Chapter 314

1.1K 127 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

ာစဉ် (21) CHAPTER (314) နတ်ဆိုးတွေ ငါ့အမိန့်ကို နာခံစမ်း

ဟွာရှနိုင်ငံ၏ အနောက်တောင်ဘက်ရှိ မဟူရာတောအုပ်၌ ဖြစ်သည်။ ထိုနေရာသည် သားရဲမျိုးစုံနှင့် ပြည့်နှက်နေသော အလွန် ကျယ်ပြောသော ကုန်းမြေဖြစ်သည်။
ထို့ပြင် တောအုပ်ထဲ၌ ကြမ်းတမ်းသော ပဋိပက္ခများ ဖြစ်စေနိုင်သော သားရဲဘုရင်များစွာနှင့် ပြည့်နှက်လို့နေ၏။
ရုတ်တရက် အဖြူရောင် ဝတ်စုံနှင့် လူငါးယောက်က တောအုပ်အစပ်သို့ ရောက်ရှိလာကြသည်။ သူတို့အားလုံးသည် ဓားသမားဂိုဏ်း၏ ဂိုဏ်းသားများ ဖြစ်ကြသည်။
“မမလေး၊ ကျွန်တော်တို့ ဝင်လို့မရဘူးနော်။ မဟူရာ တောအုပ်က အရမ်းကြောက်ဖို့ကောင်းတာ။ အဲ့ထဲမှာ ဝံပုလွေလူသားတွေ ရှိတယ်လို့ ပြောကြတယ်”
ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်တစ်ယောက်က မိန်းမပျိုလေးတစ်ယောက်ကို စိုးရိမ်တကြီး ပြောလိုက်သည်။
ထိုမိန်းမပျိုလေးသည် ဓားသမားဂိုဏ်းမှ မဟာအကြီးအကဲ၏ မြေးမလေး ဖြစ်သည်။ သူ့နောက်၌ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် လေးယောက်ရှိသည်။
“ဝံပုလွေလူသားလား”
ထိုဒဏ္ဍာရီလာအဆင့်၏ သတိပေးစကားကို ကြားပြီး မိန်းမပျိုလေးသည် တစ်ခဏမျှ တွေဝေသွားရသည်။ ထို့နောက် သူမက သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ရှင်ပြောတာက ဓားသမားဂိုဏ်းက တပည့်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ မဟူရာတောအုပ် ဝံပုလွေလူသားတွေကို ပြောတာလား”
“ဟုတ်ပါတယ်”
ထိုအချိန်တွင် ဒဏ္ဍာရီလာအဆင့် သူက ဘေးဘီဝဲယာကို လေးလေးနက်နက်နှင့် လိုက်လံကြည့်ရှုနေရင်း ကြောက်လန့်တကြားနှင့် ဆက်ပြောသည်။
“မဟူရာတောအုပ်ကို ဓားသမားဂိုဏ်းရဲ့ တားမြစ်နယ်မြေ အဖြစ် လူသိများပါတယ်။ ဓားသမားဂိုဏ်းရဲ့ တပည့်တော်တော်များများက သူတို့အသက်ကို ဒီနေရာမှာ ဆုံးရှုံးခဲ့ရတာပါ”
“မဟူရာတောအုပ်ရဲ့ အရှင်က ဓားသမားဂိုဏ်းကို သေမတတ် မုန်းတယ်လို့ ပြောကြပါတယ်။ မဟူရာ တောအုပ်ထဲကို ဝင်လာရဲတဲ့ ဓားသမားဂိုဏ်းက ဘယ်သူကိုမဆို သတ်ပစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် တပည့်တွေကိုတောင်မှ ဒီတောအုပ်ထဲမှာ အသတ်ခံခဲ့ရပါတယ်”
မဟူရာတောအုပ်၏ အရှင်။
ထိုအမည်နာမကို ကြားလိုက်ရသည်နှင့် ကျန် ဒဏ္ဍာရီလာအဆင့် သုံးယောက်လုံး ချက်ချင်း သတိအနေအထား ဖြစ်သွားရသည်။
ဓားသမားဂိုဏ်း၏ မည်သည့်တပည့်မျှ မဟူရာတောအုပ်ထဲမှ အသက်ရှင်လျက် ထွက်မလာနိုင်ခဲ့ပါ။ ဓားသမားဂိုဏ်း၏ သိုင်းပညာရှင်များသည် မဟူရာတောအုပ်၏ အရှင်နှင့် ပတ်သတ်သော ဇာတ်လမ်းများကို ကြားဖူးကြသည်။
မဟူရာတောအုပ်တစ်ခုလုံးအား လူတစ်ယောက်တည်းက ကြီးစိုးသည်ဟု ဆိုကြသည်။သူသည် သားရဲ ဘုရင်နှစ်ကောင် ဖြစ်သည့် ကျားဘုရင်နှင့် စပါးကြီးမြွေဘုရင်တို့အား အနိုင်ယူနိုင်ခဲ့သည်။
သူသည် မဟူရာတောအုပ်ထဲတွင် ပြိုင်ဘက်ကင်းသော သူပင်။ သူက သာမန် သိုင်းပညာရှင်များကို တိုက်ခိုက်ခြင်း မပြုပေ။ သို့သော် သူ့ပိုင်နက်ထဲ ဝင်လာသည့် ဓားသမားဂိုဏ်းမှ မည်သူကိုမဆို သတ်သည်။ သူသည် အလွန် ရက်စက်လှ၏။
“မေ့ထားလိုက်စမ်းပါ”
သူ့စကားကြောင့် မိန်းမပျိုလေးက အလွန်အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
“ဘာ မဟူရာတောအုပ်ရဲ့ သောက်အရှင်သခင်လဲ။ ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မက ဒီကို လျှပ်စီးကျားသစ်ကို ဖမ်းဖို့လာတာ။ လျှပ်စီးကျားသစ်က မဟူရာတောအုပ်ထဲမှာ ရှားပါးတဲ့ သားရဲကောင်ပဲ”
“ပြီးတော့ ကျွန်မအဘိုးက ရှင်တို့လေးယောက်ကို ကျွန်မကို ကာကွယ်ပေးရမယ်လို့ မမှာလိုက်ဘူးလား။ ကျွန်မ တောအုပ်ရဲ့ သောက်အရှင်သခင်ကို ဂရုကိုမစိုက်ဘူး။ သူ ပေါ်မလာဘူးဆိုရင်တော့ ကျွန်မ သူ့ကို ထိခိုက်အောင် မလုပ်ဘူး။ အကယ်၍ သူပေါ်လာမယ်ဆိုရင် ကျွန်မအတွက် သူ့ကို သတ်ပေးရမယ်”
*ဘာ*
သူမစကားကြောင့် ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး အလွန်အမင်း သုန်မှုန်သွားကြသည်။ သည်မိန်းမပျိုလေးသည် ဓားသမားဂိုဏ်းအတွင်း၌ အလွန်မြင့်သော ရာထူးရှိသည်ကို သူတို့ သိထားကြသည်။ သူမသည် ရန်သူများကို သိမ်ငယ်စေလေ့ရှိပြီး သတ်ဖြတ်လေ့ရှိသည်။
“ကောင်းပြီလေ၊ ထားလိုက်ပါတော့။ အနားယူရအောင်၊ ဒီမမလေးက နောက်ဆုံးထွက် ရုပ်ရှင်ဇာတ်လမ်းကို ကြည့်ဦးမယ်”
ထို့နောက် သူမသည် ဒဏ္ဍာရီလာအဆင့် လေးယောက်အား လျစ်လျူရှုပြီး သူမဖုန်းကို ထုတ်လိုက်သည်။ လိုင်းဖွင့်လိုက်ပြီးနောက် သူမသည် ရုပ်ရှင်ဇာတ်လမ်းကို စကြည့်လေတော့သည်။
ဤသည်ကို ကြည့်ပြီး ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး ခါးသီးစွာ ပြုံးလိုက်မိသည်။ သူတို့ ဘာပြောလို့ ပြောရမယ်မှန်း မသိတော့ချေ။
ထိုစဉ် အလင်းထက်မြန်သော လေတိုးသံကို သူတို့ ကြားလိုက်သည်။ ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး ထိတ်လန့်သွားကြသည်။ သူတို့ နားကိုစွင့်၍ ခပ်လှမ်းလှမ်းမှ နေရာတစ်ခုကို စိုက်ကြည့်လိုက်မိကြသည်။
“လျှပ်စီးကျားသစ်ပါလား”
ကျားသစ်က ချဉ်းကပ်လာသည်နှင့် သူတို့ တက်ကြွ၊ပျော်ရွှင်လာကြသည်။
“မြန်မြန်၊ လိုက်ဖမ်းကြ”
ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး လျင်မြန်စွာဖြင့် ချက်ချင်း ရှေ့သို့ လှစ်ခနဲ ပြေးသွားကြသည်။ လျှပ်စီးကျားသစ်က အရှိန်အဟုန် အပြည့်ဖြင့် ထွက်ပြေးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျားသစ်သည် မီတာ တစ်ရာအဝေးသို့ ရောက်ရှိသွားသည်။ ၎င်း၏ အမွေးများက ထောင်မတ်လို့နေပြီး ၎င်း၏ မျက်လုံး၌ သရဲသဘက်၏ လိုက်လံဖမ်းဆီးခြင်းကို ခံရသကဲ့သို့ ကြောက်လန့်လို့နေသည်။
သို့သော် ကျားသစ်က ၎င်းကို၎င်း ထွက်ပြေးလို့ လွတ်မြောက်နိုင်ပြီဟု ထင်နေချိန်တွင် လုံးပတ် သုံးဆယ်မီတာရှိသော အနီရောင် စပါးကြီးမြွေတစ်ကောင်က နွယ်ပင်များမှ ရုတ်တရက် တစ်ဟုန်ထိုး ခုန်ဆင်းလာပြီး ၎င်း၏ လည်မျိုအား ကိုက်ခဲသွားသည်။
ထို့နောက် အနီရောင် စပါးကြီးမြွေသည် သားကောင်အား ၎င်း၏ ကိုယ်ဖြင့် ရစ်ပတ်လာသည်။ ဂျွတ်ခနဲ အသံနှင့်အတူ လျှပ်စီးကျားသစ်၏ အရိုးများ တစ်စစီကျိုးသွားပြီး ချက်ချင်း သေဆုံးသွား လေတော့သည်။
ထို့နောက် ထို အနီရောင် စပါးကြီးမြွေသည် ၎င်း၏ ကြီးမားသော ပါးစပ်ကိုဟကာ နွားပေါက်အရွယ်ရှိသော လျှပ်စီးကျားသစ်အား မြိုချလိုက်သည်။
...
ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး ပြေးလွှားနေရာမှ ချက်ချင်း ရပ်တန့်သွားကာ ထိတ်လန့်၊ကြောက်ရွံ့သွားကြသည်။
“သားရဲဘုရင်”
ထိုအနီရောင် စပါးကြီးမြွေသည် သားရဲဘုရင် ဖြစ်သည်။ သားရဲဘုရင်များသည် လူသား ဒဏ္ဍာရီလာအဆင့်များနှင့် အဆင့်တူသည်။
သူတို့၏ ခန္ဓာကိုယ်များက အလွန်အာကြောလှပြီး သားရဲဘုရင်တစ်ကောင်ချင်းစီက လူသား ဒဏ္ဍာရီလာအဆင့်များကို အနိုင်ယူ တိုက်ခိုက်နိုင်သည်။
“မဖြစ်ဘူး၊ ဒါ သွေးဆိုးမိစ္ဆာ စပါးကြီးမြွေပဲ။ ဒါ ... ဒါက မဟူရာတောအုပ် အရှင်သခင်ရဲ့ လက်ပါးစေအကောင်ပဲ”
ဧရာမ စပါးကြီးမြွေကို မှတ်မိသွားပြီးနောက် ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး ထိတ်လန့် ကြောက်ရွံ့သွားကြသည်။ သူတို့ ချက်ချင်း နောက်လှည့်ကာ ထွက်ပြေးကြသည်။ သူတို့သည် မိန်းမပျိုလေးနှင့်အတူ ခပ်ဝေးဝေးသို့ ယောက်ယက်ခတ်စွာ ထွက်ပြေးရန် ပြင်နေကြသည်။
သို့သော် ထိုအချိန်တွင် တောအုပ်တစ်ခုလုံးကို တုန်လှုပ်သွားစေလောက်သည့် အလွန် လျင်မြန်သော ခြေသံများကို ကြားလိုက်ရသည်။
ထို့နောက် သူတို့ ထွက်ပြေးရာ လမ်းကြောင်း၌ ကြမ်းကြုတ်သော ကျားတစ်ကောင် ပေါ်လာသည်။ နောက်ထပ် သားရဲဘုရင်ပါလား။
သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး ကြက်သီးတဖြန်းဖြန်း ထလာကြသည်။
ထိုကျား၏ ကျောပေါ်၌ ထူးဆန်းသော လူငယ်တစ်ယောက်က နတ်ဆိုးဆန်သော အပြုံးနှင့်အတူ ထိုင်လျက် ရှိနေသည်။
သူသည် သားရဲ သားရေခွံကို ဝတ်ဆင်ထားပြီး သားရဲဘုရင်၏ အရိုးများကို လက်နက်အဖြစ် ကိုင်စွဲထားသည်။ သူထံမှ ကြမ်းကြုတ်၍ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များ ပျံ့လွင့်နေသဖြင့် ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး ကတုန်ကယင် ဖြစ်လာကြသည်။
“သူ ... သူက မဟူရာ တောအုပ် အရှင်သခင်ပဲ”
ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး မျက်ခုံး တလှုပ်လှုပ် ဖြစ်လာကြသည်။ ထိုလူငယ်လေး၏ ချီဓာတ်အရ သူသည် ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့်မှန်း သူတို့ သတိပြုလိုက်မိသည်။
ထို့ကြောင့် သူတို့ ခြေမခိုင်ချင်တော့သလို ခံစားလာရသည်။ သို့သော် ဤသည်က အစသာ ရှိသေး၏။ ထို့နောက်တွင်မူ များစွာသော သန်မာသည့် နတ်ဆိုးလူသားများက ဘေးပတ်လည်ရှိ သစ်ပင်အိုကြီးများမှ ခုန်ဆင်းလာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် လူ ဆယ့်ရှစ်ယောက် ရှိနေပြီဖြစ်သည်။ သူတို့၏ ချီဓာတ်များကို အာရုံခံမိပြီးနောက် ဓားသမားဂိုဏ်း၏ ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး အလွန် သွေးပျက်သွားကြသည်။
“ဒဏ္ဍာရီလာအဆင့် သုံးယောက်နဲ့ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ဆယ့်ငါးယောက်။ သူတို့အားလုံးက မဟူရာတောအုပ်ထဲက ဝံပုလွေလူသားတွေပဲ”
ဤသို့ ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီ ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး ဖင်ထိုင်ရက် လဲကျသွားသည်။
သူတို့ သည်လောက် ကံဆိုးမိုးမှောင်ကျလိမ့်မည်ဟု ထင်မှတ်မထားခဲ့မိကြပါ။ သူတို့သည် မဟူရာတောအုပ်၏ အရှင်သခင်နှင့် ထိပ်တိုက် ဆုံတွေ့ရရုံသာမက သူ၏ ဝံပုလွေလူသားများနှင့်ပါ တိုးနေသည်။
ထိုအချိန်တွင် မိန်းမပျိုလေးသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်လို့နေသည်။ သူမသည် ကတုန်ကယင်နှင့် ဒဏ္ဍာရီလာအဆင့် လေးယောက်၏ အနောက်၌ ပုန်းကွယ်လို့နေသည်။
“ဓားသမားဂိုဏ်းက မဟုတ်လား”
ထိုစဉ် မဟူရာတောအုပ်၏ အရှင်သခင်က ခက်ထန်စွာ ပြောလာသည်။
“ဓားသမားဂိုဏ်းက တပည့်တွေက မဟူရာ တောအုပ်ထဲ ဝင်လာရဲတယ်လား။ မင်းတို့က တကယ့်ကို သေချင်နေတာပဲ။ သူတို့ကို သတ်လိုက်”
သူ အမိန့်ပေးလိုက်သည်နှင့် သွေးဆာနေသော မိစ္ဆာ စပါးကြီးမြွေက ချက်ချင်းဆိုသလို လျှပ်စီးထက်မြန်သော အလျင်နှင့် တောအုပ်ထဲသို့ လှစ်ခနဲ တိုးဝင်လာသည်။
ထို့အတူ ဝံပုလွေလူသား ဒဏ္ဍာရီလာအဆင့် သုံးယောက်ကလည်း ဓားသမားဂိုဏ်း၏ ဒဏ္ဍာရီလာအဆင့် သုံးယောက်ထံသို့ တိုက်ခိုက်လာသည်။
တိုက်ပွဲကား ချက်ချင်းဆိုသလို စတင်လာခဲ့သည်။ သိုင်းပညာရှင်များ၏ တိုက်ပွဲဝင်ခွန်အားကား အလွန် များပြားလှ၏။
အချိန်တိုလေးအတွင်းမှာပင် ဒဏ္ဍာရီလာအဆင့် လေးယောက်လုံး မချိတင်ကဲ အော်ဟစ်ပြီးနောက် အသတ်ခံလိုက်ရသည်။ သူတို့၏ သွေးများက မြေဆီလွှာကို ဖုံးလွှမ်းလာသည်။
ဤမြင်ကွင်းကြောင့် မိန်းမပျိုလေးသည် ကြောက်လန့်ကာ သူမဘောင်းဘီထဲ စိုရွှဲလို့လာသည်။
“မဟုတ်ဘူး...မလုပ်ပါနဲ့၊ ကျွန်မကို မသတ်ပါနဲ့။ ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့”
မိန်းမပျိုလေးသည် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေသည်။ သူမ မြေကြီးပေါ် ပစ်လဲချလိုက်ပြီးနောက် ချက်ချင်း လေးဘက်ထောက် ဝပ်တွားလိုက်သည်။
ဤသည်ကို ကြည့်ပြီး မဟူရာတောအုပ်၏ အရှင်သခင်က မကောင်းဆိုးဝါးသဖွယ် ပြုံး၍ ထိုမိန်းမပျိုကို သတ်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
သို့သော် ထိုသို့သော အချိန်တွင် သူမဖုန်းမျက်နှာပြင်သည် လျှပ်စစ်လှိုင်းကြောင့် တရှဲရှဲ မြင်လာသည်။
“နှစ်ဝက်တောင် ရှိသွားပြီပဲ။ ညအဖွဲ့ ပြန်လာပြီ”
...
ထိုအသံကို ကြားပြီးနောက် မဟူရာတောအုပ်၏ အရှင်သခင်သည် ခေါင်းကို တူနှင့် အထုခံလိုက်ရသကဲ့သို့ နားဝေတိမ်တောင် ဖြစ်သွားသည်။
ဝံပုလွေလူသား ဆယ့်ရှစ်ယောက်သည်လည်း မှင်တက်သွားကြသည်။
....
ထို့‌နောက် မဟူရာတောအုပ် အရှင်သခင်နှင့် ဝံပုလွေလူသားများက ချက်ချင်း ရှေ့သို့ တိုးလာကာ ဖုန်းကို ကောက်ယူလိုက်သည်။
ဖုန်းမျက်နှာပြင်ပေါ်မှ အနက်ရောင်ဝတ်စုံနှင့် လူငယ်ကို မြင်လိုက်ရသောအခါ သူတို့အားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။
“သခင်ကြီး”
သူတို့သည် ထိတ်လန့်၊ အံ့ဩမှုစိတ်တို့နှင့်အတူ ငိုကြွေးမိကြသည်။ သူတို့သည် ဖုန်းထဲမှ အနက်ရောင် ဝတ်စုံနှင့် လူရှေ့ရှိ မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်သည်။ ထို့နောက် ရင်ဘတ်ပေါ် လက်တင်၍ ဟစ်ကြွေးလိုက်သည်။
“ဝံပုလွေရိုင်းက အမိန့်ကို နာခံလျက်ပါ”
“နတ်ဆိုးတွေ အမိန့်ကို နာခံကြစမ်း”
#ZAWGYI
စာစဥ္ (21) CHAPTER (314) နတ္ဆိုးေတြ ငါ့အမိန႔္ကို နာခံစမ္း
ဟြာရွႏိုင္ငံ၏ အေနာက္ေတာင္ဘက္ရွိ မဟူရာေတာအုပ္၌ ျဖစ္သည္။ ထိုေနရာသည္ သားရဲမ်ိဳးစုံႏွင့္ ျပည့္ႏွက္ေနေသာ အလြန္ က်ယ္ေျပာေသာ ကုန္းေျမျဖစ္သည္။
ထို႔ျပင္ ေတာအုပ္ထဲ၌ ၾကမ္းတမ္းေသာ ပဋိပကၡမ်ား ျဖစ္ေစႏိုင္ေသာ သားရဲဘုရင္မ်ားစြာႏွင့္ ျပည့္ႏွက္လို႔ေန၏။
႐ုတ္တရက္ အျဖဴေရာင္ ဝတ္စုံႏွင့္ လူငါးေယာက္က ေတာအုပ္အစပ္သို႔ ေရာက္ရွိလာၾကသည္။ သူတို႔အားလုံးသည္ ဓားသမားဂိုဏ္း၏ ဂိုဏ္းသားမ်ား ျဖစ္ၾကသည္။
“မမေလး၊ ကြၽန္ေတာ္တို႔ ဝင္လို႔မရဘူးေနာ္။ မဟူရာ ေတာအုပ္က အရမ္းေၾကာက္ဖို႔ေကာင္းတာ။ အဲ့ထဲမွာ ဝံပုေလြလူသားေတြ ရွိတယ္လို႔ ေျပာၾကတယ္”
ဒ႑ာရီလာအဆင့္ သိုင္းပညာရွင္တစ္ေယာက္က မိန္းမပ်ိဳေလးတစ္ေယာက္ကို စိုးရိမ္တႀကီး ေျပာလိုက္သည္။
ထိုမိန္းမပ်ိဳေလးသည္ ဓားသမားဂိုဏ္းမွ မဟာအႀကီးအကဲ၏ ေျမးမေလး ျဖစ္သည္။ သူ႔ေနာက္၌ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ေလးေယာက္ရွိသည္။
“ဝံပုေလြလူသားလား”
ထိုဒ႑ာရီလာအဆင့္၏ သတိေပးစကားကို ၾကားၿပီး မိန္းမပ်ိဳေလးသည္ တစ္ခဏမွ် ေတြေဝသြားရသည္။ ထို႔ေနာက္ သူမက သိခ်င္စိတ္ျဖင့္ ေမးလိုက္သည္။
“ရွင္ေျပာတာက ဓားသမားဂိုဏ္းက တပည့္ေတြနဲ႔ တိုက္ခိုက္ခဲ့တဲ့ မဟူရာေတာအုပ္ ဝံပုေလြလူသားေတြကို ေျပာတာလား”
“ဟုတ္ပါတယ္”
ထိုအခ်ိန္တြင္ ဒ႑ာရီလာအဆင့္ သူက ေဘးဘီဝဲယာကို ေလးေလးနက္နက္ႏွင့္ လိုက္လံၾကည့္ရႈေနရင္း ေၾကာက္လန႔္တၾကားႏွင့္ ဆက္ေျပာသည္။
“မဟူရာေတာအုပ္ကို ဓားသမားဂိုဏ္းရဲ႕ တားျမစ္နယ္ေျမ အျဖစ္ လူသိမ်ားပါတယ္။ ဓားသမားဂိုဏ္းရဲ႕ တပည့္ေတာ္ေတာ္မ်ားမ်ားက သူတို႔အသက္ကို ဒီေနရာမွာ ဆုံးရႈံးခဲ့ရတာပါ”
“မဟူရာေတာအုပ္ရဲ႕ အရွင္က ဓားသမားဂိုဏ္းကို ေသမတတ္ မုန္းတယ္လို႔ ေျပာၾကပါတယ္။ မဟူရာ ေတာအုပ္ထဲကို ဝင္လာရဲတဲ့ ဓားသမားဂိုဏ္းက ဘယ္သူကိုမဆို သတ္ပစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ တပည့္ေတြကိုေတာင္မွ ဒီေတာအုပ္ထဲမွာ အသတ္ခံခဲ့ရပါတယ္”
မဟူရာေတာအုပ္၏ အရွင္။
ထိုအမည္နာမကို ၾကားလိုက္ရသည္ႏွင့္ က်န္ ဒ႑ာရီလာအဆင့္ သုံးေယာက္လုံး ခ်က္ခ်င္း သတိအေနအထား ျဖစ္သြားရသည္။
ဓားသမားဂိုဏ္း၏ မည္သည့္တပည့္မွ် မဟူရာေတာအုပ္ထဲမွ အသက္ရွင္လ်က္ ထြက္မလာႏိုင္ခဲ့ပါ။ ဓားသမားဂိုဏ္း၏ သိုင္းပညာရွင္မ်ားသည္ မဟူရာေတာအုပ္၏ အရွင္ႏွင့္ ပတ္သတ္ေသာ ဇာတ္လမ္းမ်ားကို ၾကားဖူးၾကသည္။
မဟူရာေတာအုပ္တစ္ခုလုံးအား လူတစ္ေယာက္တည္းက ႀကီးစိုးသည္ဟု ဆိုၾကသည္။သူသည္ သားရဲ ဘုရင္ႏွစ္ေကာင္ ျဖစ္သည့္ က်ားဘုရင္ႏွင့္ စပါးႀကီးေႁမြဘုရင္တို႔အား အႏိုင္ယူႏိုင္ခဲ့သည္။
သူသည္ မဟူရာေတာအုပ္ထဲတြင္ ၿပိဳင္ဘက္ကင္းေသာ သူပင္။ သူက သာမန္ သိုင္းပညာရွင္မ်ားကို တိုက္ခိုက္ျခင္း မျပဳေပ။ သို႔ေသာ္ သူ႔ပိုင္နက္ထဲ ဝင္လာသည့္ ဓားသမားဂိုဏ္းမွ မည္သူကိုမဆို သတ္သည္။ သူသည္ အလြန္ ရက္စက္လွ၏။
“ေမ့ထားလိုက္စမ္းပါ”
သူ႔စကားေၾကာင့္ မိန္းမပ်ိဳေလးက အလြန္အထင္ေသးဟန္ျဖင့္ ေျပာလိုက္သည္။
“ဘာ မဟူရာေတာအုပ္ရဲ႕ ေသာက္အရွင္သခင္လဲ။ ကြၽန္မ ဂ႐ုမစိုက္ဘူး။ ကြၽန္မက ဒီကို လွ်ပ္စီးက်ားသစ္ကို ဖမ္းဖို႔လာတာ။ လွ်ပ္စီးက်ားသစ္က မဟူရာေတာအုပ္ထဲမွာ ရွားပါးတဲ့ သားရဲေကာင္ပဲ”
“ၿပီးေတာ့ ကြၽန္မအဘိုးက ရွင္တို႔ေလးေယာက္ကို ကြၽန္မကို ကာကြယ္ေပးရမယ္လို႔ မမွာလိုက္ဘူးလား။ ကြၽန္မ ေတာအုပ္ရဲ႕ ေသာက္အရွင္သခင္ကို ဂ႐ုကိုမစိုက္ဘူး။ သူ ေပၚမလာဘူးဆိုရင္ေတာ့ ကြၽန္မ သူ႔ကို ထိခိုက္ေအာင္ မလုပ္ဘူး။ အကယ္၍ သူေပၚလာမယ္ဆိုရင္ ကြၽန္မအတြက္ သူ႔ကို သတ္ေပးရမယ္”
*ဘာ*
သူမစကားေၾကာင့္ ဒ႑ာရီလာအဆင့္ ေလးေယာက္လုံး အလြန္အမင္း သုန္မႈန္သြားၾကသည္။ သည္မိန္းမပ်ိဳေလးသည္ ဓားသမားဂိုဏ္းအတြင္း၌ အလြန္ျမင့္ေသာ ရာထူးရွိသည္ကို သူတို႔ သိထားၾကသည္။ သူမသည္ ရန္သူမ်ားကို သိမ္ငယ္ေစေလ့ရွိၿပီး သတ္ျဖတ္ေလ့ရွိသည္။
“ေကာင္းၿပီေလ၊ ထားလိုက္ပါေတာ့။ အနားယူရေအာင္၊ ဒီမမေလးက ေနာက္ဆုံးထြက္ ႐ုပ္ရွင္ဇာတ္လမ္းကို ၾကည့္ဦးမယ္”
ထို႔ေနာက္ သူမသည္ ဒ႑ာရီလာအဆင့္ ေလးေယာက္အား လ်စ္လ်ဴရႈၿပီး သူမဖုန္းကို ထုတ္လိုက္သည္။ လိုင္းဖြင့္လိုက္ၿပီးေနာက္ သူမသည္ ႐ုပ္ရွင္ဇာတ္လမ္းကို စၾကည့္ေလေတာ့သည္။
ဤသည္ကို ၾကည့္ၿပီး ဒ႑ာရီလာအဆင့္ ေလးေယာက္လုံး ခါးသီးစြာ ၿပဳံးလိုက္မိသည္။ သူတို႔ ဘာေျပာလို႔ ေျပာရမယ္မွန္း မသိေတာ့ေခ်။
ထိုစဥ္ အလင္းထက္ျမန္ေသာ ေလတိုးသံကို သူတို႔ ၾကားလိုက္သည္။ ဒ႑ာရီလာအဆင့္ ေလးေယာက္လုံး ထိတ္လန႔္သြားၾကသည္။ သူတို႔ နားကိုစြင့္၍ ခပ္လွမ္းလွမ္းမွ ေနရာတစ္ခုကို စိုက္ၾကည့္လိုက္မိၾကသည္။
“လွ်ပ္စီးက်ားသစ္ပါလား”
က်ားသစ္က ခ်ဥ္းကပ္လာသည္ႏွင့္ သူတို႔ တက္ႂကြ၊ေပ်ာ္႐ႊင္လာၾကသည္။
“ျမန္ျမန္၊ လိုက္ဖမ္းၾက”
ဒ႑ာရီလာအဆင့္ ေလးေယာက္လုံး လ်င္ျမန္စြာျဖင့္ ခ်က္ခ်င္း ေရွ႕သို႔ လွစ္ခနဲ ေျပးသြားၾကသည္။ လွ်ပ္စီးက်ားသစ္က အရွိန္အဟုန္ အျပည့္ျဖင့္ ထြက္ေျပးသြားသည္။
မ်က္စိတစ္မွိတ္အတြင္းမွာပင္ က်ားသစ္သည္ မီတာ တစ္ရာအေဝးသို႔ ေရာက္ရွိသြားသည္။ ၎၏ အေမြးမ်ားက ေထာင္မတ္လို႔ေနၿပီး ၎၏ မ်က္လုံး၌ သရဲသဘက္၏ လိုက္လံဖမ္းဆီးျခင္းကို ခံရသကဲ့သို႔ ေၾကာက္လန႔္လို႔ေနသည္။
သို႔ေသာ္ က်ားသစ္က ၎ကို၎ ထြက္ေျပးလို႔ လြတ္ေျမာက္ႏိုင္ၿပီဟု ထင္ေနခ်ိန္တြင္ လုံးပတ္ သုံးဆယ္မီတာရွိေသာ အနီေရာင္ စပါးႀကီးေႁမြတစ္ေကာင္က ႏြယ္ပင္မ်ားမွ ႐ုတ္တရက္ တစ္ဟုန္ထိုး ခုန္ဆင္းလာၿပီး ၎၏ လည္မ်ိဳအား ကိုက္ခဲသြားသည္။
ထို႔ေနာက္ အနီေရာင္ စပါးႀကီးေႁမြသည္ သားေကာင္အား ၎၏ ကိုယ္ျဖင့္ ရစ္ပတ္လာသည္။ ဂြၽတ္ခနဲ အသံႏွင့္အတူ လွ်ပ္စီးက်ားသစ္၏ အ႐ိုးမ်ား တစ္စစီက်ိဳးသြားၿပီး ခ်က္ခ်င္း ေသဆုံးသြား ေလေတာ့သည္။
ထို႔ေနာက္ ထို အနီေရာင္ စပါးႀကီးေႁမြသည္ ၎၏ ႀကီးမားေသာ ပါးစပ္ကိုဟကာ ႏြားေပါက္အ႐ြယ္ရွိေသာ လွ်ပ္စီးက်ားသစ္အား ၿမိဳခ်လိုက္သည္။
...
ဤမွ် ေၾကာက္မက္ဖြယ္ေကာင္းသည့္ ျမင္ကြင္းကို ၾကည့္ၿပီး ဒ႑ာရီလာအဆင့္ ေလးေယာက္လုံး ေျပးလႊားေနရာမွ ခ်က္ခ်င္း ရပ္တန႔္သြားကာ ထိတ္လန႔္၊ေၾကာက္႐ြံ႕သြားၾကသည္။
“သားရဲဘုရင္”
ထိုအနီေရာင္ စပါးႀကီးေႁမြသည္ သားရဲဘုရင္ ျဖစ္သည္။ သားရဲဘုရင္မ်ားသည္ လူသား ဒ႑ာရီလာအဆင့္မ်ားႏွင့္ အဆင့္တူသည္။
သူတို႔၏ ခႏၶာကိုယ္မ်ားက အလြန္အာေၾကာလွၿပီး သားရဲဘုရင္တစ္ေကာင္ခ်င္းစီက လူသား ဒ႑ာရီလာအဆင့္မ်ားကို အႏိုင္ယူ တိုက္ခိုက္ႏိုင္သည္။
“မျဖစ္ဘူး၊ ဒါ ေသြးဆိုးမိစာၦ စပါးႀကီးေႁမြပဲ။ ဒါ ... ဒါက မဟူရာေတာအုပ္ အရွင္သခင္ရဲ႕ လက္ပါးေစအေကာင္ပဲ”
ဧရာမ စပါးႀကီးေႁမြကို မွတ္မိသြားၿပီးေနာက္ ဒ႑ာရီလာအဆင့္ ေလးေယာက္လုံး ထိတ္လန႔္ ေၾကာက္႐ြံ႕သြားၾကသည္။ သူတို႔ ခ်က္ခ်င္း ေနာက္လွည့္ကာ ထြက္ေျပးၾကသည္။ သူတို႔သည္ မိန္းမပ်ိဳေလးႏွင့္အတူ ခပ္ေဝးေဝးသို႔ ေယာက္ယက္ခတ္စြာ ထြက္ေျပးရန္ ျပင္ေနၾကသည္။
သို႔ေသာ္ ထိုအခ်ိန္တြင္ ေတာအုပ္တစ္ခုလုံးကို တုန္လႈပ္သြားေစေလာက္သည့္ အလြန္ လ်င္ျမန္ေသာ ေျခသံမ်ားကို ၾကားလိုက္ရသည္။
ထို႔ေနာက္ သူတို႔ ထြက္ေျပးရာ လမ္းေၾကာင္း၌ ၾကမ္းၾကဳတ္ေသာ က်ားတစ္ေကာင္ ေပၚလာသည္။ ေနာက္ထပ္ သားရဲဘုရင္ပါလား။
ေသြးပ်က္ဖြယ္ေကာင္းသည့္ ျမင္ကြင္းကို ၾကည့္ၿပီး ဒ႑ာရီလာအဆင့္ ေလးေယာက္လုံး ၾကက္သီးတျဖန္းျဖန္း ထလာၾကသည္။
ထိုက်ား၏ ေက်ာေပၚ၌ ထူးဆန္းေသာ လူငယ္တစ္ေယာက္က နတ္ဆိုးဆန္ေသာ အၿပဳံးႏွင့္အတူ ထိုင္လ်က္ ရွိေနသည္။
သူသည္ သားရဲ သားေရခြံကို ဝတ္ဆင္ထားၿပီး သားရဲဘုရင္၏ အ႐ိုးမ်ားကို လက္နက္အျဖစ္ ကိုင္စြဲထားသည္။ သူထံမွ ၾကမ္းၾကဳတ္၍ ေၾကာက္မက္ဖြယ္ေကာင္းေသာ ခ်ီဓာတ္မ်ား ပ်ံ႕လြင့္ေနသျဖင့္ ဒ႑ာရီလာအဆင့္ ေလးေယာက္လုံး ကတုန္ကယင္ ျဖစ္လာၾကသည္။
“သူ ... သူက မဟူရာ ေတာအုပ္ အရွင္သခင္ပဲ”
ဒ႑ာရီလာအဆင့္ ေလးေယာက္လုံး မ်က္ခုံး တလႈပ္လႈပ္ ျဖစ္လာၾကသည္။ ထိုလူငယ္ေလး၏ ခ်ီဓာတ္အရ သူသည္ ဒ႑ာရီလာ အထြတ္အထိပ္အဆင့္မွန္း သူတို႔ သတိျပဳလိုက္မိသည္။
ထို႔ေၾကာင့္ သူတို႔ ေျခမခိုင္ခ်င္ေတာ့သလို ခံစားလာရသည္။ သို႔ေသာ္ ဤသည္က အစသာ ရွိေသး၏။ ထို႔ေနာက္တြင္မူ မ်ားစြာေသာ သန္မာသည့္ နတ္ဆိုးလူသားမ်ားက ေဘးပတ္လည္ရွိ သစ္ပင္အိုႀကီးမ်ားမွ ခုန္ဆင္းလာၾကသည္။
မ်က္စိတစ္မွိတ္အတြင္းမွာပင္ လူ ဆယ့္ရွစ္ေယာက္ ရွိေနၿပီျဖစ္သည္။ သူတို႔၏ ခ်ီဓာတ္မ်ားကို အာ႐ုံခံမိၿပီးေနာက္ ဓားသမားဂိုဏ္း၏ ဒ႑ာရီလာအဆင့္ ေလးေယာက္လုံး အလြန္ ေသြးပ်က္သြားၾကသည္။
“ဒ႑ာရီလာအဆင့္ သုံးေယာက္နဲ႔ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ဆယ့္ငါးေယာက္။ သူတို႔အားလုံးက မဟူရာေတာအုပ္ထဲက ဝံပုေလြလူသားေတြပဲ”
ဤသို႔ ေၾကာက္မက္ဖြယ္ေကာင္းသည့္ ျမင္ကြင္းကို ၾကည့္ၿပီ ဒ႑ာရီလာအဆင့္ ေလးေယာက္လုံး ဖင္ထိုင္ရက္ လဲက်သြားသည္။
သူတို႔ သည္ေလာက္ ကံဆိုးမိုးေမွာင္က်လိမ့္မည္ဟု ထင္မွတ္မထားခဲ့မိၾကပါ။ သူတို႔သည္ မဟူရာေတာအုပ္၏ အရွင္သခင္ႏွင့္ ထိပ္တိုက္ ဆုံေတြ႕ရ႐ုံသာမက သူ၏ ဝံပုေလြလူသားမ်ားႏွင့္ပါ တိုးေနသည္။
ထိုအခ်ိန္တြင္ မိန္းမပ်ိဳေလးသည္ လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္လို႔ေနသည္။ သူမသည္ ကတုန္ကယင္ႏွင့္ ဒ႑ာရီလာအဆင့္ ေလးေယာက္၏ အေနာက္၌ ပုန္းကြယ္လို႔ေနသည္။
“ဓားသမားဂိုဏ္းက မဟုတ္လား”
ထိုစဥ္ မဟူရာေတာအုပ္၏ အရွင္သခင္က ခက္ထန္စြာ ေျပာလာသည္။
“ဓားသမားဂိုဏ္းက တပည့္ေတြက မဟူရာ ေတာအုပ္ထဲ ဝင္လာရဲတယ္လား။ မင္းတို႔က တကယ့္ကို ေသခ်င္ေနတာပဲ။ သူတို႔ကို သတ္လိုက္”
သူ အမိန႔္ေပးလိုက္သည္ႏွင့္ ေသြးဆာေနေသာ မိစာၦ စပါးႀကီးေႁမြက ခ်က္ခ်င္းဆိုသလို လွ်ပ္စီးထက္ျမန္ေသာ အလ်င္ႏွင့္ ေတာအုပ္ထဲသို႔ လွစ္ခနဲ တိုးဝင္လာသည္။
ထို႔အတူ ဝံပုေလြလူသား ဒ႑ာရီလာအဆင့္ သုံးေယာက္ကလည္း ဓားသမားဂိုဏ္း၏ ဒ႑ာရီလာအဆင့္ သုံးေယာက္ထံသို႔ တိုက္ခိုက္လာသည္။
တိုက္ပြဲကား ခ်က္ခ်င္းဆိုသလို စတင္လာခဲ့သည္။ သိုင္းပညာရွင္မ်ား၏ တိုက္ပြဲဝင္ခြန္အားကား အလြန္ မ်ားျပားလွ၏။
အခ်ိန္တိုေလးအတြင္းမွာပင္ ဒ႑ာရီလာအဆင့္ ေလးေယာက္လုံး မခ်ိတင္ကဲ ေအာ္ဟစ္ၿပီးေနာက္ အသတ္ခံလိုက္ရသည္။ သူတို႔၏ ေသြးမ်ားက ေျမဆီလႊာကို ဖုံးလႊမ္းလာသည္။
ဤျမင္ကြင္းေၾကာင့္ မိန္းမပ်ိဳေလးသည္ ေၾကာက္လန႔္ကာ သူမေဘာင္းဘီထဲ စို႐ႊဲလို႔လာသည္။
“မဟုတ္ဘူး...မလုပ္ပါနဲ႔၊ ကြၽန္မကို မသတ္ပါနဲ႔။ ေက်းဇူးျပဳၿပီး ကြၽန္မကို မသတ္ပါနဲ႔”
မိန္းမပ်ိဳေလးသည္ လိပ္ျပာလြင့္မတတ္ ေၾကာက္႐ြံ႕ေနသည္။ သူမ ေျမႀကီးေပၚ ပစ္လဲခ်လိုက္ၿပီးေနာက္ ခ်က္ခ်င္း ေလးဘက္ေထာက္ ဝပ္တြားလိုက္သည္။
ဤသည္ကို ၾကည့္ၿပီး မဟူရာေတာအုပ္၏ အရွင္သခင္က မေကာင္းဆိုးဝါးသဖြယ္ ၿပဳံး၍ ထိုမိန္းမပ်ိဳကို သတ္ရန္ ခ်က္ခ်င္း အမိန႔္ေပးလိုက္သည္။
သို႔ေသာ္ ထိုသို႔ေသာ အခ်ိန္တြင္ သူမဖုန္းမ်က္ႏွာျပင္သည္ လွ်ပ္စစ္လႈိင္းေၾကာင့္ တရွဲရွဲ ျမင္လာသည္။
“ႏွစ္ဝက္ေတာင္ ရွိသြားၿပီပဲ။ ညအဖြဲ႕ ျပန္လာၿပီ”
...
ထိုအသံကို ၾကားၿပီးေနာက္ မဟူရာေတာအုပ္၏ အရွင္သခင္သည္ ေခါင္းကို တူႏွင့္ အထုခံလိုက္ရသကဲ့သို႔ နားေဝတိမ္ေတာင္ ျဖစ္သြားသည္။
ဝံပုေလြလူသား ဆယ့္ရွစ္ေယာက္သည္လည္း မွင္တက္သြားၾကသည္။
....
ထို႔‌ေနာက္ မဟူရာေတာအုပ္ အရွင္သခင္ႏွင့္ ဝံပုေလြလူသားမ်ားက ခ်က္ခ်င္း ေရွ႕သို႔ တိုးလာကာ ဖုန္းကို ေကာက္ယူလိုက္သည္။
ဖုန္းမ်က္ႏွာျပင္ေပၚမွ အနက္ေရာင္ဝတ္စုံႏွင့္ လူငယ္ကို ျမင္လိုက္ရေသာအခါ သူတို႔အားလုံး အႀကီးအက်ယ္ ထိတ္လန႔္သြားၾကသည္။
“သခင္ႀကီး”
သူတို႔သည္ ထိတ္လန႔္၊ အံ့ဩမႈစိတ္တို႔ႏွင့္အတူ ငိုေႂကြးမိၾကသည္။ သူတို႔သည္ ဖုန္းထဲမွ အနက္ေရာင္ ဝတ္စုံႏွင့္ လူေရွ႕ရွိ ေျမႀကီးေပၚသို႔ ဒူးေထာက္ခ်လိုက္သည္။ ထို႔ေနာက္ ရင္ဘတ္ေပၚ လက္တင္၍ ဟစ္ေႂကြးလိုက္သည္။
“ဝံပုေလြ႐ိုင္းက အမိန႔္ကို နာခံလ်က္ပါ”
“နတ္ဆိုးေတြ အမိန႔္ကို နာခံၾကစမ္း”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now