Chapter 244

1.4K 153 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (17) Chapter (244) ဘာလို့လဲဆိုတော့ မင်းက တစ္ဆေ ပြီးတော့ ငါက နတ်ဆိုး ဖြစ်နေလို့ပဲ
ဘေးပတ်လည်မှ ထူးဆန်းသော မှော်စာလုံးများကို အာရုံခံမိပြီးနောက် အနက်ရောင် ချီမျှင်တန်းများသည် ၎င်းတို့၏ သဘာဝ ရန်သူအား ရင်ဆိုင်လိုက်ရသကဲ့သို့ လူငယ်၏ ခန္ဓာကိုယ်ထဲမှ စိတ်ခံစားချက်ရှိဟန်ဖြင့် ပျာပန်းခတ်နေသော အမူအရာနှင့် စိမ့်ထွက်လာသည်။
"သေစမ်း … ဘာ … ဘာကြီးလဲဟ"
အသားပိုနှင့် လူငယ်သည် အလွန် ထိတ်လန့်၍ မေးခွန်းထုတ်လိုက်မိသည်။ သူသည် တစ္ဆေချီဓာတ်၏ ထိတ်လန့်ကြောက်ရွံ့မှုကို ကောင်းကောင်းကြိး သိနားလည်သည်။
ထို့ကြောင့် သူ၏ ချီဓာတ်မှ ပျာပန်းခတ်စွာ တုံ့ပြန်နေမှုကြောင့် ထိုထူးဆန်းသော မှော်စာလုံးများသည် သူ၏ ကိုယ်ပိုင်ချီဓာတ်ထက် ပို၍ ဆန်းကြယ်၍ ကြောက်ဖို့ကောင်းမည် ဖြစ်ကြောင်း ရိပ်စားမိလိုက်သည်။
သို့သော် ဝိုင်းထားကြသော ယဲ့ဖန်၏ နတ်ဆိုးတောင်ကြားမှ ကျေးကျွန်များက သူ့ကို စဉ်းစားချိန် ပေးမနေပါ။
ထိုဆန်းကြယ်သော မှော်စာလုံးများက ကြေးစား ဧကရာဇ် ဝုဒ်၏ လက်ဖဝါး၌လည်း ပေါ်လာသည်။ ထို့နောက် ဝုဒ်သည် သိမ်းငှက်က ယုန်အား သုတ်ချီရန် ပြေးဝင်လာသည့်ဟန်ဖြင့် ထိုလူငယ်ထံသို့ တစ်ဟုန်ထိုး ဝင်ရောက်သွားသည်။
သူ၏ လက်ဖဝါးသည် အလွန် ဖိနှိပ်နိုင်လွန်းသည်။ ကြမ်းကြုတ် ရက်စက်သော လူတစ်ယောက် သူ့ထံ ခုန်ဝင်လာသည်ကို မြင်ပြီး အသားပိုနှင့် လူငယ်သည် ချက်ချင်း ကြောက်ရွံ့လာကာ အဝေးသို့ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးလိုက်မိသည်။
ရွှစ်!
သူ ဟန်ချက်ညီညီ ပြေးနိုင်သည့် အချိန်မှာပ်င သွေးစုပ် လူသတ်သမား ဖီးလစ်က သူ့လက်မောင်းတစ်ဘက်ကို သူ၏ လက်ဖဝါးဖြင့် ပိုင်းဖြတ်လိုက်သည်။
"အား…."
ထိုလူငယ်သည် နာကျင်စွာ ဟစ်အော်လိုက်မိပြီး သူ့ဒဏ်ရာမှ သွေးများ ပန်းထွက်လာ၏။
နောက်ထပ် သိုင်းပညာရှင်တစ်ဖွဲ့ သူ့နား ကပ်လာသည်ကို သတိထားမိသည်နှင့် သူ ကြက်သီးတဖြန်းဖြန်း ထကာ ကြောက်လန့်သွားသည်။
"ကိုယ်ရောင်ဖျောက်သိုင်း"
ထိုလူငယ်သည် ချက်ချင်း အဓိက သက်စောင့်စွမ်းအားကို သုံးစွဲ၍ အနက်ရောင်ချီဓာတ် အမျှင်တန်းများ အဖြစ်သို့ ပြောင်းလဲသွားသည်။
ထို့နောက် သူက သွေးများ ပေကျံနေသော လက်မောင်းနှင့် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာတို့နှင့်အတူ ဆေးရုံအပြင်ဘက်မှ လမ်းကြားလေးထဲသို့ ဒယီးဒယိုင်နှင့် လျှောက်သွားသည်။
"သောက်ခွေးကောင် … ငါလက်စားချေမှာ … ငါ ကျန်းရှီမြို့ကို ရှင်းလင်းပစ်ဦးမှာ"
ထိုလူငယ်လေးသည် ငယ်စဉ်အခါကတည်းက ပြိုင်ဘက်ကင်း ဖြစ်ခဲ့သည်။ သူ့ထက် ပို၍ သာလွန်သော ပြိုင်ဘက်နှင့် ယခုမှ သူ ပထမဆုံးအကြိမ် ဆုံခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူ အလွန် မုန်းတီးမိသွားသည်။
သို့သော် သူ ထွက်ပြေးလာပြီး မကြာခင်မှာပင် အနက်ရောင် ဝတ်စုံနှင့် လူများစွာက လမ်းကြားလေး၏ မြင့်မားသော နံရံများကို ခုန်ကျော်၍ ရောက်လာသည်ကို မြင်လိုက်ရသည်။
တစ်ယောက်၊
ငါးယောက်၊
ဆယ်ယောက်၊
အယောက်နှစ်ဆယ်။
အနက်ရောင်ဝတ်စုံနှင့် သူများနှင့် သူတို့၏ လက်မှ ဆန်းကြယ်သော မှော်စာလုံးများကို မြင်ပြီး အသားပိုနှင့် လူငယ်သည် ကြောက်လန့်ကာ ဖိမ့်ဖိမ့်တုန်သွားသည်။
"မဖြစ်နိုင်ဘူး … ငါ ပြန်ပေါ်လာမယ့်နေရာကို သူတို့က ဘယ်လိုလုပ် အတိအကျ ကြိုသိနေရတာလဲ … လုံးဝ မဖြစ်နိုင်ဘူးကွာ"
ထိုလူငယ်သည် ကြောက်လန့်နေသော မျက်နှာထားဖြင့် ညည်းတွားလိုက်မိသည်။ ဖိနှိပ်နိုင်သော ချီဓာတ်များနှင့် လူများက သူ့ထံသို့ ပြေးဝင်လာသည်ကို မြင်သည်နှင့် သူသည် အော်ဟစ်၍ အဝေးသို့ ပုန်းကွယ်၍ ထွက်ပြေးရန် ကြံရွယ်လိုက်သည်။
ထိုစဉ် လှစ်ခနဲ အလင်းတစ်ချက် ဖြတ်ပြေးသွားပြီး သူ၏ ကျန်လက်မောင်းတစ်ဘက်ပါ ပြတ်ထွက်သွားသည်။
"အား…အား…အား" လူငယ်သည် ထပ်မံ၍ အော်ဟစ်လိုက်မိပြီး ဒဏ်ရာမှ သွေးများ ပန်းထွက်လာသည်။ နောက်တစ်ကြိမ် အနက်ရောင်ချီမျှင်စုအဖြစ် ပြောင်းလဲရန် သူ ပြင်လိုက်သည်။
သို့သော် ဤသည်ကား အစသာ ရှိသေးသည်။ ထိုလူငယ်၏ အိပ်မက်ဆိုးက ယခုမှ စတင်မည် ဖြစ်သည်။
သူ ပြန်ပေါ်လာသည်နှင့် သိုင်းပညာရှင် အဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။
ထို့ကြောင့် သူ ပို၍ ပို၍ ဒဏ်ရာများ ရလာသည်။ သူ့လက်မောင်းများ ပြတ်တောက်သွားချေပြီ။
သူ့ပခုံးနှစ်ဘက်လုံး ရိုက်ချိုးခြင်း ခံထားရသည်။ သူ၏ နံရိုးများ ကျိုးကြေလို့နေသည်။ သူ့ဘယ်ဘက်ခြေထောက် သုံးစားမရတော့။
….
သူ ပြန်ပြန်ပေါ်လာတိုင်း မြေကြီးပေါ်၌ သွေးကွက်ရာတစ်ခုက ကျန်ရှိခဲ့စမြဲ ဖြစ်သည်။
တိုက်ပွဲ၏ အစပိုင်းတွင် ထိုလူငယ်သည် ယဲ့ဖန်အား အရမ်း မုန်းတီးခဲ့သည်။ တဖြည်းဖြည်းနှင့် သူသည် ယဲ့ဖန်၏ စွမ်းရည်ကြောင့် ထိတ်လန့်လာရသည်။ ထို့နောက် သူ ကြောက်စိတ်ဝင်လာသည်။ နောက်ဆုံးတွင်တော့ သူ သေမတတ် ကြောက်လန့်သွားသည်။
အဆုံးတွင် လမ်းကြားလေး၏ အဆုံး၌ အနက်ရောင်ချီမျှင်စုက ပြန်ပေါ်လာသည်။ သူသည် အသားပိုနှင့် လူငယ်လေး ဖြစ်သည်။
ထိုအချိန်တွင် သူ့တစ်ကိုယ်လုံး ဆိုးဆိုးရွားရွား ပျက်စီးနေပြီး ငရဲမှ လွတ်မြောက်ရန် ကြိုးစားနေသည်နှင့် သဏ္ဌာန်တူလှသည်။
သူ၏ ခြေလက်များသည် လုံးဝကို သုံးစား၍ မရတော့ပေ။
သွေးများနှင့် ပေကျံနေသော တီကောင်ကဲ့သို့ သူသည် ရှေ့သို့ ဖြည်းဖြည်းချင်း တွားသွား၍ သွားနေ၏။
"ဒီတစ်ခါတော့ ငါက ငါ့ရဲ့ အခြေခံ သက်စောင့်စွမ်းအားကို တော်တော်လေး သုံးလိုက်ပြီးပြီ … ငါ ဘယ်နေရာမှာ ပြန်ပေါ်လာမလဲဆိုတာ သူတို့ လုံးဝ သိမှာမဟုတ်ဘူး"
ထိုလူငယ်က အလွန် မုန်းတီးသည့် မျက်ဝန်းများဖြင့် ရေရွတ်နေသည်။
"လက်စားချေရမယ် … ငါ သေချာပေါက် လက်စားချေရမယ် … ငါ့အဖေကို ဒီကို ဆင်းလာခိုင်းပြီးတော့ ကျန်းရှီမြို့ကို ဘာသက်ရှိမှ မကျန်တော့တဲ့အထိ လုံးဝ ရှင်းလင်းပစ်ဖို့ ပြောရမယ်"
ဒဏ်ရာရထားသော သားရဲကောင်ကဲ့သို့ ထိုလူငယ်၏ မျက်လုံးများသည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် မီးဝင်းဝင်းတောက်လာသည်။
ထိုစဉ် သူသည် နီးကပ်လာသော ခြေသံအချို့ကို ကြားလိုက်ရသည်။
*အမ်*
လူငယ်သည် တစ်ခဏမျှ မှင်တက်သွားပြီးမှ အသံလာရာဘက်သို့ အသည်းအသန် လှည့်ကြည့်လိုက်သည်။
အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်သည် ညတာ၏ အမှောင်ထုထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
သူ ခြေတစ်လှမ်းလှမ်းလိုက်တိုင်း သူသည် ထိုလူငယ်၏ နှလုံးသားအား နင်းချေနေသလို ခံစားရသဖြင့် ထိုလူငယ်သည် မဟားတရား ရင်တုန်လာကာ အချိန်မရွေး ပေါက်ထွက်တော့မလို ခံစားသွားရသည်။
လူငယ်သည် အမှောင်ထုထဲသို့ မနည်း အားယူ၍ ကြည့်လိုက်သည်။
"မင်း…မင်းကိုး"
သူ သည်လောက် အခြေခံ သက်စောင့်စွမ်းအား အများအပြား သုံးစွဲခဲ့ပြီးတာတောင် ယဲ့ဖန်က သူ့ကို ဘယ်လိုလုပ် ရှာတွေ့သလဲ ဆိုတာကို သူ တွေးကြည့်လို့မရပေ။
"ဒါတွေအားလုံးကို မင်း စီစဉ်ထားတာလား … မင်း ဘယ်သူလဲ … မင်း ဘာလို့ ဒီလို လုပ်ရတာလဲ"
အသားပိုနှင့် လူငယ်သည် ပြောမပြတတ်လောက်အောင် ထိတ်လန့် ကြောက်ရွံ့နေသော မျက်နှာနှင့် အော်ဟစ်လိုက်သည်။
သူ့စကားကြောင့် ယဲ့ဖန်က မခိုးမခန့် မျက်နှာပေးနှင့် ပြောလိုက်သည်။
"ငါက ယဲ့ဖန်လေ … ဘာလို့လဲ ဟုတ်လား … ဘာလို့လဲဆိုတော့ မင်းက တစ္ဆေ ပြီးတော့ ငါက နတ်ဆိုး ဖြစ်နေလို့ပဲ"
ထိုသို့ပြောပြီး ယဲ့ဖန်က အနက်ရောင် နတ်ဆိုးချီဓာတ်ကို ထုတ်လွှတ်လိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ နတ်ဆိုးချီဓာတ်များက လေထဲ၌ အနက်ရောင် ဦးခေါင်းခွံ အသွင်သို့ ပြောင်းလဲသွားသည်။
မိစ္ဆာဆန်လှသည်။
ဆိုးယုတ်လှသည်။
ထိုချီဓာတ်ကို မြင်လိုက်သည်နှင့် အသားပိုနှင့် လူငယ်သည် လုံးဝ သွေးပျက်သွားရသည်။
*နတ်ဆိုးလား*
သူ့ကိုယ်ထဲမှ တစ္ဆေ ချီဓာတ်က နားကွဲမတတ် အော်ဟစ်ကာ တစ္ဆေချီမျှင်စုများ အားလုံး ထွက်ပြေးရန် ကြိုးစားနေသည်ကို ခံစားလိုက်ရသည်။
"နတ်ဆိုးလူသား … မင်းက နတ်ဆိုးလူသားပဲ"
အသားပိုနှင့် လူငယ်က အလွန် ထိတ်လန့် ကြောက်ရွံ့နေသော မျက်နှာထားဖြင့် အော်ဟစ်လိုက်မိသည်။
သူ့အား ပေးခဲ့ဖူးသည် သတိပေးချက်ကို သူ သတိရသွားသည်။ တစ္ဆေလူသားများသည် နတ်ဘုရား သို့မဟုတ် အင်မော်တယ်များကို သတ်ဖြတ်နိုင်သည်၊ သို့သော် တစ္ဆေလူသားများ၏ သဘာဝရန်သူက နတ်ဆိုးများ ဖြစ်သည်။
နတ်ဆိုးများက နတ်ဘုရားများ၏ အသားကို စား၍ အင်မော်တယ်များ၏ သွေးများကို သောက်သုံးကြပြီး တစ္ဆေများ၏ အရိုးများကို လက်ဘက်ရည်ခွက်အဖြစ် ပြုလုပ်ကြသည်။
သူတို့သည် အင်မော်တယ်နှင့် တစ္ဆေလူသားများ၏ သဘာဝရန်သူပင် ဖြစ်သည်။ တစ္ဆေလူသားများသည် နတ်ဆိုးများ၏ ရှေ့မှောက်တွင်တော့ မုချ သေပွဲဝင်ရမည် ဖြစ်၏။
"မဟုတ်ဘူး … ဘယ်လိုလုပ် နတ်ဆိုးက ကမ္ဘာဂြိုဟ်ပေါ်မှ ရှိနေနိုင်မှာလဲ … မဖြစ်နိုင်ဘူး.."
အသားပိုနှင့် လူငယ်သည် ကြောက်လန့်ကာ ခိုက်ခိုက်တုန်နေသည်။ ထို့နောက် သူ တစ်စုံတစ်ခုကို ပြန်သတိရသွားသည်။
"ယဲ့ဖန်လား"
"ငါ မင်းကို မှတ်မိပြီ … မင်းက မဟူရာ ကြက်ခြေခတ်အဖွဲ့ရဲ့ ဂိုဏ်းခွဲတွေကို သိမ်းယူသွားတာပဲ … မင်းက ကုန်းကျန့်ထျန်းကို သတ်လိုက်တာပဲ … မင်းက မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲလေးခုက ထိပ်တန်း သိုင်းပညာရှင်အားလုံးကို သုတ်သင်ပစ်လိုက်တာမလား"
အသားပိုနှင့်လူငယ်သည် ကြောက်ချီးပါချင်သလို ဖြစ်လာသည်။ ကျန်းရှီမြို့သို့ သိုသိုဝှက်ဝှက်နှင့် လာစဉ်အတွင်း ဤကဲ့သို့ နတ်ဆိုးတစ်ကောင်နှင့် တွေ့ရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပါ။
သူ နောင်တရချင်သလို ဖြစ်လာသည်။ ဤကဲ့သို့ နတ်ဆိုးတစ်ကောင်နှင့် ထိပ်တိုက်တွေ့ရမည့်အစား သူ၏ မိစ္ဆာ စိတ်ဝိညာဉ် သန္ဓေသားလောင်းကိုသာ သူ ပို၍ စွန့်လွှတ်လိုက်ချင်သည်။
"နတ်ဆိုးလူသားတစ်ယောက် ပြန်ပေါ်လာတာကို ငါ့အဖေကို ငါ ပြောပြရမယ် … ငါတို့ သူ့ကို သတ်ဖို့လိုတယ် … မဟုတ်လို့ကတော့ တစ္ဆေလူသားတွေ ဒုက္ခ အကြီးအကျယ်ရောက်ရလိမ့်မယ်"
အသားပိုနှင့် လူငယ်လေး၏မျက်နှာက ထိတ်လန့် ကြောက်ရွံ့မှုကြောင့် အလွန် ဖြူဖပ်ဖြူရော် ဖြစ်နေ၏။
သူသည် သူ၏ တစ္ဆေချီဓာတ်အား ကျွမ်းကျင်စွာ အသုံးချ၍ သူ့ဖုန်းကို ထုတ်ကာ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။
ရွှစ်!
နံပါတ်အပြည့်အစုံ မနှိပ်ရသေးခင်မှာတင် သူ့ခန္ဓာကိုယ်အား ဓားကျိုးတစ်လက်က ထုတ်ချင်းဖောက်သွားသည်။
ချက်ချင်းဆိုသလိုပင် သွေးများနှင့် အသားစများက ကောင်းကင်အနှံ့ ဖြန့်ကြဲသွားသည်။ ယဲ့ဖန်သည် ဓားကျိုးကို ပြန်ဆွဲထုတ်လိုက်ပြီး‌နောက် အနက်ရောင် စက်ဝိုင်းပုံစံ အစလေးတစ်စက သူ့လက်ထဲ ရောက်လာသည်။
"ငါ မင်းရဲ့ တစ္ဆေ မျိုးစေ့ကို အသိအမှတ်ပြုပါတယ်"
"ဒါပေမယ့် ငါက မင်းရဲ့ တစ္ဆေ သန္ဓေသားလောင်းကိုလည်း လိုချင်နေသေးတယ်ကွ"
ထိုသို့ပြော မာဆတ်ဆတ် စကားသံအဆုံး၌ ယဲ့ဖန်သည် ထိုလူငယ်၏ ခန္ဓာကိုယ်အား နောက်တစ်ကြိမ် ဓားနှင့် ထိုးစိုက်လိုက်သည်။
သူ၏ ဓားကျိုးကို ပြန်ရုတ်လိုက်သည့်အချိန်တွင် သက်စောင့်စွမ်းအင် ပေါများစွာ ပါဝင်သော အလုံးလေးတစ်လုံးကို သူ ရလိုက်သည်။
တစ္ဆေလူသား၏ အသက်တွင် တစ္ဆေမျိုးစေ့နှင့် တစ္ဆေ သန္ဓေသားလောင်းတို့ ပါဝင်နေ၏။
"န…နတ်ဆိုး"
အသားပိုနှင့်လူငယ်သည် အထစ်ထစ် အငေါ့ငေါ့ ရေရွတ်ရင်း အလွန် ထိတ်လန့်နေသော မျက်လုံးများနှင့်အတူ အေးခဲ တောင့်တင်းသွားသည်။
သူ သေသွားလေပြီ။
#ZAWGYI
စာစဥ္ (17) Chapter (244) ဘာလို႔လဲဆိုေတာ့ မင္းက တေစၦ ၿပီးေတာ့ ငါက နတ္ဆိုး ျဖစ္ေနလို႔ပဲ
ေဘးပတ္လည္မွ ထူးဆန္းေသာ ေမွာ္စာလုံးမ်ားကို အာ႐ုံခံမိၿပီးေနာက္ အနက္ေရာင္ ခ်ီမွ်င္တန္းမ်ားသည္ ၎တို႔၏ သဘာဝ ရန္သူအား ရင္ဆိုင္လိုက္ရသကဲ့သို႔ လူငယ္၏ ခႏၶာကိုယ္ထဲမွ စိတ္ခံစားခ်က္ရွိဟန္ျဖင့္ ပ်ာပန္းခတ္ေနေသာ အမူအရာႏွင့္ စိမ့္ထြက္လာသည္။
"ေသစမ္း … ဘာ … ဘာႀကီးလဲဟ"
အသားပိုႏွင့္ လူငယ္သည္ အလြန္ ထိတ္လန႔္၍ ေမးခြန္းထုတ္လိုက္မိသည္။ သူသည္ တေစၦခ်ီဓာတ္၏ ထိတ္လန႔္ေၾကာက္႐ြံ႕မႈကို ေကာင္းေကာင္းႀကိး သိနားလည္သည္။
ထို႔ေၾကာင့္ သူ၏ ခ်ီဓာတ္မွ ပ်ာပန္းခတ္စြာ တုံ႔ျပန္ေနမႈေၾကာင့္ ထိုထူးဆန္းေသာ ေမွာ္စာလုံးမ်ားသည္ သူ၏ ကိုယ္ပိုင္ခ်ီဓာတ္ထက္ ပို၍ ဆန္းၾကယ္၍ ေၾကာက္ဖို႔ေကာင္းမည္ ျဖစ္ေၾကာင္း ရိပ္စားမိလိုက္သည္။
သို႔ေသာ္ ဝိုင္းထားၾကေသာ ယဲ့ဖန္၏ နတ္ဆိုးေတာင္ၾကားမွ ေက်းကြၽန္မ်ားက သူ႔ကို စဥ္းစားခ်ိန္ ေပးမေနပါ။
ထိုဆန္းၾကယ္ေသာ ေမွာ္စာလုံးမ်ားက ေၾကးစား ဧကရာဇ္ ဝုဒ္၏ လက္ဖဝါး၌လည္း ေပၚလာသည္။ ထို႔ေနာက္ ဝုဒ္သည္ သိမ္းငွက္က ယုန္အား သုတ္ခ်ီရန္ ေျပးဝင္လာသည့္ဟန္ျဖင့္ ထိုလူငယ္ထံသို႔ တစ္ဟုန္ထိုး ဝင္ေရာက္သြားသည္။
သူ၏ လက္ဖဝါးသည္ အလြန္ ဖိႏွိပ္ႏိုင္လြန္းသည္။ ၾကမ္းၾကဳတ္ ရက္စက္ေသာ လူတစ္ေယာက္ သူ႔ထံ ခုန္ဝင္လာသည္ကို ျမင္ၿပီး အသားပိုႏွင့္ လူငယ္သည္ ခ်က္ခ်င္း ေၾကာက္႐ြံ႕လာကာ အေဝးသို႔ ျမန္ႏိုင္သမွ် ျမန္ျမန္ ထြက္ေျပးလိုက္မိသည္။
႐ႊစ္!
သူ ဟန္ခ်က္ညီညီ ေျပးႏိုင္သည့္ အခ်ိန္မွာပ္င ေသြးစုပ္ လူသတ္သမား ဖီးလစ္က သူ႔လက္ေမာင္းတစ္ဘက္ကို သူ၏ လက္ဖဝါးျဖင့္ ပိုင္းျဖတ္လိုက္သည္။
"အား…."
ထိုလူငယ္သည္ နာက်င္စြာ ဟစ္ေအာ္လိုက္မိၿပီး သူ႔ဒဏ္ရာမွ ေသြးမ်ား ပန္းထြက္လာ၏။
ေနာက္ထပ္ သိုင္းပညာရွင္တစ္ဖြဲ႕ သူ႔နား ကပ္လာသည္ကို သတိထားမိသည္ႏွင့္ သူ ၾကက္သီးတျဖန္းျဖန္း ထကာ ေၾကာက္လန႔္သြားသည္။
"ကိုယ္ေရာင္ေဖ်ာက္သိုင္း"
ထိုလူငယ္သည္ ခ်က္ခ်င္း အဓိက သက္ေစာင့္စြမ္းအားကို သုံးစြဲ၍ အနက္ေရာင္ခ်ီဓာတ္ အမွ်င္တန္းမ်ား အျဖစ္သို႔ ေျပာင္းလဲသြားသည္။
ထို႔ေနာက္ သူက ေသြးမ်ား ေပက်ံေနေသာ လက္ေမာင္းႏွင့္ ျဖဴဖပ္ျဖဴေရာ္ ျဖစ္ေနေသာ မ်က္ႏွာတို႔ႏွင့္အတူ ေဆး႐ုံအျပင္ဘက္မွ လမ္းၾကားေလးထဲသို႔ ဒယီးဒယိုင္ႏွင့္ ေလွ်ာက္သြားသည္။
"ေသာက္ေခြးေကာင္ … ငါလက္စားေခ်မွာ … ငါ က်န္းရွီၿမိဳ႕ကို ရွင္းလင္းပစ္ဦးမွာ"
ထိုလူငယ္ေလးသည္ ငယ္စဥ္အခါကတည္းက ၿပိဳင္ဘက္ကင္း ျဖစ္ခဲ့သည္။ သူ႔ထက္ ပို၍ သာလြန္ေသာ ၿပိဳင္ဘက္ႏွင့္ ယခုမွ သူ ပထမဆုံးအႀကိမ္ ဆုံခဲ့ျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ သူ အလြန္ မုန္းတီးမိသြားသည္။
သို႔ေသာ္ သူ ထြက္ေျပးလာၿပီး မၾကာခင္မွာပင္ အနက္ေရာင္ ဝတ္စုံႏွင့္ လူမ်ားစြာက လမ္းၾကားေလး၏ ျမင့္မားေသာ နံရံမ်ားကို ခုန္ေက်ာ္၍ ေရာက္လာသည္ကို ျမင္လိုက္ရသည္။
တစ္ေယာက္၊
ငါးေယာက္၊
ဆယ္ေယာက္၊
အေယာက္ႏွစ္ဆယ္။
အနက္ေရာင္ဝတ္စုံႏွင့္ သူမ်ားႏွင့္ သူတို႔၏ လက္မွ ဆန္းၾကယ္ေသာ ေမွာ္စာလုံးမ်ားကို ျမင္ၿပီး အသားပိုႏွင့္ လူငယ္သည္ ေၾကာက္လန႔္ကာ ဖိမ့္ဖိမ့္တုန္သြားသည္။
"မျဖစ္ႏိုင္ဘူး … ငါ ျပန္ေပၚလာမယ့္ေနရာကို သူတို႔က ဘယ္လိုလုပ္ အတိအက် ႀကိဳသိေနရတာလဲ … လုံးဝ မျဖစ္ႏိုင္ဘူးကြာ"
ထိုလူငယ္သည္ ေၾကာက္လန႔္ေနေသာ မ်က္ႏွာထားျဖင့္ ညည္းတြားလိုက္မိသည္။ ဖိႏွိပ္ႏိုင္ေသာ ခ်ီဓာတ္မ်ားႏွင့္ လူမ်ားက သူ႔ထံသို႔ ေျပးဝင္လာသည္ကို ျမင္သည္ႏွင့္ သူသည္ ေအာ္ဟစ္၍ အေဝးသို႔ ပုန္းကြယ္၍ ထြက္ေျပးရန္ ႀကံ႐ြယ္လိုက္သည္။
ထိုစဥ္ လွစ္ခနဲ အလင္းတစ္ခ်က္ ျဖတ္ေျပးသြားၿပီး သူ၏ က်န္လက္ေမာင္းတစ္ဘက္ပါ ျပတ္ထြက္သြားသည္။
"အား…အား…အား" လူငယ္သည္ ထပ္မံ၍ ေအာ္ဟစ္လိုက္မိၿပီး ဒဏ္ရာမွ ေသြးမ်ား ပန္းထြက္လာသည္။ ေနာက္တစ္ႀကိမ္ အနက္ေရာင္ခ်ီမွ်င္စုအျဖစ္ ေျပာင္းလဲရန္ သူ ျပင္လိုက္သည္။
သို႔ေသာ္ ဤသည္ကား အစသာ ရွိေသးသည္။ ထိုလူငယ္၏ အိပ္မက္ဆိုးက ယခုမွ စတင္မည္ ျဖစ္သည္။
သူ ျပန္ေပၚလာသည္ႏွင့္ သိုင္းပညာရွင္ အဖြဲ႕တစ္ဖြဲ႕၏ တိုက္ခိုက္ျခင္းကို ခ်က္ခ်င္း ခံလိုက္ရသည္။
ထို႔ေၾကာင့္ သူ ပို၍ ပို၍ ဒဏ္ရာမ်ား ရလာသည္။ သူ႔လက္ေမာင္းမ်ား ျပတ္ေတာက္သြားေခ်ၿပီ။
သူ႔ပခုံးႏွစ္ဘက္လုံး ႐ိုက္ခ်ိဳးျခင္း ခံထားရသည္။ သူ၏ နံ႐ိုးမ်ား က်ိဳးေၾကလို႔ေနသည္။ သူ႔ဘယ္ဘက္ေျခေထာက္ သုံးစားမရေတာ့။
….
သူ ျပန္ျပန္ေပၚလာတိုင္း ေျမႀကီးေပၚ၌ ေသြးကြက္ရာတစ္ခုက က်န္ရွိခဲ့စၿမဲ ျဖစ္သည္။
တိုက္ပြဲ၏ အစပိုင္းတြင္ ထိုလူငယ္သည္ ယဲ့ဖန္အား အရမ္း မုန္းတီးခဲ့သည္။ တျဖည္းျဖည္းႏွင့္ သူသည္ ယဲ့ဖန္၏ စြမ္းရည္ေၾကာင့္ ထိတ္လန႔္လာရသည္။ ထို႔ေနာက္ သူ ေၾကာက္စိတ္ဝင္လာသည္။ ေနာက္ဆုံးတြင္ေတာ့ သူ ေသမတတ္ ေၾကာက္လန႔္သြားသည္။
အဆုံးတြင္ လမ္းၾကားေလး၏ အဆုံး၌ အနက္ေရာင္ခ်ီမွ်င္စုက ျပန္ေပၚလာသည္။ သူသည္ အသားပိုႏွင့္ လူငယ္ေလး ျဖစ္သည္။
ထိုအခ်ိန္တြင္ သူ႔တစ္ကိုယ္လုံး ဆိုးဆိုး႐ြား႐ြား ပ်က္စီးေနၿပီး ငရဲမွ လြတ္ေျမာက္ရန္ ႀကိဳးစားေနသည္ႏွင့္ သဏၭာန္တူလွသည္။
သူ၏ ေျခလက္မ်ားသည္ လုံးဝကို သုံးစား၍ မရေတာ့ေပ။
ေသြးမ်ားႏွင့္ ေပက်ံေနေသာ တီေကာင္ကဲ့သို႔ သူသည္ ေရွ႕သို႔ ျဖည္းျဖည္းခ်င္း တြားသြား၍ သြားေန၏။
"ဒီတစ္ခါေတာ့ ငါက ငါ့ရဲ႕ အေျခခံ သက္ေစာင့္စြမ္းအားကို ေတာ္ေတာ္ေလး သုံးလိုက္ၿပီးၿပီ … ငါ ဘယ္ေနရာမွာ ျပန္ေပၚလာမလဲဆိုတာ သူတို႔ လုံးဝ သိမွာမဟုတ္ဘူး"
ထိုလူငယ္က အလြန္ မုန္းတီးသည့္ မ်က္ဝန္းမ်ားျဖင့္ ေရ႐ြတ္ေနသည္။
"လက္စားေခ်ရမယ္ … ငါ ေသခ်ာေပါက္ လက္စားေခ်ရမယ္ … ငါ့အေဖကို ဒီကို ဆင္းလာခိုင္းၿပီးေတာ့ က်န္းရွီၿမိဳ႕ကို ဘာသက္ရွိမွ မက်န္ေတာ့တဲ့အထိ လုံးဝ ရွင္းလင္းပစ္ဖို႔ ေျပာရမယ္"
ဒဏ္ရာရထားေသာ သားရဲေကာင္ကဲ့သို႔ ထိုလူငယ္၏ မ်က္လုံးမ်ားသည္ ေၾကာက္မက္ဖြယ္ ေကာင္းေလာက္ေအာင္ မီးဝင္းဝင္းေတာက္လာသည္။
ထိုစဥ္ သူသည္ နီးကပ္လာေသာ ေျခသံအခ်ိဳ႕ကို ၾကားလိုက္ရသည္။
*အမ္*
လူငယ္သည္ တစ္ခဏမွ် မွင္တက္သြားၿပီးမွ အသံလာရာဘက္သို႔ အသည္းအသန္ လွည့္ၾကည့္လိုက္သည္။
အနက္ေရာင္ဝတ္စုံႏွင့္ လူငယ္တစ္ေယာက္သည္ ညတာ၏ အေမွာင္ထုထဲမွ တျဖည္းျဖည္း ထြက္ေပၚလာသည္။
သူ ေျခတစ္လွမ္းလွမ္းလိုက္တိုင္း သူသည္ ထိုလူငယ္၏ ႏွလုံးသားအား နင္းေခ်ေနသလို ခံစားရသျဖင့္ ထိုလူငယ္သည္ မဟားတရား ရင္တုန္လာကာ အခ်ိန္မေ႐ြး ေပါက္ထြက္ေတာ့မလို ခံစားသြားရသည္။
လူငယ္သည္ အေမွာင္ထုထဲသို႔ မနည္း အားယူ၍ ၾကည့္လိုက္သည္။
"မင္း…မင္းကိုး"
သူ သည္ေလာက္ အေျခခံ သက္ေစာင့္စြမ္းအား အမ်ားအျပား သုံးစြဲခဲ့ၿပီးတာေတာင္ ယဲ့ဖန္က သူ႔ကို ဘယ္လိုလုပ္ ရွာေတြ႕သလဲ ဆိုတာကို သူ ေတြးၾကည့္လို႔မရေပ။
"ဒါေတြအားလုံးကို မင္း စီစဥ္ထားတာလား … မင္း ဘယ္သူလဲ … မင္း ဘာလို႔ ဒီလို လုပ္ရတာလဲ"
အသားပိုႏွင့္ လူငယ္သည္ ေျပာမျပတတ္ေလာက္ေအာင္ ထိတ္လန႔္ ေၾကာက္႐ြံ႕ေနေသာ မ်က္ႏွာႏွင့္ ေအာ္ဟစ္လိုက္သည္။
သူ႔စကားေၾကာင့္ ယဲ့ဖန္က မခိုးမခန႔္ မ်က္ႏွာေပးႏွင့္ ေျပာလိုက္သည္။
"ငါက ယဲ့ဖန္ေလ … ဘာလို႔လဲ ဟုတ္လား … ဘာလို႔လဲဆိုေတာ့ မင္းက တေစၦ ၿပီးေတာ့ ငါက နတ္ဆိုး ျဖစ္ေနလို႔ပဲ"
ထိုသို႔ေျပာၿပီး ယဲ့ဖန္က အနက္ေရာင္ နတ္ဆိုးခ်ီဓာတ္ကို ထုတ္လႊတ္လိုက္သည္။ ခ်က္ခ်င္းဆိုသလိုပင္ သူ၏ နတ္ဆိုးခ်ီဓာတ္မ်ားက ေလထဲ၌ အနက္ေရာင္ ဦးေခါင္းခြံ အသြင္သို႔ ေျပာင္းလဲသြားသည္။
မိစာၦဆန္လွသည္။
ဆိုးယုတ္လွသည္။
ထိုခ်ီဓာတ္ကို ျမင္လိုက္သည္ႏွင့္ အသားပိုႏွင့္ လူငယ္သည္ လုံးဝ ေသြးပ်က္သြားရသည္။
*နတ္ဆိုးလား*
သူ႔ကိုယ္ထဲမွ တေစၦ ခ်ီဓာတ္က နားကြဲမတတ္ ေအာ္ဟစ္ကာ တေစၦခ်ီမွ်င္စုမ်ား အားလုံး ထြက္ေျပးရန္ ႀကိဳးစားေနသည္ကို ခံစားလိုက္ရသည္။
"နတ္ဆိုးလူသား … မင္းက နတ္ဆိုးလူသားပဲ"
အသားပိုႏွင့္ လူငယ္က အလြန္ ထိတ္လန႔္ ေၾကာက္႐ြံ႕ေနေသာ မ်က္ႏွာထားျဖင့္ ေအာ္ဟစ္လိုက္မိသည္။
သူ႔အား ေပးခဲ့ဖူးသည္ သတိေပးခ်က္ကို သူ သတိရသြားသည္။ တေစၦလူသားမ်ားသည္ နတ္ဘုရား သို႔မဟုတ္ အင္ေမာ္တယ္မ်ားကို သတ္ျဖတ္ႏိုင္သည္၊ သို႔ေသာ္ တေစၦလူသားမ်ား၏ သဘာဝရန္သူက နတ္ဆိုးမ်ား ျဖစ္သည္။
နတ္ဆိုးမ်ားက နတ္ဘုရားမ်ား၏ အသားကို စား၍ အင္ေမာ္တယ္မ်ား၏ ေသြးမ်ားကို ေသာက္သုံးၾကၿပီး တေစၦမ်ား၏ အ႐ိုးမ်ားကို လက္ဘက္ရည္ခြက္အျဖစ္ ျပဳလုပ္ၾကသည္။
သူတို႔သည္ အင္ေမာ္တယ္ႏွင့္ တေစၦလူသားမ်ား၏ သဘာဝရန္သူပင္ ျဖစ္သည္။ တေစၦလူသားမ်ားသည္ နတ္ဆိုးမ်ား၏ ေရွ႕ေမွာက္တြင္ေတာ့ မုခ် ေသပြဲဝင္ရမည္ ျဖစ္၏။
"မဟုတ္ဘူး … ဘယ္လိုလုပ္ နတ္ဆိုးက ကမာၻၿဂိဳဟ္ေပၚမွ ရွိေနႏိုင္မွာလဲ … မျဖစ္ႏိုင္ဘူး.."
အသားပိုႏွင့္ လူငယ္သည္ ေၾကာက္လန႔္ကာ ခိုက္ခိုက္တုန္ေနသည္။ ထို႔ေနာက္ သူ တစ္စုံတစ္ခုကို ျပန္သတိရသြားသည္။
"ယဲ့ဖန္လား"
"ငါ မင္းကို မွတ္မိၿပီ … မင္းက မဟူရာ ၾကက္ေျခခတ္အဖြဲ႕ရဲ႕ ဂိုဏ္းခြဲေတြကို သိမ္းယူသြားတာပဲ … မင္းက ကုန္းက်န႔္ထ်န္းကို သတ္လိုက္တာပဲ … မင္းက မဟူရာ ၾကက္ေျခခတ္ ဂိုဏ္းခြဲေလးခုက ထိပ္တန္း သိုင္းပညာရွင္အားလုံးကို သုတ္သင္ပစ္လိုက္တာမလား"
အသားပိုႏွင့္လူငယ္သည္ ေၾကာက္ခ်ီးပါခ်င္သလို ျဖစ္လာသည္။ က်န္းရွီၿမိဳ႕သို႔ သိုသိုဝွက္ဝွက္ႏွင့္ လာစဥ္အတြင္း ဤကဲ့သို႔ နတ္ဆိုးတစ္ေကာင္ႏွင့္ ေတြ႕ရလိမ့္မည္ဟု သူ လုံးဝ ထင္မွတ္မထားခဲ့မိပါ။
သူ ေနာင္တရခ်င္သလို ျဖစ္လာသည္။ ဤကဲ့သို႔ နတ္ဆိုးတစ္ေကာင္ႏွင့္ ထိပ္တိုက္ေတြ႕ရမည့္အစား သူ၏ မိစာၦ စိတ္ဝိညာဥ္ သေႏၶသားေလာင္းကိုသာ သူ ပို၍ စြန႔္လႊတ္လိုက္ခ်င္သည္။
"နတ္ဆိုးလူသားတစ္ေယာက္ ျပန္ေပၚလာတာကို ငါ့အေဖကို ငါ ေျပာျပရမယ္ … ငါတို႔ သူ႔ကို သတ္ဖို႔လိုတယ္ … မဟုတ္လို႔ကေတာ့ တေစၦလူသားေတြ ဒုကၡ အႀကီးအက်ယ္ေရာက္ရလိမ့္မယ္"
အသားပိုႏွင့္ လူငယ္ေလး၏မ်က္ႏွာက ထိတ္လန႔္ ေၾကာက္႐ြံ႕မႈေၾကာင့္ အလြန္ ျဖဴဖပ္ျဖဴေရာ္ ျဖစ္ေန၏။
သူသည္ သူ၏ တေစၦခ်ီဓာတ္အား ကြၽမ္းက်င္စြာ အသုံးခ်၍ သူ႔ဖုန္းကို ထုတ္ကာ နံပါတ္တစ္ခုကို ႏွိပ္လိုက္သည္။
႐ႊစ္!
နံပါတ္အျပည့္အစုံ မႏွိပ္ရေသးခင္မွာတင္ သူ႔ခႏၶာကိုယ္အား ဓားက်ိဳးတစ္လက္က ထုတ္ခ်င္းေဖာက္သြားသည္။
ခ်က္ခ်င္းဆိုသလိုပင္ ေသြးမ်ားႏွင့္ အသားစမ်ားက ေကာင္းကင္အႏွံ႔ ျဖန႔္ႀကဲသြားသည္။ ယဲ့ဖန္သည္ ဓားက်ိဳးကို ျပန္ဆြဲထုတ္လိုက္ၿပီးေနာက္ အနက္ေရာင္ စက္ဝိုင္းပုံစံ အစေလးတစ္စက သူ႔လက္ထဲ ေရာက္လာသည္။
"ငါ မင္းရဲ႕ တေစၦ မ်ိဳးေစ့ကို အသိအမွတ္ျပဳပါတယ္"
"ဒါေပမယ့္ ငါက မင္းရဲ႕ တေစၦ သေႏၶသားေလာင္းကိုလည္း လိုခ်င္ေနေသးတယ္ကြ"
ထိုသို႔ေျပာ မာဆတ္ဆတ္ စကားသံအဆုံး၌ ယဲ့ဖန္သည္ ထိုလူငယ္၏ ခႏၶာကိုယ္အား ေနာက္တစ္ႀကိမ္ ဓားႏွင့္ ထိုးစိုက္လိုက္သည္။
သူ၏ ဓားက်ိဳးကို ျပန္႐ုတ္လိုက္သည့္အခ်ိန္တြင္ သက္ေစာင့္စြမ္းအင္ ေပါမ်ားစြာ ပါဝင္ေသာ အလုံးေလးတစ္လုံးကို သူ ရလိုက္သည္။
တေစၦလူသား၏ အသက္တြင္ တေစၦမ်ိဳးေစ့ႏွင့္ တေစၦ သေႏၶသားေလာင္းတို႔ ပါဝင္ေန၏။
"န…နတ္ဆိုး"
အသားပိုႏွင့္လူငယ္သည္ အထစ္ထစ္ အေငါ့ေငါ့ ေရ႐ြတ္ရင္း အလြန္ ထိတ္လန႔္ေနေသာ မ်က္လုံးမ်ားႏွင့္အတူ ေအးခဲ ေတာင့္တင္းသြားသည္။
သူ ေသသြားေလၿပီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now