Chapter 347

1.1K 108 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် CHAPTER (347) ဆိုးယုတ်သော ဟွမ်ဖူရွှမ်

နှစ်ရက်ကြာပြီးနောက် ပစိဖိတ် သမုဒ္ဒရာထဲရှိ ကျွန်းကြီးတစ်ကျွန်းပေါ်၌။
ထိုကျွန်းတစ်ခုလုံးအား လျှပ်စစ်လှိုင်းများစွာဖြင့် ဖုံးအုပ်ထားသည်။ ချဉ်းကပ်လာမည့် မည်သည့် ပင်လယ်သားရဲမဆို တစ်စစီ ဖြစ်သွားပေလိမ့်မည်။
ထိုနေရာသည် သမုဒ္ဒရာထဲရှိ တားမြစ်ကျွန်းဆွယ် တစ်ခု ဖြစ်ပုံရသည်။ ထို့ပြင် ကျွန်းပေါ်မှ အင်အားကြီးမားသော လူများစွာက ဧကရာဇ်အဆင့် ပင်လယ်သားရဲများစွာကို အဝေးသို့ နှင်ထုတ်ကြသည်။
ထိုနေရာအား အားသစ်လောင်းသော ကျွန်းဆွယ်ဟု လူသိများပြီး ကမ္ဘာမြေ အဖွဲ့အစည်း၏ ဌာနချုပ်လည်း ဖြစ်သည်။
ယခုအချိန်တွင် ညီလာခံ၌ ကမ္ဘာမြေ အဖွဲ့အစည်း၏ သံတမန်ဖြစ်သူ ချာလီက ကျန်းရှီမြို့သို့ သွားရောက်ခဲ့သည့် သူ၏ ခရီးစဉ်တစ်ခုလုံးကို ကြောက်လန့်စိတ်ဖြင့် အထစ်ထစ် အငေါ့ငေါ့ ပြောပြနေသည်။
ကြမ်းပြင်ပေါ်ရှိ လူနာထမ်းစင်ပေါ်၌ လှဲနေသောသူသည် ပေကျံနေသော နတ်ဘုရားအဆင့် ဟွမ်ဖူလင်းပင် ဖြစ်သည်။
ချာလီ၏ တင်ပြမှုအဆုံးတွင် ညီလာခံတစ်ခုလုံးရှိ လေထုသည် ညှိုးငယ်ထိုင်းမှိုင်းနေသည်။
ယာယီတိတ်ဆိတ်နေရာမှ ချက်ချင်း ဆူညံပွက်လောရိုက်လာသည်။
ဝုန်းကနဲ အသံနှင့်အတူ ဒေါသထွက်နေသော အဘိုးအိုတစ်ယောက်က ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင် ချီဓာတ်ကို ထုတ်ဖော်၍ လွှားခနဲ ထခုန်လာသည်။
သူသည် ကမ္ဘာပေါ်ရှိ ရှေးဟောင်းကလန်တစ်ခု ဖြစ်သော ဟွမ်ဖူကလန်၏ လက်ရှိခေါင်းဆောင်ဖြစ်သူ ဟွမ်ဖူရွှမ်ပင်။ သူသည် စစ်မှန်သော နတ်ဘုရား ဖြစ်သည်။
ယခုအချိန်တွင် မျက်လုံးပြူးကျယ်နေပြီး ခေါင်းမွေးများလည်း ထောင်နေ၏။ ထို့နောက် သူက စားပွဲဝိုင်းရှိ မဟာ အကြီးအကဲအား အော်ပြောလေတော့သည်။
“မဟာအကြီးအကဲ ခင်ဗျား မြင်လား။ ယဲ့ဖန်က ကျုပ်တို့ ရှေးဟောင်းကလန် သုံးခုကို မလေးစားသလို ကမ္ဘာမြေ အဖွဲ့အစည်းချုပ်က အမိန့်ကိုလည်း မလေးစားဘူး”
“သူ့ရဲ့ လက်အောက်ငယ်သားက ကျုပ်မြေးလင်းရဲ့ ကိုယ်ထဲက အရိုးတွေကို ဆွဲထုတ်ပစ်မယ်။ ဒါ ကြမ်းကြုတ်လွန်းတယ်။ ဒါက ကမ္ဘာမြေ အဖွဲ့အစည်းချုပ်တစ်ခုလုံးကို အလေးမထားဘဲ သောင်းကျန်းတာ”
ထို့နောက် ဟွမ်ဖူရွှမ်က ပြတ်ပြတ်သားသားဖြင့် အသေသတ်လိုသော ဆန္ဒရှိသည့် မျက်လုံးများနှင့် ဆက်ပြောလာသည်။
“ကမ္ဘာမြေ အဖွဲ့အစည်းချုပ်ကနေ ယဲ့ဖန်ကို သတ်ပြီး ကျန်းရှီမြို့ကို ရှင်းလင်းပစ်ဖို့ သိုင်းပညာရှင် တစ်ဖွဲ့ကို စေလွှတ်စေဖို့ ကျုပ် အကြုံပြုပါတယ်”
ဟွမ်ဖူရွှမ်က ဒေါသကြောင့် မျက်နှာနီနေပြီး ယဲ့ဖန်ကို အရေခွံနွှာ၍ လက်စားချေရန် မစောင့်နိုင်တော့ပေ။
စားပွဲဝိုင်း၌ အသက်အရွယ်ရနေသော ရွှေအိုရောင်ဆံပင်နှင့် လူတစ်ယောက် ထိုင်နေသည်။ ထိုသူသည် ကမ္ဘာမြေ အဖွဲ့အစည်းချုပ်၏ မဟာအကြီးအကဲဖြစ်သူ လင်းဒီလော့ဖ်ပင်။
ဟွမ်ဖူရွှမ်၏ ဒေါသထွက်နေသော စကားများကို နားထောင်ပြီး လင်းဒီလော့ဖမ်က တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“ရွှမ် စိတ်အေးအေးထား”
“ယဲ့ဖန်ရဲ့ နည်းလမ်းတွေက ရက်စက်တယ်ဆိုပင်မယ့် လူငယ်မျိုးဆက်တွေရဲ့ ထောက်တိုင်ဖြစ်တဲ့ သူ့အနေနဲ့ သူက သူ့ရဲ့ နာမည်ဂုဏ်သတင်းမှာ ပျော်မွေ့နေရုံလေးပါ။ သူက လူသားတွေထဲက သိုင်းပညာရှင်တွေကြားမှာ တော်တော်လေး လေးစားခံနေရတာ”
“အကယ်၍ ကမ္ဘာမြေ အဖွဲ့အစည်းချုပ်က သူ့ကို သတ်ဖို့ အင်အားစုကို လွှတ်လိုက်မယ်ဆိုရင် ငါတို့က လူထုရဲ့ ဒေါသကို သေချာပေါက် ခံယူရမှာပဲ”
လင်းဒီလော့ဖ်သည် ယဲ့ဖန်၏ မနာခံတတ်မှုကို သဘောမကျပါ။ သို့သော် သူသည် ကမ္ဘာမြေ အဖွဲ့အစည်းချုပ်၏ အနာဂတ်အတွက် စဉ်းစားဖို့ လိုအပ်သည်။
ယဲ့ဖန်ကို သတ်လိုက်ခြင်းက လူထု၏ ထောက်ပံ့မှုကို လျော့နည်းနိုင်စေသည့်အတွက် သူတို့အတွက် ပါးနပ်သည့် လှုပ်ရှားမှု မဟုတ်ပေ။
*လူထုကို ဒေါသထွက်စေမယ် ဟုတ်လား*
သူ့စကားကြောင့် နောက်ထပ် ဟွာရှ ရှေးဟောင်းကလန်တစ်ခု၏ ခေါင်းဆောင်ဖြစ်သူ စစ်မာချန်ဖုန်းက ဒေါသတကြီး ထရပ်၍ စောဒက တက်လာသည်။
“မဟာအကြီးအကဲ ယဲ့ဖန်က ကမ္ဘာမြေ အဖွဲ့အစည်းချုပ်ရဲ့ အမိန့်ကို ချိုးဖောက်ပြီးတော့ ကျုပ်တို့အင်အားစုကို အလေးမထားတာပဲ။ အခြား ဌာနချုပ်တွေကလည်း သူ့ကို လိုက်အတုယူလာရင် ငါတို့က ရှေးဟောင်းကလန် ဆယ့်နှစ်ခုက ခေါင်းဆောင်တွေနဲ့ ဒီအကြီးအကဲများ အဖွဲ့အစည်းကို ဘာလုပ်ဖို့ ဖွဲ့စည်းရဦးမှာလဲ”
ကမ္ဘာ့အဖွဲ့အစည်းချုပ်၏ အကြီးအကဲများ အဖွဲ့အစည်းသည် ကမ္ဘာတစ်ဝန်းမှ ရှေးဟောင်းကလန် ဆယ့်နှစ်ခု၏ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့သည် ကလန်နှစ်ခု၏ ခေါင်းဆောင်များ ဖြစ်ကြသည်။
ခက်ထန်သောအကြည့်များနှင့် စစ်မာချန်ဖုန်းက အံကို ကြိတ်၍ ဆက်ပြောလာသည်။
“ကျုပ် အစ်ကို ဟွမ်ဖူရဲ့အကြံကို သဘောတူတယ်။ ယဲ့ဖန် သေကိုသေရမယ်။ ဟွာရှက ကျုပ်တို့ အဓိက ရှေးဟောင်းကလန် သုံးခုရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိရမယ်”
ယဲ့ဖန်ကို သတ်စေချင်သည့် နောက်ထပ် အကြံပြုချက် တစ်ခုပါတကား။
ယဲ့ဖန်၏ မနာခံတတ်မှုက ရှေးဟောင်းကလန်နှစ်ခု၏ တကယ့်နတ်ဘုရားများကို လုံးဝ ပေါက်ကွဲသွားစေခဲ့သည်။
စစ်မာချန်ဖုန်း၏ စောဒက တက်မှုကြောင့် လင်းဒီလော့ဖ် ချီတုံချတုံ ဖြစ်သွားရသည်။ ထို့နောက် သူသည် တစ်ချိန်လုံး ငြိမ်သက်နေသည့် ရှေးဟောင်းကလန် တစ်ခုဖြစ်သော ကုန်းစွန်းကလန်၏ ကလန်ခေါင်းဆောင်ဖြစ်သူ ကုန်းစွန်းဝူကျိအား လှမ်းကြည့်လိုက်သည်။
“ကုန်းစွန်းအကြီးအကဲ ခင်ဗျား သဘောကရော”
ထိုအချိန်တွင် အားလုံး၏ အကြည့်များက ကုန်းစွန်းဝူကျိထံသို့ ကျရောက်လာသည်။ ကုန်းစွန်းဝူကျိ၏ စကားများက သူတို့၏ ဆုံးဖြတ်ချက်ပေါ်၌ သက်ရောက်မှုရှိမည်မှာ သိသာလှသည်။
အကယ်၍ ကုန်းစွန်းဝူကျိသာ ခေါင်းဆောင်နှစ်ယောက်နှင့်အတူ သဘောတူလိုက်ပါက ယဲ့ဖန်သည် ကျန်းရှီမြို့နှင့်အတူ သေဆုံးရပေလိမ့်မည်။
သူတို့၏ အကြည့်များကို သတိထားမိသဖြင့် ကုန်းစွန်းဝူကျိသည် အနည်းငယ် မျက်မှောင်ကြုတ်၍ ဖြေလိုက်သည်။
“ယဲ့ဖန်ရဲ့ လုပ်ရပ်တွေက တကယ်ကို မသင့်တော်ဘူး၊ ဒါပေမယ့် အဲ့လိုလုပ်ရတဲ့ အကြောင်းရင်းကလည်း ရှိသေးတယ်”
“ယဲ့ဖန်ရဲ့ ရုပ်တုကို ဖျက်ဆီးပြီး ကျန်းရှီမြို့ကို အတင်းအဓမ္မ သိမ်းပိုက်ချင်နေသလို ယဲ့ဖန်ရဲ့ လက်အောက်ငယ်သားတွေကိုပါ ဖယ်ရှားပစ်ချင်နေတဲ့ ဟွမ်ဖူလင်းကြောင့်သာ မဟုတ်ဘူးဆိုရင် ယဲ့ဖန်က ဒီလောက် ရက်ရက်စက်စက် ပြုမူမှာ မဟုတ်ဘူး”
“ပြီးတော့ ကျုပ် သိထားရသလောက်ဆိုရင် ယဲ့ဖန်က ဟွာရှစစ်သည်တော်တွေကြားမှာ အတော်လေး လွှမ်းမိုးမှုရှိတယ်။ သူ သိမ်းသွင်းလိုက်တာနဲ့ လူအုပ်ကြီးက သူ့ဘက် ပါလာမှာ”
“သူ မသေသင့်ဘူး”
*ဘာ*
ကုန်းစွန်း၏ သဘောထားကို သိလိုက်ရသဖြင့် ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ ဒေါသတကြီး ဖြစ်လာကြသည်။
ဤကဲ့သို့ အရေးကြီးသော အခြေအနေ၌ ထိပ်တန်း ရှေးဟောင်းကလန် သုံးခုထဲမှတစ်ခု ဖြစ်သည့် ကုန်းစွန်းကလန်က ယဲ့ဖန်ဘက် ရပ်တည်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မှတ်မထားခဲ့မိကြပေ။
ထို့ကြောင့် ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့ ဒေါသတကြီး အော်ဟစ်လာကြသည်။
“ကုန်းစွန်း မင်း ဘာတွေပြောလိုက်သလဲဆိုတာ မင်း သိရဲ့လား”
“အဲ့ခွေးမသားလေးက ဟွမ်ဖူကလန်တစ်ခုတည်းကို အရှက်ရအောင် လုပ်တာ မဟုတ်ဘူးကွ၊ ငါတို့ ကလန်သုံးခုလုံးကို အဲ့လို ဖြစ်အောင်လုပ်နေတာ”
“ကုန်းစွန်း မင်း ဘယ်လိုလုပ် သူ့ကို ကူညီနိုင်ရတာလဲ”
ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့က ကုန်းစွန်း ဝူကျိအား မနှစ်မြို့သလို စိုက်ကြည့်နေကြသည်။ သို့သော် ကုန်းစွန်း ဝူကျိက ခေါင်းကိုခါ၍ မချိတင်ကဲပြုံး၍ ပြောလိုက်သည်။
“ဟွမ်ဖူ အတွေးမမှားနဲ့။ ငါက ယဲ့ဖန်ကို ကူညီနေတာ မဟုတ်ဘူး၊ ငါက လူသားထုကြီး တစ်ခုလုံးကို ကူညီနေတာ။ သူက လူသားတွေကို လမ်းသစ်တစ်ခုဆီကို ဦးဆောင်လမ်းပြပြီးတော့ ငါတို့ဆီ လူသားတွေရဲ့ တောက်ပတဲ့ အုပ်စိုးမှုကို ပြန်လည်ယူဆောင်လာပေးနိုင်မယ်လို့ ငါ ခံစားနေရတယ်”
ကုန်းစွန်း ဝူကျိ၏ စကားများ မီးလောင်ရာ လေပင့်လိုက်သလိုပင်။ လူအုပ်ကြီး၏ ဒေါသကို သတိပြုမိသဖြင့် လင်းဒီလော့ဖ်က ခပ်သွက်သွက် ဖျောင်းဖျလာသည်။
“ကောင်းပြီလေ၊ ဒီကိစ္စကို နောက်မှပဲ ပြောကြတာပေါ့၊ ရွှေ့ဆိုင်းလိုက်တော့”
ထိုသို့ပြောပြီး လင်းဒီလော့ဖ်က မတ်တပ်ရပ်လိုက်ပြီးနောက် ထွက်ခွာသွားသည်။ သူ၏ အပြုအမူကို ကြည့်ပြီး ကုန်းစွန်း ဝူကျိသည် ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်းတို့အား လက်ကိုဆုပ်၍ နှုတ်ဆက်လိုက်သည်။
ကုန်းစွန်း ဝူကျိ ညီလာခံခန်းမထဲမှ ထွက်လာသည်နှင့် ကုန်းစွန်းကလန်မှ သိုင်းပညာရှင်တစ်ယောက်က စိုးရိမ်တကြီး မေးလာသည်။
“ခေါင်းဆောင်၊ အခုလေးတင် ခေါင်းဆောင်က ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် အခြားကလန်နှစ်ခုကို ဆန့်ကျင်လိုက်ပြီပဲ၊ ယဲ့ဖန်ကို ဒီလို ကာကွယ်ပေးဖို့ ထိုက်တန်လို့လား”
ထိုသိုင်းပညာရှင်က သူ့ခေါင်းဆောင်၏ ရွေးချယ်မှုကို နားမလည်နိုင်ပေ။
*ထိုက်တန်လို့တဲ့လား*
သူ့သတိပေးစကားကြောင့် ကုန်းစွန်းဝူကျိက တောက်ပနေသော မျက်လုံးများဖြင့် ပြန်ပြောလိုက်သည်။
“အဟက် ဟွမ်ဖူရွှမ်နဲ့ စစ်မာချန်ဖုန်းတို့က ဘဝမြင့်နေကြတာ။ သူတို့က ငါတို့ ရှေးဟောင်းကလန်က ကမ္ဘာတစ်ဝန်းမှာ ပြိုင်ဘက်ကင်းတယ်လို့ ထင်နေကြတယ်”
“ငါ ယဲ့ဖန်နဲ့ ပတ်သက်ပြီး စုံစမ်းကြည့်ပြီသွားပြီ၊ သူ့ရဲ့ အမူအကျင့်အရ သူက ငါ မြင်ဖူးသမျှထဲမှာ အကျော်ဇေယျ အဖြစ်ဆုံး လူတစ်ယောက်ပဲ”
“ဟွမ်ဖူနဲ့ စစ်မာတို့ အဲ့လူကို ရန်စမိရင် သူတို့ ကပ်ဆိုးကြီးတစ်ခုနဲ့ ကြုံတွေ့ရလိမ့်မယ်လို့ ငါ အခိုင်အမာ ပြောရဲတယ်”
*ဘာ*
ကုန်းစွန်းကလန်မှ သိုင်းပညာရှင်သည် သူတို့ခေါင်းဆောင်က ယဲ့ဖန်ကို ဤသို့ မှတ်ချက်ပြုမိသည်ဟု မထင်ထားမိပေ။
*ကပ်ဆိုးကြီးတစ်ခုတဲ့လား*
*မဖြစ်နိုင်ဘူးလေ*
ထိုသို့သော အချိန်၌ ညီလာခံ ခန်းမထဲရှိ ဟွမ်ဖူရွှမ်နှင့် စစ်မာချန်ဖုန်တို့သည် အလွန်အမင်း ဒေါသထွက်နေကြပုံ ရသည်။
“ဘိုးဘိုး၊ ကျွန်တော့်အတွက် လက်စားချေပေးပါ။ ယဲ့ဖန်ကို သတ်ပြီး ကျန်းရှီမြို့ကို ရှင်းလင်းပစ်လိုက်ပါ”
ထမ်းစင်ပေါ်၌ လဲနေသော်လည်း ဟွမ်ဖူလင်းသည် အတတ်နို်ငဆုံး ဟစ်ကြွေးလာသည်။ သူ ယဲ့ဖန်ကို မုန်းသလို ကျန်းရှီမြို့မှ အခြားသူများကိုလည်း မုန်းတီးမိသည်။
သူသည် မြို့ထဲမှ လူတိုင်းအား သေစေချင်သည်။
*လက်စားချေရမှာလား*
သူ့စကားကြောင့် ဟွမ်ဖူရွှမ်သည် အလွန် အေးစက်၍ တောက်ပသော မျက်လုံးများဖြင့် သူ့အား နှစ်သိမ့်လိုက်သည်။
“ဘိုးဘိုး ကတိပေးတယ်၊ ယဲ့ဖန်က ကျန်းရှီမြို့က အခြားသူတွေနဲ့အတူ သေရလိမ့်မယ်။ ကုန်းစွန်းကလန်လည်း ဒီခန်းမထဲက ထုတ်ပယ်ခံရစေမယ်”
*ဟမ်*
ဟွမ်ဖူရွှမ်၏ စကားကြောင့် စစ်မာချန်ဖုန်း ချီတုံချတုံ ဖြစ်သွားရပြီးနောက် ပြန်မေးလိုက်သည်။
“အစ်ကိုဟွမ်ဖူ ခင်ဗျား ဘာလုပ်ရမယ်ဆိုတာ သိလို့လား”
“ဟီး…ဟီး…ဟီး…”
ဟွမ်ဖူရွှမ်က ဆိုးယုတ်၍ အန္တရာယ်ပေးလိုသော အပြုံးမျိုးဖြင့် ပြန်ပြောလိုက်သည်။
“စစ်မာ၊ ဟွာရှ အတွင်းပိုင်း မြစ်ချောင်းတွေထဲမှာ ဧကရာဇ်အဆင့် သားရဲတွေ ရှိတယ်ဆိုတာကို မေ့မထားနဲ့ဦးလေ။ ကျန်းရှီက ဝေ့ဟဲမြစ်နဲ့ နီးစပ်နေတာလေ။ အဲ့သားရဲတွေကို ယဲ့ဖန်မရှိတုန်း ကျန်းရှီမြို့ထဲ မောင်းလွှတ်လိုက်မယ်ဆိုရင် ဘာတွေ ဖြစ်လာမယ်လို့ မင်း ထင်လဲ”
ဒိန်း!
ဟွမ်ဖူရွှမ်၏ စကားများက ရက်စက်၍ လူမဆန်လှသဖြင့် စစ်မာချန်ဖုန်း ချက်ချင်း ကတုန်ကယင် ဖြစ်သွားရသည်။
ထို့နောက် စစ်မာချန်ဖုန်းက မျက်မှောင်ကြုတ်၍ ပြန်မေးလိုက်သည်။
“ဘာလို့ ကျုပ်တို့က ယဲ့ဖန် မရှိတုန်း လုပ်ရမှာလဲ။ သူ ရှိနေရင်တောင် သူက ဧကရာဇ်အဆင့် သားရဲကို အနို်ငမယူနို်ငပါဘူး”
စစ်မာချန်ဖုန်း၏ စကားကြောင့် ဟွမ်ဖူရွှမ်၏ မျက်လုံးများက ပို၍ ခက်ထန်ကာ ထိတ်လန့်ဖွယ်ကောင်းလာပြီး ပြန်ပြောလိုက်သည်။
“ကျုပ် ပွဲလေး လုပ်ချင်လို့လေ။ ကျန်းရှီမြို့က ထောင်သောင်းနဲ့ချီတဲ့ သိုင်းပညာရှင်တွေက ဟွာရှ အရှင်သခင်ထက် စောသေလိမ့်မယ်။ အဲ့လိုဖြစ်ပြီးသွားရင် သူက လမ်းဘေးခွေးသာသာပဲ ဖြစ်လာလိမ့်မယ်။ ဒီလိုဆိုရင် သူ့အသက်က ငါတို့ ထိန်းချုပ်မှုအောက်ကို လုံးဝရောက်လာမှာ။ ငါတို့ သူ့ကို ကြိုက်တဲ့အချိန် သတ်လို့ရပြီ”
#ZAWGYI
စာစဥ္ (24) CHAPTER (347) ဆိုးယုတ္ေသာ ဟြမ္ဖူ႐ႊမ္
ႏွစ္ရက္ၾကာၿပီးေနာက္ ပစိဖိတ္ သမုဒၵရာထဲရွိ ကြၽန္းႀကီးတစ္ကြၽန္းေပၚ၌။
ထိုကြၽန္းတစ္ခုလုံးအား လွ်ပ္စစ္လႈိင္းမ်ားစြာျဖင့္ ဖုံးအုပ္ထားသည္။ ခ်ဥ္းကပ္လာမည့္ မည္သည့္ ပင္လယ္သားရဲမဆို တစ္စစီ ျဖစ္သြားေပလိမ့္မည္။
ထိုေနရာသည္ သမုဒၵရာထဲရွိ တားျမစ္ကြၽန္းဆြယ္ တစ္ခု ျဖစ္ပုံရသည္။ ထို႔ျပင္ ကြၽန္းေပၚမွ အင္အားႀကီးမားေသာ လူမ်ားစြာက ဧကရာဇ္အဆင့္ ပင္လယ္သားရဲမ်ားစြာကို အေဝးသို႔ ႏွင္ထုတ္ၾကသည္။
ထိုေနရာအား အားသစ္ေလာင္းေသာ ကြၽန္းဆြယ္ဟု လူသိမ်ားၿပီး ကမာၻေျမ အဖြဲ႕အစည္း၏ ဌာနခ်ဳပ္လည္း ျဖစ္သည္။
ယခုအခ်ိန္တြင္ ညီလာခံ၌ ကမာၻေျမ အဖြဲ႕အစည္း၏ သံတမန္ျဖစ္သူ ခ်ာလီက က်န္းရွီၿမိဳ႕သို႔ သြားေရာက္ခဲ့သည့္ သူ၏ ခရီးစဥ္တစ္ခုလုံးကို ေၾကာက္လန႔္စိတ္ျဖင့္ အထစ္ထစ္ အေငါ့ေငါ့ ေျပာျပေနသည္။
ၾကမ္းျပင္ေပၚရွိ လူနာထမ္းစင္ေပၚ၌ လွဲေနေသာသူသည္ ေပက်ံေနေသာ နတ္ဘုရားအဆင့္ ဟြမ္ဖူလင္းပင္ ျဖစ္သည္။
ခ်ာလီ၏ တင္ျပမႈအဆုံးတြင္ ညီလာခံတစ္ခုလုံးရွိ ေလထုသည္ ညႇိဳးငယ္ထိုင္းမႈိင္းေနသည္။
ယာယီတိတ္ဆိတ္ေနရာမွ ခ်က္ခ်င္း ဆူညံပြက္ေလာ႐ိုက္လာသည္။
ဝုန္းကနဲ အသံႏွင့္အတူ ေဒါသထြက္ေနေသာ အဘိုးအိုတစ္ေယာက္က ေၾကာက္မက္ဖြယ္ေကာင္းေသာ တိုက္ပြဲဝင္ ခ်ီဓာတ္ကို ထုတ္ေဖာ္၍ လႊားခနဲ ထခုန္လာသည္။
သူသည္ ကမာၻေပၚရွိ ေရွးေဟာင္းကလန္တစ္ခု ျဖစ္ေသာ ဟြမ္ဖူကလန္၏ လက္ရွိေခါင္းေဆာင္ျဖစ္သူ ဟြမ္ဖူ႐ႊမ္ပင္။ သူသည္ စစ္မွန္ေသာ နတ္ဘုရား ျဖစ္သည္။
ယခုအခ်ိန္တြင္ မ်က္လုံးျပဴးက်ယ္ေနၿပီး ေခါင္းေမြးမ်ားလည္း ေထာင္ေန၏။ ထို႔ေနာက္ သူက စားပြဲဝိုင္းရွိ မဟာ အႀကီးအကဲအား ေအာ္ေျပာေလေတာ့သည္။
“မဟာအႀကီးအကဲ ခင္ဗ်ား ျမင္လား။ ယဲ့ဖန္က က်ဳပ္တို႔ ေရွးေဟာင္းကလန္ သုံးခုကို မေလးစားသလို ကမာၻေျမ အဖြဲ႕အစည္းခ်ဳပ္က အမိန႔္ကိုလည္း မေလးစားဘူး”
“သူ႔ရဲ႕ လက္ေအာက္ငယ္သားက က်ဳပ္ေျမးလင္းရဲ႕ ကိုယ္ထဲက အ႐ိုးေတြကို ဆြဲထုတ္ပစ္မယ္။ ဒါ ၾကမ္းၾကဳတ္လြန္းတယ္။ ဒါက ကမာၻေျမ အဖြဲ႕အစည္းခ်ဳပ္တစ္ခုလုံးကို အေလးမထားဘဲ ေသာင္းက်န္းတာ”
ထို႔ေနာက္ ဟြမ္ဖူ႐ႊမ္က ျပတ္ျပတ္သားသားျဖင့္ အေသသတ္လိုေသာ ဆႏၵရွိသည့္ မ်က္လုံးမ်ားႏွင့္ ဆက္ေျပာလာသည္။
“ကမာၻေျမ အဖြဲ႕အစည္းခ်ဳပ္ကေန ယဲ့ဖန္ကို သတ္ၿပီး က်န္းရွီၿမိဳ႕ကို ရွင္းလင္းပစ္ဖို႔ သိုင္းပညာရွင္ တစ္ဖြဲ႕ကို ေစလႊတ္ေစဖို႔ က်ဳပ္ အႀကဳံျပဳပါတယ္”
ဟြမ္ဖူ႐ႊမ္က ေဒါသေၾကာင့္ မ်က္ႏွာနီေနၿပီး ယဲ့ဖန္ကို အေရခြံႏႊာ၍ လက္စားေခ်ရန္ မေစာင့္ႏိုင္ေတာ့ေပ။
စားပြဲဝိုင္း၌ အသက္အ႐ြယ္ရေနေသာ ေ႐ႊအိုေရာင္ဆံပင္ႏွင့္ လူတစ္ေယာက္ ထိုင္ေနသည္။ ထိုသူသည္ ကမာၻေျမ အဖြဲ႕အစည္းခ်ဳပ္၏ မဟာအႀကီးအကဲျဖစ္သူ လင္းဒီေလာ့ဖ္ပင္။
ဟြမ္ဖူ႐ႊမ္၏ ေဒါသထြက္ေနေသာ စကားမ်ားကို နားေထာင္ၿပီး လင္းဒီေလာ့ဖမ္က တည္ၿငိမ္ေသာ ေလသံျဖင့္ ေျပာလိုက္သည္။
“႐ႊမ္ စိတ္ေအးေအးထား”
“ယဲ့ဖန္ရဲ႕ နည္းလမ္းေတြက ရက္စက္တယ္ဆိုပင္မယ့္ လူငယ္မ်ိဳးဆက္ေတြရဲ႕ ေထာက္တိုင္ျဖစ္တဲ့ သူ႔အေနနဲ႔ သူက သူ႔ရဲ႕ နာမည္ဂုဏ္သတင္းမွာ ေပ်ာ္ေမြ႕ေန႐ုံေလးပါ။ သူက လူသားေတြထဲက သိုင္းပညာရွင္ေတြၾကားမွာ ေတာ္ေတာ္ေလး ေလးစားခံေနရတာ”
“အကယ္၍ ကမာၻေျမ အဖြဲ႕အစည္းခ်ဳပ္က သူ႔ကို သတ္ဖို႔ အင္အားစုကို လႊတ္လိုက္မယ္ဆိုရင္ ငါတို႔က လူထုရဲ႕ ေဒါသကို ေသခ်ာေပါက္ ခံယူရမွာပဲ”
လင္းဒီေလာ့ဖ္သည္ ယဲ့ဖန္၏ မနာခံတတ္မႈကို သေဘာမက်ပါ။ သို႔ေသာ္ သူသည္ ကမာၻေျမ အဖြဲ႕အစည္းခ်ဳပ္၏ အနာဂတ္အတြက္ စဥ္းစားဖို႔ လိုအပ္သည္။
ယဲ့ဖန္ကို သတ္လိုက္ျခင္းက လူထု၏ ေထာက္ပံ့မႈကို ေလ်ာ့နည္းႏိုင္ေစသည့္အတြက္ သူတို႔အတြက္ ပါးနပ္သည့္ လႈပ္ရွားမႈ မဟုတ္ေပ။
*လူထုကို ေဒါသထြက္ေစမယ္ ဟုတ္လား*
သူ႔စကားေၾကာင့္ ေနာက္ထပ္ ဟြာရွ ေရွးေဟာင္းကလန္တစ္ခု၏ ေခါင္းေဆာင္ျဖစ္သူ စစ္မာခ်န္ဖုန္းက ေဒါသတႀကီး ထရပ္၍ ေစာဒက တက္လာသည္။
“မဟာအႀကီးအကဲ ယဲ့ဖန္က ကမာၻေျမ အဖြဲ႕အစည္းခ်ဳပ္ရဲ႕ အမိန႔္ကို ခ်ိဳးေဖာက္ၿပီးေတာ့ က်ဳပ္တို႔အင္အားစုကို အေလးမထားတာပဲ။ အျခား ဌာနခ်ဳပ္ေတြကလည္း သူ႔ကို လိုက္အတုယူလာရင္ ငါတို႔က ေရွးေဟာင္းကလန္ ဆယ့္ႏွစ္ခုက ေခါင္းေဆာင္ေတြနဲ႔ ဒီအႀကီးအကဲမ်ား အဖြဲ႕အစည္းကို ဘာလုပ္ဖို႔ ဖြဲ႕စည္းရဦးမွာလဲ”
ကမာၻ႔အဖြဲ႕အစည္းခ်ဳပ္၏ အႀကီးအကဲမ်ား အဖြဲ႕အစည္းသည္ ကမာၻတစ္ဝန္းမွ ေရွးေဟာင္းကလန္ ဆယ့္ႏွစ္ခု၏ ေခါင္းေဆာင္မ်ားျဖင့္ ဖြဲ႕စည္းထားျခင္း ျဖစ္သည္။
ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔သည္ ကလန္ႏွစ္ခု၏ ေခါင္းေဆာင္မ်ား ျဖစ္ၾကသည္။
ခက္ထန္ေသာအၾကည့္မ်ားႏွင့္ စစ္မာခ်န္ဖုန္းက အံကို ႀကိတ္၍ ဆက္ေျပာလာသည္။
“က်ဳပ္ အစ္ကို ဟြမ္ဖူရဲ႕အႀကံကို သေဘာတူတယ္။ ယဲ့ဖန္ ေသကိုေသရမယ္။ ဟြာရွက က်ဳပ္တို႔ အဓိက ေရွးေဟာင္းကလန္ သုံးခုရဲ႕ ထိန္းခ်ဳပ္မႈေအာက္မွာပဲ ရွိရမယ္”
ယဲ့ဖန္ကို သတ္ေစခ်င္သည့္ ေနာက္ထပ္ အႀကံျပဳခ်က္ တစ္ခုပါတကား။
ယဲ့ဖန္၏ မနာခံတတ္မႈက ေရွးေဟာင္းကလန္ႏွစ္ခု၏ တကယ့္နတ္ဘုရားမ်ားကို လုံးဝ ေပါက္ကြဲသြားေစခဲ့သည္။
စစ္မာခ်န္ဖုန္း၏ ေစာဒက တက္မႈေၾကာင့္ လင္းဒီေလာ့ဖ္ ခ်ီတုံခ်တုံ ျဖစ္သြားရသည္။ ထို႔ေနာက္ သူသည္ တစ္ခ်ိန္လုံး ၿငိမ္သက္ေနသည့္ ေရွးေဟာင္းကလန္ တစ္ခုျဖစ္ေသာ ကုန္းစြန္းကလန္၏ ကလန္ေခါင္းေဆာင္ျဖစ္သူ ကုန္းစြန္းဝူက်ိအား လွမ္းၾကည့္လိုက္သည္။
“ကုန္းစြန္းအႀကီးအကဲ ခင္ဗ်ား သေဘာကေရာ”
ထိုအခ်ိန္တြင္ အားလုံး၏ အၾကည့္မ်ားက ကုန္းစြန္းဝူက်ိထံသို႔ က်ေရာက္လာသည္။ ကုန္းစြန္းဝူက်ိ၏ စကားမ်ားက သူတို႔၏ ဆုံးျဖတ္ခ်က္ေပၚ၌ သက္ေရာက္မႈရွိမည္မွာ သိသာလွသည္။
အကယ္၍ ကုန္းစြန္းဝူက်ိသာ ေခါင္းေဆာင္ႏွစ္ေယာက္ႏွင့္အတူ သေဘာတူလိုက္ပါက ယဲ့ဖန္သည္ က်န္းရွီၿမိဳ႕ႏွင့္အတူ ေသဆုံးရေပလိမ့္မည္။
သူတို႔၏ အၾကည့္မ်ားကို သတိထားမိသျဖင့္ ကုန္းစြန္းဝူက်ိသည္ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္၍ ေျဖလိုက္သည္။
“ယဲ့ဖန္ရဲ႕ လုပ္ရပ္ေတြက တကယ္ကို မသင့္ေတာ္ဘူး၊ ဒါေပမယ့္ အဲ့လိုလုပ္ရတဲ့ အေၾကာင္းရင္းကလည္း ရွိေသးတယ္”
“ယဲ့ဖန္ရဲ႕ ႐ုပ္တုကို ဖ်က္ဆီးၿပီး က်န္းရွီၿမိဳ႕ကို အတင္းအဓမၼ သိမ္းပိုက္ခ်င္ေနသလို ယဲ့ဖန္ရဲ႕ လက္ေအာက္ငယ္သားေတြကိုပါ ဖယ္ရွားပစ္ခ်င္ေနတဲ့ ဟြမ္ဖူလင္းေၾကာင့္သာ မဟုတ္ဘူးဆိုရင္ ယဲ့ဖန္က ဒီေလာက္ ရက္ရက္စက္စက္ ျပဳမူမွာ မဟုတ္ဘူး”
“ၿပီးေတာ့ က်ဳပ္ သိထားရသေလာက္ဆိုရင္ ယဲ့ဖန္က ဟြာရွစစ္သည္ေတာ္ေတြၾကားမွာ အေတာ္ေလး လႊမ္းမိုးမႈရွိတယ္။ သူ သိမ္းသြင္းလိုက္တာနဲ႔ လူအုပ္ႀကီးက သူ႔ဘက္ ပါလာမွာ”
“သူ မေသသင့္ဘူး”
*ဘာ*
ကုန္းစြန္း၏ သေဘာထားကို သိလိုက္ရသျဖင့္ ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔ ေဒါသတႀကီး ျဖစ္လာၾကသည္။
ဤကဲ့သို႔ အေရးႀကီးေသာ အေျခအေန၌ ထိပ္တန္း ေရွးေဟာင္းကလန္ သုံးခုထဲမွတစ္ခု ျဖစ္သည့္ ကုန္းစြန္းကလန္က ယဲ့ဖန္ဘက္ ရပ္တည္လိမ့္မည္ဟု သူတို႔ လုံးဝ ထင္မွတ္မထားခဲ့မိၾကေပ။
ထို႔ေၾကာင့္ ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔ ေဒါသတႀကီး ေအာ္ဟစ္လာၾကသည္။
“ကုန္းစြန္း မင္း ဘာေတြေျပာလိုက္သလဲဆိုတာ မင္း သိရဲ႕လား”
“အဲ့ေခြးမသားေလးက ဟြမ္ဖူကလန္တစ္ခုတည္းကို အရွက္ရေအာင္ လုပ္တာ မဟုတ္ဘူးကြ၊ ငါတို႔ ကလန္သုံးခုလုံးကို အဲ့လို ျဖစ္ေအာင္လုပ္ေနတာ”
“ကုန္းစြန္း မင္း ဘယ္လိုလုပ္ သူ႔ကို ကူညီႏိုင္ရတာလဲ”
ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔က ကုန္းစြန္း ဝူက်ိအား မႏွစ္ၿမိဳ႕သလို စိုက္ၾကည့္ေနၾကသည္။ သို႔ေသာ္ ကုန္းစြန္း ဝူက်ိက ေခါင္းကိုခါ၍ မခ်ိတင္ကဲၿပဳံး၍ ေျပာလိုက္သည္။
“ဟြမ္ဖူ အေတြးမမွားနဲ႔။ ငါက ယဲ့ဖန္ကို ကူညီေနတာ မဟုတ္ဘူး၊ ငါက လူသားထုႀကီး တစ္ခုလုံးကို ကူညီေနတာ။ သူက လူသားေတြကို လမ္းသစ္တစ္ခုဆီကို ဦးေဆာင္လမ္းျပၿပီးေတာ့ ငါတို႔ဆီ လူသားေတြရဲ႕ ေတာက္ပတဲ့ အုပ္စိုးမႈကို ျပန္လည္ယူေဆာင္လာေပးႏိုင္မယ္လို႔ ငါ ခံစားေနရတယ္”
ကုန္းစြန္း ဝူက်ိ၏ စကားမ်ား မီးေလာင္ရာ ေလပင့္လိုက္သလိုပင္။ လူအုပ္ႀကီး၏ ေဒါသကို သတိျပဳမိသျဖင့္ လင္းဒီေလာ့ဖ္က ခပ္သြက္သြက္ ေဖ်ာင္းဖ်လာသည္။
“ေကာင္းၿပီေလ၊ ဒီကိစၥကို ေနာက္မွပဲ ေျပာၾကတာေပါ့၊ ေ႐ႊ႕ဆိုင္းလိုက္ေတာ့”
ထိုသို႔ေျပာၿပီး လင္းဒီေလာ့ဖ္က မတ္တပ္ရပ္လိုက္ၿပီးေနာက္ ထြက္ခြာသြားသည္။ သူ၏ အျပဳအမူကို ၾကည့္ၿပီး ကုန္းစြန္း ဝူက်ိသည္ ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္းတို႔အား လက္ကိုဆုပ္၍ ႏႈတ္ဆက္လိုက္သည္။
ကုန္းစြန္း ဝူက်ိ ညီလာခံခန္းမထဲမွ ထြက္လာသည္ႏွင့္ ကုန္းစြန္းကလန္မွ သိုင္းပညာရွင္တစ္ေယာက္က စိုးရိမ္တႀကီး ေမးလာသည္။
“ေခါင္းေဆာင္၊ အခုေလးတင္ ေခါင္းေဆာင္က ကိုယ့္ရပ္တည္ခ်က္နဲ႔ကိုယ္ အျခားကလန္ႏွစ္ခုကို ဆန႔္က်င္လိုက္ၿပီပဲ၊ ယဲ့ဖန္ကို ဒီလို ကာကြယ္ေပးဖို႔ ထိုက္တန္လို႔လား”
ထိုသိုင္းပညာရွင္က သူ႔ေခါင္းေဆာင္၏ ေ႐ြးခ်ယ္မႈကို နားမလည္ႏိုင္ေပ။
*ထိုက္တန္လို႔တဲ့လား*
သူ႔သတိေပးစကားေၾကာင့္ ကုန္းစြန္းဝူက်ိက ေတာက္ပေနေသာ မ်က္လုံးမ်ားျဖင့္ ျပန္ေျပာလိုက္သည္။
“အဟက္ ဟြမ္ဖူ႐ႊမ္နဲ႔ စစ္မာခ်န္ဖုန္းတို႔က ဘဝျမင့္ေနၾကတာ။ သူတို႔က ငါတို႔ ေရွးေဟာင္းကလန္က ကမာၻတစ္ဝန္းမွာ ၿပိဳင္ဘက္ကင္းတယ္လို႔ ထင္ေနၾကတယ္”
“ငါ ယဲ့ဖန္နဲ႔ ပတ္သက္ၿပီး စုံစမ္းၾကည့္ၿပီသြားၿပီ၊ သူ႔ရဲ႕ အမူအက်င့္အရ သူက ငါ ျမင္ဖူးသမွ်ထဲမွာ အေက်ာ္ေဇယ် အျဖစ္ဆုံး လူတစ္ေယာက္ပဲ”
“ဟြမ္ဖူနဲ႔ စစ္မာတို႔ အဲ့လူကို ရန္စမိရင္ သူတို႔ ကပ္ဆိုးႀကီးတစ္ခုနဲ႔ ႀကဳံေတြ႕ရလိမ့္မယ္လို႔ ငါ အခိုင္အမာ ေျပာရဲတယ္”
*ဘာ*
ကုန္းစြန္းကလန္မွ သိုင္းပညာရွင္သည္ သူတို႔ေခါင္းေဆာင္က ယဲ့ဖန္ကို ဤသို႔ မွတ္ခ်က္ျပဳမိသည္ဟု မထင္ထားမိေပ။
*ကပ္ဆိုးႀကီးတစ္ခုတဲ့လား*
*မျဖစ္ႏိုင္ဘူးေလ*
ထိုသို႔ေသာ အခ်ိန္၌ ညီလာခံ ခန္းမထဲရွိ ဟြမ္ဖူ႐ႊမ္ႏွင့္ စစ္မာခ်န္ဖုန္တို႔သည္ အလြန္အမင္း ေဒါသထြက္ေနၾကပုံ ရသည္။
“ဘိုးဘိုး၊ ကြၽန္ေတာ့္အတြက္ လက္စားေခ်ေပးပါ။ ယဲ့ဖန္ကို သတ္ၿပီး က်န္းရွီၿမိဳ႕ကို ရွင္းလင္းပစ္လိုက္ပါ”
ထမ္းစင္ေပၚ၌ လဲေနေသာ္လည္း ဟြမ္ဖူလင္းသည္ အတတ္ႏို္ငဆုံး ဟစ္ေႂကြးလာသည္။ သူ ယဲ့ဖန္ကို မုန္းသလို က်န္းရွီၿမိဳ႕မွ အျခားသူမ်ားကိုလည္း မုန္းတီးမိသည္။
သူသည္ ၿမိဳ႕ထဲမွ လူတိုင္းအား ေသေစခ်င္သည္။
*လက္စားေခ်ရမွာလား*
သူ႔စကားေၾကာင့္ ဟြမ္ဖူ႐ႊမ္သည္ အလြန္ ေအးစက္၍ ေတာက္ပေသာ မ်က္လုံးမ်ားျဖင့္ သူ႔အား ႏွစ္သိမ့္လိုက္သည္။
“ဘိုးဘိုး ကတိေပးတယ္၊ ယဲ့ဖန္က က်န္းရွီၿမိဳ႕က အျခားသူေတြနဲ႔အတူ ေသရလိမ့္မယ္။ ကုန္းစြန္းကလန္လည္း ဒီခန္းမထဲက ထုတ္ပယ္ခံရေစမယ္”
*ဟမ္*
ဟြမ္ဖူ႐ႊမ္၏ စကားေၾကာင့္ စစ္မာခ်န္ဖုန္း ခ်ီတုံခ်တုံ ျဖစ္သြားရၿပီးေနာက္ ျပန္ေမးလိုက္သည္။
“အစ္ကိုဟြမ္ဖူ ခင္ဗ်ား ဘာလုပ္ရမယ္ဆိုတာ သိလို႔လား”
“ဟီး…ဟီး…ဟီး…”
ဟြမ္ဖူ႐ႊမ္က ဆိုးယုတ္၍ အႏၲရာယ္ေပးလိုေသာ အၿပဳံးမ်ိဳးျဖင့္ ျပန္ေျပာလိုက္သည္။
“စစ္မာ၊ ဟြာရွ အတြင္းပိုင္း ျမစ္ေခ်ာင္းေတြထဲမွာ ဧကရာဇ္အဆင့္ သားရဲေတြ ရွိတယ္ဆိုတာကို ေမ့မထားနဲ႔ဦးေလ။ က်န္းရွီက ေဝ့ဟဲျမစ္နဲ႔ နီးစပ္ေနတာေလ။ အဲ့သားရဲေတြကို ယဲ့ဖန္မရွိတုန္း က်န္းရွီၿမိဳ႕ထဲ ေမာင္းလႊတ္လိုက္မယ္ဆိုရင္ ဘာေတြ ျဖစ္လာမယ္လို႔ မင္း ထင္လဲ”
ဒိန္း!
ဟြမ္ဖူ႐ႊမ္၏ စကားမ်ားက ရက္စက္၍ လူမဆန္လွသျဖင့္ စစ္မာခ်န္ဖုန္း ခ်က္ခ်င္း ကတုန္ကယင္ ျဖစ္သြားရသည္။
ထို႔ေနာက္ စစ္မာခ်န္ဖုန္းက မ်က္ေမွာင္ၾကဳတ္၍ ျပန္ေမးလိုက္သည္။
“ဘာလို႔ က်ဳပ္တို႔က ယဲ့ဖန္ မရွိတုန္း လုပ္ရမွာလဲ။ သူ ရွိေနရင္ေတာင္ သူက ဧကရာဇ္အဆင့္ သားရဲကို အႏို္ငမယူႏို္ငပါဘူး”
စစ္မာခ်န္ဖုန္း၏ စကားေၾကာင့္ ဟြမ္ဖူ႐ႊမ္၏ မ်က္လုံးမ်ားက ပို၍ ခက္ထန္ကာ ထိတ္လန႔္ဖြယ္ေကာင္းလာၿပီး ျပန္ေျပာလိုက္သည္။
“က်ဳပ္ ပြဲေလး လုပ္ခ်င္လို႔ေလ။ က်န္းရွီၿမိဳ႕က ေထာင္ေသာင္းနဲ႔ခ်ီတဲ့ သိုင္းပညာရွင္ေတြက ဟြာရွ အရွင္သခင္ထက္ ေစာေသလိမ့္မယ္။ အဲ့လိုျဖစ္ၿပီးသြားရင္ သူက လမ္းေဘးေခြးသာသာပဲ ျဖစ္လာလိမ့္မယ္။ ဒီလိုဆိုရင္ သူ႔အသက္က ငါတို႔ ထိန္းခ်ဳပ္မႈေအာက္ကို လုံးဝေရာက္လာမွာ။ ငါတို႔ သူ႔ကို ႀကိဳက္တဲ့အခ်ိန္ သတ္လို႔ရၿပီ”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now