Chapter 246

1.4K 155 3
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (17) Chapter (246) လက်စသတ်တော့ …. ရှင်ကိုး
နေ့ခင်းပိုင်းတွင် ယန်ကျင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ လေယာဉ်တစ်စီး ဆိုက်ကပ်လာသည်။ ထိုလေယာဉ်၏ VIP လိုင်းမှ အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက် ဆင်းလာသည်။
ယဲ့ဖန် တစ်ယောက်တည်း လာရမည်ဖြစ်သော်လည်း ယန်ကျင့်မြို့ရှိ ပင်မ ယဲ့ကလန်မှ ဆင့်ခေါ်စာတစ်စောင် ယဲ့ဖန့်ချန် ရရှိခဲ့သည်။
"ယဲ့ဖန် ကျန်းရှီမြို့က ငါတို့ရဲ့ ယဲ့ကလန်ခွဲက ယန်ကျင့်မြို့ကနေ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ထွက်လာခဲ့တာ၊ ဒီလောက်နှစ်တွေ အကြာကြီးနေမှ ပင်မကလန်က ငါတို့ကို ဆင့်ခေါ်တာ ဒါ ပထမဆုံးပဲ"
ယဲ့ဖန့်ချန်သည် အလွန် စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး ပင်မ ယဲ့ကလန်၏ ဆင့်ခေါ်ခြင်း ခံရသည်ကို အလွန် ဂုဏ်ယူရသည့် အရာကဲ့သို့ တွေးတော ပြုမူနေသည်။
ထိုသို့ပြောပြီးနောက် ယဲ့ဖန့်ချန်က တစ်ဘက်လှည့်ကာ ယဲ့ဖန်အား ပြောလိုက်သည်။
"တကယ်တော့ ပင်မ ယဲ့ကလန်က ငါတို့ကို ဆင့်ခေါ်ရတဲ့ အဓိက အကြောင်းရင်းက မင်းကြောင့်ပဲ"
"ကျွန်တော့်ကြောင့်လား"
ယဲ့ဖန် တစ်ခဏမျှ တွေဝေသွားပြီးမှ မျက်မှောင်ကြုတ်သွားရသည်။
"ပင်မ ယဲ့ကလန်က မင်းအကြောင်းတွေ ကြားသွားတယ်လေ၊ သူတို့က မင်းကို ပင်မ ယဲ့ကလန်ထဲ ဝင်စေချင်နေတယ်"
ယဲ့ဖန့်ချန်က အလွန် စိတ်လှုပ်ရှားနေဟန်ဖြင့် ပြောလာသည်။ သို့သော် သူ့စကားကြောင့် ယဲ့ဖန်က နှုတ်ခမ်းတွန့်ရှုံလေး ပြုံးလိုက်သည်။
ပင်မယဲ့ကလန်နှင့် ပူးပေါင်းဖို့ သူ လုံးလုံးလျားလျား စိတ်မဝင်စားပါ။
သူ ယန်ကျင့်မြို့သို့ လာခြင်းက အနာဂတ်တွင် ခြိမ်းခြောက်မှုများ ဖြစ်လာမည်စိုး၍ ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင် ဖျောင်ထိုက်ရှင်းအား သတ်ဖြတ်ရန် ဖြစ်သည်။
"လမ်းဖယ်စမ်း … ဖယ်စမ်း"
ဖျောင်ထိုက်ရှင်းအား သတ်ရန် ယဲ့ဖန် အတွေးနက်နေစဉ်တွင် ကျောဘက်မှ မနှစ်မြို့ဖွယ်ကောင်းသော အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
ထို့နောက် နေကာမျက်မှန်နှင့် မိန်းမလှလေးတစ်ယောက်က သူမ၏ ခရီးဆောင် လက်ဆွဲသေတ္တာဖြင့် ယဲ့ဖန့်ချန်၏ ခန္ဓာကိုယ်အား ဝင်ဆောင့်သွားသည်။
ဒုန်း!
သူ၏ ကျင့်ကြံခြင်းအဆင့်က မြင့်သော်ငြားလည်း ယဲ့ဖန့်ချန်သည် အတော်လေး အသက်ကြီးနေပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် ယိမ်းထိုး၍ ကြမ်းပြင်ပေါ် လဲကျမလို ဖြစ်သွားရသည်။
မိန်းမပျိုလေးသည်လည်း အရှိန်လွန်၍ သူမ၏ ခရီးဆောင် လက်ဆွဲသေတ္တာ နှင့်အတူ ကြမ်းပြင်ပေါ် လဲကျသွားသည်။
ယဲ့ဖန့်ချန်သည် အလွန် ထိတ်လန့်သွားဟန်ဖြင့် ပြောဆိုလိုက်သည်။
"ကလေးမလေး …ကျုပ် တောင်းပန်ပါတယ် … မင်း အဆင်ပြေရဲ့လား"
ထို့နောက် သူက ရှေ့သို့ လျှောက်လာကာ မိန်းမပျိုလေးကို ဆွဲထူမပေးရန် ပြင်လိုက်သည်။
ဖြန်း!
သို့သော် သူ လက်ဆန့်ပေးလိုက်ပြီး မကြာခင်မှာပင် မိန်းမပျိုလေးက သူ့အား ပါးချလိုက်သည်။
ထို့နောက် ထိုမိန်းမပျိုလေးက လွှားခနဲ ခုန်ထ၍ ယဲ့ဖန့်ချန်အား လက်ညှိုးငေါက်ငေါက်ထိုးကာ ဆဲဆိုလေတော့သည်။
"သောက်ခွေးအိုကြီး … ရှင် နားလေးနေလား … ကျွန်မ ရှင့်ကို လမ်းဖယ်ဖို့ ပြောနေခဲ့တာလေ … ရှင် မကြားဘူးလား"
"ကျွန်မ ဒူးခေါင်းနာသွားပြီ … ကျွန်မရဲ့ ခရီးဆောင် လက်ဆွဲသေတ္တာကလည်း ပျက်စီးတော့မလို ဖြစ်သွားပြီ … သောက်…သောက် အကန်း ခွေးအိုကြီး … သေစမ်းဟာ … ကျွန်မ ရှင့်ကို သင်ခန်းစာ ကောင်းကောင်းပေးမှ ရမယ်"
ထို့နောက် မိန်းမပျိုလေးက လက်မြှောက်ကာ ယဲ့ဖန့်ချန်အား အားနှင့် ရိုက်ရန် ရွယ်လိုက်သည်။
ဖြန်း!
ကျယ်လိုက်သည့် အသံပါလား။
သို့သော် ယဲ့ဖန့်ချန်က ယခင်အတိုင်း ဒဏ်ရာမရဘဲ ရပ်မြဲတိုင်း ရပ်နေသည်။ သူ့အစား မိန်းမပျိုလေး၏ မျက်နှာပေါ်၌ နီရဲနေသော လက်ဖဝါးရာကြီးက အထင်းသား ရှိနေသည်။
မိန်းမပျိုလေး၏ နေကာမျက်မှန်သည် ခပ်ဝေးဝေးသို့ လွင့်ထွက်သွားပြီး သူမ ပါးစပ်ထောင့်မှ သွေးများ စီးကျလို့နေ၏။
မိန်းမပျိုလေး တအံ့တဩဖြစ်သွားရသည်။
ယဲ့ဖန်အား တွေဝေစွာ ငေးကြည့်နေရင်း သည်ခွေးကောင်က သူမအား ပါးရိုက်လိမ့်မည်ဟု ထင်မှတ်မထားမိပါ။
"နင်….နင် ငါ့ကို ရိုက်တယ် ဟုတ်လား … ငါနင်နဲ့ အသေအကြေ ချမယ်ဟဲ့ သူတောင်းစားရဲ့"
အဖြစ်အပျက်ကို သတိထားမိပြီးနောက် မိန်းမပျိုလေးက အလွန် ဒေါသထွက်သွားသည်။ ချက်ချင်း သူမက သွားဖြဲပြကာ လက်ရွယ်၍ ယဲ့ဖန်ထံသို့ တိုးဝင်လာသည်။
ဖြန်း!
သူမ၏ လက်သည်းများက ယဲ့ဖန်ကို မထိမိခင်မှာပင် သူမ နောက်တစ်ခါ အဝေးသို့ လွင့်ထွက်သွားပြန်၏။
ဤမြင်ကွင်းကြောင့် ယဲ့ဖန့်ချန် အလွန် မှင်တက်သွားပြီး အသည်းအသန် ဟစ်အော်၍ ယဲ့ဖန်အား တားလိုက်သည်။
"ယဲ့ဖန် …. ရပ်လိုက် … သူက မိန်းကလေးလေကွာ"
ထိုအခါ ယဲ့ဖန်က အေးစက်စက် မျက်လုံးများနှင့် ကြည့်ကာ အထင်သေးသည့် မျက်နှာထိ မျက်နှာထားဖြင့် ပြောလိုက်သည်။
"မိန်းမလား … ကျွန်တော့် မျက်လုံးထဲမှာတော့ မိန်းကလေး အမျိုးအစားက နှစ်မျိုးပဲ ရှိတယ် … အရှက်ရှိတဲ့ မိန်းကလေးနဲ့ အရှက်မရှိတဲ့ မိန်းကလေးပဲ"
"သူမက အဘိုးကို ဝင်တိုက်တယ် … ဒါပေမယ့် သူမက နောင်တ မရဘူး အဲ့အစား ဆင်ခြေတောင် ပေးနေသေးတယ် .. သူမက အရှက်ကို မရှိဘူး"
"သူမက လူကြီးတွေကို မလေးစားဘူး၊ အဲ့အစား သူက ဆဲဆိုပြီး အကြီးကို ရိုက်တယ်၊ ဒါ တော်တော်လေး ထိန်းမနိုင် သိမ်းမရ ဖြစ်ပြီး အရှက်မဲ့တာပဲ"
ထို့နောက် ယဲ့ဖန်က ထိုမိန်းမပျိုအား အထင်သေးသော မျက်နှာထားဖြင့် ကြည့်ကာ ဆက်ပြောလာသည်။
"ဒီလောက် အရှက်မရှိတဲ့ မိန်းမကို ဘာလို့ ကျွန်တော်က မရိုက်နိုင်ရမှာလဲ"
သူ့စကားကြောင့် ထိုမိန်းမပျိုလေး ချက်ချင်း ဒေါပွသွားရသည်။
နိုင်ငံခြားမှ ယခုလေးတင် ပြန်ရောက်လာပြီး အလွန် အသားအရည် ဖြူဖွေး၍ ချမ်းသာသော မိန်းမလှလေး ဖြစ်သည့် လူတိုင်း၏ မျက်လုံးထဲတွင် ပုလဲလုံးလေးကဲ့သို့ အဖိုးတန်လှပေသည်။
သူမ အရိုက်ခံရပြီး အပြောခံရသည်က ယခုမှ ပထမဆုံးအကြိမ် ထိုကဲ့သို့ ပြုမူခံရခြင်း ဖြစ်သည်။
"ခွေးကောင်လေး … နင်… နင်က သိပ်တော်နေတယ်ပေါ့လေ … နင်နဲ့ငါနဲ့ ကြားက ရန်ပွဲက ဒီလောက်နဲ့ မပြီးသွားဘူး … ကြည့်ကြသေးတာပေါ့"
မိန်းမပျိုလေးက ရှက်ကိုးရှက်ကန်း အမူအရာဖြင့် လဲနေရာမှ ပြန်ထကာ ယဲ့ဖန်အား အလွန် မုန်းတီးဟန်ဖြင့် ကြည့်ပြီး လေဆိပ်ထွက်ပေါက်ရှိရာသို့ ခပ်သုတ်သုတ် ထွက်သွားလေသည်။
ထိုမိန်းမပျိုလေး ထွက်သွားသည်ကို ကြည့်ရင်း ယဲ့ဖန့်ချန်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
"ယဲ့ဖန် …. သူ့နောက်ခံ အသိုင်းအဝိုင်းက တော်တော်လေး ကြီးမယ်လို့ ဘိုးဘိုး ထင်တယ်နော်"
သူ့စကားကြောင့် ယဲ့ဖန်က အသာပြုံး၍ ပြောလိုက်သည်။
"ဒါပေါ့ …. သူက ယဲ့မိသားစုဝင်ပဲကို"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် ယဲ့ဖန့်ချန် တွေတေသွားပြီး သိချင်စိတ်ဖြင့် မေးလိုက်သည်။
"ဘယ်…ဘယ်လိုလုပ် မင်းက အဲ့ဒါကို သိတာလဲ"
"သူမလည်ပင်းပေါ်က အသက်ရှည်စေတဲ့ လည်ဆွဲပေါ်မှာ တွေ့လိုက်တာလေ … အဲ့ပေါ်မှာ ယဲ့ဆိုတဲ့ စာလုံးကို ပါနေတယ်"
ယဲ့ဖန်က အလွန် ဆိုးရွားသော အပြုံးမျိုး ပြုံး၍ ပြောလိုက်သည်။
"သူမက ပင်မယဲ့ကလန်ရဲ့ တိုက်ရိုက်မျိုးဆက်က သခင်မလေး ဖြစ်မယ်ထင်တယ်"
သူ့စကားကြောင့် ယဲ့ဖန့်ချန်က သက်ပြင်းချ၍ ပြောလိုက်မိသည်။
"ဟူး …. ယန်ကျင့်မြို့ကို ရောက်လာခါစမှာကတည်းက ယဲ့ကလန်က သခင်မလေးတစ်ယောက်ကို ရန်စမိလိမ့်မယ်လို့ ငါ မထင်ထားခဲ့မိဘူး … ယဲ့ဖန် မင်း သူမ နောက်ခံကို သိနေမှတော့ ဘာလို့ သူမကို ရိုက်နေသေးရတာလဲ"
"သူမကို ရိုက်တယ် ဟုတ်လား"
ယဲ့ဖန်က ခေါင်းခါ၍ အလွန် ရက်စက်သော သရော်ပြုံးဖြင့် ပြောလိုက်သည်။
"မဟုတ်ဘူး …. သူမ ကံကောင်းတယ်လို့တောင် တွေးသင့်နေတာ … သူမက ယဲ့မိသားစုဝင်သာ မဟုတ်လို့ကတော့ သူမ အဘိုးကို ရိုက်ဖို့ ရွယ်ကတည်းက ကျွန်တော် သူ့ကို သတ်ပစ်လိုက်ပြီ"
သူ့စကားကြောင့် ယဲ့ဖန့်ချန် ကတုန်ကယင် ဖြစ်သွားရသည်။ ယခုအခါမှသာ သူ၏ အဖိုးတန်မြေးလေးက နတ်ဆိုးတစ်ကောင် ဖြစ်နေသည်ကို သူ သတိပြုမိသွားသည်။
သူ့မြေး၏ မျက်လုံးထဲတွင် သာမန်လူများသည် ပုရွက်ဆိတ်သာသာမျှသာ ဖြစ်သည်။
….
ထိုအချိန်တွင် Bentley တံဆိပ် ဇိမ်ခံကားတစ်စီးသည် လေဆိပ်အပြင်ဘက် ထွက်ပေါက်၌ ရပ်နားထားပြီး ဟွာရှနိုင်ငံ ရိုးရာ ဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်သည် နဂါးကဲ့သို့ သန်မာသော သက်တော်စောင့်အချို့နှင့် ငြိမ်သက်စွာ စောင့်ဆိုင်းလို့နေ၏။
သူတို့၏ အင်္ကျီပေါ်၌ ယဲ့ ဟူသော စာလုံးအား ပန်းထိုးထားသည်။ မိန်းမပျိုလေးကို မြင်သည်နှင့် သူတို့၏ မျက်လုံးများက ချက်ချင်း တောက်ပလာသည်။
ဟွာရှ ရိုးရာ ဝတ်စုံနှင့် အဘိုးအိုက ရှေ့သို့ ခပ်သွက်သွက် လျှောက်လာပြီး သူမကို နှုတ်ဆက်လိုက်သည်။
"သခင်မလေး … ဘဏ္ဍာထိန်း ယဲ့စန်းက သခင်မလေး အမိနိုင်ငံကို ပြန်လာတဲ့အတွက် ကြိုဆိုပါတယ်"
ထိုသို့ပြောပြီးနောက် အဘိုးအိုက တစ်ခဏမျှ အံ့ဩသွားပြီး မေးလာသည်။
"သခင်မလေး … သခင်မလေး မျက်နှာက … ဘာ … ဘာဖြစ်လာတာလဲ"
ယခုအခါမှ ဘဏ္ဍာထိန်း အဘိုအိုးက မိန်းမပျိုလေး၏ မျက်နှာသည် ပါးရိုက်ခံထားရသကဲ့သို့ နီမြန်းနေသည်ကို သတိထားလိုက်မိသည်။
သူ့စကားကြောင့် မိန်းမပျိုလေး၏ လှပသော မျက်လုံးများက မီးဝင်းဝင်းတောက်လာကာ အလွန် မုန်းတီးနေဟန်ဖြင့် ပြောလာသည်။
"တတိယဘိုးဘိုး … လူဆိုးကောင် တစ်ကောင်က သမီးကို အခုလေးတင် ရိုက်ခဲ့တာ .. သူ ထွက်လာလို့ ရှိရင် သူ့ကို ရိုက်နှက်ပေးပါ … သူ့လက်တွေကို ချိုးပစ်လိုက်"
သူမစကားကြောင့် ယဲ့စန်းနှင့် သက်တော်စောင့်များ အားလုံး တုန်ယင်သွားကာ ထိုလူငယ်လေးအတွက် ကျိတ်၍ ဆုတောင်းပေးလိုက်မိသည်။
ယဲ့ကလန်၏ စုန်းမလေးကို ရန်စမိမှတော့ ထိုကောင်စုတ်လေး၏ နေ့ရက်များက အဆုံးသတ်သွားပြီ ဖြစ်သည်။
"အိုး …. တတိယဘိုးဘိုး … ဘိုးဘိုးက ဒီကို ဘာလို့ လာတာလဲ"
မိန်းမပျိုလေးက အနည်းငယ် တွေးတောမရ ဖြစ်နေဟန်ဖြင့် မေးလာသည်။ ယဲ့စန်းသည် ယဲ့အိမ်တော်၏ ဘဏ္ဍာထိန်း ဖြစ်သော်လည်း သူမအဘိုး၏ အယုံကြည်ရဆုံး လက်အောက်ငယ်သား ဖြစ်သည်ကို သူမ သိသည်။
ယဲ့ကလန်၌ သူ၏ အဆင့်အတန်းသည် များစွာသော အာဏာရှိသူများထက်တောင် ပိုမြင့်နေသေးသည်။
ယခင်တုန်းက သူမ နိုင်ငံခြားမှ ပြန်လာတိုင်း ကလန်မှ သက်တော်စောင့် တစ်ယောက်၊ နှစ်ယောက်ကိုသာ သူမကို လာကြိုရန် စေလွှတ်လေ့ ရှိခဲ့သည်။
ယခုတစ်ခေါက်တွင်တော့ ဘဏ္ဍာထိန်း ယဲ့စန်းက စောင့်ကြိုနေသည်။ ဤသည်ကား လုံးဝ ထင်မှတ်ထားခြင်း မရှိသည့် အဖြစ်အပျက် ဖြစ်သည်။
သူမ အမေးကြောင့် ဘဏ္ဍာထိန်းက ခပ်ဖွဖွ ပြုံး၍ ပြန်ပြောလိုက်သည်။
"သခင်မလေး ကျွန်တော်တို့က သခင်မလေးကို ကြိုဖို့ လာတာ မဟုတ်ပါဘူး … တကယ်တော့ ကျွန်တော်တို့က ယဲ့ကလန်ရဲ့ ကျော်ကြားတဲ့ ဧည့်သည်ကို ကြိုဖို့ ရောက်နေကြတာပါ"
*ဘာ*
မိန်းမပျိုလေး ထိတ်လန့်သွားသည်။ ကျော်ကြားသော ဧည့်သည်များဟု ယဲ့စန်း ခေါ်ဝေါ်သော သူများ အားလုံးသည် အခြားနိုင်ငံများမှ အင်အားကြီးသော သူများ ဖြစ်ရင်ဖြစ် သို့မဟုတ်ပါက အလွန် ဩဇာညောင်းသည့် ထိပ်တန်းပုဂ္ဂိုလ်များသာ ဖြစ်သည်။
မိန်းမပျိုလေး ချက်ချင်း သိချင်စိတ် ပြင်းပြလာသည်။ ထိုအချိန်တွင် ယဲ့စန်း၏ မျက်လုံးများက တောက်ပလာကာ အော်ပြောလာသည်။
"ဟော ဟိုမှာ သူ လာပါပြီ"
ကြည့်နေသူများ၏ အကြည့်အောက်မှာပင် အဘိုးအိုတစ်ယောက်နှင့် လူငယ်တစ်ယောက် ရှေ့ပေါက်မှ ထွက်လာကြသည်။
ထိုနှစ်ယောက်ကို မြင်သည်နှင့် မိန်းမပျိုလေးသည် ချက်ချင်း တွေဝေသွားသည်။
"လက်စသတ်တော့ … နင်ကိုး"
#ZAWGYI
စာစဥ္ (17) Chapter (246) လက္စသတ္ေတာ့ …. ရွင္ကိုး
ေန႔ခင္းပိုင္းတြင္ ယန္က်င့္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေလယာဥ္တစ္စီး ဆိုက္ကပ္လာသည္။ ထိုေလယာဥ္၏ VIP လိုင္းမွ အဘိုးအိုတစ္ေယာက္ႏွင့္ လူငယ္တစ္ေယာက္ ဆင္းလာသည္။
ယဲ့ဖန္ တစ္ေယာက္တည္း လာရမည္ျဖစ္ေသာ္လည္း ယန္က်င့္ၿမိဳ႕ရွိ ပင္မ ယဲ့ကလန္မွ ဆင့္ေခၚစာတစ္ေစာင္ ယဲ့ဖန႔္ခ်န္ ရရွိခဲ့သည္။
"ယဲ့ဖန္ က်န္းရွီၿမိဳ႕က ငါတို႔ရဲ႕ ယဲ့ကလန္ခြဲက ယန္က်င့္ၿမိဳ႕ကေန လြန္ခဲ့တဲ့ ႏွစ္မ်ားစြာကတည္းက ထြက္လာခဲ့တာ၊ ဒီေလာက္ႏွစ္ေတြ အၾကာႀကီးေနမွ ပင္မကလန္က ငါတို႔ကို ဆင့္ေခၚတာ ဒါ ပထမဆုံးပဲ"
ယဲ့ဖန႔္ခ်န္သည္ အလြန္ စိတ္လႈပ္ရွားစြာ ေျပာလိုက္ၿပီး ပင္မ ယဲ့ကလန္၏ ဆင့္ေခၚျခင္း ခံရသည္ကို အလြန္ ဂုဏ္ယူရသည့္ အရာကဲ့သို႔ ေတြးေတာ ျပဳမူေနသည္။
ထိုသို႔ေျပာၿပီးေနာက္ ယဲ့ဖန႔္ခ်န္က တစ္ဘက္လွည့္ကာ ယဲ့ဖန္အား ေျပာလိုက္သည္။
"တကယ္ေတာ့ ပင္မ ယဲ့ကလန္က ငါတို႔ကို ဆင့္ေခၚရတဲ့ အဓိက အေၾကာင္းရင္းက မင္းေၾကာင့္ပဲ"
"ကြၽန္ေတာ့္ေၾကာင့္လား"
ယဲ့ဖန္ တစ္ခဏမွ် ေတြေဝသြားၿပီးမွ မ်က္ေမွာင္ၾကဳတ္သြားရသည္။
"ပင္မ ယဲ့ကလန္က မင္းအေၾကာင္းေတြ ၾကားသြားတယ္ေလ၊ သူတို႔က မင္းကို ပင္မ ယဲ့ကလန္ထဲ ဝင္ေစခ်င္ေနတယ္"
ယဲ့ဖန႔္ခ်န္က အလြန္ စိတ္လႈပ္ရွားေနဟန္ျဖင့္ ေျပာလာသည္။ သို႔ေသာ္ သူ႔စကားေၾကာင့္ ယဲ့ဖန္က ႏႈတ္ခမ္းတြန႔္ရႈံေလး ၿပဳံးလိုက္သည္။
ပင္မယဲ့ကလန္ႏွင့္ ပူးေပါင္းဖို႔ သူ လုံးလုံးလ်ားလ်ား စိတ္မဝင္စားပါ။
သူ ယန္က်င့္ၿမိဳ႕သို႔ လာျခင္းက အနာဂတ္တြင္ ၿခိမ္းေျခာက္မႈမ်ား ျဖစ္လာမည္စိုး၍ ကိုရီးယားႏိုင္ငံ၏ နံပါတ္တစ္ ဒ႑ာရီအဆင့္ သိုင္းပညာရွင္ ေဖ်ာင္ထိုက္ရွင္းအား သတ္ျဖတ္ရန္ ျဖစ္သည္။
"လမ္းဖယ္စမ္း … ဖယ္စမ္း"
ေဖ်ာင္ထိုက္ရွင္းအား သတ္ရန္ ယဲ့ဖန္ အေတြးနက္ေနစဥ္တြင္ ေက်ာဘက္မွ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ အမ်ိဳးသမီးတစ္ေယာက္၏ အသံကို ၾကားလိုက္ရသည္။
ထို႔ေနာက္ ေနကာမ်က္မွန္ႏွင့္ မိန္းမလွေလးတစ္ေယာက္က သူမ၏ ခရီးေဆာင္ လက္ဆြဲေသတၱာျဖင့္ ယဲ့ဖန႔္ခ်န္၏ ခႏၶာကိုယ္အား ဝင္ေဆာင့္သြားသည္။
ဒုန္း!
သူ၏ က်င့္ႀကံျခင္းအဆင့္က ျမင့္ေသာ္ျငားလည္း ယဲ့ဖန႔္ခ်န္သည္ အေတာ္ေလး အသက္ႀကီးေနၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ သူသည္ ယိမ္းထိုး၍ ၾကမ္းျပင္ေပၚ လဲက်မလို ျဖစ္သြားရသည္။
မိန္းမပ်ိဳေလးသည္လည္း အရွိန္လြန္၍ သူမ၏ ခရီးေဆာင္ လက္ဆြဲေသတၱာ ႏွင့္အတူ ၾကမ္းျပင္ေပၚ လဲက်သြားသည္။
ယဲ့ဖန႔္ခ်န္သည္ အလြန္ ထိတ္လန႔္သြားဟန္ျဖင့္ ေျပာဆိုလိုက္သည္။
"ကေလးမေလး …. က်ဳပ္ ေတာင္းပန္ပါတယ္ … မင္း အဆင္ေျပရဲ႕လား"
ထို႔ေနာက္ သူက ေရွ႕သို႔ ေလွ်ာက္လာကာ မိန္းမပ်ိဳေလးကို ဆြဲထူမေပးရန္ ျပင္လိုက္သည္။
ျဖန္း!
သို႔ေသာ္ သူ လက္ဆန႔္ေပးလိုက္ၿပီး မၾကာခင္မွာပင္ မိန္းမပ်ိဳေလးက သူ႔အား ပါးခ်လိုက္သည္။
ထို႔ေနာက္ ထိုမိန္းမပ်ိဳေလးက လႊားခနဲ ခုန္ထ၍ ယဲ့ဖန႔္ခ်န္အား လက္ညႇိဳးေငါက္ေငါက္ထိုးကာ ဆဲဆိုေလေတာ့သည္။
"ေသာက္ေခြးအိုႀကီး … ရွင္ နားေလးေနလား … ကြၽန္မ ရွင့္ကို လမ္းဖယ္ဖို႔ ေျပာေနခဲ့တာေလ … ရွင္ မၾကားဘူးလား"
"ကြၽန္မ ဒူးေခါင္းနာသြားၿပီ … ကြၽန္မရဲ႕ ခရီးေဆာင္ လက္ဆြဲေသတၱာကလည္း ပ်က္စီးေတာ့မလို ျဖစ္သြားၿပီ … ေသာက္…ေသာက္ အကန္း ေခြးအိုႀကီး … ေသစမ္းဟာ … ကြၽန္မ ရွင့္ကို သင္ခန္းစာ ေကာင္းေကာင္းေပးမွ ရမယ္"
ထို႔ေနာက္ မိန္းမပ်ိဳေလးက လက္ေျမႇာက္ကာ ယဲ့ဖန႔္ခ်န္အား အားႏွင့္ ႐ိုက္ရန္ ႐ြယ္လိုက္သည္။
ျဖန္း!
က်ယ္လိုက္သည့္ အသံပါလား။
သို႔ေသာ္ ယဲ့ဖန႔္ခ်န္က ယခင္အတိုင္း ဒဏ္ရာမရဘဲ ရပ္ၿမဲတိုင္း ရပ္ေနသည္။ သူ႔အစား မိန္းမပ်ိဳေလး၏ မ်က္ႏွာေပၚ၌ နီရဲေနေသာ လက္ဖဝါးရာႀကီးက အထင္းသား ရွိေနသည္။
မိန္းမပ်ိဳေလး၏ ေနကာမ်က္မွန္သည္ ခပ္ေဝးေဝးသို႔ လြင့္ထြက္သြားၿပီး သူမ ပါးစပ္ေထာင့္မွ ေသြးမ်ား စီးက်လို႔ေန၏။
မိန္းမပ်ိဳေလး တအံ့တဩျဖစ္သြားရသည္။
ယဲ့ဖန္အား ေတြေဝစြာ ေငးၾကည့္ေနရင္း သည္ေခြးေကာင္က သူမအား ပါး႐ိုက္လိမ့္မည္ဟု ထင္မွတ္မထားမိပါ။
"နင္….နင္ ငါ့ကို ႐ိုက္တယ္ ဟုတ္လား … ငါနင္နဲ႔ အေသအေၾက ခ်မယ္ဟဲ့ သူေတာင္းစားရဲ႕"
အျဖစ္အပ်က္ကို သတိထားမိၿပီးေနာက္ မိန္းမပ်ိဳေလးက အလြန္ ေဒါသထြက္သြားသည္။ ခ်က္ခ်င္း သူမက သြားၿဖဲျပကာ လက္႐ြယ္၍ ယဲ့ဖန္ထံသို႔ တိုးဝင္လာသည္။
ျဖန္း!
သူမ၏ လက္သည္းမ်ားက ယဲ့ဖန္ကို မထိမိခင္မွာပင္ သူမ ေနာက္တစ္ခါ အေဝးသို႔ လြင့္ထြက္သြားျပန္၏။
ဤျမင္ကြင္းေၾကာင့္ ယဲ့ဖန႔္ခ်န္ အလြန္ မွင္တက္သြားၿပီး အသည္းအသန္ ဟစ္ေအာ္၍ ယဲ့ဖန္အား တားလိုက္သည္။
"ယဲ့ဖန္ …. ရပ္လိုက္ … သူက မိန္းကေလးေလကြာ"
ထိုအခါ ယဲ့ဖန္က ေအးစက္စက္ မ်က္လုံးမ်ားႏွင့္ ၾကည့္ကာ အထင္ေသးသည့္ မ်က္ႏွာထိ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
"မိန္းမလား … ကြၽန္ေတာ့္ မ်က္လုံးထဲမွာေတာ့ မိန္းကေလး အမ်ိဳးအစားက ႏွစ္မ်ိဳးပဲ ရွိတယ္ … အရွက္ရွိတဲ့ မိန္းကေလးနဲ႔ အရွက္မရွိတဲ့ မိန္းကေလးပဲ"
"သူမက အဘိုးကို ဝင္တိုက္တယ္ … ဒါေပမယ့္ သူမက ေနာင္တ မရဘူး အဲ့အစား ဆင္ေျခေတာင္ ေပးေနေသးတယ္ .. သူမက အရွက္ကို မရွိဘူး"
"သူမက လူႀကီးေတြကို မေလးစားဘူး၊ အဲ့အစား သူက ဆဲဆိုၿပီး အႀကီးကို ႐ိုက္တယ္၊ ဒါ ေတာ္ေတာ္ေလး ထိန္းမႏိုင္ သိမ္းမရ ျဖစ္ၿပီး အရွက္မဲ့တာပဲ"
ထို႔ေနာက္ ယဲ့ဖန္က ထိုမိန္းမပ်ိဳအား အထင္ေသးေသာ မ်က္ႏွာထားျဖင့္ ၾကည့္ကာ ဆက္ေျပာလာသည္။
"ဒီေလာက္ အရွက္မရွိတဲ့ မိန္းမကို ဘာလို႔ ကြၽန္ေတာ္က မ႐ိုက္ႏိုင္ရမွာလဲ"
သူ႔စကားေၾကာင့္ ထိုမိန္းမပ်ိဳေလး ခ်က္ခ်င္း ေဒါပြသြားရသည္။
ႏိုင္ငံျခားမွ ယခုေလးတင္ ျပန္ေရာက္လာၿပီး အလြန္ အသားအရည္ ျဖဴေဖြး၍ ခ်မ္းသာေသာ မိန္းမလွေလး ျဖစ္သည့္ လူတိုင္း၏ မ်က္လုံးထဲတြင္ ပုလဲလုံးေလးကဲ့သို႔ အဖိုးတန္လွေပသည္။
သူမ အ႐ိုက္ခံရၿပီး အေျပာခံရသည္က ယခုမွ ပထမဆုံးအႀကိမ္ ထိုကဲ့သို႔ ျပဳမူခံရျခင္း ျဖစ္သည္။
"ေခြးေကာင္ေလး … နင္… နင္က သိပ္ေတာ္ေနတယ္ေပါ့ေလ … နင္နဲ႔ငါနဲ႔ ၾကားက ရန္ပြဲက ဒီေလာက္နဲ႔ မၿပီးသြားဘူး … ၾကည့္ၾကေသးတာေပါ့"
မိန္းမပ်ိဳေလးက ရွက္ကိုးရွက္ကန္း အမူအရာျဖင့္ လဲေနရာမွ ျပန္ထကာ ယဲ့ဖန္အား အလြန္ မုန္းတီးဟန္ျဖင့္ ၾကည့္ၿပီး ေလဆိပ္ထြက္ေပါက္ရွိရာသို႔ ခပ္သုတ္သုတ္ ထြက္သြားေလသည္။
ထိုမိန္းမပ်ိဳေလး ထြက္သြားသည္ကို ၾကည့္ရင္း ယဲ့ဖန႔္ခ်န္က မ်က္ေမွာင္ၾကဳတ္၍ ေျပာလိုက္သည္။
"ယဲ့ဖန္ …. သူ႔ေနာက္ခံ အသိုင္းအဝိုင္းက ေတာ္ေတာ္ေလး ႀကီးမယ္လို႔ ဘိုးဘိုး ထင္တယ္ေနာ္"
သူ႔စကားေၾကာင့္ ယဲ့ဖန္က အသာၿပဳံး၍ ေျပာလိုက္သည္။
"ဒါေပါ့ …. သူက ယဲ့မိသားစုဝင္ပဲကို"
*ဘာ*
ယဲ့ဖန္၏ စကားေၾကာင့္ ယဲ့ဖန႔္ခ်န္ ေတြေတသြားၿပီး သိခ်င္စိတ္ျဖင့္ ေမးလိုက္သည္။
"ဘယ္…ဘယ္လိုလုပ္ မင္းက အဲ့ဒါကို သိတာလဲ"
"သူမလည္ပင္းေပၚက အသက္ရွည္ေစတဲ့ လည္ဆြဲေပၚမွာ ေတြ႕လိုက္တာေလ … အဲ့ေပၚမွာ ယဲ့ဆိုတဲ့ စာလုံးကို ပါေနတယ္"
ယဲ့ဖန္က အလြန္ ဆိုး႐ြားေသာ အၿပဳံးမ်ိဳး ၿပဳံး၍ ေျပာလိုက္သည္။
"သူမက ပင္မယဲ့ကလန္ရဲ႕ တိုက္႐ိုက္မ်ိဳးဆက္က သခင္မေလး ျဖစ္မယ္ထင္တယ္"
သူ႔စကားေၾကာင့္ ယဲ့ဖန႔္ခ်န္က သက္ျပင္းခ်၍ ေျပာလိုက္မိသည္။
"ဟူး …. ယန္က်င့္ၿမိဳ႕ကို ေရာက္လာခါစမွာကတည္းက ယဲ့ကလန္က သခင္မေလးတစ္ေယာက္ကို ရန္စမိလိမ့္မယ္လို႔ ငါ မထင္ထားခဲ့မိဘူး … ယဲ့ဖန္ မင္း သူမ ေနာက္ခံကို သိေနမွေတာ့ ဘာလို႔ သူမကို ႐ိုက္ေနေသးရတာလဲ"
"သူမကို ႐ိုက္တယ္ ဟုတ္လား"
ယဲ့ဖန္က ေခါင္းခါ၍ အလြန္ ရက္စက္ေသာ သေရာ္ၿပဳံးျဖင့္ ေျပာလိုက္သည္။
"မဟုတ္ဘူး …. သူမ ကံေကာင္းတယ္လို႔ေတာင္ ေတြးသင့္ေနတာ … သူမက ယဲ့မိသားစုဝင္သာ မဟုတ္လို႔ကေတာ့ သူမ အဘိုးကို ႐ိုက္ဖို႔ ႐ြယ္ကတည္းက ကြၽန္ေတာ္ သူ႔ကို သတ္ပစ္လိုက္ၿပီ"
သူ႔စကားေၾကာင့္ ယဲ့ဖန႔္ခ်န္ ကတုန္ကယင္ ျဖစ္သြားရသည္။ ယခုအခါမွသာ သူ၏ အဖိုးတန္ေျမးေလးက နတ္ဆိုးတစ္ေကာင္ ျဖစ္ေနသည္ကို သူ သတိျပဳမိသြားသည္။
သူ႔ေျမး၏ မ်က္လုံးထဲတြင္ သာမန္လူမ်ားသည္ ပု႐ြက္ဆိတ္သာသာမွ်သာ ျဖစ္သည္။
….
ထိုအခ်ိန္တြင္ Bentley တံဆိပ္ ဇိမ္ခံကားတစ္စီးသည္ ေလဆိပ္အျပင္ဘက္ ထြက္ေပါက္၌ ရပ္နားထားၿပီး ဟြာရွႏိုင္ငံ ႐ိုးရာ ဝတ္စုံ ဝတ္ဆင္ထားေသာ အဘိုးအိုတစ္ေယာက္သည္ နဂါးကဲ့သို႔ သန္မာေသာ သက္ေတာ္ေစာင့္အခ်ိဳ႕ႏွင့္ ၿငိမ္သက္စြာ ေစာင့္ဆိုင္းလို႔ေန၏။
သူတို႔၏ အက်ႌေပၚ၌ ယဲ့ ဟူေသာ စာလုံးအား ပန္းထိုးထားသည္။ မိန္းမပ်ိဳေလးကို ျမင္သည္ႏွင့္ သူတို႔၏ မ်က္လုံးမ်ားက ခ်က္ခ်င္း ေတာက္ပလာသည္။
ဟြာရွ ႐ိုးရာ ဝတ္စုံႏွင့္ အဘိုးအိုက ေရွ႕သို႔ ခပ္သြက္သြက္ ေလွ်ာက္လာၿပီး သူမကို ႏႈတ္ဆက္လိုက္သည္။
"သခင္မေလး … ဘ႑ာထိန္း ယဲ့စန္းက သခင္မေလး အမိႏိုင္ငံကို ျပန္လာတဲ့အတြက္ ႀကိဳဆိုပါတယ္"
ထိုသို႔ေျပာၿပီးေနာက္ အဘိုးအိုက တစ္ခဏမွ် အံ့ဩသြားၿပီး ေမးလာသည္။
"သခင္မေလး … သခင္မေလး မ်က္ႏွာက … ဘာ … ဘာျဖစ္လာတာလဲ"
ယခုအခါမွ ဘ႑ာထိန္း အဘိုအိုးက မိန္းမပ်ိဳေလး၏ မ်က္ႏွာသည္ ပါး႐ိုက္ခံထားရသကဲ့သို႔ နီျမန္းေနသည္ကို သတိထားလိုက္မိသည္။
သူ႔စကားေၾကာင့္ မိန္းမပ်ိဳေလး၏ လွပေသာ မ်က္လုံးမ်ားက မီးဝင္းဝင္းေတာက္လာကာ အလြန္ မုန္းတီးေနဟန္ျဖင့္ ေျပာလာသည္။
"တတိယဘိုးဘိုး … လူဆိုးေကာင္ တစ္ေကာင္က သမီးကို အခုေလးတင္ ႐ိုက္ခဲ့တာ .. သူ ထြက္လာလို႔ ရွိရင္ သူ႔ကို ႐ိုက္ႏွက္ေပးပါ … သူ႔လက္ေတြကို ခ်ိဳးပစ္လိုက္"
သူမစကားေၾကာင့္ ယဲ့စန္းႏွင့္ သက္ေတာ္ေစာင့္မ်ား အားလုံး တုန္ယင္သြားကာ ထိုလူငယ္ေလးအတြက္ က်ိတ္၍ ဆုေတာင္းေပးလိုက္မိသည္။
ယဲ့ကလန္၏ စုန္းမေလးကို ရန္စမိမွေတာ့ ထိုေကာင္စုတ္ေလး၏ ေန႔ရက္မ်ားက အဆုံးသတ္သြားၿပီ ျဖစ္သည္။
"အိုး …. တတိယဘိုးဘိုး … ဘိုးဘိုးက ဒီကို ဘာလို႔ လာတာလဲ"
မိန္းမပ်ိဳေလးက အနည္းငယ္ ေတြးေတာမရ ျဖစ္ေနဟန္ျဖင့္ ေမးလာသည္။ ယဲ့စန္းသည္ ယဲ့အိမ္ေတာ္၏ ဘ႑ာထိန္း ျဖစ္ေသာ္လည္း သူမအဘိုး၏ အယုံၾကည္ရဆုံး လက္ေအာက္ငယ္သား ျဖစ္သည္ကို သူမ သိသည္။
ယဲ့ကလန္၌ သူ၏ အဆင့္အတန္းသည္ မ်ားစြာေသာ အာဏာရွိသူမ်ားထက္ေတာင္ ပိုျမင့္ေနေသးသည္။
ယခင္တုန္းက သူမ ႏိုင္ငံျခားမွ ျပန္လာတိုင္း ကလန္မွ သက္ေတာ္ေစာင့္ တစ္ေယာက္၊ ႏွစ္ေယာက္ကိုသာ သူမကို လာႀကိဳရန္ ေစလႊတ္ေလ့ ရွိခဲ့သည္။
ယခုတစ္ေခါက္တြင္ေတာ့ ဘ႑ာထိန္း ယဲ့စန္းက ေစာင့္ႀကိဳေနသည္။ ဤသည္ကား လုံးဝ ထင္မွတ္ထားျခင္း မရွိသည့္ အျဖစ္အပ်က္ ျဖစ္သည္။
သူမ အေမးေၾကာင့္ ဘ႑ာထိန္းက ခပ္ဖြဖြ ၿပဳံး၍ ျပန္ေျပာလိုက္သည္။
"သခင္မေလး ကြၽန္ေတာ္တို႔က သခင္မေလးကို ႀကိဳဖို႔ လာတာ မဟုတ္ပါဘူး … တကယ္ေတာ့ ကြၽန္ေတာ္တို႔က ယဲ့ကလန္ရဲ႕ ေက်ာ္ၾကားတဲ့ ဧည့္သည္ကို ႀကိဳဖို႔ ေရာက္ေနၾကတာပါ"
*ဘာ*
မိန္းမပ်ိဳေလး ထိတ္လန႔္သြားသည္။ ေက်ာ္ၾကားေသာ ဧည့္သည္မ်ားဟု ယဲ့စန္း ေခၚေဝၚေသာ သူမ်ား အားလုံးသည္ အျခားႏိုင္ငံမ်ားမွ အင္အားႀကီးေသာ သူမ်ား ျဖစ္ရင္ျဖစ္ သို႔မဟုတ္ပါက အလြန္ ဩဇာေညာင္းသည့္ ထိပ္တန္းပုဂၢိဳလ္မ်ားသာ ျဖစ္သည္။
မိန္းမပ်ိဳေလး ခ်က္ခ်င္း သိခ်င္စိတ္ ျပင္းျပလာသည္။ ထိုအခ်ိန္တြင္ ယဲ့စန္း၏ မ်က္လုံးမ်ားက ေတာက္ပလာကာ ေအာ္ေျပာလာသည္။
"ေဟာ ဟိုမွာ သူ လာပါၿပီ"
ၾကည့္ေနသူမ်ား၏ အၾကည့္ေအာက္မွာပင္ အဘိုးအိုတစ္ေယာက္ႏွင့္ လူငယ္တစ္ေယာက္ ေရွ႕ေပါက္မွ ထြက္လာၾကသည္။
ထိုႏွစ္ေယာက္ကို ျမင္သည္ႏွင့္ မိန္းမပ်ိဳေလးသည္ ခ်က္ခ်င္း ေတြေဝသြားသည္။
"လက္စသတ္ေတာ့ … နင္ကိုး"

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now