလိုက္ … ဒါဆို မင္းကို ငါ ခြင့္လႊတ္ေပးမယ္"

သူ႔စကားေၾကာင့္ ေဖးခ်မ္၏ မ်က္လုံးမ်ားက ႐ုတ္ခ်ည္း ေတာက္ပလာသည္။
"မင္းကို ငါ့သခင္ႀကီးအျဖစ္ မွတ္ယူရမယ္ ဟုတ္လား"
ေဖးခ်မ္သည္ ေရွ႕သို႔ တစ္လွမ္းတိုးလာၿပီး မင္းသား ကာ႐ိုးလ္အား စိတၱဇဆန္ေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ကာ ဆက္ေျပာလိုက္သည္။
"ကာ႐ိုးလ္ … မင္းက တစ္မူထူးဆန္းပါေပတယ္ … အဲ့ေတာ့ေကာ ဘာျဖစ္လဲ … မင္း ငါ့ကို သတ္ႏိုင္တယ္ … ဒါေပမယ့္ မင္း ငါ့အ႐ိုးေတြကို ခ်ိဳးႏိုင္မွာ မဟုတ္ဘူး"
"ငါ့ရဲ႕သခင္ႀကီးက ေသခ်ာေပါက္ငါ့ ဧကရာဇ္ ျဖစ္လာမယ့္သူကြ … သူ အမိန႔္ထုတ္လိုက္တာနဲ႔ နတ္ဆိုးအားလုံးက သူ႔ေရွ႕ ဒူးေထာက္ရမွာ"
"မင္းက ဘာေကာင္မို႔လို႔လဲ"
*ဘာ*
ေဖးခ်မ္၏ စကားေၾကာင့္ မင္းသား ကာ႐ိုးလ္၏ မ်က္ႏွာက ခ်က္ခ်င္း မည္းေမွာင္သြားသည္။
"ပထမဆုံးပဲ"
ေဖးခ်မ္သည္ မင္းသား ကာ႐ိုးလ္အား လူၾကားထဲ ေလွာင္ေျပာင္ရႈတ္ခ်ရဲသည့္ တကယ့္ ပထမဆုံးသူပင္ ျဖစ္သည္။
"ဘယ္လို ပမႊားေကာင္ေလးလဲ … မင္း ငါ့ကို အညံ့ခံကိုခံရမယ္ … မင္း အခုခ်က္ခ်င္း ငါ့ေရွ႕ ဒူးေထာက္ကို ေထာက္ေစရမယ္ကြ"
မင္းသား ကာ႐ိုးလ္သည္ အလြန္ေမာက္မာေသာ မ်က္ႏွာထားႏွင့္အတူ ခ်ဳပ္ကိုင္လိုေသာ ဟန္ပန္ျဖင့္ ဆက္ေျပာလိုက္သည္။
"မင္းက ငါ့အေစခံ ျဖစ္လာလိမ့္မယ္လို႔ ငါေျပာခဲ့တယ္ … ဒါေၾကာင့္ မင္း ငါ့ကို မင္းသခင္ႀကီးအျဖစ္ မွတ္ကို မွတ္ယူရမယ္ကြ"
ထိုသို႔ေျပာၿပီး မင္းသား ကာ႐ိုးလ္သည္ ေဖးခ်မ္ထံသို႔ တစ္လွမ္းၿပီးတစ္လွမ္း လွမ္းလာရင္း လက္သီးကို က်စ္က်စ္ပါေအာင္ ဆုပ္၍ ထပ္ေျပာလိုက္သည္။
"ဒီေန႔ ငါ မင္းကို ဘယ္သူက သခင္ျဖစ္ၿပီး ဘယ္သူက အေစခံဆိုတာကို သင္ျပေပးမယ္"
ထို႔ေနာက္ မင္းသား ကာ႐ိုးလ္သည္ ေဖးခ်မ္ထံသို႔ တန္းေနေအာင္ ေျပးဝင္သြားသည္။ ဤအျဖစ္ကို ျမင္လိုက္ရေသာေၾကာင့္ အႀကီးအကဲခ်ာခါသည္ မင္းသား ကာ႐ိုးလ္အား တားျမစ္ရန္ အလ်င္အျမန္ ေျပးတက္သြားသည္။ သို႔ေသာ္ သူသည္ ေဖးခ်မ္၏ တားျမစ္ျခင္းကို ခံလိုက္ရသည္။
ထို႔ေနာက္ ေဖးခ်မ္သည္ အလြန္ ျပင္းျပေသာ ဆႏၵျဖင့္ ေျပာလိုက္သည္။
"ဦးေလး ခ်ာခါ … မွတ္ထားေပးပါ … အကယ္၍ သူနဲ႔ ကြၽန္ေတာ္ ေသတဲ့အထိ တိုက္ခိုက္ရမယ္ဆိုရင္ ေက်းဇူးျပဳၿပီး ဟြာရွႏိုင္ငံ က်န္းရွီၿမိဳ႕က က်ဳပ္သခင္ႀကီး ယဲ့ဖန္ကို က်ဳပ္ကိုယ္စား လိုက္ရွာေပးပါ"
"ၿပီးေတာ့ သူ႔ကို ေျပာေပးပါ … ေလာဘအိုး ဝံပုေလြ ေဖးခ်မ္က နတ္ဆိုးဧကရာဇ္ရဲ႕ ဂုဏ္သိကၡာကို အရွက္ရေစခဲ့ပါတယ္လို႔ ၿပီးေတာ့ ေနာင္ဘဝေရာက္မွပဲ အေႂကြးျပန္ဆပ္ပါ့မယ္လို႔"
ထိုသို႔ေျပာၿပီးေနာက္ ေဖးခ်မ္၏ မ်က္ႏွာက ျပာႏွမ္းလာသည္။ ထိုအခ်ိန္တြင္ သူသည္ သူ၏ သုံးေျမႇာင့္ဓားခြၽန္အား ေဝွ႔ယမ္း၍ မင္းသား ကာ႐ိုးလ္ထံႏွင့္ ထိပ္တိုက္ ရင္ဆိုင္လိုက္သည္။
တိုက္ပြဲေခၚသံႏွင့္အတူ သိုင္းပညာရွင္ႏွစ္ေယာက္ တစ္ေယာက္ႏွင့္တစ္ေယာက္ ထိပ္တိုက္ ရင္ဆိုင္မိသြားသည္။
ဒ႑ာရီလာအဆင့္ႏွင့္ ဒ႑ာရီအဆင့္တို႔သည္ အဆင့္ခ်င္းနီးကပ္သည္ဟု ဆိုရေသာ္လည္း ခြန္အားႏွစ္ခုၾကား၌ မေက်ာ္လႊားႏိုင္ေသာ ျခားနားမႈႀကီးတစ္ခု ရွိေနသည္။
မင္းသား ကာ႐ိုးလ္သည္ ဒ႑ာရီလာ အလယ္အလတ္အဆင့္ျဖစ္သည္။ ေရွးေဟာင္း လွ်ိဳ႕ဝွက္သိုင္းက်မ္းကို ရရွိသြားၿပီးေနာက္ သူ၏ တိုက္ပြဲဝင္ခြန္အားသည္ ဒ႑ာရီလာ ေနာက္ဆုံးအဆင့္ႏွင့္ ယွဥ္ႏိုင္ေနၿပီ ျဖစ္သည္။
သို႔ေသာ္ ေဖးခ်မ္သည္ ဒ႑ာရီ အထြတ္အထိပ္အဆင့္၌သာ ရွိေသးသည္။ သူတို႔၏ တိုက္ပြဲဝင္ခြန္အားႏွစ္ခုၾကား၌ ႀကီးမားေသာ ကြာျခားမႈတစ္ခု ရွိေနသည္။
မင္းသား ကာ႐ိုးလ္သည္ ေဖးခ်မ္အား အစကတည္းက ဖိႏွိပ္ထားႏိုင္ေနၿပီ ျဖစ္သည္။
႐ႊစ္! ႐ႊစ္! ႐ႊစ္!
ဆိုး႐ြားၿပီး ေသြးသံတရဲရဲႏွင့္ ဒဏ္ရာမ်ားက ေဖးခ်မ္၏ ကိုယ္ေပၚ၌ တစ္ခုၿပီးတစ္ခု ျဖစ္ေပၚလာသည္။ သို႔ေသာ္ သူသည္ သူ႔ဒဏ္ရာမ်ားအားလုံးကို ဂ႐ုမစိုက္သည့္ လူသတ္လက္နတ္ကဲ့သို႔ ျဖစ္ေနၿပီး သူ႔မ်က္လုံးသည္ ရဲရဲနီေန၏။
ေဖးခ်မ္သည္ မင္းသားကာ႐ိုးလ္ႏွင့္ အသက္ခ်င္းလဲ၍ ထိပ္တိုက္ရင္ဆိုင္ေနျခင္း ျဖစ္သည္။ ဂြၽတ္ခနဲ အသံႏွင့္အတူ မင္းသားကာ႐ိုး၏ ဘယ္ဘက္ပါးေပၚ၌ နီရဲေနေသာ ဒဏ္ရာတစ္ခု ထင္က်န္လာသည္။
ေတာက္! ေတာက္!
သူ႔ဒဏ္ရာမွ ရဲရဲနီေနေသာ ေသြးမ်ား စီးက်လာၿပီးေနာက္ မင္းသား ကာ႐ိုးလ္သည္ ေဒါသူပုန္ထသြားသည္။
"ပု႐ြက္ဆိတ္လိုေကာင္ … မင္းကမ်ား ငါ့ကို ထိခိုက္ေအာင္ လုပ္ရဲတယ္ေပါ့"
ကမာၻတစ္ဝန္းမွ ေရွးေဟာင္း လွ်ိဳ႕ဝွက္သိုင္းက်မ္းကို ရရွိခဲ့သည့္ လူေျခာက္ဦးထဲမွ တစ္ဦးျဖစ္သည့္ သူသည္ သူ႔ဒဏ္ရာအတြက္ အရွက္ရသလို ခံစားမိသည္။
ဂြၽတ္!
ေဒါသတႀကီးျဖစ္လာၿပီးေနာက္ သူ၏ လက္ဖဝါးသည္ ေဖးခ်မ္၏ ရင္ဘတ္အား ထပ္မံ၍ ထိုးေဖာက္သြားသည္။
"မင္း ငါ့ကို အိပ္မက္ဆိုး လွ်ိဳ႕ဝွက္သိုင္းက်မ္း ေျပးၿပီးေတာ့ ငါ့ကို မင္းရဲ႕ သခင္ႀကီးအျဖစ္ မွတ္ယူပါ့မယ္လို႔ ငါ့ကိုေျပာစမ္း"
မင္းသားကာ႐ိုးလ္သည္ ခက္ထန္ေသာ မ်က္ႏွာထားႏွင့္ ေျပာဆိုလိုက္သည္။ သူ႔စကားေၾကာင့္ ေဖးခ်မ္သည္ မင္းသား ကာ႐ိုးလ္၏ မ်က္ႏွာေပၚသို႔ ေသြးမ်ား ေထြးထုတ္လိုက္သည္။ ထို႔ေနာက္ သူက ဟားတိုက္ရယ္ေမာေလသည္။
"ပု႐ြက္ဆိတ္တဲ့လား … ဟဟ … ငါ့သခင္ႀကီး ေရွ႕ေရာက္သြားရင္ မင္းကမွ ပု႐ြက္ဆိတ္သာသာ အဆင့္ကြ"
*ဘာ*
သူ႔စကားေၾကာင့္ မင္းသား ကာ႐ိုးလ္ ေဒါပြသြားသည္။
"ေခြးေကာင္"
ထိုသို႔ေရ႐ြတ္ၿပီးေနာက္ မင္းသား ကာ႐ိုးလ္သည္ ေဖးခ်မ္၏ ရင္ဘတ္ထဲမွ သူ႔လက္ဖဝါးအား အားႏွင့္ ျပန္ဆြဲထုတ္လိုက္သည္။ ထို႔ေနာက္ ေဖးခ်မ္၏ ဘယ္ဘက္လက္ေမာင္းအား ခ်ိဳးခ်လိုက္၏။
ဂြၽတ္!
ရဲရဲနီေနေသာ ေသြးမ်ားက ေျမႀကီးေပၚသို႔ ျပန႔္က်ဲထြက္သြားသည္။ ႀကီးစြာေသာ နာက်င္မႈေၾကာင့္ ေဖးခ်မ္သည္ တစ္ကိုယ္လုံး ေခြၽးစို႔လာရသည္။
"မင္း ငါ့ကို အရႈံးေပးၿပီလား"
မင္းသား ကာ႐ိုးလ္က တင္းမာေသာ မ်က္ႏွာထားျဖင့္ ေမးလိုက္သည္။
"ီးကို အရႈံးေပးလိုက္ … ငါက နတ္ဆိုးကြ … ငါ မိုးေကာင္ကင္ကို ဒူးမေထာက္သလို ေျမကမာၻကိုလည္း ဒူးမေထာက္ဘူးကြ … ငါ့သခင္ႀကီး တစ္ေယာ္တည္းရဲ႕ ေရွ႕မွာပဲ ငါ ဒူးေထာက္တယ္ … ငါ့သခင္ႀကီးကိုပဲ နတ္ဆိုး ဧကရာဇ္အျဖစ္ မွတ္ယူတယ္ … မင္းက ေသာက္သုံးမက်တဲ့ေကာင္ပဲကြ"
ေဖးခ်မ္ ရယ္ေမာလိုက္သည္။ သူသည္ ေသြးမ်ားႏွင့္ ေပက်ံေနၿပီး အ႐ူးတစ္ေယာက္ကဲ့သို႔ ရဲတင္းလြန္းစြာ ျပဳမူေနသည္။
"ီးပဲကြာ … ီးပဲ … ေသာက္ေခ်းတဲ့မွ"
မင္းသား ကာ႐ိုးလ္ အလြန္ ေဒါသထြက္ေန၏။ သူ သိုင္းပညာရွင္မ်ားစြာကို အလြန္ ရက္စက္ေသာ နည္းလမ္းမ်ားျဖင့္ အႏိုင္ယူခဲ့ဖူးသည္၊ သို႔ေသာ္ ဤဖက္တီးေလးက သည္ေလာက္ စိတ္ဓာတ္ ခိုင္မာလိမ့္မည္ဟု သူ ထင္မွတ္မထားခဲ့မိပါ။
"ေကာင္းၿပီေလ … မင္း နာက်င္မႈကို ဘယ္ေလာက္ထိ ေတာင့္ခံႏိုင္လဲဆိုတာကို ငါ ေစာင့္ၾကည့္ရေသးတာေပါ့"
"မင္း ငါ့ကို အိပ္မက္ဆိုး လွ်ိဳ႕ဝွက္သိုင္းက်မ္းကို တစ္စကၠန႔္အတြင္း မေပးဘူးဆိုရင္ ငါ မင္းကို တစ္ႀကိမ္ ထိုးႏွက္မယ္ … မင္း ငါ့ကို တစ္မိနစ္အတြင္း မင္းရဲ႕ သခင္ႀကီးအျဖစ္ မသတ္မွတ္ဘူးဆိုရင္ မင္းကို ငါ အႀကိမ္ ေျခာက္ဆယ္ ထိုးႏွက္မယ္"
ထို႔ေနာက္ မင္းသား ကာ႐ိုးလ္သည္ အလြန္ ၾကမ္းၾကဳတ္ေသာ မ်က္ဝန္းမ်ားျဖင့္ ႀကဳံးဝါးလိုက္သည္။
"မင္း ငါ့ကို အစြမ္းကုန္ ႐ိုေသေလးစားၿပီး မင္း ငါ့ကို သခင္ႀကီးအျဖစ္ မွတ္ယူတာကို ငါ လိုခ်င္တယ္"
႐ႊစ္!
ထိုသို႔ေျပာၿပီး သူသည္ ေဖးခ်မ္၏ ဘယ္ဘက္ပခုံးအား သူ႔လက္ဖဝါး အားကုန္ ထိုးစိုက္လိုက္သည္။ ေဖးခ်မ္ တစ္ခ်က္တုန္ယင္သြားၿပီးေနာက္ ဟစ္ေႂကြးလိုက္သည္။
"ငါ့သခင္ႀကီးက နတ္ဘုရားနဲ႔ အင္ေမာ္တယ္ေတြကို သတ္ျဖတ္ႏိုင္တယ္ကြ"
႐ႊစ္!
မင္းသား ကာ႐ိုးလ္က သူ႔အား ထပ္၍ ထိုးႏွက္လိုက္သည္။ ထိုစဥ္ ထိတ္လန႔္ဖြယ္ေကာင္းေသာ အျဖစ္အပ်က္တစ္ခု ျဖစ္ေပၚလာသည္။
ထို႔ေနာက္တြင္မူ မင္းသား ကာ႐ိုးလ္က ေဖးခ်မ္၏ ခႏၶာကိုယ္အား ထပ္ခါထပ္ခါ ထိုးႏွက္လာသည္။
သို႔ေသာ္ ေဖးခ်မ္သည္ သူ႔အသက္ကို လုံးဝ ဂ႐ုမစိုက္ေသာ အ႐ူးတစ္ေယာက္ကဲ့သို႔ ျပဳမူေနသည္။ အလြန္အမင္း ေလးစားေသာ မ်က္ႏွာထားျဖင့္ သူ၏ ဟစ္ေႂကြးသံမ်ားက ကမာၻတုန္ေလာက္ေပ၏။
ထိတ္လန႔္စရာေကာင္းလိုက္ပါဘိ။
ေဘးမွ ၾကည့္ေနသူမ်ားအားလုံးသည္ ကမာၻေပၚရွိ မည္ကဲ့သို႔ေသာ တည္ရွိမႈမ်ိဳးက ဤကဲ့သို႔ ႐ူးသြပ္ေသာ သူတစ္ေယာက္ကို သူ၏ အေစခံျဖစ္ေအာင္ လုပ္ႏိုင္ခဲ့သလဲဆိုတာကို သိခ်င္မိၾကသည္။
မည္ကဲ့သို႔ေသာ တည္ရွိမႈမ်ိဳးက အိပ္မက္ဆိုး ဘုရင္သစ္အား သည္ေလာက္ မိုက္မဲေအာင္ လုပ္ႏိုင္တာပါလိမ့္။ ဘယ္လိုလုပ္ သူက ထိုသူ၏ ဂုဏ္သိကၡာကို သူ႔အသက္ျဖင့္ ခုခံ ကာကြယ္ေပးေနရသနည္း။
အံ့…အံ့ဩစရာ ေကာင္းလိုက္ပါဘိ။
ဒုန္းခနဲ အသံမ်ား ပဲ့တင္ထပ္၍ ထြက္ေပၚလာၿပီး အႀကီးအကဲခ်ာခါႏွင့္ အျခား အိပ္မက္ဆိုး သိုင္းပညာရွင္မ်ား ေဖးခ်မ္ေရွ႕ ဒူးေထာက္က်လာၿပီး သူတို႔၏ မ်က္ႏွာေပၚ၌ ပူေႏြးေသာ မ်က္ရည္မ်ားျဖင့္ ျပည့္ႏွက္လာသည္။
ဘုရင္အသစ္ က်ဆုံးေတာ့မည္ကို သူတို႔ သိေနသည္။
"အရွင္ … အရွင္"
အိပ္မက္ဆိုး သိုင္းပညာရွင္မ်ားအားလုံး ခ်က္ခ်င္း ေျမႀကီးေပၚ ဒူးေထာက္က်လာသည္။ သူတို႔ ေဖးခ်မ္ႏွင့္ အခ်ိန္အေတာ္ၾကာ မသိကြၽမ္းခဲ့ေသာ္လည္း ဤဖက္တီးေလး၏ ႐ူးသြပ္ေသာ စိတ္ဆႏၵတို႔ကိုေတာ့ သူတို႔ သိနားလည္ခဲ့သည္မွာ ၾကာျမင့္ၿပီ ျဖစ္သည္။
သူသည္ သူတို႔၏ ဘုရင္ပင္။
"ဟားဟား.."
ထိုစဥ္ ေဖးခ်မ္သည္ ဟားတိုက္ရယ္ေမာေနရင္း သူ၏ နဖူးအလယ္တည့္တည့္မွ ေ႐ႊအိုေရာင္ အလင္းတန္းတစ္ခု ထြက္ေပၚလာသည္။ သူသည္ သူ၏ ကိုယ္ပိုင္ သဘာဝေသြးသားမ်ားကို ေလာင္ျမႇိဳက္ေနျခင္း ျဖစ္သည္။
ဘုန္း!
ေဖးခ်မ္သည္ သူ၏ ခြန္အားအျပည့္ အသုံးျပဳၿပီး မင္းသား ကာ႐ိုးလ္အား ထိုးႏွက္လိုက္သည္။
ဂြၽတ္ခနဲ အသံႏွင့္အတူ မင္းသား ကာ႐ိုးလ္၏ လက္ဖဝါးသည္ မည္သို႔မွ် ႀကိဳတင္ကာကြယ္မႈ မျပဳလုပ္လိုက္ရဘဲ ေနာက္လန္၍ က်ိဳးသြားၿပီး သူသည္လည္း ေလထဲသို႔ သုံး၊ေလး မီတာခန႔္ လြင့္ထြက္သြားသည္။ ထို႔ေနာက္ သူသည္ အလြန္ ထိတ္လန႔္သြားေသာ မ်က္ႏွာႏွင့္ ေနာက္သို႔ ခပ္ျမန္ျမန္ ဆုတ္လိုက္သည္။
ထိုအခ်ိန္တြင္ ေဖးခ်မ္သည္ ယိုင္တိယိုင္တိုင္ ျဖစ္ေနၿပီး သတိလစ္မတတ္ ျဖစ္ေနသည္။ သူ႔မ်က္ႏွာေပၚမွ ေသြးမ်ားကို သုတ္လိုက္ၿပီးေနာက္ သူသည္ ဟြာရွႏိုင္ငံ တည္ရွိရာ အရပ္သို႔ လွမ္းၾကည့္ရင္း အနည္းငယ္ ေႏြးေထြးေသာ အၿပဳံးျဖင့္ ေျပာလိုက္သည္။
"သခင္ႀကီး … ေနာင္ဘဝမွ ျပန္ေတြ႕ၾကတာေပါ့"
ထိုသို႔ေနာက္ဆုံးစကားေျပာၿပီး ေဖးခ်မ္းသည္ ေျခတစ္လွမ္းတိုး၍ အိပ္မက္ဆိုး ေခ်ာက္ကမ္းပါးသို႔ ခုန္ခ်လိုက္သည္။
"မဟုတ္ဘူး"
အိပ္မက္ဆိုး သိုင္းပညာရွင္မ်ားအားလုံး အလြန္ ေၾကာက္လန႔္သြားၾကၿပီး သူတို႔မ်က္ႏွာေပၚ၌ အလြန္ ေမွ်ာ္လင့္ခ်က္ ပ်က္သုဥ္းသြားဟန္မ်ား ျပည့္ႏွက္ေနသည္။
မင္းသား ကာ႐ိုးလ္၏ မ်က္ႏွာေတာင္မွ ညႇိဳးႏြမ္းသြားသည္။ သူ ေဖးခ်မ္အား တားခ်င္ေသာ္လည္း ေနာက္က်သြားေခ်ၿပီ။
ေဖးခ်မ္သည္ ေခ်ာက္ကမ္းပါးေအာက္မ် တိမ္တိုက္မ်ားၾကား၌ ေပ်ာက္ကြယ္သြားၿပီး အလြန္ ႐ူးသြပ္ေသာ ေအာ္ဟစ္သံသာ ၾကားေနရသည္။
"နတ္ဆိုးေတြက မေသဆုံးႏိုင္ဘူး … နတ္ဆိုးဧကရာဇ္ သက္ေတာ္ရွာေက်ာ္ ရွည္ပါေစ"

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now