Chapter 341

1.1K 124 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (23) CHAPTER (341) နတ်ဆိုးဧကရာဇ် ပြန်အလာကို စောင့်နေတာပါ

နတ်ဆိုးဧကရာဇ်။
ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်က ယဲ့ဖန်ကို နတ်ဆိုးဧကရာဇ်ဟု ခေါ်လိုက်သည်ကို ကြားလိုက်ရသဖြင့် အခြားသူများ အားလုံး ချက်ချင်းဆိုသလို နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ဒါ မဖြစ်နိုင်ဘူးလေ*
*ကမ္ဘာမြေပေါ်က သေးနုပ်တဲ့ ဒဏ္ဍာရီအဆင့်က ဘယ်လိုလုပ် စကြဝဠာထဲမှာ အင်အားကြီးနေနိုင်မှာလဲ*
*အံ့…အံ့ဩစရာကောင်းလိုက်တာ*
ခဲလ်ဆာ အံ့ဩကာ ပါးစပ်အဟောင်းသား ဖြစ်နေသည်။ ယခင်တုန်းက သူသည် ယဲ့ဖန် မုချသေတော့မည်ဟု ယုံကြည်ခဲ့မိသည်။
“အမြင်အာရုံ မှားတာ၊ ဒါ အမြင်အာရုံ မှားနေတာ ဖြစ်မယ်”
ခဲလ်ဆာ ချွေးတဒီးဒီး ကျလာသည်။ သူ မျက်ဝါးထင်ထင် မြင်နေရသည့် အရာအားလုံးက ပုံရိပ်ယောင်တွေသာ ဖြစ်သည်ဟု အကြိမ်ပေါင်းများစွာ သူ့ကိုယ်သူ သတိပေးနေမိသည်။
သို့သော် သူ့ကိုယ်သူ ဆွဲဆိတ်လိုက်ချိန်တွင် ဆစ်ခနဲ နာကျင်သွားရသည်။ ဘုတ်ခနဲ အသံနှင့်အတူ ခဲလ်ဆာနှင့် သူ့လူများသည် ပြာနှမ်းနေသော မျက်နှာများဖြင့် ဖင်ထိုင်ရက် လဲကျသွားကြသည်။
ခရီနာ၏ မျက်နှာသေးသေးသည် စိတ်လှုပ်ရှားမှုနှင့်အတူ မျက်နှာနီမြန်းလာ၏။ နောက်ထပ် အံ့ဖွယ်တစ်ခုပါလား။
ယဲ့ဖန်သည် သူမအား တစ်နေ့ထဲမှာပင် အံ့အားသင့်စရာများစွာကို ယူဆောင်လာခဲ့ပြီးပြီ ဖြစ်သည်။
မယုံကြည်နိုင်စရာကောင်းလှ၏။
“မဖြစ်နိုင်ဘူး”
ထိုစဉ် နတ်ဘုရားမတို့၏ ဧကရီက အသည်းအသန် ထအော်လေသည်။ သူမသည် ရူးသွပ်နေသကဲ့သို့ အလွန် မွှန်ထူနေကာ မျက်လုံးပြူး မျက်ဆံပြူးဖြစ်နေသည်။
သူမ ဖိတ်ခေါ်လိုက်သည့် အရှင်သခင်က ရန်သူရှေ့ ဒူးထောက်နေကာ ခေါင်းကို ညွှတ်လို့နေ၏။ ထို့နောက် နတ်ဘုရားမတို့၏ ဧကရီက ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်အား လှမ်းပြောလာသည်။
“အရှင် ဒီသူ့မျက်နှာကြောင့် လှည့်စားမခံပါနဲ့။ သူက နတ်ဆိုးဧကရာဇ် မဟုတ်ဘူး။ သူက နတ်ဘုရားမ မြို့တော်ကို သုတ်သင်ချင်နေတဲ့ လူသတ်သမားပါ။ ကျေးဇူးပြုပြီး သူ့ကို သတ်ပေးပါ။ သူ သေသင့်ပါတယ်”
*ဘာ*
သူမစကားကြောင့် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ် ရုတ်ချည်း ထိတ်လန့်သွားကာ ဒေါသတကြီး ပြန်အော်လိုက်သည်။
“အသုံးမကျတဲ့ ပုရွက်ဆိတ်လိုဟာမ၊ မင်းကများ နတ်ဆိုး ဧကရာဇ်ကို စော်ကားရဲတယ်ပေါ့။ မင်း သေချင်နေပြီပဲ”
ထိုသို့ ခက်ထန်လာသော အသံနှင့်အတူ ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်သည် နတ်ဘုရားမတို့၏ ဧကရီအား အားနှင့်ရိုက်နှက်လိုက်သည်။
သူ၏ခွန်အားကြောင့် ဖြစ်ပေါ်လာသော အဖြူရောင် အလင်းတန်းသည် အလွန် ထိတ်လန့်ဖွယ် ကောင်းလှ၏။
အဖြူရောင် အလင်းတန်းက နတ်ဘုရားတို့၏ ဧကရီကို ထိမှန်သွားပြီးသည်နှင့် ၎င်းက သူမ၏ ခန္ဓာကိုယ်အား လောင်မြိုက်သွားစေသည်။
“အား…အား…အား…”
စူးရှလှသော အော်ဟစ်သံများက လေထုထဲသို့ ပျံ့လွင့်လာသည်။ အခြားသူများ၏ အံ့ဩနေသော အကြည့်များအောက်မှာပင် ဧကရီ၏ ခန္ဓာကိုယ်သည် ဆက်၍ လောင်မြိုက်နေပြီး ပြာပုံအဖြစ်သို့ ပြောင်းလဲလာသည်။
“မဟုတ်ဘူး”
မျှော်လင့်ချက် ကင်းမဲ့နေသော အော်သံအဆုံးတွင် သူမသည် မြေကြီးပေါ် လဲကျလာပြီး ပြာအဖြစ်သို့ ပြောင်းလဲသွားပြီး မည်သည့်အရိုးမျှ ကျန်ခဲ့ခြင်း မရှိတော့ပေ။
ဂလု!
ဤမြင်ကွင်းကို ကြည့်ပြီး မဟာ ကာရိုးလ် သခင်ကြီး၊ မှော်နက်နတ်ဘုရားမနှင့် နတ်ဘုရားမတို့၏ နောက်လိုက်များ မနည်း တံတွေးမျိုချလိုက်မိသည်။
*သူမ သေသွားပြီလား*
*နတ်ဘုရားမမြို့တော်ရဲ့ အရှင်သခင်၊ ကမ္ဘာပေါ်က လူတိုင်းနီးပါး ကြောက်လန့်ကြတဲ့ နတ်ဘုရားအဆင့်က သူမ ဆင့်ခေါ်လိုက်တဲ့ နတ်ဘုရားက သတ်တာကို ခံလိုက်ရတယ်*
အံ့ဩဖွယ်ကောင်းလှသည့် ကံကြမ္မာ လှည့်ကွက်ပင်။
သို့သော် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်သည် အခြားသူများ၏ အမူအရာများကို မသိကျိုးကျွန် ပြုထားသည်။ ထိုအစား သူက ယဲ့ဖန်ကို ဦးညွှတ်၍ ပြောလိုက်သည်။
“အရှင်မင်းမြတ်ခင်ဗျား၊ ဒီနိမ့်ကျတဲ့ ငယ်သားက ကိုယ့်အစေခံကို ကောင်းကောင်း မသင်ပြနိုင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်ရဲ့ သေးနုပ်တဲ့ အစေခံက အရှင့်ကို အာခံခဲ့တာပါ။ ဒီနိမ့်ကျတဲ့ ငယ်သား သေသင့်ပါတယ်”
ထို့နောက် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်သည် ယဲ့ဖန်ကို ဦးညွှတ်၍ ဂါဝရပြုလာသည်။
ထိတ်လန့်စရာပါတကား။
အခြားသူများအားလုံး ဤမြင်ကွင်းကြောင့် အကြီးအကျယ် ထိတ်လန့်သွားကြသည်။ ထို့နောက် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်က ယဲ့ဖန်အား အလွန် လေးစားသမှု ရှိနေသည်ကို သူတို့ သတိထားမိလိုက်ကြသည်။ အဘိုးအိုသည် သူ့ရှေ့မှောက်တွင် အလွန် ကြောက်လန့်နေသည်။
အံ့ဩစရာ ကောင်းလှ၏။
“နတ်ဆိုးဂြိုဟ်ရော ဘယ်လို အခြေအနေရှိလဲ”
ယဲ့ဖန်သည် နတ်ဘုရားမတို့၏ ဧကရီ သေသွားသည်ကို ဂရုမစိုက်ပေ။ ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်နှင့် သူ တွေ့သောအခါတွင် သူသည် အခြား နတ်ဆိုးများနှင့် နတ်ဆိုးဧကရီတို့ အကြောင်းကိုသာ တွေးပူမိသည်။
*နတ်ဆိုးဂြိုဟ်လား*
ယဲ့ဖန်၏ အမေးကြောင့် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်သည် အနည်းငယ် ချီတုံချတုံ ဖြစ်လာရသည်။ သို့သော် သူ ပြန်ဖြေလိုက်သည်။
“အရှင်မင်းမြတ်၊ အရှင် သေသွားပြီဆိုတဲ့ သတင်းကို ရပြီးနောက်ပိုင်း နတ်ဆိုးတွေက သူတို့နှလုံးသားကို ဆွဲညှစ်လိုက်သလို့ ခံစားခဲ့ရပါတယ်။ သူတို့က အရှင်ရဲ့ သေဆုံးခြင်းအတွက် နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါး အားလုံးကို သတ်ပြီး လက်စားချေချင်ခဲ့ပါတယ်။ ဒါပေမယ့် နတ်ဘုရားတွေနဲ့ နတ်ဆိုးတွေကြားက စစ်ပွဲ မဖြစ်ခင်မှာ နတ်ဆိုးဂြိုဟ် လက်အောက်က ခိုရို အာကာသ နယ်မြေက ပုန်ကန်လာခဲ့ပါတယ်”
“ခိုရို အာကာသ နယ်မြေရဲ့ ဘုရင် မိုနာဒိုက နတ်ဘုရားတွေနဲ့ ပူးပေါင်းပြီး နတ်ဆိုးတွေရဲ့ အစီအစဉ်တွေကို ဖရိုဖရဲဖြစ်အောင် လုပ်ခဲ့ပါတယ်”
“ဒါကြောင့် နတ်ဆိုးတွေက နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ စုပေါင်းတိုက်ကွက်ကြောင့် ရှုံးနိမ့်ခဲ့ရပြီး စကြဝဠာအနှံ့ လူစုကွဲသွားကြပါတယ်”
“အခု စကြဝဠာကြီးက နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါးတွေရဲ့ လက်အောက်ကို ရောက်နေပါပြီ”
….
သူ့စကားကြောင့် ယဲ့ဖန် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ဖြစ်ကာ ခေါင်းထဲ မူးနောက်နောက် ဖြစ်လာရသည်။
*နတ်ဆိုးတွေ ရှုံးနိမ့်ပြီးတော့ စကြဝဠာအနှံ့ လူစုကွဲသွားကြတယ်တဲ့လား*
ဤသတင်းကြောင့် ယဲ့ဖန်မျက်လုံးများက မီးဝင်းဝင်းတောက်လာသည်။
“မိုနာဒို၊ ခိုရိုအာကာသနယ်မြေ ဘုရင်”
ယဲ့ဖန်က ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများဖြင့် ကြုံးဝါးလိုက်သည်။
သူ နတ်ဆိုးများကို အုပ်ချုပ်ခဲ့စဉ်အခါက သူသည် နတ်ဆိုးသခင် လေးယောက်၊ နတ်ဆိုးနတ်ဘုရား ခြောက်ယောက်၊ နတ်ဆိုးဘုရင် ရှစ်ယောက်၊ မိုးကောင်းကင် နတ်ဆိုး သုံးဆယ့်နှစ်ဆယ်နှင့် မြေကမ္ဘာ နတ်ဆိုး ခုနစ်ဆယ့်နှစ်ယောက်တို့အား စကြဝဠာတွင်းရှိ နတ်ဆိုးစစ်တပ်ကို စီမံခန့်ခွဲရန် တာဝန်ပေးခဲ့သည်။
သို့သော် ထိုအထဲတွင် မည်သည့် ရာထူးမျှ မရှိသော ထိပ်တန်း နတ်ဆိုး သိုင်းပညာရှင်တစ်ယောက် ရှိသည်။
ထိုနတ်ဆိုးကား မိုရို အာကာသနယ်မြေဘုရင် မိုနာဒိုပင်။ မိုနာဒိုသည် နတ်ဆိုးဖြစ်သော်ငြားလည်း စဉ်းလဲ၍ အန္တရာယ်များသည်။
သူသည် နတ်ဘုရားများနှင့် နီးကပ်သလို အင်မော်တယ်များနှင့် မှောင်ခို ကုန်သွယ်ပြီး မကောင်းဆိုးဝါးများနှင့် ပူးပေါင်းခဲ့သဖြင့် အခြားနတ်ဆိုးများက သူ့ကို အလွန် အထင်သေး၊ ရွံရှာခဲ့သည်။
သို့သော် မိုရို အာကာသ နယ်မြေဘုရင်က သူ့ကို ပထမဆုံး သစ္စာဖောက်လိမ့်မည်ဟု ယဲ့ဖန် ထင်မထားခဲ့ပေ။
“လောဘကြီးတဲ့ ခွေးသား”
ယဲ့ဖန်က အလွန် ကြမ်းကြုတ်သော စိတ်ဆန္ဒများ ပါဝင်သော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်အား စိုက်ကြည့်ကာ မေးလိုက်သည်။
“နတ်ဆိုးဧကရီရော ဘယ်လိုလဲ”
နတ်ဆိုးဧကရီသည် ယဲ့ဖန် တွေးအပူဆုံးသူ ဖြစ်သည်။ သူတို့သည် များစွာသော သေခြင်းရှင်ခြင်း အခြေအနေများကို အတူတူ ကျော်ဖြတ်ခဲ့ကြပြီး ပျော်ရွှင်စရာများနှင့် ဝမ်းနည်းစရာများကို အတူတူ မျှဝေခဲ့သည်။
သူတို့သည် မိသားစုဝင်များ ဖြစ်၏။
“နတ်ဆိုးဧကရီက …”
ထိုစဉ် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်က ယဲ့ဖန်အား ကြောက်ရွံ့ကာ မအီမသာ အပြုံးမျိုး ပြုံး၍ ပြန်ဖြေလိုက်သည်။
“အရှင်မင်းမြတ်၊ အရှင် သေသွားပြီဆိုတာကို သိလိုက်ရပြီးတော့ ဧကရီက ဒေါသ ပေါက်ကွဲသွားပါတယ်။ သူမ နတ်ဘုရားတွေကို တမင်တကာ လိုက်သတ်ပြီး၊ အင်မော်တယ်တွေကို သုတ်သင်ခဲ့သလို မကောင်းဆိုးဝါးတွေကိုလည်း အကြီးအကျယ် နစ်နာမှုရအောင် ဒုက္ခပေးခဲ့ပါတယ်”
“နောက်တော့ အရှင်ရဲ့သေဆုံးခြင်းအတွက် လက်စားချေဖို့ သူမက ဂြိုဟ်ပေါင်းများစွာကို ဖြတ်သန်းပြီး စကြဝဠာရဲ့ လောကသခင် သုံးပါးနောက်ကို နောက်ယောင်ခံလိုက်ခဲ့ပါတယ်။ ကံမကောင်းစွာဘဲ စကြဝဠာရဲ့ လောကသခင် သုံးပါးက ကမ္ဘာဦးနတ်မင်း တစ်ပါးကို ဖိတ်ခေါ်ခဲ့ပြီး သူမကို တယွမ်ချောက်နက်ထဲကို ကျအောင် ရိုက်နှက်ခဲ့ပါတယ်”
*ဘာ*
ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်မှ ထွက်လာသော စကားကြောင့် ယဲ့ဖန် ပြင်းထန်စွာ တုန်လှုပ်သွားရသည်။
*သူက တယွမ်ချောက်နက်ထဲကို ပြုတ်ကျသွားတဲ့အထိ ရိုက်နှက်ခံလိုက်ရတယ်တဲ့လား*
“ဟွမ်အာ”
ယဲ့ဖန်၏ မျက်လုံးများမှ သွေးမျက်ရည်များ စီးကျလာသည်။ သူ၏ နက်မှောင်နေသော ဆံပင်များသည် လေနှင့်အတူ မျောလွင့်နေသဖြင့် သူ့ပုံစံသည် ရူးသွပ်နေသော လူတစ်ယောက်နှင့် တူနေလေသည်။
“လောကသခင် သုံးပါး၊ ကမ္ဘာဦး နတ်မင်း၊ မင်းတို့အားလုံး သေရမယ်”
ယခုအချိန်တွင် ယဲ့ဖန်၏ နှလုံးသားထဲ၌ နာကျည်းမုန်းတီးမှုများနှင့် ပြည့်နှက်လို့နေသည်။ ထို့နောက် သူ စကြဝဠာထဲသို့ ပြန်ရောက်သည့်အခါ၌ နတ်ဘုရားများကို စိတ်ဓာတ်ကျအောင် ပြုလုပ်ပြီး အင်မော်တယ်များကို ငယ်သံပါအောင် အော်ဟစ်စေပြိး မကောင်းဆိုးဝါးများကို ဒုက္ခရောက်အောင် လုပ်မည်ဟု သူ သစ္စာဆိုလိုက်သည်။
*ငါ ကမ္ဘာဦး အင်မော်တယ် နန်းတော်ကို တစ်စစီ ဖြစ်အောင် နင်းချေပြီးတော့ အဲ့ဒီ ကမ္ဘာဦး နတ်မင်းကို သတ်ပစ်မယ်*
ယဲ့ဖန် စိတ်ထဲ ကြုံးဝါးရင်း ပြင်းထန်သော ချီဓာတ်ကို ထုတ်လွှတ်လိုက်မိသည်။ ထို့ကြောင့် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ် ကြက်သီး တဖြန်းဖြန်း ထလာသည်။
နတ်ဘုရားများနှင့် နတ်ဆိုးတို့ကြားမှ စစ်ပွဲက ပြီးဆုံးခြင်း ရှိတော့မည် မဟုတ်ဟု သူ ရိပ်စားမိလိုက်သည်။
အကယ်၍ ယဲ့ဖန်သာ စကြဝဠာထဲသို့ ပြန်ရောက်လာခဲ့လျင် သူသည် နတ်ဆိုးအားလုံးကို ဆင့်ခေါ်ရန် အမိန့်ပေးပေလိမ့်မည်။
ထိုသို့ဖြစ်လာပါက နတ်ဆိုးအားလုံးသည် နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မကောင်းဆိုးဝါးများကို နောက်ဆုံး အသက်ရှူချိန်အထိ တိုက်ခိုက်လိမ့်မည်။
ထိုစဉ် ယဲ့ဖန်က သက်ပြင်းချ၍ သူ၏ တရိပ်ရိပ် တိုးလာသော ကြမ်းကြုတ်သည့် စိတ်ဆန္ဒတို့ကို ထိန်းချုပ်လိုက်သည်။
သူ အချိန် ပို၍ လိုအပ်သည်။ ထို့နောက် သူက ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
“မင်း ပြန်ရောက်ရင် ဘာလုပ်ရမယ်ဆိုတာကို သိတယ်မဟုတ်လား”
ယဲ့ဖန်စကားကြောင့် ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်က တစ်ချက် တုန်သွားပြီးမှ ချက်ချင်း ဝပ်တွားကာ ပြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ နတ်ဆိုး ဧကရာဇ်ခင်ဗျား၊ ကျွန်တော် ပြန်သွားရင် အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေက နတ်ဆိုးအားလုံးကို ဆင့်ခေါ်ပြီးတော့ အရှင် ပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်”
“အရှင် အနောက်ဘက် ကောင်းကင်ဘုံ နယ်မြေက အရှင့်ထံ ထာဝရ ခစားပါ့မယ်လို့ ကျုပ်တို့ ဂုဏ်သိက္ခာနဲ့ ရင်းပြီးတော့ ကျိန်ဆိုပါတယ်”
ထိုသို့ပြောပြီး ကောင်းကင်ဘုံ ဂိတ်တံခါး၏ ဧကရာဇ်က ယဲ့ဖန်အား ဦးညွှတ်၍ အရိုအသေ ပေးလိုက်သည်။
သူ၏ အပြုအမူများကို ကြည့်ပြီး နတ်ဘုရားမမြို့တော်မှ သိုင်းပညာရှင်များအားလုံး ကြောက်လန့်ကာ တုန်ယင်သွားသည်။
တကယ့် နတ်ဘုရား တစ်ပါးက ယဲ့ဖန်ရှေ့ ဒူးထောက်၍ အရိုအသေပေးနေသည်တဲ့လား။ သူတို့ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားကြသည်။
ထိုစဉ် ယဲ့ဖန်က နောက်သို့ လှည့်ကာ အခြားသူများအား ရက်စက်သော အမူအရာဖြင့် ကြည့်လာသည်။
#Zawgyi
စာစဥ္ (23) CHAPTER (341) နတ္ဆိုးဧကရာဇ္ ျပန္အလာကို ေစာင့္ေနတာပါ
နတ္ဆိုးဧကရာဇ္။
ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္က ယဲ့ဖန္ကို နတ္ဆိုးဧကရာဇ္ဟု ေခၚလိုက္သည္ကို ၾကားလိုက္ရသျဖင့္ အျခားသူမ်ား အားလုံး ခ်က္ခ်င္းဆိုသလို နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။
*ဒါ မျဖစ္ႏိုင္ဘူးေလ*
*ကမာၻေျမေပၚက ေသးႏုပ္တဲ့ ဒ႑ာရီအဆင့္က ဘယ္လိုလုပ္ စၾကဝဠာထဲမွာ အင္အားႀကီးေနႏိုင္မွာလဲ*
*အံ့…အံ့ဩစရာေကာင္းလိုက္တာ*
ခဲလ္ဆာ အံ့ဩကာ ပါးစပ္အေဟာင္းသား ျဖစ္ေနသည္။ ယခင္တုန္းက သူသည္ ယဲ့ဖန္ မုခ်ေသေတာ့မည္ဟု ယုံၾကည္ခဲ့မိသည္။
“အျမင္အာ႐ုံ မွားတာ၊ ဒါ အျမင္အာ႐ုံ မွားေနတာ ျဖစ္မယ္”
ခဲလ္ဆာ ေခြၽးတဒီးဒီး က်လာသည္။ သူ မ်က္ဝါးထင္ထင္ ျမင္ေနရသည့္ အရာအားလုံးက ပုံရိပ္ေယာင္ေတြသာ ျဖစ္သည္ဟု အႀကိမ္ေပါင္းမ်ားစြာ သူ႔ကိုယ္သူ သတိေပးေနမိသည္။
သို႔ေသာ္ သူ႔ကိုယ္သူ ဆြဲဆိတ္လိုက္ခ်ိန္တြင္ ဆစ္ခနဲ နာက်င္သြားရသည္။ ဘုတ္ခနဲ အသံႏွင့္အတူ ခဲလ္ဆာႏွင့္ သူ႔လူမ်ားသည္ ျပာႏွမ္းေနေသာ မ်က္ႏွာမ်ားျဖင့္ ဖင္ထိုင္ရက္ လဲက်သြားၾကသည္။
ခရီနာ၏ မ်က္ႏွာေသးေသးသည္ စိတ္လႈပ္ရွားမႈႏွင့္အတူ မ်က္ႏွာနီျမန္းလာ၏။ ေနာက္ထပ္ အံ့ဖြယ္တစ္ခုပါလား။
ယဲ့ဖန္သည္ သူမအား တစ္ေန႔ထဲမွာပင္ အံ့အားသင့္စရာမ်ားစြာကို ယူေဆာင္လာခဲ့ၿပီးၿပီ ျဖစ္သည္။
မယုံၾကည္ႏိုင္စရာေကာင္းလွ၏။
“မျဖစ္ႏိုင္ဘူး”
ထိုစဥ္ နတ္ဘုရားမတို႔၏ ဧကရီက အသည္းအသန္ ထေအာ္ေလသည္။ သူမသည္ ႐ူးသြပ္ေနသကဲ့သို႔ အလြန္ မႊန္ထူေနကာ မ်က္လုံးျပဴး မ်က္ဆံျပဴးျဖစ္ေနသည္။
သူမ ဖိတ္ေခၚလိုက္သည့္ အရွင္သခင္က ရန္သူေရွ႕ ဒူးေထာက္ေနကာ ေခါင္းကို ၫႊတ္လို႔ေန၏။ ထို႔ေနာက္ နတ္ဘုရားမတို႔၏ ဧကရီက ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္အား လွမ္းေျပာလာသည္။
“အရွင္ ဒီသူ႔မ်က္ႏွာေၾကာင့္ လွည့္စားမခံပါနဲ႔။ သူက နတ္ဆိုးဧကရာဇ္ မဟုတ္ဘူး။ သူက နတ္ဘုရားမ ၿမိဳ႕ေတာ္ကို သုတ္သင္ခ်င္ေနတဲ့ လူသတ္သမားပါ။ ေက်းဇူးျပဳၿပီး သူ႔ကို သတ္ေပးပါ။ သူ ေသသင့္ပါတယ္”
*ဘာ*
သူမစကားေၾကာင့္ ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္ ႐ုတ္ခ်ည္း ထိတ္လန႔္သြားကာ ေဒါသတႀကီး ျပန္ေအာ္လိုက္သည္။
“အသုံးမက်တဲ့ ပု႐ြက္ဆိတ္လိုဟာမ၊ မင္းကမ်ား နတ္ဆိုး ဧကရာဇ္ကို ေစာ္ကားရဲတယ္ေပါ့။ မင္း ေသခ်င္ေနၿပီပဲ”
ထိုသို႔ ခက္ထန္လာေသာ အသံႏွင့္အတူ ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္သည္ နတ္ဘုရားမတို႔၏ ဧကရီအား အားႏွင့္႐ိုက္ႏွက္လိုက္သည္။
သူ၏ခြန္အားေၾကာင့္ ျဖစ္ေပၚလာေသာ အျဖဴေရာင္ အလင္းတန္းသည္ အလြန္ ထိတ္လန႔္ဖြယ္ ေကာင္းလွ၏။
အျဖဴေရာင္ အလင္းတန္းက နတ္ဘုရားတို႔၏ ဧကရီကို ထိမွန္သြားၿပီးသည္ႏွင့္ ၎က သူမ၏ ခႏၶာကိုယ္အား ေလာင္ၿမိဳက္သြားေစသည္။
“အား…အား…အား…”
စူးရွလွေသာ ေအာ္ဟစ္သံမ်ားက ေလထုထဲသို႔ ပ်ံ႕လြင့္လာသည္။ အျခားသူမ်ား၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္မွာပင္ ဧကရီ၏ ခႏၶာကိုယ္သည္ ဆက္၍ ေလာင္ၿမိဳက္ေနၿပီး ျပာပုံအျဖစ္သို႔ ေျပာင္းလဲလာသည္။
“မဟုတ္ဘူး”
ေမွ်ာ္လင့္ခ်က္ ကင္းမဲ့ေနေသာ ေအာ္သံအဆုံးတြင္ သူမသည္ ေျမႀကီးေပၚ လဲက်လာၿပီး ျပာအျဖစ္သို႔ ေျပာင္းလဲသြားၿပီး မည္သည့္အ႐ိုးမွ် က်န္ခဲ့ျခင္း မရွိေတာ့ေပ။
ဂလု!
ဤျမင္ကြင္းကို ၾကည့္ၿပီး မဟာ ကာ႐ိုးလ္ သခင္ႀကီး၊ ေမွာ္နက္နတ္ဘုရားမႏွင့္ နတ္ဘုရားမတို႔၏ ေနာက္လိုက္မ်ား မနည္း တံေတြးမ်ိဳခ်လိုက္မိသည္။
*သူမ ေသသြားၿပီလား*
*နတ္ဘုရားမၿမိဳ႕ေတာ္ရဲ႕ အရွင္သခင္၊ ကမာၻေပၚက လူတိုင္းနီးပါး ေၾကာက္လန႔္ၾကတဲ့ နတ္ဘုရားအဆင့္က သူမ ဆင့္ေခၚလိုက္တဲ့ နတ္ဘုရားက သတ္တာကို ခံလိုက္ရတယ္*
အံ့ဩဖြယ္ေကာင္းလွသည့္ ကံၾကမၼာ လွည့္ကြက္ပင္။
သို႔ေသာ္ ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္သည္ အျခားသူမ်ား၏ အမူအရာမ်ားကို မသိက်ိဳးကြၽန္ ျပဳထားသည္။ ထိုအစား သူက ယဲ့ဖန္ကို ဦးၫႊတ္၍ ေျပာလိုက္သည္။
“အရွင္မင္းျမတ္ခင္ဗ်ား၊ ဒီနိမ့္က်တဲ့ ငယ္သားက ကိုယ့္အေစခံကို ေကာင္းေကာင္း မသင္ျပႏိုင္ခဲ့ပါဘူး။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္ရဲ႕ ေသးႏုပ္တဲ့ အေစခံက အရွင့္ကို အာခံခဲ့တာပါ။ ဒီနိမ့္က်တဲ့ ငယ္သား ေသသင့္ပါတယ္”
ထို႔ေနာက္ ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္သည္ ယဲ့ဖန္ကို ဦးၫႊတ္၍ ဂါဝရျပဳလာသည္။
ထိတ္လန႔္စရာပါတကား။
အျခားသူမ်ားအားလုံး ဤျမင္ကြင္းေၾကာင့္ အႀကီးအက်ယ္ ထိတ္လန႔္သြားၾကသည္။ ထို႔ေနာက္ ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္က ယဲ့ဖန္အား အလြန္ ေလးစားသမႈ ရွိေနသည္ကို သူတို႔ သတိထားမိလိုက္ၾကသည္။ အဘိုးအိုသည္ သူ႔ေရွ႕ေမွာက္တြင္ အလြန္ ေၾကာက္လန႔္ေနသည္။
အံ့ဩစရာ ေကာင္းလွ၏။
“နတ္ဆိုးၿဂိဳဟ္ေရာ ဘယ္လို အေျခအေနရွိလဲ”
ယဲ့ဖန္သည္ နတ္ဘုရားမတို႔၏ ဧကရီ ေသသြားသည္ကို ဂ႐ုမစိုက္ေပ။ ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္ႏွင့္ သူ ေတြ႕ေသာအခါတြင္ သူသည္ အျခား နတ္ဆိုးမ်ားႏွင့္ နတ္ဆိုးဧကရီတို႔ အေၾကာင္းကိုသာ ေတြးပူမိသည္။
*နတ္ဆိုးၿဂိဳဟ္လား*
ယဲ့ဖန္၏ အေမးေၾကာင့္ ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္သည္ အနည္းငယ္ ခ်ီတုံခ်တုံ ျဖစ္လာရသည္။ သို႔ေသာ္ သူ ျပန္ေျဖလိုက္သည္။
“အရွင္မင္းျမတ္၊ အရွင္ ေသသြားၿပီဆိုတဲ့ သတင္းကို ရၿပီးေနာက္ပိုင္း နတ္ဆိုးေတြက သူတို႔ႏွလုံးသားကို ဆြဲညႇစ္လိုက္သလို႔ ခံစားခဲ့ရပါတယ္။ သူတို႔က အရွင္ရဲ႕ ေသဆုံးျခင္းအတြက္ နတ္ဘုရားေတြ၊ အင္ေမာ္တယ္ေတြနဲ႔ မေကာင္းဆိုးဝါး အားလုံးကို သတ္ၿပီး လက္စားေခ်ခ်င္ခဲ့ပါတယ္။ ဒါေပမယ့္ နတ္ဘုရားေတြနဲ႔ နတ္ဆိုးေတြၾကားက စစ္ပြဲ မျဖစ္ခင္မွာ နတ္ဆိုးၿဂိဳဟ္ လက္ေအာက္က ခို႐ို အာကာသ နယ္ေျမက ပုန္ကန္လာခဲ့ပါတယ္”
“ခို႐ို အာကာသ နယ္ေျမရဲ႕ ဘုရင္ မိုနာဒိုက နတ္ဘုရားေတြနဲ႔ ပူးေပါင္းၿပီး နတ္ဆိုးေတြရဲ႕ အစီအစဥ္ေတြကို ဖ႐ိုဖရဲျဖစ္ေအာင္ လုပ္ခဲ့ပါတယ္”
“ဒါေၾကာင့္ နတ္ဆိုးေတြက နတ္ဘုရားေတြ၊ အင္ေမာ္တယ္ေတြနဲ႔ မေကာင္းဆိုးဝါးေတြရဲ႕ စုေပါင္းတိုက္ကြက္ေၾကာင့္ ရႈံးနိမ့္ခဲ့ရၿပီး စၾကဝဠာအႏွံ႔ လူစုကြဲသြားၾကပါတယ္”
“အခု စၾကဝဠာႀကီးက နတ္ဘုရားေတြ၊ အင္ေမာ္တယ္ေတြနဲ႔ မေကာင္းဆိုးဝါးေတြရဲ႕ လက္ေအာက္ကို ေရာက္ေနပါၿပီ”
….
သူ႔စကားေၾကာင့္ ယဲ့ဖန္ မိုးႀကိဳးပစ္ခ်ခံလိုက္ရသကဲ့သို႔ ျဖစ္ကာ ေခါင္းထဲ မူးေနာက္ေနာက္ ျဖစ္လာရသည္။
*နတ္ဆိုးေတြ ရႈံးနိမ့္ၿပီးေတာ့ စၾကဝဠာအႏွံ႔ လူစုကြဲသြားၾကတယ္တဲ့လား*
ဤသတင္းေၾကာင့္ ယဲ့ဖန္မ်က္လုံးမ်ားက မီးဝင္းဝင္းေတာက္လာသည္။
“မိုနာဒို၊ ခို႐ိုအာကာသနယ္ေျမ ဘုရင္”
ယဲ့ဖန္က ေၾကာက္မက္ဖြယ္ေကာင္းေသာ မ်က္လုံးမ်ားျဖင့္ ႀကဳံးဝါးလိုက္သည္။
သူ နတ္ဆိုးမ်ားကို အုပ္ခ်ဳပ္ခဲ့စဥ္အခါက သူသည္ နတ္ဆိုးသခင္ ေလးေယာက္၊ နတ္ဆိုးနတ္ဘုရား ေျခာက္ေယာက္၊ နတ္ဆိုးဘုရင္ ရွစ္ေယာက္၊ မိုးေကာင္းကင္ နတ္ဆိုး သုံးဆယ့္ႏွစ္ဆယ္ႏွင့္ ေျမကမာၻ နတ္ဆိုး ခုနစ္ဆယ့္ႏွစ္ေယာက္တို႔အား စၾကဝဠာတြင္းရွိ နတ္ဆိုးစစ္တပ္ကို စီမံခန႔္ခြဲရန္ တာဝန္ေပးခဲ့သည္။
သို႔ေသာ္ ထိုအထဲတြင္ မည္သည့္ ရာထူးမွ် မရွိေသာ ထိပ္တန္း နတ္ဆိုး သိုင္းပညာရွင္တစ္ေယာက္ ရွိသည္။
ထိုနတ္ဆိုးကား မို႐ို အာကာသနယ္ေျမဘုရင္ မိုနာဒိုပင္။ မိုနာဒိုသည္ နတ္ဆိုးျဖစ္ေသာ္ျငားလည္း စဥ္းလဲ၍ အႏၲရာယ္မ်ားသည္။
သူသည္ နတ္ဘုရားမ်ားႏွင့္ နီးကပ္သလို အင္ေမာ္တယ္မ်ားႏွင့္ ေမွာင္ခို ကုန္သြယ္ၿပီး မေကာင္းဆိုးဝါးမ်ားႏွင့္ ပူးေပါင္းခဲ့သျဖင့္ အျခားနတ္ဆိုးမ်ားက သူ႔ကို အလြန္ အထင္ေသး၊ ႐ြံရွာခဲ့သည္။
သို႔ေသာ္ မို႐ို အာကာသ နယ္ေျမဘုရင္က သူ႔ကို ပထမဆုံး သစၥာေဖာက္လိမ့္မည္ဟု ယဲ့ဖန္ ထင္မထားခဲ့ေပ။
“ေလာဘႀကီးတဲ့ ေခြးသား”
ယဲ့ဖန္က အလြန္ ၾကမ္းၾကဳတ္ေသာ စိတ္ဆႏၵမ်ား ပါဝင္ေသာ မ်က္လုံးမ်ားျဖင့္ ေရ႐ြတ္လိုက္သည္။ ထို႔ေနာက္ သူက ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္အား စိုက္ၾကည့္ကာ ေမးလိုက္သည္။
“နတ္ဆိုးဧကရီေရာ ဘယ္လိုလဲ”
နတ္ဆိုးဧကရီသည္ ယဲ့ဖန္ ေတြးအပူဆုံးသူ ျဖစ္သည္။ သူတို႔သည္ မ်ားစြာေသာ ေသျခင္းရွင္ျခင္း အေျခအေနမ်ားကို အတူတူ ေက်ာ္ျဖတ္ခဲ့ၾကၿပီး ေပ်ာ္႐ႊင္စရာမ်ားႏွင့္ ဝမ္းနည္းစရာမ်ားကို အတူတူ မွ်ေဝခဲ့သည္။
သူတို႔သည္ မိသားစုဝင္မ်ား ျဖစ္၏။
“နတ္ဆိုးဧကရီက …”
ထိုစဥ္ ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္က ယဲ့ဖန္အား ေၾကာက္႐ြံ႕ကာ မအီမသာ အၿပဳံးမ်ိဳး ၿပဳံး၍ ျပန္ေျဖလိုက္သည္။
“အရွင္မင္းျမတ္၊ အရွင္ ေသသြားၿပီဆိုတာကို သိလိုက္ရၿပီးေတာ့ ဧကရီက ေဒါသ ေပါက္ကြဲသြားပါတယ္။ သူမ နတ္ဘုရားေတြကို တမင္တကာ လိုက္သတ္ၿပီး၊ အင္ေမာ္တယ္ေတြကို သုတ္သင္ခဲ့သလို မေကာင္းဆိုးဝါးေတြကိုလည္း အႀကီးအက်ယ္ နစ္နာမႈရေအာင္ ဒုကၡေပးခဲ့ပါတယ္”
“ေနာက္ေတာ့ အရွင္ရဲ႕ေသဆုံးျခင္းအတြက္ လက္စားေခ်ဖို႔ သူမက ၿဂိဳဟ္ေပါင္းမ်ားစြာကို ျဖတ္သန္းၿပီး စၾကဝဠာရဲ႕ ေလာကသခင္ သုံးပါးေနာက္ကို ေနာက္ေယာင္ခံလိုက္ခဲ့ပါတယ္။ ကံမေကာင္းစြာဘဲ စၾကဝဠာရဲ႕ ေလာကသခင္ သုံးပါးက ကမာၻဦးနတ္မင္း တစ္ပါးကို ဖိတ္ေခၚခဲ့ၿပီး သူမကို တယြမ္ေခ်ာက္နက္ထဲကို က်ေအာင္ ႐ိုက္ႏွက္ခဲ့ပါတယ္”
*ဘာ*
ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္မွ ထြက္လာေသာ စကားေၾကာင့္ ယဲ့ဖန္ ျပင္းထန္စြာ တုန္လႈပ္သြားရသည္။
*သူက တယြမ္ေခ်ာက္နက္ထဲကို ျပဳတ္က်သြားတဲ့အထိ ႐ိုက္ႏွက္ခံလိုက္ရတယ္တဲ့လား*
“ဟြမ္အာ”
ယဲ့ဖန္၏ မ်က္လုံးမ်ားမွ ေသြးမ်က္ရည္မ်ား စီးက်လာသည္။ သူ၏ နက္ေမွာင္ေနေသာ ဆံပင္မ်ားသည္ ေလႏွင့္အတူ ေမ်ာလြင့္ေနသျဖင့္ သူ႔ပုံစံသည္ ႐ူးသြပ္ေနေသာ လူတစ္ေယာက္ႏွင့္ တူေနေလသည္။
“ေလာကသခင္ သုံးပါး၊ ကမာၻဦး နတ္မင္း၊ မင္းတို႔အားလုံး ေသရမယ္”
ယခုအခ်ိန္တြင္ ယဲ့ဖန္၏ ႏွလုံးသားထဲ၌ နာက်ည္းမုန္းတီးမႈမ်ားႏွင့္ ျပည့္ႏွက္လို႔ေနသည္။ ထို႔ေနာက္ သူ စၾကဝဠာထဲသို႔ ျပန္ေရာက္သည့္အခါ၌ နတ္ဘုရားမ်ားကို စိတ္ဓာတ္က်ေအာင္ ျပဳလုပ္ၿပီး အင္ေမာ္တယ္မ်ားကို ငယ္သံပါေအာင္ ေအာ္ဟစ္ေစၿပိး မေကာင္းဆိုးဝါးမ်ားကို ဒုကၡေရာက္ေအာင္ လုပ္မည္ဟု သူ သစၥာဆိုလိုက္သည္။
*ငါ ကမာၻဦး အင္ေမာ္တယ္ နန္းေတာ္ကို တစ္စစီ ျဖစ္ေအာင္ နင္းေခ်ၿပီးေတာ့ အဲ့ဒီ ကမာၻဦး နတ္မင္းကို သတ္ပစ္မယ္*
ယဲ့ဖန္ စိတ္ထဲ ႀကဳံးဝါးရင္း ျပင္းထန္ေသာ ခ်ီဓာတ္ကို ထုတ္လႊတ္လိုက္မိသည္။ ထို႔ေၾကာင့္ ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္ ၾကက္သီး တျဖန္းျဖန္း ထလာသည္။
နတ္ဘုရားမ်ားႏွင့္ နတ္ဆိုးတို႔ၾကားမွ စစ္ပြဲက ၿပီးဆုံးျခင္း ရွိေတာ့မည္ မဟုတ္ဟု သူ ရိပ္စားမိလိုက္သည္။
အကယ္၍ ယဲ့ဖန္သာ စၾကဝဠာထဲသို႔ ျပန္ေရာက္လာခဲ့လ်င္ သူသည္ နတ္ဆိုးအားလုံးကို ဆင့္ေခၚရန္ အမိန႔္ေပးေပလိမ့္မည္။
ထိုသို႔ျဖစ္လာပါက နတ္ဆိုးအားလုံးသည္ နတ္ဘုရားမ်ား၊ အင္ေမာ္တယ္မ်ားႏွင့္ မေကာင္းဆိုးဝါးမ်ားကို ေနာက္ဆုံး အသက္ရႉခ်ိန္အထိ တိုက္ခိုက္လိမ့္မည္။
ထိုစဥ္ ယဲ့ဖန္က သက္ျပင္းခ်၍ သူ၏ တရိပ္ရိပ္ တိုးလာေသာ ၾကမ္းၾကဳတ္သည့္ စိတ္ဆႏၵတို႔ကို ထိန္းခ်ဳပ္လိုက္သည္။
သူ အခ်ိန္ ပို၍ လိုအပ္သည္။ ထို႔ေနာက္ သူက ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္ကို စိုက္ၾကည့္ကာ ေမးလိုက္သည္။
“မင္း ျပန္ေရာက္ရင္ ဘာလုပ္ရမယ္ဆိုတာကို သိတယ္မဟုတ္လား”
ယဲ့ဖန္စကားေၾကာင့္ ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္က တစ္ခ်က္ တုန္သြားၿပီးမွ ခ်က္ခ်င္း ဝပ္တြားကာ ျပန္ေျပာလိုက္သည္။
“စိတ္မပူပါနဲ႔၊ နတ္ဆိုး ဧကရာဇ္ခင္ဗ်ား၊ ကြၽန္ေတာ္ ျပန္သြားရင္ အေနာက္ဘက္ ေကာင္းကင္ဘုံ နယ္ေျမက နတ္ဆိုးအားလုံးကို ဆင့္ေခၚၿပီးေတာ့ အရွင္ ျပန္လာမယ့္အခ်ိန္ကို ေစာင့္ေနပါ့မယ္”
“အရွင္ အေနာက္ဘက္ ေကာင္းကင္ဘုံ နယ္ေျမက အရွင့္ထံ ထာဝရ ခစားပါ့မယ္လို႔ က်ဳပ္တို႔ ဂုဏ္သိကၡာနဲ႔ ရင္းၿပီးေတာ့ က်ိန္ဆိုပါတယ္”
ထိုသို႔ေျပာၿပီး ေကာင္းကင္ဘုံ ဂိတ္တံခါး၏ ဧကရာဇ္က ယဲ့ဖန္အား ဦးၫႊတ္၍ အ႐ိုအေသ ေပးလိုက္သည္။
သူ၏ အျပဳအမူမ်ားကို ၾကည့္ၿပီး နတ္ဘုရားမၿမိဳ႕ေတာ္မွ သိုင္းပညာရွင္မ်ားအားလုံး ေၾကာက္လန႔္ကာ တုန္ယင္သြားသည္။
တကယ့္ နတ္ဘုရား တစ္ပါးက ယဲ့ဖန္ေရွ႕ ဒူးေထာက္၍ အ႐ိုအေသေပးေနသည္တဲ့လား။ သူတို႔ လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္သြားၾကသည္။
ထိုစဥ္ ယဲ့ဖန္က ေနာက္သို႔ လွည့္ကာ အျခားသူမ်ားအား ရက္စက္ေသာ အမူအရာျဖင့္ ၾကည့္လာသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now