Chapter 306

1.1K 115 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (21) CHAPTER (306) ယဲ့ဖန် ပြန်လာပြီ

ကျန်းရှီမြို့၏ လမ်းမထက်၌ လူသုံးယောက် ဖြည်းညှင်းစွာ လမ်းလျှောက်လို့နေသည်။ ထိပ်ပြောင်အားဆန်နှင့် ရို့စ်တို့သည် ယဲ့ဖန်ဘေး၌ ဖြည်းဖြည်းချင်း လိုက်ပါလာ၏။
သူတို့ ရှေ့သို့ တစ်လှမ်းလှမ်းလိုက်တိုင်း သူတို့၏ ကြမ်းကြုတ်သော ချီဓာတ်များက ပို၍ သန်မာလို့လာသည်။
လမ်းမ၏ တစ်ဘက်တစ်ချက်၌ ပုရွက်ဆိတ်အကောင် ခြောက်ထောင်ကျော်တို့ လိုက်ပါလာသဖြင့် လမ်းမတစ်လျှောက် အမည်းရောင် လွင်ပြင်တစ်ခု လှုပ်ရှားနေသကဲ့သို့ ဖြစ်ပေါ်နေသည်။
ယဲ့ဖန်၏ မျက်လုံးထဲ၌ ကြမ်းကြုတ်သော ချီဓာတ်များက ပို၍ တိုးပွားလာသည်။
ရို့စ်နှင့် ထိပ်ပြောင်အားဆန်တို့ထံမှ သတင်းများကို ကြားပြီးပြီ ဖြစ်ပြီး သူ မရှိတုန်း ဖြစ်သွားခဲ့သည့် အခြေအနေကိုလည်း နားလည်သွားခဲ့ရသည်။
ထို့ကြောင့် သူသည် ဒေါသမီးတို့ တဟုန်းဟုန်း တောက်လောင်လျက် ရှိလာသည်။ လွန်ခဲ့သည့် နှစ်ဝက်က ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းကို ရရှိခဲ့သည့် သိုင်းပညာရှင် သုံးယောက်တို့သည် ကျန်းရှီမြို့သို့ ရုတ်တရက် ရောက်ချလာခဲ့သည်။
ထို့နောက် ခွန်းလွင် ဓားသမားဂိုဏ်း ပေါ်ပေါက်လာပြီး ကာရိုး၏ ဘိုးဘေးလည်း ကျန်းရှီမြို့သို့ ရောက်ရှိလာခဲ့သည်။ ထိုထိပ်တန်း ဒဏ္ဍာရီလာအဆင့် ငါးယောက် ကျိုချင်းချန်ကို ထိခိုက်အောင် လုပ်ခဲ့ပြီး အိပ်မက်ဆိုးဘုရင်နှင့် အခြားယဲ့ဖန်၏ ထိပ်တန်း နောက်လိုက်များကို အနိုင်ယူခဲ့သည်။
ထို့နောက်တွင်မူ ဓားသမားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ ရီကျန့်ထျန်းက သူ့ကိုယ်သူ ဟွာရှတစ်နိုင်ငံလုံး၏ နံပါတ်တစ် သိုင်းပညာရှင်ဟု ခေါ်ဆိုလေသည်။
ထို့အပြင် ရီကျန့်ထျန်း၊ အလင်းတော် ဘုန်းတော်ကြီး၊ ကာရိုးလ်၏ ဘိုးဘေး၊ အနောက်ဘက် နတ်ဘုရားမနှင့် မှော်နက် နတ်ဘုရားမတို့သည် ဖေးချမ်၊ သွေးစွန်းတစ္ဆေနှင့် ဝံပုလွေရိုင်းတို့အပေါ် လောဘတက်၍ မျက်စိကျလာသည်။ ထို့ကြောင့် သူတို့သည် ရရှိထားသော ဒဏ်ရာများကြောင့် အပြည့်အဝ ပြန်ကောင်းမွန်ခြင်း မရှိသေးသော ဖေးချမ်တို့နောက်အား ဆက်၍ လိုက်လံ ဖမ်းဆီးခဲ့သည်။
တိုက်ပွဲများ တစ်ခုပြီးတစ်ခု ဖြစ်ပွားပြီး‌နောက် ရီကျန့်ထျန်း၏ ဂိုဏ်း၌ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်များ ပို၍ များလာခဲ့သည်။
တစ်ဘက်တွင်တော့ ဖေးချမ်၊ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့၏ ဒဏ်ရာများက ပို၍ ပြင်းထန်လာသည်။ အဆုံးတွင် ယဲ့ဖန်၏ နောက်လိုက်များ ပျောက်ကွယ်သွားခဲ့ကြသည်။ သူတို့ သေသလား၊ရှင်သလားဆိုတာကို မည်သူမျှ မသိကြတော့ပေ။
ရီကျန့်ထျန်းက ကျန်းရှီမြို့အား သူ၏ နောက်ဆုံး တပည့်ဖြစ်သူ ကောင်းရှန့်လက်ထဲ ထည့်ပေးခဲ့သည်.
သွေးစွန်းတိုက်ပွဲဝင် ခန္ဓာကိုယ်ပိုင်ရှင် ကောင်းရှန့်သည် ဓားသမားဂိုဏ်းမှ ဆေးလုံးများ၊ အင်မော်တယ် သစ်သီးများစွာကို မှီဝဲခဲ့သည်။
ထို့ပြင် ရီကျန့်ထျန်းက ရေခီစွမ်းအင်အား ကောင်းရှန့်၏ ကိုယ်ထဲသို့ တိုက်ရိုက်ထည့်ပေးခဲ့သည်။ ထို့ကြောင့် ကောင်းရှန့်သည် နှစ်ဝက်အတွင်း ဒဏ္ဍာရီလာ အဆင့်သို့ အဆင့်တက်သွားခဲ့လေသည်။
ကောင်းရှန့်က ကျန်းရှီမြို့၏ စောင့်ရှောက်သူ ဖြစ်လာသောအခါ ညအဖွဲ့အတွက် မှောင်မိုက်၍ သွေးစွန်းသော ခေတ်သို့ ရောက်ရှိလာပြီဟု ရည်ညွှန်းသလို ဖြစ်လာသည်။
ထို့‌နောက် ကောင်းရှန့်သည် ကျန်ရှိနေသော ညအဖွဲ့သားများအား တရကြမ်း နှိမ်နင်းလေတော့သည်။ များစွာသော ညအဖွဲ့သားများသည် သူတို့၏ သခင်ကြီး ပြန်အလာကို စောင့်မျှော်ရင်း သေဆုံးခဲ့ရသည်။
အသက်ရှင်နေသော ညအဖွဲ့သားများသည် လူ့အဖွဲ့အစည်းမှ နှင်ထုတ်ခံရသည်။ သူတို့အား ဆေးလုံးများ၊ အင်မော်တယ် သစ်သီးများ သို့မဟုတ် သူတို့၏ ကျင့်ကြံမှုကို အထောက်အကူ ဖြစ်စေသော မည်သည့် ဆေးဘက်ဝင် ပစ္စည်းများကိုမှ ဝယ်ယူခြင်း မပြုနိုင်ရင် တားမြစ်ထားသည်။
သူတို့သည် ကျွန်ပြုခံရပြီး နှိပ်စက်ညှင်းပန်းခြင်း ခံခဲ့ရသည်။ သူတို့ကို မြင့်မားသော အဆင့်သို့ တက်ရောက်ခြင်း မပြုနိုင်ရန် ပိတ်ပင်ထားသည်။ သူတို့၏ ကျင့်ကြံခြင်းများကို ပုံမှန် လုပ်ဆောင်နိုင်သည်နှင့် သူတို့သည် ကျင့်ကြံမှုအဆင့် ကျမသွားမခြင်း ရိုက်နှက်ခံရသည်။
ကောင်းရှန့်သည် ညအဖွဲ့သား အားလုံးအား စိတ်ဓာတ်ကျ၍ ဖြည်းဖြည်းချင်း ညှဉ်း၍ သေဆုံး စေချင်နေခဲ့သည်။
ရက်စက်သည်။ နိုင်လိုမင်းထက် ပြုမူလွန်းသည်။
လွန်ခဲ့သည့် နှစ်ဝက်သည် ညအဖွဲ့အတွက် သွေးစွန်းကာ မှောင်မိုက်၍ မျှော်လင့်ချက် ပျက်သုဉ်းခဲ့ရသော အချိန်များ ဖြစ်ခဲ့ကြသည်။
“ကောင်းရှန့် မင်း တကယ် သေသင့်နေပြီ”
ယဲ့ဖန်သည် မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။ သူ ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကတ္တရာ လမ်းမပေါ်၌ ကြောက်မက်ဖွယ်ကောင်းသော ခြေရာတစ်ခု ထင်ကျန်ရစ်ခဲ့သည်။
“ဟေ့ … မင်းတို့က ရို့စ်နဲ့ ထိပ်ပြောင် အားဆန် မလား … မင်းတို့ကို ဘယ်တုန်းက ဘားကနေ ထွက်ခွာခွင့် ပေးလို့လဲ”
ထိုစဉ် ဓားသမားဂိုဏ်း၏ အဖြူရောင် ဝတ်စုံနှင့် တပည့်အချို့က ရို့စ်နှင့် ထိပ်ပြောင်အားဆန်ကို မြင်ပြီး တရစပ် ရန်စလာသည်။
သို့သော် သူတို့ အနားသို့ ရောက်လာချိန်တွင် အနက်ရောင် အလင်းတန်းတစ်ချို့က လျှပ်စီးထက် မြန်သော နှုန်းဖြင့် သူတို့ကိုယ်ပေါ်သို့ လှစ်ခနဲ ပြေးဝင်လာသည်။
“အား…အား…အား”
ငယ်သံပါအောင် အော်ဟစ်နေသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဓားသမားဂိုဏ်း၏ တပည့်များအားလုံး ဒေါသထွက်နေကြသည်။
“ငါ့လက် … ဒါ ဘယ်လို ပုရွက်ဆိတ်တွေလဲကွာ … ဘယ်လိုလုပ် သူတို့က လူကို စားနိုင်နေတာလဲ”
“အား … နာတယ်ဟ … သောက်ပုရွက်ဆိတ်တွေ”
“…”
သူတို့အားလုံး ပျာယာခတ်စွာ ဟစ်အော်နေပြီး သူတို့၏ ရုန်းကန်မှုများက အချည်းနှီး ဖြစ်လို့လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားသမားဂိုဏ်း၏ တပည့်များအားလုံး မည်သည့် အရိုး၊အသားမျှ မကျန်ရစ်ခဲ့ဘဲ ဝါးမျိုခံလိုက်ရလေတော့သည်။
….
ဘေးမှ ကြည့်နေကြသည့် သူများ ထိတ်လန့်သွားကြသည်။
*သူတို့အားလုံး သေကုန်ပြီ*
*တစ်စုံတစ်ယောက်က ဓားသမားဂိုဏ်းရဲ့ တပည့်တွေကို သတ်ရဲနေတာလား*
ဘေးပတ်လည်မှ ကြည့်နေကြသည့် လူများကြား၌ ပွက်လောရိုက်သွားသည်။ ကောင်းရှန့်တစ်ယောက် ကျန်းရှီမြို့၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာပြီးနောက်ပိုင်း ဓားသမားဂိုဏ်းသားများ အသတ်ခံရခြင်းကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
လမ်းမထက် ဖုံးလွှမ်းနေသည့် ပုရွက်ဆိတ်များကို ကြည့်ပြီး ဖြတ်သွားဖြတ်လာများ အားလုံး ကြက်သီး တဖြန်းဖြန်း ထလာကြသည်။
“ဓားသမားဂိုဏ်းရဲ့ တပည့်တွေကို ဘယ်သူ သတ်ရဲတာလဲ”
ထိုစဉ် ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး ကျန်ရှိနေသော တပည့်များ၏ အာရုံစိုက်ခြင်းကို ခံလိုက်ရသည်။ ထို့နောက် များစွာသော သိုင်းပညာရှင်တို့သည် ယဲ့ဖန်ထံသို့ ပြေးဝင်လာကြသည်။
မမျှော်လင့်ထားဘဲ သူတို့အားလုံးသည် ကိုယ့်သေတွင်းကိုယ် တူးမိကြလေတော့သည်။ သူတို့ အနားသို့ ရောက်သွားပြီး မကြာခင်မှာပင် ဝိညာဉ်စား ပုရွက်ဆိတ်များ၏ တိုက်ခိုက်ခြင်းကို ခံရလေတော့သည်။
ချက်ချင်းဆိုသလိုပင် သူတို့သည် နာကျင်စွာဖြင့် ငယ်သံပါအောင် အော်ဟစ်ကြရတော့၏။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက် လမ်းမထက် လဲကျသွားကြသည်။
ကြောက်လန့်စရာ ကောင်းလှသည်။ ထိတ်လန့်ဖွယ်ကောင်းလှ၏။
လမ်းမထက်၌ ရဲရဲနီနေသော သွေးများ ပိုပို၍ ဖုံးလွှမ်းလာသည်။ ထိုသတင်းကို ကြားရပြီးနောက် ဓားသမားဂိုဏ်း၏ တပည့်များစွာ ရောက်ချလာသည်။ အကျိုးဆက်အနေဖြင့် လမ်းမထက်မှ သွေးအိုင်များသည် မြစ်တစ်စင်းအဖြစ်သို့ ကူးပြောင်းသွားသည်။
“ယဲ့ဖန် ၊ သူက ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်ဟောင်း ယဲ့ဖန်ပဲ”
ထိုအခိုက်တွင် ရို့စ်နှင့် ထိပ်ပြောင်အားဆန်တို့ကို ဦးဆောင်လာသော ယဲ့ဖန်အား တစ်စုံတစ်ယောက်က မှတ်မိသွားပြီး ထိတ်လန့်တကြား ထအော်လာသည်။
ထိုသို့မှတ်မိသွားပြီးနောက်တွင် ဘေးပတ်လည်မှ အခြားသူများကြား၌ ဆူညံစွာ ပွက်လောရိုက် သွားကြသည်။ မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပေ။
လမ်းဘေးမှ သူတောင်းစားတစ်ယောက်သည် ယဲ့ဖန်၏ နာမည်ကို ကြားလိုက်ရပြီးနောက် တစ်ကိုယ်လုံး တုန်ယင်လာကာ မျက်လုံးများ နီရဲလာသည်။ ထို့နောက် သူ သည်းထန်စွာ ငိုကြွေးမိသည်။
ထို့အပြင် သူသည် လူအုပ်ကြီးအား ရူးမတတ် တွန်းတိုက်၍ ရှေ့သို့ တိုးလာသည်။ သူ ရှေ့သို့ ရောက်လာသောအခါ မျက်ရည်လည်ရွဲ ဖြစ်နေသော မျက်နှာနှင့် ယဲ့ဖန်ကို ကြည့်ပြီး လေးဘက်ထောက် ဝပ်တွားကာ နှုတ်ဆက်လိုက်သည်။
“သခင်ကြီးကို ဂါဝရပြုပါတယ် ကျွန်တော်က ညအဖွဲ့ဝင် ချန်းတျဲချန်ပါ”
ဤသည်ကား အစပင် ရှိသေးသည်။ အိုမင်းနေသော အရောင်းစာရေးတစ်ယောက်က လမ်းမဘေး၌ ဒူးထောက်ကာ မျက်ရည်များဖြင့် နှုတ်ဆက်လာသည်။
“သခင်ကြီးကို ဂါဝရပြုပါတယ် ကျွန်တော်က ညအဖွဲ့ဝင် ရှောင်ချမ်ပါ”
“သခင်ကြီးကို ဂါဝရပြုပါတယ် ကျွန်တော်က ညအဖွဲ့ဝင် ကောရှုံးပါ”
....
လူများစွာ ထပ်၍ထပ်၍ ရောက်ရှိလာကာ လမ်းမဘေး၌ ဒူးထောက်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယဲ့ဖန်အနောက်ရှိ ညအဖွဲ့သား ဦးရေက နှစ်ယောက်မှ ဆယ်ယောက်၊ အယောက် သုံးဆယ်၊ ထို့နောက် အယောက်ငါးဆယ်။
ယဲ့ဖန် ပြန်လာပြီဟူသည့် သတင်းက ကျန်းရှီမြို့တစ်ခွင်၌ တောင်ပံပေါက်နေသည့်အလား ချက်ချင်း ပျံ့နှံ့သွားလေသည်။
ကျန်းရှီမြို့မှ ညအဖွဲ့သားများအားလုံး ယဲ့ဖန်ဘေးသို့ ပြန်ရောက်လာကြသည်။ တစ်ခဏလေး အတွင်းမှာပင် ယဲ့ဖန်နောက်သို့ နောက်လိုက် နှစ်ရာ၊ သုံးရာခန့် ပြန်ရောက်လာသည်။
သူတို့အားလုံး ကျန်းရှီမြို့၏ ချောင်ကြိုချောင်ကြားများ၌ ပုန်းကွယ်နေခဲ့ကြပြီး မြေကြွက်များကဲ့သို့ အဖြစ်ဆိုးလှသော ဘဝ၌ နေထိုင်ရင်း သူတို့သခင်ကြီးကို စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်သည်။
ယခုတော့ သူတို့သခင်ကြီး၌ နောက်ဆုံး၌ ဌာနေသို့ ပြန်လာခဲ့လေပြီ။ သူတို့အားလုံးသည် ခံ့ညားထည်ဝါသော အမူအရာများဖြင့် ရှေ့သို့ ချီတက်လာကြသောကြောင့် ဘေးပတ်လည်မှ အခြားသူများ အားလုံး အလွန် ချမ်းစိမ့်စိမ့်ဖြစ်ကာ သွေးပျက်မတတ် ခံစားလာရသည်။
ထိုစဉ် ဤသတင်းကို ရရှိပြီးသော ဓားသမားဂိုဏ်းမှ တပည့်များစွာတို့သည်လည်း ရောက်ချလာသည်။ သို့သော် သူတို့ ရောက်လာသည်နှင့် သေဆုံးသွားကြရသည်။
အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးက ယခုမှ စတင်မည် ဖြစ်သည်။

ထိုသို့ရှိနေခိုက်တွင် ကျန်းရှီမြို့လယ်၌ အလွန် ခမ်းနား ထည်ဝါသော အိမ်တော်တစ်ခု ရှိလေသည်။
ထိုအိမ်တော်ကား ကောင်းအိမ်တော်ပင်။ ကျန်းရှီမြို့၏ နံပါတ်တစ် သိုင်းပညာရှင် ကောင်းဟန့်သည် ထိုအိမ်တော်၌ နေထိုင်လျက် ရှိသည်။
ထိုအချိန်တွင် ကောင်းရှန့်သည် ပင်မခန်းမ အပြင်၌ ခြေချိတ်ထိုင်နေပြီး ကလူမြူဆွယ်တတ်သော မိန်းမလှလေးတစ်ယောက်ကို ထွေးပိုက်ကာ သူ့ရှေ့မှာ လူတစ်ချို့ကို မထီမဲ့မြင် မျက်နှာပေးနှင့် ကြည့်နေသည်။
လှောင်ရယ်လိုက်ပြီးနောက် သူသည် သူ့ရှေ့မှလူအား သံမဏိ ကျာပွတ်ဖြင့် ပြင်းထန်စွာ ရိုက်နှက် လိုက်သည်။
ဖြောင်း!
ထိုလူ၏ ကိုယ်ပေါ်၌ သွေးထွက်သံယို ဒဏ်ရာ ခပ်နက်နက် တစ်ခု ဖြစ်ပေါ်လာရသည်။ ထိုသူသည် တစ်ချက် တုန်ယင်သွားပြီးနောက် ကောင်းရှန့်အား ဒေါသတကြီး ကြည့်လိုက်သည်။
“အိုး … ကျုပ်ဦးလေးက ဒေါသထွက်နေတာလား”
ကောင်းရှန့်က နှုတ်ခမ်းကို တွန့်၍ ခက်ထန်သော အကြည့်များဖြင့် ဆက်ပြောလိုက်သည်။
“ဘာလဲ၊ ဝေ့ဖန်း ခင်ဗျားကြီး မှားခဲ့တယ်လို့ မထင်ဘူးလား။ ခင်ဗျား လူတွေကို ကျုပ်ရဲ့ ခြေလက်တွေကို ချိုးပစ်ခိုင်းပြီး ခင်ဗျားတူလေး လမ်းမပေါ်မှ သူတောင်းစားအဖြစ် စုတ်ပြတ်နေခဲ့တာကို ခင်ဗျား မေ့သွားပြီလား”
ကောင်းရှန့်ရှေ့၌ ရပ်နေသည့် သူများသည် ဝေ့ဖန်း၊ မာစတာလင်၊ ဒေါက်တာရှု၊ ယဲ့ဖန့်ချန်နှင့် ပိုင်ရှုံးတို့ ဖြစ်သည်။
သူ့ရှေ့မှ လူငါးယောက်လုံးသည် ခြေတစ်ချက် ဆောင့်လိုက်ရုံနှင့် ကျန်းရှီတစ်မြို့လုံးကို တုန်လှုပ်အောင် လုပ်နိုင်ခဲ့သည့် မြို့မျက်နှာဖုံးများ ဖြစ်ခဲ့ကြသည်။ ယခုအခါတွင်တော့ သူတို့သည် အကျဉ်းသား ဘဝသို့ ဆိုးရွားစွာ ရောက်ရှိလို့နေသည်။
“ထွီ”
ဝေ့ဖန်းက သူ့တူအား ပြူးကျယ်ပြီး ကြမ်းကြုတ်သော မျက်လုံးများဖြင့် နာကြည်း၊မုန်းတီးစွာ ကြည့်၍ ပြောလိုက်သည်။
“ခွေးမသားလေး မင်း ဒီလောက် မောက်မာပြီး မဖိနှိပ်ဘူးဆိုရင် ငါ မင်းကို ဒုက္ခိတဖြစ်အောင် လုပ်ခဲ့မှာ မဟုတ်ဘူး။ ဒါပေမယ့် မင်းက ယုတ်မာတဲ့ လူတွေကို မကောင်းတဲ့စိတ်နဲ့ ကူညီခဲ့တယ်။ ဒီလိုဖြစ်မယ်မှန်းသာ အရင်က သိခဲ့ရင် ဒီဖေဖေကြီးက မင်းကို သတ်ပစ်ခဲ့တယ်”
ဝေ့ဖန်းသည် ကောင်းရှန့်အား အလွန်တရာ မုန်းတီးလို့နေ၏။ ကောင်းရှန့်က ညအဖွဲ့မှ ညီအစ်ကိုများစွာကို သတ်ခဲ့သည်ကို သူ ကြည့်နေခဲ့ရသည်။
သူသည် မုန်းတီးစိတ်ကြောင့် ကောင်းရှန့်၏ အသားကိုစား၍ သူ့သွေးကိုတောင်မှ သောက်ချင်စိတ် ပေါက်နေသည်။
သူ့စကားကြောင့် ကောင်းရှန့် မျက်နှာက ပို၍ ဒေါသထွက်လာဟန် ပေါ်လာပြီး လက်ကို လှုပ်၍ ဝေ့ဖန်းအား ထပ်မံ၍ ပြင်းထန်စွာ ရိုက်နှက်လိုက်သည်။ ထို့ကြောင့် ဝေ့ဖန်း သွေးများနှင့် ဖုံးလွှမ်းလာသည်။
“ကောင်းတယ် … အရိုးမာတယ်ပေါ့လေ … ဟ …”
“ယဲ့ဖန်ရဲ့ တပည့်နှစ်ယောက်၊ သူ့အဖိုးနဲ့ သူ့ခွေးနှစ်ကောင်”
ကောင်းရှန့်က မကောင်းသော အကြံအစည်ဖြင့် ဆက်ပြောလိုက်သည်။
“ခင်ဗျားတို့ရဲ့ အရိုးက သိပ်မာနေမှ‌တော့ ဒီနေ့တော့ ကျုပ်ကလည်း ခင်ဗျားတို့ အရိုးတွေကို ချိုးပစ်ရတာပေါ့”
ထိုသို့ပြောပြီး ကောင်းရှန့်က လက်ကို ဝှေ့ယမ်းလိုက်သည်။ ထိုစဉ် ဓားသမားဂိုဏ်း၏ တပည့်တစ်ဖွဲ့ သည် ဓားစာခံ ငါးယောက်ရှေ့သို့ သုတ်ချေတင် ပြေးလာကြသည်။
ထို့နောက် တပည့်တစ်ယောက်က ကောင်းရှန့်ရှေ့သို့ ဒယီးဒယိုင်နှင့် လျှောက်လာပြီး ပျာယာခတ်နေသော မျက်နှာနှင့် သတင်းပို့လေသည်။
“သခင်လေး ၊ ယဲ့ဖန် …. ပြန်လာပြီတဲ့”
#ZAWGYI
စာစဥ္ (20) CHAPTER (306) ယဲ့ဖန္ ျပန္လာၿပီ
က်န္းရွီၿမိဳ႕၏ လမ္းမထက္၌ လူသုံးေယာက္ ျဖည္းညႇင္းစြာ လမ္းေလွ်ာက္လို႔ေနသည္။ ထိပ္ေျပာင္အားဆန္ႏွင့္ ႐ို႕စ္တို႔သည္ ယဲ့ဖန္ေဘး၌ ျဖည္းျဖည္းခ်င္း လိုက္ပါလာ၏။
သူတို႔ ေရွ႕သို႔ တစ္လွမ္းလွမ္းလိုက္တိုင္း သူတို႔၏ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ားက ပို၍ သန္မာလို႔လာသည္။
လမ္းမ၏ တစ္ဘက္တစ္ခ်က္၌ ပု႐ြက္ဆိတ္အေကာင္ ေျခာက္ေထာင္ေက်ာ္တို႔ လိုက္ပါလာသျဖင့္ လမ္းမတစ္ေလွ်ာက္ အမည္းေရာင္ လြင္ျပင္တစ္ခု လႈပ္ရွားေနသကဲ့သို႔ ျဖစ္ေပၚေနသည္။
ယဲ့ဖန္၏ မ်က္လုံးထဲ၌ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ားက ပို၍ တိုးပြားလာသည္။
႐ို႕စ္ႏွင့္ ထိပ္ေျပာင္အားဆန္တို႔ထံမွ သတင္းမ်ားကို ၾကားၿပီးၿပီ ျဖစ္ၿပီး သူ မရွိတုန္း ျဖစ္သြားခဲ့သည့္ အေျခအေနကိုလည္း နားလည္သြားခဲ့ရသည္။
ထို႔ေၾကာင့္ သူသည္ ေဒါသမီးတို႔ တဟုန္းဟုန္း ေတာက္ေလာင္လ်က္ ရွိလာသည္။ လြန္ခဲ့သည့္ ႏွစ္ဝက္က ေရွးေဟာင္း လွ်ိဳ႕ဝွက္သိုင္းက်မ္းကို ရရွိခဲ့သည့္ သိုင္းပညာရွင္ သုံးေယာက္တို႔သည္ က်န္းရွီၿမိဳ႕သို႔ ႐ုတ္တရက္ ေရာက္ခ်လာခဲ့သည္။
ထို႔ေနာက္ ခြန္းလြင္ ဓားသမားဂိုဏ္း ေပၚေပါက္လာၿပီး ကာ႐ိုး၏ ဘိုးေဘးလည္း က်န္းရွီၿမိဳ႕သို႔ ေရာက္ရွိလာခဲ့သည္။ ထိုထိပ္တန္း ဒ႑ာရီလာအဆင့္ ငါးေယာက္ က်ိဳခ်င္းခ်န္ကို ထိခိုက္ေအာင္ လုပ္ခဲ့ၿပီး အိပ္မက္ဆိုးဘုရင္ႏွင့္ အျခားယဲ့ဖန္၏ ထိပ္တန္း ေနာက္လိုက္မ်ားကို အႏိုင္ယူခဲ့သည္။
ထို႔ေနာက္တြင္မူ ဓားသမားဂိုဏ္း၏ ဂိုဏ္းခ်ဳပ္ျဖစ္သူ ရီက်န႔္ထ်န္းက သူ႔ကိုယ္သူ ဟြာရွတစ္ႏိုင္ငံလုံး၏ နံပါတ္တစ္ သိုင္းပညာရွင္ဟု ေခၚဆိုေလသည္။
ထို႔အျပင္ ရီက်န႔္ထ်န္း၊ အလင္းေတာ္ ဘုန္းေတာ္ႀကီး၊ ကာ႐ိုးလ္၏ ဘိုးေဘး၊ အေနာက္ဘက္ နတ္ဘုရားမႏွင့္ ေမွာ္နက္ နတ္ဘုရားမတို႔သည္ ေဖးခ်မ္၊ ေသြးစြန္းတေစၦႏွင့္ ဝံပုေလြ႐ိုင္းတို႔အေပၚ ေလာဘတက္၍ မ်က္စိက်လာသည္။ ထို႔ေၾကာင့္ သူတို႔သည္ ရရွိထားေသာ ဒဏ္ရာမ်ားေၾကာင့္ အျပည့္အဝ ျပန္ေကာင္းမြန္ျခင္း မရွိေသးေသာ ေဖးခ်မ္တို႔ေနာက္အား ဆက္၍ လိုက္လံ ဖမ္းဆီးခဲ့သည္။
တိုက္ပြဲမ်ား တစ္ခုၿပီးတစ္ခု ျဖစ္ပြားၿပီး‌ေနာက္ ရီက်န႔္ထ်န္း၏ ဂိုဏ္း၌ ဒ႑ာရီလာအဆင့္ သိုင္းပညာရွင္မ်ား ပို၍ မ်ားလာခဲ့သည္။
တစ္ဘက္တြင္ေတာ့ ေဖးခ်မ္၊ ဝံပုေလြ႐ိုင္းႏွင့္ ေသြးစြန္းတေစၦတို႔၏ ဒဏ္ရာမ်ားက ပို၍ ျပင္းထန္လာသည္။ အဆုံးတြင္ ယဲ့ဖန္၏ ေနာက္လိုက္မ်ား ေပ်ာက္ကြယ္သြားခဲ့ၾကသည္။ သူတို႔ ေသသလား၊ရွင္သလားဆိုတာကို မည္သူမွ် မသိၾကေတာ့ေပ။
ရီက်န႔္ထ်န္းက က်န္းရွီၿမိဳ႕အား သူ၏ ေနာက္ဆုံး တပည့္ျဖစ္သူ ေကာင္းရွန႔္လက္ထဲ ထည့္ေပးခဲ့သည္.
ေသြးစြန္းတိုက္ပြဲဝင္ ခႏၶာကိုယ္ပိုင္ရွင္ ေကာင္းရွန႔္သည္ ဓားသမားဂိုဏ္းမွ ေဆးလုံးမ်ား၊ အင္ေမာ္တယ္ သစ္သီးမ်ားစြာကို မွီဝဲခဲ့သည္။
ထို႔ျပင္ ရီက်န႔္ထ်န္းက ေရခီစြမ္းအင္အား ေကာင္းရွန႔္၏ ကိုယ္ထဲသို႔ တိုက္႐ိုက္ထည့္ေပးခဲ့သည္။ ထို႔ေၾကာင့္ ေကာင္းရွန႔္သည္ ႏွစ္ဝက္အတြင္း ဒ႑ာရီလာ အဆင့္သို႔ အဆင့္တက္သြားခဲ့ေလသည္။
ေကာင္းရွန႔္က က်န္းရွီၿမိဳ႕၏ ေစာင့္ေရွာက္သူ ျဖစ္လာေသာအခါ ညအဖြဲ႕အတြက္ ေမွာင္မိုက္၍ ေသြးစြန္းေသာ ေခတ္သို႔ ေရာက္ရွိလာၿပီဟု ရည္ၫႊန္းသလို ျဖစ္လာသည္။
ထို႔‌ေနာက္ ေကာင္းရွန႔္သည္ က်န္ရွိေနေသာ ညအဖြဲ႕သားမ်ားအား တရၾကမ္း ႏွိမ္နင္းေလေတာ့သည္။ မ်ားစြာေသာ ညအဖြဲ႕သားမ်ားသည္ သူတို႔၏ သခင္ႀကီး ျပန္အလာကို ေစာင့္ေမွ်ာ္ရင္း ေသဆုံးခဲ့ရသည္။
အသက္ရွင္ေနေသာ ညအဖြဲ႕သားမ်ားသည္ လူ႔အဖြဲ႕အစည္းမွ ႏွင္ထုတ္ခံရသည္။ သူတို႔အား ေဆးလုံးမ်ား၊ အင္ေမာ္တယ္ သစ္သီးမ်ား သို႔မဟုတ္ သူတို႔၏ က်င့္ႀကံမႈကို အေထာက္အကူ ျဖစ္ေစေသာ မည္သည့္ ေဆးဘက္ဝင္ ပစၥည္းမ်ားကိုမွ ဝယ္ယူျခင္း မျပဳႏိုင္ရင္ တားျမစ္ထားသည္။
သူတို႔သည္ ကြၽန္ျပဳခံရၿပီး ႏွိပ္စက္ညႇင္းပန္းျခင္း ခံခဲ့ရသည္။ သူတို႔ကို ျမင့္မားေသာ အဆင့္သို႔ တက္ေရာက္ျခင္း မျပဳႏိုင္ရန္ ပိတ္ပင္ထားသည္။ သူတို႔၏ က်င့္ႀကံျခင္းမ်ားကို ပုံမွန္ လုပ္ေဆာင္ႏိုင္သည္ႏွင့္ သူတို႔သည္ က်င့္ႀကံမႈအဆင့္ က်မသြားမျခင္း ႐ိုက္ႏွက္ခံရသည္။
ေကာင္းရွန႔္သည္ ညအဖြဲ႕သား အားလုံးအား စိတ္ဓာတ္က်၍ ျဖည္းျဖည္းခ်င္း ညႇဥ္း၍ ေသဆုံး ေစခ်င္ေနခဲ့သည္။
ရက္စက္သည္။ ႏိုင္လိုမင္းထက္ ျပဳမူလြန္းသည္။
လြန္ခဲ့သည့္ ႏွစ္ဝက္သည္ ညအဖြဲ႕အတြက္ ေသြးစြန္းကာ ေမွာင္မိုက္၍ ေမွ်ာ္လင့္ခ်က္ ပ်က္သုဥ္းခဲ့ရေသာ အခ်ိန္မ်ား ျဖစ္ခဲ့ၾကသည္။
“ေကာင္းရွန႔္ မင္း တကယ္ ေသသင့္ေနၿပီ”
ယဲ့ဖန္သည္ မီးဝင္းဝင္းေတာက္ေနေသာ မ်က္လုံးမ်ားျဖင့္ ေရ႐ြတ္လိုက္သည္။ သူ ေျခတစ္လွမ္း လွမ္းလိုက္တိုင္း ကတၱရာ လမ္းမေပၚ၌ ေၾကာက္မက္ဖြယ္ေကာင္းေသာ ေျခရာတစ္ခု ထင္က်န္ရစ္ခဲ့သည္။
“ေဟ့ … မင္းတို႔က ႐ို႕စ္နဲ႔ ထိပ္ေျပာင္ အားဆန္ မလား … မင္းတို႔ကို ဘယ္တုန္းက ဘားကေန ထြက္ခြာခြင့္ ေပးလို႔လဲ”
ထိုစဥ္ ဓားသမားဂိုဏ္း၏ အျဖဴေရာင္ ဝတ္စုံႏွင့္ တပည့္အခ်ိဳ႕က ႐ို႕စ္ႏွင့္ ထိပ္ေျပာင္အားဆန္ကို ျမင္ၿပီး တရစပ္ ရန္စလာသည္။
သို႔ေသာ္ သူတို႔ အနားသို႔ ေရာက္လာခ်ိန္တြင္ အနက္ေရာင္ အလင္းတန္းတစ္ခ်ိဳ႕က လွ်ပ္စီးထက္ ျမန္ေသာ ႏႈန္းျဖင့္ သူတို႔ကိုယ္ေပၚသို႔ လွစ္ခနဲ ေျပးဝင္လာသည္။
“အား…အား…အား”
ငယ္သံပါေအာင္ ေအာ္ဟစ္ေနသံမ်ား ဆက္တိုက္ ထြက္ေပၚလာသည္။ ဓားသမားဂိုဏ္း၏ တပည့္မ်ားအားလုံး ေဒါသထြက္ေနၾကသည္။
“ငါ့လက္ … ဒါ ဘယ္လို ပု႐ြက္ဆိတ္ေတြလဲကြာ … ဘယ္လိုလုပ္ သူတို႔က လူကို စားႏိုင္ေနတာလဲ”
“အား … နာတယ္ဟ … ေသာက္ပု႐ြက္ဆိတ္ေတြ”
“…”
သူတို႔အားလုံး ပ်ာယာခတ္စြာ ဟစ္ေအာ္ေနၿပီး သူတို႔၏ ႐ုန္းကန္မႈမ်ားက အခ်ည္းႏွီး ျဖစ္လို႔လာသည္။ မ်က္စိတစ္မွိတ္အတြင္းမွာပင္ ဓားသမားဂိုဏ္း၏ တပည့္မ်ားအားလုံး မည္သည့္ အ႐ိုး၊အသားမွ် မက်န္ရစ္ခဲ့ဘဲ ဝါးမ်ိဳခံလိုက္ရေလေတာ့သည္။
….
ေဘးမွ ၾကည့္ေနၾကသည့္ သူမ်ား ထိတ္လန႔္သြားၾကသည္။
*သူတို႔အားလုံး ေသကုန္ၿပီ*
*တစ္စုံတစ္ေယာက္က ဓားသမားဂိုဏ္းရဲ႕ တပည့္ေတြကို သတ္ရဲေနတာလား*
ေဘးပတ္လည္မွ ၾကည့္ေနၾကသည့္ လူမ်ားၾကား၌ ပြက္ေလာ႐ိုက္သြားသည္။ ေကာင္းရွန႔္တစ္ေယာက္ က်န္းရွီၿမိဳ႕၏ နံပါတ္တစ္ သိုင္းပညာရွင္ ျဖစ္လာၿပီးေနာက္ပိုင္း ဓားသမားဂိုဏ္းသားမ်ား အသတ္ခံရျခင္းကို သူတို႔ ယခုမွ ပထမဆုံးအႀကိမ္ ျမင္ဖူးျခင္း ျဖစ္သည္။
လမ္းမထက္ ဖုံးလႊမ္းေနသည့္ ပု႐ြက္ဆိတ္မ်ားကို ၾကည့္ၿပီး ျဖတ္သြားျဖတ္လာမ်ား အားလုံး ၾကက္သီး တျဖန္းျဖန္း ထလာၾကသည္။
“ဓားသမားဂိုဏ္းရဲ႕ တပည့္ေတြကို ဘယ္သူ သတ္ရဲတာလဲ”
ထိုစဥ္ က်ယ္ေလာင္ေသာ အသံတစ္သံ ထြက္ေပၚလာၿပီး က်န္ရွိေနေသာ တပည့္မ်ား၏ အာ႐ုံစိုက္ျခင္းကို ခံလိုက္ရသည္။ ထို႔ေနာက္ မ်ားစြာေသာ သိုင္းပညာရွင္တို႔သည္ ယဲ့ဖန္ထံသို႔ ေျပးဝင္လာၾကသည္။
မေမွ်ာ္လင့္ထားဘဲ သူတို႔အားလုံးသည္ ကိုယ့္ေသတြင္းကိုယ္ တူးမိၾကေလေတာ့သည္။ သူတို႔ အနားသို႔ ေရာက္သြားၿပီး မၾကာခင္မွာပင္ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ား၏ တိုက္ခိုက္ျခင္းကို ခံရေလေတာ့သည္။
ခ်က္ခ်င္းဆိုသလိုပင္ သူတို႔သည္ နာက်င္စြာျဖင့္ ငယ္သံပါေအာင္ ေအာ္ဟစ္ၾကရေတာ့၏။ ထို႔ေနာက္ တစ္ေယာက္ၿပီးတစ္ေယာက္ လမ္းမထက္ လဲက်သြားၾကသည္။
ေၾကာက္လန႔္စရာ ေကာင္းလွသည္။ ထိတ္လန႔္ဖြယ္ေကာင္းလွ၏။
လမ္းမထက္၌ ရဲရဲနီေနေသာ ေသြးမ်ား ပိုပို၍ ဖုံးလႊမ္းလာသည္။ ထိုသတင္းကို ၾကားရၿပီးေနာက္ ဓားသမားဂိုဏ္း၏ တပည့္မ်ားစြာ ေရာက္ခ်လာသည္။ အက်ိဳးဆက္အေနျဖင့္ လမ္းမထက္မွ ေသြးအိုင္မ်ားသည္ ျမစ္တစ္စင္းအျဖစ္သို႔ ကူးေျပာင္းသြားသည္။
“ယဲ့ဖန္ ၊ သူက ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္ေဟာင္း ယဲ့ဖန္ပဲ”
ထိုအခိုက္တြင္ ႐ို႕စ္ႏွင့္ ထိပ္ေျပာင္အားဆန္တို႔ကို ဦးေဆာင္လာေသာ ယဲ့ဖန္အား တစ္စုံတစ္ေယာက္က မွတ္မိသြားၿပီး ထိတ္လန႔္တၾကား ထေအာ္လာသည္။
ထိုသို႔မွတ္မိသြားၿပီးေနာက္တြင္ ေဘးပတ္လည္မွ အျခားသူမ်ားၾကား၌ ဆူညံစြာ ပြက္ေလာ႐ိုက္ သြားၾကသည္။ မည္သူမွ် ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ၾကေပ။
လမ္းေဘးမွ သူေတာင္းစားတစ္ေယာက္သည္ ယဲ့ဖန္၏ နာမည္ကို ၾကားလိုက္ရၿပီးေနာက္ တစ္ကိုယ္လုံး တုန္ယင္လာကာ မ်က္လုံးမ်ား နီရဲလာသည္။ ထို႔ေနာက္ သူ သည္းထန္စြာ ငိုေႂကြးမိသည္။
ထို႔အျပင္ သူသည္ လူအုပ္ႀကီးအား ႐ူးမတတ္ တြန္းတိုက္၍ ေရွ႕သို႔ တိုးလာသည္။ သူ ေရွ႕သို႔ ေရာက္လာေသာအခါ မ်က္ရည္လည္႐ြဲ ျဖစ္ေနေသာ မ်က္ႏွာႏွင့္ ယဲ့ဖန္ကို ၾကည့္ၿပီး ေလးဘက္ေထာက္ ဝပ္တြားကာ ႏႈတ္ဆက္လိုက္သည္။
“သခင္ႀကီးကို ဂါဝရျပဳပါတယ္ ကြၽန္ေတာ္က ညအဖြဲ႕ဝင္ ခ်န္းတ်ဲခ်န္ပါ”
ဤသည္ကား အစပင္ ရွိေသးသည္။ အိုမင္းေနေသာ အေရာင္းစာေရးတစ္ေယာက္က လမ္းမေဘး၌ ဒူးေထာက္ကာ မ်က္ရည္မ်ားျဖင့္ ႏႈတ္ဆက္လာသည္။
“သခင္ႀကီးကို ဂါဝရျပဳပါတယ္ ကြၽန္ေတာ္က ညအဖြဲ႕ဝင္ ေရွာင္ခ်မ္ပါ”
“သခင္ႀကီးကို ဂါဝရျပဳပါတယ္ ကြၽန္ေတာ္က ညအဖြဲ႕ဝင္ ေကာရႈံးပါ”
....
လူမ်ားစြာ ထပ္၍ထပ္၍ ေရာက္ရွိလာကာ လမ္းမေဘး၌ ဒူးေထာက္လာၾကသည္။ မ်က္စိတစ္မွိတ္အတြင္းမွာပင္ ယဲ့ဖန္အေနာက္ရွိ ညအဖြဲ႕သား ဦးေရက ႏွစ္ေယာက္မွ ဆယ္ေယာက္၊ အေယာက္ သုံးဆယ္၊ ထို႔ေနာက္ အေယာက္ငါးဆယ္။
ယဲ့ဖန္ ျပန္လာၿပီဟူသည့္ သတင္းက က်န္းရွီၿမိဳ႕တစ္ခြင္၌ ေတာင္ပံေပါက္ေနသည့္အလား ခ်က္ခ်င္း ပ်ံ႕ႏွံ႔သြားေလသည္။
က်န္းရွီၿမိဳ႕မွ ညအဖြဲ႕သားမ်ားအားလုံး ယဲ့ဖန္ေဘးသို႔ ျပန္ေရာက္လာၾကသည္။ တစ္ခဏေလး အတြင္းမွာပင္ ယဲ့ဖန္ေနာက္သို႔ ေနာက္လိုက္ ႏွစ္ရာ၊ သုံးရာခန႔္ ျပန္ေရာက္လာသည္။
သူတို႔အားလုံး က်န္းရွီၿမိဳ႕၏ ေခ်ာင္ႀကိဳေခ်ာင္ၾကားမ်ား၌ ပုန္းကြယ္ေနခဲ့ၾကၿပီး ေျမႂကြက္မ်ားကဲ့သို႔ အျဖစ္ဆိုးလွေသာ ဘဝ၌ ေနထိုင္ရင္း သူတို႔သခင္ႀကီးကို ေစာင့္ေမွ်ာ္ေနခဲ့ၾကျခင္း ျဖစ္သည္။
ယခုေတာ့ သူတို႔သခင္ႀကီး၌ ေနာက္ဆုံး၌ ဌာေနသို႔ ျပန္လာခဲ့ေလၿပီ။ သူတို႔အားလုံးသည္ ခံ့ညားထည္ဝါေသာ အမူအရာမ်ားျဖင့္ ေရွ႕သို႔ ခ်ီတက္လာၾကေသာေၾကာင့္ ေဘးပတ္လည္မွ အျခားသူမ်ား အားလုံး အလြန္ ခ်မ္းစိမ့္စိမ့္ျဖစ္ကာ ေသြးပ်က္မတတ္ ခံစားလာရသည္။
ထိုစဥ္ ဤသတင္းကို ရရွိၿပီးေသာ ဓားသမားဂိုဏ္းမွ တပည့္မ်ားစြာတို႔သည္လည္း ေရာက္ခ်လာသည္။ သို႔ေသာ္ သူတို႔ ေရာက္လာသည္ႏွင့္ ေသဆုံးသြားၾကရသည္။
အစုလိုက္ အၿပဳံလိုက္ သတ္ျဖတ္မႈႀကီးက ယခုမွ စတင္မည္ ျဖစ္သည္။

ထိုသို႔ရွိေနခိုက္တြင္ က်န္းရွီၿမိဳ႕လယ္၌ အလြန္ ခမ္းနား ထည္ဝါေသာ အိမ္ေတာ္တစ္ခု ရွိေလသည္။
ထိုအိမ္ေတာ္ကား ေကာင္းအိမ္ေတာ္ပင္။ က်န္းရွီၿမိဳ႕၏ နံပါတ္တစ္ သိုင္းပညာရွင္ ေကာင္းဟန႔္သည္ ထိုအိမ္ေတာ္၌ ေနထိုင္လ်က္ ရွိသည္။
ထိုအခ်ိန္တြင္ ေကာင္းရွန႔္သည္ ပင္မခန္းမ အျပင္၌ ေျခခ်ိတ္ထိုင္ေနၿပီး ကလူျမဴဆြယ္တတ္ေသာ မိန္းမလွေလးတစ္ေယာက္ကို ေထြးပိုက္ကာ သူ႔ေရွ႕မွာ လူတစ္ခ်ိဳ႕ကို မထီမဲ့ျမင္ မ်က္ႏွာေပးႏွင့္ ၾကည့္ေနသည္။
ေလွာင္ရယ္လိုက္ၿပီးေနာက္ သူသည္ သူ႔ေရွ႕မွလူအား သံမဏိ က်ာပြတ္ျဖင့္ ျပင္းထန္စြာ ႐ိုက္ႏွက္ လိုက္သည္။
ေျဖာင္း!
ထိုလူ၏ ကိုယ္ေပၚ၌ ေသြးထြက္သံယို ဒဏ္ရာ ခပ္နက္နက္ တစ္ခု ျဖစ္ေပၚလာရသည္။ ထိုသူသည္ တစ္ခ်က္ တုန္ယင္သြားၿပီးေနာက္ ေကာင္းရွန႔္အား ေဒါသတႀကီး ၾကည့္လိုက္သည္။
“အိုး … က်ဳပ္ဦးေလးက ေဒါသထြက္ေနတာလား”
ေကာင္းရွန႔္က ႏႈတ္ခမ္းကို တြန႔္၍ ခက္ထန္ေသာ အၾကည့္မ်ားျဖင့္ ဆက္ေျပာလိုက္သည္။
“ဘာလဲ၊ ေဝ့ဖန္း ခင္ဗ်ားႀကီး မွားခဲ့တယ္လို႔ မထင္ဘူးလား။ ခင္ဗ်ား လူေတြကို က်ဳပ္ရဲ႕ ေျခလက္ေတြကို ခ်ိဳးပစ္ခိုင္းၿပီး ခင္ဗ်ားတူေလး လမ္းမေပၚမွ သူေတာင္းစားအျဖစ္ စုတ္ျပတ္ေနခဲ့တာကို ခင္ဗ်ား ေမ့သြားၿပီလား”
ေကာင္းရွန႔္ေရွ႕၌ ရပ္ေနသည့္ သူမ်ားသည္ ေဝ့ဖန္း၊ မာစတာလင္၊ ေဒါက္တာရႈ၊ ယဲ့ဖန႔္ခ်န္ႏွင့္ ပိုင္ရႈံးတို႔ ျဖစ္သည္။
သူ႔ေရွ႕မွ လူငါးေယာက္လုံးသည္ ေျခတစ္ခ်က္ ေဆာင့္လိုက္႐ုံႏွင့္ က်န္းရွီတစ္ၿမိဳ႕လုံးကို တုန္လႈပ္ေအာင္ လုပ္ႏိုင္ခဲ့သည့္ ၿမိဳ႕မ်က္ႏွာဖုံးမ်ား ျဖစ္ခဲ့ၾကသည္။ ယခုအခါတြင္ေတာ့ သူတို႔သည္ အက်ဥ္းသား ဘဝသို႔ ဆိုး႐ြားစြာ ေရာက္ရွိလို႔ေနသည္။
“ထြီ”
ေဝ့ဖန္းက သူ႔တူအား ျပဴးက်ယ္ၿပီး ၾကမ္းၾကဳတ္ေသာ မ်က္လုံးမ်ားျဖင့္ နာၾကည္း၊မုန္းတီးစြာ ၾကည့္၍ ေျပာလိုက္သည္။
“ေခြးမသားေလး မင္း ဒီေလာက္ ေမာက္မာၿပီး မဖိႏွိပ္ဘူးဆိုရင္ ငါ မင္းကို ဒုကၡိတျဖစ္ေအာင္ လုပ္ခဲ့မွာ မဟုတ္ဘူး။ ဒါေပမယ့္ မင္းက ယုတ္မာတဲ့ လူေတြကို မေကာင္းတဲ့စိတ္နဲ႔ ကူညီခဲ့တယ္။ ဒီလိုျဖစ္မယ္မွန္းသာ အရင္က သိခဲ့ရင္ ဒီေဖေဖႀကီးက မင္းကို သတ္ပစ္ခဲ့တယ္”
ေဝ့ဖန္းသည္ ေကာင္းရွန႔္အား အလြန္တရာ မုန္းတီးလို႔ေန၏။ ေကာင္းရွန႔္က ညအဖြဲ႕မွ ညီအစ္ကိုမ်ားစြာကို သတ္ခဲ့သည္ကို သူ ၾကည့္ေနခဲ့ရသည္။
သူသည္ မုန္းတီးစိတ္ေၾကာင့္ ေကာင္းရွန႔္၏ အသားကိုစား၍ သူ႔ေသြးကိုေတာင္မွ ေသာက္ခ်င္စိတ္ ေပါက္ေနသည္။
သူ႔စကားေၾကာင့္ ေကာင္းရွန႔္ မ်က္ႏွာက ပို၍ ေဒါသထြက္လာဟန္ ေပၚလာၿပီး လက္ကို လႈပ္၍ ေဝ့ဖန္းအား ထပ္မံ၍ ျပင္းထန္စြာ ႐ိုက္ႏွက္လိုက္သည္။ ထို႔ေၾကာင့္ ေဝ့ဖန္း ေသြးမ်ားႏွင့္ ဖုံးလႊမ္းလာသည္။
“ေကာင္းတယ္ … အ႐ိုးမာတယ္ေပါ့ေလ … ဟ …”
“ယဲ့ဖန္ရဲ႕ တပည့္ႏွစ္ေယာက္၊ သူ႔အဖိုးနဲ႔ သူ႔ေခြးႏွစ္ေကာင္”
ေကာင္းရွန႔္က မေကာင္းေသာ အႀကံအစည္ျဖင့္ ဆက္ေျပာလိုက္သည္။
“ခင္ဗ်ားတို႔ရဲ႕ အ႐ိုးက သိပ္မာေနမွ‌ေတာ့ ဒီေန႔ေတာ့ က်ဳပ္ကလည္း ခင္ဗ်ားတို႔ အ႐ိုးေတြကို ခ်ိဳးပစ္ရတာေပါ့”
ထိုသို႔ေျပာၿပီး ေကာင္းရွန႔္က လက္ကို ေဝွ႔ယမ္းလိုက္သည္။ ထိုစဥ္ ဓားသမားဂိုဏ္း၏ တပည့္တစ္ဖြဲ႕ သည္ ဓားစာခံ ငါးေယာက္ေရွ႕သို႔ သုတ္ေခ်တင္ ေျပးလာၾကသည္။
ထို႔ေနာက္ တပည့္တစ္ေယာက္က ေကာင္းရွန႔္ေရွ႕သို႔ ဒယီးဒယိုင္ႏွင့္ ေလွ်ာက္လာၿပီး ပ်ာယာခတ္ေနေသာ မ်က္ႏွာႏွင့္ သတင္းပို႔ေလသည္။
“သခင္ေလး ၊ ယဲ့ဖန္ …. ျပန္လာၿပီတဲ့”

ငရဲမှလာသောသူ [ Chapter 201 to 400]Tempat cerita menjadi hidup. Temukan sekarang