Chapter 322

1K 115 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (22) CHAPTER (322) ဓားသမားဂိုဏ်း၏ နတ်ဘုရား

ဧရာမ ပုရွက်ဆိတ်ဓား။
များစွာသော ပုရွက်ဆိတ်များက တစ်ကောင်နှင့်တစ်ကောင် ချိတ်ဆက်ကာ ယဲ့ဖန်လက်ထဲမှ ‘ကောင်းကင်ဘုံ’ ဟု ထွင်းထားသော ဓားလက်ကိုင်နှင့် ဆက်စပ်လိုက်သည်ကို ကြည့်ရှုသူများ မြင်လိုက်ရပြီးနောက် အားလုံး မှင်တက်သွားကြသည်။
ထို့နောက် ပုရွက်ဆိတ်များ၏ ထက်လှသော လက်သည်းများက အတူတကွ စုစည်းလာပြီး အလွန် ထက်သော ဓားသွားဖြစ်လာသည်ကို သူတို့ မြင်လိုက်ကြရသည်။
အံ့ဩစရာကောင်းလှပါဘိ။
“ဟားဟား ... ယဲ့ဖန်၊ မင်းက ငါ့ ကောင်းကင်ခွင်း အင်မော်တယ်ဓားကို ပုရွက်ဆိတ်အုံလေးနဲ့ တိုက်ချင်နေတာလား”
ရီကျန့်ထျန်းသည် ယဲ့ဖန်အား အရူးတစ်ယောက်အား ကြည့်သကဲ့သို့ ကြည့်နေသည်။
*သူတို့တွေက ပုရွက်ဆိတ်လေးတွေလေ*
*သူတို့က ဘယ်လောက်ပဲ သန်မာနေပါစေ သူတို့မှာ သေမျိုးခန္ဓာကိုယ်ပဲ ရှိတာလေ*
*သူတို့က ဘယ်လိုလုပ် ကောင်းကင်ခွင်း အင်မော်တယ်ဓားကို ယှဉ်နိုင်မှာလဲ*
ဖန်သားရှေ့၌ ရပ်ကြည့်နေကြသော ဟွာရှ သိုင်းပညာရှင်တိုင်း စိတ်ဓာတ်ကျလာကြသည်။ ပုရွက်ဆိတ်များက ကောင်းကင်ခွင်း အင်မော်တယ်ဓား၏ ဓားချက်များကို တောင့်ခံနိုင်လိမ့်မည်ဟု သူတို့ လက်မခံနိုင်သေးပါ။
ထို့အခါ ယဲ့ဖန်က အထင်သေးသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သူတို့က မင်းရဲ့ ကောင်းကင်ခွင်း အင်မော်တယ်ဓားနဲ့ တိုက်မှာမဟုတ်ဘူး၊ သူတို့က မင်းကို သတ်မှာ”
တင်စီးလှသည်။ နိုင်လိုမင်းထက် ပြုမူလွန်းလှ၏။
ယဲ့ဖန်၏ စကားကိုကြားပြီးနောက် ရီကျန့်ထျန်း၏ မျက်လုံးမှနေ၍ သန်မာ ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်လွှတ်လာသည်။ သူသည် ကမ္ဘာပေါ်တွင် အမြဲ ပြိုင်ဘက်ကင်းခဲ့သည်။ ယဲ့ဖန်က သူ့ကို အထင်သေးရဲသည့် ပထမဆုံးသူပင်။
“ကောင်းတယ်၊ တော်တော့်ကို ရည်မှန်းချက် လွန်ကဲလွန်းတဲ့ ခွေးမသားလေးပဲ၊ ဒီနေ့ မင်း ဒုက္ခရောက်အောင် ငါ လုပ်ပေးမယ်”
ရီကျန့်ထျန်းက အရိုးကွဲမတတ် အေးစက်သော မျက်လုံးများဖြင့် ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ကောင်းကင်ခွင်း အင်မော်တယ်ဓားအား ချက်ချင်း ဝင့်လိုက်သည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ဓားအလင်းတန်းတစ်ခုက ယဲ့ဖန်ထံသို့ တိုးဝင်လာသည်။
မြန်သည်၊ ပိုမြန်သည်၊ ပို၍ မြန်လာသည်။
ထို့အတူ တိုက်ပွဲဝန်းကျင်ရှိ လေထုသည် ကောင်းကင်ခွင်း အင်မော်တယ်ဓား၏ တိုက်ခိုက်မှုကြောင့် နှစ်ခြမ်းကွဲသွားလေသည်။ မြင်ကွင်းသည် ထိတ်လန့်ဖွယ်ကောင်းလှ၏။
ယဲ့ဖန်သည်လည်း သူ့လက်မောင်းကို ဝှေ့ယမ်းလိုက်သည်။ ဧရာမ ပုရွက်ဆိတ်ဓားသည် ကောင်းကင်ခွင်း အင်မော်တယ်ဓားထံသို့ ခုတ်ပိုင်းလာသည်။
တစ်ချိန်တည်းမှာပင် ဟွာရှသိုင်းပညာရှင်များသည် သူတို့နှလုံးသားအား ဆောင့်ဆွဲခံလိုက်ရသလို ခံစားရလိုက်သည်။
ပုရွက်ဆိတ်များက အင်မော်တယ်ဓား၏ တိုက်ခိုက်မှုကို ခံနိုင်လိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ပါ။ သို့သော် သူတို့သည် အံ့ဖွယ်သရဲ အဖြစ်အပျက်တစ်ခုကို မျှော်လင့်နေသေးသည်။
“တားလိုက်စမ်း၊ မင်း ဒါကို သေချာ တားနိုင်ပါတယ်...”
မီလီယံနှင့် ချီသော ဟွာရှသိုင်းပညာရှင်များသည် မျက်လုံးများကို မှိတ်၍ ဆုတောင်းနေကြသည်။ သူတို့ မကြည့်ရဲပါ။
ချွင်
ဧရာမ ပုရွက်ဆိတ်ဓားသည် ချက်ချင်းဆိုသလို ကောင်းကင်ခွင်း ဓားနှင့် ထိပ်တိုက်တွေ့သွားသည်။ ရှင်းလင်းကျယ်လောင်သော ပွက်တိုက်သံက လူတိုင်းအား ရင်တုန်ပန်းတုန် ဖြစ်စေသည်။
ထိုတိုက်ခိုက်မှုနောက်တွင် အသံတစ်ခုကို ကြားလိုက်ရပြီးနောက် လက်မောင်းတစ်ခု ပြတ်ကာ လေထဲ လွင့်ပျံလာသည်။
*သူ ... သူတို့ မတားလိုက်နိုင်ဘူးလား*
မီလီယံနှင့်ချီသော ဟွာရှသိုင်းပညာရှင်များသည် ခါးသီးစွာ ပြုံးလိုက်ပြီး ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ သို့သော် သူတို့ မြင်တွေ့လိုက်ရသည့် အရာကြောင့် နားဝေတိမ်တောင် ဖြစ်သွားကြရသည်။
ထိုသို့သော အချိန်တွင် ခွန်းလွင်တောင်ထိပ်ရှိ နေရာသည် အေးခဲ တောင့်တင်းလို့နေသည်။ ဧရာမ ပုရွက်ဆိတ်ဓားနှင့် ကောင်းကင်ခွင်း အင်မော်တယ်ဓားတို့ ထိပ်တိုက်တွေ့ပြီးနောက် ကောင်းကင်ခွင်း အင်မော်တယ်ဓားသည် ကျိုးပျက်လို့သွားသည်။
စက္ကန့်ပိုင်းမျှပင် မကြာလိုက်သော အချိန်မှာပင် ဧရာမ ပုရွက်ဆိတ်ဓားက ဖျက်ဆီးလိုသော ဟန်ပန်ဖြင့် ရီကျန့်ထျန်း၏ ပခုံးအား ခုတ်ပိုင်းလိုက်သည်။
ရီကျန့်ထျန်း၏ လက်မောင်းတစ်ခုလုံး အဖြတ်ခံလိုက်ရလေပြီ။ သူ၏ ပြတ်သွားသော လက်မောင်းတစ်ဘက်က မြေကြီးပေါ် ပြုတ်ကျလာသည်ကို မြင်ပြီး သူတို့အားလုံး မှင်တက်သွားကြသည်။ သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်နေကြသည်။
“မ...မဖြစ်နိုင်ဘူး”
ရီကျန့်ထျန်း မျက်ခွံ တလှုပ်လှုပ် ဖြစ်လာသည်။ ကောင်းကင်ခွင်း အင်မော်တယ်ဓားပေါ်မှ သပ်ရပ်လှသော ဖြတ်ရာ၊ ကျန်ရှိနေသော တောက်ပနေသည့် ဓားသွားနှင့် ... ပြတ်သွားသော လက်မောင်းတစ်ဘက်ကို ကြည့်ပြီး သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်ဟန်များ ပြည့်နှက်လာသည်။
ဧရာမ ပုရွက်ဆိတ်ဓားက အင်မော်တယ်လက်နက်ကို ချိုးဖြတ်နိုင်လိမ့်မည်ဟု သူ မယုံကြည်နိုင်ပါ။ စက္ကန့်ပိုင်းမျှ တိတ်ဆိတ်နေပြီးနောက် ဘေးပတ်လည်မှ ကြည့်ရှုနေသူများကြား၌ ပွက်လောရိုက် လာကြသည်။
“အင်မော်တယ် လက်နက်က ကျိုးသွားတယ်၊ မြတ်စွာဘုရား ငါ ဘာတွေ မြင်လိုက်ရတာလဲ”
“ပုရွက်ဆိတ်တွေ၊ ဒီပုရွက်ဆိတ်တွေက ဘယ်လိုကြီးလဲဟ။ သူတို့က ဘယ်လိုလုပ် အင်မော်တယ် လက်နက်ကို ဖျက်ဆီးနိုင်တာလဲ”
ကြည့်ရှုနေသူများ လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။
ယဲ့ဖန်တစ်ယောက်တည်းသာ အေးစက်စက် အပြုံးများနှင့် ကျန်ရှိနေသည်။ ဝိညာဉ်စား ပုရွက်ဆိတ်များသည် အရာအားလုံးကို ချိုးဖြတ်နိုင်၏။
သူတို့သည် ထက်လှသော အင်မော်တယ် လက်နက်များအား သူတို့၏ ချွန်ထက်နေသော အစွယ်များနှင့်တောင်မှ ဆွဲဖြဲနိုင်စွမ်း ရှိသည်။
ဝိညာဉ်စား ပုရွက်ဆိတ် အကောင်ရေ ခြောက်ထောင်ကျော် စုစည်းနေသည့် အခါတွင်တော့ သူတို့ ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို သတ်နိုင်လုနီးပါး ဖြစ်သွားခဲ့ပေသည်။
သူတို့အတွက် အင်မော်တယ် လက်နက်ကို ဖျက်ဆီးခြင်းက လွယ်ကူလှပေသည်။
“ငါ့ညီအစ်ကိုရဲ့ အရှက်ကွဲခံရတာကို မင်းရဲ့သွေး၊ အသက်နဲ့ ပြန်လက်စားချေပေးမယ်လို့ ငါ ပြောခဲ့သားပဲ”
ယဲ့ဖန်က ခက်ထန်စွာ ပြော၍ သူ့လက်ကို လွှဲ၍ ရီကျန့်ထျန်းအား ထပ်၍ ခုတ်ပိုင်းလိုက်သည်။
“မဖြစ်ဘူး”
ရီကျန့်ထျန်းသည် အော်ဟစ်လိုက်ရင်း ယဲ့ဖန်၏ တိုက်ခိုက်မှုအား သူ၏ ကျိုးနေသော ကောင်းကင်ခွင်း အင်မော်တယ်ဓားဖြင့် ခုခံရုံသာ တတ်နိုင်ခဲ့သည်။ သို့သော် သူသည် အလဟဿ ရုန်းကန် ကြိုးစားခြင်းသာ ဖြစ်လို့နေသည်။
ဂျွတ်!
ဧရာမ ပုရွက်ဆိတ်ဓား၏ ခုတ်ပိုင်းခြင်းနှင့် ရင်ဆိုင်ရသဖြင့် ကောင်းကင်ခွင်း အင်မော်တယ်ဓားသည် ထပ်မံ၍ ကျိုးပဲ့သွားရပြန်သည်။
ထို့အတူ ရီကျန့်ထျန်း၏ ခြေထောက်တစ်ဘက်က လေထဲ လွင့်ပျံတက်လာပြန်သည်။
“အား…အား…အား”
ရီကျန့်ထျန်း ရူးမတတ် ဖြစ်လို့နေ၏။ နတ်ဘုရားဖြစ်သည့် သူသည် အင်မော်တယ် လက်နက်ကို ကိုင်ဆွဲထားရင် လက်ရော ခြေထောက်ပါ ကျိုးလို့သွားရသည်။ ဤသည်ကား အံ့ဩဖွယ်ကောင်းလှသည်။
သို့သော် အိပ်မက်ဆိုးကား ယခုမှ စတင်မည်ဖြစ်သည်။ ယဲ့ဖန်သည် ရီကျန့်ထျန်းအား သူ၏ ဧရာမ ပုရွက်ဆိတ်ဓားဖြင့် အရူးအမူး ဆက်၍ ပိုင်းခုတ်လာ၏။
ဂျွတ်! ဂျွတ်! ဂျွတ်!
ကောင်းကင်ခွင်း အင်မော်တယ်ဓားသည် ပိုတိုသထက် ပိုတိုလာသည်။ ရီကျန့်ထျန်း သွေးများ ပို၍ ဆုံးရှုံးလာသည်။
သူ့ပေါင်တစ်ဘက် စုတ်ပြဲသွားသည်။ သူ့ရင်ဘတ်သည်လည်း ကျိုးလို့သွားသည်။ သူ၏ ဝမ်းဗိုက်အောက်ပိုင်းသည်လည်း ကွဲပြဲသွား၏။

ထို့အတူ ရဲရဲနီနေသော သွေးများက သူ့ဒဏ်ရာမှ စိမ့်ထွက်လို့နေ၏။ သူ၏ အော်ဟစ်သံများသည် ခွန်းလွင်တောင်ထိပ်အနှံ့ ပဲ့တင်ထပ်လို့နေ၏။
ထိတ်လန့်စရာ ကောင်းလှပါဘိ။ ကြည့်ရှုနေသူများအားလုံး အကြီးအကျယ် ထိတ်လန့်နေကြသည်။
နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်ပြီး ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်က ဘယ်လိုလုပ် ဤကဲ့သို့ ဆိုးရွားသော အခြေအနေအတွင်း ကျရောက်သွားရလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမိမည်နည်း။
ခွန်းလွင်တောင်ထိပ်ရှိ ဓားသမားဂိုဏ်းမှ သိုင်းပညာရှင်များ အလွန်အမင်း ကြောက်လန့်နေကြသည်။ အကြီးအကဲများအားလုံး ကြောက်လန့်ကာ ဖင်ထိုင်ရက် လဲကျသွားကြသည်။ လူငယ် ခေါင်းဆောင်များ သည်လည်း ကြောက်လန့်ကာ မျက်နှာများ ပြာနှမ်းလို့လာသည်။
ရီကျန့်ထျန်းသည် မည်သူမျှ အနိုင်မယူနိုင်သည့် ဓားသမားဂိုဏ်း၏ နတ်ဘုရားဖြစ်သည်။ သူ့တိုက်ကွက်ကို ခုခံသူတိုင်း သေပွဲဝင်ခဲ့ကြရသည်။
သို့သော် ယခုအခါတွင်တော့ သူတို့၏ နတ်ဘုရားများက နာကျင်စွာ အော်ဟစ်၍ အသတ်ခံနေရသည်ကို သူတို့ ကြည့်နေရသည်။
ဤမျှ ပြင်းထန်လှသည့် တိုက်ပွဲက သူတို့အား ကြောက်လန့်သွားစေခဲ့သည်။
“မလုပ်နဲ့”
နောက်ထပ် အော်သံတစ်ခုနှင့်အတူ ရီကျန့်ထျန်း၏ ကျန်လက်မောင်းတစ်ဘက် ချက်ချင်း ပြတ်ထွက်သွားသည်။ ရဲရဲနီနေသော သွေးများက ခွန်းလွင်တောင်ထိပ်ပေါ်၌ ဖုံးလွှမ်းလို့နေ၏။ ရီကျန့်ထျန်း ဆိုးရွားစွာ ကိုယ်အင်္ဂါ ဖြတ်တောက်ခံထားရသည်။
“ယဲ့ဖန်၊ မင်း ငါ့ကို မသတ်နိုင်ဘူး။ မင်း ငါ့ကို သတ်ရင် နတ်ဘုရားက မင်းကို သတ်လိမ့်မယ်၊ မင်းတို့အားလုံးကို သတ်မှာ”
ရီကျန့်ထျန်းသည် ယဲ့ဖန်အား အလွန် မုန်းတီး၍ တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ အော်ဟစ်လိုက်သည်။
*နတ်ဘုရား*
သူ့စကားကြောင့် အခြားသူများ ကြောင်အသွားသည်။ ထို့အပြင် ရီကျန့်ထျန်း၏ မျက်နှာ၌ အလွန်အမင်း ရူးသွပ်နေမှုများ ထင်ဟပ်လာ၏။
ခွန်းလွင်ထောင်ထိပ်၌ လဲနေရင်း သူသည် တောင်ထိပ်အနောက်မှ တောင်ရိုးတစ်လျှောက်ကို ကြည့်ကာ သံကုန် အော်ဟစ်လိုက်သည်။
“ဓားသမားဂိုဏ်းက သုတ်သင်ခံရလုနီးပါး ဖြစ်နေပါပြီ။ ဘိုးဘေးခင်ဗျား ကျေးဖူးပြုပြီး ကိုယ်ထင်ပြပြီးတော့ ဒီခွေးမသားကို သတ်ပေးပါ”
ရီကျန့်ထျန်း၏ အသံက ခွန်းလွင်တောင်အနှံ့ ပျံ့နှံ့သွားသည်။ သူ့စကားများက လူတိုင်းအား တွေဝေသွားစေသည်။
*ဘိုးဘေး*
*ခွန်းလွင် ဓားသမားဂိုဏ်း တည်ထောင်သူကို သူ ပြောချင်တာလား*
*လွန်ခဲ့တဲ့ နှစ်နှစ်ရာက ပျောက်ကွယ်သွားတဲ့ အဲ့ဒီ ထိပ်တန်း သိုင်းပညာရှင်လား*
ထိုအချိန်တွင် ဟွာရှ သိုင်းပညာရှင်တိုင်း ထိတ်လန့်နေသော မျက်လုံးများနှင့် ပင့်သက်ရှိုက်လိုက်မိသည်။
*မဖြစ်နိုင်ဘူး*
*အဲ့ဒီ ထိပ်တန်းသိုင်းပညာရှင်က ဘယ်လိုလုပ် အသက်ရှင်နေဦးမှာလဲ*
မည်သူမျှ ထိုအရာကို မယုံကြည်နိုင်ကြပေ။ သို့သော် ဓားသမားဂိုဏ်း၏ သိုင်းပညာရှင်တိုင်းက ဒူးထောက်ကာ ပြိုင်တူ ဟစ်ကြွေးလာကြသည်။
“ဘိုးဘေးခင်ဗျား၊ ကျေးဇူးပြုပြီး လူလုံးထွက်ပြပြီး ဒီခွေးမသားလေးကို သတ်ပြီးတော့ ဓားသမားဂိုဏ်းကို ကယ်တင်ပေးပါ”

ကြွေးကြော်သံများက ခွန်းလွင့်တောင်အနှံ့ ပဲ့တင်ထပ်လို့နေ၏။ သူတို့၏ စကားအဆုံး၌ တောင်ထိပ်သည် ပြင်းထန်စွာ တုန်ခါလာ၏။
“အသုံးမကျလိုက်တာ”
ကမ္ဘာတုန်မတတ် မိုးကြိုးကဲ့သို့ အသံက တောင်ထိပ်မှ ချက်ချင်း ပေါက်ကွဲ၍ ထွက်ပေါ်လာသည်။ ဝုန်းခနဲ အသံနှင့်အတူ မိုးပြို၍ ကမ္ဘာတောင် နိမ့်ဝင်သွားမလို ထင်ရသည်။
ကျိုးပဲ့နေသော ကျောက်တုံးများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီးနောက် တောင်ထိပ်တစ်ခုလုံး တစ်စစီ ဖြစ်လာသည်။
ထို့နောက် ထိုပေါက်ကွဲမှုထဲမှ အရိပ်တစ်ခု ထွက်ပေါ်လာသည်။
#ZAWGYI
စာစဥ္ (22) CHAPTER (322) ဓားသမားဂိုဏ္း၏ နတ္ဘုရား
ဧရာမ ပု႐ြက္ဆိတ္ဓား။
မ်ားစြာေသာ ပု႐ြက္ဆိတ္မ်ားက တစ္ေကာင္ႏွင့္တစ္ေကာင္ ခ်ိတ္ဆက္ကာ ယဲ့ဖန္လက္ထဲမွ ‘ေကာင္းကင္ဘုံ’ ဟု ထြင္းထားေသာ ဓားလက္ကိုင္ႏွင့္ ဆက္စပ္လိုက္သည္ကို ၾကည့္ရႈသူမ်ား ျမင္လိုက္ရၿပီးေနာက္ အားလုံး မွင္တက္သြားၾကသည္။
ထို႔ေနာက္ ပု႐ြက္ဆိတ္မ်ား၏ ထက္လွေသာ လက္သည္းမ်ားက အတူတကြ စုစည္းလာၿပီး အလြန္ ထက္ေသာ ဓားသြားျဖစ္လာသည္ကို သူတို႔ ျမင္လိုက္ၾကရသည္။
အံ့ဩစရာေကာင္းလွပါဘိ။
“ဟားဟား ... ယဲ့ဖန္၊ မင္းက ငါ့ ေကာင္းကင္ခြင္း အင္ေမာ္တယ္ဓားကို ပု႐ြက္ဆိတ္အုံေလးနဲ႔ တိုက္ခ်င္ေနတာလား”
ရီက်န႔္ထ်န္းသည္ ယဲ့ဖန္အား အ႐ူးတစ္ေယာက္အား ၾကည့္သကဲ့သို႔ ၾကည့္ေနသည္။
*သူတို႔ေတြက ပု႐ြက္ဆိတ္ေလးေတြေလ*
*သူတို႔က ဘယ္ေလာက္ပဲ သန္မာေနပါေစ သူတို႔မွာ ေသမ်ိဳးခႏၶာကိုယ္ပဲ ရွိတာေလ*
*သူတို႔က ဘယ္လိုလုပ္ ေကာင္းကင္ခြင္း အင္ေမာ္တယ္ဓားကို ယွဥ္ႏိုင္မွာလဲ*
ဖန္သားေရွ႕၌ ရပ္ၾကည့္ေနၾကေသာ ဟြာရွ သိုင္းပညာရွင္တိုင္း စိတ္ဓာတ္က်လာၾကသည္။ ပု႐ြက္ဆိတ္မ်ားက ေကာင္းကင္ခြင္း အင္ေမာ္တယ္ဓား၏ ဓားခ်က္မ်ားကို ေတာင့္ခံႏိုင္လိမ့္မည္ဟု သူတို႔ လက္မခံႏိုင္ေသးပါ။
ထို႔အခါ ယဲ့ဖန္က အထင္ေသးေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
“သူတို႔က မင္းရဲ႕ ေကာင္းကင္ခြင္း အင္ေမာ္တယ္ဓားနဲ႔ တိုက္မွာမဟုတ္ဘူး၊ သူတို႔က မင္းကို သတ္မွာ”
တင္စီးလွသည္။ ႏိုင္လိုမင္းထက္ ျပဳမူလြန္းလွ၏။
ယဲ့ဖန္၏ စကားကိုၾကားၿပီးေနာက္ ရီက်န႔္ထ်န္း၏ မ်က္လုံးမွေန၍ သန္မာ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္ကို ထုတ္လႊတ္လာသည္။ သူသည္ ကမာၻေပၚတြင္ အၿမဲ ၿပိဳင္ဘက္ကင္းခဲ့သည္။ ယဲ့ဖန္က သူ႔ကို အထင္ေသးရဲသည့္ ပထမဆုံးသူပင္။
“ေကာင္းတယ္၊ ေတာ္ေတာ့္ကို ရည္မွန္းခ်က္ လြန္ကဲလြန္းတဲ့ ေခြးမသားေလးပဲ၊ ဒီေန႔ မင္း ဒုကၡေရာက္ေအာင္ ငါ လုပ္ေပးမယ္”
ရီက်န႔္ထ်န္းက အ႐ိုးကြဲမတတ္ ေအးစက္ေသာ မ်က္လုံးမ်ားျဖင့္ ေျပာလိုက္သည္။ တစ္ခ်ိန္တည္းမွာပင္ သူ၏ ေကာင္းကင္ခြင္း အင္ေမာ္တယ္ဓားအား ခ်က္ခ်င္း ဝင့္လိုက္သည္။
စကၠန႔္ပိုင္းအတြင္းမွာပင္ ဓားအလင္းတန္းတစ္ခုက ယဲ့ဖန္ထံသို႔ တိုးဝင္လာသည္။
ျမန္သည္၊ ပိုျမန္သည္၊ ပို၍ ျမန္လာသည္။
ထို႔အတူ တိုက္ပြဲဝန္းက်င္ရွိ ေလထုသည္ ေကာင္းကင္ခြင္း အင္ေမာ္တယ္ဓား၏ တိုက္ခိုက္မႈေၾကာင့္ ႏွစ္ျခမ္းကြဲသြားေလသည္။ ျမင္ကြင္းသည္ ထိတ္လန႔္ဖြယ္ေကာင္းလွ၏။
ယဲ့ဖန္သည္လည္း သူ႔လက္ေမာင္းကို ေဝွ႔ယမ္းလိုက္သည္။ ဧရာမ ပု႐ြက္ဆိတ္ဓားသည္ ေကာင္းကင္ခြင္း အင္ေမာ္တယ္ဓားထံသို႔ ခုတ္ပိုင္းလာသည္။
တစ္ခ်ိန္တည္းမွာပင္ ဟြာရွသိုင္းပညာရွင္မ်ားသည္ သူတို႔ႏွလုံးသားအား ေဆာင့္ဆြဲခံလိုက္ရသလို ခံစားရလိုက္သည္။
ပု႐ြက္ဆိတ္မ်ားက အင္ေမာ္တယ္ဓား၏ တိုက္ခိုက္မႈကို ခံႏိုင္လိမ့္မည္ဟု သူတို႔ မယုံၾကည္ႏိုင္ပါ။ သို႔ေသာ္ သူတို႔သည္ အံ့ဖြယ္သရဲ အျဖစ္အပ်က္တစ္ခုကို ေမွ်ာ္လင့္ေနေသးသည္။
“တားလိုက္စမ္း၊ မင္း ဒါကို ေသခ်ာ တားႏိုင္ပါတယ္...”
မီလီယံႏွင့္ ခ်ီေသာ ဟြာရွသိုင္းပညာရွင္မ်ားသည္ မ်က္လုံးမ်ားကို မွိတ္၍ ဆုေတာင္းေနၾကသည္။ သူတို႔ မၾကည့္ရဲပါ။
ခြၽင္
ဧရာမ ပု႐ြက္ဆိတ္ဓားသည္ ခ်က္ခ်င္းဆိုသလို ေကာင္းကင္ခြင္း ဓားႏွင့္ ထိပ္တိုက္ေတြ႕သြားသည္။ ရွင္းလင္းက်ယ္ေလာင္ေသာ ပြက္တိုက္သံက လူတိုင္းအား ရင္တုန္ပန္းတုန္ ျဖစ္ေစသည္။
ထိုတိုက္ခိုက္မႈေနာက္တြင္ အသံတစ္ခုကို ၾကားလိုက္ရၿပီးေနာက္ လက္ေမာင္းတစ္ခု ျပတ္ကာ ေလထဲ လြင့္ပ်ံလာသည္။
*သူ ... သူတို႔ မတားလိုက္ႏိုင္ဘူးလား*
မီလီယံႏွင့္ခ်ီေသာ ဟြာရွသိုင္းပညာရွင္မ်ားသည္ ခါးသီးစြာ ၿပဳံးလိုက္ၿပီး ျဖည္းျဖည္းခ်င္း မ်က္လုံးဖြင့္လိုက္သည္။ သို႔ေသာ္ သူတို႔ ျမင္ေတြ႕လိုက္ရသည့္ အရာေၾကာင့္ နားေဝတိမ္ေတာင္ ျဖစ္သြားၾကရသည္။
ထိုသို႔ေသာ အခ်ိန္တြင္ ခြန္းလြင္ေတာင္ထိပ္ရွိ ေနရာသည္ ေအးခဲ ေတာင့္တင္းလို႔ေနသည္။ ဧရာမ ပု႐ြက္ဆိတ္ဓားႏွင့္ ေကာင္းကင္ခြင္း အင္ေမာ္တယ္ဓားတို႔ ထိပ္တိုက္ေတြ႕ၿပီးေနာက္ ေကာင္းကင္ခြင္း အင္ေမာ္တယ္ဓားသည္ က်ိဳးပ်က္လို႔သြားသည္။
စကၠန႔္ပိုင္းမွ်ပင္ မၾကာလိုက္ေသာ အခ်ိန္မွာပင္ ဧရာမ ပု႐ြက္ဆိတ္ဓားက ဖ်က္ဆီးလိုေသာ ဟန္ပန္ျဖင့္ ရီက်န႔္ထ်န္း၏ ပခုံးအား ခုတ္ပိုင္းလိုက္သည္။
ရီက်န႔္ထ်န္း၏ လက္ေမာင္းတစ္ခုလုံး အျဖတ္ခံလိုက္ရေလၿပီ။ သူ၏ ျပတ္သြားေသာ လက္ေမာင္းတစ္ဘက္က ေျမႀကီးေပၚ ျပဳတ္က်လာသည္ကို ျမင္ၿပီး သူတို႔အားလုံး မွင္တက္သြားၾကသည္။ သူတို႔ ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ ျဖစ္ေနၾကသည္။
“မ...မျဖစ္ႏိုင္ဘူး”
ရီက်န႔္ထ်န္း မ်က္ခြံ တလႈပ္လႈပ္ ျဖစ္လာသည္။ ေကာင္းကင္ခြင္း အင္ေမာ္တယ္ဓားေပၚမွ သပ္ရပ္လွေသာ ျဖတ္ရာ၊ က်န္ရွိေနေသာ ေတာက္ပေနသည့္ ဓားသြားႏွင့္ ... ျပတ္သြားေသာ လက္ေမာင္းတစ္ဘက္ကို ၾကည့္ၿပီး သူ႔မ်က္လုံးထဲ၌ မယုံၾကည္ႏိုင္ဟန္မ်ား ျပည့္ႏွက္လာသည္။
ဧရာမ ပု႐ြက္ဆိတ္ဓားက အင္ေမာ္တယ္လက္နက္ကို ခ်ိဳးျဖတ္ႏိုင္လိမ့္မည္ဟု သူ မယုံၾကည္ႏိုင္ပါ။ စကၠန႔္ပိုင္းမွ် တိတ္ဆိတ္ေနၿပီးေနာက္ ေဘးပတ္လည္မွ ၾကည့္ရႈေနသူမ်ားၾကား၌ ပြက္ေလာ႐ိုက္ လာၾကသည္။
“အင္ေမာ္တယ္ လက္နက္က က်ိဳးသြားတယ္၊ ျမတ္စြာဘုရား ငါ ဘာေတြ ျမင္လိုက္ရတာလဲ”
“ပု႐ြက္ဆိတ္ေတြ၊ ဒီပု႐ြက္ဆိတ္ေတြက ဘယ္လိုႀကီးလဲဟ။ သူတို႔က ဘယ္လိုလုပ္ အင္ေမာ္တယ္ လက္နက္ကို ဖ်က္ဆီးႏိုင္တာလဲ”
ၾကည့္ရႈေနသူမ်ား လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္လာၾကသည္။
ယဲ့ဖန္တစ္ေယာက္တည္းသာ ေအးစက္စက္ အၿပဳံးမ်ားႏွင့္ က်န္ရွိေနသည္။ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားသည္ အရာအားလုံးကို ခ်ိဳးျဖတ္ႏိုင္၏။
သူတို႔သည္ ထက္လွေသာ အင္ေမာ္တယ္ လက္နက္မ်ားအား သူတို႔၏ ခြၽန္ထက္ေနေသာ အစြယ္မ်ားႏွင့္ေတာင္မွ ဆြဲၿဖဲႏိုင္စြမ္း ရွိသည္။
ဝိညာဥ္စား ပု႐ြက္ဆိတ္ အေကာင္ေရ ေျခာက္ေထာင္ေက်ာ္ စုစည္းေနသည့္ အခါတြင္ေတာ့ သူတို႔ ဆႏၵရွိသည့္ မည္သည့္အရာကိုမဆို သတ္ႏိုင္လုနီးပါး ျဖစ္သြားခဲ့ေပသည္။
သူတို႔အတြက္ အင္ေမာ္တယ္ လက္နက္ကို ဖ်က္ဆီးျခင္းက လြယ္ကူလွေပသည္။
“ငါ့ညီအစ္ကိုရဲ႕ အရွက္ကြဲခံရတာကို မင္းရဲ႕ေသြး၊ အသက္နဲ႔ ျပန္လက္စားေခ်ေပးမယ္လို႔ ငါ ေျပာခဲ့သားပဲ”
ယဲ့ဖန္က ခက္ထန္စြာ ေျပာ၍ သူ႔လက္ကို လႊဲ၍ ရီက်န႔္ထ်န္းအား ထပ္၍ ခုတ္ပိုင္းလိုက္သည္။
“မျဖစ္ဘူး”
ရီက်န႔္ထ်န္းသည္ ေအာ္ဟစ္လိုက္ရင္း ယဲ့ဖန္၏ တိုက္ခိုက္မႈအား သူ၏ က်ိဳးေနေသာ ေကာင္းကင္ခြင္း အင္ေမာ္တယ္ဓားျဖင့္ ခုခံ႐ုံသာ တတ္ႏိုင္ခဲ့သည္။ သို႔ေသာ္ သူသည္ အလဟႆ ႐ုန္းကန္ ႀကိဳးစားျခင္းသာ ျဖစ္လို႔ေနသည္။
ဂြၽတ္!
ဧရာမ ပု႐ြက္ဆိတ္ဓား၏ ခုတ္ပိုင္းျခင္းႏွင့္ ရင္ဆိုင္ရသျဖင့္ ေကာင္းကင္ခြင္း အင္ေမာ္တယ္ဓားသည္ ထပ္မံ၍ က်ိဳးပဲ့သြားရျပန္သည္။
ထို႔အတူ ရီက်န႔္ထ်န္း၏ ေျခေထာက္တစ္ဘက္က ေလထဲ လြင့္ပ်ံတက္လာျပန္သည္။
“အား…အား…အား”
ရီက်န႔္ထ်န္း ႐ူးမတတ္ ျဖစ္လို႔ေန၏။ နတ္ဘုရားျဖစ္သည့္ သူသည္ အင္ေမာ္တယ္ လက္နက္ကို ကိုင္ဆြဲထားရင္ လက္ေရာ ေျခေထာက္ပါ က်ိဳးလို႔သြားရသည္။ ဤသည္ကား အံ့ဩဖြယ္ေကာင္းလွသည္။
သို႔ေသာ္ အိပ္မက္ဆိုးကား ယခုမွ စတင္မည္ျဖစ္သည္။ ယဲ့ဖန္သည္ ရီက်န႔္ထ်န္းအား သူ၏ ဧရာမ ပု႐ြက္ဆိတ္ဓားျဖင့္ အ႐ူးအမူး ဆက္၍ ပိုင္းခုတ္လာ၏။
ဂြၽတ္! ဂြၽတ္! ဂြၽတ္!
ေကာင္းကင္ခြင္း အင္ေမာ္တယ္ဓားသည္ ပိုတိုသထက္ ပိုတိုလာသည္။ ရီက်န႔္ထ်န္း ေသြးမ်ား ပို၍ ဆုံးရႈံးလာသည္။
သူ႔ေပါင္တစ္ဘက္ စုတ္ၿပဲသြားသည္။ သူ႔ရင္ဘတ္သည္လည္း က်ိဳးလို႔သြားသည္။ သူ၏ ဝမ္းဗိုက္ေအာက္ပိုင္းသည္လည္း ကြဲၿပဲသြား၏။

ထို႔အတူ ရဲရဲနီေနေသာ ေသြးမ်ားက သူ႔ဒဏ္ရာမွ စိမ့္ထြက္လို႔ေန၏။ သူ၏ ေအာ္ဟစ္သံမ်ားသည္ ခြန္းလြင္ေတာင္ထိပ္အႏွံ႔ ပဲ့တင္ထပ္လို႔ေန၏။
ထိတ္လန႔္စရာ ေကာင္းလွပါဘိ။ ၾကည့္ရႈေနသူမ်ားအားလုံး အႀကီးအက်ယ္ ထိတ္လန႔္ေနၾကသည္။
နတ္ဘုရားတစ္ပိုင္းအဆင့္ ျဖစ္ၿပီး ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္က ဘယ္လိုလုပ္ ဤကဲ့သို႔ ဆိုး႐ြားေသာ အေျခအေနအတြင္း က်ေရာက္သြားရလိမ့္မည္ဟု မည္သူက ထင္မွတ္ထားမိမည္နည္း။
ခြန္းလြင္ေတာင္ထိပ္ရွိ ဓားသမားဂိုဏ္းမွ သိုင္းပညာရွင္မ်ား အလြန္အမင္း ေၾကာက္လန႔္ေနၾကသည္။ အႀကီးအကဲမ်ားအားလုံး ေၾကာက္လန႔္ကာ ဖင္ထိုင္ရက္ လဲက်သြားၾကသည္။ လူငယ္ ေခါင္းေဆာင္မ်ား သည္လည္း ေၾကာက္လန႔္ကာ မ်က္ႏွာမ်ား ျပာႏွမ္းလို႔လာသည္။
ရီက်န႔္ထ်န္းသည္ မည္သူမွ် အႏိုင္မယူႏိုင္သည့္ ဓားသမားဂိုဏ္း၏ နတ္ဘုရားျဖစ္သည္။ သူ႔တိုက္ကြက္ကို ခုခံသူတိုင္း ေသပြဲဝင္ခဲ့ၾကရသည္။
သို႔ေသာ္ ယခုအခါတြင္ေတာ့ သူတို႔၏ နတ္ဘုရားမ်ားက နာက်င္စြာ ေအာ္ဟစ္၍ အသတ္ခံေနရသည္ကို သူတို႔ ၾကည့္ေနရသည္။
ဤမွ် ျပင္းထန္လွသည့္ တိုက္ပြဲက သူတို႔အား ေၾကာက္လန႔္သြားေစခဲ့သည္။
“မလုပ္နဲ႔”
ေနာက္ထပ္ ေအာ္သံတစ္ခုႏွင့္အတူ ရီက်န႔္ထ်န္း၏ က်န္လက္ေမာင္းတစ္ဘက္ ခ်က္ခ်င္း ျပတ္ထြက္သြားသည္။ ရဲရဲနီေနေသာ ေသြးမ်ားက ခြန္းလြင္ေတာင္ထိပ္ေပၚ၌ ဖုံးလႊမ္းလို႔ေန၏။ ရီက်န႔္ထ်န္း ဆိုး႐ြားစြာ ကိုယ္အဂၤါ ျဖတ္ေတာက္ခံထားရသည္။
“ယဲ့ဖန္၊ မင္း ငါ့ကို မသတ္ႏိုင္ဘူး။ မင္း ငါ့ကို သတ္ရင္ နတ္ဘုရားက မင္းကို သတ္လိမ့္မယ္၊ မင္းတို႔အားလုံးကို သတ္မွာ”
ရီက်န႔္ထ်န္းသည္ ယဲ့ဖန္အား အလြန္ မုန္းတီး၍ ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ ၾကည့္ကာ ေအာ္ဟစ္လိုက္သည္။
*နတ္ဘုရား*
သူ႔စကားေၾကာင့္ အျခားသူမ်ား ေၾကာင္အသြားသည္။ ထို႔အျပင္ ရီက်န႔္ထ်န္း၏ မ်က္ႏွာ၌ အလြန္အမင္း ႐ူးသြပ္ေနမႈမ်ား ထင္ဟပ္လာ၏။
ခြန္းလြင္ေထာင္ထိပ္၌ လဲေနရင္း သူသည္ ေတာင္ထိပ္အေနာက္မွ ေတာင္႐ိုးတစ္ေလွ်ာက္ကို ၾကည့္ကာ သံကုန္ ေအာ္ဟစ္လိုက္သည္။
“ဓားသမားဂိုဏ္းက သုတ္သင္ခံရလုနီးပါး ျဖစ္ေနပါၿပီ။ ဘိုးေဘးခင္ဗ်ား ေက်းဖူးျပဳၿပီး ကိုယ္ထင္ျပၿပီးေတာ့ ဒီေခြးမသားကို သတ္ေပးပါ”
ရီက်န႔္ထ်န္း၏ အသံက ခြန္းလြင္ေတာင္အႏွံ႔ ပ်ံ႕ႏွံ႔သြားသည္။ သူ႔စကားမ်ားက လူတိုင္းအား ေတြေဝသြားေစသည္။
*ဘိုးေဘး*
*ခြန္းလြင္ ဓားသမားဂိုဏ္း တည္ေထာင္သူကို သူ ေျပာခ်င္တာလား*
*လြန္ခဲ့တဲ့ ႏွစ္ႏွစ္ရာက ေပ်ာက္ကြယ္သြားတဲ့ အဲ့ဒီ ထိပ္တန္း သိုင္းပညာရွင္လား*
ထိုအခ်ိန္တြင္ ဟြာရွ သိုင္းပညာရွင္တိုင္း ထိတ္လန႔္ေနေသာ မ်က္လုံးမ်ားႏွင့္ ပင့္သက္ရႈိက္လိုက္မိသည္။
*မျဖစ္ႏိုင္ဘူး*
*အဲ့ဒီ ထိပ္တန္းသိုင္းပညာရွင္က ဘယ္လိုလုပ္ အသက္ရွင္ေနဦးမွာလဲ*
မည္သူမွ် ထိုအရာကို မယုံၾကည္ႏိုင္ၾကေပ။ သို႔ေသာ္ ဓားသမားဂိုဏ္း၏ သိုင္းပညာရွင္တိုင္းက ဒူးေထာက္ကာ ၿပိဳင္တူ ဟစ္ေႂကြးလာၾကသည္။
“ဘိုးေဘးခင္ဗ်ား၊ ေက်းဇူးျပဳၿပီး လူလုံးထြက္ျပၿပီး ဒီေခြးမသားေလးကို သတ္ၿပီးေတာ့ ဓားသမားဂိုဏ္းကို ကယ္တင္ေပးပါ”

ေႂကြးေၾကာ္သံမ်ားက ခြန္းလြင့္ေတာင္အႏွံ႔ ပဲ့တင္ထပ္လို႔ေန၏။ သူတို႔၏ စကားအဆုံး၌ ေတာင္ထိပ္သည္ ျပင္းထန္စြာ တုန္ခါလာ၏။
“အသုံးမက်လိုက္တာ”
ကမာၻတုန္မတတ္ မိုးႀကိဳးကဲ့သို႔ အသံက ေတာင္ထိပ္မွ ခ်က္ခ်င္း ေပါက္ကြဲ၍ ထြက္ေပၚလာသည္။ ဝုန္းခနဲ အသံႏွင့္အတူ မိုးၿပိဳ၍ ကမာၻေတာင္ နိမ့္ဝင္သြားမလို ထင္ရသည္။
က်ိဳးပဲ့ေနေသာ ေက်ာက္တုံးမ်ား အရပ္မ်က္ႏွာအႏွံ႔သို႔ ပ်ံ႕ႏွံ႔သြားၿပီးေနာက္ ေတာင္ထိပ္တစ္ခုလုံး တစ္စစီ ျဖစ္လာသည္။
ထို႔ေနာက္ ထိုေပါက္ကြဲမႈထဲမွ အရိပ္တစ္ခု ထြက္ေပၚလာသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now