Chapter 350

1K 124 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (24) CHAPTER (350) မတွေ့ရတာ နှစ်တစ်သောင်းတောင် ရှိပြီ

ထို့ပါကလန်၏ ကလန်ခေါင်းဆောင်နှင့် အကြီးအကဲများ ကလန်၏ ဧည့်ခန်းမဆောင်၌ စုစည်းနေကြသဖြင့် သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များက ကလန်တစ်ခုလုံးအား ပျံ့နှံ့လို့နေသည်။
ထို့ပါဟိုင်သည် ထို့ပါကလန်၏ ကလန်ခေါင်းဆောင် ဖြစ်ပြီး တကယ့် နတ်ဘုရားလည်း ဖြစ်သဖြင့် သူ၏ ချီဓာတ်က အခြားသူများအား အကြီးအကျယ် ထိတ်လန့်စေသည်။
“ခေါင်းဆောင် ကျုပ်တို့ တံခါးပိတ် နေနေတာကို ရပ်လိုက်ကြရအောင်။ ကျုပ်တို့ အရင်းအမြစ်တွေက တစ်နေ့ပြီးတစ်နေ့ နည်းနည်းလာပြီ။ ပြီးတော့ ကျုပ်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေထဲမှာ ထူးချွန်တဲ့ သိုင်းပညာရှင်တွေ ကင်းမဲ့နေပြီ။ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် ကျုပ်တို့ကလန်က အခြားကလန်သုံးခု ဝိုင်းပယ်တာ ခံရလိမ့်မယ်”
မဟာအကြီးအကဲက စိုးရိမ်တကြီးနှင့် အကြံပေးလာသည်။ ဒုတိယအကြီးအကဲကလည်း ဖျောင်းဖျလာ၏။
“ခေါင်းဆောင် ကျုပ် မဟာအကြီးအကဲပြောတာကို သဘောတူတယ်။ ကျုပ်တို့ ဒီ့ထက်ကြာအောင် မစောင့်သင့်တော့ဘူး။ ကျုပ်တို့ရဲ့ လောကသခင်ရဲ့ မျိုးဆက်ဆီက ဘာအရိပ်လက္ခဏာမှ မရတာ နှစ်တစ်သောင်း ပြည့်တော့မယ်။ ဘိုးဘေးရဲ့ ဟောကိန်းနဲ့ လက်တွေ့ဘဝက သွေဖည်နေပြီလို့ ကျုပ် ထင်တယ်။ ကျုပ်တို့ ဒီ့ထက်ကြာအောင် စောင့်နေတာက အကျိုးမရှိဘူးလို့ပဲ ကျုပ် ထင်မိတယ်”
ထို့ပါကလန်တွင်း၌ လောကသခင်က အချိန်မီ ရောက်ရှိလာမည်မဟုတ် ဟူသော နောက်ထပ် တိုးတိုးတိတ်တိတ် ကောလဟာလ သတင်းလည်း ရှိနေသည်။
ထိုကောလဟာလသည် တဖြည်းဖြည်းနှင့် ပို၍ လူသိများလာသည်။ မျိုးနွယ်တွင်း ကျင့်ကြံခြင်း အရင်းအမြစ် နည်းပါးလာခြင်းနှင့်အတူ လူများစွာက ထိုကောလဟာလအား ပို၍ ထောက်ခံလာကြသည်။
ထို့ကြောင့် ဟောကိန်းကို ယခုထိ ဖက်တွယ်နေသေးသော ကလန်ခေါင်းဆောင် ထို့ပါဟိုင်မှလွဲ၍ ထို့ပါကလန်၏ အရေးပါသောသူများက တံခါးပိတ် နေသည်ကို အဆုံးသတ်ရန် မစောင့်နိုင်ကြတော့ပေ။
သူတို့၏ လက်ခံချင်လာအောင် ပြောနေသော စကားများကြောင့် ထို့ပါဟိုင် မျက်နှာ သုန်မှုန်နေသည်။
ထို့နောက် ထိုင်နေရာမှ ဖြည်းဖြည်းချင်းထ၍ ခန်းမအလယ်၌ ချိတ်ဆွဲထားသော အမျိုးသမီး တစ်ယောက်၏ ပန်းချီကားထံသို့ မချိတင်ကဲပြုံး၍ လျှောက်သွားလိုက်သည်။
ပန်းချီကားထဲမှ မိန်းမလှလေးသည် ထို့ပါကလန်၏ ဘိုးဘေးဖြစ်သူ ထို့ပါချင်း ဖြစ်သည်။
“ထို့ပါကလန်က နှစ်တစ်သောင်းအကျော်မှာ လောကသခင် ရောက်လာမှာကို မစောင့်နိုင်တော့မှာက တကယ်ပဲလား”
ထို့ပါဟိုင် မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်မိသည်။ လောကသခင်နှင့် ပတ်သတ်သည့် ဟောကိန်းသည် ထို့ပါကလန်သားတိုင်း၏ စိတ်ထဲ၌ ယုံကြည်မှုတစ်ခု ဖြစ်သည်။
သို့သော် နှစ်တစ်သောင်း ပြည့်ခါနီးလောက်တွင် သူတို့သည် သူတို့၏ ယုံကြည်မှုနှင့် ဆုံတွေ့ရန် ပျက်ကွက်ခဲ့သည်။ ထို့ကြောင့် ထို့ပါကလန်မှ လူများသည် စိတ်ပျက်မှုကြောင့် အလွန်အမင်း မချင့်မရဲ ဖြစ်နေကြသည်။
ထို့ပါဟိုင်တောင်မှ ချီတုံချတုံ ဖြစ်နေစဉ် ကလန်သားတစ်ယောက်က ခန်းမထဲသို့ ခပ်သွက်သွက် လာနေသည်ကို သတိထားလိုက်မိသည်။
ထို့နောက် ထိုကလန်သားက သတင်းပို့လာ၏။
“ခေါင်းဆောင် ထို့ပါယွင် ပြန်လာပါပြီ”
ထို့ပါယွင်လား။
သူသည် ထို့ပါကလန်၏ မျိုးဆက်သစ်လူငယ်များကြား၌ လူငယ်ခေါင်းဆောင်နေရာအတွက် ထို့ပါချင်းရှန်နှင့် ယှဉ်ပြိုင်ရမည့် တစ်ဦးတည်းသောသူပင်။
ထို့ပါယွင် ပြန်ရောက်လာမှုက လူငယ်ခေါင်းဆောင် နေရာအတွက် ယှဉ်ပြိုင်ခြင်း ပြီးဆုံးသွားပြီဟု ဖော်ပြနေသည်။
“သူ့ကို အထဲဝင်ခိုင်းလိုက်”
ထို့ပါဟိုင်က ပြောရင်း လက်ဝေ့ယမ်းလိုက်ပြသည်။ အမိန့်ကို ရပြီးနောက် ထိုကလန်သားက ချက်ချင်း ခန်းမထဲမှ ပြန်ထွက်သွားသည်။
“ဟားဟား…”
ဒုတိယ အကြီးအကဲက ကျယ်လောင်စွာ ရယ်မောလာသည်။
“ထို့ပါယွင် ပြန်လာပြီတဲ့၊ ဒါက ကျုပ်သား ချင်းရှန်က လူငယ်ခေါင်းဆောင်ဆိုတဲ့ ရာထူးကို ရပြီးသွားပြီလို့ ပြောချင်တာပဲ”
ဒုတိယအကြီးအကဲသည် ထို့ပါချင်းရှန်၏ အဖေပင်။ သူ့စကားကြောင့် ခန်းမထဲက အခြားအကြီးအကဲများက ခေါင်းညိတ်လာကြသည်။
လူငယ်မျိုးဆက်များကြားတွင် အသန်မာဆုံး သိုင်းပညာရှင် ဖြစ်သည့်အတွက် ထို့ပါချင်းရှန်သည် တိုက်ပွဲကို မုချ နိုင်ပေလိမ့်မည်။
ထို့ကြောင့် အကြီးအကဲများသည် ဒုတိယအကြီးအကဲအား ဂုဏ်ပြုစကားဆိုရင် ခပ်သွက်သွက ်ရှေ့သို့ တိုးလာကြသည်။
အခြားအကြီးအကဲများ၏ ဂုဏ်ပြုစကားကို ကြားရသဖြင့် ဒုတိယအကြီးအကဲက ပို၍ ပျော်ရွှင်လာသည်။ သူ့ကို ပို၍ ပီတိဖြစ်လာစေသည်က ဘိုးဘေးထံမှ အမွေဆက်ခံလိုက်ရသည့်အတွက်ပင်။
လူငယ်မျိုးဆက်သည် နှစ်တစ်သောင်းဟောကိန်းအရ နောက်ဆုံးကာလ ဖြစ်သည်။
ဟောကိန်းအရ လူငယ်ခေါင်းဆောင်သည် လောကသခင်နောက်သို့ လိုက်၍ ထို့ပါကလန်တစ်ခုလုံးကို စကြဝဠာထဲသို့ ပြန်လည်ဦးဆောင်သွားနိုင်ပြီး ကလန်၏ ဂုဏ်ကျက်သရေကို ပြန်လည် ယူဆောင်ပေးနိုင်ပေလိမ့်မည်။
လွန်ခဲ့သည့် နှစ်တစ်သောင်းခန့် ထို့ပါကလန်၏ ဘိုးဘေးသည် ခြေချိတ်ထိုင်၍ သေခြင်းတရားအား စောင့်ဆိုင်းမနေခင် အမွေတစ်ခု ထားခဲ့သည်။
ထိုအမွေသည် လောကသခင်နောက်သို့ လိုက်လံခစားမည့် သူအတွက် ထားခဲ့သော လက်ဆောင် ဖြစ်သည်။
ထို့ကြောင့် အကြီးအကဲတိုင်း သာမက ထို့ပါဟိုင်ပါ ထိုအမွေကို ရချင်ကြသည်။ အကြီးအကဲများ ပြောဆိုနေကြပြီးနောက် လူနှစ်ယောက်သည် အခန်းထဲသို့ ဖြည်းဖြည်းချင်း ဝင်လာကြသည်။
ရှေ့မှလူသည် ထို့ပါယွင်ပင် ဖြစ်သည်။ ဓားဒဏ်ရာများ၊ သွေးများနှင့် ပေကျံနေပြီး သူသည် ချက်ချင်းဆိုသလို ခန်းမထဲမှ အခြားသူများကို ဂါဝရပြု၍ နှုတ်ဆက်လာသည်။
“ခေါင်းဆောင်၊ အကြီးအကဲတို့”
ထို့ပါယွင်၏ ဒဏ်ရာများကို သတိပြုမိသဖြင့် ဒုတိယအကြီးအကဲ၏ အကြီးအကဲက ပို၍ တောက်ပလာပြီး မေးလိုက်သည်။
“ထို့ပါယွင် မင်းရဲ့ ဒဏ်ရာတွေအရဆို မင်း ရှုံးသွားပြီနဲ့ တူတယ်။ ငါ့သား ချင်းရှန် ဘယ်မလဲ”
ယခုအချိန်တွင် အားလုံး၏ အာရုံများက ထို့ပါယွင်ထံသို့ ကျရောက်နေကြသည်။ သို့သော် ထို့ပါယွင်၏ စကားများက အခြားသူများအား နားဝေတိမ်တောင် ဖြစ်သွားစေသည်။
“ရှုံးသွားတယ်”
*ဘာရယ်*
ခန်းမထဲမှ မည်သူမျှ ထို့ပါယွင်၏ စကားကို မယုံကြပေ၊ အထူးသဖြင့် ဒုတိယ အကြီးအကဲပင်။ သူက မျက်မှောင်ကြုတ်၍ ထို့ပါယွင်အား စိုက်ကြည့်ကာ အလွန် စိတ်ရှုပ်နေဟန်ဖြင့် ခပ်သွက်သွက် မေးလိုက်သည်။
“ထို့ပါယွင် ဘယ်သူ ရှုံးတာလဲ၊ ရှင်းအောင် ပြောစမ်း”
“ခင်ဗျားသား ထို့ပါချင်းရှန် ရှုံးသွားတာ”
သူ့စကားကြောင့် ခန်းမတစ်ခုလုံး ပွက်လောရိုက်သွားသည်။ အကြီးအကဲတိုင်း တအံ့တဩ ဖြစ်နေကြသည်။
ထို့ပါကလန်ခေါင်းဆောင် ထို့ပါဟိုင်တောင်မှ အံ့ဩသွားသော အမူအရာ ဖြစ်နေသည်။
ထို့ပါချင်းရှန်သည် လူငယ်မျိုးဆက်များကြားတွင် အသန်မာဆုံးလူ ဖြစ်သည်။ သူက ဘယ်လိုလုပ် ရှုံးသွားရတာပါလိမ့်။
“လုံးဝ မဖြစ်နိုင်ဘူး”
ဒုတိယ အကြီးအကဲသည် ချက်ချင်း ထိုင်ခုံမှ လွှားခနဲ ထခုန်ကာ ထို့ပါယွင်အား စိုက်ကြည့်ရင်း ဒေါသထွက်နေသော ခြင်္သေ့ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်လွှတ်ကာ ကြုံးဝါးလာသည်။
“မင်း လိမ်နေတာ။ မင်းတစ်ယောက်တည်းကပဲ ချင်းရှန်နဲ့ လူငယ်ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်လို့ရတာ။ ချင်းရှန်က ဒဏ္ဍာရီလာ အလယ်အလတ်အဆင့်လေ၊ မင်းက ဒဏ္ဍာရီလာ အစောပိုင်းအဆင့်ပဲ ရှိသေးတာ”
“ဘယ်လိုလုပ် ငါ့သားက မင်းဆီမှာ ရှုံးသွားရမှာလဲ”
သူ့စကားအဆုံးတွင် လူငယ်များစွာက အခန်းထဲသို့ ဖျပ်ခနဲ ပြေးဝင်လာကာ တိုင်ကြားလေတော့သည်။
“ထို့ပါယွင်က ကလိမ်ကျတာပါ”
မကျေနပ်ချက်များကို ကြားလိုက်ရပြီးနောက် ထိုအသံပိုင်ရှင်များက ထို့ပါချင်းရှန်နှင့် သူ့နောက်လိုက်များ ဖြစ်သည်ကို အကြီးအကဲများ သတိပြုလိုက်မိသည်။
သို့သော် ထို့ပါချင်းရှန်သည် အလွန် ရှက်ရွံ့နေပုံရသည်။ သူ၏ ဝမ်းဗိုက်အောက်ပိုင်းသည် သွေးအလိမ်းလိမ်းနှင့် ဖြစ်နေပြီး ရင်ဘတ်ရှိ အရိုးများသည်လည်း ကျိုးကြေလို့နေသည်။ သူ့တစ်ကိုယ်လုံး သွေးတရဲရဲနှင့် ဖြစ်နေ၏။
ခန်းမထဲဝင်လာသည်နှင့် ထို့ပါချင်းရှန်က ဒူးထောက်ကာ တောင်းပန်လေတော့သည်။
“ခေါင်းဆောင်၊ အကြီးအကဲတို့ ကျွန်တော့်ကို ကူညီပေးပါ။ ထို့ပါယွင်က ကျွန်တော့်ကို အနိုင်ရဖို့ နိုင်ငံခြားသားနဲ့ ပေါင်းကြံတာပါ”
*ဘာ*
ထို့ပါချင်းရှန်၏ ရှင်းပြချက်ကို ကြားပြီးနောက် အကြီးအကဲတိုင်း၏ မျက်နှာများက ချက်ချင်းဆိုသလို လေးနက်လာကြသည်။
ထို့နောက် ထို့ပါချင်းရှန်၏ နောက်လိုက်များအားလုံးက ဒူးထောက်ကာ ခပ်သွက်သွက် ထပ်ပြောလာသည်။
“ဟုတ်ပါတယ်၊ ကျွန်တော်တို့လည်း အဲ့ဒါကို မြင်ခဲ့ကြပါတယ်။ ထို့ပါယွင်က ချင်းရှန်ကို အနိုင်ရဖို့ နိုင်ငံခြားသားနဲ့ ပေါင်းကြံခဲ့တာပါ”
“အဲ့နို်ငငံခြားသားက ဘယ်လိုအောက်လမ်းပညာတွေ သုံးလိုက်လဲ မသိပါဘူး။ သူက ထို့ပါယွင်ကို အရမ်း ကူညီခဲ့တာပါ”
“အဲ့ဒီနိင်ငံခြားသားက ထို့ပါယွင်ကို ကူညီခဲ့တာပါ။ သူ သေသင့်ပါတယ်”
သူတို့၏ စကားများကို ကြားပြီးနောက် အကြီးအကဲများ၏ အကြည့်များက ယဲ့ဖန်ထံသို့ ပြင်းထန်စွာ ကျရောက်လာသည်။
ဒုတိယ အကြီးအကဲသည် ဒေါသထွက်လာပြီး သူ့မျက်လုံးများက ရက်စက်မှုများနှင့် ပြည့်နှက်လာသည်။
“ဟေ့ကောင်လေး၊ မင်းကများ ငါ့သားကို ထိခိုက်အောင် လုပ်ဝံ့တာလား။ မင်းက ထို့ပါကလန်ထဲကို ခြေချရဲတယ်ပေါ့လေ။ မင်း သေချင်နေပြီပဲ”
“သူ့ကို ဖမ်းကြစမ်း”
ဒုတိယအကြီးအကဲ၏ အမိန့်သံနှင့်အတူ သိုင်းပညာရှင်တစ်ဖွဲ့က ခန်းမထဲသို့ လှစ်ခနဲ ရောက်ရှိလာကြသည်။
သို့သော် ထိုသိုင်းပညာရှင်များက ယဲ့ဖန်ထံသို့ ပြေးဝင်လာကြသည့် အချိန်တွင် ထို့ပါဟိုင်က အသည်းအသန် လက်ကာပြ၍ အမိန့်ပေးလိုက်သည်။
“ရပ်စမ်း”
သူ့အမိန့်ကြောင့် သိုင်းပညာရှင်များက သူတို့၏ တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်လိုက်သည်။ ထို့နောက် ထို့ပါဟိုင်က ယဲ့ဖန်အား စိုက်ကြည့်၍ ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ကောင်လေး မင်း ဘယ်သူလဲ”
ထိုသို့ရှိနေစဉ်တွင် ယဲ့ဖန်က တစ်ချိန်လုံး ရပ်မြဲရပ်နေကာ ခြေတစ်လှမ်းတောင် မလှမ်းပေ။ ယဲ့ဖန်က ရပ်မြဲတိုင်း ရပ်ကာ အကြီးအကဲများကို လျစ်လျူရှုကာ ထို့ပါကလန် ဘိုးဘေးဖြစ်သူ၏ ပန်းချီကားကိုသာ စိုက်ကြည့်နေသည်။
သူသည် ပန်းချီကားထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ ထို့နောက် ပန်းချီကားထဲမှ နတ်မိမယ်လေးကို ကြည့်ရင်း သူက ရှုပ်ထွေး၍ မဟေဠိဆန်သော မျက်လုံးများဖြင့် ရေရွတ်လာသည်။
“နတ်မိမယ်ချင်း မတွေ့ရတာ နှစ်တစ်သောင်းတောင် ရှိပြီပဲ”
#Zawgyi
စာစဥ္ (24) CHAPTER (350) မေတြ႕ရတာ ႏွစ္တစ္ေသာင္းေတာင္ ရွိၿပီ
ထို႔ပါကလန္၏ ကလန္ေခါင္းေဆာင္ႏွင့္ အႀကီးအကဲမ်ား ကလန္၏ ဧည့္ခန္းမေဆာင္၌ စုစည္းေနၾကသျဖင့္ သူတို႔၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ ခ်ီဓာတ္မ်ားက ကလန္တစ္ခုလုံးအား ပ်ံ႕ႏွံ႔လို႔ေနသည္။
ထို႔ပါဟိုင္သည္ ထို႔ပါကလန္၏ ကလန္ေခါင္းေဆာင္ ျဖစ္ၿပီး တကယ့္ နတ္ဘုရားလည္း ျဖစ္သျဖင့္ သူ၏ ခ်ီဓာတ္က အျခားသူမ်ားအား အႀကီးအက်ယ္ ထိတ္လန႔္ေစသည္။
“ေခါင္းေဆာင္ က်ဳပ္တို႔ တံခါးပိတ္ ေနေနတာကို ရပ္လိုက္ၾကရေအာင္။ က်ဳပ္တို႔ အရင္းအျမစ္ေတြက တစ္ေန႔ၿပီးတစ္ေန႔ နည္းနည္းလာၿပီ။ ၿပီးေတာ့ က်ဳပ္တို႔ရဲ႕ မ်ိဳးဆက္သစ္ လူငယ္ေတြထဲမွာ ထူးခြၽန္တဲ့ သိုင္းပညာရွင္ေတြ ကင္းမဲ့ေနၿပီ။ ဒီလိုသာ ဆက္သြားေနမယ္ဆိုရင္ က်ဳပ္တို႔ကလန္က အျခားကလန္သုံးခု ဝိုင္းပယ္တာ ခံရလိမ့္မယ္”
မဟာအႀကီးအကဲက စိုးရိမ္တႀကီးႏွင့္ အႀကံေပးလာသည္။ ဒုတိယအႀကီးအကဲကလည္း ေဖ်ာင္းဖ်လာ၏။
“ေခါင္းေဆာင္ က်ဳပ္ မဟာအႀကီးအကဲေျပာတာကို သေဘာတူတယ္။ က်ဳပ္တို႔ ဒီ့ထက္ၾကာေအာင္ မေစာင့္သင့္ေတာ့ဘူး။ က်ဳပ္တို႔ရဲ႕ ေလာကသခင္ရဲ႕ မ်ိဳးဆက္ဆီက ဘာအရိပ္လကၡဏာမွ မရတာ ႏွစ္တစ္ေသာင္း ျပည့္ေတာ့မယ္။ ဘိုးေဘးရဲ႕ ေဟာကိန္းနဲ႔ လက္ေတြ႕ဘဝက ေသြဖည္ေနၿပီလို႔ က်ဳပ္ ထင္တယ္။ က်ဳပ္တို႔ ဒီ့ထက္ၾကာေအာင္ ေစာင့္ေနတာက အက်ိဳးမရွိဘူးလို႔ပဲ က်ဳပ္ ထင္မိတယ္”
ထို႔ပါကလန္တြင္း၌ ေလာကသခင္က အခ်ိန္မီ ေရာက္ရွိလာမည္မဟုတ္ ဟူေသာ ေနာက္ထပ္ တိုးတိုးတိတ္တိတ္ ေကာလဟာလ သတင္းလည္း ရွိေနသည္။
ထိုေကာလဟာလသည္ တျဖည္းျဖည္းႏွင့္ ပို၍ လူသိမ်ားလာသည္။ မ်ိဳးႏြယ္တြင္း က်င့္ႀကံျခင္း အရင္းအျမစ္ နည္းပါးလာျခင္းႏွင့္အတူ လူမ်ားစြာက ထိုေကာလဟာလအား ပို၍ ေထာက္ခံလာၾကသည္။
ထို႔ေၾကာင့္ ေဟာကိန္းကို ယခုထိ ဖက္တြယ္ေနေသးေသာ ကလန္ေခါင္းေဆာင္ ထို႔ပါဟိုင္မွလြဲ၍ ထို႔ပါကလန္၏ အေရးပါေသာသူမ်ားက တံခါးပိတ္ ေနသည္ကို အဆုံးသတ္ရန္ မေစာင့္ႏိုင္ၾကေတာ့ေပ။
သူတို႔၏ လက္ခံခ်င္လာေအာင္ ေျပာေနေသာ စကားမ်ားေၾကာင့္ ထို႔ပါဟိုင္ မ်က္ႏွာ သုန္မႈန္ေနသည္။
ထို႔ေနာက္ ထိုင္ေနရာမွ ျဖည္းျဖည္းခ်င္းထ၍ ခန္းမအလယ္၌ ခ်ိတ္ဆြဲထားေသာ အမ်ိဳးသမီး တစ္ေယာက္၏ ပန္းခ်ီကားထံသို႔ မခ်ိတင္ကဲၿပဳံး၍ ေလွ်ာက္သြားလိုက္သည္။
ပန္းခ်ီကားထဲမွ မိန္းမလွေလးသည္ ထို႔ပါကလန္၏ ဘိုးေဘးျဖစ္သူ ထို႔ပါခ်င္း ျဖစ္သည္။
“ထို႔ပါကလန္က ႏွစ္တစ္ေသာင္းအေက်ာ္မွာ ေလာကသခင္ ေရာက္လာမွာကို မေစာင့္ႏိုင္ေတာ့မွာက တကယ္ပဲလား”
ထို႔ပါဟိုင္ မ်က္ေမွာင္ၾကဳတ္ရင္း ေရ႐ြတ္လိုက္မိသည္။ ေလာကသခင္ႏွင့္ ပတ္သတ္သည့္ ေဟာကိန္းသည္ ထို႔ပါကလန္သားတိုင္း၏ စိတ္ထဲ၌ ယုံၾကည္မႈတစ္ခု ျဖစ္သည္။
သို႔ေသာ္ ႏွစ္တစ္ေသာင္း ျပည့္ခါနီးေလာက္တြင္ သူတို႔သည္ သူတို႔၏ ယုံၾကည္မႈႏွင့္ ဆုံေတြ႕ရန္ ပ်က္ကြက္ခဲ့သည္။ ထို႔ေၾကာင့္ ထို႔ပါကလန္မွ လူမ်ားသည္ စိတ္ပ်က္မႈေၾကာင့္ အလြန္အမင္း မခ်င့္မရဲ ျဖစ္ေနၾကသည္။
ထို႔ပါဟိုင္ေတာင္မွ ခ်ီတုံခ်တုံ ျဖစ္ေနစဥ္ ကလန္သားတစ္ေယာက္က ခန္းမထဲသို႔ ခပ္သြက္သြက္ လာေနသည္ကို သတိထားလိုက္မိသည္။
ထို႔ေနာက္ ထိုကလန္သားက သတင္းပို႔လာ၏။
“ေခါင္းေဆာင္ ထို႔ပါယြင္ ျပန္လာပါၿပီ”
ထို႔ပါယြင္လား။
သူသည္ ထို႔ပါကလန္၏ မ်ိဳးဆက္သစ္လူငယ္မ်ားၾကား၌ လူငယ္ေခါင္းေဆာင္ေနရာအတြက္ ထို႔ပါခ်င္းရွန္ႏွင့္ ယွဥ္ၿပိဳင္ရမည့္ တစ္ဦးတည္းေသာသူပင္။
ထို႔ပါယြင္ ျပန္ေရာက္လာမႈက လူငယ္ေခါင္းေဆာင္ ေနရာအတြက္ ယွဥ္ၿပိဳင္ျခင္း ၿပီးဆုံးသြားၿပီဟု ေဖာ္ျပေနသည္။
“သူ႔ကို အထဲဝင္ခိုင္းလိုက္”
ထို႔ပါဟိုင္က ေျပာရင္း လက္ေဝ့ယမ္းလိုက္ျပသည္။ အမိန႔္ကို ရၿပီးေနာက္ ထိုကလန္သားက ခ်က္ခ်င္း ခန္းမထဲမွ ျပန္ထြက္သြားသည္။
“ဟားဟား…”
ဒုတိယ အႀကီးအကဲက က်ယ္ေလာင္စြာ ရယ္ေမာလာသည္။
“ထို႔ပါယြင္ ျပန္လာၿပီတဲ့၊ ဒါက က်ဳပ္သား ခ်င္းရွန္က လူငယ္ေခါင္းေဆာင္ဆိုတဲ့ ရာထူးကို ရၿပီးသြားၿပီလို႔ ေျပာခ်င္တာပဲ”
ဒုတိယအႀကီးအကဲသည္ ထို႔ပါခ်င္းရွန္၏ အေဖပင္။ သူ႔စကားေၾကာင့္ ခန္းမထဲက အျခားအႀကီးအကဲမ်ားက ေခါင္းညိတ္လာၾကသည္။
လူငယ္မ်ိဳးဆက္မ်ားၾကားတြင္ အသန္မာဆုံး သိုင္းပညာရွင္ ျဖစ္သည့္အတြက္ ထို႔ပါခ်င္းရွန္သည္ တိုက္ပြဲကို မုခ် ႏိုင္ေပလိမ့္မည္။
ထို႔ေၾကာင့္ အႀကီးအကဲမ်ားသည္ ဒုတိယအႀကီးအကဲအား ဂုဏ္ျပဳစကားဆိုရင္ ခပ္သြက္သြက ္ေရွ႕သို႔ တိုးလာၾကသည္။
အျခားအႀကီးအကဲမ်ား၏ ဂုဏ္ျပဳစကားကို ၾကားရသျဖင့္ ဒုတိယအႀကီးအကဲက ပို၍ ေပ်ာ္႐ႊင္လာသည္။ သူ႔ကို ပို၍ ပီတိျဖစ္လာေစသည္က ဘိုးေဘးထံမွ အေမြဆက္ခံလိုက္ရသည့္အတြက္ပင္။
လူငယ္မ်ိဳးဆက္သည္ ႏွစ္တစ္ေသာင္းေဟာကိန္းအရ ေနာက္ဆုံးကာလ ျဖစ္သည္။
ေဟာကိန္းအရ လူငယ္ေခါင္းေဆာင္သည္ ေလာကသခင္ေနာက္သို႔ လိုက္၍ ထို႔ပါကလန္တစ္ခုလုံးကို စၾကဝဠာထဲသို႔ ျပန္လည္ဦးေဆာင္သြားႏိုင္ၿပီး ကလန္၏ ဂုဏ္က်က္သေရကို ျပန္လည္ ယူေဆာင္ေပးႏိုင္ေပလိမ့္မည္။
လြန္ခဲ့သည့္ ႏွစ္တစ္ေသာင္းခန႔္ ထို႔ပါကလန္၏ ဘိုးေဘးသည္ ေျခခ်ိတ္ထိုင္၍ ေသျခင္းတရားအား ေစာင့္ဆိုင္းမေနခင္ အေမြတစ္ခု ထားခဲ့သည္။
ထိုအေမြသည္ ေလာကသခင္ေနာက္သို႔ လိုက္လံခစားမည့္ သူအတြက္ ထားခဲ့ေသာ လက္ေဆာင္ ျဖစ္သည္။
ထို႔ေၾကာင့္ အႀကီးအကဲတိုင္း သာမက ထို႔ပါဟိုင္ပါ ထိုအေမြကို ရခ်င္ၾကသည္။ အႀကီးအကဲမ်ား ေျပာဆိုေနၾကၿပီးေနာက္ လူႏွစ္ေယာက္သည္ အခန္းထဲသို႔ ျဖည္းျဖည္းခ်င္း ဝင္လာၾကသည္။
ေရွ႕မွလူသည္ ထို႔ပါယြင္ပင္ ျဖစ္သည္။ ဓားဒဏ္ရာမ်ား၊ ေသြးမ်ားႏွင့္ ေပက်ံေနၿပီး သူသည္ ခ်က္ခ်င္းဆိုသလို ခန္းမထဲမွ အျခားသူမ်ားကို ဂါဝရျပဳ၍ ႏႈတ္ဆက္လာသည္။
“ေခါင္းေဆာင္၊ အႀကီးအကဲတို႔”
ထို႔ပါယြင္၏ ဒဏ္ရာမ်ားကို သတိျပဳမိသျဖင့္ ဒုတိယအႀကီးအကဲ၏ အႀကီးအကဲက ပို၍ ေတာက္ပလာၿပီး ေမးလိုက္သည္။
“ထို႔ပါယြင္ မင္းရဲ႕ ဒဏ္ရာေတြအရဆို မင္း ရႈံးသြားၿပီနဲ႔ တူတယ္။ ငါ့သား ခ်င္းရွန္ ဘယ္မလဲ”
ယခုအခ်ိန္တြင္ အားလုံး၏ အာ႐ုံမ်ားက ထို႔ပါယြင္ထံသို႔ က်ေရာက္ေနၾကသည္။ သို႔ေသာ္ ထို႔ပါယြင္၏ စကားမ်ားက အျခားသူမ်ားအား နားေဝတိမ္ေတာင္ ျဖစ္သြားေစသည္။
“ရႈံးသြားတယ္”
*ဘာရယ္*
ခန္းမထဲမွ မည္သူမွ် ထို႔ပါယြင္၏ စကားကို မယုံၾကေပ၊ အထူးသျဖင့္ ဒုတိယ အႀကီးအကဲပင္။ သူက မ်က္ေမွာင္ၾကဳတ္၍ ထို႔ပါယြင္အား စိုက္ၾကည့္ကာ အလြန္ စိတ္ရႈပ္ေနဟန္ျဖင့္ ခပ္သြက္သြက္ ေမးလိုက္သည္။
“ထို႔ပါယြင္ ဘယ္သူ ရႈံးတာလဲ၊ ရွင္းေအာင္ ေျပာစမ္း”
“ခင္ဗ်ားသား ထို႔ပါခ်င္းရွန္ ရႈံးသြားတာ”
သူ႔စကားေၾကာင့္ ခန္းမတစ္ခုလုံး ပြက္ေလာ႐ိုက္သြားသည္။ အႀကီးအကဲတိုင္း တအံ့တဩ ျဖစ္ေနၾကသည္။
ထို႔ပါကလန္ေခါင္းေဆာင္ ထို႔ပါဟိုင္ေတာင္မွ အံ့ဩသြားေသာ အမူအရာ ျဖစ္ေနသည္။
ထို႔ပါခ်င္းရွန္သည္ လူငယ္မ်ိဳးဆက္မ်ားၾကားတြင္ အသန္မာဆုံးလူ ျဖစ္သည္။ သူက ဘယ္လိုလုပ္ ရႈံးသြားရတာပါလိမ့္။
“လုံးဝ မျဖစ္ႏိုင္ဘူး”
ဒုတိယ အႀကီးအကဲသည္ ခ်က္ခ်င္း ထိုင္ခုံမွ လႊားခနဲ ထခုန္ကာ ထို႔ပါယြင္အား စိုက္ၾကည့္ရင္း ေဒါသထြက္ေနေသာ ျခေသၤ့ကဲ့သို႔ ေၾကာက္မက္ဖြယ္ေကာင္းေသာ ခ်ီဓာတ္ကို ထုတ္လႊတ္ကာ ႀကဳံးဝါးလာသည္။
“မင္း လိမ္ေနတာ။ မင္းတစ္ေယာက္တည္းကပဲ ခ်င္းရွန္နဲ႔ လူငယ္ေခါင္းေဆာင္ေနရာအတြက္ ယွဥ္ၿပိဳင္လို႔ရတာ။ ခ်င္းရွန္က ဒ႑ာရီလာ အလယ္အလတ္အဆင့္ေလ၊ မင္းက ဒ႑ာရီလာ အေစာပိုင္းအဆင့္ပဲ ရွိေသးတာ”
“ဘယ္လိုလုပ္ ငါ့သားက မင္းဆီမွာ ရႈံးသြားရမွာလဲ”
သူ႔စကားအဆုံးတြင္ လူငယ္မ်ားစြာက အခန္းထဲသို႔ ဖ်ပ္ခနဲ ေျပးဝင္လာကာ တိုင္ၾကားေလေတာ့သည္။
“ထို႔ပါယြင္က ကလိမ္က်တာပါ”
မေက်နပ္ခ်က္မ်ားကို ၾကားလိုက္ရၿပီးေနာက္ ထိုအသံပိုင္ရွင္မ်ားက ထို႔ပါခ်င္းရွန္ႏွင့္ သူ႔ေနာက္လိုက္မ်ား ျဖစ္သည္ကို အႀကီးအကဲမ်ား သတိျပဳလိုက္မိသည္။
သို႔ေသာ္ ထို႔ပါခ်င္းရွန္သည္ အလြန္ ရွက္႐ြံ႕ေနပုံရသည္။ သူ၏ ဝမ္းဗိုက္ေအာက္ပိုင္းသည္ ေသြးအလိမ္းလိမ္းႏွင့္ ျဖစ္ေနၿပီး ရင္ဘတ္ရွိ အ႐ိုးမ်ားသည္လည္း က်ိဳးေၾကလို႔ေနသည္။ သူ႔တစ္ကိုယ္လုံး ေသြးတရဲရဲႏွင့္ ျဖစ္ေန၏။
ခန္းမထဲဝင္လာသည္ႏွင့္ ထို႔ပါခ်င္းရွန္က ဒူးေထာက္ကာ ေတာင္းပန္ေလေတာ့သည္။
“ေခါင္းေဆာင္၊ အႀကီးအကဲတို႔ ကြၽန္ေတာ့္ကို ကူညီေပးပါ။ ထို႔ပါယြင္က ကြၽန္ေတာ့္ကို အႏိုင္ရဖို႔ ႏိုင္ငံျခားသားနဲ႔ ေပါင္းႀကံတာပါ”
*ဘာ*
ထို႔ပါခ်င္းရွန္၏ ရွင္းျပခ်က္ကို ၾကားၿပီးေနာက္ အႀကီးအကဲတိုင္း၏ မ်က္ႏွာမ်ားက ခ်က္ခ်င္းဆိုသလို ေလးနက္လာၾကသည္။
ထို႔ေနာက္ ထို႔ပါခ်င္းရွန္၏ ေနာက္လိုက္မ်ားအားလုံးက ဒူးေထာက္ကာ ခပ္သြက္သြက္ ထပ္ေျပာလာသည္။
“ဟုတ္ပါတယ္၊ ကြၽန္ေတာ္တို႔လည္း အဲ့ဒါကို ျမင္ခဲ့ၾကပါတယ္။ ထို႔ပါယြင္က ခ်င္းရွန္ကို အႏိုင္ရဖို႔ ႏိုင္ငံျခားသားနဲ႔ ေပါင္းႀကံခဲ့တာပါ”
“အဲ့ႏို္ငငံျခားသားက ဘယ္လိုေအာက္လမ္းပညာေတြ သုံးလိုက္လဲ မသိပါဘူး။ သူက ထို႔ပါယြင္ကို အရမ္း ကူညီခဲ့တာပါ”
“အဲ့ဒီနိင္ငံျခားသားက ထို႔ပါယြင္ကို ကူညီခဲ့တာပါ။ သူ ေသသင့္ပါတယ္”
သူတို႔၏ စကားမ်ားကို ၾကားၿပီးေနာက္ အႀကီးအကဲမ်ား၏ အၾကည့္မ်ားက ယဲ့ဖန္ထံသို႔ ျပင္းထန္စြာ က်ေရာက္လာသည္။
ဒုတိယ အႀကီးအကဲသည္ ေဒါသထြက္လာၿပီး သူ႔မ်က္လုံးမ်ားက ရက္စက္မႈမ်ားႏွင့္ ျပည့္ႏွက္လာသည္။
“ေဟ့ေကာင္ေလး၊ မင္းကမ်ား ငါ့သားကို ထိခိုက္ေအာင္ လုပ္ဝံ့တာလား။ မင္းက ထို႔ပါကလန္ထဲကို ေျခခ်ရဲတယ္ေပါ့ေလ။ မင္း ေသခ်င္ေနၿပီပဲ”
“သူ႔ကို ဖမ္းၾကစမ္း”
ဒုတိယအႀကီးအကဲ၏ အမိန႔္သံႏွင့္အတူ သိုင္းပညာရွင္တစ္ဖြဲ႕က ခန္းမထဲသို႔ လွစ္ခနဲ ေရာက္ရွိလာၾကသည္။
သို႔ေသာ္ ထိုသိုင္းပညာရွင္မ်ားက ယဲ့ဖန္ထံသို႔ ေျပးဝင္လာၾကသည့္ အခ်ိန္တြင္ ထို႔ပါဟိုင္က အသည္းအသန္ လက္ကာျပ၍ အမိန႔္ေပးလိုက္သည္။
“ရပ္စမ္း”
သူ႔အမိန႔္ေၾကာင့္ သိုင္းပညာရွင္မ်ားက သူတို႔၏ တိုက္ခိုက္မႈကို ခ်က္ခ်င္း ရပ္တန႔္လိုက္သည္။ ထို႔ေနာက္ ထို႔ပါဟိုင္က ယဲ့ဖန္အား စိုက္ၾကည့္၍ ဇေဝဇဝါျဖင့္ ေမးလိုက္သည္။
“ေကာင္ေလး မင္း ဘယ္သူလဲ”
ထိုသို႔ရွိေနစဥ္တြင္ ယဲ့ဖန္က တစ္ခ်ိန္လုံး ရပ္ၿမဲရပ္ေနကာ ေျခတစ္လွမ္းေတာင္ မလွမ္းေပ။ ယဲ့ဖန္က ရပ္ၿမဲတိုင္း ရပ္ကာ အႀကီးအကဲမ်ားကို လ်စ္လ်ဴရႈကာ ထို႔ပါကလန္ ဘိုးေဘးျဖစ္သူ၏ ပန္းခ်ီကားကိုသာ စိုက္ၾကည့္ေနသည္။
သူသည္ ပန္းခ်ီကားထံသို႔ ျဖည္းျဖည္းခ်င္း ေလွ်ာက္လာသည္။ ထို႔ေနာက္ ပန္းခ်ီကားထဲမွ နတ္မိမယ္ေလးကို ၾကည့္ရင္း သူက ရႈပ္ေထြး၍ မေဟဠိဆန္ေသာ မ်က္လုံးမ်ားျဖင့္ ေရ႐ြတ္လာသည္။
“နတ္မိမယ္ခ်င္း မေတြ႕ရတာ ႏွစ္တစ္ေသာင္းေတာင္ ရွိၿပီပဲ”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now