Chapter 231

1.4K 178 0
                                    

ငရဲမှလာ​သောသူ
The Man from Hell
Author Autumn Wind  123
ဘာသာပြန် Han Shin was

စာစဉ် (16) Chapter (231) ငါ့မျက်လုံးထဲမှာတော့ မင်းက သေပြီးသားလူပဲ

မဟူရာ ကြက်ခြေခတ်အဖွဲ့ မည်သို့မျှ မတုံ့ပြန်နိုင်ခင်မှာပဲ ကြောက်မက်ဖွယ်ကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာခဲ့သည်။

"နတ်ဆိုးတွေက ဘယ်တော့မှ မသေဘူး …. နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ"

ညအဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင် လေးယောက်သည် မဟူရာ ကြက်ခြေခတ်အဖွဲ့မှ ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင်နှင့်အတူ ပေါက်ကွဲသွားသည်။

ဝုန်း!

ဝမ်းနည်းဖွယ်ကောင်းသော ပေါက်ကွဲမှုကြီးကြောင့် လမ်းမပေါ်၌ ဧရာမ ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။

ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက် ဘာဖြစ်သွားသလဲဆိုတာကို လိမ့်ပတ်လည်အောင် မသိလိုက်ခင်မှာပဲ တစ်စစီ ပေါက်ကွဲထွက်သွားရသည်။
ဤသည်ကား အစသာ ရှိချေသေးသည်။

စက္ကန့်ပိုင်းမျှ အကြာတွင် ကုန်းကျန့်ထျန်းနှင့် သူ့လူများ၏ အံ့ဩနေသော အကြည့်များရှေ့မှာတင် ညအဖွဲ့မှ များစွာသော ဆရာသခင်အဆင့် သိုင်းပညာရှင်များက ရှေ့သို့ အရူးအမူး ပြေးတက်လာကြသည်။

သူတို့ကိုယ်သူတို့ စတေးခံရန် စိတ်ပိုင်းဖြတ်ထားကြသည်။

လေးယောက်တစ်ဖွဲ့နှုန်းနှင့် သူတို့ သေဆုံးသွားကြလေသည်။

ညအဖွဲ့မှ ဆရာသခင်အဆင့် သိုင်းပညာရှင်များက မဟူရာ ကြက်ခြေခတ် အဖွဲ့မှ ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင်များအား ဖမ်းဆွဲပြီး သူတို့၏ မူလ သလင်းကျောက်များကို ဆွဲထုတ်လိုက်ကြသည်။

ထိုစဉ် သူတို့အားလုံးက မဟူရာ ကြက်ခြေခတ်အဖွဲ့မှ သိုင်းပညာရှင်များအား ဟစ်ကြွေး၍ ပြောဆို လိုက်သည်။

"နတ်ဆိုးတွေက ဘယ်တော့မှ မသေဘူး …. နတ်ဆိုးဧကရာဇ် အသက်ရှည်ပါစေ"

ဝုန်း!

မဟူရာ ကြက်ခြေခတ်အဖွဲ့မှ ဒုတိယမြောက် ဒဏ္ဍာရီတစ်ပိုင်းအဆင့် သိုင်းပညာရှင်တစ်ယောက် တစ်စစီ ပေါက်ကွဲထွက်သွားပြန်သည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now