Chapter 267

1.2K 146 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (18) CHAPTER (267) မိစ္ဆာ မရဏ သံလက်သီး

ကျိုဟမ့်ရှန် ... ဒဏ္ဍာရီလာတစ်ပိုင်းအဆင့်။
ယခင်တုန်းက ကျိုဟမ့်ရှန်သည် ဒဏ္ဍာရီ အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီ ဟူသော ကောလဟာလများစွာ ထွက်ခဲ့သည်။ သို့သော် သူက ထို့ထက်ပို၍ အင်အားကြီးနေလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပါ။
အံ့ဩစရာကောင်းလောက်အောင် သူသည် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်သို့ ရောက်နေခဲ့သည်။ သူ၏ ချီဓာတ်သည် ဖျောင်ထိုက်ရှင်းထက်တောင်မှ ပို၍ ကြမ်းကြုတ်နေသေးသည်။
ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ဖြစ်သည့် ကျိုဟမ့်ရှန်က ယဲ့ဖန်အား ရက်စက်စွာ အငိုက်ဖမ်း တိုက်ခိုက်ခဲ့သည်။
ယဲ့ဖန်သည် ဟွာရှ သိုင်းလောကကိုယ်စား ကိုရီးယားနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်အား တိုက်ခိုက်နေခြင်း ဖြစ်သည်။ သို့သော် ကျိုဟမ့်ရှန်သည် ဟွာရှနိုင်ငံသားများနှင့် တိုက်ခိုက်နေသော ကိုရီးယားလူမျိုးများအား ကူညီနေသည်။
ထို့ကြောင့် ကျိုဟမ့်ရှန်သည် သစ္စာဖောက်တစ်ယောက်နှင့် မထူးခြားနားပင်။ ချက်ချင်းဆိုသလိုပင် တိုက်ခိုက်ရေးကလပ်တစ်ခုလုံး ပွက်လောရိုက်သွားကာ ဟွာရှသား သိုင်းပညာရှင်များအားလုံး ဒေါကန်လာကြသည်။
"ခွေးမသား .... ကျိုဟမ့်ရှန်က ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်တောင် ရောက်နေပြီ ... ဒါပေမဲ့ သူက ဟွာရှနိုင်ငံသားတွေ တိုက်ခိုက်ခံရချိန်မှာ သူက မျက်နှာလွှဲနေပြီး ဘာမှမလုပ်ခဲ့ဘူး"
"သောက်ခွေးမသား ... သူ ဘယ်လိုလုပ် ဟွာရှလူမျိုးတွေကို သတ်ဖို့ ကိုရီးယားတွေနဲ့ ပေါင်းကြံခဲ့ရတာလဲ ... ကျိုဟမ့်ရှန် သေသင့်တယ်ကွ"
"ယဲ့ဖန် ဒုက္ခရောက်နေပြီ ... သူတို့ကို အတူတူ တိုက်ကြရအောင်"
လူအုပ်ထဲမှ တစ်ယောက်က ထအော်လိုက်ပြီးနောက် ကျန်ဟွာရှနိုင်ငံသား ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များက ယဲ့ဖန်ကို ကူညီရန် ပြင်လိုက်ကြသည်။
သို့သော် သူတို့အား အမှောင်ဂိုဏ်း၏ အကြီးအကဲများနှင့် ယဲ့မုန့်ထန် ဦးဆောင်သော ကျန်ယဲ့ကလန် သစ္စာဖောက်များက တားဆီးလိုက်ကြသည်။
ယဲ့ဖန်ကို ထောက်ခံသော ယဲ့ရှုံးနှင့် အခြားသူများကို ကြည့်ပြီး ယဲ့မုန့်ထန်က လှောင်ပြောင်၍ ပြောလိုက်သည်။
"ဟားဟားဟား ... ယဲ့ရှုံး ... မင်း မျှော်လင့်ချက်တွေ စုပုံထားတဲ့ အဲ့ခွေးသားလေးက သေချာပေါက် သေမှာကွ .... အကြီးအကဲကျိုက ဘယ်လောက်ကြောက်ဖို့ကောင်းလဲ ဆိုတာ မင်းမသိပါဘူးကွာ ... သူက ဒဏ္ဍာရီလာအဆင့်ရောက်ဖို့ ခြေတစ်လှမ်းလောက်ပဲ လိုတော့တာကွ"
"သူ့အကူအညီနဲ့ဆို ယဲ့ဖန် သေမှာပဲ"
...
သူ့စကားကြောင့် ယဲ့ဖန်ကို ထောက်ခံသော ယဲ့ရှုံးနှင့် အခြားသူများ အလွန် သုန်မှုန်သွားကြသည်။
*ဒဏ္ဍာရီလာတစ်ပိုင်းအဆင့် နှစ်ယောက်*
*ယဲ့ဖန် အကြီးအကျယ် ဒုက္ခရောက်နေပြီ*
ထိုအချိန်တွင် စည်းဝိုင်းထဲက သုံးယောက်ကတော့ ဘေးက အခြေအနေကို သတိတောင် မထားမိပေ။
ကျိုဟမ့်ရှန်က ဖျောင်ထိုက်ရှင်းအား ပြောလိုက်သည်။
"အစ်ကိုတော်ဖျောင် .. သူ့လှည့်ကွက်တွေက တအားရက်စက်တယ် ... ကျုပ်တို့ အတူ ပူးပေါင်းပြီး သူ့ကို သတ်မှဖြစ်မယ် ... မဟုတ်ရင် သူက ကျုပ်တို့ဆီ မဆုံးနိုင်တဲ့ ပြဿနာတွေ သယ်လာမှာ"
ကျိုဟမ့်ရှန်၏ အကြံပေးချက်ကြောင့် ဖျောင်ထိုက်ရှင်း တစ်ခဏမျှ ချီတုံချတုံဖြစ်သွားသည်။
"မဖြစ်ဘူး ... ဘိုးဘိုး"
ဖျောင်ကျုံးဝမ် သူမအဘိုးအား သံကုန်ဟစ်၍ အော်ပြောလိုက်သည်။ သူမစကားကြောင့် ဖျောင်ထိုက်ရှင်းက ဖျောင်ကျုံးဝမ်ဘက် လှည့်ကာ သူမမျက်နှာကို ကြည့်၍ ပြောလိုက်သည်။
"ဝမ်အာ ... ဘိုးဘိုးက မင်းအဖေရဲ့ သေဆုံးမှုအတွက် လက်စားချေမှ ဖြစ်မယ်လေ ... အဲ့ခွေးမသားလေးက သေကိုသေရမှာ"
ဖျောင်ကျုံးဝမ်အား ထိုသို့ပြောပြီး ဖျောင်ထိုက်ရှင်းသည် ကျိုဟမ့်ရှန်ဘက် လှည့်ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။
"မင်း အကူအညီအတွက် ကျေးဇူးပါပဲ အစ်ကိုတော်ကျို"
...
သူတို့၏ အပြန်အလှန် ပြောစကားကြောင့် ဖျောင်ကျုံးဝမ်၏ သေးသွယ်သော ကိုယ်လုံးလေးက တုန်ယင်သွားကာ ထိုင်ခုံပေါ်သို့ ပစ်လဲကျသွားသည်။
*သူတော့ ဒုက္ခရောက်ပြီ*
*ငါ့မောင်ငယ်လေး သေတော့မှာပဲ*
ဖျောင်ကျုံးဝမ် ရေရွတ်နေရင်း သူမ၏ လှပသော မျက်လုံးလေးမှ မျက်ရည်များ စတင် စီးကျလာသည်။ သူမ၏ မျက်နှာလေးမှာလည်း ပြာနှမ်းလို့လာသည်။
ထို့နောက် ကျိုဟမ့်ရှန်သည် ဖျောင်ထိုက်ရှင်း ပြောလာမည့် စကားများကို ခန့်မှန်းမိဟန်ဖြင့် ရက်စက်သော အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ဟားဟား ... အစ်ကိုတော်ဖျောင် ... အဲ့ငနာလေးက သူအလိုရှိသလို ထူးဆန်းတဲ့ လှည့်ကွက်တွေ ကစားပြနေတာ ... သူက ကျုပ်တို့ ချီဓာတ်တွေကို စားသုံးနိုင်တယ် ... ဒါကြောင့် ကျုပ်တို့ အေးခဲချီ ဓားမော့ကို မသုံးသင့်ဘူး ... ကျုပ်တို့ သူကို ရုပ်ခွန်အားနဲ့ပဲ ဖိနှိပ်ရမယ်"
ကျိုဟမ့်ရှန်သည် ရက်စက်ယုတ်မာတော့မည့် အပြုံးနှင့် ပြောလာသည်။ သူ ယဲ့ဖန်၏ လှည့်ကွက်အားလုံးကို မြင်ထားပြီးသား ဖြစ်သည်။
ထို့ကြောင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် သိုင်းပညာရှင်နှစ်ယောက်က သူတို့၏ ချီဓာတ်များကို သူတို့ကိုယ်တွင်း၌သာ စုစည်းပြီး ယဲ့ဖန်အား ချက်ချင်း ဝိုင်းတိုက်ခိုက်ကြသည်။ သူတို့သည် အလွန်ကြောက်မက်ဖွယ် ကောင်းလှ၏။
သူတို့၏ ခွန်အားများက အလွန် ပြင်းထန်လှသည်။ သို့သော် ယဲ့ဖန်က တစ်စက်ကလေးမှ ကြောက်နေပုံ မပေါ်ပေ။ ကြောက်ရွံ့ခြင်း မရှိသည့်အပြင် သူက ပျော်ရွှင်နေဟန်ဖြင့် အော်ပြောလိုက်သည်။
"ဒဏ္ဍာရီလာတစ်ပိုင်းအဆင့်လား ... ဘာမဟုတ်တဲ့ဟာတွေပဲ"
*ဘာ*
ကျိုဟမ့်ရှန်နှင့် ဖျောင်ထိုက်ရှင်းတို့သည် ဒီခွေးမသားလေးက သေလုဆဲဆဲအချိန်မှာပင် အလွန်မောက်မာနေဦးမည်ဟု ထင်မှတ်မထားသဖြင့် ချက်ချင်း ထိတ်လန့်သွားကြသည်။
"ဘယ်လိုကောင်လဲဟ ... ဒါဆိုလည်း ဘယ်သူက ဘာမဟုတ်တဲ့ကောင်လဲ ကြည့်ကြသေးတာပေါ့ကွာ"
ဒဏ္ဍာရီလာတစ်ပိုင်းအဆင့် နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့သည် ကြမ်းပြင်ကို ဆောင့်နင်း၍ ရှေ့သို့ တိုးဝင်သွားသည်။
ဝုန်း!
သူတို့နှစ်ယောက်လုံး ယဲ့ဖန်အား တိုးဝင်တိုက်ခိုက်ကြသည်။
"ခွေးမသားလေး ... သွားသေလိုက်တော့"
သူတို့၏ လှုပ်ရှားမှုက အလွန် လျင်မြန်လှသဖြင့် ယဲ့ဖန်ရှေ့သို့ နာနိုစက္ကန့်အတွင်း ရောက်ရှိသွားသည်။
တစ်ချိန်တည်းမှာပင် သံမဏိလက်သီးနှစ်ဘက်က ယဲ့ဖန်၏ ဦးခေါင်းသို့ တစ်ဟုန်ထိုး တိုးပွားလာသော ချီဓာတ်များဖြင့် ရောက်ရှိလာသည်။
ဒုန်း!
သူတို့၏ သန်မာသော တိုက်စစ်ကြောင့် စည်းဝိုင်းတစ်ခုလုံး ပြိုကျကာ မြေကြီးများနှင့် ကျောက်တုံးများ နေရာအနှံ့ လွင့်စဉ်သွားကာ တိုက်ခိုက်ရေးကလပ်တစ်ခုလုံးအား ပျက်စီးလုနီးပါး ဖြစ်သွားစေသည်။
ဤသို့ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းကြောင့် အနီးတစ်ဝိုက်မှ ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်များ အားလုံး ကြောက်လန့်ကာ တုန်ယင်သွားကြသည်။
သန်မာသော ဒဏ္ဍာရီအဆင့်မှ သူများပင် ဤတိုက်ခိုက်မှုကြောင့် သေလုနီးပါး ဖြစ်သွားလောက်သည်ကို သေချာပေါက် သိနေကြသည်။
*သူတော့ သွားပြီ*
ယဲ့ဖန် တစ်စစီ ဖြစ်သွားတော့မည်ဟု တစ်ထစ်ချ ယုံကြည်သွားကြသည်။ ကျန်ရှိနေသော ဟွာရှနိုင်ငံသား သိုင်းပညာရှင်များအားလုံး မခံမရပ်နိုင်ဖြစ်ကာ မလိုလားသော မျက်နှာထားများ ဖြစ်လာကြသည်။
ယဲ့ဖန်၏ တိုးတက်လာမှုကို သူတို့အားလုံး မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။ သို့သော် ယဲ့ဖန်၏ ကျဆုံးခန်းကိုတော့ သူတို့ မမြင်လိုပါ၊ အထူးသဖြင့် သူတို့ ဟွာရှနိုင်ငံသား၏ လက်ထဲ၌ မသေစေလိုပါ။
မည်မျှ ရှက်ဖို့ကောင်းလိုက်သနည်း။
ဂျွတ်!
ထိုစဉ် မယုံကြည်နိုင်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာသည်။
ယဲ့ဖန်သည် တစ်ဟုန်ထိုးတိုးပွားလာသော အနက်ရောင် နက်ဆိုးချီဓာတ်များအား သူ၏ လက်သီးနှစ်ဘက်၌ စုစည်းလိုက်သဖြင့် လက်အိတ်သဖွယ် ဖြစ်ပေါ်လာသည်။
မိစ္ဆာ မရဏ သံလက်သီး။
ယဲ့ဖန်သည် နတ်ဆိုး သတ်ဖြတ်ခြင်း ဆုဒြာ၏ ဒုတိယအဆင့်သို့ အဆင့်တက်သွားပြီ ဖြစ်သဖြင့် သူသည် များစွာသော ဆရာသခင်အဆင့်များနှင့် ဒဏ္ဍာရီအဆင့်များ၏ မူလ သလင်းကျောက်များကို စုပ်ယူနိုင်လာခဲ့ပြီ ဖြစ်သည်။
ဖျောင်ထိုက်ရှင်း၏ အေးခဲချီ ဓားမော့ကို စုပ်ယူပြီးနောက် သူ၏ ကျင့်ကြံခြင်း အခြေခံအဆင့်သည်လည်း တိုးတက်လာခဲ့သည်။
ထို့ကြောင့် သူသည် သူ၏ နတ်ဆိုး သတ်ဖြတ်ခြင်း ဆုဒြာအား အစွမ်းအပြည့်နီးပါး အသုံးပြုလာနိုင်သည်။
ယခု သူသည် မိစ္ဆာ မရဏ သံလက်သီးကိုပင် ဆင့်ခေါ် သုံးစွဲနိုင်ပြီ ဖြစ်သည်။ ယဲ့ဖန်၏ လက်သီးမှ ထွက်ပေါ်လာသော အနက်ရောင် သံမဏိ သံလက်သီးချက်သည် မိစ္ဆာဆန်၍ ကြမ်းကြုတ်လှသည်။
ထို့နောက် ယဲ့ဖန်သည် ဒဏ္ဍာရီလာတစ်ပိုင်းအဆင့် နှစ်ယောက်အား အားနှင့် ထိုးနှက်လိုက်သည်။
"ကျိုးစမ်း ... ကျိုးစမ်း ... ကျိုးပျက်စမ်း"
သူ၏ သွေးပျက်ဖွယ်ကောင်းသော စကားနှင့်အတူ ယဲ့ဖန်၏ သံမဏိလက်သီးနှစ်ဘက်သည် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် နှစ်ယောက်၏ လက်သီးချက်များနှင့် ရက်စက်စွာ ထိပ်တိုက်တွေ့သွားသည်။
ဝုန်း! ဝုန်း! ဝုန်း!
ပေါက်ကွဲသံများက နားကွဲမတတ် ထွက်ပေါ်လာသည်။
ဂျွတ်! ဂျွတ်!
ဂျွတ်ဟူသော အသံနှင့်အတူ ဒဏ္ဍာရီလာတစ်ပိုင်းအဆင့် နှစ်ယောက်လုံး၏ သံမဏိလက်သီးများသည် ဖိနှိပ်ခြင်း ခံလိုက်ရပုံရကာ စုတ်ပြတ်သတ်သွားသည်။
"မဟုတ်ဘူး"
ကျိုဟမ့်ရှန်နှင့် ဖျောင်ထိုက်ရှင်းတို့ သေမတတ် ထိတ်လန့်သွားကြသည်။ ထို့နောက် ရိုးတွင်းခြင်ဆီထိ အေးစိမ့်ရလောက်သည့် အင်အားတစ်ခု နီးကပ်လာသည်ကို သူတို့နှစ်ယောက်လုံး ခံစားလိုက်မိသည်။
တစ်ခဏမျှကြာသော် သူတို့နှစ်ယောက်လုံး လွင့်ထွက်သွားသည်။
ဘုန်း! ဘုန်း!
သူတို့နှစ်ယောက် ကြမ်းပြင်ပေါ် ပြုတ်ကျလာသည်နှင့် တိုက်ခိုက်ရေးတစ်ခုလုံး တိတ်ကျသွားသည်။
ဒဏ္ဍာရီလာတစ်ပိုင်းအဆင့် နှစ်ယောက်လုံး ဆရာသခင်အဆင့်ဖြစ်သူ ယဲ့ဖန်၏ တစ်ချက်တည်းနှင့် အနိုင်ယူခြင်းကို ခံလိုက်ရသတဲ့လား။
*လုံးဝ မဖြစ်နိုင်ဘူး*
လူတိုင်း အလွန် အံ့အားသင့်သွားကြသည်။ ဟွာရှနိုင်ငံသား သိုင်းပညာရှင်များ အပါအဝင် အမှောင်ဂိုဏ်း အဖွဲ့ဝင်များနှင့် ကိုရီးယားလူမျိုးများ နားနေရာနေရာမှ လူများပါ မယုံသင်္ကာ ဖြစ်သွားရသည်။
ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် သိုင်းပညာရှင် နှစ်ယောက်က တစ်ချက်တည်းနှင့် တိုက်ပွဲကို ရှုံးနိမ့်သွားရသည်။
*လုံးဝ မဖြစ်နိုင်ဘူးလေ*
ဂလု!
ယဲ့မုန့်ထန်သည် အလွန် ချောက်ချားနေဟန်ဖြင့် မနည်းတံတွေး မျိုချလိုက်ရသည်။ ထို့နောက် ကတုန်ကယင်နှင့် သူပြောလိုက်မိသည်။
"မဟုတ်ဘူး ... မဖြစ်နိုင်ဘူး ... ဒီခွေးမသားလေးက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ"
ယဲ့မုန့်ထန်သာမက အခြားမည်သူမျှ ကိုယ့်မျက်လုံးကိုယ် မယုံကြည်နိုင်သလို ဖြစ်နေကြသည်။
အစောပိုင်းတုန်းက ဖျောင်ထိုက်ရှင်းသည် ယဲ့ဖန်အား တစ်ချက်တည်းဖြင့် လွင့်ထွက်သွားစေခဲ့သည်။ သို့ပင်မဲ့ ယခု ဖျောင်ထိုက်ရှင်းရော ကျိုဟမ့်ရှန်ပါ ယဲ့ဖန်ကြောင့် တစ်ချက်တည်းနှင့် ရှုံးနိမ့်သွားသည်။
အိပ်မက်မက်နေရသလိုပင်။
တိုက်ပွဲအပြီးတွင်တော့ ကျိုဟမ့်ရှန်နှင့် ဖျောင်ထိုက်ရှင်းတို့က အထိတ်လန့်ဆုံး ဖြစ်နေကြသည်။ သွေးတစ်လုပ် အန်လိုက်မိပြီးနောက် တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။
"လူထူးလူဆန်းပဲ .... ဒီကောင်က ..."
ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် နှစ်ယောက် အလွန် မျက်ခုံးလှုပ်နေကြသည်။ သို့သော် ယဲ့ဖန်က ဒဏ္ဍာရီ နောက်ဆုံးအဆင့် ဖြစ်သော ကျင်းရှင်းယွီအား ဆရာသခင် ဖြစ်ခါနီးအဆင့်နှင့် သတ်လိုက်သည်ကို သူတို့ မသိကြပေ။ သူတို့နှစ်ယောက်ကြားတွင် အဆင့်ခြားနားမှုက ရှစ်ဆင့်တောင် ရှိနေခဲ့သည်။
သို့သော် ယခုအခါတွင် ယဲ့ဖန်သည် ဆရာသခင် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် အဆင့်ခြားနားမှု ခုနစ်ဆင့်တောင် ရှိနေသော ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်များကို လွယ်လင့်တကူ သတ်လာနိုင်ပြီ ဖြစ်သည်။
ပို၍ ထိတ်လန့်ဖွယ်ကောင်းသည်က ယဲ့ဖန်၏ နတ်ဆိုး သတ်ဖြတ်ခြင်း ဆုဒြာသည် သူ၏ စွမ်းအားကို စတင်၍ ပြသလာခြင်း ဖြစ်သည်။
တကယ့်ဒဏ္ဍာရီလာအဆင့်များသာလျင် ယဲ့ဖန်နှင့် ယှဉ်တိုက်နိုင်ရန် အရည်အချင်း မီလောက်သည်။
ယဲ့ဖန်က ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် နှစ်ယောက်ထံသို့ လျှောက်လာနေရင်း ရက်စက် ကြမ်းတမ်းစွာ ပြောလိုက်သည်။
"အခု ခင်ဗျားတို့ နှစ်ယောက်လုံး သေလို့ရပြီ"
ထိုသို့ပြောပြီး ယဲ့ဖန်က ရှေ့သို့ အရှိန်မြှင့်၍ ပြေးလာရင်း သူ၏ မိစ္ဆာ မရဏ သံလက်သီးကို ထုတ်ဖော်၍ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် နှစ်ယောက်အား သဲကြီးမဲကြီး တိုက်ခိုက်လေတော့သည်။
နောက်ထပ် ဖြစ်ပေါ်လာသည့် အဖြစ်အပျက်များက လူတိုင်းအား ကြက်သီးတဖြန်းဖြန်းထကာ တုန်ယင်သွားစေခဲ့သည်။
#ZAWGYI
စာစဥ္ (18) CHAPTER (267) မိစာၦ မရဏ သံလက္သီး
က်ိဳဟမ့္ရွန္ ... ဒ႑ာရီလာတစ္ပိုင္းအဆင့္။
ယခင္တုန္းက က်ိဳဟမ့္ရွန္သည္ ဒ႑ာရီ အထြတ္အထိပ္အဆင့္သို႔ ေရာက္ေနၿပီ ဟူေသာ ေကာလဟာလမ်ားစြာ ထြက္ခဲ့သည္။ သို႔ေသာ္ သူက ထို႔ထက္ပို၍ အင္အားႀကီးေနလိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားခဲ့မိပါ။
အံ့ဩစရာေကာင္းေလာက္ေအာင္ သူသည္ ဒ႑ာရီလာ တစ္ပိုင္းအဆင့္သို႔ ေရာက္ေနခဲ့သည္။ သူ၏ ခ်ီဓာတ္သည္ ေဖ်ာင္ထိုက္ရွင္းထက္ေတာင္မွ ပို၍ ၾကမ္းၾကဳတ္ေနေသးသည္။
ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ျဖစ္သည့္ က်ိဳဟမ့္ရွန္က ယဲ့ဖန္အား ရက္စက္စြာ အငိုက္ဖမ္း တိုက္ခိုက္ခဲ့သည္။
ယဲ့ဖန္သည္ ဟြာရွ သိုင္းေလာကကိုယ္စား ကိုရီးယားႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္အား တိုက္ခိုက္ေနျခင္း ျဖစ္သည္။ သို႔ေသာ္ က်ိဳဟမ့္ရွန္သည္ ဟြာရွႏိုင္ငံသားမ်ားႏွင့္ တိုက္ခိုက္ေနေသာ ကိုရီးယားလူမ်ိဳးမ်ားအား ကူညီေနသည္။
ထို႔ေၾကာင့္ က်ိဳဟမ့္ရွန္သည္ သစၥာေဖာက္တစ္ေယာက္ႏွင့္ မထူးျခားနားပင္။ ခ်က္ခ်င္းဆိုသလိုပင္ တိုက္ခိုက္ေရးကလပ္တစ္ခုလုံး ပြက္ေလာ႐ိုက္သြားကာ ဟြာရွသား သိုင္းပညာရွင္မ်ားအားလုံး ေဒါကန္လာၾကသည္။
"ေခြးမသား .... က်ိဳဟမ့္ရွန္က ဒ႑ာရီလာ တစ္ပိုင္းအဆင့္ေတာင္ ေရာက္ေနၿပီ ... ဒါေပမဲ့ သူက ဟြာရွႏိုင္ငံသားေတြ တိုက္ခိုက္ခံရခ်ိန္မွာ သူက မ်က္ႏွာလႊဲေနၿပီး ဘာမွမလုပ္ခဲ့ဘူး"
"ေသာက္ေခြးမသား ... သူ ဘယ္လိုလုပ္ ဟြာရွလူမ်ိဳးေတြကို သတ္ဖို႔ ကိုရီးယားေတြနဲ႔ ေပါင္းႀကံခဲ့ရတာလဲ ... က်ိဳဟမ့္ရွန္ ေသသင့္တယ္ကြ"
"ယဲ့ဖန္ ဒုကၡေရာက္ေနၿပီ ... သူတို႔ကို အတူတူ တိုက္ၾကရေအာင္"
လူအုပ္ထဲမွ တစ္ေယာက္က ထေအာ္လိုက္ၿပီးေနာက္ က်န္ဟြာရွႏိုင္ငံသား ဒ႑ာရီအဆင့္ သိုင္းပညာရွင္မ်ားက ယဲ့ဖန္ကို ကူညီရန္ ျပင္လိုက္ၾကသည္။
သို႔ေသာ္ သူတို႔အား အေမွာင္ဂိုဏ္း၏ အႀကီးအကဲမ်ားႏွင့္ ယဲ့မုန႔္ထန္ ဦးေဆာင္ေသာ က်န္ယဲ့ကလန္ သစၥာေဖာက္မ်ားက တားဆီးလိုက္ၾကသည္။
ယဲ့ဖန္ကို ေထာက္ခံေသာ ယဲ့ရႈံးႏွင့္ အျခားသူမ်ားကို ၾကည့္ၿပီး ယဲ့မုန႔္ထန္က ေလွာင္ေျပာင္၍ ေျပာလိုက္သည္။
"ဟားဟားဟား ... ယဲ့ရႈံး ... မင္း ေမွ်ာ္လင့္ခ်က္ေတြ စုပုံထားတဲ့ အဲ့ေခြးသားေလးက ေသခ်ာေပါက္ ေသမွာကြ .... အႀကီးအကဲက်ိဳက ဘယ္ေလာက္ေၾကာက္ဖို႔ေကာင္းလဲ ဆိုတာ မင္းမသိပါဘူးကြာ ... သူက ဒ႑ာရီလာအဆင့္ေရာက္ဖို႔ ေျခတစ္လွမ္းေလာက္ပဲ လိုေတာ့တာကြ"
"သူ႔အကူအညီနဲ႔ဆို ယဲ့ဖန္ ေသမွာပဲ"
...
သူ႔စကားေၾကာင့္ ယဲ့ဖန္ကို ေထာက္ခံေသာ ယဲ့ရႈံးႏွင့္ အျခားသူမ်ား အလြန္ သုန္မႈန္သြားၾကသည္။
*ဒ႑ာရီလာတစ္ပိုင္းအဆင့္ ႏွစ္ေယာက္*
*ယဲ့ဖန္ အႀကီးအက်ယ္ ဒုကၡေရာက္ေနၿပီ*
ထိုအခ်ိန္တြင္ စည္းဝိုင္းထဲက သုံးေယာက္ကေတာ့ ေဘးက အေျခအေနကို သတိေတာင္ မထားမိေပ။
က်ိဳဟမ့္ရွန္က ေဖ်ာင္ထိုက္ရွင္းအား ေျပာလိုက္သည္။
"အစ္ကိုေတာ္ေဖ်ာင္ .. သူ႔လွည့္ကြက္ေတြက တအားရက္စက္တယ္ ... က်ဳပ္တို႔ အတူ ပူးေပါင္းၿပီး သူ႔ကို သတ္မွျဖစ္မယ္ ... မဟုတ္ရင္ သူက က်ဳပ္တို႔ဆီ မဆုံးႏိုင္တဲ့ ျပႆနာေတြ သယ္လာမွာ"
က်ိဳဟမ့္ရွန္၏ အႀကံေပးခ်က္ေၾကာင့္ ေဖ်ာင္ထိုက္ရွင္း တစ္ခဏမွ် ခ်ီတုံခ်တုံျဖစ္သြားသည္။
"မျဖစ္ဘူး ... ဘိုးဘိုး"
ေဖ်ာင္က်ဳံးဝမ္ သူမအဘိုးအား သံကုန္ဟစ္၍ ေအာ္ေျပာလိုက္သည္။ သူမစကားေၾကာင့္ ေဖ်ာင္ထိုက္ရွင္းက ေဖ်ာင္က်ဳံးဝမ္ဘက္ လွည့္ကာ သူမမ်က္ႏွာကို ၾကည့္၍ ေျပာလိုက္သည္။
"ဝမ္အာ ... ဘိုးဘိုးက မင္းအေဖရဲ႕ ေသဆုံးမႈအတြက္ လက္စားေခ်မွ ျဖစ္မယ္ေလ ... အဲ့ေခြးမသားေလးက ေသကိုေသရမွာ"
ေဖ်ာင္က်ဳံးဝမ္အား ထိုသို႔ေျပာၿပီး ေဖ်ာင္ထိုက္ရွင္းသည္ က်ိဳဟမ့္ရွန္ဘက္ လွည့္ၾကည့္၍ ေခါင္းညိတ္ျပလိုက္သည္။
"မင္း အကူအညီအတြက္ ေက်းဇူးပါပဲ အစ္ကိုေတာ္က်ိဳ"
...
သူတို႔၏ အျပန္အလွန္ ေျပာစကားေၾကာင့္ ေဖ်ာင္က်ဳံးဝမ္၏ ေသးသြယ္ေသာ ကိုယ္လုံးေလးက တုန္ယင္သြားကာ ထိုင္ခုံေပၚသို႔ ပစ္လဲက်သြားသည္။
*သူေတာ့ ဒုကၡေရာက္ၿပီ*
*ငါ့ေမာင္ငယ္ေလး ေသေတာ့မွာပဲ*
ေဖ်ာင္က်ဳံးဝမ္ ေရ႐ြတ္ေနရင္း သူမ၏ လွပေသာ မ်က္လုံးေလးမွ မ်က္ရည္မ်ား စတင္ စီးက်လာသည္။ သူမ၏ မ်က္ႏွာေလးမွာလည္း ျပာႏွမ္းလို႔လာသည္။
ထို႔ေနာက္ က်ိဳဟမ့္ရွန္သည္ ေဖ်ာင္ထိုက္ရွင္း ေျပာလာမည့္ စကားမ်ားကို ခန႔္မွန္းမိဟန္ျဖင့္ ရက္စက္ေသာ အၾကည့္မ်ားျဖင့္ ၾကည့္ကာ ေျပာလိုက္သည္။
"ဟားဟား ... အစ္ကိုေတာ္ေဖ်ာင္ ... အဲ့ငနာေလးက သူအလိုရွိသလို ထူးဆန္းတဲ့ လွည့္ကြက္ေတြ ကစားျပေနတာ ... သူက က်ဳပ္တို႔ ခ်ီဓာတ္ေတြကို စားသုံးႏိုင္တယ္ ... ဒါေၾကာင့္ က်ဳပ္တို႔ ေအးခဲခ်ီ ဓားေမာ့ကို မသုံးသင့္ဘူး ... က်ဳပ္တို႔ သူကို ႐ုပ္ခြန္အားနဲ႔ပဲ ဖိႏွိပ္ရမယ္"
က်ိဳဟမ့္ရွန္သည္ ရက္စက္ယုတ္မာေတာ့မည့္ အၿပဳံးႏွင့္ ေျပာလာသည္။ သူ ယဲ့ဖန္၏ လွည့္ကြက္အားလုံးကို ျမင္ထားၿပီးသား ျဖစ္သည္။
ထို႔ေၾကာင့္ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ သိုင္းပညာရွင္ႏွစ္ေယာက္က သူတို႔၏ ခ်ီဓာတ္မ်ားကို သူတို႔ကိုယ္တြင္း၌သာ စုစည္းၿပီး ယဲ့ဖန္အား ခ်က္ခ်င္း ဝိုင္းတိုက္ခိုက္ၾကသည္။ သူတို႔သည္ အလြန္ေၾကာက္မက္ဖြယ္ ေကာင္းလွ၏။
သူတို႔၏ ခြန္အားမ်ားက အလြန္ ျပင္းထန္လွသည္။ သို႔ေသာ္ ယဲ့ဖန္က တစ္စက္ကေလးမွ ေၾကာက္ေနပုံ မေပၚေပ။ ေၾကာက္႐ြံ႕ျခင္း မရွိသည့္အျပင္ သူက ေပ်ာ္႐ႊင္ေနဟန္ျဖင့္ ေအာ္ေျပာလိုက္သည္။
"ဒ႑ာရီလာတစ္ပိုင္းအဆင့္လား ... ဘာမဟုတ္တဲ့ဟာေတြပဲ"
*ဘာ*
က်ိဳဟမ့္ရွန္ႏွင့္ ေဖ်ာင္ထိုက္ရွင္းတို႔သည္ ဒီေခြးမသားေလးက ေသလုဆဲဆဲအခ်ိန္မွာပင္ အလြန္ေမာက္မာေနဦးမည္ဟု ထင္မွတ္မထားသျဖင့္ ခ်က္ခ်င္း ထိတ္လန႔္သြားၾကသည္။
"ဘယ္လိုေကာင္လဲဟ ... ဒါဆိုလည္း ဘယ္သူက ဘာမဟုတ္တဲ့ေကာင္လဲ ၾကည့္ၾကေသးတာေပါ့ကြာ"
ဒ႑ာရီလာတစ္ပိုင္းအဆင့္ ႏွစ္ေယာက္က တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကသည္။ ထို႔ေနာက္ သူတို႔သည္ ၾကမ္းျပင္ကို ေဆာင့္နင္း၍ ေရွ႕သို႔ တိုးဝင္သြားသည္။
ဝုန္း!
သူတို႔ႏွစ္ေယာက္လုံး ယဲ့ဖန္အား တိုးဝင္တိုက္ခိုက္ၾကသည္။
"ေခြးမသားေလး ... သြားေသလိုက္ေတာ့"
သူတို႔၏ လႈပ္ရွားမႈက အလြန္ လ်င္ျမန္လွသျဖင့္ ယဲ့ဖန္ေရွ႕သို႔ နာႏိုစကၠန႔္အတြင္း ေရာက္ရွိသြားသည္။
တစ္ခ်ိန္တည္းမွာပင္ သံမဏိလက္သီးႏွစ္ဘက္က ယဲ့ဖန္၏ ဦးေခါင္းသို႔ တစ္ဟုန္ထိုး တိုးပြားလာေသာ ခ်ီဓာတ္မ်ားျဖင့္ ေရာက္ရွိလာသည္။
ဒုန္း!
သူတို႔၏ သန္မာေသာ တိုက္စစ္ေၾကာင့္ စည္းဝိုင္းတစ္ခုလုံး ၿပိဳက်ကာ ေျမႀကီးမ်ားႏွင့္ ေက်ာက္တုံးမ်ား ေနရာအႏွံ႔ လြင့္စဥ္သြားကာ တိုက္ခိုက္ေရးကလပ္တစ္ခုလုံးအား ပ်က္စီးလုနီးပါး ျဖစ္သြားေစသည္။
ဤသို႔ေၾကာက္မက္ဖြယ္ေကာင္းေသာ ျမင္ကြင္းေၾကာင့္ အနီးတစ္ဝိုက္မွ ဒ႑ာရီအဆင့္ သိုင္းပညာရွင္မ်ား အားလုံး ေၾကာက္လန႔္ကာ တုန္ယင္သြားၾကသည္။
သန္မာေသာ ဒ႑ာရီအဆင့္မွ သူမ်ားပင္ ဤတိုက္ခိုက္မႈေၾကာင့္ ေသလုနီးပါး ျဖစ္သြားေလာက္သည္ကို ေသခ်ာေပါက္ သိေနၾကသည္။
*သူေတာ့ သြားၿပီ*
ယဲ့ဖန္ တစ္စစီ ျဖစ္သြားေတာ့မည္ဟု တစ္ထစ္ခ် ယုံၾကည္သြားၾကသည္။ က်န္ရွိေနေသာ ဟြာရွႏိုင္ငံသား သိုင္းပညာရွင္မ်ားအားလုံး မခံမရပ္ႏိုင္ျဖစ္ကာ မလိုလားေသာ မ်က္ႏွာထားမ်ား ျဖစ္လာၾကသည္။
ယဲ့ဖန္၏ တိုးတက္လာမႈကို သူတို႔အားလုံး မ်က္ဝါးထင္ထင္ ျမင္ခဲ့ရသည္။ သို႔ေသာ္ ယဲ့ဖန္၏ က်ဆုံးခန္းကိုေတာ့ သူတို႔ မျမင္လိုပါ၊ အထူးသျဖင့္ သူတို႔ ဟြာရွႏိုင္ငံသား၏ လက္ထဲ၌ မေသေစလိုပါ။
မည္မွ် ရွက္ဖို႔ေကာင္းလိုက္သနည္း။
ဂြၽတ္!
ထိုစဥ္ မယုံၾကည္ႏိုင္စရာေကာင္းေသာ အျဖစ္အပ်က္တစ္ခု ျဖစ္ေပၚလာသည္။
ယဲ့ဖန္သည္ တစ္ဟုန္ထိုးတိုးပြားလာေသာ အနက္ေရာင္ နက္ဆိုးခ်ီဓာတ္မ်ားအား သူ၏ လက္သီးႏွစ္ဘက္၌ စုစည္းလိုက္သျဖင့္ လက္အိတ္သဖြယ္ ျဖစ္ေပၚလာသည္။
မိစာၦ မရဏ သံလက္သီး။
ယဲ့ဖန္သည္ နတ္ဆိုး သတ္ျဖတ္ျခင္း ဆုျဒာ၏ ဒုတိယအဆင့္သို႔ အဆင့္တက္သြားၿပီ ျဖစ္သျဖင့္ သူသည္ မ်ားစြာေသာ ဆရာသခင္အဆင့္မ်ားႏွင့္ ဒ႑ာရီအဆင့္မ်ား၏ မူလ သလင္းေက်ာက္မ်ားကို စုပ္ယူႏိုင္လာခဲ့ၿပီ ျဖစ္သည္။
ေဖ်ာင္ထိုက္ရွင္း၏ ေအးခဲခ်ီ ဓားေမာ့ကို စုပ္ယူၿပီးေနာက္ သူ၏ က်င့္ႀကံျခင္း အေျခခံအဆင့္သည္လည္း တိုးတက္လာခဲ့သည္။
ထို႔ေၾကာင့္ သူသည္ သူ၏ နတ္ဆိုး သတ္ျဖတ္ျခင္း ဆုျဒာအား အစြမ္းအျပည့္နီးပါး အသုံးျပဳလာႏိုင္သည္။
ယခု သူသည္ မိစာၦ မရဏ သံလက္သီးကိုပင္ ဆင့္ေခၚ သုံးစြဲႏိုင္ၿပီ ျဖစ္သည္။ ယဲ့ဖန္၏ လက္သီးမွ ထြက္ေပၚလာေသာ အနက္ေရာင္ သံမဏိ သံလက္သီးခ်က္သည္ မိစာၦဆန္၍ ၾကမ္းၾကဳတ္လွသည္။
ထို႔ေနာက္ ယဲ့ဖန္သည္ ဒ႑ာရီလာတစ္ပိုင္းအဆင့္ ႏွစ္ေယာက္အား အားႏွင့္ ထိုးႏွက္လိုက္သည္။
"က်ိဳးစမ္း ... က်ိဳးစမ္း ... က်ိဳးပ်က္စမ္း"
သူ၏ ေသြးပ်က္ဖြယ္ေကာင္းေသာ စကားႏွင့္အတူ ယဲ့ဖန္၏ သံမဏိလက္သီးႏွစ္ဘက္သည္ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ႏွစ္ေယာက္၏ လက္သီးခ်က္မ်ားႏွင့္ ရက္စက္စြာ ထိပ္တိုက္ေတြ႕သြားသည္။
ဝုန္း! ဝုန္း! ဝုန္း!
ေပါက္ကြဲသံမ်ားက နားကြဲမတတ္ ထြက္ေပၚလာသည္။
ဂြၽတ္! ဂြၽတ္!
ဂြၽတ္ဟူေသာ အသံႏွင့္အတူ ဒ႑ာရီလာတစ္ပိုင္းအဆင့္ ႏွစ္ေယာက္လုံး၏ သံမဏိလက္သီးမ်ားသည္ ဖိႏွိပ္ျခင္း ခံလိုက္ရပုံရကာ စုတ္ျပတ္သတ္သြားသည္။
"မဟုတ္ဘူး"
က်ိဳဟမ့္ရွန္ႏွင့္ ေဖ်ာင္ထိုက္ရွင္းတို႔ ေသမတတ္ ထိတ္လန႔္သြားၾကသည္။ ထို႔ေနာက္ ႐ိုးတြင္းျခင္ဆီထိ ေအးစိမ့္ရေလာက္သည့္ အင္အားတစ္ခု နီးကပ္လာသည္ကို သူတို႔ႏွစ္ေယာက္လုံး ခံစားလိုက္မိသည္။
တစ္ခဏမွ်ၾကာေသာ္ သူတို႔ႏွစ္ေယာက္လုံး လြင့္ထြက္သြားသည္။
ဘုန္း! ဘုန္း!
သူတို႔ႏွစ္ေယာက္ ၾကမ္းျပင္ေပၚ ျပဳတ္က်လာသည္ႏွင့္ တိုက္ခိုက္ေရးတစ္ခုလုံး တိတ္က်သြားသည္။
ဒ႑ာရီလာတစ္ပိုင္းအဆင့္ ႏွစ္ေယာက္လုံး ဆရာသခင္အဆင့္ျဖစ္သူ ယဲ့ဖန္၏ တစ္ခ်က္တည္းႏွင့္ အႏိုင္ယူျခင္းကို ခံလိုက္ရသတဲ့လား။
*လုံးဝ မျဖစ္ႏိုင္ဘူး*
လူတိုင္း အလြန္ အံ့အားသင့္သြားၾကသည္။ ဟြာရွႏိုင္ငံသား သိုင္းပညာရွင္မ်ား အပါအဝင္ အေမွာင္ဂိုဏ္း အဖြဲ႕ဝင္မ်ားႏွင့္ ကိုရီးယားလူမ်ိဳးမ်ား နားေနရာေနရာမွ လူမ်ားပါ မယုံသကၤာ ျဖစ္သြားရသည္။
ဒ႑ာရီလာ တစ္ပိုင္းအဆင့္ သိုင္းပညာရွင္ ႏွစ္ေယာက္က တစ္ခ်က္တည္းႏွင့္ တိုက္ပြဲကို ရႈံးနိမ့္သြားရသည္။
*လုံးဝ မျဖစ္ႏိုင္ဘူးေလ*
ဂလု!
ယဲ့မုန႔္ထန္သည္ အလြန္ ေခ်ာက္ခ်ားေနဟန္ျဖင့္ မနည္းတံေတြး မ်ိဳခ်လိုက္ရသည္။ ထို႔ေနာက္ ကတုန္ကယင္ႏွင့္ သူေျပာလိုက္မိသည္။
"မဟုတ္ဘူး ... မျဖစ္ႏိုင္ဘူး ... ဒီေခြးမသားေလးက ဘယ္လိုလုပ္ ဒီေလာက္ သန္မာေနရတာလဲ"
ယဲ့မုန႔္ထန္သာမက အျခားမည္သူမွ် ကိုယ့္မ်က္လုံးကိုယ္ မယုံၾကည္ႏိုင္သလို ျဖစ္ေနၾကသည္။
အေစာပိုင္းတုန္းက ေဖ်ာင္ထိုက္ရွင္းသည္ ယဲ့ဖန္အား တစ္ခ်က္တည္းျဖင့္ လြင့္ထြက္သြားေစခဲ့သည္။ သို႔ပင္မဲ့ ယခု ေဖ်ာင္ထိုက္ရွင္းေရာ က်ိဳဟမ့္ရွန္ပါ ယဲ့ဖန္ေၾကာင့္ တစ္ခ်က္တည္းႏွင့္ ရႈံးနိမ့္သြားသည္။
အိပ္မက္မက္ေနရသလိုပင္။
တိုက္ပြဲအၿပီးတြင္ေတာ့ က်ိဳဟမ့္ရွန္ႏွင့္ ေဖ်ာင္ထိုက္ရွင္းတို႔က အထိတ္လန႔္ဆုံး ျဖစ္ေနၾကသည္။ ေသြးတစ္လုပ္ အန္လိုက္မိၿပီးေနာက္ တုန္လႈပ္စြာ ေရ႐ြတ္လိုက္မိသည္။
"လူထူးလူဆန္းပဲ .... ဒီေကာင္က ..."
ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ႏွစ္ေယာက္ အလြန္ မ်က္ခုံးလႈပ္ေနၾကသည္။ သို႔ေသာ္ ယဲ့ဖန္က ဒ႑ာရီ ေနာက္ဆုံးအဆင့္ ျဖစ္ေသာ က်င္းရွင္းယြီအား ဆရာသခင္ ျဖစ္ခါနီးအဆင့္ႏွင့္ သတ္လိုက္သည္ကို သူတို႔ မသိၾကေပ။ သူတို႔ႏွစ္ေယာက္ၾကားတြင္ အဆင့္ျခားနားမႈက ရွစ္ဆင့္ေတာင္ ရွိေနခဲ့သည္။
သို႔ေသာ္ ယခုအခါတြင္ ယဲ့ဖန္သည္ ဆရာသခင္ ေနာက္ဆုံးအဆင့္သို႔ ေရာက္ရွိေနၿပီ ျဖစ္သျဖင့္ အဆင့္ျခားနားမႈ ခုနစ္ဆင့္ေတာင္ ရွိေနေသာ ဒ႑ာရီလာ တစ္ပိုင္းအဆင့္မ်ားကို လြယ္လင့္တကူ သတ္လာႏိုင္ၿပီ ျဖစ္သည္။
ပို၍ ထိတ္လန႔္ဖြယ္ေကာင္းသည္က ယဲ့ဖန္၏ နတ္ဆိုး သတ္ျဖတ္ျခင္း ဆုျဒာသည္ သူ၏ စြမ္းအားကို စတင္၍ ျပသလာျခင္း ျဖစ္သည္။
တကယ့္ဒ႑ာရီလာအဆင့္မ်ားသာလ်င္ ယဲ့ဖန္ႏွင့္ ယွဥ္တိုက္ႏိုင္ရန္ အရည္အခ်င္း မီေလာက္သည္။
ယဲ့ဖန္က ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ႏွစ္ေယာက္ထံသို႔ ေလွ်ာက္လာေနရင္း ရက္စက္ ၾကမ္းတမ္းစြာ ေျပာလိုက္သည္။
"အခု ခင္ဗ်ားတို႔ ႏွစ္ေယာက္လုံး ေသလို႔ရၿပီ"
ထိုသို႔ေျပာၿပီး ယဲ့ဖန္က ေရွ႕သို႔ အရွိန္ျမႇင့္၍ ေျပးလာရင္း သူ၏ မိစာၦ မရဏ သံလက္သီးကို ထုတ္ေဖာ္၍ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ႏွစ္ေယာက္အား သဲႀကီးမဲႀကီး တိုက္ခိုက္ေလေတာ့သည္။
ေနာက္ထပ္ ျဖစ္ေပၚလာသည့္ အျဖစ္အပ်က္မ်ားက လူတိုင္းအား ၾကက္သီးတျဖန္းျဖန္းထကာ တုန္ယင္သြားေစခဲ့သည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now