Chapter 390

1K 110 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin       

စာစဉ် (29) CHAPTER (390) ကျက်သရေဆောင်အရိုး

ကမ္ဘာခြား စစ်သင်္ဘောတွင်း၌ ကုံးရှုံးနှင့် ကုံးမိန်တို့သည် အနက်ရောင်ဝတ်စုံနှင့် လူငယ်လေးအား ဇဝေဇဝါဖြင့် ကြည့်နေကြသည်။
နတ်ဘုရား တပည့်အဆင့်တစ်ယောက်က နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်ကို တစ်ချက်တည်းနှင့် သတ်လိုက်ပြီး ကမ္ဘာခြား စစ်သင်္ဘောတစ်စီးအား ဓားချက်တစ်ချက်တည်းဖြင့် ဖျက်ဆီးခဲ့သည်။
ဤအကြောင်းကိုသာ အခြားတစ်ယောက်ယောက်ဆီက သူတို့ ကြားခဲ့မိလျင် သူတို့ ယုံနိုင်မည် မဟုတ်ချေ။
သို့သော် ပြီးခဲ့သည့် ဖြစ်ရပ်များအားလုံးက တကယ်ဖြစ်ခဲ့တာတွေချည်းပင်။
ဂလု!
ကုံးရှုံး မနည်းကို တံတွေးမျိုချလိုက်ရသည်။ သူသည် ယဲ့ဖန်၏ မျက်လုံးကိုတောင်မှ စေ့စေ့မကြည့်ရဲပေ။ သူသည် ခေါင်းကိုငုံ့၊ ကိုယ်ကိုကိုင်း၍ ယဲ့ဖန်အား ကျေးဇူးတင်စကား ပြောလိုက်သည်။
“ကျုပ်တို့ အသက်ကို ကယ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ဆာ”
“ကျုပ်ညီမနဲ့ ကျုပ်တို့ ခင်ဗျားရဲ့ သနားညှာတာမှုကို တစ်သက်လုံး မေ့မှာမဟုတ်ပါဘူး”
ကုံးရှုံးနှင့် ကုံးမိန်တို့နှစ်ယောက်လုံး ယဲ့ဖန်အား အလွန်ကျေးဇူးတင်နေမိကြသည်။
ရက်စက်သော်ငြားလည်း သူသည် သူတို့၏ အသက်ကို ကယ်ခဲ့သေးသည်။
သူတို့၏ စကားကို ကြားပြီး ယဲ့ဖန်က ခေါင်းအသာညိတ်ပြလိုက်သည်။
သူသည် အမြဲ သေသင့်သည့်သူများကိုသာ သတ်လေ့ရှိသည်။ အသက်ရှင်သည့်သူများကိုလည်း သူ အမြဲ ကယ်လေ့ရှိ၏။
ယဲ့ဖန်၏ ဖြူစင်၍ ချောမောသော မျက်နှာကို ငေးကြည့်ရင်း ကုန်းမိန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဆာ ဘယ်ကိုသွားမလို့ပါလဲ။ ရှင် ကူးလန်ဂြိုဟ်ကို ဦးတည်သွားမလို့လား”
*ကူးလန်ကလန်လား*
ယဲ့ဖန် မှင်တက်သွားသည်။ ယဲ့ဖန်၏ အမူအရာကို သတိထားမိပြီး ကူးမိန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဆာ ကူးလန်ဂြိုဟ်ကို မသိတာလား”
ထို့နောက် သူမက ခပ်ဖွဖွပြုံး၍ ယဲ့ဖန်အား သေချာ ရှင်းပြလေသည်။
“ကူးလန်ဂြိုဟ်က နေအဖွဲ့အစည်းနဲ့ အနီးဆုံး အင်အားကြီးဂြိုဟ်တစ်ခုပါ”
“နတ်ဘုရားတို့ သေဆုံးရာ နယ်မြေအကြောင်း သတင်းရပြီးနောက် ကျွန်မတို့က နေအဖွဲ့အစည်းနဲ့ တိုက်တိုက်ဆိုင်ဆိုင် နီးနေတော့ ကျွန်မတို့ ကံများကောင်းမလားလို့ စမ်းကြည့်ချင်ခဲ့ကြတာ”
“မမျှော်လင့်ဘဲ ကျွန်မတို့က လမ်းမှာ ကူးထို့ရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်”
ထိုသို့ပြောပြီး ကူးမိန်က ယဲ့ဖန်အား အလွန်ကျေးဇူးတင်ဟန်ဖြင့် ပြောလာသည်။
“သခင်လေး တကယ်လို့ သခင်လေးက ကူးလန်ဂြိုဟ်ကို သွားချင်တယ်ဆိုရင် ကျွန်မတို့ ရှင့်ကို လမ်းပြပေးပါ့မယ်”
*နေအဖွဲ့အစည်းနဲ့ အနီးဆုံး အင်အားကြီးဂြိုဟ်တဲ့လား*
ထို့နောက် ယဲ့ဖန်က မသိမသာ မျက်လုံးမှေး၍ မေးလိုက်သည်။
“ကူးလန်ဂြိုဟ်ပေါ်မှာ ထူးခြားတဲ့ လူတစ်ယောက် ဒါမှမဟုတ် ပုံပြင်လိုမျိုး အရာရှိလား”
ယဲ့ဖန်သည် သူ၏ ကမ္ဘာခြား ခရီးစဉ်၌ ရည်ရွယ်ချက် နှစ်ခုသာ ရှိသည်။ ပထမ ရည်ရွယ်ချက်က သူ့အင်အားကို တိုးပွားလာစေချင်၍ ဖြစ်ပြီး ဒုတိယတစ်ခုကား နတ်ဆိုးများအား ဆင့်ခေါ်နိုင်ရန်ပင်။
ထို့ကြောင့် ယဲ့ဖန်သည် နတ်ဆိုးများနှင့် ပတ်သက်သည့် အကြောင်းအရာများကို မေးချင်နေခဲ့သည်။
ကူးရှုံးက ကူးမိန်အား တစ်ချက် လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက ယဲ့ဖန်ကို ပြောပြလာ၏။
“ခင်ဗျားပြောတဲ့ ထူးခြားတဲ့သူဆိုတာ ကူးလန်ဂြိုဟ်ရဲ့ ဂြိုဟ်သခင်ကြီး ဟဲလန်ပဲ ဖြစ်ရမယ်။ သူက တစ်ချိန်တုန်းက နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲမှာ ပါဝင်ခဲ့တာလေ”
*နတ်ဆိုးသုတ်သင်ခြင်း စစ်ပွဲ*
သူ့စကားကြောင့် ယဲ့ဖန်၏ မျက်လုံးများ ချက်ချင်း အေးစက်ကာ လင်းလက်လို့လာ၏။
ကူးရှုံး ဆက်ပြောလာသည်။
“နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မကောင်းဆိုးဝါးတွေက နတ်ဆိုးတွေကို သုတ်သင်ဖို့ သိုင်းပညာရှင်အားလုံးကို ဆင့်ခေါ်ခဲ့တုန်းက ကူးလန်ဂြိုဟ်သခင်ကြီး ဟဲလန်က ချက်ချင်း တုံ့ပြန်ပြီးတော့ နတ်ဆိုးတွေရဲ့ နယ်မြေကို ထိုးဖောက်တဲ့ အင်အားစု သုံးခုနောက်ကို လိုက်ခဲ့ပြီးတော့ နတ်ဆိုးဂြိုဟ်ကို ဖျက်ဆီးခဲ့တာ”
“နှစ်တွေ ကြာနေပင်မယ့်လည်း ကူးလန်ဂြိုဟ်ရဲ့ ဂြိုဟ်ခေါင်းဆောင်က သူ့ရဲ့ သူရဲကောင်းဆန်တဲ့ အပြုအမူအတွက် အမြဲ ဂုဏ်ယူနေခဲ့တာ”
သူ၏ ရှင်းပြချက်ကိုကြားပြီးနောက် ယဲ့ဖန်၏ မျက်လုံးများက ပို၍အေးစက်လာကာ ပြန်ပြောလိုက်သည်။
“ကောင်းတယ်၊ သူ ဂုဏ်ယူနေတဲ့အတွက် ငါ ဝမ်းသာတယ်”
“သူ ပိုပြီး ဂုဏ်ယူရအောင် ငါ လုပ်သင့်တယ်ထင်တယ်”
ထိုသို့ပြောပြီး ယဲ့ဖန်၏ မျက်နှာသည် သွေးဆာ၍ ခက်ထန်သော မျက်နှာထားမျိုး ဖြစ်လာသည်။
ယဲ့ဖန်၏ အပြုအမူကို ကြည့်ပြီး ကူးရှုံးနှင့် ကူးမိန့်တို့ ကြောက်လန့်ကာ တုန်ယင်သွားသည်။
ဘာရယ်ကြောင့်မှန်း မသိသော်လည်း ဤလူသည် ကူးလန်ဂြိုဟ်ထံသို့ သွေးဆာနေသော လူသတ်သမားအား ခေါ်ဆောင်လာတော့မလို ခံစားမိပြီး ရုတ်တရက် နှစ်ယောက်လုံး ခေါင်းမွေးထောင်လာသည်။
ကူးမိန်သည် ခေါင်းခါရင်း ထိုအတွေးကို မေ့ဖျောက်လိုက်သည်။ ထို့နောက် သူက ယဲ့ဖန်အား လေးနက်သော မျက်နှာဖြင့် ကြည့်၍ ပြောလိုက်သည်။
“သခင်လေး၊ ရှင်က ကူးလန်ဂြိုဟ်ကို ဦးတည်နေပြီဆိုမှတော့ ရှင် လူတစ်ယောက်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်ထားရမယ်”
“သူက ကူးထို့ရဲ့ အစ်ကို ကူးယန်ပဲ ပြီးတော့ သူက ကူးလန်ဂြိုဟ်ရဲ့ နံပါတ်တစ် နတ်ဘုရား ဆရာသခင်အဆင့်ပါ”
ကူးရှုံးနှင့် ကူးမိန်တို့နှစ်ယောက်လုံး ယဲ့ဖန်အတွက် အလွန်စိုးရိမ်နေကြသည်။
“ကူးယန်နဲ့ ကူးထို့က သိပ်ကိုချစ်ခင်ကြတဲ့ ညီအစ်ကိုတွေ။ အကယ်၍ ခင်ဗျားက ကူးထို့ကို သတ်လိုက်တာကို ကူးယန် သိသွားရင် သူ ခင်ဗျားကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး”
ကူးရှုံးနှင့် ကူးမိန်တို့က ယဲ့ဖန်ကို အလေးအနက် သတိပေးလာသည်။
ယဲ့ဖန်က လုံးဝ ဂရုမစိုက်ဟန်ဖြင့် ခေါင်းသာညိတ်ပြလိုက်သည်။
သူသည် နတ်ဆိုး သုတ်သင်ခြင်း စစ်ပွဲ၌ ပါဝင်ခဲ့သည့် ဟဲလန်အကြောင်း စဉ်းစားနေဆဲ ဖြစ်သည်။
“ငါ့ရန်သူရဲ့ သွေးကိုသောက်ပြီး သူတို့ရဲ့ အသားကို စားသောက်ပစ်မယ်။ ဒါကို ငါ မင်းနဲ့ စရမှာပေါ့”
….
ကူးလန်ဂြိုဟ်၌။
ကမ္ဘာခြား စစ်သင်္ဘောတစ်စီးက ဖြည်းညင်းစွာ ဆင်းသက်လာသည်။ ထို့နောက် ယဲ့ဖန်၊ ကူးရှုံးနှင့် ကူးမိန်သို့ သင်္ဘောထွက်ပေါ်မှ ဆင်းလာကြသည်။
သူတို့အောက်မှ အင်အားကြီးသော ဂြိုဟ်ကို ငုံ့ကြည့်ရင်း ကူးရှုံးက မျက်မှောင်ကြုတ်၍ ယဲ့ဖန်အား သတိပေးလိုက်သည်။
“မစ္စတာယဲ့၊ ဒီသင်္ဘောက ပြဿနာပဲ။ သည်လောက် ကြီးတဲ့အရာဝတ္ထုက အရမ်း မျက်စိဖမ်းစားနိုင်တယ်။ အကယ်၍ တစ်စုံတစ်ယောက်က ဒါကို ခေလန်ရဲ့ စစ်သင်္ဘောမှန်း မှတ်မိသွားရင် ခင်ဗျား ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်”
ကူးရှုံး၏ စိုးရိမ်မှုက ကျိုးကြောင်းသင့်လျော်သည်။ သို့သော် ယဲ့ဖန်က ပြုံး၍ ပြန်ပြောလိုက်သည်။
“သင်္ဘော၊ ဘာသင်္ဘောလဲ”
“ခင်ဗျား ….”
ကူးရှုံးက ပြောရင်း နောက်လှည့်ကာ သူတို့နောက်မှ ကမ္ဘာခြား စစ်သင်္ဘောအား လက်ညှိုးထိုးပြရန် ကြံရွယ်လိုက်သည်။
သို့သော် သူ စကားတောင်မဆုံးလိုက်ပေ၊ အဘယ်ကြောင့်ဆိုသော် သူတို့နောက်၌ ဘာမှရှိမနေတော့သောကြောင့်ပင်။
ဧရာမ ကမ္ဘာခြားစစ်သင်္ဘောက ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားသည်။
*မဖြစ်နိုင်လိုက်တာ*
ထိုစဉ် ကူးမိန်က ထိတ်လန့်နေသော မျက်နှာထားလေးဖြင့် သူမပါးစပ်လေးကို လက်ဖြင့် အုပ်ရင်း ရေရွတ်လိုက်မိသည်။
“ဘယ်လိုလုပ် စစ်သင်္ဘောက …”
ကူးရှုံးနှင့် ကူးမိန်တို့ နှစ်ယောက်လုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ စစ်သင်္ဘော၏ ပျောက်ကွက်သွားမှုက သူတို့၏ အသိပညာ ဗဟုသုတကို ပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။
သူတို့ ထင်မထားသည့်အချက်က ယဲ့ဖန်သည် ခေလန်၏ စစ်သင်္ဘောအား ကမ္ဘာမြေမှ ထွက်ခွာမလာခင်ကတည်းက ကောင်းကင်လက်နက်အဖြစ် မွမ်းမံခဲ့ပြီးပြီ ဆိုတာပင်။
သူ ထိုသင်္ဘောကို ဘယ်အချိန်မဆို ဖျောက်ထားလိုက်လို့ ရသည်။
“သွားကြစို့”
ယဲ့ဖန်က သူတို့နှစ်ယောက်ကို ပြုံးပြလိုက်သည်။ ထို့နောက် သူသည် ကူးလန်ဂြိုဟ်ပေါ်သို့ ခြေချလိုက်၏။
ဤသည်ကို ကြည့်ပြီး ကူးရှုံးနှင့် ကူးမိန်တို့သည် ယဲ့ဖန်နှင့် ပတ်သက်၍ ပိုပြီး သိချင်လာသည်။
သူတို့စိတ်ထဲတွင် ယဲ့ဖန်သည် နတ်ဘုရား တပည့်အဆင့် ဆိုတာထက် ပို၍ ထူးဆန်းသော လူတစ်ယောက်ဟု ထင်နေမိသည်။
ယဲ့ဖန်၏ တစ်မူထူးခြားသော အပြုအမူများက သူတို့ ထင်ထားသည်ထက် ပို၍ လွန်နေသည်။
….
ညအချိန်အခါသို့ ရောက်ရှိလာ၏။
ကူးလန်ဂြိုဟ်ရှိလသည် အနီရောင် ဖြစ်သည်။ ဂြိုဟ်သည် ညနေခင်းဘက်တွင် သွေးရောင်လွှမ်းသလို ရဲရဲနီနေ၏။
သူတို့သုံးယောက်လုံး ကူးလန်ဂြိုဟ်၏ လမ်းတစ်ခုပေါ်သို့ ရောက်ရှိလာသောအခါ ဘေးတစ်ဘက်တစ်ချက်မှ ရှေးဟောင်းသားရဲများကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော ဧရာမ အိမ်တော်များစွာကို သူတို့ မြင်တွေ့လိုက်ရသည်။
“မစ္စတာယဲ့၊ အဲ့ဒါက ကူးလန်ဂြိုဟ်ရဲ့ ဂြိုဟ်ခေါင်းဆောင် ဟဲလန်ရဲ့ အိမ်တော်ပါ”
ကူးရှုံးက ယဲ့ဖန်ကို ပြောပြလိုက်သည်။ သူ့စကားကြောင့် ယဲ့ဖန်က ခေါင်းညိတ်ပြလိုက်သည်။
အိမ်တော်ထဲမှ တည်ငြိမ်စွာ ထွက်လာသော လူတစ်ယောက်ကို သူ မြင်လိုက်ရသည်နှင့် သူ့မျက်လုံးမှ ပြင်းထန်၍ အေးစက်သော အလင်းတန်းများ ဖြာထွက်လာသည်။
ထိုသို့ရှိနေစဉ်တွင် ကူးရှုံးနှင့် ကူးမိန်တို့သည် ဘေးပတ်လည်မှ အပူချိန် ထိုးကျလာသည်ဟု ခံစားလာမိသည်။
လေထုသည် အေးခဲလုမတတ် ဖြစ်နေ၏။
အရိုးကွဲမတတ် ဆိုးရွားလှသော လေထုက ကူးရှုံးနှင့် ကူးမိန်တို့အား တုန်ယင်သွားစေသည်။
ထို့နောက် ယဲ့ဖန်က လူတစ်ယောက်ကို စိုက်ကြည့်နေသည်ကို သူတို့ သတိပြုမိသွားသည်။ အတိအကျပြောရလျင် သူသည် ထိုလူ၏ ခါးမှ အရိုးအပိုင်းလေးကို စိုက်ကြည့်နေခြင်း ဖြစ်သည်။
ထိုအရာသည် သလင်းကျောက်နှင့် ချိတ်ထားသော လက်ချောင်ရိုးလေးတစ်ခု ဖြစ်သည်။
ကုံးရှုံးသည် ကြောက်လန့်သွားပြီး ထိတ်ထိတ်ပျာပျာဖြင့် မေးလိုက်သည်။
“မစ္စတာယဲ့၊ ခင်ဗျား ကျက်သရေဆောင် အရိုးကို စိတ်ဝင်စားနေတာလား”
*ကျက်သရေဆောင်အရိုး*
သူ့စကားကြောင့် ယဲ့ဖန်၏ မျက်လုံးများက တောက်လာသည်။ ယဲ့ဖန် သိချင်နေသည်ကို သတိထားမိသဖြင့် ကုံးရှုံးက ဆက်ပြောလိုက်သည်။
“ကျက်သရေဆောင်အရိုးက တကယ်တော့ နတ်ဆိုးတစ်ယောက်ရဲ့ အရိုးအပိုင်းအစ တစ်ခုပါ။ အဲ့ဒါက ဟဲလန် နတ်ဆိုးဂြိုဟ်ကနေ ပြန်သယ်လာတဲ့ အရိုးစုတွေထဲက ပါလာတာလေ”
“ဟဲလန်ကလန်ရဲ့ တိုက်ရိုက်မျိုးဆက်တိုင်း နတ်ဆိုးရဲ့ အရိုးအပိုင်းအစတစ်ခုကို သူတို့ရဲ့ ကျက်သရေဆောင်အနေနဲ့ ရကြတယ်”

သူ၏ ရှင်းပြချက်ကို ကြားပြီးနောက် ယဲ့ဖန်၏ မျက်လုံးများက ချက်ချင်း သွေးဆာလာသယောင် ဖြစ်နေသည်။
*ဒါက တကယ်ပဲ နတ်ဆိုးတစ်ကောင်ရဲ့ အရိုးအပိုင်းအစပဲ*
ဟဲလန်က နတ်ဆိုး သုတ်သင်ခြင်း စစ်ပွဲ၌ ပါဝင်ရုံသာမက နတ်ဆိုးများ၏ အရိုးစုများကိုပါ ပြန်သယ်လာလိမ့်မည်ဟု ယဲ့ဖန် ထင်မထားခဲ့မိပါ။
သူက အရိုးစုတွေကို အပိုင်းအစများ ဖြစ်အောင် ဖျက်ဆီး၍ သူ၏ ကလန်သားများကိုတောင်မှ လက်ဆင့်ကမ်းပေးလိုက်သေးသည်။
တစ်ဟုန်ထိုး တက်လာသော ကြမ်းကြုတ်သည့် ချီဓာတ်များဖြင့် ယဲ့ဖန်သည် ရှေ့သို့ ချက်ချင်း ပြေးတက်သွားပြီး ကူးရှုံးနှင့် ကူးမိန်တို့အား လှမ်းအော်ပြောလိုက်သည်။
“ကျုပ် ရှင်းစရာ ကိစ္စလေး ပေါ်လာလို့။ ကျုပ် ပြီးမှပဲ ခင်ဗျားတို့ဆီ ပြန်လာခဲ့မယ်”
ထိုသို့ပြောပြီး ယဲ့ဖန်သည် လှစ်ခနဲ ပျောက်ကွယ်သွားသည်။ ထိတ်လန့်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ပြီး ကူးရှုံးနှင့် ကူးမိန်တို့သည် တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်၍ ရှောင်တိမ်းမရသော ကိစ္စကြီးတစ်ခု ဖြစ်ပေါ်လာမည်ဟု ခံစားမိသကဲ့သို့ နှစ်ယောက်လုံး ရင်တုန်လာကြသည်။
                 စာစဉ် (၂၆) ဤတွင် ပြီးပါပြီ။
#Zawgyi
စာစဥ္ (26) CHAPTER (390) က်က္သေရေဆာင္အ႐ိုး
ကမာၻျခား စစ္သေဘၤာတြင္း၌ ကုံးရႈံးႏွင့္ ကုံးမိန္တို႔သည္ အနက္ေရာင္ဝတ္စုံႏွင့္ လူငယ္ေလးအား ဇေဝဇဝါျဖင့္ ၾကည့္ေနၾကသည္။
နတ္ဘုရား တပည့္အဆင့္တစ္ေယာက္က နတ္ဘုရား ဆရာသခင္အဆင့္ ရွစ္ေယာက္ကို တစ္ခ်က္တည္းႏွင့္ သတ္လိုက္ၿပီး ကမာၻျခား စစ္သေဘၤာတစ္စီးအား ဓားခ်က္တစ္ခ်က္တည္းျဖင့္ ဖ်က္ဆီးခဲ့သည္။
ဤအေၾကာင္းကိုသာ အျခားတစ္ေယာက္ေယာက္ဆီက သူတို႔ ၾကားခဲ့မိလ်င္ သူတို႔ ယုံႏိုင္မည္ မဟုတ္ေခ်။
သို႔ေသာ္ ၿပီးခဲ့သည့္ ျဖစ္ရပ္မ်ားအားလုံးက တကယ္ျဖစ္ခဲ့တာေတြခ်ည္းပင္။
ဂလု!
ကုံးရႈံး မနည္းကို တံေတြးမ်ိဳခ်လိုက္ရသည္။ သူသည္ ယဲ့ဖန္၏ မ်က္လုံးကိုေတာင္မွ ေစ့ေစ့မၾကည့္ရဲေပ။ သူသည္ ေခါင္းကိုငုံ႔၊ ကိုယ္ကိုကိုင္း၍ ယဲ့ဖန္အား ေက်းဇူးတင္စကား ေျပာလိုက္သည္။
“က်ဳပ္တို႔ အသက္ကို ကယ္ေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ပါတယ္ ဆာ”
“က်ဳပ္ညီမနဲ႔ က်ဳပ္တို႔ ခင္ဗ်ားရဲ႕ သနားညႇာတာမႈကို တစ္သက္လုံး ေမ့မွာမဟုတ္ပါဘူး”
ကုံးရႈံးႏွင့္ ကုံးမိန္တို႔ႏွစ္ေယာက္လုံး ယဲ့ဖန္အား အလြန္ေက်းဇူးတင္ေနမိၾကသည္။
ရက္စက္ေသာ္ျငားလည္း သူသည္ သူတို႔၏ အသက္ကို ကယ္ခဲ့ေသးသည္။
သူတို႔၏ စကားကို ၾကားၿပီး ယဲ့ဖန္က ေခါင္းအသာညိတ္ျပလိုက္သည္။
သူသည္ အၿမဲ ေသသင့္သည့္သူမ်ားကိုသာ သတ္ေလ့ရွိသည္။ အသက္ရွင္သည့္သူမ်ားကိုလည္း သူ အၿမဲ ကယ္ေလ့ရွိ၏။
ယဲ့ဖန္၏ ျဖဴစင္၍ ေခ်ာေမာေသာ မ်က္ႏွာကို ေငးၾကည့္ရင္း ကုန္းမိန္က သိခ်င္စိတ္ျဖင့္ ေမးလိုက္သည္။
“ဆာ ဘယ္ကိုသြားမလို႔ပါလဲ။ ရွင္ ကူးလန္ၿဂိဳဟ္ကို ဦးတည္သြားမလို႔လား”
*ကူးလန္ကလန္လား*
ယဲ့ဖန္ မွင္တက္သြားသည္။ ယဲ့ဖန္၏ အမူအရာကို သတိထားမိၿပီး ကူးမိန္က ဇေဝဇဝါျဖင့္ ေမးလိုက္သည္။
“ဆာ ကူးလန္ၿဂိဳဟ္ကို မသိတာလား”
ထို႔ေနာက္ သူမက ခပ္ဖြဖြၿပဳံး၍ ယဲ့ဖန္အား ေသခ်ာ ရွင္းျပေလသည္။
“ကူးလန္ၿဂိဳဟ္က ေနအဖြဲ႕အစည္းနဲ႔ အနီးဆုံး အင္အားႀကီးၿဂိဳဟ္တစ္ခုပါ”
“နတ္ဘုရားတို႔ ေသဆုံးရာ နယ္ေျမအေၾကာင္း သတင္းရၿပီးေနာက္ ကြၽန္မတို႔က ေနအဖြဲ႕အစည္းနဲ႔ တိုက္တိုက္ဆိုင္ဆိုင္ နီးေနေတာ့ ကြၽန္မတို႔ ကံမ်ားေကာင္းမလားလို႔ စမ္းၾကည့္ခ်င္ခဲ့ၾကတာ”
“မေမွ်ာ္လင့္ဘဲ ကြၽန္မတို႔က လမ္းမွာ ကူးထို႔ရဲ႕ ဖမ္းဆီးျခင္းကို ခံလိုက္ရတယ္”
ထိုသို႔ေျပာၿပီး ကူးမိန္က ယဲ့ဖန္အား အလြန္ေက်းဇူးတင္ဟန္ျဖင့္ ေျပာလာသည္။
“သခင္ေလး တကယ္လို႔ သခင္ေလးက ကူးလန္ၿဂိဳဟ္ကို သြားခ်င္တယ္ဆိုရင္ ကြၽန္မတို႔ ရွင့္ကို လမ္းျပေပးပါ့မယ္”
*ေနအဖြဲ႕အစည္းနဲ႔ အနီးဆုံး အင္အားႀကီးၿဂိဳဟ္တဲ့လား*
ထို႔ေနာက္ ယဲ့ဖန္က မသိမသာ မ်က္လုံးေမွး၍ ေမးလိုက္သည္။
“ကူးလန္ၿဂိဳဟ္ေပၚမွာ ထူးျခားတဲ့ လူတစ္ေယာက္ ဒါမွမဟုတ္ ပုံျပင္လိုမ်ိဳး အရာရွိလား”
ယဲ့ဖန္သည္ သူ၏ ကမာၻျခား ခရီးစဥ္၌ ရည္႐ြယ္ခ်က္ ႏွစ္ခုသာ ရွိသည္။ ပထမ ရည္႐ြယ္ခ်က္က သူ႔အင္အားကို တိုးပြားလာေစခ်င္၍ ျဖစ္ၿပီး ဒုတိယတစ္ခုကား နတ္ဆိုးမ်ားအား ဆင့္ေခၚႏိုင္ရန္ပင္။
ထို႔ေၾကာင့္ ယဲ့ဖန္သည္ နတ္ဆိုးမ်ားႏွင့္ ပတ္သက္သည့္ အေၾကာင္းအရာမ်ားကို ေမးခ်င္ေနခဲ့သည္။
ကူးရႈံးက ကူးမိန္အား တစ္ခ်က္ လွမ္းၾကည့္လိုက္သည္။ ထို႔ေနာက္ သူက ယဲ့ဖန္ကို ေျပာျပလာ၏။
“ခင္ဗ်ားေျပာတဲ့ ထူးျခားတဲ့သူဆိုတာ ကူးလန္ၿဂိဳဟ္ရဲ႕ ၿဂိဳဟ္သခင္ႀကီး ဟဲလန္ပဲ ျဖစ္ရမယ္။ သူက တစ္ခ်ိန္တုန္းက နတ္ဆိုးသုတ္သင္ျခင္း စစ္ပြဲမွာ ပါဝင္ခဲ့တာေလ”
*နတ္ဆိုးသုတ္သင္ျခင္း စစ္ပြဲ*
သူ႔စကားေၾကာင့္ ယဲ့ဖန္၏ မ်က္လုံးမ်ား ခ်က္ခ်င္း ေအးစက္ကာ လင္းလက္လို႔လာ၏။
ကူးရႈံး ဆက္ေျပာလာသည္။
“နတ္ဘုရားေတြ၊ အင္ေမာ္တယ္ေတြနဲ႔ မေကာင္းဆိုးဝါးေတြက နတ္ဆိုးေတြကို သုတ္သင္ဖို႔ သိုင္းပညာရွင္အားလုံးကို ဆင့္ေခၚခဲ့တုန္းက ကူးလန္ၿဂိဳဟ္သခင္ႀကီး ဟဲလန္က ခ်က္ခ်င္း တုံ႔ျပန္ၿပီးေတာ့ နတ္ဆိုးေတြရဲ႕ နယ္ေျမကို ထိုးေဖာက္တဲ့ အင္အားစု သုံးခုေနာက္ကို လိုက္ခဲ့ၿပီးေတာ့ နတ္ဆိုးၿဂိဳဟ္ကို ဖ်က္ဆီးခဲ့တာ”
“ႏွစ္ေတြ ၾကာေနပင္မယ့္လည္း ကူးလန္ၿဂိဳဟ္ရဲ႕ ၿဂိဳဟ္ေခါင္းေဆာင္က သူ႔ရဲ႕ သူရဲေကာင္းဆန္တဲ့ အျပဳအမူအတြက္ အၿမဲ ဂုဏ္ယူေနခဲ့တာ”
သူ၏ ရွင္းျပခ်က္ကိုၾကားၿပီးေနာက္ ယဲ့ဖန္၏ မ်က္လုံးမ်ားက ပို၍ေအးစက္လာကာ ျပန္ေျပာလိုက္သည္။
“ေကာင္းတယ္၊ သူ ဂုဏ္ယူေနတဲ့အတြက္ ငါ ဝမ္းသာတယ္”
“သူ ပိုၿပီး ဂုဏ္ယူရေအာင္ ငါ လုပ္သင့္တယ္ထင္တယ္”
ထိုသို႔ေျပာၿပီး ယဲ့ဖန္၏ မ်က္ႏွာသည္ ေသြးဆာ၍ ခက္ထန္ေသာ မ်က္ႏွာထားမ်ိဳး ျဖစ္လာသည္။
ယဲ့ဖန္၏ အျပဳအမူကို ၾကည့္ၿပီး ကူးရႈံးႏွင့္ ကူးမိန႔္တို႔ ေၾကာက္လန႔္ကာ တုန္ယင္သြားသည္။
ဘာရယ္ေၾကာင့္မွန္း မသိေသာ္လည္း ဤလူသည္ ကူးလန္ၿဂိဳဟ္ထံသို႔ ေသြးဆာေနေသာ လူသတ္သမားအား ေခၚေဆာင္လာေတာ့မလို ခံစားမိၿပီး ႐ုတ္တရက္ ႏွစ္ေယာက္လုံး ေခါင္းေမြးေထာင္လာသည္။
ကူးမိန္သည္ ေခါင္းခါရင္း ထိုအေတြးကို ေမ့ေဖ်ာက္လိုက္သည္။ ထို႔ေနာက္ သူက ယဲ့ဖန္အား ေလးနက္ေသာ မ်က္ႏွာျဖင့္ ၾကည့္၍ ေျပာလိုက္သည္။
“သခင္ေလး၊ ရွင္က ကူးလန္ၿဂိဳဟ္ကို ဦးတည္ေနၿပီဆိုမွေတာ့ ရွင္ လူတစ္ေယာက္နဲ႔ ပတ္သက္ၿပီး ႀကိဳတင္ကာကြယ္ထားရမယ္”
“သူက ကူးထို႔ရဲ႕ အစ္ကို ကူးယန္ပဲ ၿပီးေတာ့ သူက ကူးလန္ၿဂိဳဟ္ရဲ႕ နံပါတ္တစ္ နတ္ဘုရား ဆရာသခင္အဆင့္ပါ”
ကူးရႈံးႏွင့္ ကူးမိန္တို႔ႏွစ္ေယာက္လုံး ယဲ့ဖန္အတြက္ အလြန္စိုးရိမ္ေနၾကသည္။
“ကူးယန္နဲ႔ ကူးထို႔က သိပ္ကိုခ်စ္ခင္ၾကတဲ့ ညီအစ္ကိုေတြ။ အကယ္၍ ခင္ဗ်ားက ကူးထို႔ကို သတ္လိုက္တာကို ကူးယန္ သိသြားရင္ သူ ခင္ဗ်ားကို ေသခ်ာေပါက္ အလြတ္ေပးမွာ မဟုတ္ဘူး”
ကူးရႈံးႏွင့္ ကူးမိန္တို႔က ယဲ့ဖန္ကို အေလးအနက္ သတိေပးလာသည္။
ယဲ့ဖန္က လုံးဝ ဂ႐ုမစိုက္ဟန္ျဖင့္ ေခါင္းသာညိတ္ျပလိုက္သည္။
သူသည္ နတ္ဆိုး သုတ္သင္ျခင္း စစ္ပြဲ၌ ပါဝင္ခဲ့သည့္ ဟဲလန္အေၾကာင္း စဥ္းစားေနဆဲ ျဖစ္သည္။
“ငါ့ရန္သူရဲ႕ ေသြးကိုေသာက္ၿပီး သူတို႔ရဲ႕ အသားကို စားေသာက္ပစ္မယ္။ ဒါကို ငါ မင္းနဲ႔ စရမွာေပါ့”
….
ကူးလန္ၿဂိဳဟ္၌။
ကမာၻျခား စစ္သေဘၤာတစ္စီးက ျဖည္းညင္းစြာ ဆင္းသက္လာသည္။ ထို႔ေနာက္ ယဲ့ဖန္၊ ကူးရႈံးႏွင့္ ကူးမိန္သို႔ သေဘၤာထြက္ေပၚမွ ဆင္းလာၾကသည္။
သူတို႔ေအာက္မွ အင္အားႀကီးေသာ ၿဂိဳဟ္ကို ငုံ႔ၾကည့္ရင္း ကူးရႈံးက မ်က္ေမွာင္ၾကဳတ္၍ ယဲ့ဖန္အား သတိေပးလိုက္သည္။
“မစၥတာယဲ့၊ ဒီသေဘၤာက ျပႆနာပဲ။ သည္ေလာက္ ႀကီးတဲ့အရာဝတၳဳက အရမ္း မ်က္စိဖမ္းစားႏိုင္တယ္။ အကယ္၍ တစ္စုံတစ္ေယာက္က ဒါကို ေခလန္ရဲ႕ စစ္သေဘၤာမွန္း မွတ္မိသြားရင္ ခင္ဗ်ား ျပႆနာ အႀကီးအက်ယ္ တက္လိမ့္မယ္”
ကူးရႈံး၏ စိုးရိမ္မႈက က်ိဳးေၾကာင္းသင့္ေလ်ာ္သည္။ သို႔ေသာ္ ယဲ့ဖန္က ၿပဳံး၍ ျပန္ေျပာလိုက္သည္။
“သေဘၤာ၊ ဘာသေဘၤာလဲ”
“ခင္ဗ်ား ….”
ကူးရႈံးက ေျပာရင္း ေနာက္လွည့္ကာ သူတို႔ေနာက္မွ ကမာၻျခား စစ္သေဘၤာအား လက္ညႇိဳးထိုးျပရန္ ႀကံ႐ြယ္လိုက္သည္။
သို႔ေသာ္ သူ စကားေတာင္မဆုံးလိုက္ေပ၊ အဘယ္ေၾကာင့္ဆိုေသာ္ သူတို႔ေနာက္၌ ဘာမွရွိမေနေတာ့ေသာေၾကာင့္ပင္။
ဧရာမ ကမာၻျခားစစ္သေဘၤာက ဟင္းလင္းျပင္ထဲသို႔ ေပ်ာက္ကြယ္သြားသည္။
*မျဖစ္ႏိုင္လိုက္တာ*
ထိုစဥ္ ကူးမိန္က ထိတ္လန႔္ေနေသာ မ်က္ႏွာထားေလးျဖင့္ သူမပါးစပ္ေလးကို လက္ျဖင့္ အုပ္ရင္း ေရ႐ြတ္လိုက္မိသည္။
“ဘယ္လိုလုပ္ စစ္သေဘၤာက …”
ကူးရႈံးႏွင့္ ကူးမိန္တို႔ ႏွစ္ေယာက္လုံး နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။ စစ္သေဘၤာ၏ ေပ်ာက္ကြက္သြားမႈက သူတို႔၏ အသိပညာ ဗဟုသုတကို ေျပာင္းျပန္လွန္ပစ္လိုက္သလိုပင္။
သူတို႔ ထင္မထားသည့္အခ်က္က ယဲ့ဖန္သည္ ေခလန္၏ စစ္သေဘၤာအား ကမာၻေျမမွ ထြက္ခြာမလာခင္ကတည္းက ေကာင္းကင္လက္နက္အျဖစ္ မြမ္းမံခဲ့ၿပီးၿပီ ဆိုတာပင္။
သူ ထိုသေဘၤာကို ဘယ္အခ်ိန္မဆို ေဖ်ာက္ထားလိုက္လို႔ ရသည္။
“သြားၾကစို႔”
ယဲ့ဖန္က သူတို႔ႏွစ္ေယာက္ကို ၿပဳံးျပလိုက္သည္။ ထို႔ေနာက္ သူသည္ ကူးလန္ၿဂိဳဟ္ေပၚသို႔ ေျခခ်လိုက္၏။
ဤသည္ကို ၾကည့္ၿပီး ကူးရႈံးႏွင့္ ကူးမိန္တို႔သည္ ယဲ့ဖန္ႏွင့္ ပတ္သက္၍ ပိုၿပီး သိခ်င္လာသည္။
သူတို႔စိတ္ထဲတြင္ ယဲ့ဖန္သည္ နတ္ဘုရား တပည့္အဆင့္ ဆိုတာထက္ ပို၍ ထူးဆန္းေသာ လူတစ္ေယာက္ဟု ထင္ေနမိသည္။
ယဲ့ဖန္၏ တစ္မူထူးျခားေသာ အျပဳအမူမ်ားက သူတို႔ ထင္ထားသည္ထက္ ပို၍ လြန္ေနသည္။
….
ညအခ်ိန္အခါသို႔ ေရာက္ရွိလာ၏။
ကူးလန္ၿဂိဳဟ္ရွိလသည္ အနီေရာင္ ျဖစ္သည္။ ၿဂိဳဟ္သည္ ညေနခင္းဘက္တြင္ ေသြးေရာင္လႊမ္းသလို ရဲရဲနီေန၏။
သူတို႔သုံးေယာက္လုံး ကူးလန္ၿဂိဳဟ္၏ လမ္းတစ္ခုေပၚသို႔ ေရာက္ရွိလာေသာအခါ ေဘးတစ္ဘက္တစ္ခ်က္မွ ေရွးေဟာင္းသားရဲမ်ားကဲ့သို႔ ထိတ္လန႔္ဖြယ္ေကာင္းေသာ ဧရာမ အိမ္ေတာ္မ်ားစြာကို သူတို႔ ျမင္ေတြ႕လိုက္ရသည္။
“မစၥတာယဲ့၊ အဲ့ဒါက ကူးလန္ၿဂိဳဟ္ရဲ႕ ၿဂိဳဟ္ေခါင္းေဆာင္ ဟဲလန္ရဲ႕ အိမ္ေတာ္ပါ”
ကူးရႈံးက ယဲ့ဖန္ကို ေျပာျပလိုက္သည္။ သူ႔စကားေၾကာင့္ ယဲ့ဖန္က ေခါင္းညိတ္ျပလိုက္သည္။
အိမ္ေတာ္ထဲမွ တည္ၿငိမ္စြာ ထြက္လာေသာ လူတစ္ေယာက္ကို သူ ျမင္လိုက္ရသည္ႏွင့္ သူ႔မ်က္လုံးမွ ျပင္းထန္၍ ေအးစက္ေသာ အလင္းတန္းမ်ား ျဖာထြက္လာသည္။
ထိုသို႔ရွိေနစဥ္တြင္ ကူးရႈံးႏွင့္ ကူးမိန္တို႔သည္ ေဘးပတ္လည္မွ အပူခ်ိန္ ထိုးက်လာသည္ဟု ခံစားလာမိသည္။
ေလထုသည္ ေအးခဲလုမတတ္ ျဖစ္ေန၏။
အ႐ိုးကြဲမတတ္ ဆိုး႐ြားလွေသာ ေလထုက ကူးရႈံးႏွင့္ ကူးမိန္တို႔အား တုန္ယင္သြားေစသည္။
ထို႔ေနာက္ ယဲ့ဖန္က လူတစ္ေယာက္ကို စိုက္ၾကည့္ေနသည္ကို သူတို႔ သတိျပဳမိသြားသည္။ အတိအက်ေျပာရလ်င္ သူသည္ ထိုလူ၏ ခါးမွ အ႐ိုးအပိုင္းေလးကို စိုက္ၾကည့္ေနျခင္း ျဖစ္သည္။
ထိုအရာသည္ သလင္းေက်ာက္ႏွင့္ ခ်ိတ္ထားေသာ လက္ေခ်ာင္႐ိုးေလးတစ္ခု ျဖစ္သည္။
ကုံးရႈံးသည္ ေၾကာက္လန႔္သြားၿပီး ထိတ္ထိတ္ပ်ာပ်ာျဖင့္ ေမးလိုက္သည္။
“မစၥတာယဲ့၊ ခင္ဗ်ား က်က္သေရေဆာင္ အ႐ိုးကို စိတ္ဝင္စားေနတာလား”
*က်က္သေရေဆာင္အ႐ိုး*
သူ႔စကားေၾကာင့္ ယဲ့ဖန္၏ မ်က္လုံးမ်ားက ေတာက္လာသည္။ ယဲ့ဖန္ သိခ်င္ေနသည္ကို သတိထားမိသျဖင့္ ကုံးရႈံးက ဆက္ေျပာလိုက္သည္။
“က်က္သေရေဆာင္အ႐ိုးက တကယ္ေတာ့ နတ္ဆိုးတစ္ေယာက္ရဲ႕ အ႐ိုးအပိုင္းအစ တစ္ခုပါ။ အဲ့ဒါက ဟဲလန္ နတ္ဆိုးၿဂိဳဟ္ကေန ျပန္သယ္လာတဲ့ အ႐ိုးစုေတြထဲက ပါလာတာေလ”
“ဟဲလန္ကလန္ရဲ႕ တိုက္႐ိုက္မ်ိဳးဆက္တိုင္း နတ္ဆိုးရဲ႕ အ႐ိုးအပိုင္းအစတစ္ခုကို သူတို႔ရဲ႕ က်က္သေရေဆာင္အေနနဲ႔ ရၾကတယ္”

သူ၏ ရွင္းျပခ်က္ကို ၾကားၿပီးေနာက္ ယဲ့ဖန္၏ မ်က္လုံးမ်ားက ခ်က္ခ်င္း ေသြးဆာလာသေယာင္ ျဖစ္ေနသည္။
*ဒါက တကယ္ပဲ နတ္ဆိုးတစ္ေကာင္ရဲ႕ အ႐ိုးအပိုင္းအစပဲ*
ဟဲလန္က နတ္ဆိုး သုတ္သင္ျခင္း စစ္ပြဲ၌ ပါဝင္႐ုံသာမက နတ္ဆိုးမ်ား၏ အ႐ိုးစုမ်ားကိုပါ ျပန္သယ္လာလိမ့္မည္ဟု ယဲ့ဖန္ ထင္မထားခဲ့မိပါ။
သူက အ႐ိုးစုေတြကို အပိုင္းအစမ်ား ျဖစ္ေအာင္ ဖ်က္ဆီး၍ သူ၏ ကလန္သားမ်ားကိုေတာင္မွ လက္ဆင့္ကမ္းေပးလိုက္ေသးသည္။
တစ္ဟုန္ထိုး တက္လာေသာ ၾကမ္းၾကဳတ္သည့္ ခ်ီဓာတ္မ်ားျဖင့္ ယဲ့ဖန္သည္ ေရွ႕သို႔ ခ်က္ခ်င္း ေျပးတက္သြားၿပီး ကူးရႈံးႏွင့္ ကူးမိန္တို႔အား လွမ္းေအာ္ေျပာလိုက္သည္။
“က်ဳပ္ ရွင္းစရာ ကိစၥေလး ေပၚလာလို႔။ က်ဳပ္ ၿပီးမွပဲ ခင္ဗ်ားတို႔ဆီ ျပန္လာခဲ့မယ္”
ထိုသို႔ေျပာၿပီး ယဲ့ဖန္သည္ လွစ္ခနဲ ေပ်ာက္ကြယ္သြားသည္။ ထိတ္လန႔္ဖြယ္ေကာင္းသည့္ ျမင္ကြင္းကို ၾကည့္ၿပီး ကူးရႈံးႏွင့္ ကူးမိန္တို႔သည္ တစ္ေယာက္ကို တစ္ေယာက္ ျပန္ၾကည့္၍ ေရွာင္တိမ္းမရေသာ ကိစၥႀကီးတစ္ခု ျဖစ္ေပၚလာမည္ဟု ခံစားမိသကဲ့သို႔ ႏွစ္ေယာက္လုံး ရင္တုန္လာၾကသည္။
              စာစဥ္ (၂၆) ဤတြင္ ၿပီးပါၿပီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now