Chapter 351

1K 109 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (24) CHAPTER (351) သတ္တုစား ရွှေပိုးကောင်

*သူက တကယ်ပဲ လောကသခင် ဖြစ်နေတာကိုး…*
ထို့ပါယွင်သည် အလွန် ထိတ်လန့်သွားသဖြင့် တုန်ယင်သွားသည်။ ယဲ့ဖန်က သူတို့ကလန်၏ လောကသခင် ဖြစ်နေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပေ။
ထိုစဉ် ထို့ပါကလန်သားများအားလုံးက ယဲ့ဖန်ရှေ့ ဒူးထောက်နေသည်။ ထို့ကြောင့် ထိုအချက်ကို ထို့ပါယွင် လက်ခံလိုက်ရလေတော့သည်။
သူသည်လည်း ရူးသွပ်မတတ် မျက်နှာထားဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်သည်။ သူ၏ အသက်သခင် ကျေးဇူးရှင်သည် သူ့ဘဝ လက်ကျန်သက်တမ်း တစ်လျှောက်လုံး လိုက်ပါခစား၍ စကြဝဠာကြီးကို သိမ်းပိုက်ကာ ထို့ပါကလန်၏ ဂုဏ်ကျက်သရေကို ပြန်လည်ယူဆောင်နိုင်မည့် သူဖြစ်သည်။
သို့သော် ယဲ့ဖန်သည် သူတို့၏ အပြုအမူများကို လုံးဝ ဂရုမစိုက်ပေ။ သူသည် ထို့ပါချင်းအာ၏ ပန်းချီကားကိုသာ အတိတ်သို့ လွမ်းဆွတ် တမ်းတနေသည့် အကြည့်များဖြင့် စိုက်ကြည့်နေသည်။ ထို့နောက် သူ ရေရွတ်လိုက်သည်။
“နတ်မိမယ်ချင်းအာ မစိုးရိမ်ပါနဲ့။ ထို့ပါကလန်က အနာဂတ်မှာ အင်အားကြီးလာမှာပါ”
ဤသည်မှာ နတ်ဆိုးဧကရာဇ်၏ ကတိပင်။ ယဲ့ဖန်၏ စကားကို ကြားပြီးနောက် ပန်းချီကားထဲမှ ထို့ပါချင်းအာ ပြုံးသယောင်ဖြစ်သွားသည်ကို ထို့ပါကလန်မှ အင်အားစုများ သတိပြုလိုက်မိကြသည်။
သူမ အလွန် ပျော်ရွှင်စွာ ပြုံးနေပုံပေါ်သည်။ ထို့ကြောင့် သူတို့အားလုံး ထင်ယောင်ထင်မှား ဖြစ်သည်ဟု ထင်မိသွားကြသည်။
သူတို့ ထိတ်လန့်ကာ မှင်တက်နေစဉ်တွင် ယဲ့ဖန်က ရုတ်တရက် နောက်လှည့်ကာ မေးလာသည်။
“ထို့ပါကလန်မှာ ကြာပန်းများ မရှိဘူးလား”
သူသည် ကြာပန်းကို လိုက်လံ ရှာဖွေနေခြင်း ဖြစ်သည်။ သူ သိထားသလောက်ဆိုလျင် ကြာပန်းသည် အနီးအနားဝန်းကျင်တွင် ရှိလောက်သည်။
ကြာပန်း။
ထိုနာမည်ကို ကြားသည်နှင့် ထို့ပါကလန် ခေါင်းဆောင် ထို့ပါဟိုင်သည် အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။
သို့သော် သူသည် ယဲ့ဖန်အား အမှန်အတိုင်း ပြောလိုက်သည်။
“လောကသခင် ကြာပန်းက ထို့ပါကလန်ရဲ့ တားမြစ်နယ်မြေထဲမှာ ရှိပါတယ်။ အဲ့နေရာက ကျုပ်တို့ဘိုးဘေး တင်ပျဉ်ခွေထိုင်ရင်း သေသွားခဲ့တဲ့နေရာပါ။ ဒါပေမယ့် …”
“ဘာကို ဒါပေမယ့်လဲ”
ယဲ့ဖန်က မျက်မှောင်ကြုတ်၍ မေးလိုက်သည်။ ထို့ပါကလန်က ဖွင့်ပြောရန် တစ်ခုခုကို အခက်တွေ့နေကြောင်း သူ ရိပ်စားမိသည်။
“ဟူး၊ လောကသခင် အမှန်အတိုင်း ပြောရမယ်ဆိုရင် ကြာပန်းက မှော်ဆေးဘက်ဝင် ပစ္စည်းတစ်မျိုးပါ။ အဲ့ဒါကို မကောင်းဆိုးဝါးတွေက အဖော်ပြုပြီး စောင့်ကြပ်နေပါတယ်”
“အဲ့မကောင်းဆိုးဝါးက ထို့ပါကလန်ရဲ့ ကပ်ဆိုးကြီးပါ။ အကယ်၍ ကျုပ်တို့ မဟာအကြီးအကဲက အဲ့ဒါကို နေ့ရောညပါ မခုခံထားဘူးဆိုရင် ထို့ပါကလန်က သုတ်သင်ခံရနေလောက်ပါပြီ”
ထို့ပါဟိုင်က ကြောက်လန့်တကြား ရှင်းပြလိုက်သည်။ ထို့ပါကလန်မှ သိုင်းပညာရှင်တိုင်း သရဲတစ္ဆေကို မြင်တွေ့လိုက်ရသကဲ့သို့ ကြောက်လန့်လာကြသည်။
“မကောင်းဆိုးဝါးတွေက စောင့်ကြပ်နေတာလား”
ယဲ့ဖန် တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူ့မျက်လုံး၌ အေးစက်သော အလင်းတန်းများ လှစ်ခနဲ ဖျတ်ပြေးသွားသည်။
*ကြာပန်းကို အဖော်ပြု စောင့်ကြပ်နေတဲ့ မကောင်းဆိုးဝါးလား*
*အဲ့ဒါကြီးက တကယ့် နတ်ဘုရားဖြစ်တဲ့ ထို့ပါဟိုင်တောင် ကြောက်စေတယ်”
*အဲ့ဒါက …*
ယဲ့ဖန်က ချက်ချင်း တက်ကြွလာပြီး ပြောလိုက်သည်။
“သွားကြစို့ ကျုပ်ကို အဲ့ဒီနေရာကို ခေါ်သွားပေး”
သူ့စကားကြောင့် ထို့ပါဟိုင်နှင့် အခြားသူများ စိတ်ပူသွားကြသည်။ သူက နတ်ဆိုး ဧကရာဇ်ဖြစ်သော်လည်း လက်ရှိအချိန်၌ ယဲ့ဖန်၏ တိုက်ပွဲဝင် ခွန်အားသည် တကယ့် နတ်ဘုရားတစ်ယောက်နှင့် မယှဉ်နိုင်သေးပေ။
သို့သော် ထိုကြောက်လန့်ဖွယ်ကောင်းသည့် မကောင်းဆိုးဝါးက တကယ့် နတ်ဘုရားကိုတောင်မှ စားပစ်လိုက်နိုင်သည်။
ထို့ပါဟိုင်က ယဲ့ဖန်ကို ထိုအတွေးအား စွန့်လွှတ်လိုက်ရန် ဖျောင်းဖျချင်သော်လည်း ယဲ့ဖန်၏ စိတ်လှုပ်ရှားနေသော အပြုံးကို မြင်လိုက်ရသဖြင့် သူသည် မတတ်သာတော့ဘဲ ယဲ့ဖန်အား ထို့ပါကလန် အနောက်ဘက်ရှိ တားမြစ်နယ်မြေသို့သာ လမ်းပြလာခဲ့ရသည်။ သူ့နောက်မှ အခြားသူများ အားလုံး လိုက်ပါလာကြသည်။

ထို့ပါကလန် အနောက်ဘက်ရှိ တောင်ပေါ်တစ်နေရာ၌ ရှေးဟောင်းသစ်ပင်ကြီးများနှင့် ရှုပ်ယှက်ခတ်နေသော နွယ်ပင်များစွာ ရှိသည်။
ထိုနေရာသည် ထိတ်လန့်ဖွယ် ချီဓာတ်များ ထွက်ပေါ်နေသော ရှေးဦးတောအုပ်ဒေသ တစ်ခုဖြစ်သည်။
ဝတ်ရုံတစ်ထည်အား ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် ဆိုးယုတ်သော တောင်ဥမင်တစ်ခုရှေ့၌ သင့်တင့်လျောက်ပတ်စွာ ထိုင်နေသည်။
ဖွေးဆွတ်နေသော ဆံပင်နှင့် မုတ်ဆိတ်မွေးရှိသော ထိုအဘိုးအိုသည် နှစ်ရာပေါင်းများစွာ သင့်တင့်လျောက်ပတ်စွာ ထိုင်နေသော ရွှံ့ပန်းပု ရုပ်ထုတစ်ခုနှင့် ဆင်တူလှသည်။
သို့သော် သူသည် တကယ့် နတ်ဘုရား ဖြစ်သည်။ အပြင်လူများသာ သူ့ကို မြင်သွားပါက သူတို့ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားလောက်သည်။
ဤကဲ့သို့ ခေါင်လှသော နေရာ၌ ကမ္ဘာတစ်ဝန်းမှ လူများအား ထိတ်လန့်သွားစေလောက်သည့် အဘိုးအိုတစ်ယောက် ရှိနေမည်ဟု မည်သူက ထင်ထားမည်နည်း။
ထိုစဉ် ထိုအဘိုးအိုက ခပ်သွက်သွက် ခြေသံတစ်ချို့ကို ကြားလိုက်ရသဖြင့် ရုတ်တရက် မျက်စိဖွင့်လာသည်။
ထို့နောက် သူ့မျက်လုံးများက လင်းလက်လာသည်။ သို့သော် နီးကပ်လာသော လူတစ်စုကို မြင်လိုက်ရသဖြင့် သူ ချက်ချင်း မှင်တက်သွားသည်။
“ကလန်ခေါင်းဆောင် မင်းက ဘာလို့ ဒီကို ရောက်လာတာလဲ”
မဟာအကြီးအကဲက ထို့ပါဟိုင်အား ဇဝေဇဝါဖြင့် မေးလာသည်။ သူ့အမေးကြောင့် ထို့ပါဟိုင်က ဝမ်းသာအားရ ဖြစ်နေသော မျက်နှာနှင့် ဖြေလိုက်သည်။
“မဟာအကြီးအကဲ ကျုပ် ခင်ဗျားကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ”
ထို့နောက် ထို့ပါဟိုင်သည် ယဲ့ဖန်အား တလေးတစားနှင့် ညွှန်ပြ၍ ပြောလိုက်သည်။
“သူက နတ်ဆိုး ဧကရာဇ် အရှင်မင်းမြတ် ဖြစ်သလို ထို့ပါကလန် နှစ်တစ်သောင်းကျော်နီးပါး စောင့်နေခဲ့ရတဲ့ လောကသခင်ပါ”
*ဘာ*
ထို့ပါဟိုင်၏ စကားကြောင့် မဟာအကြီးအကဲ တစ်ခဏမျှ မှင်တက်သွားရသည်။ ထို့နောက် သူ မျက်မှောင်ကြုတ်သွားရသည်။
“ကလန်ခေါင်းဆောင် ခင်ဗျား သေချာလို့လား။ ဒီကောင်လေးက ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်ပဲ ရှိသေးတာလေ။ သူက ဘယ်လိုလုပ် နတ်ဆိုးဧကရာဇ် ဖြစ်မှာလဲ၊ ကျုပ်တို့ လောကသခင်ဆို ပိုတောင် ဝေးသေးတယ်”
လောကသခင်သည် ထို့ပါကလန်အား စကြဝဠာအား သိမ်းပိုက်နိုင်အောင် ဦးဆောင်ပေးမည့် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်ပင်။
သူ၏ တိုက်ပွဲဝင်ခွန်အားက အလွန့်ကို ကြောက်မက်ဖွယ်ကောင်းလောက်မည်မှာ သေချာသည်။ သူက ဘယ်လိုလုပ် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ဖြစ်နိုင်ပါမည်နည်း။
မဟာအကြီးအကဲသည် မယုံသင်္ကာဟန်များဖြင့် ပြည့်နှက်လို့နေသည်။ မဟာအကြီးအကဲ၏ အပြောကြောင့် ထို့ပါဟိုင်က အောင့်သီးအောင့်သက် ပြုံးလိုက်မိသည်။
အစပိုင်းတါင် သူသည်လည်း ထိုအချက်ကို မယုံခဲ့ပေ၊ သို့သော်….
“ဥမင်ထဲက မကောင်းဆိုးဝါးက ရွှေရောင်အခွံနဲ့ ပိုးကောင်လား”
ယဲ့ဖန်က တည်ငြိမ်စွာ မေးလိုက်သည်။
*ဟင်*
ယဲ့ဖန်၏ အအေးကြောင့် မဟာအကြီးအကဲ တစ်ဒင်္ဂမျှ အံ့အားသင့်သွားရသည်။ ထို့နောက် သူက ယဲ့ဖန်အား တွေဝေစွာဖြင့် မေးလိုက်သည်။
“မင်း ဘယ်လိုလုပ် သိနေတာလဲ”
ထိုစကားကြောင့် ယဲ့ဖန်က ပြုံးပျော်သွားကာ ပြန်ပြောလိုက်သည်။
“ကျုပ်ကို ဝင်ခွင့်ပေး။ ကျုပ် သူတို့အားလုံးကို သတ်နိုင်တယ်”
*ဘာရယ်*
ယဲ့ဖန်၏ စကားကြောင့် မဟာအကြီးအကဲ၊ ထို့ပါဟိုင်နှင့် ထို့ပါကလန်၏ အခြားကလန်သားများ အားလုံး အလွန် တွေဝေသွားကြသည်။
ထို့နောက် မဟာအကြီးအကဲက ယဲ့ဖန်အား စိုက်ကြည့်ရင်း လှောင်ရယ်လိုက်သည်။
“ကောင်စုတ်လေး၊ မင်း ကလန်ခေါင်းဆောင်ရဲ့ ယုံကြည်မှုကို ရအောင် မင်း ဘယ်လိုနည်းလမ်းတွေ သုံးလိုက်လဲ ငါ မသိဘူး၊ အဲ့ရွှေပိုးကောင်တွေကို သွားမဆွဖို့တော့ မင်းကို ငါ အကြံပေးလိုက်မယ်။ အဟုတ်လို့ကတော့ မင်း ပုံဆိုးပန်းဆိုးနဲ့ သေသွားရမယ်”
ထို့ပါဟိုင်တောင်မှ ယဲ့ဖန်အား နားချရန် ပြင်လာသည်။
“လောကသခင်၊ ဒီရွှေပိုးကောင်တွေက အရမ်းကြောက်ဖို့ကောင်းတာကို ခင်ဗျားလည်း သိသင့်ပါတယ်။ သူတို့က ကျုပ်တို့ မဟာအကြီးအကဲ နှစ်ယောက်ကိုတောင် စားပြီးသွားပြီ”
“အဲ့ဒီရွှေပိုးကောင်တွေက ကျုပ်တို့ရဲ့ အိပ်မက်ဆိုးပါ”
*အိပ်မက်ဆိုးတဲ့လား*
သူ့စကားကြောင့် ယဲ့ဖန်က ပြုံးသွားရသည်။
ထို့ပါကလန်၏ အိပ်မက်ဆိုးသည် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ နတ်သုဒ္ဓါပင်။ ထို့ပါကလန် ပြောနေသည့် ရွှေရောင်ပိုးကောင်ဆိုသည်မှာ မကောင်းဆိုးများထဲမှ ကြောက်မက်ဖွယ် အကောင်းဆုံး ပိုးကောင် အမျိုးအစားဖြစ်သည့် သတ္တုစား ရွှေပိုးကောင်ပင် ဖြစ်သည်။
သတ္တုစား ပိုးကောင်များ အထွတ်အထိပ်သို့ ရောက်ခဲ့စဉ်က သူတို့သည် နတ်ဘုရားများ၊ အင်မော်တယ်များ၊ နတ်ဆိုးများနှင့် တစ္ဆေများကိုတောင် ဖိနှိပ်နိုင်ခဲ့သည်။
သူတို့သည် စကြဝဠာထဲတွင် ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်ခဲ့သည်။ သို့သော် အဆုံးသတ်တွင် သူတို့သည် အရွယ်ရောက်ပြီးသား ဝိညာဉ်စား ပုရွက်ဆိတ်များ၏ သုတ်သင်ခြင်းကို ခံလိုက်ရသည်။
ထိုအချိန်မှစ၍ သတ္တုစား ရွှေပိုးကောင်များ သူတို့၏ ထင်ပေါ်ကျော်ကြားမှုများကို ဆုံးရှုံးခဲ့ရသည်။ အကယ်၍ ဥမင်ထဲမှ မကောင်းဆိုးဝါးများသည် တကယ့် သတ္တုစား ရွှေပိုးကောင်များသာ ဖြစ်ပါက သူတို့သည် ဝိညာဉ်စား ပုရွက်ဆိတ်များ လျင်မြန်စွာ ကြီးပြင်းလာအောင် လုပ်ပေးနိုင်မည် ဖြစ်သည်။
ထို့နောက် ယဲ့ဖန်က ပြုံး၍ နှစ်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့ ကျုပ်မှာ ဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်”
ယဲ့ဖန်က သိပ်ကို ဆန္ဒပြင်းထန်နေသည်ကို သတိထားမိပြီး ကလန်ခေါင်းဆောင် ထို့ပါဟိုင်က မတတ်သာဘဲ ခေါင်းညိတ် သဘောတူလိုက်ရသည်။
ထို့နောက် မဟာအကြီးအကဲက အထင်သေးသလို ကြည့်ကာ ပြောလိုက်သည်။
“ကောင်စုတ်လေး၊ မင်းက ရဲရင့်ပါပေတယ်။ အကယ်၍ မင်းသာ အဲ့နေရာကနေ အသက်ရှင်လျက် ထွက်လာနိုင်မယ်ဆိုရင် မင်းက လောကသခင်ပဲလို့ ငါ ယုံလိုက်မယ်”
“မင်း ကျရှုံးသွားမှာကိုတော့ ငါ စိုးရိမ်မိသား”
ထိုသို့ပြောပြီး မဟာအကြီးအကဲက ယဲ့ဖန်အား သေလူဟုသာ မြင်ယောင်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။
သို့သော် ယဲ့ဖန်က သူ့စကားကို ဂရုပင်မစိုက်ချေ။ ထို့နောက် သူက အမှောင်ထဲသို့ ဖြည်းဖြည်းချင်း ဝင်ရောက်သွားသည်။
မျက်စိတစ်မှိတ်အတွင်း သူ ပျောက်ကွယ်သွားသည်။

တောင်ဥမင်သည် အလွန်တရာ မည်းမှောင်လို့နေ၏။ တောင်ဥမင်အလယ်၌ ရေကန်တစ်ကန် ရှိပြီး ကန်လယ်၌ အဖြူရောင် ကြာပန်းတစ်ပွင့် ပွင့်နေသည်။
ထိုကြာပန်းမှ အလွန်‌ မွှေးကြိုင်လှသော ရနံ့ကို ပေးစွမ်းနေသည်။ ထိုကြာပန်းသည် မှော်ဆေးဘက်ဝင် ကြာပန်းပင်။
သို့သော် ယဲ့ဖန်သည် ကြာပန်အား မကြည့်ဘဲ ကန်အောက်ခြေမှ ရွှေရောင်ကျောက်တုံးများကိုသာ ကြည့်နေသည်။
“သူတို့ပဲ”
ယဲ့ဖန် ကျေနပ်သလို ပြုံးသွားသည်။ သူ ချက်ချင်း မြေကြီးကို ဖနောင့်နှင့် ပေါက်လိုက်သည်။
ဒုန်း!
မြေပြင်တစ်ခုလုံး တုန်ခါသွားရသည်။ ထို့နောက် ထိတ်လန့်ဖွယ် အဖြစ်အပျက် ဖြစ်ပေါ်လာသည်။
ပန်းထွက်လာသော ရေများနှင့်အတူ လက်သီးဆုပ်အရွယ် ရွှေပိုးကောင်များက ကန်ထဲမှ တိုးထွက်လာသည်။
ထို့နောက် သူတို့သည် သူတို့၏ ထက်လှသော အစွယ်များနှင့် သွားများကို ဖော်ထုတ်လာသဖြင့် သူတို့၏ မျက်နှာများက ကြောက်မက်ဖွယ် ကောင်းလှသည်။
#Zawgyi
စာစဥ္ (24) CHAPTER (351) သတၱဳစား ေ႐ႊပိုးေကာင္
*သူက တကယ္ပဲ ေလာကသခင္ ျဖစ္ေနတာကိုး…*
ထို႔ပါယြင္သည္ အလြန္ ထိတ္လန႔္သြားသျဖင့္ တုန္ယင္သြားသည္။ ယဲ့ဖန္က သူတို႔ကလန္၏ ေလာကသခင္ ျဖစ္ေနလိမ့္မည္ဟု သူ ထင္မွတ္မထားခဲ့မိေပ။
ထိုစဥ္ ထို႔ပါကလန္သားမ်ားအားလုံးက ယဲ့ဖန္ေရွ႕ ဒူးေထာက္ေနသည္။ ထို႔ေၾကာင့္ ထိုအခ်က္ကို ထို႔ပါယြင္ လက္ခံလိုက္ရေလေတာ့သည္။
သူသည္လည္း ႐ူးသြပ္မတတ္ မ်က္ႏွာထားျဖင့္ ၾကမ္းျပင္ေပၚ ဒူးေထာက္လိုက္သည္။ သူ၏ အသက္သခင္ ေက်းဇူးရွင္သည္ သူ႔ဘဝ လက္က်န္သက္တမ္း တစ္ေလွ်ာက္လုံး လိုက္ပါခစား၍ စၾကဝဠာႀကီးကို သိမ္းပိုက္ကာ ထို႔ပါကလန္၏ ဂုဏ္က်က္သေရကို ျပန္လည္ယူေဆာင္ႏိုင္မည့္ သူျဖစ္သည္။
သို႔ေသာ္ ယဲ့ဖန္သည္ သူတို႔၏ အျပဳအမူမ်ားကို လုံးဝ ဂ႐ုမစိုက္ေပ။ သူသည္ ထို႔ပါခ်င္းအာ၏ ပန္းခ်ီကားကိုသာ အတိတ္သို႔ လြမ္းဆြတ္ တမ္းတေနသည့္ အၾကည့္မ်ားျဖင့္ စိုက္ၾကည့္ေနသည္။ ထို႔ေနာက္ သူ ေရ႐ြတ္လိုက္သည္။
“နတ္မိမယ္ခ်င္းအာ မစိုးရိမ္ပါနဲ႔။ ထို႔ပါကလန္က အနာဂတ္မွာ အင္အားႀကီးလာမွာပါ”
ဤသည္မွာ နတ္ဆိုးဧကရာဇ္၏ ကတိပင္။ ယဲ့ဖန္၏ စကားကို ၾကားၿပီးေနာက္ ပန္းခ်ီကားထဲမွ ထို႔ပါခ်င္းအာ ၿပဳံးသေယာင္ျဖစ္သြားသည္ကို ထို႔ပါကလန္မွ အင္အားစုမ်ား သတိျပဳလိုက္မိၾကသည္။
သူမ အလြန္ ေပ်ာ္႐ႊင္စြာ ၿပဳံးေနပုံေပၚသည္။ ထို႔ေၾကာင့္ သူတို႔အားလုံး ထင္ေယာင္ထင္မွား ျဖစ္သည္ဟု ထင္မိသြားၾကသည္။
သူတို႔ ထိတ္လန႔္ကာ မွင္တက္ေနစဥ္တြင္ ယဲ့ဖန္က ႐ုတ္တရက္ ေနာက္လွည့္ကာ ေမးလာသည္။
“ထို႔ပါကလန္မွာ ၾကာပန္းမ်ား မရွိဘူးလား”
သူသည္ ၾကာပန္းကို လိုက္လံ ရွာေဖြေနျခင္း ျဖစ္သည္။ သူ သိထားသေလာက္ဆိုလ်င္ ၾကာပန္းသည္ အနီးအနားဝန္းက်င္တြင္ ရွိေလာက္သည္။
ၾကာပန္း။
ထိုနာမည္ကို ၾကားသည္ႏွင့္ ထို႔ပါကလန္ ေခါင္းေဆာင္ ထို႔ပါဟိုင္သည္ အနည္းငယ္ ခ်ီတုံခ်တုံ ျဖစ္သြားသည္။
သို႔ေသာ္ သူသည္ ယဲ့ဖန္အား အမွန္အတိုင္း ေျပာလိုက္သည္။
“ေလာကသခင္ ၾကာပန္းက ထို႔ပါကလန္ရဲ႕ တားျမစ္နယ္ေျမထဲမွာ ရွိပါတယ္။ အဲ့ေနရာက က်ဳပ္တို႔ဘိုးေဘး တင္ပ်ဥ္ေခြထိုင္ရင္း ေသသြားခဲ့တဲ့ေနရာပါ။ ဒါေပမယ့္ …”
“ဘာကို ဒါေပမယ့္လဲ”
ယဲ့ဖန္က မ်က္ေမွာင္ၾကဳတ္၍ ေမးလိုက္သည္။ ထို႔ပါကလန္က ဖြင့္ေျပာရန္ တစ္ခုခုကို အခက္ေတြ႕ေနေၾကာင္း သူ ရိပ္စားမိသည္။
“ဟူး၊ ေလာကသခင္ အမွန္အတိုင္း ေျပာရမယ္ဆိုရင္ ၾကာပန္းက ေမွာ္ေဆးဘက္ဝင္ ပစၥည္းတစ္မ်ိဳးပါ။ အဲ့ဒါကို မေကာင္းဆိုးဝါးေတြက အေဖာ္ျပဳၿပီး ေစာင့္ၾကပ္ေနပါတယ္”
“အဲ့မေကာင္းဆိုးဝါးက ထို႔ပါကလန္ရဲ႕ ကပ္ဆိုးႀကီးပါ။ အကယ္၍ က်ဳပ္တို႔ မဟာအႀကီးအကဲက အဲ့ဒါကို ေန႔ေရာညပါ မခုခံထားဘူးဆိုရင္ ထို႔ပါကလန္က သုတ္သင္ခံရေနေလာက္ပါၿပီ”
ထို႔ပါဟိုင္က ေၾကာက္လန႔္တၾကား ရွင္းျပလိုက္သည္။ ထို႔ပါကလန္မွ သိုင္းပညာရွင္တိုင္း သရဲတေစၦကို ျမင္ေတြ႕လိုက္ရသကဲ့သို႔ ေၾကာက္လန႔္လာၾကသည္။
“မေကာင္းဆိုးဝါးေတြက ေစာင့္ၾကပ္ေနတာလား”
ယဲ့ဖန္ တစ္ခဏမွ် မွင္တက္သြားသည္။ ထို႔ေနာက္ သူ႔မ်က္လုံး၌ ေအးစက္ေသာ အလင္းတန္းမ်ား လွစ္ခနဲ ဖ်တ္ေျပးသြားသည္။
*ၾကာပန္းကို အေဖာ္ျပဳ ေစာင့္ၾကပ္ေနတဲ့ မေကာင္းဆိုးဝါးလား*
*အဲ့ဒါႀကီးက တကယ့္ နတ္ဘုရားျဖစ္တဲ့ ထို႔ပါဟိုင္ေတာင္ ေၾကာက္ေစတယ္”
*အဲ့ဒါက …*
ယဲ့ဖန္က ခ်က္ခ်င္း တက္ႂကြလာၿပီး ေျပာလိုက္သည္။
“သြားၾကစို႔ က်ဳပ္ကို အဲ့ဒီေနရာကို ေခၚသြားေပး”
သူ႔စကားေၾကာင့္ ထို႔ပါဟိုင္ႏွင့္ အျခားသူမ်ား စိတ္ပူသြားၾကသည္။ သူက နတ္ဆိုး ဧကရာဇ္ျဖစ္ေသာ္လည္း လက္ရွိအခ်ိန္၌ ယဲ့ဖန္၏ တိုက္ပြဲဝင္ ခြန္အားသည္ တကယ့္ နတ္ဘုရားတစ္ေယာက္ႏွင့္ မယွဥ္ႏိုင္ေသးေပ။
သို႔ေသာ္ ထိုေၾကာက္လန႔္ဖြယ္ေကာင္းသည့္ မေကာင္းဆိုးဝါးက တကယ့္ နတ္ဘုရားကိုေတာင္မွ စားပစ္လိုက္ႏိုင္သည္။
ထို႔ပါဟိုင္က ယဲ့ဖန္ကို ထိုအေတြးအား စြန႔္လႊတ္လိုက္ရန္ ေဖ်ာင္းဖ်ခ်င္ေသာ္လည္း ယဲ့ဖန္၏ စိတ္လႈပ္ရွားေနေသာ အၿပဳံးကို ျမင္လိုက္ရသျဖင့္ သူသည္ မတတ္သာေတာ့ဘဲ ယဲ့ဖန္အား ထို႔ပါကလန္ အေနာက္ဘက္ရွိ တားျမစ္နယ္ေျမသို႔သာ လမ္းျပလာခဲ့ရသည္။ သူ႔ေနာက္မွ အျခားသူမ်ား အားလုံး လိုက္ပါလာၾကသည္။

ထို႔ပါကလန္ အေနာက္ဘက္ရွိ ေတာင္ေပၚတစ္ေနရာ၌ ေရွးေဟာင္းသစ္ပင္ႀကီးမ်ားႏွင့္ ရႈပ္ယွက္ခတ္ေနေသာ ႏြယ္ပင္မ်ားစြာ ရွိသည္။
ထိုေနရာသည္ ထိတ္လန႔္ဖြယ္ ခ်ီဓာတ္မ်ား ထြက္ေပၚေနေသာ ေရွးဦးေတာအုပ္ေဒသ တစ္ခုျဖစ္သည္။
ဝတ္႐ုံတစ္ထည္အား ဝတ္ဆင္ထားေသာ အဘိုးအိုတစ္ေယာက္သည္ ဆိုးယုတ္ေသာ ေတာင္ဥမင္တစ္ခုေရွ႕၌ သင့္တင့္ေလ်ာက္ပတ္စြာ ထိုင္ေနသည္။
ေဖြးဆြတ္ေနေသာ ဆံပင္ႏွင့္ မုတ္ဆိတ္ေမြးရွိေသာ ထိုအဘိုးအိုသည္ ႏွစ္ရာေပါင္းမ်ားစြာ သင့္တင့္ေလ်ာက္ပတ္စြာ ထိုင္ေနေသာ ႐ႊံ႕ပန္းပု ႐ုပ္ထုတစ္ခုႏွင့္ ဆင္တူလွသည္။
သို႔ေသာ္ သူသည္ တကယ့္ နတ္ဘုရား ျဖစ္သည္။ အျပင္လူမ်ားသာ သူ႔ကို ျမင္သြားပါက သူတို႔ လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္သြားေလာက္သည္။
ဤကဲ့သို႔ ေခါင္လွေသာ ေနရာ၌ ကမာၻတစ္ဝန္းမွ လူမ်ားအား ထိတ္လန႔္သြားေစေလာက္သည့္ အဘိုးအိုတစ္ေယာက္ ရွိေနမည္ဟု မည္သူက ထင္ထားမည္နည္း။
ထိုစဥ္ ထိုအဘိုးအိုက ခပ္သြက္သြက္ ေျခသံတစ္ခ်ိဳ႕ကို ၾကားလိုက္ရသျဖင့္ ႐ုတ္တရက္ မ်က္စိဖြင့္လာသည္။
ထို႔ေနာက္ သူ႔မ်က္လုံးမ်ားက လင္းလက္လာသည္။ သို႔ေသာ္ နီးကပ္လာေသာ လူတစ္စုကို ျမင္လိုက္ရသျဖင့္ သူ ခ်က္ခ်င္း မွင္တက္သြားသည္။
“ကလန္ေခါင္းေဆာင္ မင္းက ဘာလို႔ ဒီကို ေရာက္လာတာလဲ”
မဟာအႀကီးအကဲက ထို႔ပါဟိုင္အား ဇေဝဇဝါျဖင့္ ေမးလာသည္။ သူ႔အေမးေၾကာင့္ ထို႔ပါဟိုင္က ဝမ္းသာအားရ ျဖစ္ေနေသာ မ်က္ႏွာႏွင့္ ေျဖလိုက္သည္။
“မဟာအႀကီးအကဲ က်ဳပ္ ခင္ဗ်ားကို လူတစ္ေယာက္နဲ႔ မိတ္ဆက္ေပးပါရေစ”
ထို႔ေနာက္ ထို႔ပါဟိုင္သည္ ယဲ့ဖန္အား တေလးတစားႏွင့္ ၫႊန္ျပ၍ ေျပာလိုက္သည္။
“သူက နတ္ဆိုး ဧကရာဇ္ အရွင္မင္းျမတ္ ျဖစ္သလို ထို႔ပါကလန္ ႏွစ္တစ္ေသာင္းေက်ာ္နီးပါး ေစာင့္ေနခဲ့ရတဲ့ ေလာကသခင္ပါ”
*ဘာ*
ထို႔ပါဟိုင္၏ စကားေၾကာင့္ မဟာအႀကီးအကဲ တစ္ခဏမွ် မွင္တက္သြားရသည္။ ထို႔ေနာက္ သူ မ်က္ေမွာင္ၾကဳတ္သြားရသည္။
“ကလန္ေခါင္းေဆာင္ ခင္ဗ်ား ေသခ်ာလို႔လား။ ဒီေကာင္ေလးက ဒ႑ာရီလာ တစ္ပိုင္းအဆင့္ပဲ ရွိေသးတာေလ။ သူက ဘယ္လိုလုပ္ နတ္ဆိုးဧကရာဇ္ ျဖစ္မွာလဲ၊ က်ဳပ္တို႔ ေလာကသခင္ဆို ပိုေတာင္ ေဝးေသးတယ္”
ေလာကသခင္သည္ ထို႔ပါကလန္အား စၾကဝဠာအား သိမ္းပိုက္ႏိုင္ေအာင္ ဦးေဆာင္ေပးမည့္ ၿပိဳင္ဘက္ကင္း ပုဂၢိဳလ္ပင္။
သူ၏ တိုက္ပြဲဝင္ခြန္အားက အလြန႔္ကို ေၾကာက္မက္ဖြယ္ေကာင္းေလာက္မည္မွာ ေသခ်ာသည္။ သူက ဘယ္လိုလုပ္ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ျဖစ္ႏိုင္ပါမည္နည္း။
မဟာအႀကီးအကဲသည္ မယုံသကၤာဟန္မ်ားျဖင့္ ျပည့္ႏွက္လို႔ေနသည္။ မဟာအႀကီးအကဲ၏ အေျပာေၾကာင့္ ထို႔ပါဟိုင္က ေအာင့္သီးေအာင့္သက္ ၿပဳံးလိုက္မိသည္။
အစပိုင္းတါင္ သူသည္လည္း ထိုအခ်က္ကို မယုံခဲ့ေပ၊ သို႔ေသာ္….
“ဥမင္ထဲက မေကာင္းဆိုးဝါးက ေ႐ႊေရာင္အခြံနဲ႔ ပိုးေကာင္လား”
ယဲ့ဖန္က တည္ၿငိမ္စြာ ေမးလိုက္သည္။
*ဟင္*
ယဲ့ဖန္၏ အေအးေၾကာင့္ မဟာအႀကီးအကဲ တစ္ဒဂၤမွ် အံ့အားသင့္သြားရသည္။ ထို႔ေနာက္ သူက ယဲ့ဖန္အား ေတြေဝစြာျဖင့္ ေမးလိုက္သည္။
“မင္း ဘယ္လိုလုပ္ သိေနတာလဲ”
ထိုစကားေၾကာင့္ ယဲ့ဖန္က ၿပဳံးေပ်ာ္သြားကာ ျပန္ေျပာလိုက္သည္။
“က်ဳပ္ကို ဝင္ခြင့္ေပး။ က်ဳပ္ သူတို႔အားလုံးကို သတ္ႏိုင္တယ္”
*ဘာရယ္*
ယဲ့ဖန္၏ စကားေၾကာင့္ မဟာအႀကီးအကဲ၊ ထို႔ပါဟိုင္ႏွင့္ ထို႔ပါကလန္၏ အျခားကလန္သားမ်ား အားလုံး အလြန္ ေတြေဝသြားၾကသည္။
ထို႔ေနာက္ မဟာအႀကီးအကဲက ယဲ့ဖန္အား စိုက္ၾကည့္ရင္း ေလွာင္ရယ္လိုက္သည္။
“ေကာင္စုတ္ေလး၊ မင္း ကလန္ေခါင္းေဆာင္ရဲ႕ ယုံၾကည္မႈကို ရေအာင္ မင္း ဘယ္လိုနည္းလမ္းေတြ သုံးလိုက္လဲ ငါ မသိဘူး၊ အဲ့ေ႐ႊပိုးေကာင္ေတြကို သြားမဆြဖို႔ေတာ့ မင္းကို ငါ အႀကံေပးလိုက္မယ္။ အဟုတ္လို႔ကေတာ့ မင္း ပုံဆိုးပန္းဆိုးနဲ႔ ေသသြားရမယ္”
ထို႔ပါဟိုင္ေတာင္မွ ယဲ့ဖန္အား နားခ်ရန္ ျပင္လာသည္။
“ေလာကသခင္၊ ဒီေ႐ႊပိုးေကာင္ေတြက အရမ္းေၾကာက္ဖို႔ေကာင္းတာကို ခင္ဗ်ားလည္း သိသင့္ပါတယ္။ သူတို႔က က်ဳပ္တို႔ မဟာအႀကီးအကဲ ႏွစ္ေယာက္ကိုေတာင္ စားၿပီးသြားၿပီ”
“အဲ့ဒီေ႐ႊပိုးေကာင္ေတြက က်ဳပ္တို႔ရဲ႕ အိပ္မက္ဆိုးပါ”
*အိပ္မက္ဆိုးတဲ့လား*
သူ႔စကားေၾကာင့္ ယဲ့ဖန္က ၿပဳံးသြားရသည္။
ထို႔ပါကလန္၏ အိပ္မက္ဆိုးသည္ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား၏ နတ္သုဒၶါပင္။ ထို႔ပါကလန္ ေျပာေနသည့္ ေ႐ႊေရာင္ပိုးေကာင္ဆိုသည္မွာ မေကာင္းဆိုးမ်ားထဲမွ ေၾကာက္မက္ဖြယ္ အေကာင္းဆုံး ပိုးေကာင္ အမ်ိဳးအစားျဖစ္သည့္ သတၱဳစား ေ႐ႊပိုးေကာင္ပင္ ျဖစ္သည္။
သတၱဳစား ပိုးေကာင္မ်ား အထြတ္အထိပ္သို႔ ေရာက္ခဲ့စဥ္က သူတို႔သည္ နတ္ဘုရားမ်ား၊ အင္ေမာ္တယ္မ်ား၊ နတ္ဆိုးမ်ားႏွင့္ တေစၦမ်ားကိုေတာင္ ဖိႏွိပ္ႏိုင္ခဲ့သည္။
သူတို႔သည္ စၾကဝဠာထဲတြင္ ၿပိဳင္ဘက္ကင္းလုနီးပါး ျဖစ္ခဲ့သည္။ သို႔ေသာ္ အဆုံးသတ္တြင္ သူတို႔သည္ အ႐ြယ္ေရာက္ၿပီးသား ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား၏ သုတ္သင္ျခင္းကို ခံလိုက္ရသည္။
ထိုအခ်ိန္မွစ၍ သတၱဳစား ေ႐ႊပိုးေကာင္မ်ား သူတို႔၏ ထင္ေပၚေက်ာ္ၾကားမႈမ်ားကို ဆုံးရႈံးခဲ့ရသည္။ အကယ္၍ ဥမင္ထဲမွ မေကာင္းဆိုးဝါးမ်ားသည္ တကယ့္ သတၱဳစား ေ႐ႊပိုးေကာင္မ်ားသာ ျဖစ္ပါက သူတို႔သည္ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား လ်င္ျမန္စြာ ႀကီးျပင္းလာေအာင္ လုပ္ေပးႏိုင္မည္ ျဖစ္သည္။
ထို႔ေနာက္ ယဲ့ဖန္က ၿပဳံး၍ ႏွစ္သိမ့္လိုက္သည္။
“စိတ္မပူပါနဲ႔ က်ဳပ္မွာ ေျဖရွင္းဖို႔ နည္းလမ္းရွိပါတယ္”
ယဲ့ဖန္က သိပ္ကို ဆႏၵျပင္းထန္ေနသည္ကို သတိထားမိၿပီး ကလန္ေခါင္းေဆာင္ ထို႔ပါဟိုင္က မတတ္သာဘဲ ေခါင္းညိတ္ သေဘာတူလိုက္ရသည္။
ထို႔ေနာက္ မဟာအႀကီးအကဲက အထင္ေသးသလို ၾကည့္ကာ ေျပာလိုက္သည္။
“ေကာင္စုတ္ေလး၊ မင္းက ရဲရင့္ပါေပတယ္။ အကယ္၍ မင္းသာ အဲ့ေနရာကေန အသက္ရွင္လ်က္ ထြက္လာႏိုင္မယ္ဆိုရင္ မင္းက ေလာကသခင္ပဲလို႔ ငါ ယုံလိုက္မယ္”
“မင္း က်ရႈံးသြားမွာကိုေတာ့ ငါ စိုးရိမ္မိသား”
ထိုသို႔ေျပာၿပီး မဟာအႀကီးအကဲက ယဲ့ဖန္အား ေသလူဟုသာ ျမင္ေယာင္ရင္း ေခါင္းကို ခါယမ္းလိုက္သည္။
သို႔ေသာ္ ယဲ့ဖန္က သူ႔စကားကို ဂ႐ုပင္မစိုက္ေခ်။ ထို႔ေနာက္ သူက အေမွာင္ထဲသို႔ ျဖည္းျဖည္းခ်င္း ဝင္ေရာက္သြားသည္။
မ်က္စိတစ္မွိတ္အတြင္း သူ ေပ်ာက္ကြယ္သြားသည္။

ေတာင္ဥမင္သည္ အလြန္တရာ မည္းေမွာင္လို႔ေန၏။ ေတာင္ဥမင္အလယ္၌ ေရကန္တစ္ကန္ ရွိၿပီး ကန္လယ္၌ အျဖဴေရာင္ ၾကာပန္းတစ္ပြင့္ ပြင့္ေနသည္။
ထိုၾကာပန္းမွ အလြန္ ေမႊးႀကိဳင္လွေသာ ရနံ႔ကို ေပးစြမ္းေနသည္။ ထိုၾကာပန္းသည္ ေမွာ္ေဆးဘက္ဝင္ ၾကာပန္းပင္။
သို႔ေသာ္ ယဲ့ဖန္သည္ ၾကာပန္အား မၾကည့္ဘဲ ကန္ေအာက္ေျခမွ ေ႐ႊေရာင္ေက်ာက္တုံးမ်ားကိုသာ ၾကည့္ေနသည္။
“သူတို႔ပဲ”
ယဲ့ဖန္ ေက်နပ္သလို ၿပဳံးသြားသည္။ သူ ခ်က္ခ်င္း ေျမႀကီးကို ဖေနာင့္ႏွင့္ ေပါက္လိုက္သည္။
ဒုန္း!
ေျမျပင္တစ္ခုလုံး တုန္ခါသြားရသည္။ ထို႔ေနာက္ ထိတ္လန႔္ဖြယ္ အျဖစ္အပ်က္ ျဖစ္ေပၚလာသည္။
ပန္းထြက္လာေသာ ေရမ်ားႏွင့္အတူ လက္သီးဆုပ္အ႐ြယ္ ေ႐ႊပိုးေကာင္မ်ားက ကန္ထဲမွ တိုးထြက္လာသည္။
ထို႔ေနာက္ သူတို႔သည္ သူတို႔၏ ထက္လွေသာ အစြယ္မ်ားႏွင့္ သြားမ်ားကို ေဖာ္ထုတ္လာသျဖင့္ သူတို႔၏ မ်က္ႏွာမ်ားက ေၾကာက္မက္ဖြယ္ ေကာင္းလွသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now