Chapter 288

1.1K 121 4
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (288) မင်းက လောဘအိုး ဝံပုလွေသခင်ပဲ

ဦးခေါင်းပြတ်များ မြေကြီးပေါ် ကျလာသည်နှင့် အိပ်မက်ဆိုး ချောက်ကမ်းပါးစန်း၌ ရှိနေသည့်သူများ အားလုံး အလွန် မှင်တက်သွားကြသည်။

မြေကြီးသည် လူ့ဦးခေါင်းများဖြင့် ဖုံးလွှမ်းလို့နေ၏။ ဦးခေါင်းပြတ် တစ်ခုချင်းစီသည် သွေးစွန်းနေသော ဖရဲသီးများနှင့် ဆင်တူလှပြီး လူအုပ်ကြီးအား ကြောက်လန့်ကာ တုန်လှုပ်သွားစေသည်။

မင်းသား ကာရိုးလ်၏ လှောင်ရယ်သံ အေးခဲသွားသည်မှာ ကြာလှပြီ ဖြစ်သည်။  သူ့ပုံစံမှာ လည်လိမ်ခံထားရသော ဘဲထီးနှင့် ဆင်တူလှသည်။ သူ့အမူအရာသည်လည်း လူရယ်ချင်စရာ ဖြစ်နေသည်။

ဘေးပတ်လည်မှ အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး နားဝေတိမ်တောင် ဖြစ်နေကြသည်။

"အိန္ဒိယရဲ့ အဓိက ကာကွယ်စောင့်ရှောက်သူ လေးယောက်လား … သူတို့က သေမင်း မြစ်ဝကျွန်းပေါ် ဒေသကို ချင်းနင်း ဝင်ရောက်ခဲ့တဲ့သူတွေလေ"

"အဲ့ဒါ အဓိက ကာကွယ်သူ ဖာဝူတ မဟုတ်လား … သူက ဒဏ္ဍာရီလာ အလယ်အလတ်အဆင့်ကို အဆင့်တက်တော့မလို ဖြစ်နေတာနေ … သူက ထူပါ့ကို ဖမ်းသွားခဲ့တာ"

"အဲ့ဒါ ပီကန်းလေ … သူက ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် ဖိုလိုကို သတ်ခဲ့တာ"

ထိုအချိန်တွင် ရန်သူများ၏ ခေါင်းပြတ်များကို ကြည့်ပြီး အိပ်မက်ဆိုး သိုင်းပညာရှင်များ အံ့အားသင့်နေကြသည်။

ပြိုင်ဘက်ကင်းသော ရန်သူများအားလုံး ခေါင်းဖြတ် အသတ်ခံရပြီး သူတို့၏ ခေါင်းပြတ်များကို လေထဲတွင် ဘောလုံးကဲ့သို့ အပစ်ခံရလိမ့်မည်ဟု ထင်မှတ်မထားမိပါ။

"ရူးချင်စရာပဲ … ဒဏ္ဍာရီလာအဆင့် နှစ်ယောက်၊ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် လေးယောက်နဲ့ ဒဏ္ဍာရီအဆင့် ဒီလောက် အများကြီးကို သတ်နိုင်တဲ့ အင်အား ဘယ်သူ့မှာ ရှိနေတာလဲ"

အိပ်မက်ဆိုး သိုင်းပညာရှင်များ သူတို့မျက်လုံးကို သူတို့ မယုံချင်ကြပေ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now