Chapter 273

1.3K 143 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (19) CHAPTER (273) ကြောက်စရာအကောင်းဆုံးလူ

ခြေသံတစ်ချို့နဲ့အတူ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် ငရဲမှ ထွက်ပေါ်လာသကဲ့သို့ မှောင်ရိပ်ထဲမှ ထွက်လာသည်။
သူ၏ ဖိနှိပ်နိုင်သော ကြမ်းကြုတ်သည့် ချီဓာတ်သည် သူတောင်းစားအိုကြီးနှင့် ယန်အာတို့အား မျက်ခုံး လှုပ်သွားစေရသည်။
"ဘိုးဘိုး…အစ်ကိုကြီး"
ယန်အာသည် အနည်းငယ် ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။
သူမ သူ့ကို မှတ်မိပါသည်။ သူမ သူတောင်းစားငယ်လေးအဖြစ် အယောင်ဆောင်ခဲ့စဉ်က သူမသည် ရုံးဝန်ထမ်းတစ်ယောက်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။ ထိုပြဿနာထဲမှ သူမကို ကူညီဆွဲထုတ်ပေးခဲ့သူက ဤလူငယ်လေး ဖြစ်ပေသည်။ သူက သူမကို စကားအချို့တောင်မှ မှာသွားခဲ့သေးသည်။
"မှတ်ထားပါ … အကယ်၍ တစ်စုံတစ်ယောက်က မင်းကို အနာဂတ်မှာ ရိုက်နှက်လာမယ်ဆို မင်း သူတို့ကို ပြန်ရိုက်နှက်ရမယ်"
"အကယ်၍ လူတစ်ယောက်က မင်းကို ရိုက်ရင် အဲ့တစ်ယောက်ကို ပြန်ရိုက် … အကယ်၍ လူဆယ်ယောက်က မင်းကို ရိုက်တာဆိုရင် မင်း သူတို့အားလုံးကို ပြန်ရိုက်ရမယ်"
"မင်း သူတို့ကို ကြောက်အောင် ထိန်းချုပ်နိုင်လာပြီ ဆိုရင် ဒါမှမဟုတ် မင်း သူတို့ကို သေအောင် ရိုက်သတ်လာနိုင်ပြီ ဆိုရင် ဘယ်သူမှ မင်းကို အနိုင်ကျင့်ရဲတော့မှာ မဟုတ်ဘူး"
ယဲ့ဖန်၏ စကားများက ယန်အာ၏ စိတ်ထဲတွင် အမြဲစွဲနေသည်။ ယန်အာသည် ထိုစကားလုံးများကို သူမ ဘဝတစ်လျှောက်လုံး မှတ်မိနေလောက်သည်။
ထိုအချိန်တွင် ယန်အာက ယဲ့ဖန်အား ရှုပ်ထွေးနေသော ခံစားချက်များ ပါဝင်နေသော မျက်လုံးလှလှလေးများဖြင့် ကြည့်နေသည်။
ယဲ့ဖန်သည် သူမနှင့် စင်တီမီတာလောက်သာ ကွာဝေးတော့သည်။ သို့သော် သူက သူတောင်းစားအိုကြီးနှင့် သူတောင်းစားငယ်လေးတို့ကို လုံးဝ မကြည့်ဘဲ ဝမ်အာကိုသာ စိုက်ကြည့်လို့ နေသည်။
သူမ၏ မျက်ရည်များဖြင့် ရွှဲနေသော ဝင်းပနေသည့် မျက်နှာလေးကို ကြည့်ရင်း သူသည် တောက်ပသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။
"ဝမ်အာ … ငါ မင်းအဘိုးရဲ့ အသက်ကို နုတ်ယူပြီး ဘယ်လိုမုန်းတီးရမယ်ဆိုတာကို မင်းကို သင်ပေးခဲ့တယ်"
"မင်း ကောင်းကောင်း အသက်ရှင် နေထိုင်သင့်မယ် … မင်း လေ့လာ သင်ယူရမယ်…"
သူ ပြောနေရင်း သူမနဖူးပေါ် ဝဲကျနေသည့် ဆံနွယ်လေးအား ဖယ်ပေးလိုက်ရင်း သနားနေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ဤအဖြစ်အပျက်ကို ကြည့်ပြီး သူတောင်းစားအိုကြီးက မချိပြုံး ပြုံး၍ ပြောလိုက်သည်။
"ကောင်ငယ်လေး … စိတ်မပူပါနဲ့ … ငါတို့ သူ့ကို စောင့်ရှောက်မှာပါ"
သူတောင်းစားအိုကြီး၏ စကားအဆုံးတွင် ယဲ့ဖန်က ထိုသူတောင်းစားအိုကြီးအား ရုတ်တရက် တင်းမာသော အကြည့်များဖြင့် ကြည့်လာသည်။ ရုတ်တရက် သူတောင်းစားအိုကြီးသည် သူ့နှလုံးအား အလွန် ထက်သော ဓားနှစ်ချောင်းဖြင့် ထိုးစိုက်ခံရသလို ခံစားလိုက်ရပြီး သူ့မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။
ထို့နောက် ယဲ့ဖန်က ခက်ထန်စွာ ပြောလာသည်။
"ခင်ဗျား ဘယ်သူလဲ ကျုပ် ဂရုမစိုက်ဘူး … ခင်ဗျား နောက်ကွယ်မှာ ဘာအင်အားစု ရှိလဲဆိုတာလည်း ကျုပ် ဂရုမစိုက်ဘူး … သူမက ကျုပ်အပိုင်ပဲ … သူမကို ထိခိုက်အောင် လုပ်တဲ့ဘယ်သူမဆို သေကို သေရမယ်"
ထို့နောက်တွင် လမ်းမတစ်ခုလုံး အေးခဲသွားပြီး ကောင်းကင်ယံမှ ကြယ်လေးများသည် မုန်တိုင်းလာတော့မည့်ဟန်ဖြင့် တိမ်မည်းများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။
လမ်းသည် အလွန် ဆိုးရွား၍ ကြောက်မက်ဖွယ် ကောင်းလာသဖြင့် သူတောင်းအိုကြီးနှင့် သူတောင်းစားငယ်လေးတို့ ချက်ချင်း ကတုန်ကယင် ဖြစ်သွားကြသည်။
"ငါ့ကို ယုံပါ … ငါ နားလည်ပါတယ်"
သူတောင်းစားအိုကြီးက ပြန်ပြောရင်း ယဲ့ဖန်အား လေးနက်စွာ ခေါင်းညိတ်ပြသည်။ ထို့နောက် ယဲ့ဖန်က သူတောင်းစားအိုကြီးအား စိုက်ကြည့်ပြီးမှ စာအုပ်တစ်အုပ်ကို ဆွဲထုတ်၍ သူတောင်းစားအိုကြီးအား ပစ်ပေးလိုက်သည်။
"ဒီမှာ ဝမ်အာ ကျင့်ကြံဖို့အတွက် ကျင့်စဉ်"
"သူမရဲ့ အမုန်းတရားတွေနဲ့ သူမရဲ့ ပျက်သုဉ်းခြင်း ခန္ဓာကိုယ်ကို နိုးထလာပါစေ"
သူ့စကားကြောင့် သူတောင်းစားအိုကြီးသည် တစ်ခဏမျှ မှင်တက်သွားပြီးမှ ချက်ချင်း စာအုပ်ကို ယူ၍ အဖုံးပေါ်မှ ခေါင်းစဉ်အတိုလေးကို ဖတ်လိုက်သည်။
အစပိုင်းတွင် သူတောင်းစားအိုကြီးသည် စိတ်ဝင်စားခြင်း မရှိပါ။ သူက သာမန်ကာလျှံကာဖြင့် ထိုစာအုပ်အား ဖွင့်၍ မာတိကာကို လှန်လှောကြည့်လိုက်သည်။
သို့သော် သူ တစ်ခါမျှ ဖတ်ပြီးနောက် သွေးတစ်လုပ်အန်မိကာ မျက်နှာက ချက်ချင်း ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။ သူ့ပုံစံက အလွန်ကြောက်စရာကောင်းသည့် တစ်စုံတစ်ခုကို မြင်လိုက်ရသည့်ပုံပင်။
"ဘိုးဘိုး"
ယန်အာ အလွန်ထိတ်လန့်သွားသည်။ သူမ မွေးကတည်းက သူမ အဘိုး ဒဏ်ရာရသည်ကို ယခုမှ ပထမဆံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
မယုံနိုင်စရာ ကောင်းလှသည်။
"ဘိုးဘိုး အဆင်ပြေပါတယ်"
သူတောင်းစားအိုကြီးက လက်ကာပြပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် သူက အလွန် ထိတ်လန့်သွားသော မျက်လုံးများဖြင့် ပြောလိုက်သည်။
"အမှန်အတိုင်း ဝန်ခံရရင် မင်း ဒီလောက် သန်မာနေလိမ့်မယ်လို့ ငါ ထင်မထားခဲ့မိဘူး"
ယဲ့ဖန်သည်လည်း အနည်းငယ် အံ့ဩသော အကြည့်များဖြင့် ပြောလိုက်သည်။
"အခြားတစ်ယောက်သာ ဖြစ်မယ်ဆိုရင် အဲ့လူက နိဗ္ဗာန အားလှိုင်းကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ဝိညာဉ်ပါ အသတ်ခံရလောက်ပြီးပြီ"
သူ့စကားကြောင့် သူတောင်းစားအိုကြီး ထိတ်လန့်ကာ တုန်ယင်သွားသည်။ ယဲ့ဖန် အမှန်ကို ပြောနေမှန်း သူ သိပါသည်။ စာအုပ်ကို ဖတ်လိုက်သည့် သူမှသာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည့် အင်အား ပါဝင်နေမှန်း နားလည်လောက်သည်။
"မှတ်ထားပါ … ဝမ်အာပဲ ဒါကို ဖတ်နိုင်တယ်"
"ဘယ်သူမှ မဖတ်နိုင်ဘူး … အကယ်၍ ဖတ်မိရင် အင်မော်တယ်ဆိုရင်တောင်မှ သေလိမ့်မယ်"
သူ့စကားအဆုံးတွင် ယဲ့ဖန်က အိပ်မက်ကမ္ဘာထဲမှာ ရှိနေသေးသော ဝမ်အာအား နက်နက်နဲနဲ တစ်ချက် စိုက်ကြည့်လိုက်သည်။
"ကျုပ် လာတာကို သူမကို မပြောနဲ့…"
ထို့နောက် ယဲ့ဖန်သည် လေကဲ့သို့ ပျောက်ကွယ်သွားသည်။ သိပ်မကြာခင်မှာပင် ဘုန်းခနဲ အသံနှင့်အတူ သူတောင်းစားအိုကြီးသည် ပါးစပ်အဟောင်းသားနှင့် လမ်းမထက် ဖင်ထိုင်ရက် လဲကျသွားသည်။
"ဘိုးဘိုး …"
ယန်အာ၏ လှပသော မျက်နှာလေးက အလွန် ထိတ်လန့်ဟန် ပေါက်နေပြီး သူမ အဘိုး ဒီလောက် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားလိမ့်မည်ဟု ထင်မှတ်မထားမိပါ။
"မဖြစ်နိုင်ဘူး … ဘိုးဘိုး … ဘိုးဘိုးက ဒီလောက် သိုင်းအဆင့်က မြင့်မားတာလေ … အစ်ကိုကြီးက သန်မာတယ် ဆိုရင်တောင်မှ သူ ဘိုးဘိုးကို ဒီလို ထိခိုက်အောင် မလုပ်သင့်ဘူးလေ"
သူတောင်းစားအိုကြီး၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ယန်အာ ကောင်းကောင်း သိပါသည်။
ကမ္ဘာပေါ်တွင် လူအနည်းစုလောက်သာ သူတောင်းစားအိုကြီးကို ထိခိုက်အောင် လုပ်နိုင်သည်။ သို့သော် ယဲ့ဖန်က သူ့အား အလွယ်တကူ ထိခိုက်အောင် လုပ်နိုင်မည်ဟု သူမ ထင်မှတ်မထားခဲ့မိပါ။
နောက်ထပ် သွေးအန်ပြီးနောက် သူတောင်းစားအိုကြီးက ပြန်လည် သက်သာလာပုံရပြီး ပြန်ပြောလိုက်သည်။
"သတိပေးတာ … ဒါ သူ ငါ့ကို သတိပေးနေတာပဲ"
ပြီးတော့ အရင်တစ်ခါက သူ့ကို အရူးလုပ်ခဲ့တဲ့အတွက် သူ့ရဲ့ အပြစ်ပေးခြင်းပေါ့"
သူတောင်းစားအိုကြီးက သူ့ကိုယ်သူ မနည်းပြန်ထပြီးနောက် ဆေးလုံးတစ်လုံးကို ချက်ချင်း ထုတ်ယူပြီး သောက်လိုက်သည်။ သူ ချက်ချင်း ပြန်လည်ကောင်းမွန်သွားသည်။
ဤမြင်ကွင်းကြောင့် ယန်အာက အလွန် သိချင်နေသော မျက်လုံးရွဲကြီးများနှင့် မေးခွန်းထုတ်လာသည်။
"ဘိုးဘိုး … အစ်ကိုကြီးက ဘာလို့ ဒီလို လုပ်ရတာလဲ"
ဤသည်မှာ သူမ မြင်ခဲ့ဖူးသမျှထဲတွင် ကြောက်မက်ဖွယ် အကောင်းဆုံး အရာဖြစ်သည်။ ဤသည်က သူမ၏ အမြင်ကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။
သူမစကားကြောင့် သူတောင်းစားအိုကြီးက အနည်းငယ် ခါးသီးသော အပြုံးမျိုးနှင့် ပြောလိုက်သည်။
"အဲ့ကောင်လေးရဲ့ တိုက်ပွဲဝင်ခွန်အားက ဘိုးဘိုးကို အခုချိန် ထိခိုက်အောင် မလုပ်နိုင်ပါဘူး … ဒါပေမယ့် သူ့လှည့်ကွက်တွေက‌တော့ မကြုံစဖူးပဲ"
သူတောင်းစားအိုကြီးက အလွန်ကြောက်လန့်နေသော မျက်လုံးများဖြင့် ဆက်ပြောလိုက်သည်။
"သူက ဘိုးဘိုး နှစ်တစ်ထောင်ကျော်အတွင်း ဆုံခဲ့သမျှထဲမှ အဆန်းကြယ်ဆုံးသူပဲ"
*ဘာ*
သူ၏ မှတ်ချက်ချသော စကားကြောင့် ယန်အာ၏ လှပသော မျက်နှာလေးက ထိတ်လန့်သွားဟန် ပေါ်လာသည်။
ထို့နောက် သူမက အရေးကြီးသော တစ်စုံတစ်ခုကို အမှတ်ရလိုက်ဟန်ဖြင့် အလွန်စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
"ဘိုးဘိုး … အကယ်၍များ အစ်ကိုကြီးက သမီးတို့ လိုက်ရှာနေတဲ့ ပါရမီရှင် ဖြစ်နေရင် ဘယ်လိုလုပ်မလဲ"
*လာပြန်ပြီ ဒီပါရမီရှင်*
သူတောင်းစားအိုကြီးက ခေါင်းခါ၍ ဖြေလိုက်သည်။
"မဟုတ်ဘူး"
"တကယ့် ပါရမီရှင်က အလွန် အံ့ဩစရာကောင်းတာတွေကို မဖြစ်မနေ ကြုံတွေ့ဖူးရမယ် … သူက တိုးတက်လာမယ့် ခေတ်ကြီးနဲ့ ကမ္ဘာမြေပေါ်က လျှို့ဝှက်သိုင်းကျမ်းတွေအတွက် မွေးဖွားလာရမှာ"
"ဒီကောင်လေးက ဆန်းကြယ်ပင်မယ့်လည်း သူက ဘုရားသခင်ရဲ့ ကောင်းချီးပေးခြင်း ခံထားရတယ်လို့ မခံစားရဘူး"
"သူက ပါရမီရှင် မဟုတ်ဘူး"
သူ့စကားကြောင့် ယန်အာက အလွန် စိတ်ပျက်နေသော အကြည့်ဖြင့် ပြောလိုက်သည်။
"အဲ့ဒါ…"
"ဒါပေမယ့် "
ထိုစဉ် သူတောင်းစားအိုကြီးက သရဲတစ္ဆေအား မြင်လိုက်ရသကဲ့သို့ အဆုံးမရှိနိုင်သော ကြောက်ရွံ့မှုတို့ ပြည့်နှက်နေသော မျက်လုံးများဖြင့် ဆက်ပြောလိုက်သည်။
"သူက အလွန် ရှေးကျတဲ့ ရှေးဦးနိမိတ်ထဲက ကြောက်စရာအကောင်းဆုံးသူ ဖြစ်လိမ့်မယ်"

သူ့စကားကြောင့် ယန်အာ မှင်တက်သွားသည်။
"ဘိုးဘိုး … ဘိုးဘိုး ပြောချင်တာက ဟိုဒဏ္ဍာရီထဲက ပုဂ္ဂိုလ်လား"
….
သူတောင်းစားအိုကြီးနှင့် သူတောင်းစားငယ်လေးတို့ ပြောနေကြသည့် စကားတွေကို ယဲ့ဖန် ဘာဆိုဘာမှ မသိပါ။
သူ လမ်းပေါ်၌ တိတ်ဆိတ်စွာ လမ်းလျှောက်နေရင်း သူတောင်းစားအိုကြီး၏ စကားအချို့က သူ့စိတ်ထဲ စွဲနေသည်။
"လူခြောက်ယောက်က လူခြောက်ယောက်က အလွန် ရှေးကျတဲ့ လျှို့ဝှက်သိုင်းကျမ်းတွေကို ရရှိသွားပြီးပြီ"
ယဲ့ဖန်က မျက်မှောင်ကြုတ်မိသွားပြီး ထိုအလွန်ရှေးကျတဲ့ လျှို့ဝှက်သိုင်းကျမ်းကို အမွေဆက်ခံသွားနိုင်သည့် နာမည်များကို သူ စိတ်မဝင်စားပါ။
သူ နေရာနှစ်ခု၏ နာမည်ကိုသာ ဂရုစိုက်ပါသည်။
ဆိုက်ဘေးရီးယား။
နတ်ဆိုးမြို့တော်။
ယဲ့ဖန်သည် သံလက် ဝံပုလွေရိုင်းက ဆိုက်ဘေးရီးယားသို့ ခရီးထွက်ခဲ့ခြင်း၊ မိုရို သွေးစွန်းတစ္ဆေက နတ်ဆိုးမြို့တော်သို့ ခရီးထွက်ခဲ့ခြင်းနှင့် လောဘအိုး ဝံပုလွေဘုရင် ဖေးချမ်က သေမင်းမြစ်ဝကျွန်းပေါ် ဒေသသို့ ခရီးထွက်သွားခဲ့သည်ကို သူ သတိရမိသည်။
သူ၏ လက်အောက်ငယ်သား သုံးယောက်ထံမှ မည်သည့် သတင်းမှ သူ မရရှိခဲ့ပါ။
"သူတို့ အဆင်မှ ပြေကြရဲ့လား"
ယဲ့ဖန်က ရေရွဝ်ရင်း ကောင်းကင်မှ ကြယ်များအား အတိတ်သို့ အလွန် တမ်းတလွမ်းဆွတ်ဟန်ဖြင့် ကြည့်လိုက်မိသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now