Chapter 344

1K 124 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (23) CHAPTER (344) ရဲတင်းလွန်းသော ဟွမ်ဖူ

“ရှေးဟောင်းကလန် သုံးခုရဲ့ အမိန့်ကို နာခံရမယ် ဟုတ်လား။ လက်မခံနိုင်ဘူး၊ ငါ့ရဲ့ အရှင်သခင်က ယဲ့ဖန်ပဲ။ ငါတို့ ယဲ့ဖန်ရဲ့ အမိန့်တွေကို လိုက်နာနိုင်မယ်”
“ဟုတ်တယ်၊ ရှေးဟောင်းကလန်တွေဆိုတာက အလကားပဲ။ ဓားသမားဂိုဏ်းက ဟွာရှနိုင်ငံကို ဘေးသင့်စေခဲ့တုန်းက သူတို့ ဘယ်ရောက်နေလဲ။ ဓားသမားဂိုဏ်းက သားရဲဧကရာဇ်တစ်ကောင်ကို အညံ့ခံလိုက်တုန်းက သူတို့ ဘယ်မှာလဲ။ မင်းတို့အမိန့်ကို ငါတို့ကို နာခံခိုင်းဖို့ ဘယ်တော့မှ စိတ်ကူးယဉ်မနေနဲ့”
….
ကမ္ဘာမြေ အဖွဲ့အစည်းချုပ်မှ သံတမန်က တရားဝင် ကြေညာပြီးနောက် မြေကွက်လပ်တစ်ခုလုံး၌ ငြင်းဆန်မှုများနှင့် ပြည့်နှက်သွားသည်။
ရှေးဟောင်းကလန်သုံးခုလုံးကို မည်သူမျှ အညံ့မခံချင်ကြပေ။ သူတို့စိတ်ထဲတွင် ယဲ့ဖန်သည်သာ သူတို့၏ တစ်ဦးတည်းသော အရှင်သခင်ဖြစ်သည်။
သူတို့သည် ယဲ့ဖန်တစ်ယောက်တည်း၏ အမိန့်များကိုသာ နာခံသည်။
လူအုပ်ကြီး၏ တုံ့ပြန်မှုကို ကြည့်ပြီး နတ်ဘုရားအဆင့် နှစ်ယောက်၏ မျက်နှာများက ချက်ချင်း ပျက်ထွက်သွားသည်။
ယဲ့ဖန်က သိုင်းပညာရှင်များကြား၌ ဤမျှ ဩဇာကြီးမားလိမ့်မည်ဟု သူတို့လုံးဝ ထင်မှတ် မထားမိခဲ့ကြပေ။
မယုံနိုင်စရာကောင်းလှသည်။
သူတို့၏ အငြင်းအခုံစကားများကို ကြားပြီး အရှေ့တိုင်းသား လူငယ် ဟွမ်ဖူလင်းသည် ချက်ချင်း မျက်နှာက တည်လာ၏။
ထို့နောက် သူသည် ချက်ချင်း လက်ဖဝါးတစ်ချက် လှုပ်ကာ မြို့လယ်ခေါင်မှ ယဲ့ဖန်၏ ရုပ်ထုထံသို့ ထိတ်လန့်ဖွယ်ကောင်းလောက်သည့် အေးစက်သော အလင်းလှိုင်းတစ်ခု ထုတ်လွှတ်လိုက်သည်။
ထိုရုပ်ထုသည် ကျန်းရှီမြို့ရှိ သိုင်းပညာရှင်များက ယဲ့ဖန်အတွက် တည်ဆောက်ထားခြင်း ဖြစ်သည်။
သူသည် သူတို့ စိတ်နှလုံးသားထဲမှ ယုံကြည်ရာဖြစ်သည်။
ဟွမ်ဖူလင်း၏ ကြမ်းကြုတ်သော တိုက်ခိုက်မှုကြောင့် ရုတ်တရက် ဂျွတ်ခနဲ အသံနှင့်အတူ ယဲ့ဖန်ရုပ်ထု တစ်ခုလုံး တစ်စစီ ပြိုလဲပျက်ဆီးကာ မြေကြီးပေါ် ပြုတ်ကျလာသည်။
တိတ်ဆိတ်ခြင်း။
မြို့လယ်ခေါင် တစ်ခုလုံး တိတ်ကျသွားသည်။ ကျန်းရှီ သိုင်းပညာရှင်များ ထိတ်လန့်မှုနှင့်အတူ ဒေါပွလာကြသည်။
ဟွမ်ဖူသခင်လေးက သည်လောက် သောင်းကျန်းတတ်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့မိပေ။
“တိတ်စမ်း”
ဟွမ်ဖူလင်းသည် မြို့လယ်ခေါင်မှ လူအုပ်အား အေးစက် တင်းမာသည့် အကြည့်များဖြင့် ကြည့်လိုက်သည်။ ထို့နောက် သူက မာဆတ်ဆတ် လေသံဖြင့် ပြောလိုက်သည်။
“ဒီနေ့လို ကမ္ဘာကြီးမှာ အင်အားအကြီးဆုံးသူကပဲ ဘုရင်ဖြစ်နိုင်တယ်။ ယဲ့ဖန်က တစ်မူထူးခြားတယ် ဆိုပင်မယ့်လည်း သူက ဒီအတိုင်း တောက်ပလာတဲ့ ကြယ်ပွင့်အသစ်တစ်ခုပဲ။ သူ့မှာ ဂုဏ်သတင်းက မဆိုသလောက်ပဲ ရှိတာ။ သူက ဘယ်လိုလုပ် နှစ်တစ်ထောင်ကျော် တည်ရှိခဲ့တဲ့ ငါတို့လို ကလန်တွေနဲ့ ယှဉ်နိုင်မှာလဲ”
“ငါတို့ရဲ့ ရှေးဟောင်းကလန်သုံးခုလုံးက ငါတို့နောက်ကွယ်မှာ တကယ့်နတ်ဘုရားတွေ ရှိကြတယ်”
“ငါတို့ အမိန့်ကို နာခံတဲ့သူတွေ အသက်ရှင်မယ်၊ ငါတို့ကို ဆန့်ကျင်တဲ့သူတွေကတော့ သေရမယ်”
ရဲတင်းလွန်းလှသည်။ နိုင်လိုမင်းထက် ဆန်လှ၏။
ဟွမ်ဖူလင်း၏ စကားများကို နားထောင်ပြီးနောက် ကျန်းရှီမြို့၏ သိုင်းပညာရှင်များ ဒေါသမီးများ တောက်လောင်လာကြသည်။
သူတို့တွေသည် သူ့ကိုတောင်မှ သတ်ချင်လာကြသည်။
ယခုအချိန်တွင် ဟွမ်ဖူလင်းက မသိမသာ ရက်စက်သော မျက်နှာပေးမျိုး ပြသလာသည်။ ကျန်းရှီမြို့ စိုက်ကြည့်ပြီးနောက် သူသည် ပြုံး၍ ထပ်ပြောလိုက်သည်။
“ကျန်းရှီ သိုင်းပညာရှင်တွေအားလုံး ဒီနေ့လွန်တာနဲ့ မြို့ထဲက ထွက်ပြီး ပတ်ဝန်းကျင်တောအုပ်ထဲကို သွားရမယ်”
“ဒီနေရာကို ဟွမ်ဖူကလန်က ပိုင်သွားပြီ”
*ဘာ*
သူ့စကားကြောင့် ကျန်းရှီမြို့ သိုင်းပညာရှင်များ ဒေါသတကြီး ဖြစ်လာသည်။
*ဒါ အတင်းအဓမ္မ သိမ်းပိုက်တာပဲ*
*ဟွမ်ဖူလင်းက ကျန်းရှီမြို့ကို ထိပါးချင်နေတာပဲ*
သူက သိုင်းပညာရှင်အားလုံးကို မြို့ဧရိယာထဲကတောင်မှ မောင်းထုတ်ချင်နေ၏။ ကျန်းရှီ သိုင်းပညာရှင်များ အားလုံး ဘေးပတ်လည်မှ တောအုပ်ထဲ၌ နေကိုနေရမည်ဟု ဆိုလိုခြင်း ဖြစ်နေသည်။
ဘေးပတ်လည်မှ တောအုပ်ထဲ၌ ကြမ်းတမ်းသော မကောင်းဆိုးဝါးများနှင့် ပြည့်နှက်နေပြီး သေကျေဒဏ်ရာရသူ များလာနိုင်သည်မှာ အသေအချာပင်။
“ခွေးမသား”
မျက်စိတစ်မှိတ်အတွင်းမှာပင် ကြမ်းကြုတ်သော ကျန်းရှီ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တစ်ဖွဲ့မှ စင်မြင့်ပေါ်သို့ ခုန်ဝင်လာသည်။
သူတို့သည် ယဲ့ဖန် ထွက်သွားပြီးနောက်ပိုင်းမှ ဒဏ္ဍာရီလာအဆင့်သို့ အဆင့်တက်လာခြင်း ဖြစ်သည်။ သို့သော် သူတို့သည် သူတို့၏ ရန်သူများက နတ်ဘုရားအဆင့်များ ဖြစ်နေသော်လည်း ကျန်းရှီမြို့အတွက်နှင့် သူတို့၏ ယုံကြည်ရာအတွက် တိုက်ခိုက်ချင်နေကြသည်။
“ယို့ … မင်းတို့က ငါနဲ့ တိုက်ချင်တာလား”
ကျန်းရှီ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် ဆယ်ယောက်ကို ကြည့်ပြီး ဟွမ်ဖူလင်းက အထင်သေးသလို မျက်နှာပေးဖြင့် ပြောလိုက်သည်။
“အမှန်အတိုင်း ပြောရရင် ငါ လူမသတ်ချင်ဘူးကွ။ မင်းတို့ ဉာဏ်ကောင်းတယ်ဆိုရင် ထွက်သွားသင့်တယ်။ မဟုတ်လို့ကတော့ မင်းတို့ သေကိုသေရမယ်”
ထိုဒဏ္ဍာရီလာအဆင့်များအား ဦးဆောင်လာသူက ထိပ်ပြောင်အားဆန် ဖြစ်သည်။
သူသည် ယခု ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူ လျင်မြန်စွာ အဆင့်တက်လာနေခြင်း ဖြစ်သည်။
ယဲ့ဖန်က ကျန်းရှီမြို့၏ လုံခြုံရေးအတွက် အားဆန်အား နေခဲ့ရန် အမိန့်ပေးထားခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် နိုင်လိုမင်းထက် ပြုမူသော နတ်ဘုရားအဆင့်လူကို ကြည့်ပြီး အားဆန်က ဒေါသတကြီး ကြုံးဝါးလိုက်သည်။
“မောက်မာလိုက်တဲ့ ငနာလေး။ ငါ့သခင်ကြီးက စကြဝဠာထဲမှ ပြိုင်ဘက်ကင်းခဲ့တဲ့ အချိန်တုန်းက မင်းတို့ရဲ့ ရှေးဟောင်းကလန်က ဘိုးဘေးတွေက သောက်ရေးမပါခဲ့ဘူးကွ”
“မင်းက ငါ့သခင်ကြီးရဲ့ ရုပ်ထုကို ဖျက်ဆီးခဲ့မှတော့ မင်း သေကိုသေရမယ်”
*ဟမ်*
အားဆန်၏ စကားကြောင့် ဟွမ်ဖူလင်း၏ မျက်နှာက ချက်ချင်း သုန်မှုန်လာကာ မျက်လုံးများက ခက်ထန်လာ၏။
“ခွေးသား မင်းက ငါ့ဘိုးဘေးကို စော်ကားရဲတယ်ပေါ့လေ။ မင်း သေချင်နေတာပဲ”
ထို့နောက် ဟွမ်ဖူလင်းသည် လက်ကိုမြှောက်၍ အားဆန်အား အားနှင့်ရိုက်ချလိုက်သည်။
ဝုန်း!
နတ်ဘုရားအဆင့်၏ တိုက်ကွက်သည် အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။ ထိပ်ပြောင်အားဆန်သည် နတ်ဘုရားအဆင့်တစ်ယောက်၏ ပြင်းထန်သော တိုက်ကွက်အောက်၌ ဖုံးလွှမ်းခံလိုက်ရသည်။
သို့သော် သူ လုံးဝ မကြောက်ရွံ့ပေ။
သူသည် လက်သီးကို တင်းနေအောင်ဆုပ်၍ ထိုတိုက်ကွက်အား အားကုန် ခုခံ၍ တိုက်ခိုက်လိုက်သည်။
ဝုန်း!
ပေါက်ကွဲသံနှင့်အတူ ထိပ်ပြောင်အားဆန်သည် နောက်သို့ အသည်းအသန် ဆုတ်သွားရသည်။ သူ၏ လက်သီးတွင် သွေးများနှင့် ရွှဲနစ်နေ၏။
*အာ*
ဤမြင်ကွင်းကြောင့် ဟွမ်ဖူလင်း မျက်မှောင်ကြုတ်မိသွားသည်။ သူ၏ တိုက်ကွက်အား သေးနုပ်သော ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့်က ခုခံနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပါ။
ရှက်ဖို့ကောင်းလိုက်လေခြင်း။
“အားဆန်”
အားဆန်၏ ဒဏ်ရာများကို မြင်ပြီး ဘေးနားမှ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် ဆယ်ယောက်တို့ ထိတ်လန့်သွားကြသည်။
သို့သော် ထိပ်ပြောင်သည် တင်းမာသော အကြည့်များဖြင့် ပြန်ကြုံးဝါးလိုက်သည်။
“ငါ အဆင်ပြေတယ်။ သူက ငါတို့ သခင်ကြီးကို စော်ကားခဲ့တယ်။ သူ့ကို သတ်”
ထို့သို့ပြောပြီး ထိပ်ပြောင်အားဆန်သည် ဟွမ်ဖူလင်းထံသို့ ထပ်၍ ပြေးဝင်သွားသည်။ ဘေးနားမှ ဒဏ္ဍာရီလာအဆင့် ဆယ်ယောက်တို့သည်လည်း ခွန်အား အကုန်ထုတ်၍ ဟွမ်ဖူလင်းထံသို့ ပြေးဝင်လာကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
ဟွမ်ဖူလင်းနှင့် ထိပ်ပြောင်အားဆန်တို့ ချက်ချင်းဆိုသလို ထိပ်တိုက်တွေ့သွားကြသည်။ ထို့နောက် ဟွမ်ဖူလင်း ရင်တုန်ပန်းတုန် ဖြစ်လာသလို ခံစားရသည်။
သူသည် အလယ်အလတ် နတ်ဘုရား အဆင့်သို့ ရောက်နေသော သိုင်းပညာရှင်တစ်ယောက်ဖြစ်ပြီး ဟွမ်ဖူကလန်၏ နာမည်ကြီး ပါရမီရှင် ဖြစ်သည်။
သို့သော် သူသည် ဒဏ္ဍာရီလာအဆင့် ဆယ်ယောက်၏ ပူးပေါင်း ချုပ်နှောင်တိုက်ခိုက်ခြင်းကို ခံနေရသည်။
အံ့ဩစရာကောင်းလှသည်။
ဟွမ်ဖူ သတိထားမိသည့် ထိတ်လန့်စရာအကောင်းဆုံး အချက်သည်ကား ထိုဒဏ္ဍာရီလာအဆင့် ဆယ်ယောက်သည် အဆင့်ကျော်၍ တိုက်ခိုက်နေခြင်း ဖြစ်သည်။
သူတို့အားလုံး၌ သူတို့သိုင်းအဆင့်ထက် ပို၍ သာလွန်သော တိုက်ပွဲဝင် ခွန်အားများ ရှိကြသည်။ သူတို့အားလုံး သူ့ထံသို့ ပူးပေါင်းတိုက်လိုက်သည့်အခါတိုင်း သူတို့၏ခံစစ်က ပို၍ အားကောင်းလာသည်။
ကြောက်မက်ဖွယ်ကောင်းလှသည့် မြင်ကွင်းပါလား။ ဟွမ်ဖူလင်း မျက်ခုံး တလှုပ်လှုပ် ဖြစ်နေသည်။
“သောက်ခွေးသားတွေ”
တိုက်ကွက် ဆယ်ကွက် ကျော်လွန်သွားတာတောင်မှ ဟွမ်ဖူလင်း မနိုင်သေးပေ။ ထို့ကြောင့် ဟွမ်ဖူလင်း ဒေါသထွက်လာရသည်။
“ဟွမ်ဖူ အင်မော်တယ် လက်သီး”
နောက်ဆုံးတွင်တော့ ဟွမ်ဖူလင်းသည် သူ၏ သေစေနိုင်သော သိုင်းကွက်အား ထုတ်သုံး လာလေတော့သည်။
ဒုန်း! ဒုန်း! ဒုန်း!
သူသည် ထိပ်ပြောင်အားဆန်နှင့် အခြား ဒဏ္ဍာရီလာအဆင့်များအား တစ္ဆေကဲ့သို့ လက်သီးများဖြင့် ထိုးနှက်လာသည်။
သူ၏ ပြင်းထန်သော တိုက်စစ်ကြောင့် စင်မြင့်တစ်ခုလုံး ပြိုကျပျက်ဆီးသွားရသည်။
သူ၏ ဖိနှိပ်နိုင်သော ခွန်အားသည် မြေဆီလွှာများက အက်ကွဲမတတ် ဖြစ်လာစေ၏။
သူ၏ လက်သီးချက်များကြောင့် အားဆန်နှင့် အခြားဒဏ္ဍာရီလာအဆင့်များသည် ကြိုးပြတ်သွားသော စွန်များကဲ့သို့ နောက်သို့ လွင့်ထွက်သွားကြသည်။
သူတို့အားလုံး ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။ ဤမြင်ကွင်းကြောင့် မြေကွက်လပ်မှ ကျန်းရှီ သိုင်းပညာရှင်များအားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။
ထို့ပြင် သူတို့၏ ထိတ်ထိတ်ပျာပျာ အကြည့်များအောက်တွင် ဟွမ်ဖူလင်းသည် အားဆန်၏ လက်ဖဝါးကို နင်းကာ လှောင်ရယ်၍ ပြောလိုက်သည်။
“မင်းက ဘာမဟုတ်တဲ့ကောင်ပါလို့ ငါ ပြောသားပဲ”
ဒေါသစိတ်၊ လှောင်ပြောင်ခံရခြင်း။
ယခုအချိန်တွင် ထိပ်ပြောင်အားဆန်၏ မျက်လုံးများသည် ပြူးကျယ်လို့နေသည်။ သူ အရမ်း အားနည်းနေသေးသည် ဟူသော အချက်ကို သူ မုန်းတီးမိသည်။
သူ ထိရောက်စွာ မတိုက်ခိုက်နိုင်သည်ကို သူ မုန်းတီးသည်။ သူ ပို၍ သန်မာချင်သည်။ သူ ပိုပို၍ သန်မာလာသည်။
သူ ပို၍ သန်မာလာမှသော သူ၏ ယုံကြည်ရာကို ကာကွယ်နိုင်မည် ဖြစ်သည်။
သို့သော် ဟွမ်ဖူလင်းသည် အခြားသူများအား သတိပေးလိုသဖြင့် သူ့အား သတ်ချင်နေသည်။ သူက ထိပ်ပြောင်အားဆန်အား စိုက်ကြည့်၍ သရော်တော်တော်ဖြင့် ပြောလိုက်သည်။
“မင်းက ငါ့ကို အာခံရဲတဲ့ ပထမဆုံးသူဆိုတော့ မင်း သေကိုသေရမယ်”
ထိုသို့ပြောပြီး ဟွမ်ဖူလင်းသည် လက်သီးကို ဆုပ်ကာ ထိပ်ပြောင်အားဆန်အား အားနှင့် ထိုးချလိုက်သည်။
“အားဆန်”
ထိုစဉ် လူအုပ်ထဲမှ သိုင်းပညာရှင်များစွာတို့သည် အသည်းအသန် ဟစ်အော်လာကြသည်။ အခြား ညအဖွဲ့သားများက အားဆန်ကို ကယ်တင်လိုသော်လည်း အချိန်နှောင်းသွားလေပြီ။
ဝှစ်!
လေထဲ၌ သွေးများ ဖြန်းပက်သလို ဖြစ်လာသည်ကိုသာ သူတို့ မြင်လိုက်ရသည်။ သို့သော် ထိုသွေးများ မြေကြီးပေါ်သို့ ကျလာသောအခါ၌ မြေကွက်လပ်မှ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
ထိုသွေးသည် အားဆန်ထံမှ မဟုတ်၊ ဟွမ်ဖူလင်း၏ သွေးများသာ ဖြစ်သည်။ ဟွမ်ဖူလင်း၏ လက်မောင်းတစ်ခုလုံး ပြတ်ထွက်သွားခြင်း ဖြစ်သည်။
ထို့နောက် မည်းနက်နေသည့် ဧရာမ ပုရွက်ဆိတ်ဓားတစ်လက် ပေါ်လာသည်။
#Zawgyi
စာစဥ္ (23) CHAPTER (344) ရဲတင္းလြန္းေသာ ဟြမ္ဖူ
“ေရွးေဟာင္းကလန္ သုံးခုရဲ႕ အမိန႔္ကို နာခံရမယ္ ဟုတ္လား။ လက္မခံႏိုင္ဘူး၊ ငါ့ရဲ႕ အရွင္သခင္က ယဲ့ဖန္ပဲ။ ငါတို႔ ယဲ့ဖန္ရဲ႕ အမိန႔္ေတြကို လိုက္နာႏိုင္မယ္”
“ဟုတ္တယ္၊ ေရွးေဟာင္းကလန္ေတြဆိုတာက အလကားပဲ။ ဓားသမားဂိုဏ္းက ဟြာရွႏိုင္ငံကို ေဘးသင့္ေစခဲ့တုန္းက သူတို႔ ဘယ္ေရာက္ေနလဲ။ ဓားသမားဂိုဏ္းက သားရဲဧကရာဇ္တစ္ေကာင္ကို အညံ့ခံလိုက္တုန္းက သူတို႔ ဘယ္မွာလဲ။ မင္းတို႔အမိန႔္ကို ငါတို႔ကို နာခံခိုင္းဖို႔ ဘယ္ေတာ့မွ စိတ္ကူးယဥ္မေနနဲ႔”
….
ကမာၻေျမ အဖြဲ႕အစည္းခ်ဳပ္မွ သံတမန္က တရားဝင္ ေၾကညာၿပီးေနာက္ ေျမကြက္လပ္တစ္ခုလုံး၌ ျငင္းဆန္မႈမ်ားႏွင့္ ျပည့္ႏွက္သြားသည္။
ေရွးေဟာင္းကလန္သုံးခုလုံးကို မည္သူမွ် အညံ့မခံခ်င္ၾကေပ။ သူတို႔စိတ္ထဲတြင္ ယဲ့ဖန္သည္သာ သူတို႔၏ တစ္ဦးတည္းေသာ အရွင္သခင္ျဖစ္သည္။
သူတို႔သည္ ယဲ့ဖန္တစ္ေယာက္တည္း၏ အမိန႔္မ်ားကိုသာ နာခံသည္။
လူအုပ္ႀကီး၏ တုံ႔ျပန္မႈကို ၾကည့္ၿပီး နတ္ဘုရားအဆင့္ ႏွစ္ေယာက္၏ မ်က္ႏွာမ်ားက ခ်က္ခ်င္း ပ်က္ထြက္သြားသည္။
ယဲ့ဖန္က သိုင္းပညာရွင္မ်ားၾကား၌ ဤမွ် ဩဇာႀကီးမားလိမ့္မည္ဟု သူတို႔လုံးဝ ထင္မွတ္ မထားမိခဲ့ၾကေပ။
မယုံႏိုင္စရာေကာင္းလွသည္။
သူတို႔၏ အျငင္းအခုံစကားမ်ားကို ၾကားၿပီး အေရွ႕တိုင္းသား လူငယ္ ဟြမ္ဖူလင္းသည္ ခ်က္ခ်င္း မ်က္ႏွာက တည္လာ၏။
ထို႔ေနာက္ သူသည္ ခ်က္ခ်င္း လက္ဖဝါးတစ္ခ်က္ လႈပ္ကာ ၿမိဳ႕လယ္ေခါင္မွ ယဲ့ဖန္၏ ႐ုပ္ထုထံသို႔ ထိတ္လန႔္ဖြယ္ေကာင္းေလာက္သည့္ ေအးစက္ေသာ အလင္းလႈိင္းတစ္ခု ထုတ္လႊတ္လိုက္သည္။
ထို႐ုပ္ထုသည္ က်န္းရွီၿမိဳ႕ရွိ သိုင္းပညာရွင္မ်ားက ယဲ့ဖန္အတြက္ တည္ေဆာက္ထားျခင္း ျဖစ္သည္။
သူသည္ သူတို႔ စိတ္ႏွလုံးသားထဲမွ ယုံၾကည္ရာျဖစ္သည္။
ဟြမ္ဖူလင္း၏ ၾကမ္းၾကဳတ္ေသာ တိုက္ခိုက္မႈေၾကာင့္ ႐ုတ္တရက္ ဂြၽတ္ခနဲ အသံႏွင့္အတူ ယဲ့ဖန္႐ုပ္ထု တစ္ခုလုံး တစ္စစီ ၿပိဳလဲပ်က္ဆီးကာ ေျမႀကီးေပၚ ျပဳတ္က်လာသည္။
တိတ္ဆိတ္ျခင္း။
ၿမိဳ႕လယ္ေခါင္ တစ္ခုလုံး တိတ္က်သြားသည္။ က်န္းရွီ သိုင္းပညာရွင္မ်ား ထိတ္လန႔္မႈႏွင့္အတူ ေဒါပြလာၾကသည္။
ဟြမ္ဖူသခင္ေလးက သည္ေလာက္ ေသာင္းက်န္းတတ္လိမ့္မည္ဟု သူတို႔ လုံးဝ ထင္မထားခဲ့မိေပ။
“တိတ္စမ္း”
ဟြမ္ဖူလင္းသည္ ၿမိဳ႕လယ္ေခါင္မွ လူအုပ္အား ေအးစက္ တင္းမာသည့္ အၾကည့္မ်ားျဖင့္ ၾကည့္လိုက္သည္။ ထို႔ေနာက္ သူက မာဆတ္ဆတ္ ေလသံျဖင့္ ေျပာလိုက္သည္။
“ဒီေန႔လို ကမာၻႀကီးမွာ အင္အားအႀကီးဆုံးသူကပဲ ဘုရင္ျဖစ္ႏိုင္တယ္။ ယဲ့ဖန္က တစ္မူထူးျခားတယ္ ဆိုပင္မယ့္လည္း သူက ဒီအတိုင္း ေတာက္ပလာတဲ့ ၾကယ္ပြင့္အသစ္တစ္ခုပဲ။ သူ႔မွာ ဂုဏ္သတင္းက မဆိုသေလာက္ပဲ ရွိတာ။ သူက ဘယ္လိုလုပ္ ႏွစ္တစ္ေထာင္ေက်ာ္ တည္ရွိခဲ့တဲ့ ငါတို႔လို ကလန္ေတြနဲ႔ ယွဥ္ႏိုင္မွာလဲ”
“ငါတို႔ရဲ႕ ေရွးေဟာင္းကလန္သုံးခုလုံးက ငါတို႔ေနာက္ကြယ္မွာ တကယ့္နတ္ဘုရားေတြ ရွိၾကတယ္”
“ငါတို႔ အမိန႔္ကို နာခံတဲ့သူေတြ အသက္ရွင္မယ္၊ ငါတို႔ကို ဆန႔္က်င္တဲ့သူေတြကေတာ့ ေသရမယ္”
ရဲတင္းလြန္းလွသည္။ ႏိုင္လိုမင္းထက္ ဆန္လွ၏။
ဟြမ္ဖူလင္း၏ စကားမ်ားကို နားေထာင္ၿပီးေနာက္ က်န္းရွီၿမိဳ႕၏ သိုင္းပညာရွင္မ်ား ေဒါသမီးမ်ား ေတာက္ေလာင္လာၾကသည္။
သူတို႔ေတြသည္ သူ႔ကိုေတာင္မွ သတ္ခ်င္လာၾကသည္။
ယခုအခ်ိန္တြင္ ဟြမ္ဖူလင္းက မသိမသာ ရက္စက္ေသာ မ်က္ႏွာေပးမ်ိဳး ျပသလာသည္။ က်န္းရွီၿမိဳ႕ စိုက္ၾကည့္ၿပီးေနာက္ သူသည္ ၿပဳံး၍ ထပ္ေျပာလိုက္သည္။
“က်န္းရွီ သိုင္းပညာရွင္ေတြအားလုံး ဒီေန႔လြန္တာနဲ႔ ၿမိဳ႕ထဲက ထြက္ၿပီး ပတ္ဝန္းက်င္ေတာအုပ္ထဲကို သြားရမယ္”
“ဒီေနရာကို ဟြမ္ဖူကလန္က ပိုင္သြားၿပီ”
*ဘာ*
သူ႔စကားေၾကာင့္ က်န္းရွီၿမိဳ႕ သိုင္းပညာရွင္မ်ား ေဒါသတႀကီး ျဖစ္လာသည္။
*ဒါ အတင္းအဓမၼ သိမ္းပိုက္တာပဲ*
*ဟြမ္ဖူလင္းက က်န္းရွီၿမိဳ႕ကို ထိပါးခ်င္ေနတာပဲ*
သူက သိုင္းပညာရွင္အားလုံးကို ၿမိဳ႕ဧရိယာထဲကေတာင္မွ ေမာင္းထုတ္ခ်င္ေန၏။ က်န္းရွီ သိုင္းပညာရွင္မ်ား အားလုံး ေဘးပတ္လည္မွ ေတာအုပ္ထဲ၌ ေနကိုေနရမည္ဟု ဆိုလိုျခင္း ျဖစ္ေနသည္။
ေဘးပတ္လည္မွ ေတာအုပ္ထဲ၌ ၾကမ္းတမ္းေသာ မေကာင္းဆိုးဝါးမ်ားႏွင့္ ျပည့္ႏွက္ေနၿပီး ေသေက်ဒဏ္ရာရသူ မ်ားလာႏိုင္သည္မွာ အေသအခ်ာပင္။
“ေခြးမသား”
မ်က္စိတစ္မွိတ္အတြင္းမွာပင္ ၾကမ္းၾကဳတ္ေသာ က်န္းရွီ ဒ႑ာရီလာအဆင့္ သိုင္းပညာရွင္တစ္ဖြဲ႕မွ စင္ျမင့္ေပၚသို႔ ခုန္ဝင္လာသည္။
သူတို႔သည္ ယဲ့ဖန္ ထြက္သြားၿပီးေနာက္ပိုင္းမွ ဒ႑ာရီလာအဆင့္သို႔ အဆင့္တက္လာျခင္း ျဖစ္သည္။ သို႔ေသာ္ သူတို႔သည္ သူတို႔၏ ရန္သူမ်ားက နတ္ဘုရားအဆင့္မ်ား ျဖစ္ေနေသာ္လည္း က်န္းရွီၿမိဳ႕အတြက္ႏွင့္ သူတို႔၏ ယုံၾကည္ရာအတြက္ တိုက္ခိုက္ခ်င္ေနၾကသည္။
“ယို႔ … မင္းတို႔က ငါနဲ႔ တိုက္ခ်င္တာလား”
က်န္းရွီ ဒ႑ာရီလာအဆင့္ သိုင္းပညာရွင္ ဆယ္ေယာက္ကို ၾကည့္ၿပီး ဟြမ္ဖူလင္းက အထင္ေသးသလို မ်က္ႏွာေပးျဖင့္ ေျပာလိုက္သည္။
“အမွန္အတိုင္း ေျပာရရင္ ငါ လူမသတ္ခ်င္ဘူးကြ။ မင္းတို႔ ဉာဏ္ေကာင္းတယ္ဆိုရင္ ထြက္သြားသင့္တယ္။ မဟုတ္လို႔ကေတာ့ မင္းတို႔ ေသကိုေသရမယ္”
ထိုဒ႑ာရီလာအဆင့္မ်ားအား ဦးေဆာင္လာသူက ထိပ္ေျပာင္အားဆန္ ျဖစ္သည္။
သူသည္ ယခု ဒ႑ာရီလာ အထြတ္အထိပ္အဆင့္သို႔ ေရာက္ေနၿပီ ျဖစ္သည္။ သူ လ်င္ျမန္စြာ အဆင့္တက္လာေနျခင္း ျဖစ္သည္။
ယဲ့ဖန္က က်န္းရွီၿမိဳ႕၏ လုံၿခဳံေရးအတြက္ အားဆန္အား ေနခဲ့ရန္ အမိန႔္ေပးထားခဲ့ျခင္း ျဖစ္သည္။
ယခုအခ်ိန္တြင္ ႏိုင္လိုမင္းထက္ ျပဳမူေသာ နတ္ဘုရားအဆင့္လူကို ၾကည့္ၿပီး အားဆန္က ေဒါသတႀကီး ႀကဳံးဝါးလိုက္သည္။
“ေမာက္မာလိုက္တဲ့ ငနာေလး။ ငါ့သခင္ႀကီးက စၾကဝဠာထဲမွ ၿပိဳင္ဘက္ကင္းခဲ့တဲ့ အခ်ိန္တုန္းက မင္းတို႔ရဲ႕ ေရွးေဟာင္းကလန္က ဘိုးေဘးေတြက ေသာက္ေရးမပါခဲ့ဘူးကြ”
“မင္းက ငါ့သခင္ႀကီးရဲ႕ ႐ုပ္ထုကို ဖ်က္ဆီးခဲ့မွေတာ့ မင္း ေသကိုေသရမယ္”
*ဟမ္*
အားဆန္၏ စကားေၾကာင့္ ဟြမ္ဖူလင္း၏ မ်က္ႏွာက ခ်က္ခ်င္း သုန္မႈန္လာကာ မ်က္လုံးမ်ားက ခက္ထန္လာ၏။
“ေခြးသား မင္းက ငါ့ဘိုးေဘးကို ေစာ္ကားရဲတယ္ေပါ့ေလ။ မင္း ေသခ်င္ေနတာပဲ”
ထို႔ေနာက္ ဟြမ္ဖူလင္းသည္ လက္ကိုေျမႇာက္၍ အားဆန္အား အားႏွင့္႐ိုက္ခ်လိုက္သည္။
ဝုန္း!
နတ္ဘုရားအဆင့္၏ တိုက္ကြက္သည္ အလြန္ ထိတ္လန႔္ဖြယ္ေကာင္းလွသည္။ ထိပ္ေျပာင္အားဆန္သည္ နတ္ဘုရားအဆင့္တစ္ေယာက္၏ ျပင္းထန္ေသာ တိုက္ကြက္ေအာက္၌ ဖုံးလႊမ္းခံလိုက္ရသည္။
သို႔ေသာ္ သူ လုံးဝ မေၾကာက္႐ြံ႕ေပ။
သူသည္ လက္သီးကို တင္းေနေအာင္ဆုပ္၍ ထိုတိုက္ကြက္အား အားကုန္ ခုခံ၍ တိုက္ခိုက္လိုက္သည္။
ဝုန္း!
ေပါက္ကြဲသံႏွင့္အတူ ထိပ္ေျပာင္အားဆန္သည္ ေနာက္သို႔ အသည္းအသန္ ဆုတ္သြားရသည္။ သူ၏ လက္သီးတြင္ ေသြးမ်ားႏွင့္ ႐ႊဲနစ္ေန၏။
*အာ*
ဤျမင္ကြင္းေၾကာင့္ ဟြမ္ဖူလင္း မ်က္ေမွာင္ၾကဳတ္မိသြားသည္။ သူ၏ တိုက္ကြက္အား ေသးႏုပ္ေသာ ဒ႑ာရီလာ အထြတ္အထိပ္အဆင့္က ခုခံႏိုင္လိမ့္မည္ဟု သူ လုံးဝ ထင္မထားခဲ့မိပါ။
ရွက္ဖို႔ေကာင္းလိုက္ေလျခင္း။
“အားဆန္”
အားဆန္၏ ဒဏ္ရာမ်ားကို ျမင္ၿပီး ေဘးနားမွ ဒ႑ာရီလာအဆင့္ သိုင္းပညာရွင္ ဆယ္ေယာက္တို႔ ထိတ္လန႔္သြားၾကသည္။
သို႔ေသာ္ ထိပ္ေျပာင္သည္ တင္းမာေသာ အၾကည့္မ်ားျဖင့္ ျပန္ႀကဳံးဝါးလိုက္သည္။
“ငါ အဆင္ေျပတယ္။ သူက ငါတို႔ သခင္ႀကီးကို ေစာ္ကားခဲ့တယ္။ သူ႔ကို သတ္”
ထို႔သို႔ေျပာၿပီး ထိပ္ေျပာင္အားဆန္သည္ ဟြမ္ဖူလင္းထံသို႔ ထပ္၍ ေျပးဝင္သြားသည္။ ေဘးနားမွ ဒ႑ာရီလာအဆင့္ ဆယ္ေယာက္တို႔သည္လည္း ခြန္အား အကုန္ထုတ္၍ ဟြမ္ဖူလင္းထံသို႔ ေျပးဝင္လာၾကသည္။
ဝုန္း! ဝုန္း! ဝုန္း!
ဟြမ္ဖူလင္းႏွင့္ ထိပ္ေျပာင္အားဆန္တို႔ ခ်က္ခ်င္းဆိုသလို ထိပ္တိုက္ေတြ႕သြားၾကသည္။ ထို႔ေနာက္ ဟြမ္ဖူလင္း ရင္တုန္ပန္းတုန္ ျဖစ္လာသလို ခံစားရသည္။
သူသည္ အလယ္အလတ္ နတ္ဘုရား အဆင့္သို႔ ေရာက္ေနေသာ သိုင္းပညာရွင္တစ္ေယာက္ျဖစ္ၿပီး ဟြမ္ဖူကလန္၏ နာမည္ႀကီး ပါရမီရွင္ ျဖစ္သည္။
သို႔ေသာ္ သူသည္ ဒ႑ာရီလာအဆင့္ ဆယ္ေယာက္၏ ပူးေပါင္း ခ်ဳပ္ေႏွာင္တိုက္ခိုက္ျခင္းကို ခံေနရသည္။
အံ့ဩစရာေကာင္းလွသည္။
ဟြမ္ဖူ သတိထားမိသည့္ ထိတ္လန႔္စရာအေကာင္းဆုံး အခ်က္သည္ကား ထိုဒ႑ာရီလာအဆင့္ ဆယ္ေယာက္သည္ အဆင့္ေက်ာ္၍ တိုက္ခိုက္ေနျခင္း ျဖစ္သည္။
သူတို႔အားလုံး၌ သူတို႔သိုင္းအဆင့္ထက္ ပို၍ သာလြန္ေသာ တိုက္ပြဲဝင္ ခြန္အားမ်ား ရွိၾကသည္။ သူတို႔အားလုံး သူ႔ထံသို႔ ပူးေပါင္းတိုက္လိုက္သည့္အခါတိုင္း သူတို႔၏ခံစစ္က ပို၍ အားေကာင္းလာသည္။
ေၾကာက္မက္ဖြယ္ေကာင္းလွသည့္ ျမင္ကြင္းပါလား။ ဟြမ္ဖူလင္း မ်က္ခုံး တလႈပ္လႈပ္ ျဖစ္ေနသည္။
“ေသာက္ေခြးသားေတြ”
တိုက္ကြက္ ဆယ္ကြက္ ေက်ာ္လြန္သြားတာေတာင္မွ ဟြမ္ဖူလင္း မႏိုင္ေသးေပ။ ထို႔ေၾကာင့္ ဟြမ္ဖူလင္း ေဒါသထြက္လာရသည္။
“ဟြမ္ဖူ အင္ေမာ္တယ္ လက္သီး”
ေနာက္ဆုံးတြင္ေတာ့ ဟြမ္ဖူလင္းသည္ သူ၏ ေသေစႏိုင္ေသာ သိုင္းကြက္အား ထုတ္သုံး လာေလေတာ့သည္။
ဒုန္း! ဒုန္း! ဒုန္း!
သူသည္ ထိပ္ေျပာင္အားဆန္ႏွင့္ အျခား ဒ႑ာရီလာအဆင့္မ်ားအား တေစၦကဲ့သို႔ လက္သီးမ်ားျဖင့္ ထိုးႏွက္လာသည္။
သူ၏ ျပင္းထန္ေသာ တိုက္စစ္ေၾကာင့္ စင္ျမင့္တစ္ခုလုံး ၿပိဳက်ပ်က္ဆီးသြားရသည္။
သူ၏ ဖိႏွိပ္ႏိုင္ေသာ ခြန္အားသည္ ေျမဆီလႊာမ်ားက အက္ကြဲမတတ္ ျဖစ္လာေစ၏။
သူ၏ လက္သီးခ်က္မ်ားေၾကာင့္ အားဆန္ႏွင့္ အျခားဒ႑ာရီလာအဆင့္မ်ားသည္ ႀကိဳးျပတ္သြားေသာ စြန္မ်ားကဲ့သို႔ ေနာက္သို႔ လြင့္ထြက္သြားၾကသည္။
သူတို႔အားလုံး ျပင္းထန္စြာ ဒဏ္ရာရသြားၾကသည္။ ဤျမင္ကြင္းေၾကာင့္ ေျမကြက္လပ္မွ က်န္းရွီ သိုင္းပညာရွင္မ်ားအားလုံး အႀကီးအက်ယ္ ထိတ္လန႔္သြားၾကသည္။
ထို႔ျပင္ သူတို႔၏ ထိတ္ထိတ္ပ်ာပ်ာ အၾကည့္မ်ားေအာက္တြင္ ဟြမ္ဖူလင္းသည္ အားဆန္၏ လက္ဖဝါးကို နင္းကာ ေလွာင္ရယ္၍ ေျပာလိုက္သည္။
“မင္းက ဘာမဟုတ္တဲ့ေကာင္ပါလို႔ ငါ ေျပာသားပဲ”
ေဒါသစိတ္၊ ေလွာင္ေျပာင္ခံရျခင္း။
ယခုအခ်ိန္တြင္ ထိပ္ေျပာင္အားဆန္၏ မ်က္လုံးမ်ားသည္ ျပဴးက်ယ္လို႔ေနသည္။ သူ အရမ္း အားနည္းေနေသးသည္ ဟူေသာ အခ်က္ကို သူ မုန္းတီးမိသည္။
သူ ထိေရာက္စြာ မတိုက္ခိုက္ႏိုင္သည္ကို သူ မုန္းတီးသည္။ သူ ပို၍ သန္မာခ်င္သည္။ သူ ပိုပို၍ သန္မာလာသည္။
သူ ပို၍ သန္မာလာမွေသာ သူ၏ ယုံၾကည္ရာကို ကာကြယ္ႏိုင္မည္ ျဖစ္သည္။
သို႔ေသာ္ ဟြမ္ဖူလင္းသည္ အျခားသူမ်ားအား သတိေပးလိုသျဖင့္ သူ႔အား သတ္ခ်င္ေနသည္။ သူက ထိပ္ေျပာင္အားဆန္အား စိုက္ၾကည့္၍ သေရာ္ေတာ္ေတာ္ျဖင့္ ေျပာလိုက္သည္။
“မင္းက ငါ့ကို အာခံရဲတဲ့ ပထမဆုံးသူဆိုေတာ့ မင္း ေသကိုေသရမယ္”
ထိုသို႔ေျပာၿပီး ဟြမ္ဖူလင္းသည္ လက္သီးကို ဆုပ္ကာ ထိပ္ေျပာင္အားဆန္အား အားႏွင့္ ထိုးခ်လိုက္သည္။
“အားဆန္”
ထိုစဥ္ လူအုပ္ထဲမွ သိုင္းပညာရွင္မ်ားစြာတို႔သည္ အသည္းအသန္ ဟစ္ေအာ္လာၾကသည္။ အျခား ညအဖြဲ႕သားမ်ားက အားဆန္ကို ကယ္တင္လိုေသာ္လည္း အခ်ိန္ေႏွာင္းသြားေလၿပီ။
ဝွစ္!
ေလထဲ၌ ေသြးမ်ား ျဖန္းပက္သလို ျဖစ္လာသည္ကိုသာ သူတို႔ ျမင္လိုက္ရသည္။ သို႔ေသာ္ ထိုေသြးမ်ား ေျမႀကီးေပၚသို႔ က်လာေသာအခါ၌ ေျမကြက္လပ္မွ လူတိုင္း နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။
ထိုေသြးသည္ အားဆန္ထံမွ မဟုတ္၊ ဟြမ္ဖူလင္း၏ ေသြးမ်ားသာ ျဖစ္သည္။ ဟြမ္ဖူလင္း၏ လက္ေမာင္းတစ္ခုလုံး ျပတ္ထြက္သြားျခင္း ျဖစ္သည္။
ထို႔ေနာက္ မည္းနက္ေနသည့္ ဧရာမ ပု႐ြက္ဆိတ္ဓားတစ္လက္ ေပၚလာသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now