Chapter 365

997 100 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (25) CHAPTER (365) ခင်ဗျားက အဆင်မပြေဘူး

ထိတ်လန့်ဖွယ်ကောင်းလှသည်။
ယခုအချိန်တွင် စစ်သင်္ဘော၏ အရိပ်က ကမ္ဘာတစ်ခုလုံးအား လွှမ်းခြုံလို့ထားသည်။
လူသား သိုင်းပညာရှင်များအားလုံး ကောင်းကင်ပေါ်မှ ထူးဆန်းသော လူအယောက်နှစ်ဆယ်အား ထိတ်လန့်ကြောက်ရွံ့စွာ‌ မော့ကြည့်နေကြသည်။
ကောင်းကင် နတ်ဘုရားအဆင့်ထက် မြင့်သော လူတစ်ယောက်အား မြင်တွေ့ရလိမ့်မည်ဟု သူတို့ လုံးဝထင်မှတ်မထားကြပါ။
လင်းဒီလော့ဖ်နှင့် ကမ္ဘာပေါ်မှ အခြားကောင်းကင် နတ်ဘုရားအဆင့် နှစ်ယောက်တို့တောင်မှ မျက်ခုံးတလှုပ်လှုပ်ဖြစ်ကာ ချွေးတဒီးဒီး ဖြစ်လာကြသည်။
“ငါတို့ ဘာလုပ်သင့်သလဲ။ ငါတို့ သူတို့ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ”
ကောင်းကင်နတ်ဘုရားအဆင့် သုံးယောက်လုံး တုန်ယင်လာကာ တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာကြသည်။
ထိုစဉ် ထိတ်လန့်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခု ရောက်ရှိလို့လာသည်။
“ဟဲလို ကမ္ဘာပေါ်က လူသားတွေနဲ့ ရှေးဟောင်းသားရဲတို့”
“ကျုပ်က နဂါးငွေ့တန်း အင်ပါယာမှာရှိတဲ့ ဂရေးကလန်ရဲ့ ကမ္ဘာခြား မုဆိုးတွေထဲက တတိယအဖွဲ့ခွဲရဲ့ အဖွဲ့ခေါင်းဆောင် ခေလန်ပဲ”
*နဂါးငွေ့တန်းအင်ပါယာ*
*ဂရေးကလန်*
ထိုအသံလှိုင်းသည် တကယ့် ဘာသာစကားထက် ဦးနှောက်လှိုင်းများဖြင့် ပြောဆိုခြင်း ဖြစ်သည်။
ထိုအသံလှိုင်းက လူသားနှင့် ပင်လယ်သားရဲများ၏ ဦးခေါင်းထဲသို့ ဝင်ရောက်သွားပြီး ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးအား တစ်ဘက်လူ၏ ပြောစကားများကို ချက်ချင်း နားလည်သွားစေသည်။
သို့သော် ထိုစကားလုံးများက ကမ္ဘာပေါ်ရှိ သက်ရှိများအတွက် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်လိုက်သလိုပင်။
အခြားဂြိုဟ်မှ ဂြိုဟ်သားသည် အဖွဲ့ခေါင်းဆောင်သာ ဖြစ်သော်လည်း သူသည် အလွန် အင်အားကြီးမားလှသည်။
ဂရေးကလန်နှင့် နဂါးငွေ့တန်း အင်ပါယာတို့၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို သူတို့ တွေးပင်တွေးမကြည့်ရဲတော့ချေ။
“ကမ္ဘာဂြိုဟ်ရဲ့ လေထုအလွှာကို ဖောက်မဝင်လာခင်ကတည်းက ကျုပ် ခင်ဗျားတို့ရဲ့ သိပ္ပံပညာတွေ၊ နည်းပညာတွေနဲ့ သိုင်းပညာတွေအားလုံးကို လေ့လာ သင်ယူပြီးသွားပြီ”
“မင်းတို့ရဲ့ အစစ်အမှန် နတ်ဘုရားတွေဆိုတာက စကြဝဠာထဲမှာ နတ်ဘုရားတပည့်အဆင့်ပဲ ရှိတယ်။ မင်းတို့ရဲ့ ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင်တွေဆိုတာက စကြဝဠာထဲမှ နတ်ဘုရားဆရာသခင်အဆင့်ပဲ ရှိတယ်”
“ကျုပ်က နတ်ဘုရား ဆရာသခင်အဆင့် အထက်က နတ်ဘုရားသေနာပတိအဆင့်ပဲ”
*နတ်ဘုရား သေနာပတိအဆင့်*
ကမ္ဘာမြေပေါ်မှ လူများသည် အမည်နာမအသစ်များကို ကြားလိုက်ရပြီးနောက် နားဝေတိမ်တောင် ဖြစ်သွားကြသည်။
ကမ္ဘာပေါ်မှ ကျင့်ကြံခြင်း အဆင့်များသည် စကြဝဠာထဲရှိ အရာများနှင့် လုံးဝ ကွဲပြားလှသည်ကို ယခုအခါမှသာ သူတို့ သတိပြုမိသွားကြသည်။
ကမ္ဘာပေါ်မှ ထိပ်တန်း သိုင်းပညာရှင်များသည် စကြဝဠာထဲ၌ နတ်ဘုရား ဆရာသခင်အဆင့်သာ ရှိသည်။
သည်တော့ သာမန်လောက်ပဲဟု ဆိုလို့ရနိုင်သည်။
“မင်းတို့မှာ အခွင့်အရေးတစ်ခုပဲ ရှိတယ်။ လူသားနဲ့ မကောင်းဆိုးဝါးတိုင်း ကျုပ်တို့ကို အညံ့ခံပြီးတော့ စစ်သင်္ဘောတက်ပြီး ကျုပ်နောက်လိုက်ခဲ့။ ကျုပ် ခင်ဗျားတို့ကို ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲ ခေါ်သွားမယ်”
“မဟုတ်လို့ကတော့ သေရမယ်”
*ဘာ*
သူ့စကားကို ကြားပြီး ကမ္ဘာပေါ်က သက်ရှိအားလုံး မျက်နှာထားများ တင်းမာလာကြသည်။
*စကြဝဠာထဲကို ခေါ်သွားပေးမယ်တဲ့လား*
သူက သူတို့အား စိတ်လိုလက်ရဖြင့် သူ၏ ကျေးကျွန်များအဖြစ် နေထိုင်စေချင်နေတာ ဖြစ်သည်။
ထို့ပြင် ကမ္ဘာခြားမှ အစိမ်းရောင် အသားအရေနှင့်လူငယ်သည် အနည်းငယ် ခက်ထန်သော မျက်နှာထားမျိုး ဖြစ်လာသည်။
ထို့နောက် သူက လက်တစ်ဘက်ကို ဝှေ့ယမ်းလိုက်သည်။
ဝုန်း!
သူသည် ဧဝရတ်တောင်ဆီသို့ ပြင်းထန်သော တိုက်ခိုက်မှုတစ်ခု ထုတ်ဖော်လိုက်သည်။
ဝုန်း!
ဧဝရတ်တောင်တစ်ခုလုံး ပေါက်ကွဲသွားကာ ဧရာမကျောက်ဆောင်များနှင့် ကျိုးပဲ့နေသော ကျောက်တုံးအပိုင်းအစများက နေရာအနှံ့သို့ လွင့်စဉ်ထွက်သွားသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ဧဝရတ်တောင်တစ်ခုလုံး ပျက်စီးသွားလေတော့သည်။
ထို့အပြင် ကမ္ဘာခြား မုဆိုးများသည် ဂြိုဟ်တုများကို ထိန်းချုပ်နို်ငပုံပေါ်သည်။ ထိုပေါက်ကွဲမှုအား အရပ်မျက်နှာအနှံ့မှ ဂြိုဟ်တုများက မှတ်တမ်းယူထားပြီး ကမ္ဘာတစ်ဝန်းရှိ တီဗွီနှင့် စမတ်ဖုန်းအားလုံးသို့ ထုတ်လွှင့်ပြသလေတော့သည်။
သူတို့၏ လျှပ်စစ်သုံး ပစ္စည်းများ၏ ဖန်သားပြင်များကို ကြည့်ပြီး အခြားသူများ အားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
ထိတ်လန့်ဖွယ်ကောင်းလှသည်။
ကမ္ဘာတစ်ဝန်းမှ လူသားတိုင်း ထိတ်လန့်စိတ်များဖြင့် ပြည့်နှက်သွားကြသည်။
*သူက လက်ဖဝါးတစ်ချက်တည်းနဲ့ ဧဝရတ်တောင်ကို ဖျက်စီးလိုက်တယ်။ ဒါ…ဒါ မယုံနိုင်စရာ ကောင်းလိုက်တာ*
ကောင်းကင်နတ်ဘုရားအဆင့် သုံးယောက်လုံးတောင်မှ ထိတ်လန့်ကြောက်ရွံ့သွားကြသည်။ သူတို့အားလုံး ဖန်သားပြင်ပေါ်မှ မြင်ကွင်းကို ကြည့်ပြီး တွေဝေကာ တုန်ယင်လာကြသည်။
“ဒါ … ဒါ နတ်ဘုရား သေနာပတိအဆင့်ရဲ့ ခွန်အားလား”
လူသားတိုင်း သူတို့ မျက်ဝါးထင်ထင်မြင်လိုက်ရသည့် အရာကြောင့် မှင်တက်သွားကြသည်။ သို့သော် သူတို့၏ အိပ်မက်ဆိုးက ယခုမှ စတင်မည် ဖြစ်သည်။
“ဆယ်စက္ကန့်”
အစိမ်းရောင် အသားအရေနှင့် လူငယ်က ကောင်းကင်မှနေ၍ အခြေစိုက်စခန်းလေးခုအား နတ်ဘုရားသဖွယ် စိုက်ကြည့်၍ ခက်ထန်စွာ ဆက်ပြောလေသည်။
“ကမ္ဘာပေါ်က လူသားနဲ့ မကောင်းဆိုးဝါးတွေ။ မင်းတို့ ငါ့ကို ဆယ်စက္ကန့်အတွင်း အညံ့မခံဘူးဆိုရင် မင်းတို့ အဆုံးမရှိတဲ့ အမှောင်ထုထဲရောက်ပြီး စိတ်ဓာတ်ကျသွားစေရမယ်”
ထိုသို့ပြောပြီး သူ စတင်၍ ရေတွက်လေတော့သည်။
“တစ်ဆယ်”
“ကိုး”
“ရှစ်”
….
သူ့အသံက နာရီလက်သံလိုပင် တဖြည်းဖြည်း လျော့ကျလို့လာသည်။
“တော်သင့်ပြီ”
အခြားသူများအားလုံး လက်မှိုင်ကျနေစဉ် အဘိုးအိုတစ်ယောက်က မြေပြင်မှ လေထဲသို့ ပျံတက်သွားသည်။
သူသည် သူတောင်းစားအိုကြီး ဖြစ်ပြီး သူ့နောက်မှ ကောင်းကင်နတ်ဘုရားအဆင့် သိုင်းပညာရှင် သုံးယောက်က သူတို့၏ အခြေစိုက်စခန်းမှ ထွက်လာ၍ ပျံသန်းလာသည်။
သူတို့အားလုံး ကမ္ဘာခြားမုဆိုးများထံသို့ ပျံသန်းသွားသည်။
တစ်ချိန်တည်းမှပင် ပစိဖိတ် သမုဒ္ဒရာထဲမှ ပင်လယ်ရေများက ဗွမ်းကလန် ပန်းထွက်လာပြီး မီတာ တစ်ထောင် ရှည်လျားသည့် အနက်ရောင် နဂါးတစ်ကောင်က ကမ္ဘာခြား မုဆိုးများ ရှိရာ ကောင်းကင်ထက်သို့ ပျံသန်းလာသည်။
စက္ကန့်ပိုင်းအတွင်းမှာပင် ထိပ်သီး သိုင်းပညာရှင် ငါးယောက်လုံး လေထဲ၌ စုစည်းနေကြသည်။
အစိမ်းရောင် အသားအရေနှင့် လူငယ်အနားသို့ ရောက်သည်နှင့် သူတောင်းစားအိုကြီးက အော်ပြောလိုက်သည်။
“မိတ်ဆွေ မင်း တော်တော် လွန်နေပြီ”
*ဟမ်*
သူတောင်းစားအိုကြီးကို ကြည့်ပြီး အစိမ်းရောင် အသားအရေနှင့် လူငယ်လေး အပါအဝင် အခြား ကမ္ဘာခြား မုဆိုးများအားလုံး တစ်ခဏမျှ မှင်တက်သွားကြသည်။
“နတ်ဘုရား သေနာပတိအဆင့်ပါလား”
ကမ္ဘာပေါ်၌ နတ်ဘုရား သေနာပတိအဆင့် ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။ ခေလန်နှင့် သူ့လူများ ချက်ချင်း လေးနက် တည်ကြည်လာကြသည်။
သူတို့၏ စကားများကို ကြားပြီး ကမ္ဘာတစ်ဝန်းရှိ လူများကြား၌ ပွက်လောရိုက်လာကြသည်။
*နတ်ဘုရား သေနာပတိအဆင့်*
သူတောင်းစားအိုကြီးက ထိတ်လန့်ဖွယ်ကောင်းသော နတ်ဘုရား သေနာပတိအဆင့်သို့ ရောက်နေလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပါ။
*ငါသိပြီ*
*ကောင်းကင် နတ်ဘုရားအဆင့် သုံးယောက်နဲ့ နဂါးနက် ဘုရင်မတို့တောင်မှ သူ့အပေါ် ဘာလို့ ဒီလောက်ထိ မျှော်လင့်ထား သလဲဆိုတာကို အခုမှပဲ ငါနားလည်တော့တယ်*
*ငါ နားလည်ပြီ*
လူသားများအားလုံး ချက်ချင်း မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာကြသည်။ သူတို့အားလုံးသည် သူတောင်းစားအိုကြီးအား နတ်ဘုရားသဖွယ် ကြည်ညိုလေးစားလာကြသည်။
“ခင်ဗျားက ကျုပ်ကို တားချင်တာလား”
ခေလန်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မေးလိုက်သည်။ သူ့စကားအဆုံးတွင် နတ်ဘုရား ဆရာသခင်အဆင့် အယောက်နှစ်ဆယ်လုံးက ရှေ့သို့ တစ်လှမ်းတိုးလာသဖြင့် သူတို့၏ ကြမ်းကြုတ်သော ချီဓာတ်များက သူတောင်းစားအိုကြီးအား ချက်ချင်း ဖုံးလွှမ်းသွားသည်။
သူတောင်းစားအိုကြီး၏ မျက်နှာက ဝမ်းနည်းရိပ်သန်းလာပြီး ပြန်ပြောလိုက်သည်။
“ငါက ကမ္ဘာကြီးရဲ့ ကာကွယ်စောင့်ရှောက်သူပဲ။ မင်း ကမ္ဘာပေါ်က သက်ရှိတွေကို ကျွန်ပြုချင်တယ်ဆိုရင် ငါ့အလောင်းကို ဖြတ်သွားပြီးမှပဲ ရမယ်”
“ခင်ဗျားအလောင်းကို ဖြတ်သွားရမယ်”
ခေလန်က ကြောက်မက်ဖွယ်ကောင်းပြီး မနှစ်မြို့ဖွယ်ကောင်းသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ကောင်းပြီလေ၊ ဒီလိုဆိုလည်း ကျုပ်က ခင်ဗျားရဲ့ အိပ်မက်ကို တကယ်ဖြစ်လာအောင် ဖြည့်ဆည်းပေးရတာပေါ့”
ထိုသို့ပြောပြီး သူက သူ၏ အစိမ်းရောင် လက်ဖဝါးကို ဝင့်၍ အမိန့်ပေးလိုက်သည်။
“သူတို့အားလုံးကို သတ်လိုက်”
သူ့အမိန့်အဆုံးတွင်တော့ စစ်ပွဲကြီး စတင်လေတော့သည်။
နတ်ဘုရား ဆရာသခင်အဆင့် အယောက်နှစ်ဆယ်က သူတောင်းစားအိုကြီးနှင့် အခြား နတ်ဘုရား တပည့်အဆင့်လေးယောက်ထံသို့ လျှပ်စီးကဲ့သို့ နှုန်းဖြင့် ပြေးဝင်သွားကြသည်။
ဝုန်း! ဝုန်း! ဝုန်း!
အဖွဲ့နှစ်ဖွဲ့က တစ်ဘက်နှင့်တစ်ဘက် ထိပ်တိုက် ရင်ဆိုင်မိသည်နှင့် သွေးများက ကောင်းကင်အနှံ့ ပျံ့နှံ့ကာ ပန်းထွက်လာသည်။
သူတောင်းစားအိုကြီးက နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်အား တစ်ယောက်တည်း တိုက်ခိုက်နေသည်။
ကျန်ရှိနေသော နတ်ဘုရား ဆရာသခင်အဆင့် ဆယ်ယောက်က လူသား သုံးယောက်နှင့် အနက်ရောင် နဂါးဘုရင်မအား တိုက်ခိုက်နေသည်။
ထိတ်လန့်ဖွယ်ကောင်းလှသည်။
ကမ္ဘာတစ်ဝန်းမှ လူသား သိုင်းပညာရှင်များအတွက် ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင်များ၏ တိုက်ပွဲအား ယခုမှ ပထမဆုံးအကြိမ် မျက်ဝါးထင်ထင် မြင်ဖူးခြင်း ဖြစ်သည်။
မြေပြင်ပေါ်မှ လူသားများက လေထဲရှိ တိုက်ပွဲကြောင့် မှင်တက်နေကြသည်။ ထိုစဉ် ခေလန်က အနက်ရောင် နဂါးအား စိုက်ကြည့်ရင်း စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
“အိုးဟိုးဟိုး … မှော်ဝင်သားရဲဖြစ်တဲ့ အနက်ရောင် နဂါးကို ကမ္ဘာပေါ်မှ တွေ့ရလိမ့်မယ်လို့ ငါ ထင်မထားမိဘူး။ ငါသာ ဒါကို ယူသွားနိုင်မယ်ဆိုရင် ငါ ဒါကို စကြဝဠာသုံး ဒင်္ဂါး အများကြီးနဲ့ လဲလို့ရမှာပဲ။ ဒါ အချီကြီးပွတာပဲ”
ခေလန်က ရယ်မော၍ ပြောလိုက်သည်။ သို့သော် သူက ထိတ်လန့်ဖွယ်ကောင်းသည့် အဖြူရောင် အလင်းတန်းကို မြင်လိုက်ပြီးနောက် သူ တစ်ဒင်္ဂမျှ မှင်တက်သွားသည်။
ထို့နောက် သူက အဖြူရောင် အလင်းတန်းလာရာသို့ လှမ်းကြည့်လိုက်ပြီးနောက် အကြီးအကျယ် ချောက်ချားသွားသည်။
*စကြဝဠာထဲက ထိပ်တန်း ပြိုင်ဘက်ကင်း ခန္ဓာကိုယ် ဆယ်မျိုးထဲ တစ်ခုဖြစ်တဲ့ မသေမျိုး ခန္ဓာကိုယ်ပါလား*
*ငါသာ ဒီလူကို သိမ်းသွင်းလိုက်ရင် ငါက …*
ခေလန် အလွန် တက်ကြွသွားသည်။ ထို့နောက် သူက နှုတ်ခမ်းကို သပ်၍ ကောင်းကင်အလင်းသခင်၏ နားသို့ လျှို့ဝှက် အသံလှိုင်းတစ်ခု ပို့လွှတ်လိုက်သည်။
ကောင်းကင်အလင်းသခင်က နတ်ဘုရား ဆရာသခင်အဆင့်နှစ်ယောက်နှင့် တိုက်ခိုက်နေခြင်း ဖြစ်သည်။
ထိုစဉ် သူ တစ်ခဏမျှ အံ့ဩရိပ်သန်းသွားသည်။ ထို့နောက် သူ မျက်မှောင်ကြုတ်သွားသည်။
တစ်ခဏမျှ ချီတုံချီတုံ ဖြစ်သွားပြီးနောက် သူက ခေလန်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက နတ်ဘုရားဆရာသခင်အဆင့်နှင့် တိုက်ခိုက်နေသော သူတောင်းစားအိုကြီးထံသို့ ကပ်သွားလိုက်သည်။
သို့သော် ထိုအချိန်တွင် ကမ္ဘာခြား မုဆိုးတစ်ယောက်က ကောင်းကင်အလင်းသခင်၏ ရင်ဘတ်အား ကန်လိုက်သဖြင့် သူ ကောင်းကင်မှ ပြုတ်ကျသွားသည်။
“ပါရမီရှင်”
သူတောင်းစားအိုကြီး ဒေါသထွက်သွားသည်။ ကောင်းကင်အလင်းသခင်သည် သူ့နှလုံးသားထဲ၌ အလွန်အရေးပါသော နေရာ၌ ရှိနေသည်။
သူ့စိတ်ထဲတွင် ကောင်းကင်အလင်းသခင် အသက်ရှင်နေသေးသရွေ့ ကမ္ဘာပေါ်ရှိ လူသားများ လုံးဝ လုံခြုံဘေးကင်းလိမ့်မည်ဟု ထင်နေခဲ့သည်။
“မင်း အဆင်ပြေရဲ့လား”
သူတောင်းစားအိုကြီးက စိုးရိမ်တကြီး မေးလိုက်သည်။
“ဆရာ ကျုပ် အဆင်ပြေပါတယ် ဒါပေမယ့် …”
ကောင်းကင်အလင်းသခင်က သနားစဖွယ် မျက်နှာနှင့် ခေါင်းကိုခါ၍ ဆက်ပြောလိုက်သည်။
“ခင်ဗျားက အဆင်မပြေဘူး”
ရွှစ်!
သူ၏ မှော်ဝင် အလင်းတော်ဓားက သူတောင်းစားအိုကြီး၏ ခန္ဓာကိုယ်အား ပြင်းထန်စွာ ဖောက်ဝင်သွားလေတော့သည်။
#Zawgyi
စာစဥ္ (25) CHAPTER (365) ခင္ဗ်ားက အဆင္မေျပဘူး
ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
ယခုအခ်ိန္တြင္ စစ္သေဘၤာ၏ အရိပ္က ကမာၻတစ္ခုလုံးအား လႊမ္းၿခဳံလို႔ထားသည္။
လူသား သိုင္းပညာရွင္မ်ားအားလုံး ေကာင္းကင္ေပၚမွ ထူးဆန္းေသာ လူအေယာက္ႏွစ္ဆယ္အား ထိတ္လန႔္ေၾကာက္႐ြံ႕စြာ ေမာ့ၾကည့္ေနၾကသည္။
ေကာင္းကင္ နတ္ဘုရားအဆင့္ထက္ ျမင့္ေသာ လူတစ္ေယာက္အား ျမင္ေတြ႕ရလိမ့္မည္ဟု သူတို႔ လုံးဝထင္မွတ္မထားၾကပါ။
လင္းဒီေလာ့ဖ္ႏွင့္ ကမာၻေပၚမွ အျခားေကာင္းကင္ နတ္ဘုရားအဆင့္ ႏွစ္ေယာက္တို႔ေတာင္မွ မ်က္ခုံးတလႈပ္လႈပ္ျဖစ္ကာ ေခြၽးတဒီးဒီး ျဖစ္လာၾကသည္။
“ငါတို႔ ဘာလုပ္သင့္သလဲ။ ငါတို႔ သူတို႔ကို ဘယ္လိုလုပ္ အႏိုင္ယူႏိုင္မွာလဲ”
ေကာင္းကင္နတ္ဘုရားအဆင့္ သုံးေယာက္လုံး တုန္ယင္လာကာ တစ္ကိုယ္လုံး ၾကက္သီး တျဖန္းျဖန္း ထလာၾကသည္။
ထိုစဥ္ ထိတ္လန႔္ဖြယ္ေကာင္းေသာ အသံလႈိင္းတစ္ခု ေရာက္ရွိလို႔လာသည္။
“ဟဲလို ကမာၻေပၚက လူသားေတြနဲ႔ ေရွးေဟာင္းသားရဲတို႔”
“က်ဳပ္က နဂါးေငြ႕တန္း အင္ပါယာမွာရွိတဲ့ ဂေရးကလန္ရဲ႕ ကမာၻျခား မုဆိုးေတြထဲက တတိယအဖြဲ႕ခြဲရဲ႕ အဖြဲ႕ေခါင္းေဆာင္ ေခလန္ပဲ”
*နဂါးေငြ႕တန္းအင္ပါယာ*
*ဂေရးကလန္*
ထိုအသံလႈိင္းသည္ တကယ့္ ဘာသာစကားထက္ ဦးေႏွာက္လႈိင္းမ်ားျဖင့္ ေျပာဆိုျခင္း ျဖစ္သည္။
ထိုအသံလႈိင္းက လူသားႏွင့္ ပင္လယ္သားရဲမ်ား၏ ဦးေခါင္းထဲသို႔ ဝင္ေရာက္သြားၿပီး ကမာၻေပၚရွိ သက္ရွိအားလုံးအား တစ္ဘက္လူ၏ ေျပာစကားမ်ားကို ခ်က္ခ်င္း နားလည္သြားေစသည္။
သို႔ေသာ္ ထိုစကားလုံးမ်ားက ကမာၻေပၚရွိ သက္ရွိမ်ားအတြက္ ကမာၻသစ္တစ္ခုကို ဖြင့္လွစ္လိုက္သလိုပင္။
အျခားၿဂိဳဟ္မွ ၿဂိဳဟ္သားသည္ အဖြဲ႕ေခါင္းေဆာင္သာ ျဖစ္ေသာ္လည္း သူသည္ အလြန္ အင္အားႀကီးမားလွသည္။
ဂေရးကလန္ႏွင့္ နဂါးေငြ႕တန္း အင္ပါယာတို႔၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ အင္အားကို သူတို႔ ေတြးပင္ေတြးမၾကည့္ရဲေတာ့ေခ်။
“ကမာၻၿဂိဳဟ္ရဲ႕ ေလထုအလႊာကို ေဖာက္မဝင္လာခင္ကတည္းက က်ဳပ္ ခင္ဗ်ားတို႔ရဲ႕ သိပၸံပညာေတြ၊ နည္းပညာေတြနဲ႔ သိုင္းပညာေတြအားလုံးကို ေလ့လာ သင္ယူၿပီးသြားၿပီ”
“မင္းတို႔ရဲ႕ အစစ္အမွန္ နတ္ဘုရားေတြဆိုတာက စၾကဝဠာထဲမွာ နတ္ဘုရားတပည့္အဆင့္ပဲ ရွိတယ္။ မင္းတို႔ရဲ႕ ေကာင္းကင္ နတ္ဘုရားအဆင့္ သိုင္းပညာရွင္ေတြဆိုတာက စၾကဝဠာထဲမွ နတ္ဘုရားဆရာသခင္အဆင့္ပဲ ရွိတယ္”
“က်ဳပ္က နတ္ဘုရား ဆရာသခင္အဆင့္ အထက္က နတ္ဘုရားေသနာပတိအဆင့္ပဲ”
*နတ္ဘုရား ေသနာပတိအဆင့္*
ကမာၻေျမေပၚမွ လူမ်ားသည္ အမည္နာမအသစ္မ်ားကို ၾကားလိုက္ရၿပီးေနာက္ နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။
ကမာၻေပၚမွ က်င့္ႀကံျခင္း အဆင့္မ်ားသည္ စၾကဝဠာထဲရွိ အရာမ်ားႏွင့္ လုံးဝ ကြဲျပားလွသည္ကို ယခုအခါမွသာ သူတို႔ သတိျပဳမိသြားၾကသည္။
ကမာၻေပၚမွ ထိပ္တန္း သိုင္းပညာရွင္မ်ားသည္ စၾကဝဠာထဲ၌ နတ္ဘုရား ဆရာသခင္အဆင့္သာ ရွိသည္။
သည္ေတာ့ သာမန္ေလာက္ပဲဟု ဆိုလို႔ရႏိုင္သည္။
“မင္းတို႔မွာ အခြင့္အေရးတစ္ခုပဲ ရွိတယ္။ လူသားနဲ႔ မေကာင္းဆိုးဝါးတိုင္း က်ဳပ္တို႔ကို အညံ့ခံၿပီးေတာ့ စစ္သေဘၤာတက္ၿပီး က်ဳပ္ေနာက္လိုက္ခဲ့။ က်ဳပ္ ခင္ဗ်ားတို႔ကို က်ယ္ေျပာလွတဲ့ စၾကဝဠာႀကီးထဲ ေခၚသြားမယ္”
“မဟုတ္လို႔ကေတာ့ ေသရမယ္”
*ဘာ*
သူ႔စကားကို ၾကားၿပီး ကမာၻေပၚက သက္ရွိအားလုံး မ်က္ႏွာထားမ်ား တင္းမာလာၾကသည္။
*စၾကဝဠာထဲကို ေခၚသြားေပးမယ္တဲ့လား*
သူက သူတို႔အား စိတ္လိုလက္ရျဖင့္ သူ၏ ေက်းကြၽန္မ်ားအျဖစ္ ေနထိုင္ေစခ်င္ေနတာ ျဖစ္သည္။
ထို႔ျပင္ ကမာၻျခားမွ အစိမ္းေရာင္ အသားအေရႏွင့္လူငယ္သည္ အနည္းငယ္ ခက္ထန္ေသာ မ်က္ႏွာထားမ်ိဳး ျဖစ္လာသည္။
ထို႔ေနာက္ သူက လက္တစ္ဘက္ကို ေဝွ႔ယမ္းလိုက္သည္။
ဝုန္း!
သူသည္ ဧဝရတ္ေတာင္ဆီသို႔ ျပင္းထန္ေသာ တိုက္ခိုက္မႈတစ္ခု ထုတ္ေဖာ္လိုက္သည္။
ဝုန္း!
ဧဝရတ္ေတာင္တစ္ခုလုံး ေပါက္ကြဲသြားကာ ဧရာမေက်ာက္ေဆာင္မ်ားႏွင့္ က်ိဳးပဲ့ေနေသာ ေက်ာက္တုံးအပိုင္းအစမ်ားက ေနရာအႏွံ႔သို႔ လြင့္စဥ္ထြက္သြားသည္။
မ်က္ေတာင္တစ္ခတ္အတြင္းမွာပင္ ဧဝရတ္ေတာင္တစ္ခုလုံး ပ်က္စီးသြားေလေတာ့သည္။
ထို႔အျပင္ ကမာၻျခား မုဆိုးမ်ားသည္ ၿဂိဳဟ္တုမ်ားကို ထိန္းခ်ဳပ္ႏို္ငပုံေပၚသည္။ ထိုေပါက္ကြဲမႈအား အရပ္မ်က္ႏွာအႏွံ႔မွ ၿဂိဳဟ္တုမ်ားက မွတ္တမ္းယူထားၿပီး ကမာၻတစ္ဝန္းရွိ တီဗြီႏွင့္ စမတ္ဖုန္းအားလုံးသို႔ ထုတ္လႊင့္ျပသေလေတာ့သည္။
သူတို႔၏ လွ်ပ္စစ္သုံး ပစၥည္းမ်ား၏ ဖန္သားျပင္မ်ားကို ၾကည့္ၿပီး အျခားသူမ်ား အားလုံး နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။
ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
ကမာၻတစ္ဝန္းမွ လူသားတိုင္း ထိတ္လန႔္စိတ္မ်ားျဖင့္ ျပည့္ႏွက္သြားၾကသည္။
*သူက လက္ဖဝါးတစ္ခ်က္တည္းနဲ႔ ဧဝရတ္ေတာင္ကို ဖ်က္စီးလိုက္တယ္။ ဒါ…ဒါ မယုံႏိုင္စရာ ေကာင္းလိုက္တာ*
ေကာင္းကင္နတ္ဘုရားအဆင့္ သုံးေယာက္လုံးေတာင္မွ ထိတ္လန႔္ေၾကာက္႐ြံ႕သြားၾကသည္။ သူတို႔အားလုံး ဖန္သားျပင္ေပၚမွ ျမင္ကြင္းကို ၾကည့္ၿပီး ေတြေဝကာ တုန္ယင္လာၾကသည္။
“ဒါ … ဒါ နတ္ဘုရား ေသနာပတိအဆင့္ရဲ႕ ခြန္အားလား”
လူသားတိုင္း သူတို႔ မ်က္ဝါးထင္ထင္ျမင္လိုက္ရသည့္ အရာေၾကာင့္ မွင္တက္သြားၾကသည္။ သို႔ေသာ္ သူတို႔၏ အိပ္မက္ဆိုးက ယခုမွ စတင္မည္ ျဖစ္သည္။
“ဆယ္စကၠန႔္”
အစိမ္းေရာင္ အသားအေရႏွင့္ လူငယ္က ေကာင္းကင္မွေန၍ အေျခစိုက္စခန္းေလးခုအား နတ္ဘုရားသဖြယ္ စိုက္ၾကည့္၍ ခက္ထန္စြာ ဆက္ေျပာေလသည္။
“ကမာၻေပၚက လူသားနဲ႔ မေကာင္းဆိုးဝါးေတြ။ မင္းတို႔ ငါ့ကို ဆယ္စကၠန႔္အတြင္း အညံ့မခံဘူးဆိုရင္ မင္းတို႔ အဆုံးမရွိတဲ့ အေမွာင္ထုထဲေရာက္ၿပီး စိတ္ဓာတ္က်သြားေစရမယ္”
ထိုသို႔ေျပာၿပီး သူ စတင္၍ ေရတြက္ေလေတာ့သည္။
“တစ္ဆယ္”
“ကိုး”
“ရွစ္”
….
သူ႔အသံက နာရီလက္သံလိုပင္ တျဖည္းျဖည္း ေလ်ာ့က်လို႔လာသည္။
“ေတာ္သင့္ၿပီ”
အျခားသူမ်ားအားလုံး လက္မႈိင္က်ေနစဥ္ အဘိုးအိုတစ္ေယာက္က ေျမျပင္မွ ေလထဲသို႔ ပ်ံတက္သြားသည္။
သူသည္ သူေတာင္းစားအိုႀကီး ျဖစ္ၿပီး သူ႔ေနာက္မွ ေကာင္းကင္နတ္ဘုရားအဆင့္ သိုင္းပညာရွင္ သုံးေယာက္က သူတို႔၏ အေျခစိုက္စခန္းမွ ထြက္လာ၍ ပ်ံသန္းလာသည္။
သူတို႔အားလုံး ကမာၻျခားမုဆိုးမ်ားထံသို႔ ပ်ံသန္းသြားသည္။
တစ္ခ်ိန္တည္းမွပင္ ပစိဖိတ္ သမုဒၵရာထဲမွ ပင္လယ္ေရမ်ားက ဗြမ္းကလန္ ပန္းထြက္လာၿပီး မီတာ တစ္ေထာင္ ရွည္လ်ားသည့္ အနက္ေရာင္ နဂါးတစ္ေကာင္က ကမာၻျခား မုဆိုးမ်ား ရွိရာ ေကာင္းကင္ထက္သို႔ ပ်ံသန္းလာသည္။
စကၠန႔္ပိုင္းအတြင္းမွာပင္ ထိပ္သီး သိုင္းပညာရွင္ ငါးေယာက္လုံး ေလထဲ၌ စုစည္းေနၾကသည္။
အစိမ္းေရာင္ အသားအေရႏွင့္ လူငယ္အနားသို႔ ေရာက္သည္ႏွင့္ သူေတာင္းစားအိုႀကီးက ေအာ္ေျပာလိုက္သည္။
“မိတ္ေဆြ မင္း ေတာ္ေတာ္ လြန္ေနၿပီ”
*ဟမ္*
သူေတာင္းစားအိုႀကီးကို ၾကည့္ၿပီး အစိမ္းေရာင္ အသားအေရႏွင့္ လူငယ္ေလး အပါအဝင္ အျခား ကမာၻျခား မုဆိုးမ်ားအားလုံး တစ္ခဏမွ် မွင္တက္သြားၾကသည္။
“နတ္ဘုရား ေသနာပတိအဆင့္ပါလား”
ကမာၻေပၚ၌ နတ္ဘုရား ေသနာပတိအဆင့္ ရွိေနလိမ့္မည္ဟု သူတို႔ လုံးဝ ထင္မထားခဲ့ၾကေပ။ ေခလန္ႏွင့္ သူ႔လူမ်ား ခ်က္ခ်င္း ေလးနက္ တည္ၾကည္လာၾကသည္။
သူတို႔၏ စကားမ်ားကို ၾကားၿပီး ကမာၻတစ္ဝန္းရွိ လူမ်ားၾကား၌ ပြက္ေလာ႐ိုက္လာၾကသည္။
*နတ္ဘုရား ေသနာပတိအဆင့္*
သူေတာင္းစားအိုႀကီးက ထိတ္လန႔္ဖြယ္ေကာင္းေသာ နတ္ဘုရား ေသနာပတိအဆင့္သို႔ ေရာက္ေနလိမ့္မည္ဟု မည္သူမွ် ထင္မထားခဲ့ၾကပါ။
*ငါသိၿပီ*
*ေကာင္းကင္ နတ္ဘုရားအဆင့္ သုံးေယာက္နဲ႔ နဂါးနက္ ဘုရင္မတို႔ေတာင္မွ သူ႔အေပၚ ဘာလို႔ ဒီေလာက္ထိ ေမွ်ာ္လင့္ထား သလဲဆိုတာကို အခုမွပဲ ငါနားလည္ေတာ့တယ္*
*ငါ နားလည္ၿပီ*
လူသားမ်ားအားလုံး ခ်က္ခ်င္း ေမွ်ာ္လင့္ခ်က္မ်ားျဖင့္ ျပည့္ႏွက္လာၾကသည္။ သူတို႔အားလုံးသည္ သူေတာင္းစားအိုႀကီးအား နတ္ဘုရားသဖြယ္ ၾကည္ညိဳေလးစားလာၾကသည္။
“ခင္ဗ်ားက က်ဳပ္ကို တားခ်င္တာလား”
ေခလန္က မီးဝင္းဝင္းေတာက္ေနေသာ မ်က္လုံးမ်ားျဖင့္ ေမးလိုက္သည္။ သူ႔စကားအဆုံးတြင္ နတ္ဘုရား ဆရာသခင္အဆင့္ အေယာက္ႏွစ္ဆယ္လုံးက ေရွ႕သို႔ တစ္လွမ္းတိုးလာသျဖင့္ သူတို႔၏ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ားက သူေတာင္းစားအိုႀကီးအား ခ်က္ခ်င္း ဖုံးလႊမ္းသြားသည္။
သူေတာင္းစားအိုႀကီး၏ မ်က္ႏွာက ဝမ္းနည္းရိပ္သန္းလာၿပီး ျပန္ေျပာလိုက္သည္။
“ငါက ကမာၻႀကီးရဲ႕ ကာကြယ္ေစာင့္ေရွာက္သူပဲ။ မင္း ကမာၻေပၚက သက္ရွိေတြကို ကြၽန္ျပဳခ်င္တယ္ဆိုရင္ ငါ့အေလာင္းကို ျဖတ္သြားၿပီးမွပဲ ရမယ္”
“ခင္ဗ်ားအေလာင္းကို ျဖတ္သြားရမယ္”
ေခလန္က ေၾကာက္မက္ဖြယ္ေကာင္းၿပီး မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
“ေကာင္းၿပီေလ၊ ဒီလိုဆိုလည္း က်ဳပ္က ခင္ဗ်ားရဲ႕ အိပ္မက္ကို တကယ္ျဖစ္လာေအာင္ ျဖည့္ဆည္းေပးရတာေပါ့”
ထိုသို႔ေျပာၿပီး သူက သူ၏ အစိမ္းေရာင္ လက္ဖဝါးကို ဝင့္၍ အမိန႔္ေပးလိုက္သည္။
“သူတို႔အားလုံးကို သတ္လိုက္”
သူ႔အမိန႔္အဆုံးတြင္ေတာ့ စစ္ပြဲႀကီး စတင္ေလေတာ့သည္။
နတ္ဘုရား ဆရာသခင္အဆင့္ အေယာက္ႏွစ္ဆယ္က သူေတာင္းစားအိုႀကီးႏွင့္ အျခား နတ္ဘုရား တပည့္အဆင့္ေလးေယာက္ထံသို႔ လွ်ပ္စီးကဲ့သို႔ ႏႈန္းျဖင့္ ေျပးဝင္သြားၾကသည္။
ဝုန္း! ဝုန္း! ဝုန္း!
အဖြဲ႕ႏွစ္ဖြဲ႕က တစ္ဘက္ႏွင့္တစ္ဘက္ ထိပ္တိုက္ ရင္ဆိုင္မိသည္ႏွင့္ ေသြးမ်ားက ေကာင္းကင္အႏွံ႔ ပ်ံ႕ႏွံ႔ကာ ပန္းထြက္လာသည္။
သူေတာင္းစားအိုႀကီးက နတ္ဘုရား ဆရာသခင္အဆင့္ ဆယ္ေယာက္အား တစ္ေယာက္တည္း တိုက္ခိုက္ေနသည္။
က်န္ရွိေနေသာ နတ္ဘုရား ဆရာသခင္အဆင့္ ဆယ္ေယာက္က လူသား သုံးေယာက္ႏွင့္ အနက္ေရာင္ နဂါးဘုရင္မအား တိုက္ခိုက္ေနသည္။
ထိတ္လန႔္ဖြယ္ေကာင္းလွသည္။
ကမာၻတစ္ဝန္းမွ လူသား သိုင္းပညာရွင္မ်ားအတြက္ ေကာင္းကင္ နတ္ဘုရားအဆင့္ သိုင္းပညာရွင္မ်ား၏ တိုက္ပြဲအား ယခုမွ ပထမဆုံးအႀကိမ္ မ်က္ဝါးထင္ထင္ ျမင္ဖူးျခင္း ျဖစ္သည္။
ေျမျပင္ေပၚမွ လူသားမ်ားက ေလထဲရွိ တိုက္ပြဲေၾကာင့္ မွင္တက္ေနၾကသည္။ ထိုစဥ္ ေခလန္က အနက္ေရာင္ နဂါးအား စိုက္ၾကည့္ရင္း စိတ္လႈပ္ရွားစြာ ေရ႐ြတ္လိုက္သည္။
“အိုးဟိုးဟိုး … ေမွာ္ဝင္သားရဲျဖစ္တဲ့ အနက္ေရာင္ နဂါးကို ကမာၻေပၚမွ ေတြ႕ရလိမ့္မယ္လို႔ ငါ ထင္မထားမိဘူး။ ငါသာ ဒါကို ယူသြားႏိုင္မယ္ဆိုရင္ ငါ ဒါကို စၾကဝဠာသုံး ဒဂၤါး အမ်ားႀကီးနဲ႔ လဲလို႔ရမွာပဲ။ ဒါ အခ်ီႀကီးပြတာပဲ”
ေခလန္က ရယ္ေမာ၍ ေျပာလိုက္သည္။ သို႔ေသာ္ သူက ထိတ္လန႔္ဖြယ္ေကာင္းသည့္ အျဖဴေရာင္ အလင္းတန္းကို ျမင္လိုက္ၿပီးေနာက္ သူ တစ္ဒဂၤမွ် မွင္တက္သြားသည္။
ထို႔ေနာက္ သူက အျဖဴေရာင္ အလင္းတန္းလာရာသို႔ လွမ္းၾကည့္လိုက္ၿပီးေနာက္ အႀကီးအက်ယ္ ေခ်ာက္ခ်ားသြားသည္။
*စၾကဝဠာထဲက ထိပ္တန္း ၿပိဳင္ဘက္ကင္း ခႏၶာကိုယ္ ဆယ္မ်ိဳးထဲ တစ္ခုျဖစ္တဲ့ မေသမ်ိဳး ခႏၶာကိုယ္ပါလား*
*ငါသာ ဒီလူကို သိမ္းသြင္းလိုက္ရင္ ငါက …*
ေခလန္ အလြန္ တက္ႂကြသြားသည္။ ထို႔ေနာက္ သူက ႏႈတ္ခမ္းကို သပ္၍ ေကာင္းကင္အလင္းသခင္၏ နားသို႔ လွ်ိဳ႕ဝွက္ အသံလႈိင္းတစ္ခု ပို႔လႊတ္လိုက္သည္။
ေကာင္းကင္အလင္းသခင္က နတ္ဘုရား ဆရာသခင္အဆင့္ႏွစ္ေယာက္ႏွင့္ တိုက္ခိုက္ေနျခင္း ျဖစ္သည္။
ထိုစဥ္ သူ တစ္ခဏမွ် အံ့ဩရိပ္သန္းသြားသည္။ ထို႔ေနာက္ သူ မ်က္ေမွာင္ၾကဳတ္သြားသည္။
တစ္ခဏမွ် ခ်ီတုံခ်ီတုံ ျဖစ္သြားၿပီးေနာက္ သူက ေခလန္ကို ေခါင္းညိတ္ျပလိုက္သည္။ ထို႔ေနာက္ သူက နတ္ဘုရားဆရာသခင္အဆင့္ႏွင့္ တိုက္ခိုက္ေနေသာ သူေတာင္းစားအိုႀကီးထံသို႔ ကပ္သြားလိုက္သည္။
သို႔ေသာ္ ထိုအခ်ိန္တြင္ ကမာၻျခား မုဆိုးတစ္ေယာက္က ေကာင္းကင္အလင္းသခင္၏ ရင္ဘတ္အား ကန္လိုက္သျဖင့္ သူ ေကာင္းကင္မွ ျပဳတ္က်သြားသည္။
“ပါရမီရွင္”
သူေတာင္းစားအိုႀကီး ေဒါသထြက္သြားသည္။ ေကာင္းကင္အလင္းသခင္သည္ သူ႔ႏွလုံးသားထဲ၌ အလြန္အေရးပါေသာ ေနရာ၌ ရွိေနသည္။
သူ႔စိတ္ထဲတြင္ ေကာင္းကင္အလင္းသခင္ အသက္ရွင္ေနေသးသေ႐ြ႕ ကမာၻေပၚရွိ လူသားမ်ား လုံးဝ လုံၿခဳံေဘးကင္းလိမ့္မည္ဟု ထင္ေနခဲ့သည္။
“မင္း အဆင္ေျပရဲ႕လား”
သူေတာင္းစားအိုႀကီးက စိုးရိမ္တႀကီး ေမးလိုက္သည္။
“ဆရာ က်ဳပ္ အဆင္ေျပပါတယ္ ဒါေပမယ့္ …”
ေကာင္းကင္အလင္းသခင္က သနားစဖြယ္ မ်က္ႏွာႏွင့္ ေခါင္းကိုခါ၍ ဆက္ေျပာလိုက္သည္။
“ခင္ဗ်ားက အဆင္မေျပဘူး”
႐ႊစ္!
သူ၏ ေမွာ္ဝင္ အလင္းေတာ္ဓားက သူေတာင္းစားအိုႀကီး၏ ခႏၶာကိုယ္အား ျပင္းထန္စြာ ေဖာက္ဝင္သြားေလေတာ့သည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now