Chapter 294

1K 119 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (294) ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ကျဆုံးခြင်း

“သခင်ကြီး”
အမှောင်သခင် ဝင်စားသူသည် မချိတင်ကဲ ဝေဒနာဖြင့် အော်ဟစ်လိုက်ပြီး မြေကြီးပေါ် ဒူးထောက်ကျသွားကာ သူ့မျက်နှာ၌ သွေးမျက်ရည်များ စီးကျလို့နေ၏။
ယဲ့ဖန်သည် သူ့ကို ကြီးပြင်းလာအောင် ပျိုးထောင်ခဲ့သူ ဖြစ်သည်။ ယဲ့ဖန်သည် သူ သန်မာလာအောင် ကူညီပေးခဲ့သူ ဖြစ်သည်။
ယဲ့ဖန်သည် ရန်သူများကို တိုက်ခိုက်ရန် ဦးဆောင်ပေးခဲ့သူ ဖြစ်ပြီး စကြဝဠာတစ်ခုလုံးကို အုပ်စိုးနိုင်အောင် လုပ်ပေးခဲ့သူ ဖြစ်သည်။
သူ့အသက်ကို ရင်း၍ အမှုထမ်းရန် ကျန်ဆိုခဲ့သည်က ယဲ့ဖန် တစ်ဦးတည်းအတွက်သာ ဖြစ်သည်။ သို့သော် ယဲ့ဖန်သည် သူ့အသက်ကို ကယ်တင်ရန် သေဆုံးခဲ့ရသည်။
သွေးမျက်ရည်များက သူ့မျက်နှာပေါ်မှ တဖွဲဖွဲစီးကျလာသည်။ အချိန်အတော်ကြာပြီးနောက်တွင် အမှောင်သခင် ဝင်စားသူသည် လဲကျရာမှ ပြန်ထလာပြီး ပြတ်သားစွာ သန္နိဋ္ဌာန် ချထားသည့်ဟန်ဖြင့် တားမြစ်စနစ်အား စိုက်ကြည့်လိုက်သည်။
“သခင်ကြီး … ဒီအမှောင်သခင်က သခင်ကြီးဆီကို ဝိညာဉ်ဘဝနဲ့ ပြန်လာပြီး သခင်ကြီး နောက်ကို ထာဝရ လိုက်ပါ့မယ်”
ထိုသို့ပြောပြီး အမှောင်သခင်သည် တားမြစ်စနစ်ထံသို့ ဦးညွှတ်၍ ဂါဝရပြုလိုက်သည်။ ထို့နောက် သူသည် အနက်ရောင် မြူခိုးအသွင် ပြောင်း၍ ချောက်ကမ်းပါး၏ အစွန်သို့ ပျံသန်းလာသည်။
….
အိပ်မက်ဆိုး သိုင်းပညာရှင်များ၏ အိမ်တော်အတွင်း၌ ဖေးချမ်သည် နေပြန်ကောင်းလာပြီဖြစ်သည်။ သူသည် လောဘအိုး ဝံပုလွေဆုဒြာ၊ အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းနှင့် ကာရိုးလ် လျှို့ဝှက်သိုင်းကျမ်းတို့အား ကျွမ်းကျင်စွာ တတ်မြောက်သွားပြီ ဖြစ်သည်။
ထို့ကြောင့် ဖေးချမ်၏ တိုက်ပွဲဝင် ခွန်အားသည် ဒဏ္ဍာရီလာ အစောပိုင်းအဆင့်၏ ထိပ်ဆုံးနားသို့ နီးကပ်လာပြီ ဖြစ်သည်။
သူ မကြာခင်တွင် ဒဏ္ဍာရီလာ အလယ်အလတ်အဆင့်သို့ အဆင့်တက်လာမည် ဖြစ်သည်။ သူ တစ်ချက် လှုပ်ရှားလိုက်တိုင်း သူသည် ဖိနှိပ်နိုင်သော ချီဓာတ်ကို ထုတ်လွှင့်နေသဖြင့် အနီးအနားရှိ လူတိုင်းအား ကြောက်လန့်ကာ တုန်လှုပ်သွားစေသည်။
သို့သော် ထိုအချိန်တွင် ထိုနေရာမှ မည်သူမဆို ကျေနပ်ပျော်ရွှင်နေဟန် မပေါ်ဘဲ အားလုံး စိုးရိမ်ပူပန်နေကြပုံ ပေါက်သည်။
“အချိန်တောင် တော်တော်ကြာနေပြီ … ဘာလို့ ငါတို့ သခင်ကြီးက ပြန်မလာရသေးတာလဲ”
ဖေးချမ်က ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့အား လှမ်းကြည့်ရင်း စိုးရိမ်တကြီး မေးခွန်းထုတ်လာသည်။
“မတော်တဆမှု တစ်ခုခုများ ဖြစ်နေပြီလား”
*မတော်တဆမှု*
သူ့စကားကြောင့် ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့ ချက်ချင်း သုန်မှုန်သွားကြသည်။ အိပ်မက်ဆိုး ချောက်ကမ်းပါးသည် အလွန် မသင်္ကာစရာ‌ ကောင်းသည်။ ပုရွက်ဆိတ်တစ်ကောင်ကတောင်မှ ယခင် အိပ်မက်ဆိုးဘုရင်နှင့် ထိပ်တန်း သိုင်းပညာရှင်တစ်ယောက်တို့အား သတ်နိုင်နေသည်။
ချောက်ကမ်းပါး အောက်ခြေ၌ မည်သည့် ကြောက်စရာကောင်းသည့် သက်ရှိမျိုးမဆို ရှိနေလိမ့်မည်ဟု ဘယ်သူမျှ မပြောနိုင်ချေ။
သူတို့ တွေးတောနေပြီးနောက် သူတို့သည် ချက်ချင်း ဂနာမငြိမ် ဖြစ်လာကာ လွှားခနဲ ထခုန်၍ အိပ်မက်ဆိုး ချောက်ကမ်းပါးထံသို့ ထွက်ခွာရန် ကြံစည်လိုက်ကြသည်။
သို့သော် ထိုအချိန်တွင် အနက်ရောင် မြူခိုးတစ်ခုက အိမ်တော်ထဲသို့ လေနှင့်အတူ လှစ်ခနဲ ဝင်ရောက်လာသည်။
ထို့နောက် အနက်ရောင် ပုံရိပ်တစ်ခုက ကြမ်းပြင်ပေါ်သို့ ဆင်းသက်လာ၏။
“အမှောင်သခင်”
ထိုအနက်ရောင် ပုံရိပ်ကို မြင်သည်နှင့် လူအုပ်ကြီးသည် အလွန်တရာ ထိတ်လန့်သွားကြသည်။
အမှောင်သခင် ဝင်စားသူသည် နတ်ဆိုးသွေးနှင့် ဒဏ်ရာများဖြင့် ပြည့်နှက်လို့နေသည်။ သူ့ရင်ဘတ်၌ သွေးစွန်းနေသော အနက်ရောင် အပေါက်တစ်ခုတောင်မှ ရှိနေသည်။
သူ၏ နတ်ဆိုးချီဓာတ်သည် ပါးလွှာ၍ ဖောက်ထွင်းမြင်နိုင်နေသည်။ သူသည် အလွန်တရာ ရှက်ရွံ့နေပုံ ရသည်။
“အမှောင်သခင် … မင်း ဘာတွေ ဖြစ်လာတာလဲ … သခင်ကြီး ဘယ်မှာလဲ”
ဖေးချမ် မေးလိုက်သည့်အခါတွင် သူနှင့် အခြားသူများက အမှောင်သခင်အား မျက်ခုံးတလှုပ်လှုပ်နှင့် ဝိုင်းကြည့်နေကြသည်။
အမှောင်သခင် ဝင်စားသူတောင်မှ အကြီးအကျယ် ဒဏ်ရာရလာခဲ့သည်။ ထိုချောက်ကမ်းပါး အောက်ခြေ၌ ဘယ်လိုအရာမျိုး တည်ရှိနေတာပါလိမ့်။
သူတို့ တွေးတောင်တွေးမကြည့်ဝံ့ပါ။ သူ့စကားကြောင့် အမှောင်သခင်သည် ပို၍ ဝမ်းနည်းလာကာ ခပ်အက်အက်အသံဖြင့် မျက်ရည်များ ကျဆင်းလာရင်း ပြောလိုက်သည်။
“ငါတို့သခင်ကြီးရဲ့ ဆန္ဒအရ ငါတို့ ကမ္ဘာပေါ်ကနေ သုံးနှစ်အတွင်း ထွက်ခွာရမယ်”
…..
သူ့စကားကြောင့် ဖေးချမ်နှင့် ကျန်သူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ဆန္ဒအရ*
*သူက … သခင်ကြီး သေပြီလို့ ပြောချင်နေတာလား*
ဖေးချမ်နှင့် အခြားသူများ အားလုံး ကြမ်းပြင်ပေါ်သို့ ပစ်လဲကျသွားပြီး မျက်နှာများက ပြာနှမ်းသွားကြသည်။
*သေပြီတဲ့လား*
*ဘယ်လိုလုပ် သည်လောက် သန်မာပြီး နတ်ဆိုးဆန်တဲ့ လူသားက သေနိုင်မှာလဲ*
*မဟုတ်ဘူး*
“မဖြစ်နိုင်ဘူး … သခင်ကြီးက မသေနိုင်ဘူး … သူ ဘယ်တော့မှ သေနိုင်မှာ မဟုတ်ဘူး”
ဖေးချမ်သည် ပြောနေရင်း သူ၏ မျက်လုံးက စိုစွတ်ကာ နီမြန်းလာ၏။ ထို့နောက် သူသည် အမှောင်သခင် ဝင်စားသူအား အလွန် မယုံကြည်နိုင်သော အကြည့်များဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။
“အမှောင်သခင် ငါ့ကို ပြောစမ်းပါ … သခင်ကြီး အဆင်ပြေတယ် ဟုတ်တယ်မလား … သခင်ကြီး အဆင်ပြေတယ်လို့ ငါ့ကိုပြောစမ်းပါ”
ဖေးချမ်သည် အမှောင်သခင် ဝင်စားသူအား အားနှင့် ကိုင်လှုပ်နေသည်။ သူ့သခင်ကြီး ခလုပ်မထိ ဆူးမညိဘဲ အန္တရာယ်ကင်းသည်ဟူသော စကားကိုသာ သူ ကြားချင်နေခဲ့သည်။
ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့သည်လည်း အလွန်ဒေါသထွက်နေကြသည်။ ဘယ်လိုလုပ် သူတို့၏ နတ်ဘုရားဖြစ်သူ၊ ယုံကြည်ရာ ဖြစ်သူက ချောက်ကမ်းပါး အောက်ခြေ၌ သေဆုံးနိုင်ပါမည်နည်း။
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ထိုအချိန်တွင် အားလုံး၏ အကြည့်များကို ခံစားမိပြီး အမှောင်သခင် အလွန် ဝမ်းနည်းပူဆွေးနေသော မျက်နှာနှင့် ပြောလိုက်သည်။
“ချောက်ကမ်းပါးရဲ့ အောက်ခြေက ရှေးဟောင်း သိုင်းပညာရှင်တစ်ယောက်ရဲ့ မွေးမြူရေးခြံတစခု ဖြစ်နေခဲ့တယ် … ထောင်သောင်းနဲ့ချီတဲ့ ဝိညာဉ်စား ပုရွက်ဆိတ်တွေကို အဲ့ဒီမှာ မွေးမြူထားတယ် … အဲ့အကောင်တွေက စကြဝဠာတစ်ခုလုံးမှာ ပြိုင်ဘက်ကင်းတဲ့ မျိုးစိတ်ပဲ … အကောင်ပေါက်အဆင့်ပဲ ရှိသေးပင်မယ့် သူတို့က အကောင်ရေ တိုးပွားနေပြီးပြီ”
“သခင်ကြီးက ချောက်ကမ်းပါး အောက်ခြေမှာ သူ့ကိုယ်သူ ချိပ်ပိတ်လိုက်ပြီး ငါ့အသက်ကို ကယ်ဖို့ ပုရွက်ဆိတ်အုံကြီးရဲ့ တလိပ်လိပ်တက်လာတာကို ခံလိုက်ရတယ်”
သူ့စကားအဆုံးတွင် ဖေးချမ်နှင့် အခြားသူများအားလုံး သတိလစ်မတတ် ဖြစ်သွားကြသည်။
သူတို့ ဝိညာဉ်စား ပုရွက်ဆိတ်အား ဘယ်တုန်းကမှ လူကိုယ်တိုင် မမြင်ဖူးသော်လည်း ‘သူတို့က စကြဝဠာအတွင်းမှာ ပြိုင်ဘက်ကင်းတယ်’ ဟူသော စကားကို ကြားလိုက်ရသောအခါ သူတို့သည် အန္တရာယ်အဆင့်ကို ချက်ချင်း နားလည်သွားကြသည်။
ပုရွက်ဆိတ်အုံများ ဝိုင်းဖွဲ့တက်လာခြင်းကို ခံလိုက်ရပြီးနောက် ယဲ့ဖန်သည် သူ မည်မျှသန်မာပါစေ ဘယ်လိုမှ ရှင်သန်နိုင်မည် မဟုတ်ပေ။
“မဟုတ်ဘူး”
ဖေးချမ်သည် သားရဲရိုင်းတစ်ကောင်ကဲ့သို့ မာန်ဖီလိုက်သည်။
တောက်! တောက်!
ဖေးချမ်၏ မျက်လုံးမှ သွေးမျက်ရည်များ စီးကျလာသည်။ ထို့နောက် ဖေးချမ် နောင်တရလာသည်။
“ဒါတွေအားလုံးက ငါ့အမှားပဲ … ငါ့ရဲ့ ညံ့ဖျင်းမှုကြောင့်သာ မဟုတ်ရင် ငါတို့သခင်ကြီးက သေမင်း မြစ်ဝကျွန်းပေါ်ဒေသကို လာစရာ မလိုလောက်သလို အိပ်မက်ဆိုး ချောက်ကမ်းပါးရဲ့ အောက်ခြေမှာလည်း သူ့အသက်ကို ဆုံးရှုံးရမှာ မဟုတ်ဘူး”
ဖေးချမ်သည် သူ့နဖူးအား ရူးသွပ်စွာဖြင့် အားနှင့် ရိုက်နေသည်။ ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့သည်လည်း ကြမ်းပြင်ပေါ်၌ မယုံကြည်နိုင်ဟန်ဖြင့် ဒူးထောက်လျက်သား ဖြစ်နေကြသည်။
ဤအဖြစ်ကို မြင်ပြီး အမှောင်သခင် ဝင်စားသူသည် အလွန်တရာ ကြမ်းကြုတ်ရက်စက်သော မျက်လုံးများနှင့် ဒေါကြီးမောကြီး ပြောလာသည်။
“သခင်ကြီး သေသွားပင်မယ့် ငါတို့ အသက်ရှင်နေသေးတာပဲ … သူ ကာကွယ်ခဲ့တဲ့ အရာရာတိုင်းကို ငါတို့ ကာကွယ်ပြီး သူ မုန်းတီးတဲ့ အရာရာတိုင်းကို သတ်ပစ်ရမယ်”
“ငါတို့က သခင်ကြီးရဲ့ နတ်ဆိုးတွေပဲ … ငါတို့ သခင်ကြီးရဲ့ ဂုဏ်ကျက်သရေကို ငါတို့ သေတဲ့အထိ စကြဝဠာအနှံ့ ပျံ့နှံ့အောင် လုပ်ရမယ်”
“ကျန်းရှီမြို့အတွက် မနက်ဖြန် ဒီကနေ ခွာရအောင်”

ဝမ်းနည်းဖွယ်ကောင်းသော လေထုက အိမ်တော်အနှံ့ ပျံ့နှံ့နေ၏။ သေမင်းမြစ်ဝကျွန်းပေါ်ဒေသရှိ အခန်းသေးလေးတစ်ခုထဲမှ ဟွာရှသိုင်းပညာရှင်တစ်ယောက်သည် ဖုန်းကိုင်လိုက်ပြီးနောက် စိတ်လှုပ်ရှားမှုကြောင့် ပါးစပ် အမြှုပ်ထမတတ် ပြောလာသည်။
“ဟေး … အယ်ဒီတာချုပ် … ကျွန်တော် ကြားဖြတ်သတင်း တစ်ပုဒ် ရလာပြီဗျ”
“ယဲ့ဖန် သေပြီတဲ့ … ရှန့်ကျန်းမြို့ကို ရှင်းလင်းပြီးနောက်ပိုင်း ရှန့်ကျန်း စစ်နတ်ဘုရားလို့ နာမည်ကျော်လာပြီး ဖျောင်ထိုက်ရှင်းကို သတ်ပြီးတဲ့နောက် ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်လို့ နာမည်ကြီးလာတဲ့ သူလေ”
ထိုသတင်းအား ဟွာရှ တိုက်ခိုက်ရေးသမားများ သတင်းမှ ထုတ်လွှင့်လာသည်။ သူတို့သည် ဟွာရှနိုင်ငံတွင်းနှင့် တစ်ကမ္ဘာလုံးရှိ တိုက်ခိုက်ရေးသမားများ၏ လက်ရှိ သတင်းကို စုံစမ်းချင်ခဲ့ကြသည်။
ဖုန်းကိုင်လိုက်သည့် ဟွာရှ တိုက်ခိုက်ရေးသမားသည် သေမင်း မြစ်ဝကျွန်းပေါ်ဒေသသို့ တာဝန်ပေးခံရသည့် သတင်းထောက် ဖြစ်သည်။
“ယဲ့ဖန်လား”
ထိုနာမည်ကို ကြားလိုက်ပြီးနောက် အယ်ဒီတာချုပ်၏ အသံက ချက်ချင်း တုန်ယင်လာသည်။
“အိုး … ဝိုး … ဟွာရှနိုင်ငံက နာမည်အကြီးဆုံး သိုင်းပညာရှင်ကို မင်း ပြောနေတာလား”
“ဟုတ်တယ် … သူပဲ”
ထို့နောက် ဟွာရှ တိုက်ခိုက်ရေးသမားသည် အလွန် စိတ်လှုပ်ရှားပြီး လေးစားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သူက ဟွာရှနိုင်ငံက နံပါတ်တစ် သိုင်းပညာရှင် ဖြစ်ရုံမကသေးဘူး … အိပ်မက်ဆိုးအဖွဲ့ရဲ့ သခင်ကြီးလည်း ဖြစ်နေတာ … ကျွန်တော် ရထားတဲ့ သတင်းအရ သူက ဒီနေ့လည်ဘက် အိပ်မက်ဆိုး ချောက်ကမ်းပါးအောက်ကို ဆင်းသွားပြီး ပြန်တက်မလာတော့ဘူးတဲ့ … ပြောကြတာတော့ သူ့က ထူးဆန်းတဲ့ သက်ရှိတစ်မျိုးက သတ်လိုက်တာကို ခံလိုက်ရတာတဲ့”
ထိုဟွာရှ တိုက်ခိုက်ရေးသမားက အလွန် နောင်တရ၍ သနားဟန်ဖြင့် ထပ်ပြောလိုက်သည်။
“ဟူး … အိပ်မက်ဆိုး ချောက်ကမ်းပါးက အရင် အိပ်မက်ဆိုးဘုရင်ရဲ့ နားခိုရာ နေရာဖြစ်ရုံမကပဲ ဟွာရှနိုင်ငံက နံပါတ်တစ် သိုင်းပညာရဲ့ သင်္ချိုင်းမြေ ဖြစ်နေလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ ထင်မထားခဲ့မိဘူး … သနားစရာ ကောင်းလိုက်တာ .. အခု သေမင်း မြစ်ဝကျွန်းပေါ်ဒေသ တစ်ခုလုံး ဝမ်းနည်းကြေကွဲနေကြပြီ”
သူ့စကားအဆုံးတွင် အယ်ဒီတာချုပ်က သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။
“ကောင်းပြီ … ငါ နားလည်ပြီ”
“ငါတို့ အစီအစဉ်ကို မနက်ဖြန် ထုတ်လွှင့်မယ် … ဟွာရှနိုင်ငံက နံပါတ်တစ် သိုင်းပညာရှင်ရဲ့ ကျဆုံးမှု … ဒီသတင်းက တစ်နိုင်ငံလုံးပေါက် သေချာပေါက် အကြီးအကျယ် သတင်းကြီးသွားမှာပဲ”
ထိုသို့ပြောပြီး အယ်ဒီတာချုပ်သည် ဖုန်းချလိုက်သည်။ ဖုန်းပြောပြီးနောက် ထိုဟွာရှ သိုင်းပညာရှင်သည် သူ့ဖုန်းက ရှုပ်ထွေးသော အမူအရာဖြင့် ဆက်၍ စိုက်ကြည့်နေသည်။ ထို့နောက် သူ ရေရွတ်လိုက်မိသည်။
“ဟူး … မနက်ဖြန် ဒီသတင်း လွှင့်ပြီးသွားရင် ဒီသတင်းက ဟွာရှနိုင်ငံကို ဘယ်လိုဖြစ်သွားစေမလဲ ငါ သိချင်လိုက်တာ”
#zawgyi
စာစဥ္ (20) CHAPTER (294) ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္ က်ဆုံးျခင္း
“သခင္ႀကီး”
အေမွာင္သခင္ ဝင္စားသူသည္ မခ်ိတင္ကဲ ေဝဒနာျဖင့္ ေအာ္ဟစ္လိုက္ၿပီး ေျမႀကီးေပၚ ဒူးေထာက္က်သြားကာ သူ႔မ်က္ႏွာ၌ ေသြးမ်က္ရည္မ်ား စီးက်လို႔ေန၏။
ယဲ့ဖန္သည္ သူ႔ကို ႀကီးျပင္းလာေအာင္ ပ်ိဳးေထာင္ခဲ့သူ ျဖစ္သည္။ ယဲ့ဖန္သည္ သူ သန္မာလာေအာင္ ကူညီေပးခဲ့သူ ျဖစ္သည္။
ယဲ့ဖန္သည္ ရန္သူမ်ားကို တိုက္ခိုက္ရန္ ဦးေဆာင္ေပးခဲ့သူ ျဖစ္ၿပီး စၾကဝဠာတစ္ခုလုံးကို အုပ္စိုးႏိုင္ေအာင္ လုပ္ေပးခဲ့သူ ျဖစ္သည္။
သူ႔အသက္ကို ရင္း၍ အမႈထမ္းရန္ က်န္ဆိုခဲ့သည္က ယဲ့ဖန္ တစ္ဦးတည္းအတြက္သာ ျဖစ္သည္။ သို႔ေသာ္ ယဲ့ဖန္သည္ သူ႔အသက္ကို ကယ္တင္ရန္ ေသဆုံးခဲ့ရသည္။
ေသြးမ်က္ရည္မ်ားက သူ႔မ်က္ႏွာေပၚမွ တဖြဲဖြဲစီးက်လာသည္။ အခ်ိန္အေတာ္ၾကာၿပီးေနာက္တြင္ အေမွာင္သခင္ ဝင္စားသူသည္ လဲက်ရာမွ ျပန္ထလာၿပီး ျပတ္သားစြာ သႏၷိ႒ာန္ ခ်ထားသည့္ဟန္ျဖင့္ တားျမစ္စနစ္အား စိုက္ၾကည့္လိုက္သည္။
“သခင္ႀကီး … ဒီအေမွာင္သခင္က သခင္ႀကီးဆီကို ဝိညာဥ္ဘဝနဲ႔ ျပန္လာၿပီး သခင္ႀကီး ေနာက္ကို ထာဝရ လိုက္ပါ့မယ္”
ထိုသို႔ေျပာၿပီး အေမွာင္သခင္သည္ တားျမစ္စနစ္ထံသို႔ ဦးၫႊတ္၍ ဂါဝရျပဳလိုက္သည္။ ထို႔ေနာက္ သူသည္ အနက္ေရာင္ ျမဴခိုးအသြင္ ေျပာင္း၍ ေခ်ာက္ကမ္းပါး၏ အစြန္သို႔ ပ်ံသန္းလာသည္။
….
အိပ္မက္ဆိုး သိုင္းပညာရွင္မ်ား၏ အိမ္ေတာ္အတြင္း၌ ေဖးခ်မ္သည္ ေနျပန္ေကာင္းလာၿပီျဖစ္သည္။ သူသည္ ေလာဘအိုး ဝံပုေလြဆုျဒာ၊ အိပ္မက္ဆိုး လွ်ိဳ႕ဝွက္သိုင္းက်မ္းႏွင့္ ကာ႐ိုးလ္ လွ်ိဳ႕ဝွက္သိုင္းက်မ္းတို႔အား ကြၽမ္းက်င္စြာ တတ္ေျမာက္သြားၿပီ ျဖစ္သည္။
ထို႔ေၾကာင့္ ေဖးခ်မ္၏ တိုက္ပြဲဝင္ ခြန္အားသည္ ဒ႑ာရီလာ အေစာပိုင္းအဆင့္၏ ထိပ္ဆုံးနားသို႔ နီးကပ္လာၿပီ ျဖစ္သည္။
သူ မၾကာခင္တြင္ ဒ႑ာရီလာ အလယ္အလတ္အဆင့္သို႔ အဆင့္တက္လာမည္ ျဖစ္သည္။ သူ တစ္ခ်က္ လႈပ္ရွားလိုက္တိုင္း သူသည္ ဖိႏွိပ္ႏိုင္ေသာ ခ်ီဓာတ္ကို ထုတ္လႊင့္ေနသျဖင့္ အနီးအနားရွိ လူတိုင္းအား ေၾကာက္လန႔္ကာ တုန္လႈပ္သြားေစသည္။
သို႔ေသာ္ ထိုအခ်ိန္တြင္ ထိုေနရာမွ မည္သူမဆို ေက်နပ္ေပ်ာ္႐ႊင္ေနဟန္ မေပၚဘဲ အားလုံး စိုးရိမ္ပူပန္ေနၾကပုံ ေပါက္သည္။
“အခ်ိန္ေတာင္ ေတာ္ေတာ္ၾကာေနၿပီ … ဘာလို႔ ငါတို႔ သခင္ႀကီးက ျပန္မလာရေသးတာလဲ”
ေဖးခ်မ္က ဝံပုေလြ႐ိုင္းႏွင့္ ေသြးစြန္းတေစၦတို႔အား လွမ္းၾကည့္ရင္း စိုးရိမ္တႀကီး ေမးခြန္းထုတ္လာသည္။
“မေတာ္တဆမႈ တစ္ခုခုမ်ား ျဖစ္ေနၿပီလား”
*မေတာ္တဆမႈ*
သူ႔စကားေၾကာင့္ ဝံပုေလြ႐ိုင္းႏွင့္ ေသြးစြန္းတေစၦတို႔ ခ်က္ခ်င္း သုန္မႈန္သြားၾကသည္။ အိပ္မက္ဆိုး ေခ်ာက္ကမ္းပါးသည္ အလြန္ မသကၤာစရာ‌ ေကာင္းသည္။ ပု႐ြက္ဆိတ္တစ္ေကာင္ကေတာင္မွ ယခင္ အိပ္မက္ဆိုးဘုရင္ႏွင့္ ထိပ္တန္း သိုင္းပညာရွင္တစ္ေယာက္တို႔အား သတ္ႏိုင္ေနသည္။
ေခ်ာက္ကမ္းပါး ေအာက္ေျခ၌ မည္သည့္ ေၾကာက္စရာေကာင္းသည့္ သက္ရွိမ်ိဳးမဆို ရွိေနလိမ့္မည္ဟု ဘယ္သူမွ် မေျပာႏိုင္ေခ်။
သူတို႔ ေတြးေတာေနၿပီးေနာက္ သူတို႔သည္ ခ်က္ခ်င္း ဂနာမၿငိမ္ ျဖစ္လာကာ လႊားခနဲ ထခုန္၍ အိပ္မက္ဆိုး ေခ်ာက္ကမ္းပါးထံသို႔ ထြက္ခြာရန္ ႀကံစည္လိုက္ၾကသည္။
သို႔ေသာ္ ထိုအခ်ိန္တြင္ အနက္ေရာင္ ျမဴခိုးတစ္ခုက အိမ္ေတာ္ထဲသို႔ ေလႏွင့္အတူ လွစ္ခနဲ ဝင္ေရာက္လာသည္။
ထို႔ေနာက္ အနက္ေရာင္ ပုံရိပ္တစ္ခုက ၾကမ္းျပင္ေပၚသို႔ ဆင္းသက္လာ၏။
“အေမွာင္သခင္”
ထိုအနက္ေရာင္ ပုံရိပ္ကို ျမင္သည္ႏွင့္ လူအုပ္ႀကီးသည္ အလြန္တရာ ထိတ္လန႔္သြားၾကသည္။
အေမွာင္သခင္ ဝင္စားသူသည္ နတ္ဆိုးေသြးႏွင့္ ဒဏ္ရာမ်ားျဖင့္ ျပည့္ႏွက္လို႔ေနသည္။ သူ႔ရင္ဘတ္၌ ေသြးစြန္းေနေသာ အနက္ေရာင္ အေပါက္တစ္ခုေတာင္မွ ရွိေနသည္။
သူ၏ နတ္ဆိုးခ်ီဓာတ္သည္ ပါးလႊာ၍ ေဖာက္ထြင္းျမင္ႏိုင္ေနသည္။ သူသည္ အလြန္တရာ ရွက္႐ြံ႕ေနပုံ ရသည္။
“အေမွာင္သခင္ … မင္း ဘာေတြ ျဖစ္လာတာလဲ … သခင္ႀကီး ဘယ္မွာလဲ”
ေဖးခ်မ္ ေမးလိုက္သည့္အခါတြင္ သူႏွင့္ အျခားသူမ်ားက အေမွာင္သခင္အား မ်က္ခုံးတလႈပ္လႈပ္ႏွင့္ ဝိုင္းၾကည့္ေနၾကသည္။
အေမွာင္သခင္ ဝင္စားသူေတာင္မွ အႀကီးအက်ယ္ ဒဏ္ရာရလာခဲ့သည္။ ထိုေခ်ာက္ကမ္းပါး ေအာက္ေျခ၌ ဘယ္လိုအရာမ်ိဳး တည္ရွိေနတာပါလိမ့္။
သူတို႔ ေတြးေတာင္ေတြးမၾကည့္ဝံ့ပါ။ သူ႔စကားေၾကာင့္ အေမွာင္သခင္သည္ ပို၍ ဝမ္းနည္းလာကာ ခပ္အက္အက္အသံျဖင့္ မ်က္ရည္မ်ား က်ဆင္းလာရင္း ေျပာလိုက္သည္။
“ငါတို႔သခင္ႀကီးရဲ႕ ဆႏၵအရ ငါတို႔ ကမာၻေပၚကေန သုံးႏွစ္အတြင္း ထြက္ခြာရမယ္”
…..
သူ႔စကားေၾကာင့္ ေဖးခ်မ္ႏွင့္ က်န္သူမ်ားအားလုံး နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။
*ဆႏၵအရ*
*သူက … သခင္ႀကီး ေသၿပီလို႔ ေျပာခ်င္ေနတာလား*
ေဖးခ်မ္ႏွင့္ အျခားသူမ်ား အားလုံး ၾကမ္းျပင္ေပၚသို႔ ပစ္လဲက်သြားၿပီး မ်က္ႏွာမ်ားက ျပာႏွမ္းသြားၾကသည္။
*ေသၿပီတဲ့လား*
*ဘယ္လိုလုပ္ သည္ေလာက္ သန္မာၿပီး နတ္ဆိုးဆန္တဲ့ လူသားက ေသႏိုင္မွာလဲ*
*မဟုတ္ဘူး*
“မျဖစ္ႏိုင္ဘူး … သခင္ႀကီးက မေသႏိုင္ဘူး … သူ ဘယ္ေတာ့မွ ေသႏိုင္မွာ မဟုတ္ဘူး”
ေဖးခ်မ္သည္ ေျပာေနရင္း သူ၏ မ်က္လုံးက စိုစြတ္ကာ နီျမန္းလာ၏။ ထို႔ေနာက္ သူသည္ အေမွာင္သခင္ ဝင္စားသူအား အလြန္ မယုံၾကည္ႏိုင္ေသာ အၾကည့္မ်ားျဖင့္ စိုက္ၾကည့္ကာ ေမးလိုက္သည္။
“အေမွာင္သခင္ ငါ့ကို ေျပာစမ္းပါ … သခင္ႀကီး အဆင္ေျပတယ္ ဟုတ္တယ္မလား … သခင္ႀကီး အဆင္ေျပတယ္လို႔ ငါ့ကိုေျပာစမ္းပါ”
ေဖးခ်မ္သည္ အေမွာင္သခင္ ဝင္စားသူအား အားႏွင့္ ကိုင္လႈပ္ေနသည္။ သူ႔သခင္ႀကီး ခလုပ္မထိ ဆူးမညိဘဲ အႏၲရာယ္ကင္းသည္ဟူေသာ စကားကိုသာ သူ ၾကားခ်င္ေနခဲ့သည္။
ဝံပုေလြ႐ိုင္းႏွင့္ ေသြးစြန္းတေစၦတို႔သည္လည္း အလြန္ေဒါသထြက္ေနၾကသည္။ ဘယ္လိုလုပ္ သူတို႔၏ နတ္ဘုရားျဖစ္သူ၊ ယုံၾကည္ရာ ျဖစ္သူက ေခ်ာက္ကမ္းပါး ေအာက္ေျခ၌ ေသဆုံးႏိုင္ပါမည္နည္း။
*ဒါ လုံးဝ မျဖစ္ႏိုင္ဘူး*
ထိုအခ်ိန္တြင္ အားလုံး၏ အၾကည့္မ်ားကို ခံစားမိၿပီး အေမွာင္သခင္ အလြန္ ဝမ္းနည္းပူေဆြးေနေသာ မ်က္ႏွာႏွင့္ ေျပာလိုက္သည္။
“ေခ်ာက္ကမ္းပါးရဲ႕ ေအာက္ေျခက ေရွးေဟာင္း သိုင္းပညာရွင္တစ္ေယာက္ရဲ႕ ေမြးျမဴေရးၿခံတစခု ျဖစ္ေနခဲ့တယ္ … ေထာင္ေသာင္းနဲ႔ခ်ီတဲ့ ဝိညာဥ္စား ပု႐ြက္ဆိတ္ေတြကို အဲ့ဒီမွာ ေမြးျမဴထားတယ္ … အဲ့အေကာင္ေတြက စၾကဝဠာတစ္ခုလုံးမွာ ၿပိဳင္ဘက္ကင္းတဲ့ မ်ိဳးစိတ္ပဲ … အေကာင္ေပါက္အဆင့္ပဲ ရွိေသးပင္မယ့္ သူတို႔က အေကာင္ေရ တိုးပြားေနၿပီးၿပီ”
“သခင္ႀကီးက ေခ်ာက္ကမ္းပါး ေအာက္ေျခမွာ သူ႔ကိုယ္သူ ခ်ိပ္ပိတ္လိုက္ၿပီး ငါ့အသက္ကို ကယ္ဖို႔ ပု႐ြက္ဆိတ္အုံႀကီးရဲ႕ တလိပ္လိပ္တက္လာတာကို ခံလိုက္ရတယ္”
သူ႔စကားအဆုံးတြင္ ေဖးခ်မ္ႏွင့္ အျခားသူမ်ားအားလုံး သတိလစ္မတတ္ ျဖစ္သြားၾကသည္။
သူတို႔ ဝိညာဥ္စား ပု႐ြက္ဆိတ္အား ဘယ္တုန္းကမွ လူကိုယ္တိုင္ မျမင္ဖူးေသာ္လည္း ‘သူတို႔က စၾကဝဠာအတြင္းမွာ ၿပိဳင္ဘက္ကင္းတယ္’ ဟူေသာ စကားကို ၾကားလိုက္ရေသာအခါ သူတို႔သည္ အႏၲရာယ္အဆင့္ကို ခ်က္ခ်င္း နားလည္သြားၾကသည္။
ပု႐ြက္ဆိတ္အုံမ်ား ဝိုင္းဖြဲ႕တက္လာျခင္းကို ခံလိုက္ရၿပီးေနာက္ ယဲ့ဖန္သည္ သူ မည္မွ်သန္မာပါေစ ဘယ္လိုမွ ရွင္သန္ႏိုင္မည္ မဟုတ္ေပ။
“မဟုတ္ဘူး”
ေဖးခ်မ္သည္ သားရဲ႐ိုင္းတစ္ေကာင္ကဲ့သို႔ မာန္ဖီလိုက္သည္။
ေတာက္! ေတာက္!
ေဖးခ်မ္၏ မ်က္လုံးမွ ေသြးမ်က္ရည္မ်ား စီးက်လာသည္။ ထို႔ေနာက္ ေဖးခ်မ္ ေနာင္တရလာသည္။
“ဒါေတြအားလုံးက ငါ့အမွားပဲ … ငါ့ရဲ႕ ညံ့ဖ်င္းမႈေၾကာင့္သာ မဟုတ္ရင္ ငါတို႔သခင္ႀကီးက ေသမင္း ျမစ္ဝကြၽန္းေပၚေဒသကို လာစရာ မလိုေလာက္သလို အိပ္မက္ဆိုး ေခ်ာက္ကမ္းပါးရဲ႕ ေအာက္ေျခမွာလည္း သူ႔အသက္ကို ဆုံးရႈံးရမွာ မဟုတ္ဘူး”
ေဖးခ်မ္သည္ သူ႔နဖူးအား ႐ူးသြပ္စြာျဖင့္ အားႏွင့္ ႐ိုက္ေနသည္။ ဝံပုေလြ႐ိုင္းႏွင့္ ေသြးစြန္းတေစၦတို႔သည္လည္း ၾကမ္းျပင္ေပၚ၌ မယုံၾကည္ႏိုင္ဟန္ျဖင့္ ဒူးေထာက္လ်က္သား ျဖစ္ေနၾကသည္။
ဤအျဖစ္ကို ျမင္ၿပီး အေမွာင္သခင္ ဝင္စားသူသည္ အလြန္တရာ ၾကမ္းၾကဳတ္ရက္စက္ေသာ မ်က္လုံးမ်ားႏွင့္ ေဒါႀကီးေမာႀကီး ေျပာလာသည္။
“သခင္ႀကီး ေသသြားပင္မယ့္ ငါတို႔ အသက္ရွင္ေနေသးတာပဲ … သူ ကာကြယ္ခဲ့တဲ့ အရာရာတိုင္းကို ငါတို႔ ကာကြယ္ၿပီး သူ မုန္းတီးတဲ့ အရာရာတိုင္းကို သတ္ပစ္ရမယ္”
“ငါတို႔က သခင္ႀကီးရဲ႕ နတ္ဆိုးေတြပဲ … ငါတို႔ သခင္ႀကီးရဲ႕ ဂုဏ္က်က္သေရကို ငါတို႔ ေသတဲ့အထိ စၾကဝဠာအႏွံ႔ ပ်ံ႕ႏွံ႔ေအာင္ လုပ္ရမယ္”
“က်န္းရွီၿမိဳ႕အတြက္ မနက္ျဖန္ ဒီကေန ခြာရေအာင္”

ဝမ္းနည္းဖြယ္ေကာင္းေသာ ေလထုက အိမ္ေတာ္အႏွံ႔ ပ်ံ႕ႏွံ႔ေန၏။ ေသမင္းျမစ္ဝကြၽန္းေပၚေဒသရွိ အခန္းေသးေလးတစ္ခုထဲမွ ဟြာရွသိုင္းပညာရွင္တစ္ေယာက္သည္ ဖုန္းကိုင္လိုက္ၿပီးေနာက္ စိတ္လႈပ္ရွားမႈေၾကာင့္ ပါးစပ္ အျမႇဳပ္ထမတတ္ ေျပာလာသည္။
“ေဟး … အယ္ဒီတာခ်ဳပ္ … ကြၽန္ေတာ္ ၾကားျဖတ္သတင္း တစ္ပုဒ္ ရလာၿပီဗ်”
“ယဲ့ဖန္ ေသၿပီတဲ့ … ရွန႔္က်န္းၿမိဳ႕ကို ရွင္းလင္းၿပီးေနာက္ပိုင္း ရွန႔္က်န္း စစ္နတ္ဘုရားလို႔ နာမည္ေက်ာ္လာၿပီး ေဖ်ာင္ထိုက္ရွင္းကို သတ္ၿပီးတဲ့ေနာက္ ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္လို႔ နာမည္ႀကီးလာတဲ့ သူေလ”
ထိုသတင္းအား ဟြာရွ တိုက္ခိုက္ေရးသမားမ်ား သတင္းမွ ထုတ္လႊင့္လာသည္။ သူတို႔သည္ ဟြာရွႏိုင္ငံတြင္းႏွင့္ တစ္ကမာၻလုံးရွိ တိုက္ခိုက္ေရးသမားမ်ား၏ လက္ရွိ သတင္းကို စုံစမ္းခ်င္ခဲ့ၾကသည္။
ဖုန္းကိုင္လိုက္သည့္ ဟြာရွ တိုက္ခိုက္ေရးသမားသည္ ေသမင္း ျမစ္ဝကြၽန္းေပၚေဒသသို႔ တာဝန္ေပးခံရသည့္ သတင္းေထာက္ ျဖစ္သည္။
“ယဲ့ဖန္လား”
ထိုနာမည္ကို ၾကားလိုက္ၿပီးေနာက္ အယ္ဒီတာခ်ဳပ္၏ အသံက ခ်က္ခ်င္း တုန္ယင္လာသည္။
“အိုး … ဝိုး … ဟြာရွႏိုင္ငံက နာမည္အႀကီးဆုံး သိုင္းပညာရွင္ကို မင္း ေျပာေနတာလား”
“ဟုတ္တယ္ … သူပဲ”
ထို႔ေနာက္ ဟြာရွ တိုက္ခိုက္ေရးသမားသည္ အလြန္ စိတ္လႈပ္ရွားၿပီး ေလးစားေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
“သူက ဟြာရွႏိုင္ငံက နံပါတ္တစ္ သိုင္းပညာရွင္ ျဖစ္႐ုံမကေသးဘူး … အိပ္မက္ဆိုးအဖြဲ႕ရဲ႕ သခင္ႀကီးလည္း ျဖစ္ေနတာ … ကြၽန္ေတာ္ ရထားတဲ့ သတင္းအရ သူက ဒီေန႔လည္ဘက္ အိပ္မက္ဆိုး ေခ်ာက္ကမ္းပါးေအာက္ကို ဆင္းသြားၿပီး ျပန္တက္မလာေတာ့ဘူးတဲ့ … ေျပာၾကတာေတာ့ သူ႔က ထူးဆန္းတဲ့ သက္ရွိတစ္မ်ိဳးက သတ္လိုက္တာကို ခံလိုက္ရတာတဲ့”
ထိုဟြာရွ တိုက္ခိုက္ေရးသမားက အလြန္ ေနာင္တရ၍ သနားဟန္ျဖင့္ ထပ္ေျပာလိုက္သည္။
“ဟူး … အိပ္မက္ဆိုး ေခ်ာက္ကမ္းပါးက အရင္ အိပ္မက္ဆိုးဘုရင္ရဲ႕ နားခိုရာ ေနရာျဖစ္႐ုံမကပဲ ဟြာရွႏိုင္ငံက နံပါတ္တစ္ သိုင္းပညာရဲ႕ သခ်ႋဳင္းေျမ ျဖစ္ေနလိမ့္မယ္လို႔ ကြၽန္ေတာ္ ဘယ္တုန္းကမွ ထင္မထားခဲ့မိဘူး … သနားစရာ ေကာင္းလိုက္တာ .. အခု ေသမင္း ျမစ္ဝကြၽန္းေပၚေဒသ တစ္ခုလုံး ဝမ္းနည္းေၾကကြဲေနၾကၿပီ”
သူ႔စကားအဆုံးတြင္ အယ္ဒီတာခ်ဳပ္က သက္ျပင္းခ်၍ ျပန္ေျပာလိုက္သည္။
“ေကာင္းၿပီ … ငါ နားလည္ၿပီ”
“ငါတို႔ အစီအစဥ္ကို မနက္ျဖန္ ထုတ္လႊင့္မယ္ … ဟြာရွႏိုင္ငံက နံပါတ္တစ္ သိုင္းပညာရွင္ရဲ႕ က်ဆုံးမႈ … ဒီသတင္းက တစ္ႏိုင္ငံလုံးေပါက္ ေသခ်ာေပါက္ အႀကီးအက်ယ္ သတင္းႀကီးသြားမွာပဲ”
ထိုသို႔ေျပာၿပီး အယ္ဒီတာခ်ဳပ္သည္ ဖုန္းခ်လိုက္သည္။ ဖုန္းေျပာၿပီးေနာက္ ထိုဟြာရွ သိုင္းပညာရွင္သည္ သူ႔ဖုန္းက ရႈပ္ေထြးေသာ အမူအရာျဖင့္ ဆက္၍ စိုက္ၾကည့္ေနသည္။ ထို႔ေနာက္ သူ ေရ႐ြတ္လိုက္မိသည္။
“ဟူး … မနက္ျဖန္ ဒီသတင္း လႊင့္ၿပီးသြားရင္ ဒီသတင္းက ဟြာရွႏိုင္ငံကို ဘယ္လိုျဖစ္သြားေစမလဲ ငါ သိခ်င္လိုက္တာ”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now