Chapter 233

1.4K 173 4
                                    

ငရဲမှလာ​သောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (16) Chapter (233) နတ်ဆိုးတွေက မသေနိုင်ဘူး

တစ်ယောက်၊ နှစ်ယောက်၊ ဆယ်ယောက်၊ အယောက်နှစ်ဆယ်။

….

ထိုစဉ် အလွန် ကျောချမ်းဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။

ယဲ့ဖန်၏ လက်မောင်းမှ သွေးသံတရဲရဲနှင့် အသားစများ ပြုတ်ကျလာလေ လမ်းမပေါ်မှ အလောင်းများက တဖြည်းဖြည်းနှင့် ကိုယ်လက်အင်္ဂါ စုံလင်လာလေ ဖြစ်သည်။

ထို့ကြောင့် သူ့လက်မောင်းများ ရဲရဲနီနေသော သွေးများက တစက်စက်ကျလို့နေ၏။ သို့သော် ယဲ့ဖန်က နာကျင်မှုကို မခံစားရသည့် စက်တစ်လုံးကဲ့သို့ ပြုမူနေသည်။

တစ်ခဏမျှ အကြာတွင် သူ့လက်မောင်းပေါ်မှ အရေပြားများအားလုံး လှီးဖြတ်ထားသဖြင့် စွတ်စွတ်ဖြူနေသော အရိုးများက ထင်းခနဲ ပေါ်လာသည်။

အလောင်းငါးဆယ်ကျော်ခန့် ကိုယ်လက်အင်္ဂါ အစုံအလင်နှင့် ပြန်ဖြစ်လာသည်။

"ဒါနဲ့ မလုံလောက်သေးဘူး"

ယဲ့ဖန်က ရူးသွပ်နေသော သားရဲရိုင်းကြီးကဲ့သို့ မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြုံးဝါးလိုက်သည်။

သူ၏ဓားကျိုးကို ဝှေ့ယမ်းကာ သူ့ခြေထောက်မှ အရေပြားကို အချပ်လိုက် လှီးလိုက်သည်။

ကြည့်နေသူများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ယဲ့ဖန်၏ ခြေထောက်က တဖြည်းဖြည်းနှင့် ပုံပျက်ပန်းပျက် ဖြစ်လာသည်။

အရေပြားက တစ်လွှာပြီးတစ်လွှာ ကွာချလာ၏။

သူ၏ သွေးသံတရဲရဲနှင့် အရေပြားကို ကြည့်ရင်း မဟူရာ ကြက်ခြေခတ်အဖွဲ့သားများ ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာသည်။

"သူ ရူးနေပြီ"

နတ်ဆိုးတောင်ကြားမှ ထိပ်တန်း သိုင်းပညာရှင်များတောင်မှ ယဲ့ဖန်၏ အပြုအမူကို မြင်ပြီး မျက်ခုံးလှုပ်လာကြသည်။

ဤကဲ့သို့ မြင်ကွင်းမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now