Chapter 353

1K 107 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (24) CHAPTER (353) မင်းတို့ အဆင်ပြေရဲ့လား

ဝုန်း!
ကင်းကောင်မှော်ဇီးကွက်က မြေကြီးပေါ်သို့ ထိုးစိုက်လာသည်နှင့် သူ၏ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားက မြေကြီးအား အတွင်းဘက်သို့ ကျွံ၍ ပြိုဆင်းသွားစေသည်။
မြေကြီးပေါ်က လူများ မည်သို့မျှ မလှုပ်နိုင်တော့ပေ။ ကြီးမားလှသော ဖိအားအောက်၌ သူတို့သည် မြေကြီးပေါ်၌ မလှုပ်မယှက် နေနေရန် ဖိအားပေးခံထားရပြီး သူတို့၏ သေခြင်းကို စောင့်မျှော်နေရသည်။
စိုးရိမ်ကြောင့်ကြလို့နေ၏။ ယခုအချိန်တွင် သူတို့အားလုံး လုံးဝကို စိုးရိမ်ကြောင့်ကြလို့နေကြသည်။
ဧကရာဇ်အဆင့် ငှက်များ၏ ခွန်အားသည် လူသား တကယ့် နတ်ဘုရားအဆင့်များအား နိုင်လိုမင်းထက်ဆန်သော အမူအရာဖြင့် ဖိနှိပ်နိုင်သည်။
မီတာ တစ်ရာ၊ မီတာ ငါးဆယ်၊ မီတာ နှစ်ဆယ်။
ကင်းကောင်မှော်ဇီးကွက်သည် သူတို့၏ ဦးခေါင်းနားသို့ ရောက်ရှိလို့လာသည်။ ထို့နောက် ၎င်းသည် ၎င်း၏ ချွန်ထက်နေသော လက်သည်းများကို ထုတ်ဖော်၍ တကယ့်နတ်ဘုရား နှစ်ယောက်ထံသို့ ကပ်လာသည်။
ပြင်းထန်လှသော လေတိုးသံကြောင့် တကယ့် နတ်ဘုရားနှစ်ယောက်၏ မျက်နှာများက စပ်ဖျဉ်းဖျဉ်း ဖြစ်ကာ နီမြန်းလာသည်။
သူတို့ကိုယ်သူတို့ သေတော့မည်ဟု ယုံကြည်လိုက်ကြချိန်တွင် နောက်ထပ် လေတိုးသံတစ်ခုကို သူတို့ ထပ်ကြားလိုက်ရပြီး များစွာသော ပုရွက်ဆိတ်များက တောင်ဥမင်ထဲမှ ပြေးထွက်လာကြသည်။
ပုရွက်ဆိတ်များသည် သစ်ကြားသီး အရွယ်လောက် ကြီးမားသည်။ သူတို့အားလုံးသည် မည်းနက်လို့နေ၏။
မာကျောသော တောင်ပံများက သူတို့၏ နံရိုးများကို ဖုံးအုပ်ပေးထားပြီး သူတို့သည် လျင်မြန်စွာ ပျံသန်းနိုင်သည်။
ကင်းကောင်မှော်ဇီးကွက်၏ ချွန်ထက်သော လက်သည်းများက တကယ့် နတ်ဘုရားနှစ်ယောက်ထံသို့ နီးကပ်လာစဉ်တွင် များစွာသော ပုရွက်ဆိတ်များက ဇီးကွက်ကို ချက်ချင်း ဝါးမျိုကြတော့သည်။
ဂျွတ်! ဂျွတ်!
ထိတ်လန့်ဖွယ်ကောင်းသော ဝါးစားသံများကြောင့် တကယ့် နတ်ဘုရား နှစ်ယောက် လုံးဝ နားဝေတိမ်တောင် ဖြစ်နေကြသည်။
သူတို့ မျက်စိရှေ့တည့်တည့်၌ ထိတ်လန့်ဖွယ်ကောင်းသော ပုရွက်ဆိတ်များက သူတို့၏ ချွန်ထက်သော လက်သည်းများနှင့် အစွယ်များကို အသုံးပြု၍ ကင်းကောင်မှော်ဇီးကွက်အား တစ်စစီ ဆွဲဖြဲနေသည်ကို သူတို့ မြင်လိုက်ရသည်။
ဧကရာဇ်အဆင့် သားရဲ၏ နီရဲနေသော သွေးများက ပန်းထွက်လာပြီး တကယ့် နတ်ဘုရားနှစ်ယောက်၏ မျက်နှာသို့ စင်သွားသည်။
ပူနွေးသည်။ သွေးပျက်ဖွယ်ကောင်းသည်။
“သူ…သူတို့က ပုရွက်ဆိတ်တွေပဲ”
မဟာအကြီးအကဲ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်နေသည်။
တိုက်ခိုက်ခံရသဖြင့် ကင်းကောင်မှော်ဇီးကွက်သည် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားသည်။ ၎င်းသည် ချက်ချင်းဆိုသလို တကယ့် နတ်ဘုရား နှစ်ယောက်ကို ထားပစ်ခဲ့၍ တောင်ပံကို တဖျပ်ဖျပ်ခပ်ကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။
သို့သော် ၎င်း၏ အိပ်မက်ဆိုးက ယခုမှ စတင်မည်ဖြစ်သည်။
ကျွိ! ကျွိ!
ကင်းကောင်မှော်ဇီးကွက်သည် ပျံသန်းလာသော ပုရွက်ဆိတ်များ၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။ ၎င်း၏ တောင်ပံများအား ပုရွက်ဆိတ်များ၏ သွားများကြောင့် ပြတ်ထွက်လာသည်။
သူ၏ သွေးသံတရဲရဲနှင့် အရေပြားမှာ ဝါးစားခံနေရသည်။ စူးရှလှသော နာကျင်မှုကြောင့် ၎င်းသည် တုန်ယင်ကာ သံကုန်အော်ဟစ်တော့သည်။
ထို့ပြင် ဤသည် ပုရွက်ဆိတ်များအား တတ်နိုင်သမျှ အစွမ်းကုန် ခါထုတ်နေသည်။ သို့သော် ပုရွက်ဆိတ်များ ခါကျခံလိုက်ရသည်နှင့်‌ နောက်ထပ် ပုရွက်ဆိတ်များက သူ့ထံသို့ ဖိနှိပ်နိုင်သော ဟန်ပန်ဖြင့် ပြေးဝင်လာကြသည်။
ရူးချင်စရာကောင်းလှ၏။ သွေးပျက်ဖွယ်ကောင်းလှသည်။
သူတို့သည် လျှပ်စီးတမျှ လျင်မြန်လျသည်။ ထို့ကြောင့် ကင်းကောင်မှော်ဇီးကွက် ကြံရာမရ ဖြစ်နေသည်။ ၎င်းသည် ၎င်း၏ ရန်သူများအား မနိုင်ပေ။ ၎င်းသည် ရန်သူအား မခါချနိုင်ခဲ့။ ရန်သူများ၏ လက်ထဲမှ လွတ်မြောက်အောင်တောင်မှ မစွမ်းဆောင်နိုင်ပေ။
တိုက်ပွဲ ဆက်ဖြစ်နေသည်နှင့်အမျှ ၎င်းသည် သွေးနှင့် အသားများကို ပိုပို၍ ဆုံးရှုံးလာသည်။ ကင်းကောင်မှော်ဇီးကွက်သည် ၎င်း၏ အသက်အတွက် စိုးရိမ်ကြောင့်ကြလာသည်။
ထိုသို့သော အချိန်တွင် ဧကရာဇ်အဆင့် သားရဲနှင့် ထို့ပါကလန်သားများ အလွန် စဉ်းစားရကျပ်နေကြ၏။
“အိုး … ဝိုး … အဲ့ … အဲ့ဒါက ဘယ်လို ပုရွက်ဆိတ်မျိုးတွေလဲ။ သူတို့က ဘယ်လိုလုပ် ဧကရာဇ်အဆင့် သားရဲကို တစ်စစီဖြစ်အောင် ဝါးစားနိုင်ရတာလဲ”
“သားရဲဧကရာဇ်အဆင့်ရဲ့ အသားက မှော်ဝင်ပစ္စည်းတောင် မထိုးဖောက်နိုင်ဘူးလေ။ ဒီပုရွက်ဆိတ်တွေရဲ့ လက်သည်းတွေက ဘယ်လိုလုပ် မှော်ဝင်ပစ္စည်းထက် ပိုထက်နေရတာလဲ”
“အံ့ဩစရာပဲ၊ သူတို့က ငါမြင်ဖူးသမျှထဲမှာ အရက်စက်ဆုံး ပုရွက်ဆိတ်တွေပဲ၊ တော်တော် ကြောက်ဖို့ကောင်းတယ်”
“….”
ထို့ပါယွင်၊ ထို့ပါချင်းရှန်နှင့် ထို့ပါကလန်မှ အခြားလူငယ်များ အကြီးအကျယ် ထိတ်လန့်သွားကြသည်။ သားရဲဧကရာဇ်တစ်ကောင်က ဆိုးဆိုးရွားရွား ပုံစံနှင့် ဆွဲဖြဲခံနေရခြင်းကို သူတို့ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
မဟာအကြီးအကဲနှင့် ထို့ပါဟိုင်တို့ လိပ်ပြာလွင့်မတတ် ထိတ်လန့်လာကြသည်။
“မဟာအကြီးအကဲ၊ အဲ့ဒီပုရွက်ဆိတ်တွေက ရွှေပိုးကောင်တွေထက် ပိုကြမ်းကြုတ်ပုံရတယ်ထင်တယ်”
ထို့ပါဟိုင်က မျက်ခုံးတလှုပ်လှုပ်နှင့် ထိတ်လန့်တကြား ပြောလိုက်သည်။ သို့သော် မဟာအကြီးအကဲထံမှ မည်သည့် စကားမှ ပြန်မရပေ။
ထို့ကြောင့် သူသည် တွေဝေကာ မဟာအကြီးအကဲအား စိုက်ကြည့်နေမိသည်။ ထိုအခါမှသာ မဟာအကြီးအကဲက ရွှံ့စေးပန်းပုထုကဲ့သို့ တောင့်တောင့်ကြီး ရပ်နေသည်ကို သူ သတိပြုလိုက်မိသည်။
မဟာအကြီးအကဲသည် ကောင်းကင်မှ ပုရွက်ဆိတ်များအား ထိတ်လန့်တကြား ငေးကြည့်နေသည်။
“မဟာအကြီးအကဲ ခင်ဗျား ဘာဖြစ်လို့လဲ”
ထို့ပါဟိုင်က မယုံသင်္ကာဖြင့် မေးလိုက်မိသည်။ ထို့ပါဟိုင်၏ အမေးကြောင့် မဟာအကြီးအကဲက ချက်ချင်း ပြောလာသည်။
“ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ သူ … သူတို့က ဝိညာဉ်စား ပုရွက်ဆိတ်တွေ”
မဟာအကြီးအကဲက သရဲသဘက်အား မြင်တွေ့လိုက်ရသကဲ့သို့ ကြောက်လန့်တကြား ပြောလာသည်။ သူ့စကားကြောင့် ထို့ပါဟိုင်နှင့် အခြားကလန်သားများအားလုံး ချက်ချင်း တွေဝေသွားကြရသည်။
ထိတ်လန့်ဖွယ်ကောင်းလှသည့် တကယ့် နတ်ဘုရားတစ်ပါးက သည်လောက်ကြောက်နေလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိပေ။
မယုံနိုင်စရာကောင်းလှသည်။ သို့သော် ယခုအချိန်တွင် မဟာအကြီးအကဲက သူတို့၏ တုံ့ပြန်မှုကို အရေးမလုပ်ပေ။
ထိုအစား သူက ကြောက်လန့်နေသော မျက်နှာနှင့် ရေရွတ်နေသည်။
“ငါတို့ဘိုးဘေး ထားခဲ့တဲ့ ရှေးဟောင်းစာအုပ်ထဲမှာ ကြောက်ဖို့ကောင်းတဲ့ သက်ရှိတစ်မျိုးကို ဖော်ပြထားတယ်”
“သူတို့က စကြဝဠာတစ်ခုလုံးရဲ့ ဘေးဒုက္ခပဲ။ သူတို့က နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေနဲ့ တစ္ဆေတွေ အပါအဝင် ဘယ်လိုအရာမျိုးကိုမဆို စားပစ်၊ သတ်ပစ်နိုင်တယ်”
“သူတို့က စကြဝဠာကြီးရဲ့ ပျက်စီးခြင်း ဖြစ်သလို နတ်ဘုရားတွေ၊ အင်မော်တယ်တွေ၊ မကောင်းဆိုးဝါးတွေ၊ နတ်ဆိုးတွေနဲ့ တစ္ဆေတွေရဲ့ သတိပေး ခေါင်းလောင်းသံလိုပဲ”
“သူတို့ကို ဝိညာဉ်စား ပုရွက်ဆိတ်တွေလို့ သိထားကြတယ်”
ဝုန်း!
မဟာအကြီးအကဲ၏ စကားများကို ကြားပြီး အခြားသူများအားလုံး တွေဝေသွားကြသည်။
*အရာအားလုံးကို စားနိုင်တယ်လား*
*ဘယ်လိုအရာကိုမဆို သတ်နို်ငတာလား*
*ဒါ … လုံးဝ မဖြစ်နိုင်ဘူးလေ*
အခြားသူများ ထိတ်လန့်နေကြစဉ်တွင် သူတို့သည် ကောင်းကင်ပေါ်မှ စူးရှလှသည့် အော်သံကို ကြားလိုက်ရသည်။
သူတို့ မော့ကြည်လိုက်စဉ်မှာပင် သွေးများက မိုးကဲ့သို့ ရွာကျလာသည်။ ကင်းကောင်မှော်ဇီးကွက်သည် ဆိုးရွားလှသည့် အခြေအနေထဲသို့ ကျရောက်နေ၏။
၎င်း၏ တောင်ပံတစ်ဘက် အစားခံထားရသည်။ ၎င်း၏ ခန္ဓာကိုယ်၌ အလွန် ဆိုးရွားလှသော ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။
၎င်းသည် လေထဲ၌ တုန်ယင်လို့နေသည်။ သို့သော် ၎င်း၏နာကျင်မှုကား အစသာရှိသေးသည်။
ထို့နောက် ၎င်း၏ဝမ်းဗိုက်၌ သွေးထွက်သံယို အပေါက်တစ်ပေါက် ဖြစ်ပေါ်လာပြီး များစွာသော ပုရွက်ဆိတ်များက ၎င်း၏ သွေးသံတရဲရဲ ဖြစ်နေသော အသားထဲသို့ ချက်ချင်း တိုးဝင်သွားကြသည်။
ကိုက်ဖြတ်သံတို့နှင့်အတူ ၎င်း၏ ခန္ဓာကိုယ်အား ပုရွက်ဆိတ်များက အတွင်းဘက်ရော အပြင်ဘက်မှပါ ဝါးစားလာကြသည်။ ထို့ကြောင့် ဧကရာဇ်အဆင့် သားရဲသည် အလွန် ချောက်ချားနေသည်။
၎င်းသည် ထွက်ပြေးချင်နေသော်လည်း လုံးဝ အခွင့်အရေး မရပေ။ ၎င်းသည် ၎င်း၏ ခန္ဓာကိုယ်အား မျက်စိရှေ့၌ အစားခံနေရသည်ကိုသာ ကြည့်နေရတော့သည်။
မကြာခင်မှာပင် ၎င်း၏ နောက်တောင်ပံတစ်ဘက် ဝါးမျိုခံလိုက်ရသည်။
ဂျွတ်!
အဆုံးတွင်မူ ကင်းကော်မှော်ဇီးကွက်၏ ခန္ဓာကိုယ်သည် တစ်စစီ ကိုက်ဖြတ်ခံလိုက်ရပြီး သွေးသံတရဲရဲနှင့် အသားစများအဖြစ် ပြောင်းလဲသွားသည်။
ပျံသန်းလာသော နောက်ထပ် ပုရွက်ဆိတ်အုံတစ်အုံက ထိုသွေးသံတရဲရဲနှင့် အသားစများနောက်သို့ လိုက်နေကြသည်။
ဧကရာဇ်အဆင့် သားရဲ၏ သွေးများက မိုးကဲ့သို့ ကျဆင်းလာသဖြင့် ထို့ပါကလန်သားများ၏ မျက်နှာပေါ်သို့ ထိုသွေးများက စီးကျလာသည်။
သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး သူတို့သည် ထိတ်လန့်ကာ တစ်ကိုယ်လုံး တုန်ယင်လို့နေသည်။
“အဲ့ဒါ သေသွားပြီလား။ ဒီလောက် ကြောက်စရာကောင်းတဲ့ ဧကရာဇ်အဆင့် သားရဲက ပုရွက်ဆိတ်တွေကြောင့် ဝါးစားခံရပြီး တစ်စစီဖြစ်သွားတာလား။ ဒါက … ”
ထို့ပါယွင် လုံးဝကို မှင်တက်လို့နေသည်။ သူ မျက်ဝါးထင်ထင် မြင်ဖူးသမျှထဲတွင် သွေးပျက်ဖွယ် အကောင်းဆုံး မြင်ကွင်းပင်။
သို့သော် တိုက်ပွဲကား မပြီးသေးပေ။ ကင်းကောင်မှော်ဇီးကွက်၏ ဦးခေါင်း ဝါးမျိုးခံလိုက်ရပြီးနောက် ၎င်း၏ ဧကရာဇ်အဆင့် သားရဲအမြုတေက ကောင်းကင်မှ ပြုတ်ကျလာသည်။
လေတိုးသံနှင့်အတူ ထိုအရာသည် ဥက္ကာပျံကဲ့သို့ ပြုတ်ကျလာသည်။ ထိုအရာက မြေကြီးနှင့် နီးကပ်လာစဉ်တွင် လက်ဖဝါးတစ်ဘက်က ရုတ်တရက် ထိုအရာကို ဖမ်းဆုပ်လိုက်သည်။
ထိုလက်ပိုင်ရှင်ကား ယဲ့ဖန်ပင်။
ထို့နောက် ယဲ့ဖန်သည် ဧကရာဇ်အဆင့် သားရဲအမြုတေကို ပါးစပ်ထဲ ကောက်ထည့်၍ ဝါးစား လေတော့သည်။
ကျွိ! ကျွိ!
သားရဲအမြုတေက တစ်စစီဖြစ်ကာ သူ့အစာအိမ်ထဲ ရောက်သွားသည်။ ဝါးစားပြီးနောက် အခြားသူများ၏ အံ့ဩနေသော အကြည့်များအောက်တွင် ဝိညာဉ်စား ပုရွက်ဆိတ်များက ယဲ့ဖန်ကို ဖုံးလွှမ်းသွားကြသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ပုရွက်ဆိတ်များက သံချပ်ကာအသွင် ပြောင်းသွားသည်။ ထိတ်လန့် ခြောက်ခြားဖွယ် ကောင်းလှ၏။
ထို့နောက် ယဲ့ဖန်သည် တအံ့တဩနှင့် ကြည့်နေကြသော ထို့ပါကလန်သားများအား ပြုံး၍ မေးလိုက်သည်။
“မင်းတို့ အဆင်ပြေရဲ့လား”
#Zawgyi
စာစဥ္ (24) CHAPTER (353) မင္းတို႔ အဆင္ေျပရဲ႕လား
ဝုန္း!
ကင္းေကာင္ေမွာ္ဇီးကြက္က ေျမႀကီးေပၚသို႔ ထိုးစိုက္လာသည္ႏွင့္ သူ၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ ခြန္အားက ေျမႀကီးအား အတြင္းဘက္သို႔ ကြၽံ၍ ၿပိဳဆင္းသြားေစသည္။
ေျမႀကီးေပၚက လူမ်ား မည္သို႔မွ် မလႈပ္ႏိုင္ေတာ့ေပ။ ႀကီးမားလွေသာ ဖိအားေအာက္၌ သူတို႔သည္ ေျမႀကီးေပၚ၌ မလႈပ္မယွက္ ေနေနရန္ ဖိအားေပးခံထားရၿပီး သူတို႔၏ ေသျခင္းကို ေစာင့္ေမွ်ာ္ေနရသည္။
စိုးရိမ္ေၾကာင့္ၾကလို႔ေန၏။ ယခုအခ်ိန္တြင္ သူတို႔အားလုံး လုံးဝကို စိုးရိမ္ေၾကာင့္ၾကလို႔ေနၾကသည္။
ဧကရာဇ္အဆင့္ ငွက္မ်ား၏ ခြန္အားသည္ လူသား တကယ့္ နတ္ဘုရားအဆင့္မ်ားအား ႏိုင္လိုမင္းထက္ဆန္ေသာ အမူအရာျဖင့္ ဖိႏွိပ္ႏိုင္သည္။
မီတာ တစ္ရာ၊ မီတာ ငါးဆယ္၊ မီတာ ႏွစ္ဆယ္။
ကင္းေကာင္ေမွာ္ဇီးကြက္သည္ သူတို႔၏ ဦးေခါင္းနားသို႔ ေရာက္ရွိလို႔လာသည္။ ထို႔ေနာက္ ၎သည္ ၎၏ ခြၽန္ထက္ေနေသာ လက္သည္းမ်ားကို ထုတ္ေဖာ္၍ တကယ့္နတ္ဘုရား ႏွစ္ေယာက္ထံသို႔ ကပ္လာသည္။
ျပင္းထန္လွေသာ ေလတိုးသံေၾကာင့္ တကယ့္ နတ္ဘုရားႏွစ္ေယာက္၏ မ်က္ႏွာမ်ားက စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္ကာ နီျမန္းလာသည္။
သူတို႔ကိုယ္သူတို႔ ေသေတာ့မည္ဟု ယုံၾကည္လိုက္ၾကခ်ိန္တြင္ ေနာက္ထပ္ ေလတိုးသံတစ္ခုကို သူတို႔ ထပ္ၾကားလိုက္ရၿပီး မ်ားစြာေသာ ပု႐ြက္ဆိတ္မ်ားက ေတာင္ဥမင္ထဲမွ ေျပးထြက္လာၾကသည္။
ပု႐ြက္ဆိတ္မ်ားသည္ သစ္ၾကားသီး အ႐ြယ္ေလာက္ ႀကီးမားသည္။ သူတို႔အားလုံးသည္ မည္းနက္လို႔ေန၏။
မာေက်ာေသာ ေတာင္ပံမ်ားက သူတို႔၏ နံ႐ိုးမ်ားကို ဖုံးအုပ္ေပးထားၿပီး သူတို႔သည္ လ်င္ျမန္စြာ ပ်ံသန္းႏိုင္သည္။
ကင္းေကာင္ေမွာ္ဇီးကြက္၏ ခြၽန္ထက္ေသာ လက္သည္းမ်ားက တကယ့္ နတ္ဘုရားႏွစ္ေယာက္ထံသို႔ နီးကပ္လာစဥ္တြင္ မ်ားစြာေသာ ပု႐ြက္ဆိတ္မ်ားက ဇီးကြက္ကို ခ်က္ခ်င္း ဝါးမ်ိဳၾကေတာ့သည္။
ဂြၽတ္! ဂြၽတ္!
ထိတ္လန႔္ဖြယ္ေကာင္းေသာ ဝါးစားသံမ်ားေၾကာင့္ တကယ့္ နတ္ဘုရား ႏွစ္ေယာက္ လုံးဝ နားေဝတိမ္ေတာင္ ျဖစ္ေနၾကသည္။
သူတို႔ မ်က္စိေရွ႕တည့္တည့္၌ ထိတ္လန႔္ဖြယ္ေကာင္းေသာ ပု႐ြက္ဆိတ္မ်ားက သူတို႔၏ ခြၽန္ထက္ေသာ လက္သည္းမ်ားႏွင့္ အစြယ္မ်ားကို အသုံးျပဳ၍ ကင္းေကာင္ေမွာ္ဇီးကြက္အား တစ္စစီ ဆြဲၿဖဲေနသည္ကို သူတို႔ ျမင္လိုက္ရသည္။
ဧကရာဇ္အဆင့္ သားရဲ၏ နီရဲေနေသာ ေသြးမ်ားက ပန္းထြက္လာၿပီး တကယ့္ နတ္ဘုရားႏွစ္ေယာက္၏ မ်က္ႏွာသို႔ စင္သြားသည္။
ပူေႏြးသည္။ ေသြးပ်က္ဖြယ္ေကာင္းသည္။
“သူ…သူတို႔က ပု႐ြက္ဆိတ္ေတြပဲ”
မဟာအႀကီးအကဲ မ်က္လုံးျပဴး မ်က္ဆံျပဴး ျဖစ္ေနသည္။
တိုက္ခိုက္ခံရသျဖင့္ ကင္းေကာင္ေမွာ္ဇီးကြက္သည္ ထိန္းမႏိုင္သိမ္းမရ ျဖစ္သြားသည္။ ၎သည္ ခ်က္ခ်င္းဆိုသလို တကယ့္ နတ္ဘုရား ႏွစ္ေယာက္ကို ထားပစ္ခဲ့၍ ေတာင္ပံကို တဖ်ပ္ဖ်ပ္ခပ္ကာ ေကာင္းကင္ေပၚသို႔ ထိုးတက္သြားသည္။
သို႔ေသာ္ ၎၏ အိပ္မက္ဆိုးက ယခုမွ စတင္မည္ျဖစ္သည္။
ကြၽိ! ကြၽိ!
ကင္းေကာင္ေမွာ္ဇီးကြက္သည္ ပ်ံသန္းလာေသာ ပု႐ြက္ဆိတ္မ်ား၏ လႊမ္းမိုးျခင္းကို ခံလိုက္ရသည္။ ၎၏ ေတာင္ပံမ်ားအား ပု႐ြက္ဆိတ္မ်ား၏ သြားမ်ားေၾကာင့္ ျပတ္ထြက္လာသည္။
သူ၏ ေသြးသံတရဲရဲႏွင့္ အေရျပားမွာ ဝါးစားခံေနရသည္။ စူးရွလွေသာ နာက်င္မႈေၾကာင့္ ၎သည္ တုန္ယင္ကာ သံကုန္ေအာ္ဟစ္ေတာ့သည္။
ထို႔ျပင္ ဤသည္ ပု႐ြက္ဆိတ္မ်ားအား တတ္ႏိုင္သမွ် အစြမ္းကုန္ ခါထုတ္ေနသည္။ သို႔ေသာ္ ပု႐ြက္ဆိတ္မ်ား ခါက်ခံလိုက္ရသည္ႏွင့္ ေနာက္ထပ္ ပု႐ြက္ဆိတ္မ်ားက သူ႔ထံသို႔ ဖိႏွိပ္ႏိုင္ေသာ ဟန္ပန္ျဖင့္ ေျပးဝင္လာၾကသည္။
႐ူးခ်င္စရာေကာင္းလွ၏။ ေသြးပ်က္ဖြယ္ေကာင္းလွသည္။
သူတို႔သည္ လွ်ပ္စီးတမွ် လ်င္ျမန္လ်သည္။ ထို႔ေၾကာင့္ ကင္းေကာင္ေမွာ္ဇီးကြက္ ႀကံရာမရ ျဖစ္ေနသည္။ ၎သည္ ၎၏ ရန္သူမ်ားအား မႏိုင္ေပ။ ၎သည္ ရန္သူအား မခါခ်ႏိုင္ခဲ့။ ရန္သူမ်ား၏ လက္ထဲမွ လြတ္ေျမာက္ေအာင္ေတာင္မွ မစြမ္းေဆာင္ႏိုင္ေပ။
တိုက္ပြဲ ဆက္ျဖစ္ေနသည္ႏွင့္အမွ် ၎သည္ ေသြးႏွင့္ အသားမ်ားကို ပိုပို၍ ဆုံးရႈံးလာသည္။ ကင္းေကာင္ေမွာ္ဇီးကြက္သည္ ၎၏ အသက္အတြက္ စိုးရိမ္ေၾကာင့္ၾကလာသည္။
ထိုသို႔ေသာ အခ်ိန္တြင္ ဧကရာဇ္အဆင့္ သားရဲႏွင့္ ထို႔ပါကလန္သားမ်ား အလြန္ စဥ္းစားရက်ပ္ေနၾက၏။
“အိုး … ဝိုး … အဲ့ … အဲ့ဒါက ဘယ္လို ပု႐ြက္ဆိတ္မ်ိဳးေတြလဲ။ သူတို႔က ဘယ္လိုလုပ္ ဧကရာဇ္အဆင့္ သားရဲကို တစ္စစီျဖစ္ေအာင္ ဝါးစားႏိုင္ရတာလဲ”
“သားရဲဧကရာဇ္အဆင့္ရဲ႕ အသားက ေမွာ္ဝင္ပစၥည္းေတာင္ မထိုးေဖာက္ႏိုင္ဘူးေလ။ ဒီပု႐ြက္ဆိတ္ေတြရဲ႕ လက္သည္းေတြက ဘယ္လိုလုပ္ ေမွာ္ဝင္ပစၥည္းထက္ ပိုထက္ေနရတာလဲ”
“အံ့ဩစရာပဲ၊ သူတို႔က ငါျမင္ဖူးသမွ်ထဲမွာ အရက္စက္ဆုံး ပု႐ြက္ဆိတ္ေတြပဲ၊ ေတာ္ေတာ္ ေၾကာက္ဖို႔ေကာင္းတယ္”
“….”
ထို႔ပါယြင္၊ ထို႔ပါခ်င္းရွန္ႏွင့္ ထို႔ပါကလန္မွ အျခားလူငယ္မ်ား အႀကီးအက်ယ္ ထိတ္လန႔္သြားၾကသည္။ သားရဲဧကရာဇ္တစ္ေကာင္က ဆိုးဆိုး႐ြား႐ြား ပုံစံႏွင့္ ဆြဲၿဖဲခံေနရျခင္းကို သူတို႔ ယခုမွ ပထမဆုံးအႀကိမ္ ျမင္ဖူးျခင္း ျဖစ္သည္။
မဟာအႀကီးအကဲႏွင့္ ထို႔ပါဟိုင္တို႔ လိပ္ျပာလြင့္မတတ္ ထိတ္လန႔္လာၾကသည္။
“မဟာအႀကီးအကဲ၊ အဲ့ဒီပု႐ြက္ဆိတ္ေတြက ေ႐ႊပိုးေကာင္ေတြထက္ ပိုၾကမ္းၾကဳတ္ပုံရတယ္ထင္တယ္”
ထို႔ပါဟိုင္က မ်က္ခုံးတလႈပ္လႈပ္ႏွင့္ ထိတ္လန႔္တၾကား ေျပာလိုက္သည္။ သို႔ေသာ္ မဟာအႀကီးအကဲထံမွ မည္သည့္ စကားမွ ျပန္မရေပ။
ထို႔ေၾကာင့္ သူသည္ ေတြေဝကာ မဟာအႀကီးအကဲအား စိုက္ၾကည့္ေနမိသည္။ ထိုအခါမွသာ မဟာအႀကီးအကဲက ႐ႊံ႕ေစးပန္းပုထုကဲ့သို႔ ေတာင့္ေတာင့္ႀကီး ရပ္ေနသည္ကို သူ သတိျပဳလိုက္မိသည္။
မဟာအႀကီးအကဲသည္ ေကာင္းကင္မွ ပု႐ြက္ဆိတ္မ်ားအား ထိတ္လန႔္တၾကား ေငးၾကည့္ေနသည္။
“မဟာအႀကီးအကဲ ခင္ဗ်ား ဘာျဖစ္လို႔လဲ”
ထို႔ပါဟိုင္က မယုံသကၤာျဖင့္ ေမးလိုက္မိသည္။ ထို႔ပါဟိုင္၏ အေမးေၾကာင့္ မဟာအႀကီးအကဲက ခ်က္ခ်င္း ေျပာလာသည္။
“ဝိညာဥ္စား ပု႐ြက္ဆိတ္ေတြ၊ သူ … သူတို႔က ဝိညာဥ္စား ပု႐ြက္ဆိတ္ေတြ”
မဟာအႀကီးအကဲက သရဲသဘက္အား ျမင္ေတြ႕လိုက္ရသကဲ့သို႔ ေၾကာက္လန႔္တၾကား ေျပာလာသည္။ သူ႔စကားေၾကာင့္ ထို႔ပါဟိုင္ႏွင့္ အျခားကလန္သားမ်ားအားလုံး ခ်က္ခ်င္း ေတြေဝသြားၾကရသည္။
ထိတ္လန႔္ဖြယ္ေကာင္းလွသည့္ တကယ့္ နတ္ဘုရားတစ္ပါးက သည္ေလာက္ေၾကာက္ေနလိမ့္မည္ဟု သူတို႔ ထင္မထားခဲ့မိေပ။
မယုံႏိုင္စရာေကာင္းလွသည္။ သို႔ေသာ္ ယခုအခ်ိန္တြင္ မဟာအႀကီးအကဲက သူတို႔၏ တုံ႔ျပန္မႈကို အေရးမလုပ္ေပ။
ထိုအစား သူက ေၾကာက္လန႔္ေနေသာ မ်က္ႏွာႏွင့္ ေရ႐ြတ္ေနသည္။
“ငါတို႔ဘိုးေဘး ထားခဲ့တဲ့ ေရွးေဟာင္းစာအုပ္ထဲမွာ ေၾကာက္ဖို႔ေကာင္းတဲ့ သက္ရွိတစ္မ်ိဳးကို ေဖာ္ျပထားတယ္”
“သူတို႔က စၾကဝဠာတစ္ခုလုံးရဲ႕ ေဘးဒုကၡပဲ။ သူတို႔က နတ္ဘုရားေတြ၊ အင္ေမာ္တယ္ေတြ၊ မေကာင္းဆိုးဝါးေတြ၊ နတ္ဆိုးေတြနဲ႔ တေစၦေတြ အပါအဝင္ ဘယ္လိုအရာမ်ိဳးကိုမဆို စားပစ္၊ သတ္ပစ္ႏိုင္တယ္”
“သူတို႔က စၾကဝဠာႀကီးရဲ႕ ပ်က္စီးျခင္း ျဖစ္သလို နတ္ဘုရားေတြ၊ အင္ေမာ္တယ္ေတြ၊ မေကာင္းဆိုးဝါးေတြ၊ နတ္ဆိုးေတြနဲ႔ တေစၦေတြရဲ႕ သတိေပး ေခါင္းေလာင္းသံလိုပဲ”
“သူတို႔ကို ဝိညာဥ္စား ပု႐ြက္ဆိတ္ေတြလို႔ သိထားၾကတယ္”
ဝုန္း!
မဟာအႀကီးအကဲ၏ စကားမ်ားကို ၾကားၿပီး အျခားသူမ်ားအားလုံး ေတြေဝသြားၾကသည္။
*အရာအားလုံးကို စားႏိုင္တယ္လား*
*ဘယ္လိုအရာကိုမဆို သတ္ႏို္ငတာလား*
*ဒါ … လုံးဝ မျဖစ္ႏိုင္ဘူးေလ*
အျခားသူမ်ား ထိတ္လန႔္ေနၾကစဥ္တြင္ သူတို႔သည္ ေကာင္းကင္ေပၚမွ စူးရွလွသည့္ ေအာ္သံကို ၾကားလိုက္ရသည္။
သူတို႔ ေမာ့ၾကည္လိုက္စဥ္မွာပင္ ေသြးမ်ားက မိုးကဲ့သို႔ ႐ြာက်လာသည္။ ကင္းေကာင္ေမွာ္ဇီးကြက္သည္ ဆိုး႐ြားလွသည့္ အေျခအေနထဲသို႔ က်ေရာက္ေန၏။
၎၏ ေတာင္ပံတစ္ဘက္ အစားခံထားရသည္။ ၎၏ ခႏၶာကိုယ္၌ အလြန္ ဆိုး႐ြားလွေသာ ဒဏ္ရာမ်ားႏွင့္ ျပည့္ႏွက္ေနသည္။
၎သည္ ေလထဲ၌ တုန္ယင္လို႔ေနသည္။ သို႔ေသာ္ ၎၏နာက်င္မႈကား အစသာရွိေသးသည္။
ထို႔ေနာက္ ၎၏ဝမ္းဗိုက္၌ ေသြးထြက္သံယို အေပါက္တစ္ေပါက္ ျဖစ္ေပၚလာၿပီး မ်ားစြာေသာ ပု႐ြက္ဆိတ္မ်ားက ၎၏ ေသြးသံတရဲရဲ ျဖစ္ေနေသာ အသားထဲသို႔ ခ်က္ခ်င္း တိုးဝင္သြားၾကသည္။
ကိုက္ျဖတ္သံတို႔ႏွင့္အတူ ၎၏ ခႏၶာကိုယ္အား ပု႐ြက္ဆိတ္မ်ားက အတြင္းဘက္ေရာ အျပင္ဘက္မွပါ ဝါးစားလာၾကသည္။ ထို႔ေၾကာင့္ ဧကရာဇ္အဆင့္ သားရဲသည္ အလြန္ ေခ်ာက္ခ်ားေနသည္။
၎သည္ ထြက္ေျပးခ်င္ေနေသာ္လည္း လုံးဝ အခြင့္အေရး မရေပ။ ၎သည္ ၎၏ ခႏၶာကိုယ္အား မ်က္စိေရွ႕၌ အစားခံေနရသည္ကိုသာ ၾကည့္ေနရေတာ့သည္။
မၾကာခင္မွာပင္ ၎၏ ေနာက္ေတာင္ပံတစ္ဘက္ ဝါးမ်ိဳခံလိုက္ရသည္။
ဂြၽတ္!
အဆုံးတြင္မူ ကင္းေကာ္ေမွာ္ဇီးကြက္၏ ခႏၶာကိုယ္သည္ တစ္စစီ ကိုက္ျဖတ္ခံလိုက္ရၿပီး ေသြးသံတရဲရဲႏွင့္ အသားစမ်ားအျဖစ္ ေျပာင္းလဲသြားသည္။
ပ်ံသန္းလာေသာ ေနာက္ထပ္ ပု႐ြက္ဆိတ္အုံတစ္အုံက ထိုေသြးသံတရဲရဲႏွင့္ အသားစမ်ားေနာက္သို႔ လိုက္ေနၾကသည္။
ဧကရာဇ္အဆင့္ သားရဲ၏ ေသြးမ်ားက မိုးကဲ့သို႔ က်ဆင္းလာသျဖင့္ ထို႔ပါကလန္သားမ်ား၏ မ်က္ႏွာေပၚသို႔ ထိုေသြးမ်ားက စီးက်လာသည္။
ေသြးပ်က္ဖြယ္ေကာင္းသည့္ ျမင္ကြင္းကို ၾကည့္ၿပီး သူတို႔သည္ ထိတ္လန႔္ကာ တစ္ကိုယ္လုံး တုန္ယင္လို႔ေနသည္။
“အဲ့ဒါ ေသသြားၿပီလား။ ဒီေလာက္ ေၾကာက္စရာေကာင္းတဲ့ ဧကရာဇ္အဆင့္ သားရဲက ပု႐ြက္ဆိတ္ေတြေၾကာင့္ ဝါးစားခံရၿပီး တစ္စစီျဖစ္သြားတာလား။ ဒါက … ”
ထို႔ပါယြင္ လုံးဝကို မွင္တက္လို႔ေနသည္။ သူ မ်က္ဝါးထင္ထင္ ျမင္ဖူးသမွ်ထဲတြင္ ေသြးပ်က္ဖြယ္ အေကာင္းဆုံး ျမင္ကြင္းပင္။
သို႔ေသာ္ တိုက္ပြဲကား မၿပီးေသးေပ။ ကင္းေကာင္ေမွာ္ဇီးကြက္၏ ဦးေခါင္း ဝါးမ်ိဳးခံလိုက္ရၿပီးေနာက္ ၎၏ ဧကရာဇ္အဆင့္ သားရဲအျမဳေတက ေကာင္းကင္မွ ျပဳတ္က်လာသည္။
ေလတိုးသံႏွင့္အတူ ထိုအရာသည္ ဥကၠာပ်ံကဲ့သို႔ ျပဳတ္က်လာသည္။ ထိုအရာက ေျမႀကီးႏွင့္ နီးကပ္လာစဥ္တြင္ လက္ဖဝါးတစ္ဘက္က ႐ုတ္တရက္ ထိုအရာကို ဖမ္းဆုပ္လိုက္သည္။
ထိုလက္ပိုင္ရွင္ကား ယဲ့ဖန္ပင္။
ထို႔ေနာက္ ယဲ့ဖန္သည္ ဧကရာဇ္အဆင့္ သားရဲအျမဳေတကို ပါးစပ္ထဲ ေကာက္ထည့္၍ ဝါးစား ေလေတာ့သည္။
ကြၽိ! ကြၽိ!
သားရဲအျမဳေတက တစ္စစီျဖစ္ကာ သူ႔အစာအိမ္ထဲ ေရာက္သြားသည္။ ဝါးစားၿပီးေနာက္ အျခားသူမ်ား၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္တြင္ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားက ယဲ့ဖန္ကို ဖုံးလႊမ္းသြားၾကသည္။
မ်က္စိတစ္မွိတ္ အတြင္းမွာပင္ ပု႐ြက္ဆိတ္မ်ားက သံခ်ပ္ကာအသြင္ ေျပာင္းသြားသည္။ ထိတ္လန႔္ ေျခာက္ျခားဖြယ္ ေကာင္းလွ၏။
ထို႔ေနာက္ ယဲ့ဖန္သည္ တအံ့တဩႏွင့္ ၾကည့္ေနၾကေသာ ထို႔ပါကလန္သားမ်ားအား ၿပဳံး၍ ေမးလိုက္သည္။
“မင္းတို႔ အဆင္ေျပရဲ႕လား”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now