Chapter 320

1.1K 124 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (22) CHAPTER (320) ငါ မင်းအတွက် လက်စားချေပေးမယ်

စူးစူးဝါးဝါး အော်ဟစ်သံများက ခွန်းလွင်တောင်အနှံ့ ပဲ့တင်ထပ်လို့နေ၏။ တောင်တစ်ခုလုံးသည် ငရဲမှထွက်လာသကဲ့သို့ သွေးများဖြင့် ဖုံးလွှမ်းလို့နေသည်။
များစွာသော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီအဆင့်တို့ အရှင်လတ်လတ် ဝါးမျိုခံနေရသည်။
ဂျွတ်! ဂျွတ်!
ပထမဆုံး ကောင်းကင်ခွင်းဓားအား ယဲ့ဖန် စားပြီးချိန်တွင် ဓားသမားဂိုဏ်း၌ သိုင်းပညာရှင် အယောက် ခြောက်ရာသာ အသက်ရှင်ကျန်ရစ်သည်။
ဒုတိယမြောက် ကောင်းကင်ခွင်းစားအား သူ စားပြီးချိန်တွင် အယောက် ငါးရာသာ အသက်ရှင်ကျန်ရစ်သည်။ တတိယမြောက် ကောင်းကင်ခွင်းဓားအား သူ စားပြီးချိန်တွင်တော့ အယောက် လေးရာသာ ကျန်ရှိတော့သည်။
….
ကောင်းကင်ခွင်းဓား ခုနစ်လက်လုံးအား ယဲ့ဖန် စားလို့ပြီးသွားချိန်၌ တောင်ပေါ်လမ်းတစ်လျှောက်မှ ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီအဆင့်တို့ သုတ်သင်ခံလိုက်ရပြီး သွေးအိုင်အဖြစ်သို့ ပြောင်းလဲသွားရသည်။
သူတို့၏ နီရဲနေသော သွေးများက တောင်အောက်သို့ အဆက်မပြတ် စီးဆင်းနေ၏။
သေပြီ။ ဓားသမားဂိုဏ်းမှ အယောက်တစ်ထောင်သော ဒဏ္ဍာရီလာအဆင့်များနှင့် ဒဏ္ဍာရီတို့အားလုံး သုတ်သင်ခံလိုက်ရလေပြီ။
ဖန်သားပြင်ကို ကြည့်ရှုနေသော သိုင်းပညာရှင်များအားလုံး ထိတ်လန့်နေသော အကြည့်များ ဖြစ်ပေါ်နေကြသည်။ သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပေ။
ထိုသို့ရှိနေစဉ်တွင် ယဲ့ဖန်သည် သွေးချောင်းစီးနေ‌သော မြစ်အား ဖြတ်၍ ခွန်းလွင်တောင်၏ တောင်ထိပ်ပေါ်သို့ ခြေလှမ်းလှမ်းလိုက်သည်။
ထို့ပြင် ကောင်းကင်ခွင်းဓား ခုနစ်လက်အား စားပြီးနောက် ယဲ့ဖန်၏ ဒဏ်ရာများသည် သိသိသာသာ ပြန်ကောင်းမွန်သွားလေပြီ။
သူ၏ အသားအရေသည် သံမဏိအသွင်သို့ ပြောင်းလဲသွားသကဲ့သို့ ကြေးနီရောင် အသားအရေမှာ သတ္တုရောင် တလက်လက် တောက်ပနေ၏။
ခွန်းလွင်တောင်ထိပ်ပေါ်သို့ ယဲ့ဖန် ရောက်လာသောအခါ အဖြူရောင် ဝတ်စုံနှင့် လူအုပ်ကြီးကို သူ ချက်ချင်း တွေ့လိုက်ရသည်။
ဓားသမားဂိုဏ်း၏ ထိပ်တန်းခေါင်းဆောင်ငယ်လေးများ၊ မဟာအကြီးအကဲ ခြောက်ယောက်နှင့် ရီကျန့်ထျန်း။
သူတို့ဘေးတွင် တိုင်၌ တုပ်နှောင်ခံထားရသော သွေးသံတရဲရဲနှင့် လူတစ်ယောက်။ ထိုသူသည် အမှောင်ဂိုဏ်းချုပ် ဖြစ်သူ ကျိုချင်းချန်ပင်။
“သခင်ကြီး”
ယဲ့ဖန်ကို မြင်သည်နှင့် ကျိုချင်းချန်သည် ပျော်ရွှင်သွားသော အမူအရာဖြင့် ခေါ်ဆိုလိုက်ပြီး မျက်ရည်များ စီးကျလာသည်။
ယဲ့ဖန်သည် ကျိုချင်းချန်အတွက် ခွန်းလွင်တောင်ပေါ်သို့ တက်လာပြီး ကျားဂူထဲသို့ တစ်ယောက်တည်း ဝင်လာခြင်း ဖြစ်သည်။
ထို့ကြောင့် ကျိုချင်းချန်သည် ကျေးဇူးတင်စိတ်နှင့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုသောစိတ်တို့အား ခံစားလာရသည်။
ယခင်တုန်းက သူသည် ကောင်းကင်မိစ္ဆာ ကျွန်မျိုးနွယ်တို့၏ ဘိုးဘေးများ အမိန့်အရကြောင့်သာ ယဲ့ဖန်ကို သူ၏ သခင်ကြီးအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါတွင်တော့ ယဲ့ဖန်သည် တကယ့်ကို သူ၏ သခင်ကြီး ဖြစ်လာပြီး သူ၏ ယုံကြည်ရာလည်း ဖြစ်ပေသည်။
“သတိထားပါ”
စိုးရိမ်ပူပန်စိတ်တို့ကြောင့် စကားတစ်ခွန်းသာ ထွက်လာနိုင်သည်။ ကျိုချင်းချန်၏ ပခုံးပေါ်မှ ဒဏ်ရာ၊ နဖူးအလယ်တည့်တည့်မှ သွေးသံတရဲရဲနှင့် အပေါက်နှင့် သူ၏ ဆိုးရွားစွာ ထိခိုက်ထားသော ခန္ဓာကိုယ်အား ကြည့်ပြီး ယဲ့ဖန်၏ မျက်လုံးများက ခက်ထန်လာသည်။
“ငါ မင်း အရှက်ကွဲခဲ့ရတာတွေအတွက် သူတို့ရဲ့ သွေးနဲ့ လက်စားချေပေးမယ်။ မင်းရဲ့ ဒဏ်ရာတွေအတွက် သူတို့အသက်နဲ့ ပေးဆပ်စေရမယ်”
“ငါ မင်းအတွက် လက်စားချေပေးမယ်”
....
သူ့စကားများကို ကြားပြီး ကျိုချင်းချန် ကတုန်ကယင်ဖြစ်လာကာ မျက်ရည်များ ထိန်းမရဘဲ စီးကျလာခဲ့သည်။
သူ၏ သခင်ကြီးက သူ့ကို ကယ်တင်ဖို့ လာခဲ့သည်ပဲ။ ယဲ့ဖန်သည် ရက်စက်၊သွေးဆာ၍ နတ်ဆိုးဆန်ကာ အကြင်နာတရား ကင်းမဲ့သော်လည်း သူသည် နတ်ဆိုးများ၏ ရင်ထဲတွင်တော့ အမြဲ နတ်ဘုရားသာ ဖြစ်သည်။
ကျိုချင်းချန် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ တောက်ပလိုက်သည့် အပြုံး။
ပြီးခဲ့သည့် နှစ်ဝက်အကျော်တွင်မှ သူ ပထမဆုံးအကြိမ် ပြန်ပြုံးလာခြင်း ဖြစ်သည်။
“ဟားဟား ... ယဲ့ဖန်၊ မင်းကိုယ်မင်း ယုံကြည်မှုလွန်ကဲနေပြီလို့ မင်း မထင်ဘူးလား”
ယဲ့ဖန်သည် ကျယ်လောင်၍ ခက်ထန်သော ထိုအသံကို ကြားလိုက်ရပြီးနောက် ရီကျန့်ထျန်းသည် ရှေ့သို့ တစ်လှမ်းတိုးလာသည်။
ဂျွတ်! ဂျွတ်! ဂျွတ်!
တောင်ထိပ်ရှိ ထူထပ်သော အုတ်ချပ်များ တစ်လက်မချင်းဆီ အက်ကွဲလို့လာသည်။
*နတ်ဘုရားတစ်ပိုင်းအဆင့်*
ကြည့်ရှုနေသူများသည် ဤမြင်ကွင်းကြောင့် အကြီးအကျယ် ထိတ်လန့်သွားကြသည်။ ထိုလွှမ်းမိုးနိုင်သော ချီဓာတ်သည် ဒဏ္ဍာရီလာအဆင့်များကိုတောင်မှ သတ်နိုင်သည်။
“ယဲ့ဖန်၊ အမှန်အတိုင်း ပြောရရင် မင်းရဲ့ တိုက်ပွဲဝင်ခွန်အားက ငါ ထင်ထားတာထက် ပိုနေသေးတယ်။ ဒါပေမယ့် ဒါက သာမန်လောက်ပါပဲလား”
ရီကျန့်ထျန်းသည် အထင်သေးသလို မှုန်ကုပ်ကုပ် မျက်နှာနှင့် ပြောလာသည်။ ထို့နောက် သူက ကျိုချင်းချန်အား လက်ညှိုးထိုးကာ မကောင်းဆိုးဝါးသဖွယ် ရယ်မော၍ ဆက်ပြောလာသည်။
“ဒီနေ့ ကျုပ် သူ့ကို အလောင်းအစားအနေနဲ့ လုပ်မယ်။ မင်း နိုင်ရင် မင်း သူ့ကို ခေါ်သွားလို့ရတယ်။ မင်း ရှုံးရင်တော့ မင်းအသက်ကို ဒီမှာ ထားခဲ့ရမယ်”
“အဲ့အပြင်ကိုမှ ငါက ကျိုချင်းချန်ရဲ့ ခြေလက်တွေကို ခုတ်ပစ်ဦးမှာ ဒါမှ သူ ဖြည်းဖြည်းချင်း သေမှာပေါ့”
ရက်စက်လှသည်။
ရီကျန့်ထျန်း၏ စကားကြောင့် ဖန်သားပြင်မှ ကြည့်ရှုနေသော သိုင်းပညာရှင်များ ဒေါသူပုန်ထသွားကြသည်။
စစ်မှန်သော ယောကျ်ားသားများသည် အရှက်ကွဲခံရခြင်းထက် သေခြင်းတရားကိုသာ ပို၍ လိုလားသည်။ ရီကျန့်ထျန်း၌ မည်သည့် သိုင်းသမား စိတ်ဓာတ်မျှ မရှိပေ၊ သူသည် တကယ့်ကို အာဏာရှင် ဆန်လှသည်။
ထို့အပြင် ကျိုချင်းချန်သည် ဟွာရှနိုင်ငံ၏ သူရဲကောင်း ဖြစ်ခဲ့သည်။ထို့ကြောင့် ရီကျန့်ထျန်း၏ စကားများက လူထု၏ ဒေါသကို ဆွပေးလိုက်သလိုပင်။
“သူ့ကိုသတ်”
မြို့ထဲမှ သိုင်းပညာရှင်တစ်ယောက်က ဒေါသတကြီး အော်ဟစ်လိုက်၊ သူ့နောက်မှ အခြားသူများကလည်း ကြုံးဝါးလာကြသည်။
“သူ့ကိုသတ်”
“သူ့ကိုသတ်”
….
ဟွာရှနိုင်ငံ၏ မြို့တိုင်း၌ အော်ဟစ်သံများဖြင့် ပြည့်နှက်လာသည်။ ယဲ့ဖန်က ရီကျန့်ထျန်းအား သတ်လိုက်သည်ကို စောင့်ကြည့်ရန် မည်သူမျှ မစောင့်နိုင်ကြပေ။
“ခြေလက်တွေကိုလား”
ထိုစဉ် ယဲ့ဖန်က တင်းမာသော မျက်လုံးများဖြင့် ပြောလာသည်။
“မင်းက ငါ့ညီအစ်ကိုရဲ့ အသက်ကို ငါးစာအဖြစ် အသုံးချတယ်။ မင်းက ငါ့ညီအစ်ကိုရဲ့ ဂုဏ်သိက္ခာကို လောင်းကြေးအဖြစ် အသုံးချတယ်။ မင်းက တကယ့်ကို သေချင်နေတာပဲ”
ယဲ့ဖန် စကားအဆုံး၌ ကြမ်းကြုတ်သော ချီဓာတ်တစ်ခုက လွင့်ပျံလာသည်။ ထို့နောက် သူသည် ရီကျန့်ထျန်းထံသို့ လျှပ်စီးကဲ့သို့ အရှိန်နှင့် ပြေးဝင်သွားသည်။
“သေလိုက်တော့”

သူ၏ လက်သီးချက်သည် လေထုကို ထိုးခွင်းသွားသဖြင့် လေပြင်းတစ်ချက် တိုက်ခိုက်လို့လာသည်။ သို့သော် ယဲ့ဖန်၏ လှုပ်ရှားပုံကို ကြည့်ပြီး ရီကျန့်ထျန်းက အထင်သေးသလို မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဟမ့် ဒဏ္ဍာရီတစ်ပိုင်းအဆင့် ပုရွက်ဆိတ်လေးကများ”
*ဘာ*
*ဒဏ္ဍာရီ တစ်ပိုင်းအဆင့်လား*
ရီကျန့်ထျန်း၏ စကားကြောင့် ကြည့်ရှုနေသူများ ထိတ်လန့်သွားသည်။ ထိုအခါမှသာ ယဲ့ဖန်က တကယ့်ကို ဒဏ္ဍာရီ တစ်ပိုင်းအဆင့်ပဲ ရှိသေးသည်ကို သူတို့ သတိပြုလိုက်မိကြသည်။

ကြည့်ရှုနေသူများ အားလုံးကြား၌ ပွက်လောရိုက်လာသည်။ ဒဏ္ဍာရီတစ်ပိုင်းအဆင့်က ဒဏ္ဍာရီလာအဆင့်များကို ကြက်ကလေးငှက်ကလေးကို သတ်သလို လွယ်ကူစွာ သတ်နိုင်လိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိကြပါ။
အံ့ဩဖွယ်ကောင်းလှသည်။ အခြားသူများအားလုံး ရီကျန့်ထျန်း၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။
“ပုရွက်ဆိတ်လိုကောင် မင်း ဒီနေရာမှာ မျက်လုံးမှိတ်ပြီး သေလို့ရပြီ”
ထိုသို့ပြောပြီး ရီကျန့်ထျန်းက သူ၏ သံမဏိလက်သီးကို ချက်ချင်း လှုပ်ရှားလိုက်သည်။ ထို့နောက် သူက ယဲ့ဖန်အား ကြမ်းကြုတ်စွာ လက်သီးဖြင့် ထိုးလိုက်သည်။
ဝုန်း! ဝုန်း! ဝုန်း!
နှစ်ယောက်လုံး စက္ကန့်ပိုင်းအတွင်း၌ အချင်းချင်း သုံးကြိမ်ဆက်တိုက် ထိုးနှက်မိကြသည်။ ချက်ချင်းဆိုသလိုပင် ယဲ့ဖန်၏ လက်သီးများက ရှေးဟောင်းလက်နက်ကဲ့သို့ မာကျောသလို ခံစားလိုက်ရပြီး ရီကျန့်ထျန်း၏ မျက်နှာ၌ အလွန် ထိတ်လန့်နေဟန်များ ပြည့်နှက်လာသည်။
ထို့အတူ ရီကျန့်ထျန်း၏ လက်သီးများက တဆစ်ဆစ် ကိုက်လာသည်။ ထို့နောက် ယဲ့ဖန်၏ ခွန်အားကြောင့် သူ နောက်သို့ မီတာ အနည်းငယ်ခန့် လွင့်ထွက်သွားရသည်။
ရီကျန့်ထျန်း နောက်သို့ လေးလှမ်းဆုတ်လိုက်ရသည်။ မြေကြီးအား အားနှင့် ဆောင့်နင်းလိုက်ပြီးမှသာ လွင့်ထွက်သွားရာမှ ရပ်သွားသည်။
ထိတ်လန့်စရာကောင်းလှသည်။ ထိပ်တိုင်ရင်ဆိုင်မိသည်နှင့် ယဲ့ဖန်က ရီကျန့်ထျန်းအား နောက်သို့ လွင့်ထွက်သွားအောင် လုပ်နိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားကြချေ။
ဒဏ္ဍာရီတစ်ပိုင်းအဆင့်က နတ်ဘုရားတစ်ပိုင်းအဆင့်ကို လက်သီး သုံးချက်တည်းဖြင့် နောက်ဆုတ်စေခဲ့သည်။ အံ့ဩစရာကောင်းလှသည်။
သို့သော် ဤသည်ကား အစပင် ရှိသေးသည်။ ယဲ့ဖန်က ရီကျန့်ထျန်းအား တစ်လှမ်းပြီးတစ်လှမ်း နောက်ဆုတ်သွားအောင် ဖိအားပေးနိုင်ခဲ့ပြီးနောက် ဖိနှိပ်နိုင်သော ကြမ်းကြုတ်သည့် ချီဓာတ်တို့ဖြင့် ပြောလိုက်သည်။
“ဓားသမားဂိုဏ်းက ဒီနေ့ သုတ်သင်ခံရလိမ့်မယ်။ ရီကျန့်ထျန်း သေကို သေရမယ်”
ထိုသို့ပြောပြီး ယဲ့ဖန်က တိုင်ရမ်နိုဆောရပ်စ်ကဲ့သို့ ရီကျန့်ထျန်းအား ဆက်တိုက် ထိုးနှက်လေတော့သည်။
“ခွေးမသား”
ရီကျန့်ထျန်း ဒေါသထွက်လာသည်။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့် ဖြစ်သလို ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်လည်း ဖြစ်သည်။
သို့သော် ယခုအခါတွင်မူ သူသည် နိမ့်ကျသော ဒဏ္ဍာရီတစ်ပိုင်းအဆင့်ကြောင့် ရှက်ရွံ့ဖွယ်ကောင်းသော အမူအရာနှင့် အတင်း နောက်ဆုတ်နေရသည်။ ရှက်ဖို့ကောင်းလိုက်လေခြင်း။
“သေလိုက်တော့”
ရီကျန့်ထျန်းသည် သူ၏ အင်မော်တယ် ခွန်အားများကို စုစည်းပြီး မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့်အတူ ယဲ့ဖန်ထံသို့ ပြေးဝင်လာသည်။
ထိုအချိန်တွင် ခွန်းလွင်တောင်ထိပ်၌ ထိပ်တန်း သားရဲကောင် နှစ်ကောင် ရန်ပွဲ ဖြစ်နေသလား မှတ်ယူရသည်။
အိမ်များ ပြိုကျလာပြီး သက်တမ်းရင့် သစ်ပင်ကြီးများ ထက်ခြမ်းပိုင်းကုန်သည်။ ကမ္ဘာပျက်ကပ် ဆိုက်ရောက်လာသည့်အတိုင်းပင်။
သို့သော် ကြောက်စရာအကောင်းဆုံး အပိုင်းသည်ကား ယဲ့ဖန်က ရီကျန့်ထျန်းအား လုံးဝ ဖိနှိပ်ထားနိုင်ခြင်းပင်။
သူသည် လက်သီးချက် တစ်ချက်ချင်းစီတိုင်း၌ ရီကျန့်ထျန်းအား လွင့်ထွက်သွားအောင် လုပ်နိုင်သည်။ ရီကျန့်ထျန်း မြေပေါ် ပြန်ကျမလာခင် ယဲ့ဖန်၏ ဒေါသအိုး ပေါက်ကွဲနေသော တိုက်ကွက်များ ထပ်၍ ကျရောက်လာသည်။
ဝုန်း! ဝုန်း! ဝုန်း!
ရီကျန့်ထျန်း ဆက်တိုက် နောက်ဆုတ်နေရသည်။ သူ၏ လက်သီးများ ဆိုးဆိုးရွားရွား ပျက်စီးလို့နေသည်။ သူ အလွန် ရှက်ရွံ့နေ၏။
ဝုန်း! ဂျွတ်!
ယဲ့ဖန်က ရီကျန့်ထျန်း၏ ရင်ဘတ်အား သူ၏ သံမဏိလက်သီးဖြင့် ကြမ်းကြုတ်စွာ ထိုးနှက်လိုက်ခြင်း ဖြစ်သည်။
ထို့နောက် ရီကျန့်ထျန်း၏ ရင်ဘတ် ကြွေမွသွားပြီး ကြိုးပြတ်သွားသော စွန်ကဲ့သို့ မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။
#ZAWGYI
စာစဥ္ (22) CHAPTER (320) ငါ မင္းအတြက္ လက္စားေခ်ေပးမယ္
စူးစူးဝါးဝါး ေအာ္ဟစ္သံမ်ားက ခြန္းလြင္ေတာင္အႏွံ႔ ပဲ့တင္ထပ္လို႔ေန၏။ ေတာင္တစ္ခုလုံးသည္ ငရဲမွထြက္လာသကဲ့သို႔ ေသြးမ်ားျဖင့္ ဖုံးလႊမ္းလို႔ေနသည္။
မ်ားစြာေသာ ဒ႑ာရီလာအဆင့္မ်ားႏွင့္ ဒ႑ာရီအဆင့္တို႔ အရွင္လတ္လတ္ ဝါးမ်ိဳခံေနရသည္။
ဂြၽတ္! ဂြၽတ္!
ပထမဆုံး ေကာင္းကင္ခြင္းဓားအား ယဲ့ဖန္ စားၿပီးခ်ိန္တြင္ ဓားသမားဂိုဏ္း၌ သိုင္းပညာရွင္ အေယာက္ ေျခာက္ရာသာ အသက္ရွင္က်န္ရစ္သည္။
ဒုတိယေျမာက္ ေကာင္းကင္ခြင္းစားအား သူ စားၿပီးခ်ိန္တြင္ အေယာက္ ငါးရာသာ အသက္ရွင္က်န္ရစ္သည္။ တတိယေျမာက္ ေကာင္းကင္ခြင္းဓားအား သူ စားၿပီးခ်ိန္တြင္ေတာ့ အေယာက္ ေလးရာသာ က်န္ရွိေတာ့သည္။
….
ေကာင္းကင္ခြင္းဓား ခုနစ္လက္လုံးအား ယဲ့ဖန္ စားလို႔ၿပီးသြားခ်ိန္၌ ေတာင္ေပၚလမ္းတစ္ေလွ်ာက္မွ ဒ႑ာရီလာအဆင့္မ်ားႏွင့္ ဒ႑ာရီအဆင့္တို႔ သုတ္သင္ခံလိုက္ရၿပီး ေသြးအိုင္အျဖစ္သို႔ ေျပာင္းလဲသြားရသည္။
သူတို႔၏ နီရဲေနေသာ ေသြးမ်ားက ေတာင္ေအာက္သို႔ အဆက္မျပတ္ စီးဆင္းေန၏။
ေသၿပီ။ ဓားသမားဂိုဏ္းမွ အေယာက္တစ္ေထာင္ေသာ ဒ႑ာရီလာအဆင့္မ်ားႏွင့္ ဒ႑ာရီတို႔အားလုံး သုတ္သင္ခံလိုက္ရေလၿပီ။
ဖန္သားျပင္ကို ၾကည့္ရႈေနေသာ သိုင္းပညာရွင္မ်ားအားလုံး ထိတ္လန႔္ေနေသာ အၾကည့္မ်ား ျဖစ္ေပၚေနၾကသည္။ သူတို႔ ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ၾကေပ။
ထိုသို႔ရွိေနစဥ္တြင္ ယဲ့ဖန္သည္ ေသြးေခ်ာင္းစီးေန‌ေသာ ျမစ္အား ျဖတ္၍ ခြန္းလြင္ေတာင္၏ ေတာင္ထိပ္ေပၚသို႔ ေျခလွမ္းလွမ္းလိုက္သည္။
ထို႔ျပင္ ေကာင္းကင္ခြင္းဓား ခုနစ္လက္အား စားၿပီးေနာက္ ယဲ့ဖန္၏ ဒဏ္ရာမ်ားသည္ သိသိသာသာ ျပန္ေကာင္းမြန္သြားေလၿပီ။
သူ၏ အသားအေရသည္ သံမဏိအသြင္သို႔ ေျပာင္းလဲသြားသကဲ့သို႔ ေၾကးနီေရာင္ အသားအေရမွာ သတၱဳေရာင္ တလက္လက္ ေတာက္ပေန၏။
ခြန္းလြင္ေတာင္ထိပ္ေပၚသို႔ ယဲ့ဖန္ ေရာက္လာေသာအခါ အျဖဴေရာင္ ဝတ္စုံႏွင့္ လူအုပ္ႀကီးကို သူ ခ်က္ခ်င္း ေတြ႕လိုက္ရသည္။
ဓားသမားဂိုဏ္း၏ ထိပ္တန္းေခါင္းေဆာင္ငယ္ေလးမ်ား၊ မဟာအႀကီးအကဲ ေျခာက္ေယာက္ႏွင့္ ရီက်န႔္ထ်န္း။
သူတို႔ေဘးတြင္ တိုင္၌ တုပ္ေႏွာင္ခံထားရေသာ ေသြးသံတရဲရဲႏွင့္ လူတစ္ေယာက္။ ထိုသူသည္ အေမွာင္ဂိုဏ္းခ်ဳပ္ ျဖစ္သူ က်ိဳခ်င္းခ်န္ပင္။
“သခင္ႀကီး”
ယဲ့ဖန္ကို ျမင္သည္ႏွင့္ က်ိဳခ်င္းခ်န္သည္ ေပ်ာ္႐ႊင္သြားေသာ အမူအရာျဖင့္ ေခၚဆိုလိုက္ၿပီး မ်က္ရည္မ်ား စီးက်လာသည္။
ယဲ့ဖန္သည္ က်ိဳခ်င္းခ်န္အတြက္ ခြန္းလြင္ေတာင္ေပၚသို႔ တက္လာၿပီး က်ားဂူထဲသို႔ တစ္ေယာက္တည္း ဝင္လာျခင္း ျဖစ္သည္။
ထို႔ေၾကာင့္ က်ိဳခ်င္းခ်န္သည္ ေက်းဇူးတင္စိတ္ႏွင့္ ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္လိုေသာစိတ္တို႔အား ခံစားလာရသည္။
ယခင္တုန္းက သူသည္ ေကာင္းကင္မိစာၦ ကြၽန္မ်ိဳးႏြယ္တို႔၏ ဘိုးေဘးမ်ား အမိန႔္အရေၾကာင့္သာ ယဲ့ဖန္ကို သူ၏ သခင္ႀကီးအျဖစ္ သတ္မွတ္ခဲ့ျခင္း ျဖစ္သည္။
ယခုအခါတြင္ေတာ့ ယဲ့ဖန္သည္ တကယ့္ကို သူ၏ သခင္ႀကီး ျဖစ္လာၿပီး သူ၏ ယုံၾကည္ရာလည္း ျဖစ္ေပသည္။
“သတိထားပါ”
စိုးရိမ္ပူပန္စိတ္တို႔ေၾကာင့္ စကားတစ္ခြန္းသာ ထြက္လာႏိုင္သည္။ က်ိဳခ်င္းခ်န္၏ ပခုံးေပၚမွ ဒဏ္ရာ၊ နဖူးအလယ္တည့္တည့္မွ ေသြးသံတရဲရဲႏွင့္ အေပါက္ႏွင့္ သူ၏ ဆိုး႐ြားစြာ ထိခိုက္ထားေသာ ခႏၶာကိုယ္အား ၾကည့္ၿပီး ယဲ့ဖန္၏ မ်က္လုံးမ်ားက ခက္ထန္လာသည္။
“ငါ မင္း အရွက္ကြဲခဲ့ရတာေတြအတြက္ သူတို႔ရဲ႕ ေသြးနဲ႔ လက္စားေခ်ေပးမယ္။ မင္းရဲ႕ ဒဏ္ရာေတြအတြက္ သူတို႔အသက္နဲ႔ ေပးဆပ္ေစရမယ္”
“ငါ မင္းအတြက္ လက္စားေခ်ေပးမယ္”
....
သူ႔စကားမ်ားကို ၾကားၿပီး က်ိဳခ်င္းခ်န္ ကတုန္ကယင္ျဖစ္လာကာ မ်က္ရည္မ်ား ထိန္းမရဘဲ စီးက်လာခဲ့သည္။
သူ၏ သခင္ႀကီးက သူ႔ကို ကယ္တင္ဖို႔ လာခဲ့သည္ပဲ။ ယဲ့ဖန္သည္ ရက္စက္၊ေသြးဆာ၍ နတ္ဆိုးဆန္ကာ အၾကင္နာတရား ကင္းမဲ့ေသာ္လည္း သူသည္ နတ္ဆိုးမ်ား၏ ရင္ထဲတြင္ေတာ့ အၿမဲ နတ္ဘုရားသာ ျဖစ္သည္။
က်ိဳခ်င္းခ်န္ ၿပဳံး၍ ေခါင္းညိတ္ျပလိုက္သည္။ ေတာက္ပလိုက္သည့္ အၿပဳံး။
ၿပီးခဲ့သည့္ ႏွစ္ဝက္အေက်ာ္တြင္မွ သူ ပထမဆုံးအႀကိမ္ ျပန္ၿပဳံးလာျခင္း ျဖစ္သည္။
“ဟားဟား ... ယဲ့ဖန္၊ မင္းကိုယ္မင္း ယုံၾကည္မႈလြန္ကဲေနၿပီလို႔ မင္း မထင္ဘူးလား”
ယဲ့ဖန္သည္ က်ယ္ေလာင္၍ ခက္ထန္ေသာ ထိုအသံကို ၾကားလိုက္ရၿပီးေနာက္ ရီက်န႔္ထ်န္းသည္ ေရွ႕သို႔ တစ္လွမ္းတိုးလာသည္။
ဂြၽတ္! ဂြၽတ္! ဂြၽတ္!
ေတာင္ထိပ္ရွိ ထူထပ္ေသာ အုတ္ခ်ပ္မ်ား တစ္လက္မခ်င္းဆီ အက္ကြဲလို႔လာသည္။
*နတ္ဘုရားတစ္ပိုင္းအဆင့္*
ၾကည့္ရႈေနသူမ်ားသည္ ဤျမင္ကြင္းေၾကာင့္ အႀကီးအက်ယ္ ထိတ္လန႔္သြားၾကသည္။ ထိုလႊမ္းမိုးႏိုင္ေသာ ခ်ီဓာတ္သည္ ဒ႑ာရီလာအဆင့္မ်ားကိုေတာင္မွ သတ္ႏိုင္သည္။
“ယဲ့ဖန္၊ အမွန္အတိုင္း ေျပာရရင္ မင္းရဲ႕ တိုက္ပြဲဝင္ခြန္အားက ငါ ထင္ထားတာထက္ ပိုေနေသးတယ္။ ဒါေပမယ့္ ဒါက သာမန္ေလာက္ပါပဲလား”
ရီက်န႔္ထ်န္းသည္ အထင္ေသးသလို မႈန္ကုပ္ကုပ္ မ်က္ႏွာႏွင့္ ေျပာလာသည္။ ထို႔ေနာက္ သူက က်ိဳခ်င္းခ်န္အား လက္ညႇိဳးထိုးကာ မေကာင္းဆိုးဝါးသဖြယ္ ရယ္ေမာ၍ ဆက္ေျပာလာသည္။
“ဒီေန႔ က်ဳပ္ သူ႔ကို အေလာင္းအစားအေနနဲ႔ လုပ္မယ္။ မင္း ႏိုင္ရင္ မင္း သူ႔ကို ေခၚသြားလို႔ရတယ္။ မင္း ရႈံးရင္ေတာ့ မင္းအသက္ကို ဒီမွာ ထားခဲ့ရမယ္”
“အဲ့အျပင္ကိုမွ ငါက က်ိဳခ်င္းခ်န္ရဲ႕ ေျခလက္ေတြကို ခုတ္ပစ္ဦးမွာ ဒါမွ သူ ျဖည္းျဖည္းခ်င္း ေသမွာေပါ့”
ရက္စက္လွသည္။
ရီက်န႔္ထ်န္း၏ စကားေၾကာင့္ ဖန္သားျပင္မွ ၾကည့္ရႈေနေသာ သိုင္းပညာရွင္မ်ား ေဒါသူပုန္ထသြားၾကသည္။
စစ္မွန္ေသာ ေယာက်္ားသားမ်ားသည္ အရွက္ကြဲခံရျခင္းထက္ ေသျခင္းတရားကိုသာ ပို၍ လိုလားသည္။ ရီက်န႔္ထ်န္း၌ မည္သည့္ သိုင္းသမား စိတ္ဓာတ္မွ် မရွိေပ၊ သူသည္ တကယ့္ကို အာဏာရွင္ ဆန္လွသည္။
ထို႔အျပင္ က်ိဳခ်င္းခ်န္သည္ ဟြာရွႏိုင္ငံ၏ သူရဲေကာင္း ျဖစ္ခဲ့သည္။ထို႔ေၾကာင့္ ရီက်န႔္ထ်န္း၏ စကားမ်ားက လူထု၏ ေဒါသကို ဆြေပးလိုက္သလိုပင္။
“သူ႔ကိုသတ္”
ၿမိဳ႕ထဲမွ သိုင္းပညာရွင္တစ္ေယာက္က ေဒါသတႀကီး ေအာ္ဟစ္လိုက္၊ သူ႔ေနာက္မွ အျခားသူမ်ားကလည္း ႀကဳံးဝါးလာၾကသည္။
“သူ႔ကိုသတ္”
“သူ႔ကိုသတ္”
….
ဟြာရွႏိုင္ငံ၏ ၿမိဳ႕တိုင္း၌ ေအာ္ဟစ္သံမ်ားျဖင့္ ျပည့္ႏွက္လာသည္။ ယဲ့ဖန္က ရီက်န႔္ထ်န္းအား သတ္လိုက္သည္ကို ေစာင့္ၾကည့္ရန္ မည္သူမွ် မေစာင့္ႏိုင္ၾကေပ။
“ေျခလက္ေတြကိုလား”
ထိုစဥ္ ယဲ့ဖန္က တင္းမာေသာ မ်က္လုံးမ်ားျဖင့္ ေျပာလာသည္။
“မင္းက ငါ့ညီအစ္ကိုရဲ႕ အသက္ကို ငါးစာအျဖစ္ အသုံးခ်တယ္။ မင္းက ငါ့ညီအစ္ကိုရဲ႕ ဂုဏ္သိကၡာကို ေလာင္းေၾကးအျဖစ္ အသုံးခ်တယ္။ မင္းက တကယ့္ကို ေသခ်င္ေနတာပဲ”
ယဲ့ဖန္ စကားအဆုံး၌ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္တစ္ခုက လြင့္ပ်ံလာသည္။ ထို႔ေနာက္ သူသည္ ရီက်န႔္ထ်န္းထံသို႔ လွ်ပ္စီးကဲ့သို႔ အရွိန္ႏွင့္ ေျပးဝင္သြားသည္။
“ေသလိုက္ေတာ့”

သူ၏ လက္သီးခ်က္သည္ ေလထုကို ထိုးခြင္းသြားသျဖင့္ ေလျပင္းတစ္ခ်က္ တိုက္ခိုက္လို႔လာသည္။ သို႔ေသာ္ ယဲ့ဖန္၏ လႈပ္ရွားပုံကို ၾကည့္ၿပီး ရီက်န႔္ထ်န္းက အထင္ေသးသလို မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
“ဟမ့္ ဒ႑ာရီတစ္ပိုင္းအဆင့္ ပု႐ြက္ဆိတ္ေလးကမ်ား”
*ဘာ*
*ဒ႑ာရီ တစ္ပိုင္းအဆင့္လား*
ရီက်န႔္ထ်န္း၏ စကားေၾကာင့္ ၾကည့္ရႈေနသူမ်ား ထိတ္လန႔္သြားသည္။ ထိုအခါမွသာ ယဲ့ဖန္က တကယ့္ကို ဒ႑ာရီ တစ္ပိုင္းအဆင့္ပဲ ရွိေသးသည္ကို သူတို႔ သတိျပဳလိုက္မိၾကသည္။

ၾကည့္ရႈေနသူမ်ား အားလုံးၾကား၌ ပြက္ေလာ႐ိုက္လာသည္။ ဒ႑ာရီတစ္ပိုင္းအဆင့္က ဒ႑ာရီလာအဆင့္မ်ားကို ၾကက္ကေလးငွက္ကေလးကို သတ္သလို လြယ္ကူစြာ သတ္ႏိုင္လိမ့္မည္ဟု သူတို႔ ထင္မွတ္မထားခဲ့မိၾကပါ။
အံ့ဩဖြယ္ေကာင္းလွသည္။ အျခားသူမ်ားအားလုံး ရီက်န႔္ထ်န္း၏ အသံက ႐ုတ္တရက္ ထြက္ေပၚလာသည္။
“ပု႐ြက္ဆိတ္လိုေကာင္ မင္း ဒီေနရာမွာ မ်က္လုံးမွိတ္ၿပီး ေသလို႔ရၿပီ”
ထိုသို႔ေျပာၿပီး ရီက်န႔္ထ်န္းက သူ၏ သံမဏိလက္သီးကို ခ်က္ခ်င္း လႈပ္ရွားလိုက္သည္။ ထို႔ေနာက္ သူက ယဲ့ဖန္အား ၾကမ္းၾကဳတ္စြာ လက္သီးျဖင့္ ထိုးလိုက္သည္။
ဝုန္း! ဝုန္း! ဝုန္း!
ႏွစ္ေယာက္လုံး စကၠန႔္ပိုင္းအတြင္း၌ အခ်င္းခ်င္း သုံးႀကိမ္ဆက္တိုက္ ထိုးႏွက္မိၾကသည္။ ခ်က္ခ်င္းဆိုသလိုပင္ ယဲ့ဖန္၏ လက္သီးမ်ားက ေရွးေဟာင္းလက္နက္ကဲ့သို႔ မာေက်ာသလို ခံစားလိုက္ရၿပီး ရီက်န႔္ထ်န္း၏ မ်က္ႏွာ၌ အလြန္ ထိတ္လန႔္ေနဟန္မ်ား ျပည့္ႏွက္လာသည္။
ထို႔အတူ ရီက်န႔္ထ်န္း၏ လက္သီးမ်ားက တဆစ္ဆစ္ ကိုက္လာသည္။ ထို႔ေနာက္ ယဲ့ဖန္၏ ခြန္အားေၾကာင့္ သူ ေနာက္သို႔ မီတာ အနည္းငယ္ခန႔္ လြင့္ထြက္သြားရသည္။
ရီက်န႔္ထ်န္း ေနာက္သို႔ ေလးလွမ္းဆုတ္လိုက္ရသည္။ ေျမႀကီးအား အားႏွင့္ ေဆာင့္နင္းလိုက္ၿပီးမွသာ လြင့္ထြက္သြားရာမွ ရပ္သြားသည္။
ထိတ္လန႔္စရာေကာင္းလွသည္။ ထိပ္တိုင္ရင္ဆိုင္မိသည္ႏွင့္ ယဲ့ဖန္က ရီက်န႔္ထ်န္းအား ေနာက္သို႔ လြင့္ထြက္သြားေအာင္ လုပ္ႏိုင္လိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားၾကေခ်။
ဒ႑ာရီတစ္ပိုင္းအဆင့္က နတ္ဘုရားတစ္ပိုင္းအဆင့္ကို လက္သီး သုံးခ်က္တည္းျဖင့္ ေနာက္ဆုတ္ေစခဲ့သည္။ အံ့ဩစရာေကာင္းလွသည္။
သို႔ေသာ္ ဤသည္ကား အစပင္ ရွိေသးသည္။ ယဲ့ဖန္က ရီက်န႔္ထ်န္းအား တစ္လွမ္းၿပီးတစ္လွမ္း ေနာက္ဆုတ္သြားေအာင္ ဖိအားေပးႏိုင္ခဲ့ၿပီးေနာက္ ဖိႏွိပ္ႏိုင္ေသာ ၾကမ္းၾကဳတ္သည့္ ခ်ီဓာတ္တို႔ျဖင့္ ေျပာလိုက္သည္။
“ဓားသမားဂိုဏ္းက ဒီေန႔ သုတ္သင္ခံရလိမ့္မယ္။ ရီက်န႔္ထ်န္း ေသကို ေသရမယ္”
ထိုသို႔ေျပာၿပီး ယဲ့ဖန္က တိုင္ရမ္ႏိုေဆာရပ္စ္ကဲ့သို႔ ရီက်န႔္ထ်န္းအား ဆက္တိုက္ ထိုးႏွက္ေလေတာ့သည္။
“ေခြးမသား”
ရီက်န႔္ထ်န္း ေဒါသထြက္လာသည္။ သူသည္ နတ္ဘုရားတစ္ပိုင္းအဆင့္ ျဖစ္သလို ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္လည္း ျဖစ္သည္။
သို႔ေသာ္ ယခုအခါတြင္မူ သူသည္ နိမ့္က်ေသာ ဒ႑ာရီတစ္ပိုင္းအဆင့္ေၾကာင့္ ရွက္႐ြံ႕ဖြယ္ေကာင္းေသာ အမူအရာႏွင့္ အတင္း ေနာက္ဆုတ္ေနရသည္။ ရွက္ဖို႔ေကာင္းလိုက္ေလျခင္း။
“ေသလိုက္ေတာ့”
ရီက်န႔္ထ်န္းသည္ သူ၏ အင္ေမာ္တယ္ ခြန္အားမ်ားကို စုစည္းၿပီး မီးဝင္းဝင္းေတာက္ေနေသာ မ်က္လုံးမ်ားႏွင့္အတူ ယဲ့ဖန္ထံသို႔ ေျပးဝင္လာသည္။
ထိုအခ်ိန္တြင္ ခြန္းလြင္ေတာင္ထိပ္၌ ထိပ္တန္း သားရဲေကာင္ ႏွစ္ေကာင္ ရန္ပြဲ ျဖစ္ေနသလား မွတ္ယူရသည္။
အိမ္မ်ား ၿပိဳက်လာၿပီး သက္တမ္းရင့္ သစ္ပင္ႀကီးမ်ား ထက္ျခမ္းပိုင္းကုန္သည္။ ကမာၻပ်က္ကပ္ ဆိုက္ေရာက္လာသည့္အတိုင္းပင္။
သို႔ေသာ္ ေၾကာက္စရာအေကာင္းဆုံး အပိုင္းသည္ကား ယဲ့ဖန္က ရီက်န႔္ထ်န္းအား လုံးဝ ဖိႏွိပ္ထားႏိုင္ျခင္းပင္။
သူသည္ လက္သီးခ်က္ တစ္ခ်က္ခ်င္းစီတိုင္း၌ ရီက်န႔္ထ်န္းအား လြင့္ထြက္သြားေအာင္ လုပ္ႏိုင္သည္။ ရီက်န႔္ထ်န္း ေျမေပၚ ျပန္က်မလာခင္ ယဲ့ဖန္၏ ေဒါသအိုး ေပါက္ကြဲေနေသာ တိုက္ကြက္မ်ား ထပ္၍ က်ေရာက္လာသည္။
ဝုန္း! ဝုန္း! ဝုန္း!
ရီက်န႔္ထ်န္း ဆက္တိုက္ ေနာက္ဆုတ္ေနရသည္။ သူ၏ လက္သီးမ်ား ဆိုးဆိုး႐ြား႐ြား ပ်က္စီးလို႔ေနသည္။ သူ အလြန္ ရွက္႐ြံ႕ေန၏။
ဝုန္း! ဂြၽတ္!
ယဲ့ဖန္က ရီက်န႔္ထ်န္း၏ ရင္ဘတ္အား သူ၏ သံမဏိလက္သီးျဖင့္ ၾကမ္းၾကဳတ္စြာ ထိုးႏွက္လိုက္ျခင္း ျဖစ္သည္။
ထို႔ေနာက္ ရီက်န႔္ထ်န္း၏ ရင္ဘတ္ ေႂကြမြသြားၿပီး ႀကိဳးျပတ္သြားေသာ စြန္ကဲ့သို႔ ေျမႀကီးေပၚသို႔ ျပဳတ္က်သြားသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now