Chapter 327

1.1K 109 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (22) CHAPTER (327) မေ့လျော့ခြင်း နတ်ဘုရားမ ဆုဒြာ

ဥရောပ နတ်ဘုရားမ ဌာနချုပ်။
ဤခမ်းနားသော ကောင်းကင်နန်းတော်၌ ဧရာမ နဂါးတစ်ကောင်၏ ကျောက်ရုပ်တု ရှိသည်။
ထိုဧရာမ နဂါးသည် အလွန် ကြောက်မက်ဖွယ်ကောင်းပြီး မနှစ်မြို့စရာ ကောင်းလှသည်။ ၎င်းသည် မင်ကဲ့သို့ မည်းနက်သော အရောင်ရှိသည်။ ၎င်း၏ ကြေးခွံတိုင်းက အလွန်ကောင်းသော သံမဏိများဖြင့် ပြုလုပ်ထားပုံရသည်။
ထို့အပြင် ၎င်းရုပ်တုသည် ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်လွှတ်နေ၏။ ထူးဆန်းသည်က ဓားကျိုးတစ်လက်၏ အပိုင်းအစတစ်ခုကို ထိုကျောက်ရုပ်တုထဲ၌ ထိုးစိုက်ထားခြင်းပင်။
ထိုဓားကျိုး၏ အပိုင်းအစသည် မူလဓား၏ သုံးပုံတစ်ပုံသာ ရှိသည်။ ထူးဆန်းလှသည်။ ထို့အတူ ထိုဓားကျိုးထဲမှ ထူးဆန်းသော စွမ်းအင်စုအား ဧရာမ နဂါးက စုပ်ယူနေပုံပေါ်သည်။
ကျွီ!
ကောင်းကင်နန်းတော်၏ တံခါးပွင့်လာပြီး လူသုံးယောက် ဖြည်းဖြည်းချင်း ဝင်လာသည်။ ရှေ့ဆုံးမှသူသည် အလွန်တရာ လှပလှသည့် နတ်ဘုရားမ ဖြစ်ပြီး သူမနောက်၌ အဘွားအိုတစ်ယောက် ပါလာသည်။ ထိုအဘွားအို၏ အနောက်တွင် သိပ်ကို လှပ၍ ဖြူစင်လှသော မိန်းမပျိုလေးတစ်ဦး လိုက်ပါလာသည်။
ထိုမိန်းမပျိုလေးသည် အရှေ့တိုင်းသား မျက်နှာပေါက် ရှိသည်။ သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးနှင့် နှစ်သက် ကြည်နူးဖွယ်ကောင်းသော ကိုယ်လုံးကိုယ်ပေါက်လေးက အရှေ့တိုင်း အမျိုးသမီးတစ်ယောက်၏ အလှတရားကို အစွမ်းကုန် ပြသလို့နေ၏။
သို့သော် သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးက တစ်ခုခုကို မှတ်မိရန် ကြိုးစားနေသကဲ့သို့ စိတ်ရှုပ်ထွေးလို့နေသည်။
အရှေ့တိုင်း မိန်းမပျိုလေးသည် ကျောက်ရုပ်ထုထဲမှ ဓားကျိုး၏ အပိုင်းအစကို မြင်သည်နှင့် အံ့အားသင့်ဖွယ်ကောင်းသော တစ်စုံတစ်ခုကို မြင်လိုက်ရသကဲ့သို့ သူမ၏ ခန္ဓာကိုယ်လေးက တုန်ယင်သွားသည်။
တောက်! တောက်!
ထိုအချိန်တွင် သူမ၏ လှပသော မျက်ဝန်းမှ သလင်းကျောက်ကဲ့သို့ ကြည်လင်သော မျက်ရည်များ စီးကျလို့လာသည်။
ဤသည်ကို ကြည့်ပြီး နတ်ဘုရားမနှင့် အဘွားအိုတို့က တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် နတ်ဘုရားမက နောက်သို့ လှည့်လာကာ ထိုဖြူစင်သော မိန်းမပျိုလေးအား မေးလိုက်သည်။
“မိန်းကလေး၊ မင်း ဒီဓားကျိုးအပိုင်းအစကို မှတ်မိလို့လား”
*ဓားကျိုးအပိုင်းအစ*
သူမစကားကို ကြားပြီးနောက် ထိုဖြူစင်သော မိန်းမပျိုလေးသည် ပို၍ မျက်ရည်များ စီးကျလာသည်။
သူမ ဦးကျိုးကို ကြည့်နေရင်း ၎င်း၏ ချီဓာတ်က သူမ၏ စိတ်ထဲ၌ နက်ရှိုင်းစွာ စွဲမှတ်နေသကဲ့သို့ ရင်းနှီးနေသလို ခံစားနေရသည်။
သို့သော် သူမ ဒါကို ဘယ်ကနေ မှတ်မိနေမှန်းလည်း သူမ သတိမရနိုင်ပါ။
“ဟင့်အင်း … ကျွန်မ စိတ်ထဲမှာ ယောကျ်ားတစ်ယောက်က ဒါကို စွဲကိုင်ထားသလိုမျိုး ထင်ဟပ်နေပြီးတော့ ရင်းနှီးတဲ့ ခံစားချက်မျိုး ခံစားနေရတယ်”
“ဒါပေမယ့် … ကျွန်မ ဘာလို့ အဲ့လူရဲ့ မျက်နှာကို မမှတ်မိနိုင်ရတာလဲ။ ဒါကို ဘယ်သူ ပိုင်ဆိုင်ခဲ့သလဲဆိုတာကို ဘာလို့ ကျွန်မ မမှတ်နိုင်ရတာလဲ”
“ဘာကြောင့်လဲ…”
မိန်းမပျိုလေး မျက်ရည်များ ထပ်မံ၍ စီးကျနေရင်း သူမပုံစံသည် အလွန် နာကျင်နေပုံ ရသော်လည်း လှပနေဆဲပင်။
ဤသည်ကို ကြည့်ပြီး နတ်ဘုရားမနှင့် အဘွားအိုတို့ နှစ်ယောက်လုံး ခပ်ယဲ့ယဲ့ ပြုံးလိုက်မိသည်။
“မဆိုးဘူးပဲ၊ ကြည့်ရတာ ပြီးခဲ့တဲ့ ငါးလက ကျွန်မတို့အတွက် အလဟဿ မဖြစ်ခဲ့ဘူးထင်တယ်”
“ကျွန်မတို့ရဲ့ ကောင်းကင် သမီးပျိုက အဲ့ဒီလူကို လုံးဝ မေ့သွားပြီပဲ”
အဘွားအိုက အနည်းငယ် ထိတ်လန့်နေသော မျက်လုံးများဖြင့် ဆက်ပြောလိုက်သည်။
“အံ့ဩဖို့ကောင်းလိုက်တာ၊ ဒီမိန်းကလေးက အဲ့ယောက်ျားနဲ့ ပတ်သတ်ပြီး တအား စွဲမက်နေလိမ့်မယ်လို့ ကျွန်မ လုံးဝ ထင်မထားခဲ့မိဘူး။ သူမ လုံးဝ မေ့ပျောက်သွားဖို့ ကျွန်မတို့ အချိန်တွေ အများကြီး ယူခဲ့ရတယ်”
အဘွားအို၏ အပြောကြောင့် နတ်ဘုရားမက ပြုံးလိုက်သည်။ ထို့နောက် သူမ အိတ်ကပ်ထဲမှ ဓာတ်ပုံတစ်ပုံကို ထုတ်ယူ၍ မိန်းမပျိုလေးဆီ လှမ်းပေးလိုက်သည်။
“မိန်းကလေး၊ ဒီဓာတ်ပုံကို ကြည့်ပါဦး။ မင်း သူ့ကို မှတ်မိလား”
*ဟင်*
သူမစကားကြောင့် အရှေ့တိုင်းသူ မိန်းမပျိုလေး တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ဓာတ်ပုံထဲ၌ လူငယ်တစ်ယောက် ပါရှိသည်ကို သူမ တွေ့လိုက်ရသည်။
သူသည် နက်မှောင်နေသော ဆံပင်နှင့် ရှင်းလင်း ပြတ်သားသော မျက်နှာပေါက် ရှိပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်လုံးများက ကြယ်တာရာကဲ့သို့ တောက်ပနေသည်။
သူသည် အလွန် နတ်ဆိုးဆန်ပြီး ရက်စက်တတ်ပုံရသည်။
သို့သော် မိန်းမပျိုလေးသည် ဓာတ်ပုံထဲမှ လူငယ်လေးကို မြင်သည်နှင့် သူမ၏ သွယ်လျသော ခန္ဓာကိုယ်လေးက တုန်လှုပ်လာပြီး မျက်ရည်များက ကြိုးပြတ်သွားသော ပုတီးစေ့များကဲ့သို့ ဒလဟော စီးကျလို့လာသည်။
ထို့အပြင် သူမရင်ထဲ၌ အလွန်တရာ ဝမ်းနည်းပူဆွေးမှုများဖြင့် ပြည့်နှက်လာသည်။
“ဘာလို့လဲ .... ဘာကြောင့်လဲ”
“ကျွန်မ သူ့ကို မြင်လိုက်ရတဲ့အခါတိုင်း ဘာလို့ ဝမ်းနည်းသလို ခံစားလာရတာလဲ။ ကျွန်မ သူ့ကို တစ်နေရာရာမှာ မြင်ခဲ့ဖူးတယ် ထင်တယ် ... ကျွန်မ သူ့ကို ချစ်ခဲ့ဖူးတယ် ထင်တယ်။ ကျွန်မ ... သူ့ကို သိပ်လွမ်းခဲ့ဖူးတယ် ထင်တယ်”
မိန်းမပျိုလေး၏ စကားများကြောင့် နတ်ဘုရားမနှင့် အဘွားအိုတို့သည် ချက်ချင်း ဝမ်းနည်းလာကြသည်။
နတ်ဘုရားမက မသိမသာ အေးစက်နေသော မျက်ဝန်းများဖြင့် သူမအား လေသံ ခပ်မာမာဖြင့် မေးလိုက်သည်။
“မိန်းကလေး၊ ငါ့ကို သူ့နာမည် ပြောပြပါ”
*နာမည်*
မိန်းမပျိုလေး၏ မျက်နှာ၌ ဇဝေဇဝါဖြစ်သွားဟန်များ ပေါ်လာသည်။ သူမ သူ့နာမည်ကို အမှတ်ရရန် ကြိုးစားကြည့်သည်။ သို့သော် မအောင်မြင်ပေ။
“ကျွန်မ မသိဘူး။ ကျွန်မ သူ့နာမည်ကို မမှတ်မိဘူး။ ကျွန်မ အရမ်း ဝမ်းနည်းပြီး သူ့ကို တအား လွမ်းတာပဲ။ ဒါပေမယ့် ဘာလို့ ... ကျွန်မ သူ့နာမည်ကို မမှတ်မိနိုင်ရတာလဲ”
ထိုသို့ပြောပြီး အရှေ့တိုင်းသူ မိန်းမပျိုလေးသည် နတ်ဘုရားမအား စိုစွတ်၍ နီရဲနေသော မျက်လုံးလေးများဖြင့် ကြည့်ကာ မေးလိုက်သည်။
“သူက ဘယ်သူလဲဟင်။ ကျွန်မကို သူ့နာမည်လေး ပြောပြပေးပါ”
ထိုအခါမှသာ နတ်ဘုရားမက သက်ပြင်းချကာ သူ့မျက်ဝန်းထဲမှ အေးစက်မှုများကလည်း ချက်ချင်း ပျောက်ကွယ်သွားသည်။
“မိန်းကလေး၊ သူ့နာမည်က ယဲ့ဖန်တဲ့”
*ယဲ့ဖန်တဲ့လား*
ထိုနာမည်လေးက သူမရင်ထဲ၌ ထွင်းထုထားသကဲ့သို့ ထိုနာမည်ကို ကြားရုံနှင့် သူမ၏ သွယ်လျသော ကိုယ်လေးက အနည်းငယ် တုန်ယင်လာသည်။
သူမ၏ မျက်နှာလေးမှာ နှင်းဆုပ်လုံး အရွယ်အစားခန့် ရှိသည့် မျက်ရည်များဖြင့် စိုစွတ်နေသည်မှာ ကြာလှပြီ ဖြစ်သည်။
“သူ ... အသက်ရှင်နေသေးလား”
မိန်းမပျိုလေး၏ အသံကား တုန်ခါလို့နေ၏။
“ဟင့်အင်း၊ သူ သေသွားပြီ”
နတ်ဘုရားမက ရယ်ချင်နေသော အပြုံးမျိုးနှင့် ပြောလိုက်သည်။
“သူ လွန်ခဲ့တဲ့ နှစ်ဝက်က သေသွားခဲ့ပြီ”
*သူ သေသွားပြီ*
သူမ ပြန်ပြောလိုက်သည့် စကားကို ကြားပြီး အရှေ့တိုင်းသူ မိန်းမပျိုလေးသည် အင်အားများ ဆုတ်ယုတ်သွားသကဲ့သို့ ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားသည်။
သူမ နှလုံးသားထဲမှ နာကျင်မှု တစ်ခုတည်းကိုသာ သူမ ခံစားရသည်။ သူ ဘယ်သူလဲဆိုတာကို သူမ လုံးဝ မမှတ်မိပေ။ သို့သော် သူမ သူ့ကို သိပ်ကို လွမ်းဆွတ်တမ်းတနေသေးသည်။
“မဖြစ်နိုင်ဘူးလေ ... ဟင့် ... ဟင့်. .. ယဲ့ဖန်၊ ယဲ့ဖန်”
ဤသည်ကို ကြည့်ပြီး နတ်ဘုရားမနှင့် အဘွားအိုတို့သည် တစ်ယောက်ကို တစ်ယောက် ချက်ချင်း လှမ်းကြည့်လိုက်မိသည်။ ထို့နောက် သူတို့သည် အရှေ့တိုင်း မိန်းမပျိုလေးအား နန်းတော်တွင်း တစ်ယောက်တည်း ထားခဲ့ပြီး နှစ်ယောက်လုံး ကောင်းကင်နန်းတော်ထဲမှ ထွက်လာခဲ့သည်။
သူတို့ ကောင်းကင်နန်းတော်၏ တံခါးအပြင်ဘက်သို့ ရောက်သည်နှင့် အဘွားအိုက နတ်ဘုရားမကို အရိုအသေပေး၍ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
“ဂုဏ်ယူပါတယ်၊ နတ်ဘုရားမ။ ရှင် လုပ်နိုင်ခဲ့ပါပြီ။ ကောင်းကင်သမီးပျိုရဲ့ မယ်တော်နဲ့ဆိုရင် ကျွန်မတို့ရဲ့ ကောင်းကင်သမီးပျို စစ်တပ်ကြီးက ကမ္ဘာကို သေချာပေါက် စိုးမိုးနိုင်မှာပါ”
သူမ၏ ချီးမွမ်းစကားကြောင့် နတ်ဘုရားမက ဂုဏ်ယူ ဝင့်ကြွားစွာ ပြောလာသည်။
“မေ့လျော့ခြင်း နတ်ဘုရားမ ဆုဒြာက တကယ့်ကို ထူးကဲလှပါပေတယ်။ ဒါက တကယ့်ကို အင်အားအကြီးဆုံး ရှေးဟောင်း လျှို့ဝှက်သိုင်းကျမ်းထဲက တစ်ခုပဲ။ ဒါက အရူးတွေကို သူတို့ချစ်တဲ့ သူကို မေ့နိုင်စေပြိးတော့ ချစ်သူတွေကို တစ်ယောက်ကို တစ်ယောက် ပြန်သတ်ခိုင်းနိုင်စေတယ်”
“ဒါပေမယ့် ကျွန်မတို့ရဲ့ ကောင်းကင်သမီးပျို စစ်တပ်ကို မတည်ထောင်နိုင်ခင်မှာ အဲ့လူရဲ့ ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေကို ရှင်းထုတ်ပစ်မှ ရမယ်”
ထို့နောက်တွင် နတ်ဘုရားက အလွန် ပြင်းထန်၍ ကြမ်းကြုတ်သော ချီဓာတ်ကို မျက်လုံးမှတစ်ဆင့် ထုတ်ဖော်ရင်း ဆက်ပြောလာသည်။
“ဓားသမားဂိုဏ်း သုတ်သင်ခံလိုက်ရပြီဆိုတဲ့ သတင်းကို ကျွန်မ ရခဲ့တယ်။ အဲ့လူ သေသွားတဲ့ ညအဖွဲ့သားတွေအတွက် ဥရောပကို မကြာခင် ရောက်လာပြီး လက်စားချေမှာကို စိုးရိမ်မိတယ်”
“ဒီလို မဖြစ်ခင် ကျွန်မတို့ သူ့ကို ကျွန်မတို့ရဲ့ ကောင်းကင်သမီးပျိုနဲ့ ဆုံတွေ့ခွင့် လုံးဝ မပေးနိုင်ဘူး”
သူမစကားကြောင့် အဘွားအိုက ချက်ချင်းဆိုသလို လေးနက်သော အသံဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဘုရင်မ။ ကျွန်မ နတ်ကလျာတစ်ယောက်ကို ဒီ ခြိမ်းခြောက်လာနိုင်တဲ့ ကိစ္စကို ဖြေရှင်းဖို့ အခုချက်ချင်း တာဝန်ပေးလိုက်ပါ့မယ်”
ထို့နောက် အဘွားအိုက လက်ဖျောက်တစ်ချက် တီးလိုက်သည်။ ထို့အခါ ခြံဝန်းအပြင်မှ မိန်းမပျိုလေးတစ်ယောက် လျင်မြန်စွာ ရောက်ရှိလာသည်။
ထိုမိန်းမပျိုလေး၏ မျက်နှာကို မြင်လိုက်သည့် ဘယ်သူမဆို လိပ်ပြာလွင့်မတတ် ထိတ်လန့် သွားလောက်သည်။ အဘယ်ကြောင့်ဆိုသော် ထိုမိန်းမပျိုလေးသည် ကောင်းကင်နန်းတော်ထဲမှ အရှေ့တိုင်းသူ မိန်းမပျိုလေးနှင့် တစ်ရုပ်တည်း ဖြစ်နေသောကြောင့်ပင်၊ သူတို့၏ ဆံပင်များတောင်မှ အတူတူပင် ဖြစ်သည်။
အံ့ဩဖွယ်ကောင်းလိုက်ပါဘိ။
သို့သော် ထိုမိန်းမပျိုလေးက သွေးဆာနေသော ချီဓာတ်ကို ထုတ်လွှင့်နေသည်။ ခြံဝန်းထဲ ရောက်သည်နှင့် သူမသည် နတ်ဘုရားမနှင့် အဘွားအိုကြီးရှေ့ ဒူးတစ်ဘက်ထောက်၍ နှုတ်ဆက်လာသည်။
“နတ်ဘုရားမနဲ့ အမယ်အိုကို ဂါဝရပြုပါတယ်”
နတ်ကလျာ၏ ရည်မွန်သော အပြုအမူကို ကြည့်ပြီး အဘွားအိုက ကျေနပ်သွားသလို ခေါင်းညိတ်၍ ပြောလိုက်သည်။
“နတ်ကလျာ တာဝန် အသစ်တစ်ခု ရှိတယ်၊ ပစ်မှတ်က ကျန်းရှီမြို့က ယဲ့ဖန်”
“မှတ်ထားပါ၊ သူ့ခေါင်းကို ဖြတ်ယူပြီးတော့ သူ့ခြေလက်တွေကို ချိုးပစ်ခဲ့ပါ”
#ZAWGYI
စာစဥ္ (22) CHAPTER (327) ေမ့ေလ်ာ့ျခင္း နတ္ဘုရားမ ဆုျဒာ
ဥေရာပ နတ္ဘုရားမ ဌာနခ်ဳပ္။
ဤခမ္းနားေသာ ေကာင္းကင္နန္းေတာ္၌ ဧရာမ နဂါးတစ္ေကာင္၏ ေက်ာက္႐ုပ္တု ရွိသည္။
ထိုဧရာမ နဂါးသည္ အလြန္ ေၾကာက္မက္ဖြယ္ေကာင္းၿပီး မႏွစ္ၿမိဳ႕စရာ ေကာင္းလွသည္။ ၎သည္ မင္ကဲ့သို႔ မည္းနက္ေသာ အေရာင္ရွိသည္။ ၎၏ ေၾကးခြံတိုင္းက အလြန္ေကာင္းေသာ သံမဏိမ်ားျဖင့္ ျပဳလုပ္ထားပုံရသည္။
ထို႔အျပင္ ၎႐ုပ္တုသည္ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ားကို ထုတ္လႊတ္ေန၏။ ထူးဆန္းသည္က ဓားက်ိဳးတစ္လက္၏ အပိုင္းအစတစ္ခုကို ထိုေက်ာက္႐ုပ္တုထဲ၌ ထိုးစိုက္ထားျခင္းပင္။
ထိုဓားက်ိဳး၏ အပိုင္းအစသည္ မူလဓား၏ သုံးပုံတစ္ပုံသာ ရွိသည္။ ထူးဆန္းလွသည္။ ထို႔အတူ ထိုဓားက်ိဳးထဲမွ ထူးဆန္းေသာ စြမ္းအင္စုအား ဧရာမ နဂါးက စုပ္ယူေနပုံေပၚသည္။
ကြၽီ!
ေကာင္းကင္နန္းေတာ္၏ တံခါးပြင့္လာၿပီး လူသုံးေယာက္ ျဖည္းျဖည္းခ်င္း ဝင္လာသည္။ ေရွ႕ဆုံးမွသူသည္ အလြန္တရာ လွပလွသည့္ နတ္ဘုရားမ ျဖစ္ၿပီး သူမေနာက္၌ အဘြားအိုတစ္ေယာက္ ပါလာသည္။ ထိုအဘြားအို၏ အေနာက္တြင္ သိပ္ကို လွပ၍ ျဖဴစင္လွေသာ မိန္းမပ်ိဳေလးတစ္ဦး လိုက္ပါလာသည္။
ထိုမိန္းမပ်ိဳေလးသည္ အေရွ႕တိုင္းသား မ်က္ႏွာေပါက္ ရွိသည္။ သူမ၏ ခ်စ္စရာေကာင္းေသာ မ်က္ႏွာေလးႏွင့္ ႏွစ္သက္ ၾကည္ႏူးဖြယ္ေကာင္းေသာ ကိုယ္လုံးကိုယ္ေပါက္ေလးက အေရွ႕တိုင္း အမ်ိဳးသမီးတစ္ေယာက္၏ အလွတရားကို အစြမ္းကုန္ ျပသလို႔ေန၏။
သို႔ေသာ္ သူမ၏ ခ်စ္စရာေကာင္းေသာ မ်က္ႏွာေလးက တစ္ခုခုကို မွတ္မိရန္ ႀကိဳးစားေနသကဲ့သို႔ စိတ္ရႈပ္ေထြးလို႔ေနသည္။
အေရွ႕တိုင္း မိန္းမပ်ိဳေလးသည္ ေက်ာက္႐ုပ္ထုထဲမွ ဓားက်ိဳး၏ အပိုင္းအစကို ျမင္သည္ႏွင့္ အံ့အားသင့္ဖြယ္ေကာင္းေသာ တစ္စုံတစ္ခုကို ျမင္လိုက္ရသကဲ့သို႔ သူမ၏ ခႏၶာကိုယ္ေလးက တုန္ယင္သြားသည္။
ေတာက္! ေတာက္!
ထိုအခ်ိန္တြင္ သူမ၏ လွပေသာ မ်က္ဝန္းမွ သလင္းေက်ာက္ကဲ့သို႔ ၾကည္လင္ေသာ မ်က္ရည္မ်ား စီးက်လို႔လာသည္။
ဤသည္ကို ၾကည့္ၿပီး နတ္ဘုရားမႏွင့္ အဘြားအိုတို႔က တစ္ေယာက္ႏွင့္ တစ္ေယာက္ အၾကည့္ခ်င္း ဖလွယ္လိုက္ၾကသည္။ ထို႔ေနာက္ နတ္ဘုရားမက ေနာက္သို႔ လွည့္လာကာ ထိုျဖဴစင္ေသာ မိန္းမပ်ိဳေလးအား ေမးလိုက္သည္။
“မိန္းကေလး၊ မင္း ဒီဓားက်ိဳးအပိုင္းအစကို မွတ္မိလို႔လား”
*ဓားက်ိဳးအပိုင္းအစ*
သူမစကားကို ၾကားၿပီးေနာက္ ထိုျဖဴစင္ေသာ မိန္းမပ်ိဳေလးသည္ ပို၍ မ်က္ရည္မ်ား စီးက်လာသည္။
သူမ ဦးက်ိဳးကို ၾကည့္ေနရင္း ၎၏ ခ်ီဓာတ္က သူမ၏ စိတ္ထဲ၌ နက္ရႈိင္းစြာ စြဲမွတ္ေနသကဲ့သို႔ ရင္းႏွီးေနသလို ခံစားေနရသည္။
သို႔ေသာ္ သူမ ဒါကို ဘယ္ကေန မွတ္မိေနမွန္းလည္း သူမ သတိမရႏိုင္ပါ။
“ဟင့္အင္း … ကြၽန္မ စိတ္ထဲမွာ ေယာက်္ားတစ္ေယာက္က ဒါကို စြဲကိုင္ထားသလိုမ်ိဳး ထင္ဟပ္ေနၿပီးေတာ့ ရင္းႏွီးတဲ့ ခံစားခ်က္မ်ိဳး ခံစားေနရတယ္”
“ဒါေပမယ့္ … ကြၽန္မ ဘာလို႔ အဲ့လူရဲ႕ မ်က္ႏွာကို မမွတ္မိႏိုင္ရတာလဲ။ ဒါကို ဘယ္သူ ပိုင္ဆိုင္ခဲ့သလဲဆိုတာကို ဘာလို႔ ကြၽန္မ မမွတ္ႏိုင္ရတာလဲ”
“ဘာေၾကာင့္လဲ…”
မိန္းမပ်ိဳေလး မ်က္ရည္မ်ား ထပ္မံ၍ စီးက်ေနရင္း သူမပုံစံသည္ အလြန္ နာက်င္ေနပုံ ရေသာ္လည္း လွပေနဆဲပင္။
ဤသည္ကို ၾကည့္ၿပီး နတ္ဘုရားမႏွင့္ အဘြားအိုတို႔ ႏွစ္ေယာက္လုံး ခပ္ယဲ့ယဲ့ ၿပဳံးလိုက္မိသည္။
“မဆိုးဘူးပဲ၊ ၾကည့္ရတာ ၿပီးခဲ့တဲ့ ငါးလက ကြၽန္မတို႔အတြက္ အလဟႆ မျဖစ္ခဲ့ဘူးထင္တယ္”
“ကြၽန္မတို႔ရဲ႕ ေကာင္းကင္ သမီးပ်ိဳက အဲ့ဒီလူကို လုံးဝ ေမ့သြားၿပီပဲ”
အဘြားအိုက အနည္းငယ္ ထိတ္လန႔္ေနေသာ မ်က္လုံးမ်ားျဖင့္ ဆက္ေျပာလိုက္သည္။
“အံ့ဩဖို႔ေကာင္းလိုက္တာ၊ ဒီမိန္းကေလးက အဲ့ေယာက္်ားနဲ႔ ပတ္သတ္ၿပီး တအား စြဲမက္ေနလိမ့္မယ္လို႔ ကြၽန္မ လုံးဝ ထင္မထားခဲ့မိဘူး။ သူမ လုံးဝ ေမ့ေပ်ာက္သြားဖို႔ ကြၽန္မတို႔ အခ်ိန္ေတြ အမ်ားႀကီး ယူခဲ့ရတယ္”
အဘြားအို၏ အေျပာေၾကာင့္ နတ္ဘုရားမက ၿပဳံးလိုက္သည္။ ထို႔ေနာက္ သူမ အိတ္ကပ္ထဲမွ ဓာတ္ပုံတစ္ပုံကို ထုတ္ယူ၍ မိန္းမပ်ိဳေလးဆီ လွမ္းေပးလိုက္သည္။
“မိန္းကေလး၊ ဒီဓာတ္ပုံကို ၾကည့္ပါဦး။ မင္း သူ႔ကို မွတ္မိလား”
*ဟင္*
သူမစကားေၾကာင့္ အေရွ႕တိုင္းသူ မိန္းမပ်ိဳေလး တစ္ဒဂၤမွ် မွင္တက္သြားသည္။ ဓာတ္ပုံထဲ၌ လူငယ္တစ္ေယာက္ ပါရွိသည္ကို သူမ ေတြ႕လိုက္ရသည္။
သူသည္ နက္ေမွာင္ေနေသာ ဆံပင္ႏွင့္ ရွင္းလင္း ျပတ္သားေသာ မ်က္ႏွာေပါက္ ရွိၿပီး အနက္ေရာင္ ဝတ္စုံကို ဝတ္ဆင္ထားသည္။ သူ၏ မ်က္လုံးမ်ားက ၾကယ္တာရာကဲ့သို႔ ေတာက္ပေနသည္။
သူသည္ အလြန္ နတ္ဆိုးဆန္ၿပီး ရက္စက္တတ္ပုံရသည္။
သို႔ေသာ္ မိန္းမပ်ိဳေလးသည္ ဓာတ္ပုံထဲမွ လူငယ္ေလးကို ျမင္သည္ႏွင့္ သူမ၏ သြယ္လ်ေသာ ခႏၶာကိုယ္ေလးက တုန္လႈပ္လာၿပီး မ်က္ရည္မ်ားက ႀကိဳးျပတ္သြားေသာ ပုတီးေစ့မ်ားကဲ့သို႔ ဒလေဟာ စီးက်လို႔လာသည္။
ထို႔အျပင္ သူမရင္ထဲ၌ အလြန္တရာ ဝမ္းနည္းပူေဆြးမႈမ်ားျဖင့္ ျပည့္ႏွက္လာသည္။
“ဘာလို႔လဲ .... ဘာေၾကာင့္လဲ”
“ကြၽန္မ သူ႔ကို ျမင္လိုက္ရတဲ့အခါတိုင္း ဘာလို႔ ဝမ္းနည္းသလို ခံစားလာရတာလဲ။ ကြၽန္မ သူ႔ကို တစ္ေနရာရာမွာ ျမင္ခဲ့ဖူးတယ္ ထင္တယ္ ... ကြၽန္မ သူ႔ကို ခ်စ္ခဲ့ဖူးတယ္ ထင္တယ္။ ကြၽန္မ ... သူ႔ကို သိပ္လြမ္းခဲ့ဖူးတယ္ ထင္တယ္”
မိန္းမပ်ိဳေလး၏ စကားမ်ားေၾကာင့္ နတ္ဘုရားမႏွင့္ အဘြားအိုတို႔သည္ ခ်က္ခ်င္း ဝမ္းနည္းလာၾကသည္။
နတ္ဘုရားမက မသိမသာ ေအးစက္ေနေသာ မ်က္ဝန္းမ်ားျဖင့္ သူမအား ေလသံ ခပ္မာမာျဖင့္ ေမးလိုက္သည္။
“မိန္းကေလး၊ ငါ့ကို သူ႔နာမည္ ေျပာျပပါ”
*နာမည္*
မိန္းမပ်ိဳေလး၏ မ်က္ႏွာ၌ ဇေဝဇဝါျဖစ္သြားဟန္မ်ား ေပၚလာသည္။ သူမ သူ႔နာမည္ကို အမွတ္ရရန္ ႀကိဳးစားၾကည့္သည္။ သို႔ေသာ္ မေအာင္ျမင္ေပ။
“ကြၽန္မ မသိဘူး။ ကြၽန္မ သူ႔နာမည္ကို မမွတ္မိဘူး။ ကြၽန္မ အရမ္း ဝမ္းနည္းၿပီး သူ႔ကို တအား လြမ္းတာပဲ။ ဒါေပမယ့္ ဘာလို႔ ... ကြၽန္မ သူ႔နာမည္ကို မမွတ္မိႏိုင္ရတာလဲ”
ထိုသို႔ေျပာၿပီး အေရွ႕တိုင္းသူ မိန္းမပ်ိဳေလးသည္ နတ္ဘုရားမအား စိုစြတ္၍ နီရဲေနေသာ မ်က္လုံးေလးမ်ားျဖင့္ ၾကည့္ကာ ေမးလိုက္သည္။
“သူက ဘယ္သူလဲဟင္။ ကြၽန္မကို သူ႔နာမည္ေလး ေျပာျပေပးပါ”
ထိုအခါမွသာ နတ္ဘုရားမက သက္ျပင္းခ်ကာ သူ႔မ်က္ဝန္းထဲမွ ေအးစက္မႈမ်ားကလည္း ခ်က္ခ်င္း ေပ်ာက္ကြယ္သြားသည္။
“မိန္းကေလး၊ သူ႔နာမည္က ယဲ့ဖန္တဲ့”
*ယဲ့ဖန္တဲ့လား*
ထိုနာမည္ေလးက သူမရင္ထဲ၌ ထြင္းထုထားသကဲ့သို႔ ထိုနာမည္ကို ၾကား႐ုံႏွင့္ သူမ၏ သြယ္လ်ေသာ ကိုယ္ေလးက အနည္းငယ္ တုန္ယင္လာသည္။
သူမ၏ မ်က္ႏွာေလးမွာ ႏွင္းဆုပ္လုံး အ႐ြယ္အစားခန႔္ ရွိသည့္ မ်က္ရည္မ်ားျဖင့္ စိုစြတ္ေနသည္မွာ ၾကာလွၿပီ ျဖစ္သည္။
“သူ ... အသက္ရွင္ေနေသးလား”
မိန္းမပ်ိဳေလး၏ အသံကား တုန္ခါလို႔ေန၏။
“ဟင့္အင္း၊ သူ ေသသြားၿပီ”
နတ္ဘုရားမက ရယ္ခ်င္ေနေသာ အၿပဳံးမ်ိဳးႏွင့္ ေျပာလိုက္သည္။
“သူ လြန္ခဲ့တဲ့ ႏွစ္ဝက္က ေသသြားခဲ့ၿပီ”
*သူ ေသသြားၿပီ*
သူမ ျပန္ေျပာလိုက္သည့္ စကားကို ၾကားၿပီး အေရွ႕တိုင္းသူ မိန္းမပ်ိဳေလးသည္ အင္အားမ်ား ဆုတ္ယုတ္သြားသကဲ့သို႔ ၾကမ္းျပင္ေပၚသို႔ ပစ္လဲက်သြားသည္။
သူမ ႏွလုံးသားထဲမွ နာက်င္မႈ တစ္ခုတည္းကိုသာ သူမ ခံစားရသည္။ သူ ဘယ္သူလဲဆိုတာကို သူမ လုံးဝ မမွတ္မိေပ။ သို႔ေသာ္ သူမ သူ႔ကို သိပ္ကို လြမ္းဆြတ္တမ္းတေနေသးသည္။
“မျဖစ္ႏိုင္ဘူးေလ ... ဟင့္ ... ဟင့္. .. ယဲ့ဖန္၊ ယဲ့ဖန္”
ဤသည္ကို ၾကည့္ၿပီး နတ္ဘုရားမႏွင့္ အဘြားအိုတို႔သည္ တစ္ေယာက္ကို တစ္ေယာက္ ခ်က္ခ်င္း လွမ္းၾကည့္လိုက္မိသည္။ ထို႔ေနာက္ သူတို႔သည္ အေရွ႕တိုင္း မိန္းမပ်ိဳေလးအား နန္းေတာ္တြင္း တစ္ေယာက္တည္း ထားခဲ့ၿပီး ႏွစ္ေယာက္လုံး ေကာင္းကင္နန္းေတာ္ထဲမွ ထြက္လာခဲ့သည္။
သူတို႔ ေကာင္းကင္နန္းေတာ္၏ တံခါးအျပင္ဘက္သို႔ ေရာက္သည္ႏွင့္ အဘြားအိုက နတ္ဘုရားမကို အ႐ိုအေသေပး၍ ေပ်ာ္႐ႊင္စြာျဖင့္ ေျပာလိုက္သည္။
“ဂုဏ္ယူပါတယ္၊ နတ္ဘုရားမ။ ရွင္ လုပ္ႏိုင္ခဲ့ပါၿပီ။ ေကာင္းကင္သမီးပ်ိဳရဲ႕ မယ္ေတာ္နဲ႔ဆိုရင္ ကြၽန္မတို႔ရဲ႕ ေကာင္းကင္သမီးပ်ိဳ စစ္တပ္ႀကီးက ကမာၻကို ေသခ်ာေပါက္ စိုးမိုးႏိုင္မွာပါ”
သူမ၏ ခ်ီးမြမ္းစကားေၾကာင့္ နတ္ဘုရားမက ဂုဏ္ယူ ဝင့္ႂကြားစြာ ေျပာလာသည္။
“ေမ့ေလ်ာ့ျခင္း နတ္ဘုရားမ ဆုျဒာက တကယ့္ကို ထူးကဲလွပါေပတယ္။ ဒါက တကယ့္ကို အင္အားအႀကီးဆုံး ေရွးေဟာင္း လွ်ိဳ႕ဝွက္သိုင္းက်မ္းထဲက တစ္ခုပဲ။ ဒါက အ႐ူးေတြကို သူတို႔ခ်စ္တဲ့ သူကို ေမ့ႏိုင္ေစၿပိးေတာ့ ခ်စ္သူေတြကို တစ္ေယာက္ကို တစ္ေယာက္ ျပန္သတ္ခိုင္းႏိုင္ေစတယ္”
“ဒါေပမယ့္ ကြၽန္မတို႔ရဲ႕ ေကာင္းကင္သမီးပ်ိဳ စစ္တပ္ကို မတည္ေထာင္ႏိုင္ခင္မွာ အဲ့လူရဲ႕ ၿခိမ္းေျခာက္လာႏိုင္တဲ့ အေျခအေနကို ရွင္းထုတ္ပစ္မွ ရမယ္”
ထို႔ေနာက္တြင္ နတ္ဘုရားက အလြန္ ျပင္းထန္၍ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္ကို မ်က္လုံးမွတစ္ဆင့္ ထုတ္ေဖာ္ရင္း ဆက္ေျပာလာသည္။
“ဓားသမားဂိုဏ္း သုတ္သင္ခံလိုက္ရၿပီဆိုတဲ့ သတင္းကို ကြၽန္မ ရခဲ့တယ္။ အဲ့လူ ေသသြားတဲ့ ညအဖြဲ႕သားေတြအတြက္ ဥေရာပကို မၾကာခင္ ေရာက္လာၿပီး လက္စားေခ်မွာကို စိုးရိမ္မိတယ္”
“ဒီလို မျဖစ္ခင္ ကြၽန္မတို႔ သူ႔ကို ကြၽန္မတို႔ရဲ႕ ေကာင္းကင္သမီးပ်ိဳနဲ႔ ဆုံေတြ႕ခြင့္ လုံးဝ မေပးႏိုင္ဘူး”
သူမစကားေၾကာင့္ အဘြားအိုက ခ်က္ခ်င္းဆိုသလို ေလးနက္ေသာ အသံျဖင့္ ေျပာလိုက္သည္။
“ဟုတ္ကဲ့ပါ ဘုရင္မ။ ကြၽန္မ နတ္ကလ်ာတစ္ေယာက္ကို ဒီ ၿခိမ္းေျခာက္လာႏိုင္တဲ့ ကိစၥကို ေျဖရွင္းဖို႔ အခုခ်က္ခ်င္း တာဝန္ေပးလိုက္ပါ့မယ္”
ထို႔ေနာက္ အဘြားအိုက လက္ေဖ်ာက္တစ္ခ်က္ တီးလိုက္သည္။ ထို႔အခါ ၿခံဝန္းအျပင္မွ မိန္းမပ်ိဳေလးတစ္ေယာက္ လ်င္ျမန္စြာ ေရာက္ရွိလာသည္။
ထိုမိန္းမပ်ိဳေလး၏ မ်က္ႏွာကို ျမင္လိုက္သည့္ ဘယ္သူမဆို လိပ္ျပာလြင့္မတတ္ ထိတ္လန႔္ သြားေလာက္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုမိန္းမပ်ိဳေလးသည္ ေကာင္းကင္နန္းေတာ္ထဲမွ အေရွ႕တိုင္းသူ မိန္းမပ်ိဳေလးႏွင့္ တစ္႐ုပ္တည္း ျဖစ္ေနေသာေၾကာင့္ပင္၊ သူတို႔၏ ဆံပင္မ်ားေတာင္မွ အတူတူပင္ ျဖစ္သည္။
အံ့ဩဖြယ္ေကာင္းလိုက္ပါဘိ။
သို႔ေသာ္ ထိုမိန္းမပ်ိဳေလးက ေသြးဆာေနေသာ ခ်ီဓာတ္ကို ထုတ္လႊင့္ေနသည္။ ၿခံဝန္းထဲ ေရာက္သည္ႏွင့္ သူမသည္ နတ္ဘုရားမႏွင့္ အဘြားအိုႀကီးေရွ႕ ဒူးတစ္ဘက္ေထာက္၍ ႏႈတ္ဆက္လာသည္။
“နတ္ဘုရားမနဲ႔ အမယ္အိုကို ဂါဝရျပဳပါတယ္”
နတ္ကလ်ာ၏ ရည္မြန္ေသာ အျပဳအမူကို ၾကည့္ၿပီး အဘြားအိုက ေက်နပ္သြားသလို ေခါင္းညိတ္၍ ေျပာလိုက္သည္။
“နတ္ကလ်ာ တာဝန္ အသစ္တစ္ခု ရွိတယ္၊ ပစ္မွတ္က က်န္းရွီၿမိဳ႕က ယဲ့ဖန္”
“မွတ္ထားပါ၊ သူ႔ေခါင္းကို ျဖတ္ယူၿပီးေတာ့ သူ႔ေျခလက္ေတြကို ခ်ိဳးပစ္ခဲ့ပါ”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now