Chapter 222

1.4K 169 0
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (15) Chapter (222) နတ်ဆိုးတောင်ကြားသို့ ဝင်ရောက်ခြင်း

ကီလိုမီတာများစွာအား စက္ကန့်ပိုင်းအတွင်း လေထုကို တစ်ဟုန်ထိုး ဖြတ်သန်း၍ ဝူနတ်ဘုရား၏ အနောက်တောင်ဘက်ခြမ်းသို့ လူငယ်တစ်ယောက် ဦးတည်သွားလာလို့နေသည်။

ထိုလူငယ်ကား ယဲ့ဖန်ပင် ဖြစ်သည်။

မဟာ ဝူနတ်ဘုရားက ရွှင်းအာအား နတ်ဆိုးတောင်ကြား၏ အရှင်သခင်တစ်ယောက်ဆီသို့ ယဇ်ကောင်အဖြစ် ယဇ်ပူဇော်တော့မည်ဟူသော သတင်းကို အစောပိုင်းလေးတင် မိစ္ဆာ ဝိညာဉ်ရိုင်းထံမှ သူ ရလိုက်သည်။

ထို့ပြင် နတ်ဆိုးတောင်ကြားကလည်း ပွင့်နေပြီ ဖြစ်သည်။

သူ၏ တောက်ပသော ရွှေရောင် နံပါတ်ပြား၏ လမ်းပြမှုကြောင့် ယဲ့ဖန်သည် နတ်ဆိုးတောင်ကြားသို့ အလင်းထက် မြန်သော နှုန်းဖြင့် တစ်ဟုန်ထိုး ပြေးနေသည်။

မြန်မြန် …. မြန်မြန် …. မြန်မြန်…

ယဲ့ဖန်၏ မျက်လုံးများက နီရဲလို့နေ၏။

သူနှင့်အတူ မည်သူ့ကိုမှ သူ မခေါ်ခဲ့၊ အဘယ်ကြောင့်ဆိုသော် ဆရာသခင်အဆင့်ထက် မြင့်သော သိုင်းပညာရှင်တိုင်း နတ်ဆိုးတောင်ကြားသို့ ဝင်ရောက်လို့ မရနိုင်သောကြောင့်ပင်။

နတ်ဆိုးတောင်ကြားမှ အရှင်သခင်၏ ကျေးကျွန်ဖြစ်သောကြောင့် မဟာဝူနတ်ဘုရားက ဝင်ရောက်ခွင့် ရှိသည်။

"ငါ နတ်ဆိုးတောင်ကြားကို နေမဝင်ခင် ရောက်မှ ဖြစ်မယ် မဟုတ်ရင် ရွှင်းအာ သေသွားလိမ့်မယ်"

ယဲ့ဖန်၏ မျက်နှာက ပြာနှမ်းနေပြီး သူ၏ ပြေးနှုန်းက အရှိန်မြှင့်လိုက်သည်။

တစ်နာရီခန့် ခြေလျင် ခရီးဆန့်ပြီးနောက် ယဲ့ဖန်သည် ဧရာမ တောင်တန်းကြီး၏ ရှေ့သို့ ရောက်လာသည်။

မြင့်မားသော တောင်တစ်လုံးဆီတိုင်းက ပုံးကွယ်နေသော နဂါးတစ်ကောင်၏ သဏ္ဌာန်ကို ဖော်ပြနေသလိုပင်။

ထို့ပြင် သူ တောင်ခြေသို့ ရောက်လာပြီးနောက် ယခင်ကတည်းက စောင့်ဆိုင်းလျက် ရှိသည့် အရှေ့တောင်အာရှ လူငယ် ရှစ်ယောက်၏ အနောက်သို့ ရောက်သွားသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now