Chapter 245

1.4K 158 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (17) Chapter (245) မုန်တိုင်း လာနေပြီ
ဗြိတိသျှနိုင်ငံ၊ လန်ဒန်မြို့ရှိ လမ်းမကြီးတစ်ခု၌ ခရစ်ယာန်ဘုရားကျောင်းအိုကြီးတစ်ခု ရှိသည်။ ၎င်း၏အပြင်ဘက် ပုံပန်းသဏ္ဌာန်အရ ထိုဘုရားကျောင်း တည်ရှိခဲ့သည်မှာ နှစ်တစ်ရာခန့် ရှိလောက်ပြီ ဖြစ်သည်။
သို့သော် အတွင်းပိုင်း အပြင်အဆင်က တောက်ပ၍ ခမ်းနားကြီးကျယ်ကြောင်းကို လူအနည်းစုခန့်သာ သိပေသည်။
ထိုနေရာသည် တစ်ကမ္ဘာလုံးရှိ မဟူရာ ကြက်ခြေခတ်အဖွဲ့၏ ဌာနချုပ် ဖြစ်သည်။ နဖူးပေါ်၌ အသားပိုရှိသော လူငယ် သေဆုံးသွားသည်နှင့် ဘုရားကျောင်းရှိ လျှို့ဝှက်ဆွေးနွေးခန်းထဲမှ ရုတ်တရက် စူးရှသော အော်ဟစ်သံကြီး ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
"တစ္ဆေ မျိုးစေ့ ပျက်ဆီးသွားပြီ … ငါ့သား သေသွားပြီ"
"ဘယ်သူလဲ … ဘယ်ကောင်လုပ်လိုက်တာလဲကွ"
ထိုအသံသည် ငရဲမှ တက်လာသော အသံနှင့် ဆင်တူပြီး ဘုရားကျောင်းနံရံများအား ပြိုကျလုမတတ် ဖြစ်သွားရသည်။
အော်သံများက ဘုရားကျောင်းအတွင်းရှိ သိုင်းပညာရှင်များအားလုံးကို ထိတ်လန့်သွားစေခဲ့သည်။ ချက်ချင်းဆိုသလိုပင် များစွာသော သန်မာပြီး ကြမ်းကြုတ်သည့်သူများ အခန်းအပြင်ဘက်၌ ရောက်ရှိလာကြသည်။
ထို့နောက် သူတို့က ကြမ်းပြင်ပေါ် ဒူးထောက်ချ၍ ကြောက်လန့်နေသော မျက်နှာများဖြင့် ပြိုင်တူ ပြောလိုက်ကြသည်။
"သခင်ကြီး"
သူတို့ ထိုလူနှင့် နီးကပ်လာသည်နှင့်အမျှ သူတို့ ကြောက်လန့်ကာ တုန်ယင်လာကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် လျှို့ဝှက်ဆွေးနွေးခန်း အပြင်ဘက်၌ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ဆယ်ယောက် ဦးဆောင်သော လူအယောက် တစ်ရာကျော်ခန့် ဒူးထောက်နေကြသည်။
အင်အားအနည်းဆုံးသူများတောင်မှ ဒဏ္ဍာရီတစ်ပိုင်းအဆင့်နှင့် ဆရာသခင် အထွတ်အထိပ်အဆင့် ရှိကြသူများ ဖြစ်နေသည်။
အကယ်၍ သူတို့အင်အားစုကိုသာ အများသိအောင် ထုတ်ဖော်လိုက်ပါက တစ်ကမ္ဘာလုံး အကြီးအကျယ် ထိတ်လန့်သွားလောက်ပေ၏။
သို့သော် ယခုအချိန်တွင် သိုင်းပညာရှင်ပေါင်းများစွာက အလွန် ထိတ်လန့်နေသော မျက်နှာထားဖြင့် ကြမ်းပြင်ပေါ် ဒူးထောက်၍ ဝပ်တွားနေကြသည်။
"မဟူရာသခင် … ငါ့သား ဘယ်မှာလဲ"
ခက်ထန်သော အသံတစ်သံက လျှို့ဝှက်ဆွေးနွေးခန်းအတွင်းမှ ပျံ့နှံ့လာသည်။ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တစ်ယောက်က နဖူးမှ ချွေးဒီးဒီးကျကာ အလွန် ထိတ်လန့်နေသော မျက်နှာထားဖြင့် ပြန်ဖြေလာသည်။
"သခင်ကြီး … သခင်လေးက ဟွာရှနိုင်ငံကို ရောက်နေတာပါ … လွန်ခဲ့တဲ့ နာရီအနည်းငယ်တုန်းက ရတဲ့ သတင်းအရဆို သခင်လေးက ကျန်းနန်စီရင်စုဒေသက ကျန်းရှီမြို့မှာ ရှိနေရမှာပါ"
*ကျန်းရှီမြို့*
ထိုမြို့နာမည်ကို ကြားလိုက်ရသည်နှင့် လျှို့ဝှက်ဆွေးနွေးခန်းအတွင်းမှ လူက အလွန် ကြောက်မက်ဖွယ်ကောင်းသော လေသံဖြင့် ပြောလာ၏။
"အရင်ရက်က ကုန်းကျန့်ထျန်းနဲ့ အခြားဂိုဏ်းခွဲလေးခုက သိုင်းပညာရှင်တွေ ကျန်းရှီမြို့မှာ တိုက်ခိုက်ရင်း သေသွားခဲ့တာကို ငါ သတိရပြီ"
သူ့စကားကြောင့် မဟူရာသခင်က တစ်ချက် တုန်ယင်သွားပြီး ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ် … သခင်ကြီး"
"အရှေ့အာရှ ဂိုဏ်းခွဲက ပုန်ကန်ပြီးတော့ ကျန်းရှီမြို့က လူငယ်တစ်ယောက်ကို သူတို့ရဲ့ သခင်ကြီးအဖြစ် သက်မှတ်လိုက်ကြပါတယ် …. ကုန်းကျန့်ထျန်း ဦးဆောင်ပြီး ဂိုဏ်းခွဲလေးခုက ထိပ်တန်း သိုင်းပညာရှင်တွေနဲ့ ကျန်းရှီမြို့ကို သွားခဲ့တာပါ … နောက်ဆုံးမှာတော့ သူတို့အားလုံး အသတ်ခံလိုက်ရပါတယ်"
မဟူရာသခင် သတင်းပို့လို့အပြီး၌ လျှို့ဝှက်ဆွေးနွေးခန်း အပြင်ဘက်ရှိ စင်္ကြံတစ်ခုလမ်းသည် မုန်တိုင်းမလာခင် လေငြိမ်သကဲ့သို့ တိတ်ဆိတ် ငြိမ်သက်လို့နေ၏။
တောက်! တောက်!
သိုင်းပညာရှင်များ၏ နဖူးမှ ချွေးများက တတောက်တောက်နှင့် စီးကျနေ၏။
သူတို့သခင်ကြီး၏ ဒေါသကို သူတို့ သတိပြုမိပါသည်။ သူတို့ သခင်ကြီး ဒေါသူပုန်ထနေမှန်း သူတို့ ရိပ်စားမိသည်။
မဟူရာ ဧကရာဇ် ဒေါသထွက်လာလျင် သူသည် မိုင်တစ်သောင်းအတွင်းရှိ သိုင်းပညာရှင်အားလုံးကို ရှင်းလင်းပစ်နိုင်သည်။
အတော်ကြာပြီးနောက် အလွန် ခက်ထန်သော အသံက ပြန်လည်ထွက်ပေါ်လာသည်။
"ငါ့သားက တစ္ဆေကျင့်စဉ်မှာ ထူးချွန်တယ် … ဒဏ္ဍာရီအဆင့်တွေတောင် သူ့ကို မသတ်နိုင်ဘူး … ဒါ ယဲ့ဖန်ပဲ ဖြစ်ရမယ်"
သူ့အသံက အံ့ဩစရာကောင်းလောက်အောင် ပျော်ရွှင်နေပုံပေါက်သည်။
"ယဲ့ဖန် … မင်း ငါ့သားကိုရော ငါ့လူတွေကိုပါ သတ်ခဲ့တယ် … ငါ မင်းကို သေချင်တယ်ကွ"
သူ၏ ကြောက်မက်ဖွယ်ကောင်းသော အသံကြောင့် သိုင်းပညာရှင်များ ခေါင်းကို ငုံ့ကာ တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထကာ ကတုန်ကယင် ဖြစ်လာကြသည်။
ထို့နောက် သူတို့သည် သူတို့၏ ခံယူချက်ကို ပြိုင်တူ ပြောလိုက်ကြသည်။
"ကျွန်တော်တို့ သခင်ကြီးနောက်ကို လိုက်ပြီး ကျန်းရှီမြို့ကို ရှင်းလင်းပစ်ပြီး ယဲ့ဖန်ကို သတ်ပစ်ချင်ပါတယ်"
သူတို့၏ နားကွဲမတတ် အော်သံများက ငလျင်တောင် လှုပ်စေမတတ် ဖြစ်သွားရသည်။ သိုင်းပညာရှင်တိုင်း၏ မျက်လုံးများမှ သန်မာ၍ ပြင်းထန်သော ချီဓာတ်များ ထွက်ပေါ်နေ၏။
သူတို့စကားကြောင့် အမှောင်ခန်းထဲ၌ ထိုင်နေသော လူက မကောင်းဆိုးဝါးလေသံဖြင့် ပြောလိုက်သည်။ "ငါ လဝက်အတွင်း ထွက်လာခဲ့မယ်"
"ငါ့အမိန့်ကို ဖြန့်လိုက် … အစေခံ ခုနစ်ယောက်ကို စုစည်းပြီးတော့ တစ်ကမ္ဘာလုံးက ဂိုဏ်းခွဲအားလုံးကို စုစည်းလိုက် … ဟွာရှနိုင်ငံကို ငါနဲ့ လိုက်ခဲ့ပြီး ယဲ့ဖန်ကို သတ်ကြမယ်"
အမိန့်ကို လက်ခံရလိုက်သည်နှင့် သိုင်းပညာရှင်များ စိတ်အားတက်ကြွလာကာ ကျယ်လောင်စွာ ဟစ်အော်လာကြသည်။
"ဟုတ်ကဲ့ပါ သခင်ကြီး"
….
ကျန်းရှီမြို့ရှိ ယဲ့ဖန်အိမ်တော်၏ အခန်းတစ်ခန်းထဲ၌ ရုတ်တရက် တဖျစ်ဖျစ် တဖျောက်ဖျောက် မြည်သံများ ပဲ့တင်ထပ်လာသည်။
ထိုအချိန်တွင် အခန်းထဲ၌ သက်စောင့်စွမ်းအင်များ ပေါများစွာ ပြည့်လျှံ့လျက် ရှိနေသည်။
"ဒါ လတ်ဆတ်တဲ့ ချီဓာတ်ပဲ"
လင်းလန်၊ အန်းရှီ နှင့် ခြံဝန်းထဲရှိ အခြားနောက်လိုက်များ တက်ကြွလာကြသည်။ ပေါများသော ချီဓာတ်များကို စုပ်ယူပြီးနောက် သူတို့ တစ်ကိုယ်လုံး လန်းဆန်းသွားသလို ခံစားရပြီး ခွန်အားများ ပို၍ တိုးလာသလို ခံစားလိုက်ရသည်။
ထို့နောက် ဘေးပတ်ဝန်းကျင်မှ သစ်ပင်ပန်းမန်များ အလွန်အမင်း ကြီးထွားလာသည်ကို သူတို့ မြင်လိုက်ရသည်။
သစ်ပင်များသည် စင်တီမီတာ နှစ်ဆယ်ထပ် ပို၍ ထူထပ်ပြီး အရှိန်ပြင်းပြင်းနှင့် ရှည်လျား မြင့်မားလာသည်။
အကိုင်းအခက်များနှင့် အရွက်များက ပို၍ ကျယ်ပြန့်လာပြီး သစ်ပင်အကြောများလည်း မလျှော့တမ်း ဖုဖောင်းလာ၏။
စက္ကန့်အနည်းငယ်အတွင်းမှာတင် ခြံဝန်းထဲရှိ သစ်ပင်များအားလုံး မိုးထိမတတ် မြင့်တက်လာသည်။
နှစ်တစ်ထောင်နီးပါး သက်တမ်းရှိသော မိုးထိမတတ် သစ်ပင်များနှင့် တောအုပ်ကြီးကဲ့သို့ ဖြစ်နေပြီး ခြံဝန်းတစ်ခုလုံးသည် ထိတ်လန့်ဖွယ်ကောင်းသော ချီဓာတ်များနှင့် ပြည့်နှက်လို့နေ၏။
မကြာခင်မှာပင် သစ်ပင်ပန်းမန်များသည် လူ့တစ်ရပ်နီးပါးထက် မြင့်တက်လာသည်။ ပန်းပင်များအားလုံးသည် လန်းဆန်းလို့နေပြီး ရနံ့များနှင့် မွှေးကြိုင်လို့နေ၏။
ဤကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် ခြံဝန်းထဲရှိ လူတိုင်း ထိတ်လန့်သွားကြသည်။
"ဒါ…ဒါ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ် အဆင့်တက်သွားတာရဲ့ အကျိုးရလဒ်များလား"
မည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပါ။ သို့သော် သည်လောက်နှင့် မပြီးသေးပါ။
တဖျောက်ဖျောက် မြည်သံများက ဆက်တိုက် ထွက်ပေါ်လာပြီးနောက် သူတို့၏ တက်ကြွသော ဟစ်အော်သံများက နောက်မှ ကပ်၍ ပဲ့တင်ထပ်ကာ ထွက်ပေါ်လာသည်။
ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက်သည် အလွန် အံ့ဩသွားရသည်။ သူသည် ယဲ့ဖန်၏ နောက်လိုက်များထဲတွင် ဒဏ္ဍာရီအဆင့်သို့ တက်သွားနိုင်သည့် ကိုးယောက်မြောက် သူလည်း ဖြစ်သည်။
အခြားသူများက သူ့ကို အလျင်အမြန် ဝမ်းမြောက်စကား ပြောဆိုကြသည်။ သို့သော် ဤသည်ကား အစသာ ရှိချေသေးသည်။
တဖျောက်ဖျောက် မြည်သံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
သိုင်းပညာရှင်များ တစ်ယောက်ပြီးတစ်ယောက် လက်ရှိအဆင့်မှ အဆင့်သစ်တို့ တက်ရောက် သွားကြသည်။
"ဒဏ္ဍာရီတစ်ပိုင်းအဆင့် …ဟားဟား … နောက်ဆုံးတော့ ငါက ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ"
"သောက်ကျိုးနည်း …. ငါ့ချီဓာတ်တွေက ကောင်းကင်အထိ ထိုးတက်သွားမလားလို့တောင် ငါ ခံစားမိတယ် … ဆရာသခင် အလယ်အလတ်အဆင့် ၊ ဆရာသခင် နောက်ဆုံးအဆင့် ၊ ဆရာသခင် အထွတ်အထိပ်အဆင့် … သေစမ်းကွာ"
….
ခြံဝန်းထဲ၌ ကျယ်လောင်စွာ ပြောဆိုနေသံများ ဆက်တိုက် ထွက်ပေါ်လို့နေသည်။
မွေးရာပါ စိတ်ဝိညာဉ် ချီဓာတ် ကျဲပါးလာချိန်တွင် ခြံဝန်းထဲရှိ သိုင်းပညာရှင်များအားလုံး အကြီးအကျယ် အကျိုးအမြတ် ရသွားကြပြီ ဖြစ်သည်။
သူတို့အားလုံး၏ ခွန်အားများသည် အလွန် အံ့ဩဖွယ်ကောင်းသည့် နှုန်းထားဖြင့် တိုးတက်သွားခဲ့ပြီ ဖြစ်သည်။
ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ဆယ်ယောက်၊ ဒဏ္ဍာရီတစ်ပိုင်းအဆင့် အယောက် နှစ်ဆယ်၊ ဆရာသခင် အထွတ်အထိပ်အဆင့်နှင့် ဆရာသခင် နောက်ဆုံးအဆင့် အယောက် နှစ်ရာလေးဆယ့်တစ်ယောက်အထိ ရှိသွားပြီ ဖြစ်သည်။
မည်မျှ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလိုက်သည့် အင်အားပါလိမ့်။
ကျွိခနဲ မြည်သံနှင့်အတူ အိမ်ထဲမှ ယဲ့ဖန်နှင့် ဖန့်ယင်းတို့ ထွက်လာကြသည်။ တစ္ဆေမျိုးစေ့ထဲရှိ ကြွယ်ဝသည့် တစ္ဆေချီဓာတ်များကို စုပ်ယူပြီးနောက် ယဲ့ဖန်သည် ပို၍ ဆန်းကြယ်လာသည်။
သူ၏ လှုပ်ရှားမှုတိုင်းက အန္တရာယ်ရှိပုံ ပေါ်လာသည်။
တစ္ဆေ သန္ဓေသားလောင်းအား ဝါးမျိုပြီးနောက် ဖန့်ယင်းသည် သာမန်လူအဆင့်မှ ဆရာသခင်အဆင့်သို့ ညတွင်းချင်း အဆင့်တက်သွားသည်။
အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည့် မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပါတကား။
သို့သော် ထိုအချိန်တွင် သူတို့ ခပ်သုတ်သုတ် လှမ်းလာသည့် ခြေသံအချို့ကို ကြားလိုက်ရသည်။
ခြံဝန်းအပြင်ဘက်အား စောင့်ကြပ်နေသည့် ညအဖွဲ့ဝင်သား တစ်ယောက်သည် ယဲ့ဖန်ထံသို့ ခပ်သွက်သွက် ပြေးလာနေပြီး ပြောလာသည်။
"သခင်ကြီး ယန်ကျင့်မြို့ကနေ စိန်ခေါ်စာတစ်စောင် ရလာပါတယ်"
*ဘာ*
သူ့စကားကြောင့် ခြံဝန်းထဲရှိ လူတိုင်း ချက်ချင်း မျက်နှာပျက်သွားကြသည်။ ယဲ့ဖန်တောင်မှ တစ်ခဏမျှ အံ့ဩသွားသည်။
ထို့နောက် စာကိုယူ၍ ဖတ်ကြည့်လိုက်သောအခါ တရုတ်လို ရေးသားထားသော စာတစ်ချို့ကို တွေ့လိုက်ရသည်။
____ ကိုရီးယားနိုင်ငံမှ နံပါတ်တစ် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ဖျောင်ထိုက်ရှင်းနှင့် နောက် ဒဏ္ဍာရီအဆင့် ခြောက်ယောက်တို့က ငါ့သား ဖျောင်ကျင်းတျောင်နဲ့ ငါ့မြေး ဖျောင်ကျိုးယိုတို့ သေဆုံးမှုအတွက် ဟွာရှနိုင်ငံက သိုင်းပညာရှင်အားလုံးကို စိန်ခေါ်တယ်
____ ဟွာရှနိုင်ငံက သိုင်းပညာရှင်တွေ အားလုံးကို သတ်ပြီး ငါ့သားနဲ့ ငါ့မြေးတို့ရဲ့ သေဆုံးခြင်းအတွက် လက်စားချေမယ်
____ လူသတ်သမား ယဲ့ဖန်ကို ငါတို့နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့အတွက် သုံးရက် စောင့်မယ်
____ အနိုင်ရတဲ့သူပဲ အသက်ရှင်မယ်
____ မင်း မလာရင် ငါတို့ ဟွာရှနိုင်ငံရဲ့ အခြားဒေသက သိုင်းပညာရှင်တွေကို သုတ်သင်ပစ်မယ်၊ ငါတို့ ကျန်းရှီမြို့ကို ရှင်းလင်းပစ်ပြီး မင်းကို သတ်မယ်
မနှစ်မြို့ဖွယ်ကောင်းသော သွေးများနှင့် ရေးထားသော စာလုံးတစ်လုံးက စာစောင်၏ အောက်ခြေ၌ ရေးသားထားသည်။
____ သေစေရမယ်
#ZAWGYI
စာစဥ္ (17) Chapter (245) မုန္တိုင္း လာေနၿပီ
ၿဗိတိသွ်ႏိုင္ငံ၊ လန္ဒန္ၿမိဳ႕ရွိ လမ္းမႀကီးတစ္ခု၌ ခရစ္ယာန္ဘုရားေက်ာင္းအိုႀကီးတစ္ခု ရွိသည္။ ၎၏အျပင္ဘက္ ပုံပန္းသဏၭာန္အရ ထိုဘုရားေက်ာင္း တည္ရွိခဲ့သည္မွာ ႏွစ္တစ္ရာခန႔္ ရွိေလာက္ၿပီ ျဖစ္သည္။
သို႔ေသာ္ အတြင္းပိုင္း အျပင္အဆင္က ေတာက္ပ၍ ခမ္းနားႀကီးက်ယ္ေၾကာင္းကို လူအနည္းစုခန႔္သာ သိေပသည္။
ထိုေနရာသည္ တစ္ကမာၻလုံးရွိ မဟူရာ ၾကက္ေျခခတ္အဖြဲ႕၏ ဌာနခ်ဳပ္ ျဖစ္သည္။ နဖူးေပၚ၌ အသားပိုရွိေသာ လူငယ္ ေသဆုံးသြားသည္ႏွင့္ ဘုရားေက်ာင္းရွိ လွ်ိဳ႕ဝွက္ေဆြးေႏြးခန္းထဲမွ ႐ုတ္တရက္ စူးရွေသာ ေအာ္ဟစ္သံႀကီး ပဲ့တင္ထပ္၍ ထြက္ေပၚလာသည္။
"တေစၦ မ်ိဳးေစ့ ပ်က္ဆီးသြားၿပီ … ငါ့သား ေသသြားၿပီ"
"ဘယ္သူလဲ … ဘယ္ေကာင္လုပ္လိုက္တာလဲကြ"
ထိုအသံသည္ ငရဲမွ တက္လာေသာ အသံႏွင့္ ဆင္တူၿပီး ဘုရားေက်ာင္းနံရံမ်ားအား ၿပိဳက်လုမတတ္ ျဖစ္သြားရသည္။
ေအာ္သံမ်ားက ဘုရားေက်ာင္းအတြင္းရွိ သိုင္းပညာရွင္မ်ားအားလုံးကို ထိတ္လန႔္သြားေစခဲ့သည္။ ခ်က္ခ်င္းဆိုသလိုပင္ မ်ားစြာေသာ သန္မာၿပီး ၾကမ္းၾကဳတ္သည့္သူမ်ား အခန္းအျပင္ဘက္၌ ေရာက္ရွိလာၾကသည္။
ထို႔ေနာက္ သူတို႔က ၾကမ္းျပင္ေပၚ ဒူးေထာက္ခ်၍ ေၾကာက္လန႔္ေနေသာ မ်က္ႏွာမ်ားျဖင့္ ၿပိဳင္တူ ေျပာလိုက္ၾကသည္။
"သခင္ႀကီး"
သူတို႔ ထိုလူႏွင့္ နီးကပ္လာသည္ႏွင့္အမွ် သူတို႔ ေၾကာက္လန႔္ကာ တုန္ယင္လာၾကသည္။ မ်က္စိတစ္မွိတ္အတြင္းမွာပင္ လွ်ိဳ႕ဝွက္ေဆြးေႏြးခန္း အျပင္ဘက္၌ ဒ႑ာရီအဆင့္ သိုင္းပညာရွင္ ဆယ္ေယာက္ ဦးေဆာင္ေသာ လူအေယာက္ တစ္ရာေက်ာ္ခန႔္ ဒူးေထာက္ေနၾကသည္။
အင္အားအနည္းဆုံးသူမ်ားေတာင္မွ ဒ႑ာရီတစ္ပိုင္းအဆင့္ႏွင့္ ဆရာသခင္ အထြတ္အထိပ္အဆင့္ ရွိၾကသူမ်ား ျဖစ္ေနသည္။
အကယ္၍ သူတို႔အင္အားစုကိုသာ အမ်ားသိေအာင္ ထုတ္ေဖာ္လိုက္ပါက တစ္ကမာၻလုံး အႀကီးအက်ယ္ ထိတ္လန႔္သြားေလာက္ေပ၏။
သို႔ေသာ္ ယခုအခ်ိန္တြင္ သိုင္းပညာရွင္ေပါင္းမ်ားစြာက အလြန္ ထိတ္လန႔္ေနေသာ မ်က္ႏွာထားျဖင့္ ၾကမ္းျပင္ေပၚ ဒူးေထာက္၍ ဝပ္တြားေနၾကသည္။
"မဟူရာသခင္ … ငါ့သား ဘယ္မွာလဲ"
ခက္ထန္ေသာ အသံတစ္သံက လွ်ိဳ႕ဝွက္ေဆြးေႏြးခန္းအတြင္းမွ ပ်ံ႕ႏွံ႔လာသည္။ ဒ႑ာရီအဆင့္ သိုင္းပညာရွင္တစ္ေယာက္က နဖူးမွ ေခြၽးဒီးဒီးက်ကာ အလြန္ ထိတ္လန႔္ေနေသာ မ်က္ႏွာထားျဖင့္ ျပန္ေျဖလာသည္။
"သခင္ႀကီး … သခင္ေလးက ဟြာရွႏိုင္ငံကို ေရာက္ေနတာပါ … လြန္ခဲ့တဲ့ နာရီအနည္းငယ္တုန္းက ရတဲ့ သတင္းအရဆို သခင္ေလးက က်န္းနန္စီရင္စုေဒသက က်န္းရွီၿမိဳ႕မွာ ရွိေနရမွာပါ"
*က်န္းရွီၿမိဳ႕*
ထိုၿမိဳ႕နာမည္ကို ၾကားလိုက္ရသည္ႏွင့္ လွ်ိဳ႕ဝွက္ေဆြးေႏြးခန္းအတြင္းမွ လူက အလြန္ ေၾကာက္မက္ဖြယ္ေကာင္းေသာ ေလသံျဖင့္ ေျပာလာ၏။
"အရင္ရက္က ကုန္းက်န႔္ထ်န္းနဲ႔ အျခားဂိုဏ္းခြဲေလးခုက သိုင္းပညာရွင္ေတြ က်န္းရွီၿမိဳ႕မွာ တိုက္ခိုက္ရင္း ေသသြားခဲ့တာကို ငါ သတိရၿပီ"
သူ႔စကားေၾကာင့္ မဟူရာသခင္က တစ္ခ်က္ တုန္ယင္သြားၿပီး ေခါင္းညိတ္လိုက္သည္။
"ဟုတ္ပါတယ္ … သခင္ႀကီး"
"အေရွ႕အာရွ ဂိုဏ္းခြဲက ပုန္ကန္ၿပီးေတာ့ က်န္းရွီၿမိဳ႕က လူငယ္တစ္ေယာက္ကို သူတို႔ရဲ႕ သခင္ႀကီးအျဖစ္ သက္မွတ္လိုက္ၾကပါတယ္ …. ကုန္းက်န႔္ထ်န္း ဦးေဆာင္ၿပီး ဂိုဏ္းခြဲေလးခုက ထိပ္တန္း သိုင္းပညာရွင္ေတြနဲ႔ က်န္းရွီၿမိဳ႕ကို သြားခဲ့တာပါ … ေနာက္ဆုံးမွာေတာ့ သူတို႔အားလုံး အသတ္ခံလိုက္ရပါတယ္"
မဟူရာသခင္ သတင္းပို႔လို႔အၿပီး၌ လွ်ိဳ႕ဝွက္ေဆြးေႏြးခန္း အျပင္ဘက္ရွိ စႀကႍတစ္ခုလမ္းသည္ မုန္တိုင္းမလာခင္ ေလၿငိမ္သကဲ့သို႔ တိတ္ဆိတ္ ၿငိမ္သက္လို႔ေန၏။
ေတာက္! ေတာက္!
သိုင္းပညာရွင္မ်ား၏ နဖူးမွ ေခြၽးမ်ားက တေတာက္ေတာက္ႏွင့္ စီးက်ေန၏။
သူတို႔သခင္ႀကီး၏ ေဒါသကို သူတို႔ သတိျပဳမိပါသည္။ သူတို႔ သခင္ႀကီး ေဒါသူပုန္ထေနမွန္း သူတို႔ ရိပ္စားမိသည္။
မဟူရာ ဧကရာဇ္ ေဒါသထြက္လာလ်င္ သူသည္ မိုင္တစ္ေသာင္းအတြင္းရွိ သိုင္းပညာရွင္အားလုံးကို ရွင္းလင္းပစ္ႏိုင္သည္။
အေတာ္ၾကာၿပီးေနာက္ အလြန္ ခက္ထန္ေသာ အသံက ျပန္လည္ထြက္ေပၚလာသည္။
"ငါ့သားက တေစၦက်င့္စဥ္မွာ ထူးခြၽန္တယ္ … ဒ႑ာရီအဆင့္ေတြေတာင္ သူ႔ကို မသတ္ႏိုင္ဘူး … ဒါ ယဲ့ဖန္ပဲ ျဖစ္ရမယ္"
သူ႔အသံက အံ့ဩစရာေကာင္းေလာက္ေအာင္ ေပ်ာ္႐ႊင္ေနပုံေပါက္သည္။
"ယဲ့ဖန္ … မင္း ငါ့သားကိုေရာ ငါ့လူေတြကိုပါ သတ္ခဲ့တယ္ … ငါ မင္းကို ေသခ်င္တယ္ကြ"
သူ၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ အသံေၾကာင့္ သိုင္းပညာရွင္မ်ား ေခါင္းကို ငုံ႔ကာ တစ္ကိုယ္လုံး ၾကက္သီးတျဖန္းျဖန္း ထကာ ကတုန္ကယင္ ျဖစ္လာၾကသည္။
ထို႔ေနာက္ သူတို႔သည္ သူတို႔၏ ခံယူခ်က္ကို ၿပိဳင္တူ ေျပာလိုက္ၾကသည္။
"ကြၽန္ေတာ္တို႔ သခင္ႀကီးေနာက္ကို လိုက္ၿပီး က်န္းရွီၿမိဳ႕ကို ရွင္းလင္းပစ္ၿပီး ယဲ့ဖန္ကို သတ္ပစ္ခ်င္ပါတယ္"
သူတို႔၏ နားကြဲမတတ္ ေအာ္သံမ်ားက ငလ်င္ေတာင္ လႈပ္ေစမတတ္ ျဖစ္သြားရသည္။ သိုင္းပညာရွင္တိုင္း၏ မ်က္လုံးမ်ားမွ သန္မာ၍ ျပင္းထန္ေသာ ခ်ီဓာတ္မ်ား ထြက္ေပၚေန၏။
သူတို႔စကားေၾကာင့္ အေမွာင္ခန္းထဲ၌ ထိုင္ေနေသာ လူက မေကာင္းဆိုးဝါးေလသံျဖင့္ ေျပာလိုက္သည္။ "ငါ လဝက္အတြင္း ထြက္လာခဲ့မယ္"
"ငါ့အမိန႔္ကို ျဖန႔္လိုက္ … အေစခံ ခုနစ္ေယာက္ကို စုစည္းၿပီးေတာ့ တစ္ကမာၻလုံးက ဂိုဏ္းခြဲအားလုံးကို စုစည္းလိုက္ … ဟြာရွႏိုင္ငံကို ငါနဲ႔ လိုက္ခဲ့ၿပီး ယဲ့ဖန္ကို သတ္ၾကမယ္"
အမိန႔္ကို လက္ခံရလိုက္သည္ႏွင့္ သိုင္းပညာရွင္မ်ား စိတ္အားတက္ႂကြလာကာ က်ယ္ေလာင္စြာ ဟစ္ေအာ္လာၾကသည္။
"ဟုတ္ကဲ့ပါ သခင္ႀကီး"
….
က်န္းရွီၿမိဳ႕ရွိ ယဲ့ဖန္အိမ္ေတာ္၏ အခန္းတစ္ခန္းထဲ၌ ႐ုတ္တရက္ တဖ်စ္ဖ်စ္ တေဖ်ာက္ေဖ်ာက္ ျမည္သံမ်ား ပဲ့တင္ထပ္လာသည္။
ထိုအခ်ိန္တြင္ အခန္းထဲ၌ သက္ေစာင့္စြမ္းအင္မ်ား ေပါမ်ားစြာ ျပည့္လွ်ံ႕လ်က္ ရွိေနသည္။
"ဒါ လတ္ဆတ္တဲ့ ခ်ီဓာတ္ပဲ"
လင္းလန္၊ အန္းရွီ ႏွင့္ ၿခံဝန္းထဲရွိ အျခားေနာက္လိုက္မ်ား တက္ႂကြလာၾကသည္။ ေပါမ်ားေသာ ခ်ီဓာတ္မ်ားကို စုပ္ယူၿပီးေနာက္ သူတို႔ တစ္ကိုယ္လုံး လန္းဆန္းသြားသလို ခံစားရၿပီး ခြန္အားမ်ား ပို၍ တိုးလာသလို ခံစားလိုက္ရသည္။
ထို႔ေနာက္ ေဘးပတ္ဝန္းက်င္မွ သစ္ပင္ပန္းမန္မ်ား အလြန္အမင္း ႀကီးထြားလာသည္ကို သူတို႔ ျမင္လိုက္ရသည္။
သစ္ပင္မ်ားသည္ စင္တီမီတာ ႏွစ္ဆယ္ထပ္ ပို၍ ထူထပ္ၿပီး အရွိန္ျပင္းျပင္းႏွင့္ ရွည္လ်ား ျမင့္မားလာသည္။
အကိုင္းအခက္မ်ားႏွင့္ အ႐ြက္မ်ားက ပို၍ က်ယ္ျပန႔္လာၿပီး သစ္ပင္အေၾကာမ်ားလည္း မေလွ်ာ့တမ္း ဖုေဖာင္းလာ၏။
စကၠန႔္အနည္းငယ္အတြင္းမွာတင္ ၿခံဝန္းထဲရွိ သစ္ပင္မ်ားအားလုံး မိုးထိမတတ္ ျမင့္တက္လာသည္။
ႏွစ္တစ္ေထာင္နီးပါး သက္တမ္းရွိေသာ မိုးထိမတတ္ သစ္ပင္မ်ားႏွင့္ ေတာအုပ္ႀကီးကဲ့သို႔ ျဖစ္ေနၿပီး ၿခံဝန္းတစ္ခုလုံးသည္ ထိတ္လန႔္ဖြယ္ေကာင္းေသာ ခ်ီဓာတ္မ်ားႏွင့္ ျပည့္ႏွက္လို႔ေန၏။
မၾကာခင္မွာပင္ သစ္ပင္ပန္းမန္မ်ားသည္ လူ႔တစ္ရပ္နီးပါးထက္ ျမင့္တက္လာသည္။ ပန္းပင္မ်ားအားလုံးသည္ လန္းဆန္းလို႔ေနၿပီး ရနံ႔မ်ားႏွင့္ ေမႊးႀကိဳင္လို႔ေန၏။
ဤကဲ့သို႔ ႐ုတ္တရက္ ေျပာင္းလဲသြားမႈေၾကာင့္ ၿခံဝန္းထဲရွိ လူတိုင္း ထိတ္လန႔္သြားၾကသည္။
"ဒါ…ဒါ ေမြးရာပါ စိတ္ဝိညာဥ္ ခႏၶာကိုယ္ အဆင့္တက္သြားတာရဲ႕ အက်ိဳးရလဒ္မ်ားလား"
မည္သူမွ် ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ၾကပါ။ သို႔ေသာ္ သည္ေလာက္ႏွင့္ မၿပီးေသးပါ။
တေဖ်ာက္ေဖ်ာက္ ျမည္သံမ်ားက ဆက္တိုက္ ထြက္ေပၚလာၿပီးေနာက္ သူတို႔၏ တက္ႂကြေသာ ဟစ္ေအာ္သံမ်ားက ေနာက္မွ ကပ္၍ ပဲ့တင္ထပ္ကာ ထြက္ေပၚလာသည္။
ဒ႑ာရီတစ္ပိုင္းအဆင့္ သိုင္းပညာရွင္တစ္ေယာက္သည္ အလြန္ အံ့ဩသြားရသည္။ သူသည္ ယဲ့ဖန္၏ ေနာက္လိုက္မ်ားထဲတြင္ ဒ႑ာရီအဆင့္သို႔ တက္သြားႏိုင္သည့္ ကိုးေယာက္ေျမာက္ သူလည္း ျဖစ္သည္။
အျခားသူမ်ားက သူ႔ကို အလ်င္အျမန္ ဝမ္းေျမာက္စကား ေျပာဆိုၾကသည္။ သို႔ေသာ္ ဤသည္ကား အစသာ ရွိေခ်ေသးသည္။
တေဖ်ာက္ေဖ်ာက္ ျမည္သံမ်ားက တစ္ခုၿပီးတစ္ခု ထြက္ေပၚလာသည္။
သိုင္းပညာရွင္မ်ား တစ္ေယာက္ၿပီးတစ္ေယာက္ လက္ရွိအဆင့္မွ အဆင့္သစ္တို႔ တက္ေရာက္ သြားၾကသည္။
"ဒ႑ာရီတစ္ပိုင္းအဆင့္ …ဟားဟား … ေနာက္ဆုံးေတာ့ ငါက ဒ႑ာရီတစ္ပိုင္းအဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီ"
"ေသာက္က်ိဳးနည္း …. ငါ့ခ်ီဓာတ္ေတြက ေကာင္းကင္အထိ ထိုးတက္သြားမလားလို႔ေတာင္ ငါ ခံစားမိတယ္ … ဆရာသခင္ အလယ္အလတ္အဆင့္ ၊ ဆရာသခင္ ေနာက္ဆုံးအဆင့္ ၊ ဆရာသခင္ အထြတ္အထိပ္အဆင့္ … ေသစမ္းကြာ"
….
ၿခံဝန္းထဲ၌ က်ယ္ေလာင္စြာ ေျပာဆိုေနသံမ်ား ဆက္တိုက္ ထြက္ေပၚလို႔ေနသည္။
ေမြးရာပါ စိတ္ဝိညာဥ္ ခ်ီဓာတ္ က်ဲပါးလာခ်ိန္တြင္ ၿခံဝန္းထဲရွိ သိုင္းပညာရွင္မ်ားအားလုံး အႀကီးအက်ယ္ အက်ိဳးအျမတ္ ရသြားၾကၿပီ ျဖစ္သည္။
သူတို႔အားလုံး၏ ခြန္အားမ်ားသည္ အလြန္ အံ့ဩဖြယ္ေကာင္းသည့္ ႏႈန္းထားျဖင့္ တိုးတက္သြားခဲ့ၿပီ ျဖစ္သည္။
ဒ႑ာရီအဆင့္ သိုင္းပညာရွင္ ဆယ္ေယာက္၊ ဒ႑ာရီတစ္ပိုင္းအဆင့္ အေယာက္ ႏွစ္ဆယ္၊ ဆရာသခင္ အထြတ္အထိပ္အဆင့္ႏွင့္ ဆရာသခင္ ေနာက္ဆုံးအဆင့္ အေယာက္ ႏွစ္ရာေလးဆယ့္တစ္ေယာက္အထိ ရွိသြားၿပီ ျဖစ္သည္။
မည္မွ် တုန္လႈပ္ေခ်ာက္ခ်ားဖြယ္ ေကာင္းလိုက္သည့္ အင္အားပါလိမ့္။
ကြၽိခနဲ ျမည္သံႏွင့္အတူ အိမ္ထဲမွ ယဲ့ဖန္ႏွင့္ ဖန႔္ယင္းတို႔ ထြက္လာၾကသည္။ တေစၦမ်ိဳးေစ့ထဲရွိ ႂကြယ္ဝသည့္ တေစၦခ်ီဓာတ္မ်ားကို စုပ္ယူၿပီးေနာက္ ယဲ့ဖန္သည္ ပို၍ ဆန္းၾကယ္လာသည္။
သူ၏ လႈပ္ရွားမႈတိုင္းက အႏၲရာယ္ရွိပုံ ေပၚလာသည္။
တေစၦ သေႏၶသားေလာင္းအား ဝါးမ်ိဳၿပီးေနာက္ ဖန႔္ယင္းသည္ သာမန္လူအဆင့္မွ ဆရာသခင္အဆင့္သို႔ ညတြင္းခ်င္း အဆင့္တက္သြားသည္။
အလြန္ ထိတ္လန႔္ဖြယ္ေကာင္းလွသည့္ ေမြးရာပါ စိတ္ဝိညာဥ္ ခႏၶာကိုယ္ပါတကား။
သို႔ေသာ္ ထိုအခ်ိန္တြင္ သူတို႔ ခပ္သုတ္သုတ္ လွမ္းလာသည့္ ေျခသံအခ်ိဳ႕ကို ၾကားလိုက္ရသည္။
ၿခံဝန္းအျပင္ဘက္အား ေစာင့္ၾကပ္ေနသည့္ ညအဖြဲ႕ဝင္သား တစ္ေယာက္သည္ ယဲ့ဖန္ထံသို႔ ခပ္သြက္သြက္ ေျပးလာေနၿပီး ေျပာလာသည္။
"သခင္ႀကီး ယန္က်င့္ၿမိဳ႕ကေန စိန္ေခၚစာတစ္ေစာင္ ရလာပါတယ္"
*ဘာ*
သူ႔စကားေၾကာင့္ ၿခံဝန္းထဲရွိ လူတိုင္း ခ်က္ခ်င္း မ်က္ႏွာပ်က္သြားၾကသည္။ ယဲ့ဖန္ေတာင္မွ တစ္ခဏမွ် အံ့ဩသြားသည္။
ထို႔ေနာက္ စာကိုယူ၍ ဖတ္ၾကည့္လိုက္ေသာအခါ တ႐ုတ္လို ေရးသားထားေသာ စာတစ္ခ်ိဳ႕ကို ေတြ႕လိုက္ရသည္။
____ ကိုရီးယားႏိုင္ငံမွ နံပါတ္တစ္ ဒ႑ာရီအဆင့္ သိုင္းပညာရွင္ ေဖ်ာင္ထိုက္ရွင္းႏွင့္ ေနာက္ ဒ႑ာရီအဆင့္ ေျခာက္ေယာက္တို႔က ငါ့သား ေဖ်ာင္က်င္းေတ်ာင္နဲ႔ ငါ့ေျမး ေဖ်ာင္က်ိဳးယိုတို႔ ေသဆုံးမႈအတြက္ ဟြာရွႏိုင္ငံက သိုင္းပညာရွင္အားလုံးကို စိန္ေခၚတယ္
____ ဟြာရွႏိုင္ငံက သိုင္းပညာရွင္ေတြ အားလုံးကို သတ္ၿပီး ငါ့သားနဲ႔ ငါ့ေျမးတို႔ရဲ႕ ေသဆုံးျခင္းအတြက္ လက္စားေခ်မယ္
____ လူသတ္သမား ယဲ့ဖန္ကို ငါတို႔နဲ႔ ယွဥ္ၿပိဳင္တိုက္ခိုက္ဖို႔အတြက္ သုံးရက္ ေစာင့္မယ္
____ အႏိုင္ရတဲ့သူပဲ အသက္ရွင္မယ္
____ မင္း မလာရင္ ငါတို႔ ဟြာရွႏိုင္ငံရဲ႕ အျခားေဒသက သိုင္းပညာရွင္ေတြကို သုတ္သင္ပစ္မယ္၊ ငါတို႔ က်န္းရွီၿမိဳ႕ကို ရွင္းလင္းပစ္ၿပီး မင္းကို သတ္မယ္
မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ ေသြးမ်ားႏွင့္ ေရးထားေသာ စာလုံးတစ္လုံးက စာေစာင္၏ ေအာက္ေျခ၌ ေရးသားထားသည္။
____ ေသေစရမယ္

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now