Chapter 370

1K 116 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (25) CHAPTER (370) ငါကနတ်ဆိုးပဲ

ထိတ်လန့်ဖွယ်ကောင်းလှသည်။
နတ်ဘုရားတစ်ပိုင်းအဆင့်နှင့် အစစ်အမှန် နတ်ဘုရားအဆင့်များ ဖြစ်ကြသော ယဲ့ဖန်၏ လက်အောက်ငယ်သားများ အားလုံး ကောင်းကင်နတ်ဘုရားအဆင့်သို့ အဆင့်တက်သွားလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပါ။
ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ပိုင်ဆိုင်ထားသည့် ကောင်းကင်နတ်ဘုရားအဆင့် သိုင်းပညာရှင် ရှစ်ယောက်ကို ကြည့်ရင်း စစ်သင်္ဘောထဲမှ လူသား သိုင်းပညာရှင်များ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
“ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ကောင်းကင်အလင်းသခင်သည် ကြောက်ရွံ့စိတ်ကြောင့် တုန်လှုပ်နေရင်း ပြောလိုက်မိသည်။ ယခင်တုန်းက ကျန်းရှီမြို့သည် နိမ့်ကျသော ပုရွက်ဆိတ်လိုလူတစ်သိုက်၏ အခြေစိုက်စခန်းသာသာ၊သာ ဖြစ်သည်ဟု သူ ထင်ခဲ့မိသည်။
သူက တစ်မြို့လုံးကိုတောင် ရှင်းလစ်ပစ်ချင်နေခဲ့သေးသည်။
မမျှော်လင့်ဘဲ ယဲ့ဖန်၏ အစေခံများအားလုံးက သူ့နည်းတူ သန်မာနေကြသည်။
“မင်း အသေဆိုးနဲ့ သေရမယ်လို့ ငါ ပြောခဲ့သားပဲ”
ယဲ့ဖန်က ခေလန်က သေလူတစ်ယောက်ကို ကြည့်သလိုကြည့်ကာ အော်ပြောလာသည်။
ယဲ့ဖန်၏ စကားကြောင့် ခေလန်၏ မျက်နှာက သုန်မှုန်သွားသည်။ တကယ်တမ်းတွင်လည်း ခေလန်သည် နတ်ဘုရား တပည့်အဆင့်များ၏ အင်အားကြောင့် တကယ်ကို အံ့ဩသွားခဲ့ရသည်။
ကောင်းကင်လက်နက်အပြင် ယဲ့ဖန်တွင် နတ်ဘုရား ဆရာသခင်အဆင့် အစေခံများ ရှိနေသည်။ ထို့ကြောင့် ခေလန်သည် ကျန်းရှီမြို့၌ ထူးကဲသော ရတနာတစ်ခု ရှိရမည်ဟု ယုံကြည်နေ၏။
သို့မဟုတ်ပါက ယဲ့ဖန်တွင် ဤမျှ အံ့အားသင့်ဖွယ်ကောင်းသော အင်အားမျိုး ရှိနိုင်မည်မဟုတ်ပေ။
“ရဲတင်းလိုက်တာ”
ခေလန်က ကြမ်းကြုတ်ရက်စက်သော အပြုံးနှင့် ပြောလိုက်သည်။
“လက်အောက်ငယ်သား ရှစ်ယောက်လေးနဲ့ ငါတို့ကို တားနိုင်မယ်လို့ မင်း ထင်နေတာလား။ မင်း ကမ္ဘာခြား မုဆိုးတွေကို တကယ် လျော့တွက်ထားတာပဲ”
ထို့နောက် သူက ရုတ်တရက် တစ်ဘက်လှည့်ကာ သူ၏ လက်အောက်ငယ်သား ဆယ့်လေးယောက်အား စိုက်ကြည့်၍ ပြောလိုက်သည်။
“ကမ္ဘာဂြိုဟ်က အဲ့လူသားတွေကို ဂရေးကလန်က ကမ္ဘာခြားမုဆိုးတွေကို ဘယ်တော့မှ ရန်မစသင့်ဘူးဆိုတာကို သိအောင် သွားပညာပြလိုက်”
“ဟုတ်ကဲ့ပါ ကပ္ပတိန်”
ချက်ချင်းဆိုသလိုပင် ကမ္ဘာခြားမုဆိုးများ၏ မျက်လုံးမှ အလွန် ကြမ်းကြုတ်သော ချီဓာတ်များ ထွက်ပေါ်လာသည်။
လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ သူတို့အားလုံးသည် ယဲ့ဖန်နှင့် သူ၏ လက်အောက် ငယ်သားများထံသို့ မြန်နိုင်သမျှ မြန်မြန် ပြေးဝင်လာကြသည်။
“ကမ္ဘာဂြိုဟ်ပေါ်က လူသားတွေ သေပေတော့”
ချက်ချင်းဆိုသလိုပင် တိုက်ပွဲ ဖြစ်ပွားလာလေတော့သည်။
ကမ္ဘာခြားမုဆိုး ဆယ့်လေးယောက်သည် သံလက်ဝံပုလွေရိုင်း အပါအဝင် ယဲ့ဖန်၏ အခြား လက်အောက်ငယ်သား ခုနစ်ယောက်နှင့် ထိပ်တိုက် ရင်ဆိုင်မိသွားကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
ချက်ချင်းဆိုသလိုပင် သူတို့၏ နတ်ဘုရားအဆင့် တိုက်ကွက်များက တစ်ခုနှင့်တစ်ခု ထိခတ်ကာ မီးပွားများ လွင့်စဉ်လာသည်။
ကြမ်းကြုတ်သော တိုက်ပွဲများက အခြားသူများ ကြက်သီးတဖြန်းဖြန်း ထသွားစေခဲ့သည်။ သို့သော် တိုက်ပွဲ၏ ရလဒ်က လူတိုင်း ထင်ထားသည်နှင့် လွဲချော်နေခဲ့သည်။
ဖိနှိပ်ထားနိုင်ခြင်း။
ဤသည်က တကယ့်ကို တစ်ဖက်သတ် တိုက်ပွဲပင်။
တိကျသေချာစွာပင် ကမ္ဘာခြားမုဆိုးများက နတ်ဆိုးများ၏ သတ်ဖြတ်ခြင်းကို ခံနေရခြင်း ဖြစ်သည်။
နတ်ဆိုးရှစ်ယောက်သည် နတ်ဆိုးနတ်ဘုရားများလိုပင်။
သူတို့သည် တိုက်ကွက်တစ်ကွက်ချင်းစီနှင့်အတူ ကမ္ဘာခြား မုဆိုးများ၏ ကိုယ်ပေါ်၌ နက်ရှိုင်းသော ဒဏ်ရာများ ထင်ကျန်စေခဲ့သဖြင့် ငယ်သံပါသော အော်သံများနှင့်အတူ သွေးများက လွင့်စဉ် ပန်းထွက်လာသည်။
“အား”
ကမ္ဘာခြားမုဆိုးတစ်ယောက်၏ လက်မောင်းတစ်ဘက်သည် သံလက် ဝံပုလွေရိုင်းကြောင့် ပြတ်ထွက်သွားသည်။
သူ နာကျင်စွာ အော်ဟစ်နေရသည်။
မယုံနိုင်စရာကောင်းလှပါဘိ။
သို့သော် နာကျင်စွာ အော်ဟစ်ပြီး မကြာခင်မှာပင် သူ၏ ဦးခေါင်းသည် လက်ဖဝါးချက်ကြောင့် ကွဲကြေသွားလေတော့သည်။
ဤသည်ကား အစသာရှိသေးသည်။
နောက်ထပ် ကမ္ဘာခြားမုဆိုးနှစ်ယောက်က ကြမ်းတမ်းသော တိုက်စစ်ဖြင့် မိုရိုသွေးစွန်းတစ္ဆေအား ညှပ်တိုက်ကြသည်။
သူတို့၏ တိုက်ကွက်များက သေစေနိုင်လောက်သည်။
သို့သော် မိုရို သွေးစွန်းတစ္ဆေက သူတို့၏ တိုက်ကွက်များအား အာပလာတွေဟု ထင်မှတ်နေသကဲ့သို့ အထင်သေးစွာ ကြည့်နေသည်။
“တော်လောက်ပြီ”
ခက်ထန်သော အသံနှင့်အတူ မိုရိုသွေးစွန်းတစ္ဆေက အခွင့်ကောင်းကို အသုံးချ၍ ကမ္ဘာခြားမုဆိုးတစ်ယောက်၏ ရင်ဘတ်အား သူ၏ လက်သည်းဖြင့် ထိုးဖောက်လိုက်သည်။
“မလုပ်နဲ့”
ထိုကမ္ဘာခြားမုဆိုးသည် အလွန်ကြောက်လန့်ကာ ချက်ချင်း ရှောင်တိမ်းရန် ပြင်လိုက်သည်။
သို့သော် ထိုတိုက်ကွက်သည် အယောင်ပြတိုက်ကွက်သာ ဖြစ်နေသည်။
သူ ဘေးသို့ရှောင်လိုက်ချိန်တွင် မိုရိုသွေးစွန်းတစ္ဆေက သူ၏ဦးခေါင်းအား တိကျစွာဖြင့် အားကုန် တိုက်ခိုက်လာသည်။
ဝုန်း!
ထိုကမ္ဘာခြား မုဆိုး၏ ဦးခေါင်းသည် ဖရဲသီးကဲ့သို့ ပေါက်ကွဲသွားလေတော့သည်။ ထို့နောက် သူ၏ ခေါင်းပြတ်နေသော အလောင်းက မြေကြီးပေါ် ပြုတ်ကျသွားသည်။
“ခွေးမသား”
သူ့လူများ အသတ်ခံရသည်ကို မြင်ပြီး နောက်ထပ် ကမ္ဘာခြားမုဆိုးတစ်ယောက်က သွေးစွန်းတစ္ဆေ၏ ရင်ဘတ်အား ဒေါသတကြီး ထိုးနှက်လာသည်။
ဒုန်း!
အဖြိုက်နက် သတ္တုပြားကြီးအား ထိုးနှက်လိုက်ရသကဲ့သို့ သူ ခံစားလိုက်မိပြီး သူ့လက်သီးကလည်း တဆစ်ဆစ် ကိုက်ခဲလာသည်။
ထိုစဉ် မိုရိုသွေးစွန်းတစ္ဆေက သေမင်းနတ်ဘုရားကဲ့သို့ ပြုံးနေသည်။
ထို့နောက် ထိုကမ္ဘာခြားမုဆိုးသည် ခေါင်းမွေးထောင်လာသလို ခံစားလာရကာ ကြောက်လန့်လို့လာသည်။
“မဖြစ်ဘူး”
ကမ္ဘာခြားမုဆိုးသည် ကြောက်လန့်တကြားနှင့် ချက်ချင်း နောက်ဆုတ်ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် အချိန်နှောင်းသွားလေပြီ။
ဂျွတ်!
မိုရိုသွေးစွန်းတစ္ဆေက သူ့လက်မောင်းကို လက်တစ်ဘက်ဖြင့် ဖမ်း၍ သူ၏ လက်ပြင်ရိုးအား နောက်လက်တစ်ဘက်ဖြင့် တင်းကြပ်စွာ ဖမ်းဆုပ်ထားသည်။
ထို့နောက် သူက ဆတ်ခနဲ ဆွဲဖြုတ်လိုက်သည်။
ဂျွတ်ခနဲ အသံနှင့်အတူ ထိုကမ္ဘာခြားမုဆိုးသည် ကိုယ်နှစ်ခြမ်းကွဲသွားပြီး သွေးများ ပန်းထွက်လာသည်။
ကြောက်မက်ဖွယ်ကောင်းလိုက်သည့် မြင်ကွင်းပါတကား။
အခြား ကြည့်နေသူများအားလုံး မှင်တက်သွားကြသည်။
သားသတ်သမားလိုပင်။
သူသည် ကောင်းကင်နတ်ဘုရားအဆင့် သိုင်းပညာရှင်ကို အသာလေး သတ်ဖြတ်ခဲ့သည်။ ထိုနည်းတူစွာပင် နောက်ထပ် ကမ္ဘာခြား သိုင်းပညာရှင်များသည်လည်း အလွန်လျင်မြန်လှသော နှုန်းဖြင့် တစ်စစီဖြစ်သွားကြရသည်။
ထိတ်လန့်ဖွယ်ကောင်းသော နတ်ဘုရား ဆရာသခင်အဆင့်များ၏ အလောင်းများက မြေကြီးပေါ်သို့ တစ်လောင်းပြီးတစ်လောင်း ပြုတ်ကျလာသည်။
သူတို့အားလုံး ဘုန်းဟူသော အသံနှင့်အတူ ကျန်းရှီမြို့၏ လမ်းများပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
သေမင်း အရိပ်အငွေ့က မြို့တစ်ခုလုံး ပျံ့နှံ့လို့နေသည်။
ဤမြင်ကွင်းကိုကြည့်ပြီး ကမ္ဘာပေါ်မှ လူသားသိုင်းပညာရှင်များအားလုံး လိပ်ပြာလွင့်မတတ် ကြောက်လန့်လာကြသည်။
သူတို့သည် ကောင်းကင်နတ်ဘုရားအဆင့်များ၏ တိုက်ခိုက်မှုကို ကြည့်နေကြရခြင်း ဖြစ်သည်။ ထိုသူတို့သည် ပျံသန်းနိုင်ပြီး ကမ္ဘာအား အလွယ်တကူ ပတ်နေသည်။ ထိုသူတို့သည် နတ်ဒေဝါများလိုပင်။
ထို့ပြင် ကမ္ဘာခြားမုဆိုးများသည် လွန်ခဲ့သည့် မိနစ်ပိုင်းခန့်က ကမ္ဘာပေါ်ရှိ လူသားများအား အလွယ်တကူ ဖိနှိပ်နိုင်သလို ပြုမူခဲ့သည်။
သို့သော် ယခုအခါတွင် ကမ္ဘာခြားမုဆိုးများသည် သိုးပေါက်များကဲ့သို့ အသတ်ခံနေရသည်။ သူတို့အားလုံးသည် ကြမ်းတမ်းသော သားရဲရှစ်ကောင်၏ သတ်ဖြတ်ခြင်းကို ခံနေရ၏။
တစ်ယောက်၊ ငါးယောက်၊ ဆယ်ယောက်။

ဆယ့်လေးယောက်မြောက် ကမ္ဘာခြားမုဆိုးသည် အရှင်ဝူ၏ လက်သည်းချက်ကြောင့် သူ့နှလုံးသား ဆွဲထုတ်ခံလိုက်ရပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားချိန်တွင် ကောင်းကင်အနှံ့တွင် ကောင်းကင်နတ်ဘုရားအဆင့်များ၏ သွေးများနှင့် ယှက်သန်းလို့နေသည်။
*သေပြီ*
*ထိတ်လန့်စရာကောင်းတဲ့ အင်အားမျိုး ပိုင်ဆိုင်ထားတဲ့ ကမ္ဘာခြားမုဆိုး အယောက်နှစ်ဆယ်အဖွဲ့က သုတ်သင်ခံလိုက်ရပြီတဲ့လား*
“ဒါ မဖြစ်နိုင်ဘူး”
ခေလန် အလွန် အံ့အားသင့်လို့နေသည်။
သူ့အဖွဲ့သည် များစွာသော ကမ္ဘာခြားတာဝန်များကို စီမံဆောင်ရွက်နိုင်ခဲ့ပြီး မြောက်များစွာသော သယံဇာတပေါကြွယ်ဝသည့် ဂြိုဟ်များမှ အင်အားကြီးသည့် လူမျိုးစုများကို သတ်ဖြတ်ခဲ့ကြသည်။
မုဆိုးတစ်ယောက်ခြင်းစီသည် အလွန် တိုက်ပွဲအတွေ့အကြုံများ ကြွယ်ဝ၍ ကြမ်းကြုတ်သော သူများ ဖြစ်ကြသည်။
သို့သော် သူတို့သည် နတ်ဆိုးရှစ်ယောက်၏ မျက်စိထဲတွင် မွေးကင်းစကလေးငယ်များကဲ့သို့ နုနယ်နေကာ သူတို့၏ တိုက်ကွက်များက ဟာကွက်များ ရှိနေသည်။
*အံ့ဩဖို့ကောင်းလိုက်တာ*
ကောင်းကင်အလင်းသခင်က ကျန်းရှီမြို့၏ လမ်းမများထက် ပြုတ်ကျနေသော အလောင်းများစွာကို လှမ်းကြည့်နေမိသည်။
အလောင်းများ ပြုတ်ကျလာချိန်တွင် ကျန်းရှီမြို့မှ နတ်ဆိုးလူသားများက သူတို့၏ နဖူးအလယ်တည့်တည့်မှ တောက်ပသော သလင်းကျောက်များကို ထုတ်ယူခဲ့သည်။
ထိုနတ်ဆိုးလူသားများက သူတို့၏ သွေးများကို ဖောက်ထုတ်၍ သူတို့၏ အရိုးများကို ဆွဲထုတ်ကြသေးသည်။
ထို့အပြင် ထိုနတ်ဆိုးလူသားများက သားရဲများ၏ အလောင်းများကို အမဲဖျက်သကဲ့သို့ သူတို့၏ ခေါင်းများကို ဖြတ်၍ တိုင်များ၌ စိုက်ထူထားကြသည်။
“နတ်…နတ်ဆိုးတွေ။ ကျန်းရှီမြို့က လူတွေအားလုံးက နတ်ဆိုးတွေပဲ”
ကောင်းကင်အလင်းသခင် အလွန် သွေးပျက်နေသည်။ သည်လောက် ရက်စက်သည့် လူများကို သူ တစ်ခါမှ မမြင်ဖူးပါ။ ထိုသူတို့၏ မျက်လုံးထဲတွင် ကောင်းကင်နတ်ဘုရားအဆင့်များသည် ခွေးများ၊ဝက်များနှင့် မခြားနားပေ။
*ဘာကြီးလဲကွာ*
ကောင်းကင်အလင်းသခင်သည် သူ၏ ထိတ်လန့်မှုကို မဖော်ပြတတ်တော့ပေ။
“မင်း…မင်း ဘယ်သူလဲ”
ထိုအချိန်တွင် ခေလန်သည် ယဲ့ဖန်အား ဒေါသတကြီး အော်ဟစ်မေးလိုက်သည်။
ကမ္ဘာမြေပေါ်မှ လူသားတစ်ယောက်တွင် ပို၍ သိုင်းအဆင့်မြင့်သော သူများကို စိန်ခေါ်နိုင်သော နတ်ဆိုးရှစ်ယောက် ရှိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပါ။
သူ့မျက်စိထဲတွင် ယဲ့ဖန်၏ နတ်ဆိုးရှစ်ယောက်သည် ကြီးမြတ်သော ဂရေးကလန်ရှိ အကြီးအကဲများထက်တောင်မှ ပိုအင်အားကြီးနေသည်ဟု ထင်မိသည်။
*ဘယ်…ဘယ်လိုလုပ် နိမ့်ကျတဲ့လူမျိုးတစ်ယောက်မှာ သည်လောက် သိုင်းပညာရှင်တွေ အများကြီး ရှိနေရတာလဲ*
“ငါ ဘယ်သူလဲဟုတ်လား”
သူ့အမေးကြောင့် ယဲ့ဖန်က မခိုးမခန့်အပြုံးနှင့် ပြန်ပြောလိုက်သည်။
“စကြဝဠာထဲမှာ ငါ ပျောက်နေတာ အတော်ကြာနေတော့ တော်တော်များများက ငါ့ကို မေ့သွားပြီနဲ့ တူတယ်”
ယဲ့ဖန်က တောက်ပနေသော မျက်လုံးများနှင့် ဆက်ပြောလိုက်သည်။
“ငါက နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ မကောင်းဆိုးဝါးတွေနဲ့ တစ္ဆေတွေကို သတ်ခဲ့တယ်”
“ငါက … နတ်ဆိုးတစ်ကောင်ပဲ”
#Zawgyi
စာစဥ္ (25) CHAPTER (370) ငါကနတ္ဆိုးပဲ
ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
နတ္ဘုရားတစ္ပိုင္းအဆင့္ႏွင့္ အစစ္အမွန္ နတ္ဘုရားအဆင့္မ်ား ျဖစ္ၾကေသာ ယဲ့ဖန္၏ လက္ေအာက္ငယ္သားမ်ား အားလုံး ေကာင္းကင္နတ္ဘုရားအဆင့္သို႔ အဆင့္တက္သြားလိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားခဲ့ၾကပါ။
ေၾကာက္မက္ဖြယ္ေကာင္းေသာ ခြန္အားမ်ား ပိုင္ဆိုင္ထားသည့္ ေကာင္းကင္နတ္ဘုရားအဆင့္ သိုင္းပညာရွင္ ရွစ္ေယာက္ကို ၾကည့္ရင္း စစ္သေဘၤာထဲမွ လူသား သိုင္းပညာရွင္မ်ား အႀကီးအက်ယ္ ထိတ္လန႔္သြားၾကသည္။
“ဒါ… ဒါ လုံးဝ မျဖစ္ႏိုင္ဘူး”
ေကာင္းကင္အလင္းသခင္သည္ ေၾကာက္႐ြံ႕စိတ္ေၾကာင့္ တုန္လႈပ္ေနရင္း ေျပာလိုက္မိသည္။ ယခင္တုန္းက က်န္းရွီၿမိဳ႕သည္ နိမ့္က်ေသာ ပု႐ြက္ဆိတ္လိုလူတစ္သိုက္၏ အေျခစိုက္စခန္းသာသာ၊သာ ျဖစ္သည္ဟု သူ ထင္ခဲ့မိသည္။
သူက တစ္ၿမိဳ႕လုံးကိုေတာင္ ရွင္းလစ္ပစ္ခ်င္ေနခဲ့ေသးသည္။
မေမွ်ာ္လင့္ဘဲ ယဲ့ဖန္၏ အေစခံမ်ားအားလုံးက သူ႔နည္းတူ သန္မာေနၾကသည္။
“မင္း အေသဆိုးနဲ႔ ေသရမယ္လို႔ ငါ ေျပာခဲ့သားပဲ”
ယဲ့ဖန္က ေခလန္က ေသလူတစ္ေယာက္ကို ၾကည့္သလိုၾကည့္ကာ ေအာ္ေျပာလာသည္။
ယဲ့ဖန္၏ စကားေၾကာင့္ ေခလန္၏ မ်က္ႏွာက သုန္မႈန္သြားသည္။ တကယ္တမ္းတြင္လည္း ေခလန္သည္ နတ္ဘုရား တပည့္အဆင့္မ်ား၏ အင္အားေၾကာင့္ တကယ္ကို အံ့ဩသြားခဲ့ရသည္။
ေကာင္းကင္လက္နက္အျပင္ ယဲ့ဖန္တြင္ နတ္ဘုရား ဆရာသခင္အဆင့္ အေစခံမ်ား ရွိေနသည္။ ထို႔ေၾကာင့္ ေခလန္သည္ က်န္းရွီၿမိဳ႕၌ ထူးကဲေသာ ရတနာတစ္ခု ရွိရမည္ဟု ယုံၾကည္ေန၏။
သို႔မဟုတ္ပါက ယဲ့ဖန္တြင္ ဤမွ် အံ့အားသင့္ဖြယ္ေကာင္းေသာ အင္အားမ်ိဳး ရွိႏိုင္မည္မဟုတ္ေပ။
“ရဲတင္းလိုက္တာ”
ေခလန္က ၾကမ္းၾကဳတ္ရက္စက္ေသာ အၿပဳံးႏွင့္ ေျပာလိုက္သည္။
“လက္ေအာက္ငယ္သား ရွစ္ေယာက္ေလးနဲ႔ ငါတို႔ကို တားႏိုင္မယ္လို႔ မင္း ထင္ေနတာလား။ မင္း ကမာၻျခား မုဆိုးေတြကို တကယ္ ေလ်ာ့တြက္ထားတာပဲ”
ထို႔ေနာက္ သူက ႐ုတ္တရက္ တစ္ဘက္လွည့္ကာ သူ၏ လက္ေအာက္ငယ္သား ဆယ့္ေလးေယာက္အား စိုက္ၾကည့္၍ ေျပာလိုက္သည္။
“ကမာၻၿဂိဳဟ္က အဲ့လူသားေတြကို ဂေရးကလန္က ကမာၻျခားမုဆိုးေတြကို ဘယ္ေတာ့မွ ရန္မစသင့္ဘူးဆိုတာကို သိေအာင္ သြားပညာျပလိုက္”
“ဟုတ္ကဲ့ပါ ကပၸတိန္”
ခ်က္ခ်င္းဆိုသလိုပင္ ကမာၻျခားမုဆိုးမ်ား၏ မ်က္လုံးမွ အလြန္ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ား ထြက္ေပၚလာသည္။
လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္၍ သူတို႔အားလုံးသည္ ယဲ့ဖန္ႏွင့္ သူ၏ လက္ေအာက္ ငယ္သားမ်ားထံသို႔ ျမန္ႏိုင္သမွ် ျမန္ျမန္ ေျပးဝင္လာၾကသည္။
“ကမာၻၿဂိဳဟ္ေပၚက လူသားေတြ ေသေပေတာ့”
ခ်က္ခ်င္းဆိုသလိုပင္ တိုက္ပြဲ ျဖစ္ပြားလာေလေတာ့သည္။
ကမာၻျခားမုဆိုး ဆယ့္ေလးေယာက္သည္ သံလက္ဝံပုေလြ႐ိုင္း အပါအဝင္ ယဲ့ဖန္၏ အျခား လက္ေအာက္ငယ္သား ခုနစ္ေယာက္ႏွင့္ ထိပ္တိုက္ ရင္ဆိုင္မိသြားၾကသည္။
ဝုန္း! ဝုန္း! ဝုန္း!
ခ်က္ခ်င္းဆိုသလိုပင္ သူတို႔၏ နတ္ဘုရားအဆင့္ တိုက္ကြက္မ်ားက တစ္ခုႏွင့္တစ္ခု ထိခတ္ကာ မီးပြားမ်ား လြင့္စဥ္လာသည္။
ၾကမ္းၾကဳတ္ေသာ တိုက္ပြဲမ်ားက အျခားသူမ်ား ၾကက္သီးတျဖန္းျဖန္း ထသြားေစခဲ့သည္။ သို႔ေသာ္ တိုက္ပြဲ၏ ရလဒ္က လူတိုင္း ထင္ထားသည္ႏွင့္ လြဲေခ်ာ္ေနခဲ့သည္။
ဖိႏွိပ္ထားႏိုင္ျခင္း။
ဤသည္က တကယ့္ကို တစ္ဖက္သတ္ တိုက္ပြဲပင္။
တိက်ေသခ်ာစြာပင္ ကမာၻျခားမုဆိုးမ်ားက နတ္ဆိုးမ်ား၏ သတ္ျဖတ္ျခင္းကို ခံေနရျခင္း ျဖစ္သည္။
နတ္ဆိုးရွစ္ေယာက္သည္ နတ္ဆိုးနတ္ဘုရားမ်ားလိုပင္။
သူတို႔သည္ တိုက္ကြက္တစ္ကြက္ခ်င္းစီႏွင့္အတူ ကမာၻျခား မုဆိုးမ်ား၏ ကိုယ္ေပၚ၌ နက္ရႈိင္းေသာ ဒဏ္ရာမ်ား ထင္က်န္ေစခဲ့သျဖင့္ ငယ္သံပါေသာ ေအာ္သံမ်ားႏွင့္အတူ ေသြးမ်ားက လြင့္စဥ္ ပန္းထြက္လာသည္။
“အား”
ကမာၻျခားမုဆိုးတစ္ေယာက္၏ လက္ေမာင္းတစ္ဘက္သည္ သံလက္ ဝံပုေလြ႐ိုင္းေၾကာင့္ ျပတ္ထြက္သြားသည္။
သူ နာက်င္စြာ ေအာ္ဟစ္ေနရသည္။
မယုံႏိုင္စရာေကာင္းလွပါဘိ။
သို႔ေသာ္ နာက်င္စြာ ေအာ္ဟစ္ၿပီး မၾကာခင္မွာပင္ သူ၏ ဦးေခါင္းသည္ လက္ဖဝါးခ်က္ေၾကာင့္ ကြဲေၾကသြားေလေတာ့သည္။
ဤသည္ကား အစသာရွိေသးသည္။
ေနာက္ထပ္ ကမာၻျခားမုဆိုးႏွစ္ေယာက္က ၾကမ္းတမ္းေသာ တိုက္စစ္ျဖင့္ မို႐ိုေသြးစြန္းတေစၦအား ညႇပ္တိုက္ၾကသည္။
သူတို႔၏ တိုက္ကြက္မ်ားက ေသေစႏိုင္ေလာက္သည္။
သို႔ေသာ္ မို႐ို ေသြးစြန္းတေစၦက သူတို႔၏ တိုက္ကြက္မ်ားအား အာပလာေတြဟု ထင္မွတ္ေနသကဲ့သို႔ အထင္ေသးစြာ ၾကည့္ေနသည္။
“ေတာ္ေလာက္ၿပီ”
ခက္ထန္ေသာ အသံႏွင့္အတူ မို႐ိုေသြးစြန္းတေစၦက အခြင့္ေကာင္းကို အသုံးခ်၍ ကမာၻျခားမုဆိုးတစ္ေယာက္၏ ရင္ဘတ္အား သူ၏ လက္သည္းျဖင့္ ထိုးေဖာက္လိုက္သည္။
“မလုပ္နဲ႔”
ထိုကမာၻျခားမုဆိုးသည္ အလြန္ေၾကာက္လန႔္ကာ ခ်က္ခ်င္း ေရွာင္တိမ္းရန္ ျပင္လိုက္သည္။
သို႔ေသာ္ ထိုတိုက္ကြက္သည္ အေယာင္ျပတိုက္ကြက္သာ ျဖစ္ေနသည္။
သူ ေဘးသို႔ေရွာင္လိုက္ခ်ိန္တြင္ မို႐ိုေသြးစြန္းတေစၦက သူ၏ဦးေခါင္းအား တိက်စြာျဖင့္ အားကုန္ တိုက္ခိုက္လာသည္။
ဝုန္း!
ထိုကမာၻျခား မုဆိုး၏ ဦးေခါင္းသည္ ဖရဲသီးကဲ့သို႔ ေပါက္ကြဲသြားေလေတာ့သည္။ ထို႔ေနာက္ သူ၏ ေခါင္းျပတ္ေနေသာ အေလာင္းက ေျမႀကီးေပၚ ျပဳတ္က်သြားသည္။
“ေခြးမသား”
သူ႔လူမ်ား အသတ္ခံရသည္ကို ျမင္ၿပီး ေနာက္ထပ္ ကမာၻျခားမုဆိုးတစ္ေယာက္က ေသြးစြန္းတေစၦ၏ ရင္ဘတ္အား ေဒါသတႀကီး ထိုးႏွက္လာသည္။
ဒုန္း!
အၿဖိဳက္နက္ သတၱဳျပားႀကီးအား ထိုးႏွက္လိုက္ရသကဲ့သို႔ သူ ခံစားလိုက္မိၿပီး သူ႔လက္သီးကလည္း တဆစ္ဆစ္ ကိုက္ခဲလာသည္။
ထိုစဥ္ မို႐ိုေသြးစြန္းတေစၦက ေသမင္းနတ္ဘုရားကဲ့သို႔ ၿပဳံးေနသည္။
ထို႔ေနာက္ ထိုကမာၻျခားမုဆိုးသည္ ေခါင္းေမြးေထာင္လာသလို ခံစားလာရကာ ေၾကာက္လန႔္လို႔လာသည္။
“မျဖစ္ဘူး”
ကမာၻျခားမုဆိုးသည္ ေၾကာက္လန႔္တၾကားႏွင့္ ခ်က္ခ်င္း ေနာက္ဆုတ္ထြက္ေျပးရန္ ျပင္လိုက္သည္။ သို႔ေသာ္ အခ်ိန္ေႏွာင္းသြားေလၿပီ။
ဂြၽတ္!
မို႐ိုေသြးစြန္းတေစၦက သူ႔လက္ေမာင္းကို လက္တစ္ဘက္ျဖင့္ ဖမ္း၍ သူ၏ လက္ျပင္႐ိုးအား ေနာက္လက္တစ္ဘက္ျဖင့္ တင္းၾကပ္စြာ ဖမ္းဆုပ္ထားသည္။
ထို႔ေနာက္ သူက ဆတ္ခနဲ ဆြဲျဖဳတ္လိုက္သည္။
ဂြၽတ္ခနဲ အသံႏွင့္အတူ ထိုကမာၻျခားမုဆိုးသည္ ကိုယ္ႏွစ္ျခမ္းကြဲသြားၿပီး ေသြးမ်ား ပန္းထြက္လာသည္။
ေၾကာက္မက္ဖြယ္ေကာင္းလိုက္သည့္ ျမင္ကြင္းပါတကား။
အျခား ၾကည့္ေနသူမ်ားအားလုံး မွင္တက္သြားၾကသည္။
သားသတ္သမားလိုပင္။
သူသည္ ေကာင္းကင္နတ္ဘုရားအဆင့္ သိုင္းပညာရွင္ကို အသာေလး သတ္ျဖတ္ခဲ့သည္။ ထိုနည္းတူစြာပင္ ေနာက္ထပ္ ကမာၻျခား သိုင္းပညာရွင္မ်ားသည္လည္း အလြန္လ်င္ျမန္လွေသာ ႏႈန္းျဖင့္ တစ္စစီျဖစ္သြားၾကရသည္။
ထိတ္လန႔္ဖြယ္ေကာင္းေသာ နတ္ဘုရား ဆရာသခင္အဆင့္မ်ား၏ အေလာင္းမ်ားက ေျမႀကီးေပၚသို႔ တစ္ေလာင္းၿပီးတစ္ေလာင္း ျပဳတ္က်လာသည္။
သူတို႔အားလုံး ဘုန္းဟူေသာ အသံႏွင့္အတူ က်န္းရွီၿမိဳ႕၏ လမ္းမ်ားေပၚသို႔ ျပဳတ္က်သြားခဲ့သည္။
ေသမင္း အရိပ္အေငြ႕က ၿမိဳ႕တစ္ခုလုံး ပ်ံ႕ႏွံ႔လို႔ေနသည္။
ဤျမင္ကြင္းကိုၾကည့္ၿပီး ကမာၻေပၚမွ လူသားသိုင္းပညာရွင္မ်ားအားလုံး လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္လာၾကသည္။
သူတို႔သည္ ေကာင္းကင္နတ္ဘုရားအဆင့္မ်ား၏ တိုက္ခိုက္မႈကို ၾကည့္ေနၾကရျခင္း ျဖစ္သည္။ ထိုသူတို႔သည္ ပ်ံသန္းႏိုင္ၿပီး ကမာၻအား အလြယ္တကူ ပတ္ေနသည္။ ထိုသူတို႔သည္ နတ္ေဒဝါမ်ားလိုပင္။
ထို႔ျပင္ ကမာၻျခားမုဆိုးမ်ားသည္ လြန္ခဲ့သည့္ မိနစ္ပိုင္းခန႔္က ကမာၻေပၚရွိ လူသားမ်ားအား အလြယ္တကူ ဖိႏွိပ္ႏိုင္သလို ျပဳမူခဲ့သည္။
သို႔ေသာ္ ယခုအခါတြင္ ကမာၻျခားမုဆိုးမ်ားသည္ သိုးေပါက္မ်ားကဲ့သို႔ အသတ္ခံေနရသည္။ သူတို႔အားလုံးသည္ ၾကမ္းတမ္းေသာ သားရဲရွစ္ေကာင္၏ သတ္ျဖတ္ျခင္းကို ခံေနရ၏။
တစ္ေယာက္၊ ငါးေယာက္၊ ဆယ္ေယာက္။

ဆယ့္ေလးေယာက္ေျမာက္ ကမာၻျခားမုဆိုးသည္ အရွင္ဝူ၏ လက္သည္းခ်က္ေၾကာင့္ သူ႔ႏွလုံးသား ဆြဲထုတ္ခံလိုက္ရၿပီး ေျမႀကီးေပၚသို႔ ျပဳတ္က်သြားခ်ိန္တြင္ ေကာင္းကင္အႏွံ႔တြင္ ေကာင္းကင္နတ္ဘုရားအဆင့္မ်ား၏ ေသြးမ်ားႏွင့္ ယွက္သန္းလို႔ေနသည္။
*ေသၿပီ*
*ထိတ္လန႔္စရာေကာင္းတဲ့ အင္အားမ်ိဳး ပိုင္ဆိုင္ထားတဲ့ ကမာၻျခားမုဆိုး အေယာက္ႏွစ္ဆယ္အဖြဲ႕က သုတ္သင္ခံလိုက္ရၿပီတဲ့လား*
“ဒါ မျဖစ္ႏိုင္ဘူး”
ေခလန္ အလြန္ အံ့အားသင့္လို႔ေနသည္။
သူ႔အဖြဲ႕သည္ မ်ားစြာေသာ ကမာၻျခားတာဝန္မ်ားကို စီမံေဆာင္႐ြက္ႏိုင္ခဲ့ၿပီး ေျမာက္မ်ားစြာေသာ သယံဇာတေပါႂကြယ္ဝသည့္ ၿဂိဳဟ္မ်ားမွ အင္အားႀကီးသည့္ လူမ်ိဳးစုမ်ားကို သတ္ျဖတ္ခဲ့ၾကသည္။
မုဆိုးတစ္ေယာက္ျခင္းစီသည္ အလြန္ တိုက္ပြဲအေတြ႕အႀကဳံမ်ား ႂကြယ္ဝ၍ ၾကမ္းၾကဳတ္ေသာ သူမ်ား ျဖစ္ၾကသည္။
သို႔ေသာ္ သူတို႔သည္ နတ္ဆိုးရွစ္ေယာက္၏ မ်က္စိထဲတြင္ ေမြးကင္းစကေလးငယ္မ်ားကဲ့သို႔ ႏုနယ္ေနကာ သူတို႔၏ တိုက္ကြက္မ်ားက ဟာကြက္မ်ား ရွိေနသည္။
*အံ့ဩဖို႔ေကာင္းလိုက္တာ*
ေကာင္းကင္အလင္းသခင္က က်န္းရွီၿမိဳ႕၏ လမ္းမမ်ားထက္ ျပဳတ္က်ေနေသာ အေလာင္းမ်ားစြာကို လွမ္းၾကည့္ေနမိသည္။
အေလာင္းမ်ား ျပဳတ္က်လာခ်ိန္တြင္ က်န္းရွီၿမိဳ႕မွ နတ္ဆိုးလူသားမ်ားက သူတို႔၏ နဖူးအလယ္တည့္တည့္မွ ေတာက္ပေသာ သလင္းေက်ာက္မ်ားကို ထုတ္ယူခဲ့သည္။
ထိုနတ္ဆိုးလူသားမ်ားက သူတို႔၏ ေသြးမ်ားကို ေဖာက္ထုတ္၍ သူတို႔၏ အ႐ိုးမ်ားကို ဆြဲထုတ္ၾကေသးသည္။
ထို႔အျပင္ ထိုနတ္ဆိုးလူသားမ်ားက သားရဲမ်ား၏ အေလာင္းမ်ားကို အမဲဖ်က္သကဲ့သို႔ သူတို႔၏ ေခါင္းမ်ားကို ျဖတ္၍ တိုင္မ်ား၌ စိုက္ထူထားၾကသည္။
“နတ္…နတ္ဆိုးေတြ။ က်န္းရွီၿမိဳ႕က လူေတြအားလုံးက နတ္ဆိုးေတြပဲ”
ေကာင္းကင္အလင္းသခင္ အလြန္ ေသြးပ်က္ေနသည္။ သည္ေလာက္ ရက္စက္သည့္ လူမ်ားကို သူ တစ္ခါမွ မျမင္ဖူးပါ။ ထိုသူတို႔၏ မ်က္လုံးထဲတြင္ ေကာင္းကင္နတ္ဘုရားအဆင့္မ်ားသည္ ေခြးမ်ား၊ဝက္မ်ားႏွင့္ မျခားနားေပ။
*ဘာႀကီးလဲကြာ*
ေကာင္းကင္အလင္းသခင္သည္ သူ၏ ထိတ္လန႔္မႈကို မေဖာ္ျပတတ္ေတာ့ေပ။
“မင္း…မင္း ဘယ္သူလဲ”
ထိုအခ်ိန္တြင္ ေခလန္သည္ ယဲ့ဖန္အား ေဒါသတႀကီး ေအာ္ဟစ္ေမးလိုက္သည္။
ကမာၻေျမေပၚမွ လူသားတစ္ေယာက္တြင္ ပို၍ သိုင္းအဆင့္ျမင့္ေသာ သူမ်ားကို စိန္ေခၚႏိုင္ေသာ နတ္ဆိုးရွစ္ေယာက္ ရွိေနလိမ့္မည္ဟု သူ ထင္မထားခဲ့မိပါ။
သူ႔မ်က္စိထဲတြင္ ယဲ့ဖန္၏ နတ္ဆိုးရွစ္ေယာက္သည္ ႀကီးျမတ္ေသာ ဂေရးကလန္ရွိ အႀကီးအကဲမ်ားထက္ေတာင္မွ ပိုအင္အားႀကီးေနသည္ဟု ထင္မိသည္။
*ဘယ္…ဘယ္လိုလုပ္ နိမ့္က်တဲ့လူမ်ိဳးတစ္ေယာက္မွာ သည္ေလာက္ သိုင္းပညာရွင္ေတြ အမ်ားႀကီး ရွိေနရတာလဲ*
“ငါ ဘယ္သူလဲဟုတ္လား”
သူ႔အေမးေၾကာင့္ ယဲ့ဖန္က မခိုးမခန႔္အၿပဳံးႏွင့္ ျပန္ေျပာလိုက္သည္။
“စၾကဝဠာထဲမွာ ငါ ေပ်ာက္ေနတာ အေတာ္ၾကာေနေတာ့ ေတာ္ေတာ္မ်ားမ်ားက ငါ့ကို ေမ့သြားၿပီနဲ႔ တူတယ္”
ယဲ့ဖန္က ေတာက္ပေနေသာ မ်က္လုံးမ်ားႏွင့္ ဆက္ေျပာလိုက္သည္။
“ငါက နတ္ဘုရားေတြ၊ အင္ေမာ္တယ္ေတြ၊ မေကာင္းဆိုးဝါးေတြနဲ႔ တေစၦေတြကို သတ္ခဲ့တယ္”
“ငါက … နတ္ဆိုးတစ္ေကာင္ပဲ”

ငရဲမှလာသောသူ [ Chapter 201 to 400]Där berättelser lever. Upptäck nu