Chapter 337

1K 121 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (23) CHAPTER (337) ခင်ဗျား အခု သေလို့ရပြီ

မကောင်းဆိုးဝါးဆန်လှသည်။ မနှစ်မြို့ဖွယ်ကောင်းလှ၏။
အနောက်တိုင်း တစ္ဆေနတ်ဘုရား ရောက်လာသောအခါ နတ်ဘုရားမမြို့တော် တစ်ခုလုံး၌ မကောင်းဆိုးဝါး တစ္ဆေချီဓာတ်များဖြင့် ပြည့်နှက်လာသည်။
ထို့အတူ မြို့ထဲရှိ လူတိုင်းသည် ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာကြသည်။ သူတို့၏ စိတ်ဝိညာဉ်တောင်မှ တုန်လှုပ်လာသည်။
နတ်ဘုရားတောင်မှ အနောက်တိုင်း တစ္ဆေနတ်ဘုရားကို မြင်လိုက်သည်နှင့် သူ၏ ကြောက်မက်ဖွယ် ကောင်းသော အင်အားကြောင့် တုန်ယင်လို့လာသည်။
“ဟားဟား ... ယဲ့ဖန်၊ မင်း သေရတော့မှာကွ”
အနောက်တိုင်း တစ္ဆေနတ်ဘုရားက ယဲ့ဖန်ကို ခက်ထန်စွာ စိုက်ကြည့်ရင်း ခပ်အက်အက်အသံဖြင့် ပြောလိုက်သည်။ ထို့နောက် သူ ထပ်ပြောလာသည်။
“လွန်ခဲ့တဲ့ နှစ်ဝက်က မင်း ငါ့ကျေးကျွန် မဟူရာ ဧကရာဇ်နဲ့ ငါ့ကိုယ်ပွားကို သတ်ခဲ့တယ်။ မင်း သေသင့်တာ ကြာပြီကွ”
*မဟူရာ ဧကရာဇ်*
ရင်းနှီးသော နာမည်ကို ကြားလိုက်ရသဖြင့် နတ်ဘုရားမများ၏ နောက်လိုက်များသည် တစ်ခဏမျှ တွေဝေသွားကြသည်။
မဟူရာ ဧကရာဇ် ဆိုသောသူသည် ကမ္ဘာတစ်ဝန်းရှိ ကြောက်မက်ဖွယ်ကောင်းသော ထိပ်တန်းအင်အားစု လေးခုထဲမှ တစ်ခုဖြစ်သည့် မဟူရာ ကြက်ခြေခတ်အဖွဲ့၏ ခေါင်းဆောင်ဖြစ်သည်ကို သူတို့ ပြန်အမှတ်ရမိသွားကြသည်။
ထိုအချိန်က မဟူရာ ဧကရာဇ်သည် ကမ္ဘာအနှံ့အပြား၌ ပြိုင်ဘက်ကင်းခဲ့သည်။ သို့သော် ဤမျှ ကြောက်လန့်ဖွယ်ကောင်းသော သိုင်းပညာရှင်က ဤအိုမင်း၍ မကောင်းဆိုးဆန်သော အဘိုးအို၏ ကျွန်ပြုခြင်းကို ခံထားရနေသည်။
...
လူတိုင်း ကြက်သီးတဖြန်းဖြန် ထကာ တုန်ယင်လာကြသည်။
ထိုစဉ်အခါက မဟူရာ ဧကရာဇ်သည် ဒဏ္ဍာရီလာအဆင့် ဖြစ်သည်။ ဒီလိုဆိုလျင် ထိုအိုမင်းနေသော မကောင်းဆိုးဝါး အဘိုးအိုသည် လွန်ခဲ့သည့် နှစ်ဝက်ကတည်းက နတ်ဘုရားအဆင့်သို့ ရောက်နေပြီဟု အဓိပ္ပာယ် သက်ရောက်နေသည်။
….
အခြားသူများအားလုံး ချက်ချင်းဆိုသလို ပွက်ပွက်ညံလာကြသည်။
“တစ္ဆေနတ်ဘုရား၊ ငါ သိပြီ၊ သူ … သူက အနောက်တိုင်း တစ္ဆေနတ်ဘုရားပဲ”
ထိုရိုးစင်းသော စကားလုံးသုံးလုံးက အခြားသူများအား ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်သွားစေသည်။
သူသည် ဥရောပတွင်း၌ လေထန်၍ သွေးမိုးရွာစေခဲ့သော အလွန် ကြောက်မက်ဖွယ်ကောင်းသည့် လူအိုကြီး ဖြစ်သည်။
အနောက်တိုင်း တစ္ဆေနတ်ဘုရား ရောက်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့မိကြပေ။
….
ရုတ်တရက်ဆိုသလို နတ်ဘုရားမ၏ နောက်လိုက်များသည် စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် ဟစ်ကြွေးလာကြသည်။
အနောက်တိုင်း တစ္ဆေနတ်ဘုရားက သူတို့ဘက်သို့ ပူးပေါင်းလာသဖြင့် သူတို့ဘက်တွင် နတ်ဘုရားအဆင့် ငါးယောက် ရှိလာပြီး သူတို့၏ စုစုပေါင်း တိုက်ပွဲဝင်ခွန်အားက တိုးပွားလာပြီ ဖြစ်သည်။
“သေလိုက်တော့၊ ဟဟ … သူ့ကို တတ်နိုင်သလောက် အသေဆိုးနဲ့ သေရအောင် လုပ်ပေးပါဗျို့”
ခဲလ်ဆာနှင့် သူ့လူများသည် စိတ်လှုပ်ရှားမှုကြောင့် မျက်နှာများ နီရဲနေကာ ယဲ့ဖန် အသတ်ခံရတော့မည်ကို မစောင့်နိုင်တော့သလို ဖြစ်နေကြသည်။
ခရီနာ၏ မျက်နှာလေးတစ်ခုတည်းသာ ဖြူဖတ်ဖြူရော် ဖြစ်လို့နေ၏။ စိုးရိမ်သည်၊ သူမ ယဲ့ဖန်အတွက် စိုးရိမ်လှသည်။
သို့သော် ယဲ့ဖန်သည် လုံးဝကို ကြောက်လန့်နေပုံ မပေါ်ပေ။ ထိုအစား သူသည် အလွန် လောဘတက်နေပုံသာ ပေါ်နေ၏။
သူက အနောက်တိုင်း နတ်ဘုရားအား အရသာရှိလှသော စားစရာကို ကြည့်သလို ကြည့်နေသည်။ ထို့နောက် သူပြောလိုက်သည်။
“ကျေးဇူးပဲ”
*ဟမ်*
ယဲ့ဖန်၏ စကားကြောင့် အခြားသူများ အံ့အားသင့်သွားကြသည်။ အနောက်တိုင်း နတ်ဘုရားတောင်မှ မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“မင်း ဘာလို့ မလေးစားရတာလဲ”
“မင်းက ငါ့အစာ ဖြစ်ပေးတဲ့အတွက် ငါ မင်းကို အသိအမှတ်ပြုပါတယ်”
ယဲ့ဖန်၏ စကားကြောင့် အခြားသူများ ကျွက်ကျွက်ညံသွားကြသည်။
*အစာတဲ့လား*
*ဘယ်လို ခွေးမသားလေးလဲ၊ သူကများ အနောက်တိုင်း တစ္ဆေနတ်ဘုရားကို သူ့အစာအဖြစ် ဆက်ဆံရဲတယ်။ သူ သေချင်နေတာပဲ”
“ဟား”
အနောက်တိုင်း တစ္ဆေနတ်ဘုရားက ဒေါသနှင့်အတူ ရယ်မောလိုက်သည်။ ဤမျှ မောက်မာသော ပမွှားကောင်မျိုးနှင့် သူ အခုမှ ဆုံတွေ့ဖူးခြင်း ဖြစ်သည်။
“ငနုံကောင်၊ ဒီနေ့ ဘယ်သူက အစာဖြစ်လာမလဲဆိုတာကို ကြည့်ကြသေးတာပေါ့”
ထိုသို့ပြောပြီး အနောက်တိုင်း တစ္ဆေနတ်ဘုရားက အလင်းတော် ဘုန်းတော်ကြီးအား တစ်ချက် လှမ်းကြည့်လိုက်သည်။
“သွားသေလိုက်တော့”
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအဆင့် နှစ်ယောက်က ယဲ့ဖန်ထံသို့ ပြေးဝင်လာကြသည်။
“ကောင်းကင်အား တစ္ဆေဝါးမျိုခြင်း”
အနောက်တိုင်း တစ္ဆေနတ်ဘုရား၏ ဟစ်ကြွေးသံနှင့်အတူ နတ်ဘုရားအဆင့် နှစ်ယောက်လုံးသည် သူတို့၏ အသေသတ်နိုင်သော တိုက်ကွက်များအား ထုတ်ဖော်၍ ယဲ့ဖန်အား တိုက်ခိုက်လာသည်။
လေတိုးသံနှင့်အတူ အလွန် များပြားလှသော တစ္ဆေချီဓာတ်များသည် ယဲ့ဖန်အား အရူးအမူး ဝါးမျိုတော့မည့်ဟန်ဖြင့် ပြေးဝင်လာသည်။
ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော အင်အားသည် နတ်ဘုရားအဆင့်တစ်ယောက်အား လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။
အလင်းတော် ဘုန်းတော်ကြီးသည် အလွန် ပြင်းထန် ကြမ်းကြုတ်သည့် ချီဓာတ်များ ပါဝင်သည့် မျက်လုံးများနှင့်အတူ ကြုံးဝါးလိုက်သည်။
“နတ်ဘုရား သတ်ဖြတ်ခြင်း အလင်းလျှပ်စီး”
….
ဝုန်း!
ကောင်းကင်မှ မိုးခြိမ်းသံ ထွက်ပေါ်လာပြီး အဖြူရောင် မိုးကြိုးတစ်စင်းက ယဲ့ဖန်ထံသို့ တိုးဝင်လာသည်ကို အခြားသူများ မြင်လိုက်ရသည်။
ဒုန်း! ဒုန်း! ဒုန်း!
အနောက်တိုင်း တစ္ဆေနတ်ဘုရားနှင့် အလင်း‌တော် ဘုန်းတော်ကြီးတို့၏ ပူးပေါင်း တိုက်စစ်ကြောင့် ယဲ့ဖန်သည် နောက်ဆုတ်ရန် ဖိအားပေးခံနေရသည်။
မှော်ဝင်ပစ္စည်းကဲ့သို့ မာကျောသော်ငြားလည်း သူ၏ ခန္ဓာကိုယ်သည် ဆိုးဆိုးရွားရွား ဒဏ်ရာရနေကာ သွေးများက အရေပြားထဲမှ စိမ့်ထွက်လာသည်။
“သူ ဒဏ်ရာရနေပြီ”
ဤသည်ကို ကြည့်ပြီး နတ်ဘုရားမများ၏ နောက်လိုက်များ ပီတိဖြစ်လာကြသည်။ ယဲ့ဖန် ဒဏ်ရာရလာပြီ ဆိုကတည်းက သူသည် နတ်ဘုရားအဆင့် နှစ်ယောက်၏ တိုက်စစ်ကို မခုခံနိုင်ဟု ဖော်ပြနေသည်။
“သေပေတော့”
အလင်းတော် ဘုန်းတော်ကြီးနှင့် အနောက်တိုင်း တစ္ဆေနတ်ဘုရားတို့ နှစ်ယောက်လုံး ကြမ်းကြုတ်လာပြီး ယဲ့ဖန်အား ဆက်တိုက် နောက်ဆုတ်လာအောင် ဖိအားပေးလာကြသည်။
ထို့ကြောင့် ယဲ့ဖန်ကိုယ်မှ သွေးများက ဆက်တိုက် ပန်းထွက်လာသည်။
“သခင်ကြီး”
ဤသည်ကို ကြည့်ပြီး ယဲ့ဖန်၏ နောက်လိုက်များ ကြက်သေ သေသွားကြသည်။ သို့သော် သူတို့သည် သူတို့တိုက်ပွဲမှ လွတ်အောင် မလုပ်နိုင်သေးပေ။
ထို့ကြောင့် နတ်ဘုရားမတို့၏ ဧကရီနှင့် အခြား နတ်ဘုရားအဆင့် သုံးယောက်တို့ အားတက်လာသည်။ ယဲ့ဖန် သေသွားသည်နှင့် အခြားသူများသည် မည်သို့သော ခြိမ်းခြောက်မှုကိုမျှ လုပ်နိုင်မည် မဟုတ်ပေ။
“တစ္ဆေနတ်ဘုရား သူ့ကို သတ်လိုက်ပါ”
နတ်ဘုရားမတို့၏ ဧကရီက အလွန် စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။ မဟာကာရိုးလ် သခင်ကြီးနှင့် သူ၏ ဘက်တော်သားများသည်လည်း အလွန် ကျေနပ်နေပုံ ပေါ်သည်။
အနောက်တိုင်း တစ္ဆေနတ်ဘုရား၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို သူတို့ သိထားကြသည်။ သူ၏ အသေသတ်နိုင်သော တိုက်ကွက်အောက်မှ မည်သည့် နတ်ဘုရားအဆင့်မှမဆို အသက်ရှင်နိုင်မည် မဟုတ်ပေ။
အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် လက်ရှိတွင် ကမ္ဘာပေါ်၌ အင်အားအကြီးဆုံးသူ ဖြစ်နေသည်။
“ကောင်းပြီလေ၊ မင်းတို့သဘောအတိုင်းပဲပေါ့”
အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ကျောချမ်းဖွယ် ကောင်းလောက်သော အပြုံးနှင့် ပြန်ပြောလိုက်သည်။ ထို့နောက် သူသည် ချက်ချင်းဆိုသလို သူ၏ တစ္ဆေချီဓာတ်အားလုံးကို ထုတ်ဖော်၍ လက်သီးချက်အသွင် ဖန်တီးကာ ယဲ့ဖန်ထံသို့ ဝုန်းခနဲ ပြေးဝင်သွားသည်။
ဒုန်း!
ထိုတစ္ဆေချီဓာတ် လက်သီးချက်သည် အလွန် အင်အားကြီးလှသဖြင့် လမ်းတစ်ခုလုံး ပျက်ဆီးသွားကာ မြေကြီးပေါ် လျှိုမြောင်တစ်ခု ဖြစ်ပေါ်လာရသည်။
နတ်ဘုရားအဆင့်မှသူတိုင်း သူ့ကို ရင်မဆိုင်နိုင်သကဲ့သို့ ကြောက်လန့်ကာ တုန်ယင်သွားကြသည်။
ဒုန်း!
ချက်ချင်းဆိုသလိုပင် တစ္ဆေချီဓာတ်ဖြင့် ဖွဲ့စည့်ထားသော လက်သီးချက်သည် ယဲ့ဖန်အား အရှိန်အဟုန်နှင့် ထိုးနှက်လာသည်။
သွေးများ အန်ထွက်လာပြီးနောက် ယဲ့ဖန်သည် နောက်သို့ လွင့်ထွက်သွားကာ ဘုတ်ခနဲ ပြန်ပြုတ်ကျလာသည်။
“မဖြစ်ဘူး”
ထိုစဉ် သွေးစွန်းတစ္ဆေနှင့် ယဲ့ဖန်၏ အခြားနောက်လိုက်များ အားလုံး ရူးမတတ် ဖြစ်နေကြသည်။ သူတို့ ရုန်းထွက်၍ ယဲ့ဖန်အား ကူညီချင်သော်လည်း နတ်ဘုရားမ၏ ဧကရီက သူတို့အား ထိုကဲ့သို့ မဖြစ်မခံပေ။
*သူ သေသွားပြီလား*
အခြားသူများအားလုံးက မြေကြီးပေါ် လဲကျနေသော ယဲ့ဖန်အား ဝိုင်းကြည့်နေကြသည်။ ထိုစဉ် ယဲ့ဖန်က ရုတ်တရက် စကားစလာသည်။
“အချိန်စေ့ပြီ”
*ဟင်*
ယဲ့ဖန် စကားပြောနိုင်လိမ့်ဦးမည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ချေ။ ထို့ပြင် သူတို့ ကြည့်နေဆဲမှာပင် ယဲ့ဖန်သည် ဖြည်းဖြည်းချင်း ပြန်ထလာပြီး ကြောက်လန့်နေရမည့်အစား ကျေနပ်သလို ပြုံးလို့နေ၏။
*မဖြစ်နိုင်ဘူး*
ယဲ့ဖန်သည် အနောက်တိုင်း တစ္ဆေနတ်ဘုရား၏ ပြင်းထန်သော တိုက်ကွက်အား ရည်ရွယ်ချက်ရှိရှိ ခံယူလိုက်သည်ဆိုတာကို မည်သူမျှ သိမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူ၏ ဝိညာဉ်စား ဦးခွံ အားကောင်းလာစေရန် တစ္ဆေချီဓာတ်ကို လိုအပ်နေသောကြောင့် ထိုသို့ ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
တစ္ဆေချီဓာတ်ဖြင့် ဖန်တီးထားသော လက်သီးချက်ကို စုပ်ယူပြီးနောက် သူ၏ ဝိညာဉ်စားဦးခွံသည် ပိုမြင့်သော အဆင့်တစ်ခုသို့ မြင့်တက်သွား၏။
သူ့မျက်နှာပေါ်မှ သွေးများကို သုတ်လိုက်ပြီးနောက် ယဲ့ဖန်သည် အနောက်တိုင်း တစ္ဆေနတ်ဘုရားကို စိုက်ကြည့်ကာ သွေးပျက်ဖွယ်ကောင်းသော အကြည့်ဖြင့် ပြောလာသည်။
“ငါ့အစာလေး မင်းအခု သေလို့ရပြီ”
*ဘာ*
ယဲ့ဖန်က ဒဏ်ရာ အပြင်းအထန်ရပြီးတာတောင်မှ သည်လောက် မောက်မာစွာ ပြုမူလိမ့်မည်ဦးမည်ဟု မည်သူမျှ ထင်မှတ်မထားမိခဲ့ကြ။
သို့သော် ထိုစဉ် ယဲ့ဖန်က ပြင်းထန်သော နတ်ဆိုးချီဓာတ်လှိုင်းကို ထုတ်လွှတ်လိုက်ပြီး ထိုချီဓာတ်လှိုင်းသည် တစ်ပြိုင်နက်တည်းမှာပင် သူ့ဦးခေါင်းထက်၌ အနက်ရောင် ဦးခွံတစ်ခုအသွင်သို့ ပြောင်းလဲလာသည်။
ထိုအနက်ရောင် ဦးခွံသည် လူ့တစ်ရပ်ခန့်ရှိသည်။ ၎င်းသည် မနှစ်မြို့ဖွယ်ကောင်းသော၊ ကျောချမ်းစေလောက်သည့် ချီဓာတ်ကို ထုတ်လွှင့်နေသဖြင့် အခြားသူများအားလုံး ကြက်သီးမွေးညင်း ထလာသည်။
ထိုဦးခွံကို မြင်လိုက်သည်နှင့် အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် တစ်ဒင်္ဂမျှ တွေဝေသွားသည်။ ထို့နောက် တစ်ခုခုကို အမှတ်ရသွားဟန်ဖြင့် ထိတ်လန့်ဟန် ပေါ်လာ၏။
ထို့နောက် သူ ရေရွတ်လိုက်မိသည်။
“ဝိညာဉ်စား ဦးခွံ၊ မဟုတ်ဘူး၊ သူ့မှာ ဘယ်လိုလုပ် ဝိညာဉ်စား ဦးခွံရှိနေရတာလဲ”
အနောက်တိုင်း တစ္ဆေနတ်ဘုရား အလွန်ကြောက်လန့်လို့လာသည်။ တစ္ဆေကျင့်ကြံသူ ဖြစ်သည့်သူသည် အခြားအရာများကို မသိသော်လည်း သူတို့၏ တားမြစ်ထားသော အရာဖြစ်သည့် ဝိညာဉ်စား ဦးခွံကိုတော့ သိသည်။
ဝိညာဉ်စား ဦးခွံသည် တစ္ဆေကျင့်ကြံသူများအားလုံးအတွက် သေမင်းပင် ဖြစ်ပေသည်။
#Zawgyi
စာစဥ္ (23) CHAPTER (337) ခင္ဗ်ား အခု ေသလို႔ရၿပီ
မေကာင္းဆိုးဝါးဆန္လွသည္။ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းလွ၏။
အေနာက္တိုင္း တေစၦနတ္ဘုရား ေရာက္လာေသာအခါ နတ္ဘုရားမၿမိဳ႕ေတာ္ တစ္ခုလုံး၌ မေကာင္းဆိုးဝါး တေစၦခ်ီဓာတ္မ်ားျဖင့္ ျပည့္ႏွက္လာသည္။
ထို႔အတူ ၿမိဳ႕ထဲရွိ လူတိုင္းသည္ ေၾကာက္လန႔္ကာ ကတုန္ကယင္ ျဖစ္လာၾကသည္။ သူတို႔၏ စိတ္ဝိညာဥ္ေတာင္မွ တုန္လႈပ္လာသည္။
နတ္ဘုရားေတာင္မွ အေနာက္တိုင္း တေစၦနတ္ဘုရားကို ျမင္လိုက္သည္ႏွင့္ သူ၏ ေၾကာက္မက္ဖြယ္ ေကာင္းေသာ အင္အားေၾကာင့္ တုန္ယင္လို႔လာသည္။
“ဟားဟား ... ယဲ့ဖန္၊ မင္း ေသရေတာ့မွာကြ”
အေနာက္တိုင္း တေစၦနတ္ဘုရားက ယဲ့ဖန္ကို ခက္ထန္စြာ စိုက္ၾကည့္ရင္း ခပ္အက္အက္အသံျဖင့္ ေျပာလိုက္သည္။ ထို႔ေနာက္ သူ ထပ္ေျပာလာသည္။
“လြန္ခဲ့တဲ့ ႏွစ္ဝက္က မင္း ငါ့ေက်းကြၽန္ မဟူရာ ဧကရာဇ္နဲ႔ ငါ့ကိုယ္ပြားကို သတ္ခဲ့တယ္။ မင္း ေသသင့္တာ ၾကာၿပီကြ”
*မဟူရာ ဧကရာဇ္*
ရင္းႏွီးေသာ နာမည္ကို ၾကားလိုက္ရသျဖင့္ နတ္ဘုရားမမ်ား၏ ေနာက္လိုက္မ်ားသည္ တစ္ခဏမွ် ေတြေဝသြားၾကသည္။
မဟူရာ ဧကရာဇ္ ဆိုေသာသူသည္ ကမာၻတစ္ဝန္းရွိ ေၾကာက္မက္ဖြယ္ေကာင္းေသာ ထိပ္တန္းအင္အားစု ေလးခုထဲမွ တစ္ခုျဖစ္သည့္ မဟူရာ ၾကက္ေျခခတ္အဖြဲ႕၏ ေခါင္းေဆာင္ျဖစ္သည္ကို သူတို႔ ျပန္အမွတ္ရမိသြားၾကသည္။
ထိုအခ်ိန္က မဟူရာ ဧကရာဇ္သည္ ကမာၻအႏွံ႔အျပား၌ ၿပိဳင္ဘက္ကင္းခဲ့သည္။ သို႔ေသာ္ ဤမွ် ေၾကာက္လန႔္ဖြယ္ေကာင္းေသာ သိုင္းပညာရွင္က ဤအိုမင္း၍ မေကာင္းဆိုးဆန္ေသာ အဘိုးအို၏ ကြၽန္ျပဳျခင္းကို ခံထားရေနသည္။
...
လူတိုင္း ၾကက္သီးတျဖန္းျဖန္ ထကာ တုန္ယင္လာၾကသည္။
ထိုစဥ္အခါက မဟူရာ ဧကရာဇ္သည္ ဒ႑ာရီလာအဆင့္ ျဖစ္သည္။ ဒီလိုဆိုလ်င္ ထိုအိုမင္းေနေသာ မေကာင္းဆိုးဝါး အဘိုးအိုသည္ လြန္ခဲ့သည့္ ႏွစ္ဝက္ကတည္းက နတ္ဘုရားအဆင့္သို႔ ေရာက္ေနၿပီဟု အဓိပၸာယ္ သက္ေရာက္ေနသည္။
….
အျခားသူမ်ားအားလုံး ခ်က္ခ်င္းဆိုသလို ပြက္ပြက္ညံလာၾကသည္။
“တေစၦနတ္ဘုရား၊ ငါ သိၿပီ၊ သူ … သူက အေနာက္တိုင္း တေစၦနတ္ဘုရားပဲ”
ထို႐ိုးစင္းေသာ စကားလုံးသုံးလုံးက အျခားသူမ်ားအား ေၾကာက္လန႔္ကာ ကတုန္ကယင္ ျဖစ္သြားေစသည္။
သူသည္ ဥေရာပတြင္း၌ ေလထန္၍ ေသြးမိုး႐ြာေစခဲ့ေသာ အလြန္ ေၾကာက္မက္ဖြယ္ေကာင္းသည့္ လူအိုႀကီး ျဖစ္သည္။
အေနာက္တိုင္း တေစၦနတ္ဘုရား ေရာက္လာလိမ့္မည္ဟု မည္သူမွ် ထင္မထားခဲ့မိၾကေပ။
….
႐ုတ္တရက္ဆိုသလို နတ္ဘုရားမ၏ ေနာက္လိုက္မ်ားသည္ စိတ္လႈပ္ရွားေနေသာ မ်က္ႏွာမ်ားျဖင့္ ဟစ္ေႂကြးလာၾကသည္။
အေနာက္တိုင္း တေစၦနတ္ဘုရားက သူတို႔ဘက္သို႔ ပူးေပါင္းလာသျဖင့္ သူတို႔ဘက္တြင္ နတ္ဘုရားအဆင့္ ငါးေယာက္ ရွိလာၿပီး သူတို႔၏ စုစုေပါင္း တိုက္ပြဲဝင္ခြန္အားက တိုးပြားလာၿပီ ျဖစ္သည္။
“ေသလိုက္ေတာ့၊ ဟဟ … သူ႔ကို တတ္ႏိုင္သေလာက္ အေသဆိုးနဲ႔ ေသရေအာင္ လုပ္ေပးပါဗ်ိဳ႕”
ခဲလ္ဆာႏွင့္ သူ႔လူမ်ားသည္ စိတ္လႈပ္ရွားမႈေၾကာင့္ မ်က္ႏွာမ်ား နီရဲေနကာ ယဲ့ဖန္ အသတ္ခံရေတာ့မည္ကို မေစာင့္ႏိုင္ေတာ့သလို ျဖစ္ေနၾကသည္။
ခရီနာ၏ မ်က္ႏွာေလးတစ္ခုတည္းသာ ျဖဴဖတ္ျဖဴေရာ္ ျဖစ္လို႔ေန၏။ စိုးရိမ္သည္၊ သူမ ယဲ့ဖန္အတြက္ စိုးရိမ္လွသည္။
သို႔ေသာ္ ယဲ့ဖန္သည္ လုံးဝကို ေၾကာက္လန႔္ေနပုံ မေပၚေပ။ ထိုအစား သူသည္ အလြန္ ေလာဘတက္ေနပုံသာ ေပၚေန၏။
သူက အေနာက္တိုင္း နတ္ဘုရားအား အရသာရွိလွေသာ စားစရာကို ၾကည့္သလို ၾကည့္ေနသည္။ ထို႔ေနာက္ သူေျပာလိုက္သည္။
“ေက်းဇူးပဲ”
*ဟမ္*
ယဲ့ဖန္၏ စကားေၾကာင့္ အျခားသူမ်ား အံ့အားသင့္သြားၾကသည္။ အေနာက္တိုင္း နတ္ဘုရားေတာင္မွ မ်က္ေမွာင္ၾကဳတ္ကာ ေမးလိုက္သည္။
“မင္း ဘာလို႔ မေလးစားရတာလဲ”
“မင္းက ငါ့အစာ ျဖစ္ေပးတဲ့အတြက္ ငါ မင္းကို အသိအမွတ္ျပဳပါတယ္”
ယဲ့ဖန္၏ စကားေၾကာင့္ အျခားသူမ်ား ကြၽက္ကြၽက္ညံသြားၾကသည္။
*အစာတဲ့လား*
*ဘယ္လို ေခြးမသားေလးလဲ၊ သူကမ်ား အေနာက္တိုင္း တေစၦနတ္ဘုရားကို သူ႔အစာအျဖစ္ ဆက္ဆံရဲတယ္။ သူ ေသခ်င္ေနတာပဲ”
“ဟား”
အေနာက္တိုင္း တေစၦနတ္ဘုရားက ေဒါသႏွင့္အတူ ရယ္ေမာလိုက္သည္။ ဤမွ် ေမာက္မာေသာ ပမႊားေကာင္မ်ိဳးႏွင့္ သူ အခုမွ ဆုံေတြ႕ဖူးျခင္း ျဖစ္သည္။
“ငႏုံေကာင္၊ ဒီေန႔ ဘယ္သူက အစာျဖစ္လာမလဲဆိုတာကို ၾကည့္ၾကေသးတာေပါ့”
ထိုသို႔ေျပာၿပီး အေနာက္တိုင္း တေစၦနတ္ဘုရားက အလင္းေတာ္ ဘုန္းေတာ္ႀကီးအား တစ္ခ်က္ လွမ္းၾကည့္လိုက္သည္။
“သြားေသလိုက္ေတာ့”
ေၾကာက္မက္ဖြယ္ေကာင္းေသာ နတ္ဘုရားအဆင့္ ႏွစ္ေယာက္က ယဲ့ဖန္ထံသို႔ ေျပးဝင္လာၾကသည္။
“ေကာင္းကင္အား တေစၦဝါးမ်ိဳျခင္း”
အေနာက္တိုင္း တေစၦနတ္ဘုရား၏ ဟစ္ေႂကြးသံႏွင့္အတူ နတ္ဘုရားအဆင့္ ႏွစ္ေယာက္လုံးသည္ သူတို႔၏ အေသသတ္ႏိုင္ေသာ တိုက္ကြက္မ်ားအား ထုတ္ေဖာ္၍ ယဲ့ဖန္အား တိုက္ခိုက္လာသည္။
ေလတိုးသံႏွင့္အတူ အလြန္ မ်ားျပားလွေသာ တေစၦခ်ီဓာတ္မ်ားသည္ ယဲ့ဖန္အား အ႐ူးအမူး ဝါးမ်ိဳေတာ့မည့္ဟန္ျဖင့္ ေျပးဝင္လာသည္။
ထိုမွ် ေၾကာက္မက္ဖြယ္ေကာင္းေသာ အင္အားသည္ နတ္ဘုရားအဆင့္တစ္ေယာက္အား လြယ္လင့္တကူ သတ္ျဖတ္ႏိုင္သည္။
အလင္းေတာ္ ဘုန္းေတာ္ႀကီးသည္ အလြန္ ျပင္းထန္ ၾကမ္းၾကဳတ္သည့္ ခ်ီဓာတ္မ်ား ပါဝင္သည့္ မ်က္လုံးမ်ားႏွင့္အတူ ႀကဳံးဝါးလိုက္သည္။
“နတ္ဘုရား သတ္ျဖတ္ျခင္း အလင္းလွ်ပ္စီး”
….
ဝုန္း!
ေကာင္းကင္မွ မိုးၿခိမ္းသံ ထြက္ေပၚလာၿပီး အျဖဴေရာင္ မိုးႀကိဳးတစ္စင္းက ယဲ့ဖန္ထံသို႔ တိုးဝင္လာသည္ကို အျခားသူမ်ား ျမင္လိုက္ရသည္။
ဒုန္း! ဒုန္း! ဒုန္း!
အေနာက္တိုင္း တေစၦနတ္ဘုရားႏွင့္ အလင္း‌ေတာ္ ဘုန္းေတာ္ႀကီးတို႔၏ ပူးေပါင္း တိုက္စစ္ေၾကာင့္ ယဲ့ဖန္သည္ ေနာက္ဆုတ္ရန္ ဖိအားေပးခံေနရသည္။
ေမွာ္ဝင္ပစၥည္းကဲ့သို႔ မာေက်ာေသာ္ျငားလည္း သူ၏ ခႏၶာကိုယ္သည္ ဆိုးဆိုး႐ြား႐ြား ဒဏ္ရာရေနကာ ေသြးမ်ားက အေရျပားထဲမွ စိမ့္ထြက္လာသည္။
“သူ ဒဏ္ရာရေနၿပီ”
ဤသည္ကို ၾကည့္ၿပီး နတ္ဘုရားမမ်ား၏ ေနာက္လိုက္မ်ား ပီတိျဖစ္လာၾကသည္။ ယဲ့ဖန္ ဒဏ္ရာရလာၿပီ ဆိုကတည္းက သူသည္ နတ္ဘုရားအဆင့္ ႏွစ္ေယာက္၏ တိုက္စစ္ကို မခုခံႏိုင္ဟု ေဖာ္ျပေနသည္။
“ေသေပေတာ့”
အလင္းေတာ္ ဘုန္းေတာ္ႀကီးႏွင့္ အေနာက္တိုင္း တေစၦနတ္ဘုရားတို႔ ႏွစ္ေယာက္လုံး ၾကမ္းၾကဳတ္လာၿပီး ယဲ့ဖန္အား ဆက္တိုက္ ေနာက္ဆုတ္လာေအာင္ ဖိအားေပးလာၾကသည္။
ထို႔ေၾကာင့္ ယဲ့ဖန္ကိုယ္မွ ေသြးမ်ားက ဆက္တိုက္ ပန္းထြက္လာသည္။
“သခင္ႀကီး”
ဤသည္ကို ၾကည့္ၿပီး ယဲ့ဖန္၏ ေနာက္လိုက္မ်ား ၾကက္ေသ ေသသြားၾကသည္။ သို႔ေသာ္ သူတို႔သည္ သူတို႔တိုက္ပြဲမွ လြတ္ေအာင္ မလုပ္ႏိုင္ေသးေပ။
ထို႔ေၾကာင့္ နတ္ဘုရားမတို႔၏ ဧကရီႏွင့္ အျခား နတ္ဘုရားအဆင့္ သုံးေယာက္တို႔ အားတက္လာသည္။ ယဲ့ဖန္ ေသသြားသည္ႏွင့္ အျခားသူမ်ားသည္ မည္သို႔ေသာ ၿခိမ္းေျခာက္မႈကိုမွ် လုပ္ႏိုင္မည္ မဟုတ္ေပ။
“တေစၦနတ္ဘုရား သူ႔ကို သတ္လိုက္ပါ”
နတ္ဘုရားမတို႔၏ ဧကရီက အလြန္ စိတ္လႈပ္ရွားေနေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။ မဟာကာ႐ိုးလ္ သခင္ႀကီးႏွင့္ သူ၏ ဘက္ေတာ္သားမ်ားသည္လည္း အလြန္ ေက်နပ္ေနပုံ ေပၚသည္။
အေနာက္တိုင္း တေစၦနတ္ဘုရား၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ အင္အားကို သူတို႔ သိထားၾကသည္။ သူ၏ အေသသတ္ႏိုင္ေသာ တိုက္ကြက္ေအာက္မွ မည္သည့္ နတ္ဘုရားအဆင့္မွမဆို အသက္ရွင္ႏိုင္မည္ မဟုတ္ေပ။
အေနာက္တိုင္း တေစၦနတ္ဘုရားသည္ လက္ရွိတြင္ ကမာၻေပၚ၌ အင္အားအႀကီးဆုံးသူ ျဖစ္ေနသည္။
“ေကာင္းၿပီေလ၊ မင္းတို႔သေဘာအတိုင္းပဲေပါ့”
အေနာက္တိုင္း တေစၦနတ္ဘုရားသည္ ေက်ာခ်မ္းဖြယ္ ေကာင္းေလာက္ေသာ အၿပဳံးႏွင့္ ျပန္ေျပာလိုက္သည္။ ထို႔ေနာက္ သူသည္ ခ်က္ခ်င္းဆိုသလို သူ၏ တေစၦခ်ီဓာတ္အားလုံးကို ထုတ္ေဖာ္၍ လက္သီးခ်က္အသြင္ ဖန္တီးကာ ယဲ့ဖန္ထံသို႔ ဝုန္းခနဲ ေျပးဝင္သြားသည္။
ဒုန္း!
ထိုတေစၦခ်ီဓာတ္ လက္သီးခ်က္သည္ အလြန္ အင္အားႀကီးလွသျဖင့္ လမ္းတစ္ခုလုံး ပ်က္ဆီးသြားကာ ေျမႀကီးေပၚ လွ်ိဳေျမာင္တစ္ခု ျဖစ္ေပၚလာရသည္။
နတ္ဘုရားအဆင့္မွသူတိုင္း သူ႔ကို ရင္မဆိုင္ႏိုင္သကဲ့သို႔ ေၾကာက္လန႔္ကာ တုန္ယင္သြားၾကသည္။
ဒုန္း!
ခ်က္ခ်င္းဆိုသလိုပင္ တေစၦခ်ီဓာတ္ျဖင့္ ဖြဲ႕စည့္ထားေသာ လက္သီးခ်က္သည္ ယဲ့ဖန္အား အရွိန္အဟုန္ႏွင့္ ထိုးႏွက္လာသည္။
ေသြးမ်ား အန္ထြက္လာၿပီးေနာက္ ယဲ့ဖန္သည္ ေနာက္သို႔ လြင့္ထြက္သြားကာ ဘုတ္ခနဲ ျပန္ျပဳတ္က်လာသည္။
“မျဖစ္ဘူး”
ထိုစဥ္ ေသြးစြန္းတေစၦႏွင့္ ယဲ့ဖန္၏ အျခားေနာက္လိုက္မ်ား အားလုံး ႐ူးမတတ္ ျဖစ္ေနၾကသည္။ သူတို႔ ႐ုန္းထြက္၍ ယဲ့ဖန္အား ကူညီခ်င္ေသာ္လည္း နတ္ဘုရားမ၏ ဧကရီက သူတို႔အား ထိုကဲ့သို႔ မျဖစ္မခံေပ။
*သူ ေသသြားၿပီလား*
အျခားသူမ်ားအားလုံးက ေျမႀကီးေပၚ လဲက်ေနေသာ ယဲ့ဖန္အား ဝိုင္းၾကည့္ေနၾကသည္။ ထိုစဥ္ ယဲ့ဖန္က ႐ုတ္တရက္ စကားစလာသည္။
“အခ်ိန္ေစ့ၿပီ”
*ဟင္*
ယဲ့ဖန္ စကားေျပာႏိုင္လိမ့္ဦးမည္ဟု မည္သူမွ် ထင္မွတ္မထားခဲ့ေခ်။ ထို႔ျပင္ သူတို႔ ၾကည့္ေနဆဲမွာပင္ ယဲ့ဖန္သည္ ျဖည္းျဖည္းခ်င္း ျပန္ထလာၿပီး ေၾကာက္လန႔္ေနရမည့္အစား ေက်နပ္သလို ၿပဳံးလို႔ေန၏။
*မျဖစ္ႏိုင္ဘူး*
ယဲ့ဖန္သည္ အေနာက္တိုင္း တေစၦနတ္ဘုရား၏ ျပင္းထန္ေသာ တိုက္ကြက္အား ရည္႐ြယ္ခ်က္ရွိရွိ ခံယူလိုက္သည္ဆိုတာကို မည္သူမွ် သိမည္မဟုတ္ပါ။ အဘယ္ေၾကာင့္ဆိုေသာ္ သူ၏ ဝိညာဥ္စား ဦးခြံ အားေကာင္းလာေစရန္ တေစၦခ်ီဓာတ္ကို လိုအပ္ေနေသာေၾကာင့္ ထိုသို႔ ျပဳလုပ္လိုက္ျခင္း ျဖစ္သည္။
တေစၦခ်ီဓာတ္ျဖင့္ ဖန္တီးထားေသာ လက္သီးခ်က္ကို စုပ္ယူၿပီးေနာက္ သူ၏ ဝိညာဥ္စားဦးခြံသည္ ပိုျမင့္ေသာ အဆင့္တစ္ခုသို႔ ျမင့္တက္သြား၏။
သူ႔မ်က္ႏွာေပၚမွ ေသြးမ်ားကို သုတ္လိုက္ၿပီးေနာက္ ယဲ့ဖန္သည္ အေနာက္တိုင္း တေစၦနတ္ဘုရားကို စိုက္ၾကည့္ကာ ေသြးပ်က္ဖြယ္ေကာင္းေသာ အၾကည့္ျဖင့္ ေျပာလာသည္။
“ငါ့အစာေလး မင္းအခု ေသလို႔ရၿပီ”
*ဘာ*
ယဲ့ဖန္က ဒဏ္ရာ အျပင္းအထန္ရၿပီးတာေတာင္မွ သည္ေလာက္ ေမာက္မာစြာ ျပဳမူလိမ့္မည္ဦးမည္ဟု မည္သူမွ် ထင္မွတ္မထားမိခဲ့ၾက။
သို႔ေသာ္ ထိုစဥ္ ယဲ့ဖန္က ျပင္းထန္ေသာ နတ္ဆိုးခ်ီဓာတ္လႈိင္းကို ထုတ္လႊတ္လိုက္ၿပီး ထိုခ်ီဓာတ္လႈိင္းသည္ တစ္ၿပိဳင္နက္တည္းမွာပင္ သူ႔ဦးေခါင္းထက္၌ အနက္ေရာင္ ဦးခြံတစ္ခုအသြင္သို႔ ေျပာင္းလဲလာသည္။
ထိုအနက္ေရာင္ ဦးခြံသည္ လူ႔တစ္ရပ္ခန႔္ရွိသည္။ ၎သည္ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ၊ ေက်ာခ်မ္းေစေလာက္သည့္ ခ်ီဓာတ္ကို ထုတ္လႊင့္ေနသျဖင့္ အျခားသူမ်ားအားလုံး ၾကက္သီးေမြးညင္း ထလာသည္။
ထိုဦးခြံကို ျမင္လိုက္သည္ႏွင့္ အေနာက္တိုင္း တေစၦနတ္ဘုရားသည္ တစ္ဒဂၤမွ် ေတြေဝသြားသည္။ ထို႔ေနာက္ တစ္ခုခုကို အမွတ္ရသြားဟန္ျဖင့္ ထိတ္လန႔္ဟန္ ေပၚလာ၏။
ထို႔ေနာက္ သူ ေရ႐ြတ္လိုက္မိသည္။
“ဝိညာဥ္စား ဦးခြံ၊ မဟုတ္ဘူး၊ သူ႔မွာ ဘယ္လိုလုပ္ ဝိညာဥ္စား ဦးခြံရွိေနရတာလဲ”
အေနာက္တိုင္း တေစၦနတ္ဘုရား အလြန္ေၾကာက္လန႔္လို႔လာသည္။ တေစၦက်င့္ႀကံသူ ျဖစ္သည့္သူသည္ အျခားအရာမ်ားကို မသိေသာ္လည္း သူတို႔၏ တားျမစ္ထားေသာ အရာျဖစ္သည့္ ဝိညာဥ္စား ဦးခြံကိုေတာ့ သိသည္။
ဝိညာဥ္စား ဦးခြံသည္ တေစၦက်င့္ႀကံသူမ်ားအားလုံးအတြက္ ေသမင္းပင္ ျဖစ္ေပသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now