Chapter 261

1.2K 155 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (18) CHAPTER (261) စည်းကမ်းကတော့ နိုင်တဲ့သူပဲ အသက်ရှင်ရမယ်

လက်သီးနှင့်လက်သီး။
ယဲ့ဖန်၏ တုံ့ပြန်မှုကို ကြည့်ပြီး စည်းဝိုင်းအောက်မှ ဟွာရှသိုင်းပညာရှင်များအားလုံး အလွန် စိတ်မကောင်းဖြစ်သွားကြသည်။
ထိပ်တိုက်ရင်ဆိုင်ပွဲများတွင် အဆင့်နိမ့်သည့်ဘက်က အမြဲ ဖိအား အကြီးအကျယ် ခံရသည်။ အခွင့်အရေး ရသည့်အခါမှသာ လျှပ်တစ်ပြက် တိုက်ခိုက်နိုင်ပြီး အဆင့်မြင့်သည့် ပြိုင်ဘက်အား သတ်နိုင်မှာ ဖြစ်သည်။
သို့သော် အဆင့်နိမ့်သည့် ပါရမီရှင်တစ်ယောက်က သူ့ထပ် အဆင့်မြင့်သော သူအား ထိပ်တိုက်ရင်ဆိုင်ပွဲများသည် ဖိနှိပ်နိုင်တာမျိုးကို သူတို့ ဘယ်သောအခါကမှ မမြင်ခဲ့ဖူးပါ။
ဤသည်ကား … လုံးဝ မဖြစ်နိုင်ဖို့ များသည်။ ထို့ကြောင့် ယဲ့ဖန်က ပြိုင်ဘက်၏ လက်သီးကို ခုခံလိုက်သည်ကို မြင်လိုက်သည်နှင့် သူတို့ ထိတ်လန့်သွားကြခြင်း ဖြစ်သည်။
"အရူး"
ကျိုဟမ့်ရှန်၊ ယဲ့မုန့်ထန်နှင့် ကိုရီးယားလူမျိုးများ နားနေရာနေရာမှ အခြားသူများက မကောင်းဆိုးဝါးသဖွယ် လှောင်ပြုံးပြုံး၍ ရေရွတ်လိုက်ကြသည်။
သူတို့နှစ်ယောက်ကြား၌ အဆင့်ကွာခြားချက်က ရှစ်ဆင့်တောင် ရှိနေသည်မှာ အသိသာချည်းပင်။ ထို့ပြင် ပြိုင်ဘက်သည် အရိုးနှင့် အရေပြားက သံမဏိကဲ့သို့ အလွန် မာကြောသည့် တကယ့် လူထူးလူဆန်းလည်း ဖြစ်နေသေးသည်။
*ဘယ်လိုလုပ် ယဲ့ဖန်က သူ့ကို ပြန်ခုခံရဲတာလဲ … အရူးကပဲ အဲ့လိုလုပ်လိမ့်မယ်*
ဂျွတ်!
ဂျွတ် ဟူသော အသံကို ကြားလိုက်ရသည်နှင့် ကိုရီးယားလူမျိုးက သူတို့ ခန့်မှန်းမိသည့်ဟန်ဖြင့် လှောင်ပြုံးပြုံးနေကြသည်။
*သူတော့ သွားပြီ*
ဟွာရှ သိုင်းပညာရှင်များ၏ မျက်နှာများက အလွန်ပြာနှမ်းလာသည်။ စည်းဝိုင်းထဲ ဝင်လိုက်သည်နှင့် ယဲ့ဖန်၏ လက်မောင်း ကျိုးသွားလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိပါ။
တကယ့်ဆို ဆိုးရွားလှသည့် အိပ်မက်ဆိုးပါတကား။ ထိုအချိန်တွင် စည်းဝိုင်းထဲမှ လူနှစ်ယောက်သည် လူချင်းကွဲသွားပြီ ဖြစ်သည်။
ယဲ့ဖန်က နောက်သို့ တစ်လှမ်း ပြန်ဆုတ်သွားသည်။ သို့သော် နှုတ်ခမ်းမွှေး ကောက်ကောက်နှင့် လူသန်ကြီးကတော့ နောက်သို့ လေး၊ ငါးလှမ်း ပြန်ဆုတ်သွားရသည်။
*မဖြစ်နိုင်ဘူး*
စည်းဝိုင်းအတွင်း ဘာတွေ ဖြစ်သွားခဲ့သလဲဆိုတာကို သတိထားမိပြီးနောက် သူတို့အားလုံး မှင်တက်သွားရသည်။
ယဲ့ဖန်က မည်သည့် ဒဏ်ရာမှ မရဘဲ ရပ်မြဲတိုင်း ရပ်နေသည်ကို သူတို့ သတိထားမိသွားသည်။ သို့သော် ကျင်းရှင်းယွီ၏ လက်သီးက အောက်သို့ မသိမသာ ငိုက်စိုက်ကျနေသည်။
ထို့အပြင် သူ၏ ကြောက်မက်ဖွယ်ကောင်းသောအရိုးဖြူများက အရေပြားမှ ဖောက်ထွက်နေပြီး ကြည့်နေသူများ အထင်းသား မြင်နေရသည်။
သူတို့အားလုံး အလွန် သွေးပျက်သွားကြသည်။
ကျင်းရှင်းယွီ၏ သံမဏိလက်သီးက ကျိုးသွားပြီ မဟုတ်ပါလား။
….
ဤမြင်ကွင်းကြောင့် တိုက်ခိုက်ရေးကလပ်တစ်ခုလုံး ပွက်လောရိုက်သွားသည်။ ကိုရီးယား လူမျိုးများ နားနေရာ‌ နေရာ၌ ဖျောင်ထိုက်ရှင်းနှင့် အခြား ဒဏ္ဍာရီအဆင့် ငါးယောက်တို့ အလွန် ထိတ်လန့်သွားသော မျက်နှာများဖြင့် ထခုန်မိသွားသည်။
"မဖြစ်နိုင်ဘူး … ယဲ့ဖန်က သူ့လက်သီးကို တစ်ချက်တည်းနဲ့ ကျိုးအောင် လုပ်လိုက်တာလား … အံ့ဩစရာပါလား"
ဖျောင်ထိုက်ရှင်းနှင့် အခြားသူများ မျက်ခုံး တဆတ်ဆတ်လှုပ်သလို ခံစားလိုက်မိသည်။ ကျင်းရှင်းယွီ၏ ခန္ဓာကိုယ် မာကြောမှုကို သူတို့အားလုံး ကောင်းကောင်းသိပါသည်။ သံမဏိ ကျည်ဆန်တောင်မှ သူ့အရိုးကို အက်ကွဲအောင် မပြုလုပ်နိုင်ပါ။
သို့သော်လည်း ယခုအခါတွင် ယဲ့ဖန်က ကျင်းရှင်းယွီ၏ လက်သီးကို တစ်ချက်တည်းဖြင့် ကျိုးကြေသွားအောင် ပြုလုပ်ခဲ့သည်။
အံ့ဩစရာ ကောင်းလှပါသည်။
ကျိုဟမ့်ရှန်နှင့် အခြားသူများ၏ လှောင်ပြုံးများ လုံးဝကို အေးခဲသွားသည်။ တစ်ချိန်တည်းမှာပင် သူတို့၏ အထင်သေးသော အမူအရာများလည်း ပျောက်ကွယ်သွားသည်။
"မဖြစ်နိုင်ဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး … သူက ဆရာသခင် ဖြစ်ခါနီးအဆင့်လေ … သူက အခုလေးတင် ဒဏ္ဍာရီ နောက်ဆုံးအဆင့် ရောက်နေတဲ့ သိုင်းပညာရှင်နဲ့ ထိပ်တိုက်တွေ့ပြီးတော့ အဲ့လူရဲ့ သံမဏိလက်သီးကို တစ်ချက်တည်းနဲ့ ကျိုးသွားအောင် လုပ်လိုက်တယ်"
"ဒါ … လုံးဝ မဖြစ်နိုင်ဘူး"
ကျိုဟမ့်ရှန်နှင့် သူ့လူများ သူတို့ နှလုံးသားအား အားနှင့် ဖျစ်ညှစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ဟွာရှ သိုင်းပညာရှင်များ နားနေရာ နေရာ၌လည်း သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြသော်လည်း အရူးအမူး ပျော်ရွှင်လာကြသည်။
"တစ်ချက်ထဲ … တကယ့်ကို တစ်ချက်ထဲပဲကွ … အိုး … ဝိုး… ယဲ့ဖန်က တကယ့်ကို စစ်နတ်ဘုရားပဲကွာ"
"အဖေ …. အဖေ အခု ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ … ကျင်းရှင်းယွီက အဖေ့ခေါင်းကို တစ်ချက်တည်းနဲ့ ကြေမွအောင် လုပ်ခဲ့ပင်မဲ့ ယဲ့ဖန်က သူ့သံမဏိလက်သီးတွေကို တစ်ချက်တည်းနဲ့ ကျိုးကြေသွားအောင် လုပ်လိုက်ပါပြီ"
"ယဲ့ဖန် … ယဲ့ဖန် … ယဲ့ဖန်"
ဟွာရှလူမျိုး ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် လေးယောက် အသတ်ခံရပြီးနောက် ဟွာရှသိုင်းပညာရှင်များ၏ စိတ်ဓာတ်က ထိုးကျသွားပြီ ဖြစ်သည်။
သို့သော် ယဲ့ဖန်၏ လက်သီးချက်တစ်ချက် သုံးပြီးနောက်ပိုင်းတွင် ဟွာရှ သိုင်းပညာရှင်များ နှလုံးအားဆေးကို ရရှိလိုက်သကဲ့သို့ တစ်ဖန် ပြန်လည် တက်ကြွလာကြသည်။
ဟွာရှ သိုင်းပညာရှင်များက ယဲ့ဖန်၏ နာမည်အား စိတ်လှုပ်ရှားစွာဖြင့် အရူးအမူး ဟစ်အော်နေကြသည်။
"သေစမ်း"
စည်းဝိုင်းထဲတွင် ကျင်းရှင်းယွီ၏ မျက်နှာက အလွန် သုန်မှုန်နေကာ ထိတ်လန့်စိတ်နှင့် ကြောက်စိတ်ကြောင့် သူ့နဖူးမှ ချွေးတဒီးဒီးကျနေသည်။
သူ အခုလေးတင် ဖိနှိပ်နိုင်သော တိုက်ကွက်ကို ခံစားလိုက်ရသည်။ သူ ဒါကို မယုံကြည်နိုင်သေးပါ။
"အဲ့ခွေးမသားလေးမှာ အတော်လေး သန်မာတဲ့ ခွန်အား ရှိနေတာပဲ … သေစမ်းကွာ"
ဘေးပတ်လည်မှ လူများ၏ အကြည့်များကို ခံစားမိပြီးနောက် ကျင်းရှင်းယွီ၏ မျက်နှာသည် ရှက်ရွံ့စိတ်ကြောင့် နီမြန်းလာသည်။
ဘာမဟုတ်သည့် ဆရာသခင် ဖြစ်ခါနီးအဆင့် ကောင်ကြောင့် သူ့လက်သီး ကျိုးသွားရသည့် အဖြစ်ကို သူ လက်မခံနိုင်ပါ။
"ခွေးမသားလေး … သွားသေလိုက်တော့"
ကျင်းရှင်းယွီ အလွန် ဒေါသထွက်နေပြီး ယဲ့ဖန်က လျှပ်စီးထက်မြန်သော တစ်ပတ်လည် ကန်ချက်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည်။
စည်းဝိုင်းထဲရှိ လေထုသည် ပြင်းထန်စွာ ပေါက်ကွဲမတတ် ဖြစ်လာသည်။ ကြမ်းကြုတ်သော တိုက်စစ်က ဟာရီကိန်း မုန်တိုင်းကိုတောင်မှ ဖြစ်ပေါ်လာစေနိုင်သည်။
သို့သော် ပွဲအား ကြည့်ရှူနေသူများ မထင်မှတ်ထားသည်က ယဲ့ဖန်သည် ထိုတိုက်ခိုက်မှုအား လုံးဝ ငုံ့ရှောင်ရှားခြင်းမရှိသလို တန်ပြန် တိုက်ခိုက်ခြင်းလည်း မပြုသည့် အဖြစ်ပင်။
….
အခန်းထဲမှ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။ ယခုလို သေရေးရှင်ရေး အခြေအနေ၌ ယဲ့ဖန် သတိလွတ်နေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
*သူ သေချင်နေတာလား*
"မြန်မြန် … ရှောင်လိုက်ပါ"
ဟွာရှ သိုင်းပညာရှင်များက အသည်းအသန် ဟစ်အော်နေကြသည်။ သို့သော် ယဲ့ဖန်က ရပ်မြဲတိုင်း ရပ်နေသည်။
"ဟား … မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ"
ကျင်းရှင်းယွီ ပျော်ရွှင်လို့လာပြီး သူ၏ တစ်ပတ်လည် ကန်ချက်သည်လည်း ပို၍ ပြင်းထန်လာသည်။ မျက်တောင် တစ်ခတ်အတွင်းမှာပင် တစ်ပတ်လည် ကန်ချက်က ယဲ့ဖန်၏ ဦးခေါင်းနှင့် ဆယ်စင်တီမီတာလောက်သာ ကွာတော့သည်။
သုညဒသမသုညတစ် စက္ကန့်။
ထိုသုညဒသမသုညတစ် စက္ကန့်အတွင်း သူ ယဲ့ဖန်၏ ဦးခေါင်းအား ကျိုးအောင် လုပ်နိုင်တော့မည်။
ဟွာရှ သိုင်းပညာရှင်များ၏ မျက်နှာများက ပြာနှမ်းလာသည်။ ထိုစဉ် ယဲ့ဖန်က ရုတ်တရက် ကျင်းရှင်းယွီ၏ ခြေထောက်အား လက်တစ်ဘက်ဖြင့် လှမ်းဖမ်းလိုက်သည်။
*ဘာ*
*သူ့လက်က သတိထားမိဖို့ ခက်ခဲလောက်အောင်ကို မြန်လှချည်လား*
ထို့နောက် သူက ထိုခြေဘက်ကို လိမ်၍ ချိုးလိုက်သည်။
ဂျွတ်!
ပွဲကြည့်နေသူများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ဂျွတ်ဟူသော အသံနှင့်အတူ ကျင်းရှင်းယွီ၏ ခြေထောက်သည် ရုတ်ချည်းဆိုသလို ကျိုးသွားလေတော့သည်။
သူ၏ သံမဏိကဲ့သို့ အရိုးများက ဆွေးမြည့်နေသော သစ်သားကဲ့သို့ စုတ်ပြဲသွားလေတော့သည်။
"အား"
ကျင်းရှင်းယွီသည် စူးရှသောစွာ အော်ဟစ်လိုက်ပြီး‌နောက် မြွေတစ်ကောင်ကဲ့သို့ သို့မဟုတ် ကင်းမြီးကောက်တစ်ကောင်ကဲ့သို့ နောက်သို့ ကပြာကယာနှင့် ဆုတ်သွားလေသည်။
စင်စစ်အားဖြင့် အိပ်မက်ဆိုးက ယခုမှ စတင်မည် ဖြစ်သည်။
နောက်သို့ သုံးလှမ်းခန့် ဆုတ်လိုက်ပြီးနောက် တစ္ဆေကဲ့သို့ သူ့နား လှစ်ခနဲ ပျံဝဲကာ ပေါ်လာသော လူတစ်ယောက်ကို သူ ရုတ်တရက် မြင်လိုက်ရသည်။
ထို့နောက် ယဲ့ဖန်က သူ့အား အားနှင့် ပိတ်ကန်လိုက်သည်။
"မဖြစ်ဘူး"
ကျင်းရှင်းယွီ ငုံ့ရှောင်လိုက်ချင်သော်လည်း သူ၏ ခြေထောက်က မယုံနိုင်စရာကောင်းလောက်သော အလျင်ဖြင့် ရွေ့လျားလာသည်။
သူ၏ ကြောက်စိတ်မွှန်နေသော မျက်လုံးများ အောက်မှာပင် ယဲ့ဖန်၏ ခြေထောက်က သူ့ဒူးအား ရက်စက်စွာ ကန်ကျောက်လိုက်သည်။
ဒုန်း!
ကျယ်လောင်သော အသံနှင့်အတူ ကျင်းရှင်းယွီသည် နောက်သို့ ဘောလုံးကဲ့သို့ လေး၊ ငါးမီတာခန့် လွှင့်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ အရှိန်နှင့် ပြန်ပြုတ်ကျလာသည်။
စူးရှသော အော်သံနှင့်အတူ သူ့ဒူးသည် တစ်စစီ ကြေမွသွားလေတော့သည်။ ထို့အတူ သူ့ခြေထောက်သည် မူမမှန်လောက်အောင်ကို ကွေးကောက်သွား၏။
ကြမ်းပြင်ပေါ်၌ လဲကျနေရင်း သူ နာနာကျင်ကျင်နှင့် ဟစ်အော်နေသည်။ ထိတ်လန့်ဖွယ် ကောင်းလှပါဘိ။
ဆရာသခင် ဖြစ်ခါနီးအဆင့် လူတစ်ယောက်က ဒဏ္ဍာရီ နောက်ဆုံးအဆင့်မှ သူအား ဖိနှိပ်နိုင်လိမ့်မည်ဟု မည်သူမျှ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
ယဲ့ဖန်သည် ကျင်းရှင်းယွီ၏ လက်အား တစ်ချက်တည်းဖြင့် ကျိုးအောင် လုပ်လိုက်ပြီးနောက်၊ သူ၏ ခြေထောက်အားလည်း ချိုးလိုက်သေးသည်၊ ထို့ပြင် သူ၏ ဒူးအား တစ်ချက်တည်းဖြင့် ကြေမွအောက် လုပ်လိုက်သေးသည်။
သုံးကွက်တည်းဖြင့် ယဲ့ဖန်က ကျင်းရှင်းယွီအား အနိုင်ယူလိုက်နိုင်ပြီဖြစ်သည်။ ထို့ကြောင့် ကျင်းရှင်းယွီသည် လမ်းဘေးခွေးတစ်ကောင်ကဲ့သို့ ဟစ်အော်နေလေသည်။
တိုက်ခိုက်ရေးကလပ်အတွင်းရှိ လေထုသည် အလွန် ကျဆင်းလို့နေ၏။ သို့သော် တိုက်ပွဲက မပြီးသေးချေ။
ကျင်းရှင်းယွီ၏ အော်သံက ရုတ်တရက် ရပ်တန့်သွားကာ ကြမ်းပြင်ပေါ်၌ ထိုင်နေရင်း တစ်ကိုယ်လုံး တုန်ယင်နေသည်။ ထို့နောက် ယဲ့ဖန်က ကျင်းရှင်းယွီအား ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သတ်မှတ်ကာ သူ့ခေါင်းပေါ် ခြေထောက်တင်လိုက်သည်။
ထိုအချိန်တွင် ယဲ့ဖန်သည် အလွန် သက်တောင့်သက်သာ ရှိ၍ စိတ်အေးလက်အေး ဖြစ်နေသည်။
"မဟုတ်ဘူး"
ကျင်းရှင်းယွီ သေမတတ် ကြောက်လန့်နေလေသည်။ သူ ကြောက်နေသည်၊ ယဲ့ဖန် သူ့ခြေထောက်၌ အားထည့်လိုက်သည်နှင် သူ့ဦးခေါင်း ကြေမွသွားမည်ကို သူ ကြောက်နေသည်။
ထို့နောက် သူက ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး … မင်း … မင်း နိုင်ပါတယ် … မင်း နိုင်ပါတယ် … ငါ့ကို မြန်မြန် လွှတ်ပေးပါ … ငါ့ကို သွားခွင့်ပေးပါ"
သေစေနိုင်လောက်သော အခြေအနေကြောင့် ကျင်းရှင်းယွီ၏ ခန္ဓာကိုယ်သည် ကြက်သီး တဖြန်းဖြန်း ထနေသည်။
သို့သော် သူ၏ တောင်းပန်တိုးလျှိုးသံကို ကြားရသော် ယဲ့ဖန်က သွေးဆာနေသော အပြုံးမျိုး ပြုံး၍ ပြောလိုက်သည်။
"စည်းကမ်းက နိုင်တဲ့သူပဲ အသက်ရှင်နိုင်မှာလေ"
ထိုစကားကောင်းတွင် ကျင်းရှင်းယွီ၏ ဦးခေါင်းသည် ကြမ်းပြင်၌ ပြားကပ်သွားကာ သွေးများက နေရာအနှံ့ ပြန့်ကျဲသွားသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now