Chapter 364

1K 98 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (25) CHAPTER (364) ကမ္ဘာပျက်သောနေ့ ရောက်လာလေပြီ

ကမ္ဘာခြား စစ်သင်္ဘောက နေစကြဝဠာထဲသို့ ဝင်လာသည်နှင့် ကမ္ဘာပေါ်ရှိ ရှေးဟောင်းအိမ်တစ်လုံး အတွင်းရှိ သူတောင်းစားအိုကြီးတစ်ယောက်သည် ရုတ်တရက် မျက်လုံးပွင့်လာပြီး မျက်နှာပေါ်၌ ကြောက်စိတ်များဖြင့် ပြည့်နှက်သွားသည်။
“ဘိုးဘိုး ဘာဖြစ်လို့လဲ”
မကောင်းတာတစ်ခုခု ဖြစ်ပေါ်တော့မည်ပုံပေါ်နေသော သူမအဘိုး၏ ထိုကဲ့သို့သော မျက်နှာအမူအရာမျိုးကို ယန်အာ ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
တောက်! တောက်!
သူတောင်းစားအိုကြီး၏ နဖူးမှ ချွေးတဒီးဒီး ကျလာသည်။ ထို့အပြင် သူ့မျက်ခုံးများ တဆတ်ဆတ် လှုပ်လာပြီး ရေရွတ်လိုက်သည်။
“ရှေးဟောင်းတားမြစ်စနစ်က ကျိုးပျက်သွားပြီ။ ကပ်ဆိုက်တော့မှာပါလား”
*ဘယ်လို*
သူတောင်းစားအိုကြီး၏ စကားကြောင့် ယန်အာ လုံးဝကို မှင်တက်သွားရသည်။ သို့သော် သူမ ပြန်မမေးနိုင်ခင်တွင် သူတောင်းစားအိုကြီးက ပြောလာသည်။
“မြန်မြန်၊ လင်းဒီလော့၊ တထာဂတနဲ့ ပါရမီရှင် ကောင်းကင်သားတော်တို့ကို ဆက်သွက်လိုက်၊ မြန်မြန်လုပ်”
“ဘိုးဘိုး လူသားတိုင်းကို တရားဝင်ကြေညာစရာ တစ်ခုရှိတယ်”

ထိုနေ့၏ ညနေခင်းတွင် ကမ္ဘာတစ်ဝှမ်းရှိ တီဗွီရုပ်သံလိုင်းအားလုံးတွင် သတင်းတစ်ခုကို ထုတ်လွှင့်လေတော့သည်။
ထိုသတင်းထဲတွင် လူလေးယောက် ပါဝင်သည်။
သူတောင်းအိုကြီးသည် ကောင်းကင် နတ်ဘုရားအဆင့် ဖြစ်သော လင်းဒီလော့ဖ်၊ တထာဂတနှင့် ကောင်းကင်အလင်းသခင်တို့ရှေ့၌ ထိုင်နေသည်။
လေထုသည် အလွန်ထိုင်းမှိုင်းလှသည်။
ဤသတင်းကို ကြည့်နေသည့် လူသားတိုင်း တစ်ခုခုတော့ ဖြစ်နေပြီဆိုတာကို ရိပ်စားမိလိုက်ကြသည်။
ရုတ်တရက် သူတောင်းစားအိုကြီးက စကားစလာသည်။
“ကမ္ဘာမြေသားအပေါင်းတို့ မင်္ဂလာညနေခင်းပါ။ ကျုပ်က အမည်မသိလူတစ်ယောက်ပါ။ မင်းတို့ ငါ့ကို အမည်မသိ သူတောင်းစားလို့ ခေါ်နိုင်ပါတယ်။ ကျုပ်က ကမ္ဘာမြေရဲ့ ကာကွယ်စောင့်ရှောက်သူပဲ”
သူတောင်းစားအိုကြီး၏ စကားကြောင့် သတင်းကို ကြည့်နေကြသည့် လူအုပ်ကြီး အလွန် ချောက်ချားသွားကြသည်။
*ကမ္ဘာကြီးရဲ့ ကာကွယ်စောင့်ရှောက်သူ*
သူ့စကားတွေကို မည်သူမျှ မယုံချင်ကြပါ။ သို့သော် သူ့အနောက်၌ ထိုင်နေသည့် ကောင်းကင် နတ်ဘုရားအဆင့် သုံးယောက်ကို ကြည့်ပြီး သူတို့ ထိုအချက်ကို လက်ခံလိုက်ကြသည်။
“ဒီနေ့ ကျုပ် ခင်ဗျားတို့ကို သတင်းဆိုးတစ်ခု ကြေညာစရာ ရှိပါတယ်။ ကမ္ဘာပျက်မယ့်နေ့က နီးကပ်လို့လာပြီဆိုတာပါပဲ”

သူ၏ ဒုတိယမြောက် စကားကြောင့် တစ်ကမ္ဘာလုံးမှ လူသားတိုင်း ပွက်လောရိုက်သွားကြသည်။
ကမ္ဘာပျက်မယ့်နေ့တဲ့လား။
မဖြစ်နိုင်လိုက်တာ။
ကောင်းကင် နတ်ဘုရားအဆင့် သုံးယောက်တောင် သူတို့နောက်မှ ရှိနေသည်။ ဘယ်သူကများ လူသားမျိုးဆက်အား သုတ်သင်နိုင်ပါမည်နည်း။
မယုံနိုင်စရာကောင်းလှသည်။
ထို့နောက် အခြားသူများ၏ အတွေးများကို သိနေသည့်ဟန်ဖြင့် သူတောင်းစားအိုကြီးက မချိပြုံးပြုံး၍ ပြောလာသည်။
“ကျုပ်ပြောတာကို မင်းတို့ မယုံဘူးဆိုတာကို ကျုပ် သိတယ်။ ဒါက အမှန်တရားပဲ”
“ကမ္ဘာခြား စစ်သင်္ဘောတစ်စင်းက နေစကြဝဠာထဲကို ဝင်လာနေပြီးပြီ။ သူတို့ ကမ္ဘာကို သုံးရက်အတွင်း ရောက်လာလိမ့်မယ်”
“အဲ့စစ်သင်္ဘောထဲမှာ ကမ္ဘာခြား မုဆိုးတွေ ဒါမှမဟုတ် ကမ္ဘာခြား ဓားပြအဖွဲ့တွေ ပါလာတယ်”
*ကမ္ဘာခြား ဓားပြတွေ*
ထိုအသုံးအနှုန်းကို ကြားလိုက်ရသဖြင့် လူသား သိုင်းပညာရှင်များ၏ မျက်နှာများ ပြာနှမ်းသွားကြသည်။
မုဆိုးများက စကြဝဠာကို ဖြတ်ကျော်၍ ကမ္ဘာကို ရောက်လာမည်ဆိုကတည်းက သူတို့၏ ခွန်အားက ကြောက်မက်ဖွယ် ကောင်းလောက်သည်။
ထို့ကြောင့် ကောင်းကင် နတ်ဘုရားအဆင့် လူသား သိုင်းပညာသုံးယောက်က ကမ္ဘာကို ကာကွယ်နိုင်ပါ့မလားဆိုတာကို တကယ့်ကို စိုးရိမ်စရာပင်။
“ကမ္ဘာခြား ဓားပြတွေက အရမ်း ရက်စက်တယ်။ သူတို့က သယံဇာတ ပေါကြွယ်ဝတဲ့ ဂြိုဟ်အမျိုးမျိုးကို လိုက်ရှာနေတာ”
“ပြီးရင် သူတို့က သယံဇာတ ပေါကြွယ်ဝတဲ့ ဂြိုဟ်တွေဆီက သံယံဇာတနဲ့ ကြယ်ဝမှုတွေအားလုံးကို လုယက်ကြမယ်”
“သူတို့က ယောကျ်ားသားတိုင်းကို ကျွန်လုပ်ပြီးတော့ စကြဝဠာထဲက အခြားဂြိုဟ်တွေမှာ ပြန်ရောင်းကြတယ်”
“သူတို့က အမျိုးသမီးတွေကို အဓမ္မ သိမ်းပိုက်ပြီးတော့ ကလေးတွေအားလုံးကို သတ်ပစ်ကြတယ်”
သူတောင်းစားအိုကြီးက ဆက်ပြောနေရင်း သူ၏ မျက်နှာက အလွန် သုန်မှုန်လာသည်။
“နောက်ဆုံးတော့ သယံဇာတ ပေါကြွယ်ဝတဲ့ ဂြိုဟ်တွေက ကမ္ဘာခြား ဓားပြတွေရဲ့ လုယက်သိမ်းယူခြင်းကို ခံရပြီးတော့ ဂြိုဟ်သေတစ်ခုအဖြစ် ပြောင်းလဲသွားလိမ့်မယ်”
သူ့စကားကြောင့် လူသား သိုင်းပညာရှင်များ မှင်တက်သွားကြသည်။
*ဒါဆို ငါတို့ ဘာလုပ်သင့်လဲ*
ယခုအချိန်တွင် လူသားတိုင်း စိုးရိမ်စွာဖြင့် ခေါင်းပူအောင် တွေးတောနေကြသည်။
သူတို့ ကျွန်အဖြစ် ရောင်းစားခြင်း မခံနိုင်သလို သူတို့၏ အမျိုးသမီးများကို အဓမ္မ သိမ်းပိုက်ခံရခြင်းနှင့် သူတို့၏ ရင်သွေးများ အသတ်ခံရမည်ကိုပါ မလိုလားပေ။
သူတို့ ကြံရာမရ ဖြစ်လာကြသည်။ ယခုအချိန်၌ လူသား သိုင်းပညာရှင်များအားလုံး မျှော်လင့်ချက် ပျက်ပြားလာကြသည်။
ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင် သုံးယောက်တောင်မှ သုန်မှုန်နေကြသည်။
“လူသားတို့”
ထိုစဉ် သူတောင်းစားအိုကြီးက ဆက်ပြောလာသည်။
“ကျုပ်တို့ ကံတရားက လာမယ့်သုံးရက်အတွင်း ဆုံးဖြတ်ခံရလိမ့်မယ်။ ဌာနတိုင်းက လူတိုင်းကို ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင် သုံးယောက်လုံးရဲ့ ဌာနေတွေကို ပြောင်းရွှေ့နေထိုင်ဖို့ ကျုပ် လော်ဆော်ချင်တယ်”
“ကောင်းကင် နတ်ဘုရားအဆင့် သုံးယောက်သာလျင် လူသားတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ကောင်းကင် နတ်ဘုရားအဆင့် သုံးယောက်သာလျင် မင်းတို့ကို ကာကွယ်ပေးနိုင်မှာ”
*ရွှေ့ပြောင်းရမယ်*
သူတောင်းစားအိုကြီး၏ စကားကို ကြားပြီး လူသား သိုင်းပညာရှင်များ၏ မျက်လုံးများက တလက်လက် တောက်ပလာသည်။
*ဟုတ်တယ်*
ကောင်းကင်နတ်ဘုရားအဆင့် သိုင်းပညာရှင်သုံးယောက်၏ ဌာနေများသာလျင် တစ်ခုတည်းသော လုံခြုံရာနေရာ ဖြစ်သည်။
ထိုသတင်း ထုတ်လွှင့်ပြီးသည်နှင့် လူသားတိုင်း စတင် လှုပ်ရှားကြလေတော့သည်။ ရူးလောက်စရာ ရွှေ့ပြောင်းနေထိုင်မှုကြီး စတင်လေတော့သည်။
လူသား သိုင်းပညာရှင်များစွာတို့က သူတို့၏ မိသားစုများနှင့်အတူ အိန္ဒိယရှိ တထာဂတ၏ စခန်း၊ ဥရောပ ကောင်းကင်အလင်းသခင်၏ စခန်းနှင့် ကမ္ဘာမြေ အဖွဲ့အစည်း၏ လူလုပ်ကျွန်းစခန်းသို့ စတင်ရွှေ့ပြောင်းကြလေတော့သည်။
သို့သော် အခြား လူသားသိုင်းပညာရှင်များစွာက ဟွာရှနိုင်ငံသို့ ရွှေ့ပြောင်းရန်သာ ရွေးချယ်ခဲ့ကြသည်။ ဟွာရှနိုင်ငံ၌ ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင်များ ရှိသည်ဟု မည်သူမျှ မကြားဖူးကြပါ။
သို့သော် ဘာရယ်ကြောင့်မှန်းမသိသော်လည်း ထိုနိုင်ငံတွင်းရှိ လူများသည် သူတို့ကို ကာကွယ်ပေးနိုင်သည့် နတ်ဘုရားများ ဟွာရှနိုင်ငံတွင်း၌ ရှိနေသည်ဟု ယုံကြည်နေကြသည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်။
သုံးရက်တာ ကုန်ဆုံးသွားလေပြီ။
ထိုသို့သော အချိန်တွင် ကမ္ဘာတစ်ဝန်း၌ သိုင်းပညာရှင်များသည် သိသာစွာပင် အဖွဲ့ကြီး လေးဖွဲ့အဖြစ် ကွဲပြားစွာ ရှိနေသည်။ ခြောက်ပုံတစ်ပုံသောလူများက ဥရောပ၌ ရှိနေပြီး နောက်ထပ် ခြောက်ပုံတစ်ပုံသော လူများက အိန္ဒိယ၌ ရှိနေကာ ကျန် ခြောက်ပုံတစ်ပုံသော လူများက ကမ္ဘာမြေ အဖွဲ့အစည်း၏ စခန်း၌ ရှိနေကြသည်။
သို့သော် အခြား သုံးပုံတစ်ပုံသော လူသားတို့သည် ဟွာရှနိုင်ငံတွင်း၌ ရှိနေကြသည်။
ထိုသတင်းကို ရရှိပြီးနောက် ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင်များ၏ စခန်းများ အားလုံး၌ ပွက်လောရိုက်လာကြသည်။
“မဖြစ်နိုင်ဘူး။ သူတို့ ကိုယ့်သေတွင်းကိုယ်တူးနေကြတာလား။ ဘာလို့ သူတို့က ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင်တွေထက် ယဲ့ဖန်ကို ပိုရွေးချယ်ကြတာလဲ”
“ဟုတ်တယ်၊ ယဲ့ဖန် ပေါ်မလာတာ နှစ်ဝက်တောင် ရှိနေပြီ။ သူ အသက်ရှင်နေသေးသလား ဆိုတာကိုတောင် ငါတို့ မသိကြဘူး။ ဟွာရှနိုင်ငံမှာ သွားခိုလှုံတာက ကိုယ့်သေတွင်းကိုယ်တူးနေတာနဲ့ အတူတူပဲ”
“ဟမ့် ကမ္ဘာခြား ဓားပြတွေရောက်လာရင် ကမ္ဘာပေါ်က လူတစ်ဝက်လောက်ကတော့ ကြံရာမရ ဖြစ်နေကြတော့မှာပဲ”

ယခုအချိန်၌ အခြား အခြေစိုက်စခန်းမှ လူတိုင်းက ဟွာရှနိုင်ငံ၌ ခိုလှုံရန် ရွေးချယ်သွားသည့် လူသား သိုင်းပညာရှင်များကို အလွန်အကျွံ လှောင်ပြောင်နေကြသည်။
သူတို့စိတ်ထဲတွင် ထိုလူများသည် အရူးများဟု ထင်နေကြသည်၊ အထူးသဖြင့် ကောင်းကင် နတ်ဘုရားအဆင့် သိုင်းပညာရှင်သုံးယောက်က ထိုသို့ ပိုထင်နေကြသည်။
သူတို့ ဒေါသမီးတို့ဖြင့် တောက်လောင်နေကြသည်။
ကောင်းကင်အလင်းသခင်က သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောဆိုလာသည်။
“ယဲ့ဖန်လား။ အဟက် ငါက ပါရမီရှင်ပဲ။ ငါကကမ္ဘာကို ကာကွယ်နိုင်တဲ့ တစ်ယောက်တည်းသောသူပဲ။ မင်းက ငါ နင်းချေတာကို ခံရမှာကွ”
လင်းဒီလော့ဖ်က ကြုံးဝါးလာသည်။
“အရူးတွေ၊ ကမ္ဘာမြေသား တစ်ဝက်လောက်က တကယ့်ကို အရူးတကာ့အရူးထိပ်ခေါင်တွေပဲ။ ယဲ့ဖန်ရဲ့ တိုက်ပွဲဝင် ခွန်အားက အစစ်အမှန် နတ်ဘုရားအဆင့်နားလောက်ပဲ ရှိဦးမှာ။ သူက ဘယ်လိုလုပ် သူတို့ကို ကယ်တင်နိုင်မှာလဲ။ သူတို့ ကိုယ့်သေတွင်း ကိုယ်တူးနေကြတာပဲ”
အိန္ဒိယ တထာဂတကလည်း ယဲ့ဖန်ကို အလွန် လှောင်ပြောင်သရော်ခြင်း ပြုလေသည်။
“ကမ္ဘာခြား ဓားပြတွေက ဟွာရှနိုင်ငံကို ဖျက်ဆီးတဲ့အချိန် ရောက်လာရင် အဲ့ အပြစ်ကင်းတဲ့ လူတွေ ကျုပ်ရဲ့ အိန္ဒိယစခန်းကို ရောက်မလာဖို့ မျှော်လင့်တယ်”
ယခုအချိန်၌ ကမ္ဘာတစ်ဝန်းလုံးရှိ လူသားသိုင်းပညာရှင်များသည် အဖွဲ့ကြီးနှစ်ဖွဲ့အဖြစ် ကွဲနေကြသည်။
တစ်ဖွဲ့သည် ယဲ့ဖန်ကို ယုံကြည်၍ ဟွာရှနိုင်ငံတွင်း၌သာ နေထိုင်ကြပြီး ကျန်တစ်ဖွဲ့သည် ကောင်းကင်နတ်ဘုရားအဆင့် သိုင်းပညာရှင်များကို ယုံကြည်ကြပြီး ဟွာရှနိုင်ငံနှင့် ဝေးရာတွင်သာ နေထိုင်ကြသည်။
လူသားများ ပြောင်းရွှေ့လို့ ပြီးသွားပြီးနောက်တွင် ကမ္ဘာကြီး၏ လေထုအလွှာသည် အပြင်ဘက်မှနေ၍ ပျက်စီးသွားလေသည်။
ထို့နောက် ကမ္ဘာသားတို့၏ အံ့ဩနေသော အကြည့်များအောက်၌ အလွန် ကြီးမားသော စစ်သင်္ဘောတစ်စီး ကောင်းကင်၌ ပေါ်ထွက်လာသည်။
တစ်ချိန်တည်းမှာပင် ထိုသင်္ဘော၏ တံခါးပွင့်လာပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲဝင်ခွန်အားကို ပိုင်ဆိုင်ထားသည့် လူများ ထွက်လာကာ လေထဲ ပျံသန်းနေကြသည်။
တစ်ယောက်၊ ငါးယောက်၊ အယောက်နှစ်ဆယ်။
လူအယောက်နှစ်ဆယ် လေထဲ ပျံသန်းနေသည်။
လူသားတွေကို ကြောက်လန့်သွားစေခဲ့သည့် အချက်ကား သူတို့အားလုံးသည် ကောင်းကင် နတ်ဘုရားအဆင့်၌ ရှိနေကြသော သူများ ဖြစ်နေခြင်းပင်။
*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*
လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေကြသည်။
ကမ္ဘာပေါ်၌ နဂါးနက်ဘုရင်မ အပါအဝင် ကောင်းကင် နတ်ဘုရားအဆင့် လေးယောက်သာ ရှိသည်။
သို့သော် ကောင်းကင် နတ်ဘုရားအဆင့် အယောက် နှစ်ဆယ်က ရုတ်တရက် ကမ္ဘာပေါ် ရောက်ချလာ၏။
*ဘယ်…ဘယ်လိုလုပ် ငါတို့ သူတို့ကို အနိုင်ယူနိုင်မှာလဲ*
ကမ္ဘာမြေသားများ စိတ်ဓာတ်ကျသွားကြသည်။
ထိုစဉ် ကောင်းကင်နတ်ဘုရားအဆင့် အယောက်နှစ်ဆယ်တို့သည် နှစ်ဖွဲ့ကွဲသွားပြီး အစိမ်းရောင် အသားအရေနှင့် လူတစ်ယောက်က စစ်သင်္ဘော၏ တံခါးဝမှ ထွက်ပေါ်လာသည်။
သူသည် ကောင်းကင် နတ်ဘုရားအဆင့်အထက်၌ ရှိနေသော သိုင်းပညာရှင်ပါတကား။
#Zawgyi
စာစဥ္ (25) CHAPTER (364) ကမာၻပ်က္ေသာေန႔ ေရာက္လာေလၿပီ
ကမာၻျခား စစ္သေဘၤာက ေနစၾကဝဠာထဲသို႔ ဝင္လာသည္ႏွင့္ ကမာၻေပၚရွိ ေရွးေဟာင္းအိမ္တစ္လုံး အတြင္းရွိ သူေတာင္းစားအိုႀကီးတစ္ေယာက္သည္ ႐ုတ္တရက္ မ်က္လုံးပြင့္လာၿပီး မ်က္ႏွာေပၚ၌ ေၾကာက္စိတ္မ်ားျဖင့္ ျပည့္ႏွက္သြားသည္။
“ဘိုးဘိုး ဘာျဖစ္လို႔လဲ”
မေကာင္းတာတစ္ခုခု ျဖစ္ေပၚေတာ့မည္ပုံေပၚေနေသာ သူမအဘိုး၏ ထိုကဲ့သို႔ေသာ မ်က္ႏွာအမူအရာမ်ိဳးကို ယန္အာ ယခုမွ ပထမဆုံးအႀကိမ္ ျမင္ဖူးျခင္းျဖစ္သည္။
ေတာက္! ေတာက္!
သူေတာင္းစားအိုႀကီး၏ နဖူးမွ ေခြၽးတဒီးဒီး က်လာသည္။ ထို႔အျပင္ သူ႔မ်က္ခုံးမ်ား တဆတ္ဆတ္ လႈပ္လာၿပီး ေရ႐ြတ္လိုက္သည္။
“ေရွးေဟာင္းတားျမစ္စနစ္က က်ိဳးပ်က္သြားၿပီ။ ကပ္ဆိုက္ေတာ့မွာပါလား”
*ဘယ္လို*
သူေတာင္းစားအိုႀကီး၏ စကားေၾကာင့္ ယန္အာ လုံးဝကို မွင္တက္သြားရသည္။ သို႔ေသာ္ သူမ ျပန္မေမးႏိုင္ခင္တြင္ သူေတာင္းစားအိုႀကီးက ေျပာလာသည္။
“ျမန္ျမန္၊ လင္းဒီေလာ့၊ တထာဂတနဲ႔ ပါရမီရွင္ ေကာင္းကင္သားေတာ္တို႔ကို ဆက္သြက္လိုက္၊ ျမန္ျမန္လုပ္”
“ဘိုးဘိုး လူသားတိုင္းကို တရားဝင္ေၾကညာစရာ တစ္ခုရွိတယ္”

ထိုေန႔၏ ညေနခင္းတြင္ ကမာၻတစ္ဝွမ္းရွိ တီဗြီ႐ုပ္သံလိုင္းအားလုံးတြင္ သတင္းတစ္ခုကို ထုတ္လႊင့္ေလေတာ့သည္။
ထိုသတင္းထဲတြင္ လူေလးေယာက္ ပါဝင္သည္။
သူေတာင္းအိုႀကီးသည္ ေကာင္းကင္ နတ္ဘုရားအဆင့္ ျဖစ္ေသာ လင္းဒီေလာ့ဖ္၊ တထာဂတႏွင့္ ေကာင္းကင္အလင္းသခင္တို႔ေရွ႕၌ ထိုင္ေနသည္။
ေလထုသည္ အလြန္ထိုင္းမႈိင္းလွသည္။
ဤသတင္းကို ၾကည့္ေနသည့္ လူသားတိုင္း တစ္ခုခုေတာ့ ျဖစ္ေနၿပီဆိုတာကို ရိပ္စားမိလိုက္ၾကသည္။
႐ုတ္တရက္ သူေတာင္းစားအိုႀကီးက စကားစလာသည္။
“ကမာၻေျမသားအေပါင္းတို႔ မဂၤလာညေနခင္းပါ။ က်ဳပ္က အမည္မသိလူတစ္ေယာက္ပါ။ မင္းတို႔ ငါ့ကို အမည္မသိ သူေတာင္းစားလို႔ ေခၚႏိုင္ပါတယ္။ က်ဳပ္က ကမာၻေျမရဲ႕ ကာကြယ္ေစာင့္ေရွာက္သူပဲ”
သူေတာင္းစားအိုႀကီး၏ စကားေၾကာင့္ သတင္းကို ၾကည့္ေနၾကသည့္ လူအုပ္ႀကီး အလြန္ ေခ်ာက္ခ်ားသြားၾကသည္။
*ကမာၻႀကီးရဲ႕ ကာကြယ္ေစာင့္ေရွာက္သူ*
သူ႔စကားေတြကို မည္သူမွ် မယုံခ်င္ၾကပါ။ သို႔ေသာ္ သူ႔အေနာက္၌ ထိုင္ေနသည့္ ေကာင္းကင္ နတ္ဘုရားအဆင့္ သုံးေယာက္ကို ၾကည့္ၿပီး သူတို႔ ထိုအခ်က္ကို လက္ခံလိုက္ၾကသည္။
“ဒီေန႔ က်ဳပ္ ခင္ဗ်ားတို႔ကို သတင္းဆိုးတစ္ခု ေၾကညာစရာ ရွိပါတယ္။ ကမာၻပ်က္မယ့္ေန႔က နီးကပ္လို႔လာၿပီဆိုတာပါပဲ”

သူ၏ ဒုတိယေျမာက္ စကားေၾကာင့္ တစ္ကမာၻလုံးမွ လူသားတိုင္း ပြက္ေလာ႐ိုက္သြားၾကသည္။
ကမာၻပ်က္မယ့္ေန႔တဲ့လား။
မျဖစ္ႏိုင္လိုက္တာ။
ေကာင္းကင္ နတ္ဘုရားအဆင့္ သုံးေယာက္ေတာင္ သူတို႔ေနာက္မွ ရွိေနသည္။ ဘယ္သူကမ်ား လူသားမ်ိဳးဆက္အား သုတ္သင္ႏိုင္ပါမည္နည္း။
မယုံႏိုင္စရာေကာင္းလွသည္။
ထို႔ေနာက္ အျခားသူမ်ား၏ အေတြးမ်ားကို သိေနသည့္ဟန္ျဖင့္ သူေတာင္းစားအိုႀကီးက မခ်ိၿပဳံးၿပဳံး၍ ေျပာလာသည္။
“က်ဳပ္ေျပာတာကို မင္းတို႔ မယုံဘူးဆိုတာကို က်ဳပ္ သိတယ္။ ဒါက အမွန္တရားပဲ”
“ကမာၻျခား စစ္သေဘၤာတစ္စင္းက ေနစၾကဝဠာထဲကို ဝင္လာေနၿပီးၿပီ။ သူတို႔ ကမာၻကို သုံးရက္အတြင္း ေရာက္လာလိမ့္မယ္”
“အဲ့စစ္သေဘၤာထဲမွာ ကမာၻျခား မုဆိုးေတြ ဒါမွမဟုတ္ ကမာၻျခား ဓားျပအဖြဲ႕ေတြ ပါလာတယ္”
*ကမာၻျခား ဓားျပေတြ*
ထိုအသုံးအႏႈန္းကို ၾကားလိုက္ရသျဖင့္ လူသား သိုင္းပညာရွင္မ်ား၏ မ်က္ႏွာမ်ား ျပာႏွမ္းသြားၾကသည္။
မုဆိုးမ်ားက စၾကဝဠာကို ျဖတ္ေက်ာ္၍ ကမာၻကို ေရာက္လာမည္ဆိုကတည္းက သူတို႔၏ ခြန္အားက ေၾကာက္မက္ဖြယ္ ေကာင္းေလာက္သည္။
ထို႔ေၾကာင့္ ေကာင္းကင္ နတ္ဘုရားအဆင့္ လူသား သိုင္းပညာသုံးေယာက္က ကမာၻကို ကာကြယ္ႏိုင္ပါ့မလားဆိုတာကို တကယ့္ကို စိုးရိမ္စရာပင္။
“ကမာၻျခား ဓားျပေတြက အရမ္း ရက္စက္တယ္။ သူတို႔က သယံဇာတ ေပါႂကြယ္ဝတဲ့ ၿဂိဳဟ္အမ်ိဳးမ်ိဳးကို လိုက္ရွာေနတာ”
“ၿပီးရင္ သူတို႔က သယံဇာတ ေပါႂကြယ္ဝတဲ့ ၿဂိဳဟ္ေတြဆီက သံယံဇာတနဲ႔ ၾကယ္ဝမႈေတြအားလုံးကို လုယက္ၾကမယ္”
“သူတို႔က ေယာက်္ားသားတိုင္းကို ကြၽန္လုပ္ၿပီးေတာ့ စၾကဝဠာထဲက အျခားၿဂိဳဟ္ေတြမွာ ျပန္ေရာင္းၾကတယ္”
“သူတို႔က အမ်ိဳးသမီးေတြကို အဓမၼ သိမ္းပိုက္ၿပီးေတာ့ ကေလးေတြအားလုံးကို သတ္ပစ္ၾကတယ္”
သူေတာင္းစားအိုႀကီးက ဆက္ေျပာေနရင္း သူ၏ မ်က္ႏွာက အလြန္ သုန္မႈန္လာသည္။
“ေနာက္ဆုံးေတာ့ သယံဇာတ ေပါႂကြယ္ဝတဲ့ ၿဂိဳဟ္ေတြက ကမာၻျခား ဓားျပေတြရဲ႕ လုယက္သိမ္းယူျခင္းကို ခံရၿပီးေတာ့ ၿဂိဳဟ္ေသတစ္ခုအျဖစ္ ေျပာင္းလဲသြားလိမ့္မယ္”
သူ႔စကားေၾကာင့္ လူသား သိုင္းပညာရွင္မ်ား မွင္တက္သြားၾကသည္။
*ဒါဆို ငါတို႔ ဘာလုပ္သင့္လဲ*
ယခုအခ်ိန္တြင္ လူသားတိုင္း စိုးရိမ္စြာျဖင့္ ေခါင္းပူေအာင္ ေတြးေတာေနၾကသည္။
သူတို႔ ကြၽန္အျဖစ္ ေရာင္းစားျခင္း မခံႏိုင္သလို သူတို႔၏ အမ်ိဳးသမီးမ်ားကို အဓမၼ သိမ္းပိုက္ခံရျခင္းႏွင့္ သူတို႔၏ ရင္ေသြးမ်ား အသတ္ခံရမည္ကိုပါ မလိုလားေပ။
သူတို႔ ႀကံရာမရ ျဖစ္လာၾကသည္။ ယခုအခ်ိန္၌ လူသား သိုင္းပညာရွင္မ်ားအားလုံး ေမွ်ာ္လင့္ခ်က္ ပ်က္ျပားလာၾကသည္။
ေကာင္းကင္ နတ္ဘုရားအဆင့္ သိုင္းပညာရွင္ သုံးေယာက္ေတာင္မွ သုန္မႈန္ေနၾကသည္။
“လူသားတို႔”
ထိုစဥ္ သူေတာင္းစားအိုႀကီးက ဆက္ေျပာလာသည္။
“က်ဳပ္တို႔ ကံတရားက လာမယ့္သုံးရက္အတြင္း ဆုံးျဖတ္ခံရလိမ့္မယ္။ ဌာနတိုင္းက လူတိုင္းကို ေကာင္းကင္ နတ္ဘုရားအဆင့္ သိုင္းပညာရွင္ သုံးေယာက္လုံးရဲ႕ ဌာေနေတြကို ေျပာင္းေ႐ႊ႕ေနထိုင္ဖို႔ က်ဳပ္ ေလာ္ေဆာ္ခ်င္တယ္”
“ေကာင္းကင္ နတ္ဘုရားအဆင့္ သုံးေယာက္သာလ်င္ လူသားေတြရဲ႕ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ပဲ။ ေကာင္းကင္ နတ္ဘုရားအဆင့္ သုံးေယာက္သာလ်င္ မင္းတို႔ကို ကာကြယ္ေပးႏိုင္မွာ”
*ေ႐ႊ႕ေျပာင္းရမယ္*
သူေတာင္းစားအိုႀကီး၏ စကားကို ၾကားၿပီး လူသား သိုင္းပညာရွင္မ်ား၏ မ်က္လုံးမ်ားက တလက္လက္ ေတာက္ပလာသည္။
*ဟုတ္တယ္*
ေကာင္းကင္နတ္ဘုရားအဆင့္ သိုင္းပညာရွင္သုံးေယာက္၏ ဌာေနမ်ားသာလ်င္ တစ္ခုတည္းေသာ လုံၿခဳံရာေနရာ ျဖစ္သည္။
ထိုသတင္း ထုတ္လႊင့္ၿပီးသည္ႏွင့္ လူသားတိုင္း စတင္ လႈပ္ရွားၾကေလေတာ့သည္။ ႐ူးေလာက္စရာ ေ႐ႊ႕ေျပာင္းေနထိုင္မႈႀကီး စတင္ေလေတာ့သည္။
လူသား သိုင္းပညာရွင္မ်ားစြာတို႔က သူတို႔၏ မိသားစုမ်ားႏွင့္အတူ အိႏၵိယရွိ တထာဂတ၏ စခန္း၊ ဥေရာပ ေကာင္းကင္အလင္းသခင္၏ စခန္းႏွင့္ ကမာၻေျမ အဖြဲ႕အစည္း၏ လူလုပ္ကြၽန္းစခန္းသို႔ စတင္ေ႐ႊ႕ေျပာင္းၾကေလေတာ့သည္။
သို႔ေသာ္ အျခား လူသားသိုင္းပညာရွင္မ်ားစြာက ဟြာရွႏိုင္ငံသို႔ ေ႐ႊ႕ေျပာင္းရန္သာ ေ႐ြးခ်ယ္ခဲ့ၾကသည္။ ဟြာရွႏိုင္ငံ၌ ေကာင္းကင္ နတ္ဘုရားအဆင့္ သိုင္းပညာရွင္မ်ား ရွိသည္ဟု မည္သူမွ် မၾကားဖူးၾကပါ။
သို႔ေသာ္ ဘာရယ္ေၾကာင့္မွန္းမသိေသာ္လည္း ထိုႏိုင္ငံတြင္းရွိ လူမ်ားသည္ သူတို႔ကို ကာကြယ္ေပးႏိုင္သည့္ နတ္ဘုရားမ်ား ဟြာရွႏိုင္ငံတြင္း၌ ရွိေနသည္ဟု ယုံၾကည္ေနၾကသည္။
တစ္ရက္၊ ႏွစ္ရက္၊ သုံးရက္။
သုံးရက္တာ ကုန္ဆုံးသြားေလၿပီ။
ထိုသို႔ေသာ အခ်ိန္တြင္ ကမာၻတစ္ဝန္း၌ သိုင္းပညာရွင္မ်ားသည္ သိသာစြာပင္ အဖြဲ႕ႀကီး ေလးဖြဲ႕အျဖစ္ ကြဲျပားစြာ ရွိေနသည္။ ေျခာက္ပုံတစ္ပုံေသာလူမ်ားက ဥေရာပ၌ ရွိေနၿပီး ေနာက္ထပ္ ေျခာက္ပုံတစ္ပုံေသာ လူမ်ားက အိႏၵိယ၌ ရွိေနကာ က်န္ ေျခာက္ပုံတစ္ပုံေသာ လူမ်ားက ကမာၻေျမ အဖြဲ႕အစည္း၏ စခန္း၌ ရွိေနၾကသည္။
သို႔ေသာ္ အျခား သုံးပုံတစ္ပုံေသာ လူသားတို႔သည္ ဟြာရွႏိုင္ငံတြင္း၌ ရွိေနၾကသည္။
ထိုသတင္းကို ရရွိၿပီးေနာက္ ေကာင္းကင္ နတ္ဘုရားအဆင့္ သိုင္းပညာရွင္မ်ား၏ စခန္းမ်ား အားလုံး၌ ပြက္ေလာ႐ိုက္လာၾကသည္။
“မျဖစ္ႏိုင္ဘူး။ သူတို႔ ကိုယ့္ေသတြင္းကိုယ္တူးေနၾကတာလား။ ဘာလို႔ သူတို႔က ေကာင္းကင္ နတ္ဘုရားအဆင့္ သိုင္းပညာရွင္ေတြထက္ ယဲ့ဖန္ကို ပိုေ႐ြးခ်ယ္ၾကတာလဲ”
“ဟုတ္တယ္၊ ယဲ့ဖန္ ေပၚမလာတာ ႏွစ္ဝက္ေတာင္ ရွိေနၿပီ။ သူ အသက္ရွင္ေနေသးသလား ဆိုတာကိုေတာင္ ငါတို႔ မသိၾကဘူး။ ဟြာရွႏိုင္ငံမွာ သြားခိုလႈံတာက ကိုယ့္ေသတြင္းကိုယ္တူးေနတာနဲ႔ အတူတူပဲ”
“ဟမ့္ ကမာၻျခား ဓားျပေတြေရာက္လာရင္ ကမာၻေပၚက လူတစ္ဝက္ေလာက္ကေတာ့ ႀကံရာမရ ျဖစ္ေနၾကေတာ့မွာပဲ”

ယခုအခ်ိန္၌ အျခား အေျခစိုက္စခန္းမွ လူတိုင္းက ဟြာရွႏိုင္ငံ၌ ခိုလႈံရန္ ေ႐ြးခ်ယ္သြားသည့္ လူသား သိုင္းပညာရွင္မ်ားကို အလြန္အကြၽံ ေလွာင္ေျပာင္ေနၾကသည္။
သူတို႔စိတ္ထဲတြင္ ထိုလူမ်ားသည္ အ႐ူးမ်ားဟု ထင္ေနၾကသည္၊ အထူးသျဖင့္ ေကာင္းကင္ နတ္ဘုရားအဆင့္ သိုင္းပညာရွင္သုံးေယာက္က ထိုသို႔ ပိုထင္ေနၾကသည္။
သူတို႔ ေဒါသမီးတို႔ျဖင့္ ေတာက္ေလာင္ေနၾကသည္။
ေကာင္းကင္အလင္းသခင္က သုန္မႈန္ေနေသာ မ်က္ႏွာထားျဖင့္ ေျပာဆိုလာသည္။
“ယဲ့ဖန္လား။ အဟက္ ငါက ပါရမီရွင္ပဲ။ ငါကကမာၻကို ကာကြယ္ႏိုင္တဲ့ တစ္ေယာက္တည္းေသာသူပဲ။ မင္းက ငါ နင္းေခ်တာကို ခံရမွာကြ”
လင္းဒီေလာ့ဖ္က ႀကဳံးဝါးလာသည္။
“အ႐ူးေတြ၊ ကမာၻေျမသား တစ္ဝက္ေလာက္က တကယ့္ကို အ႐ူးတကာ့အ႐ူးထိပ္ေခါင္ေတြပဲ။ ယဲ့ဖန္ရဲ႕ တိုက္ပြဲဝင္ ခြန္အားက အစစ္အမွန္ နတ္ဘုရားအဆင့္နားေလာက္ပဲ ရွိဦးမွာ။ သူက ဘယ္လိုလုပ္ သူတို႔ကို ကယ္တင္ႏိုင္မွာလဲ။ သူတို႔ ကိုယ့္ေသတြင္း ကိုယ္တူးေနၾကတာပဲ”
အိႏၵိယ တထာဂတကလည္း ယဲ့ဖန္ကို အလြန္ ေလွာင္ေျပာင္သေရာ္ျခင္း ျပဳေလသည္။
“ကမာၻျခား ဓားျပေတြက ဟြာရွႏိုင္ငံကို ဖ်က္ဆီးတဲ့အခ်ိန္ ေရာက္လာရင္ အဲ့ အျပစ္ကင္းတဲ့ လူေတြ က်ဳပ္ရဲ႕ အိႏၵိယစခန္းကို ေရာက္မလာဖို႔ ေမွ်ာ္လင့္တယ္”
ယခုအခ်ိန္၌ ကမာၻတစ္ဝန္းလုံးရွိ လူသားသိုင္းပညာရွင္မ်ားသည္ အဖြဲ႕ႀကီးႏွစ္ဖြဲ႕အျဖစ္ ကြဲေနၾကသည္။
တစ္ဖြဲ႕သည္ ယဲ့ဖန္ကို ယုံၾကည္၍ ဟြာရွႏိုင္ငံတြင္း၌သာ ေနထိုင္ၾကၿပီး က်န္တစ္ဖြဲ႕သည္ ေကာင္းကင္နတ္ဘုရားအဆင့္ သိုင္းပညာရွင္မ်ားကို ယုံၾကည္ၾကၿပီး ဟြာရွႏိုင္ငံႏွင့္ ေဝးရာတြင္သာ ေနထိုင္ၾကသည္။
လူသားမ်ား ေျပာင္းေ႐ႊ႕လို႔ ၿပီးသြားၿပီးေနာက္တြင္ ကမာၻႀကီး၏ ေလထုအလႊာသည္ အျပင္ဘက္မွေန၍ ပ်က္စီးသြားေလသည္။
ထို႔ေနာက္ ကမာၻသားတို႔၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္၌ အလြန္ ႀကီးမားေသာ စစ္သေဘၤာတစ္စီး ေကာင္းကင္၌ ေပၚထြက္လာသည္။
တစ္ခ်ိန္တည္းမွာပင္ ထိုသေဘၤာ၏ တံခါးပြင့္လာၿပီး ေၾကာက္မက္ဖြယ္ေကာင္းေသာ တိုက္ပြဲဝင္ခြန္အားကို ပိုင္ဆိုင္ထားသည့္ လူမ်ား ထြက္လာကာ ေလထဲ ပ်ံသန္းေနၾကသည္။
တစ္ေယာက္၊ ငါးေယာက္၊ အေယာက္ႏွစ္ဆယ္။
လူအေယာက္ႏွစ္ဆယ္ ေလထဲ ပ်ံသန္းေနသည္။
လူသားေတြကို ေၾကာက္လန႔္သြားေစခဲ့သည့္ အခ်က္ကား သူတို႔အားလုံးသည္ ေကာင္းကင္ နတ္ဘုရားအဆင့္၌ ရွိေနၾကေသာ သူမ်ား ျဖစ္ေနျခင္းပင္။
*ဒါ… လုံးဝ မျဖစ္ႏိုင္ဘူး*
လူတိုင္း ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္သလို ျဖစ္ေနၾကသည္။
ကမာၻေပၚ၌ နဂါးနက္ဘုရင္မ အပါအဝင္ ေကာင္းကင္ နတ္ဘုရားအဆင့္ ေလးေယာက္သာ ရွိသည္။
သို႔ေသာ္ ေကာင္းကင္ နတ္ဘုရားအဆင့္ အေယာက္ ႏွစ္ဆယ္က ႐ုတ္တရက္ ကမာၻေပၚ ေရာက္ခ်လာ၏။
*ဘယ္…ဘယ္လိုလုပ္ ငါတို႔ သူတို႔ကို အႏိုင္ယူႏိုင္မွာလဲ*
ကမာၻေျမသားမ်ား စိတ္ဓာတ္က်သြားၾကသည္။
ထိုစဥ္ ေကာင္းကင္နတ္ဘုရားအဆင့္ အေယာက္ႏွစ္ဆယ္တို႔သည္ ႏွစ္ဖြဲ႕ကြဲသြားၿပီး အစိမ္းေရာင္ အသားအေရႏွင့္ လူတစ္ေယာက္က စစ္သေဘၤာ၏ တံခါးဝမွ ထြက္ေပၚလာသည္။
သူသည္ ေကာင္းကင္ နတ္ဘုရားအဆင့္အထက္၌ ရွိေနေသာ သိုင္းပညာရွင္ပါတကား။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now