Chapter 292

1.1K 129 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (292) ကြောက်မက်ဖွယ်ကောင်းသော ပုရွက်ဆိတ်မွေးမြူရေးခြံ
ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူတို့သည် အကြီးအကဲချာခါ၏ စကားကို ကြားလိုက်ရပြီးနောက် အကြီးအကျယ် မျက်နှာပျက်သွားကြသည်။
သူတို့မျက်လုံးများက ချက်ချင်း ခက်ထန်လာသည်။
"သခင်ကြီး … အဲ့ဒါ ဟိုအကောင် ဖြစ်နိုင်လား"
အမှောင်သခင် ဝင်စားသူက ယဲ့ဖန်အား ကြောက်လန့်တကြား မေးလိုက်သည်။ ထိုအရာသည် သူတို့ ထင်ထားသည့် အရာသာ ဖြစ်နေပါက သူတို့အားလုံး အကြီးအကျယ် ဒုက္ခရောက်မည် ဖြစ်သည်။
သေမင်း မြစ်ဝကျွန်းပေါ်ဒေသ သာမက ကမ္ဘာတစ်ခုလုံးပါ ဒုက္ခရောက်မည်ဖြစ်သည်။
ယဲ့ဖန်၏ မျက်လုံးသည် အေးစက်ကာ ခက်ထန်နေ၏။ ကမ္ဘာပေါ်တွင် ထူးဆန်းဖွယ်ရာ အရာများစွာ ရှိသည်ကို သူ သတိထားမိပါသည်။ သို့သော် သည်လောက် အင်အားကြီးသော သက်ရှိမျိုး ရှိနေလိမ့်မည်ဟု သူ ထင်မှတ်မထားမိပါ။
"အဲ့အောက်ကို တစ်ချက် ဆင်းကြည့်ရအောင်"
ယဲ့ဖန်သည် ချောက်ကမ်းပါးအောက်မှ တိမ်ထူထူများကို ကြည့်ပြီး တစ်ဘက်လှည့်ကာ အမှောင်သခင် ဝင်စားသူအား ပြောလိုက်သည်။
"အမှောင်သခင် … ငါနဲ့ လိုက်ခဲ့"
သူ့စကားအဆုံးတွင် ယဲ့ဖန်သည် ချောက်ကမ်းပါးထဲသို့ ခုန်ချသွားသည်။ အမှောင်သခင်သည် ခေါင်းညိတ်ပြ၍ သူ့နောက်မှ ခုန်ချသွားသည်။
*သူတို့က ချောက်ကမ်းပါးကနေ ခုန်ချသွားတယ်*
ရူးသွပ်ဖွယ်ကောင်းသော မြင်ကွင်းကို ကြည့်ပြီး အခြားသူများအားလုံး အလွန်တရာ ထိတ်လန့်သွားကြသည်။
အိပ်မက်ဆိုး ချောက်ကမ်းပါးသည် အနက် မီတာ သုံးထောင့်ခန့် ရှိသည်ဟု ဆိုကြသည်။ ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင်မဆိုထားနှင့် မည်သည့် သိုင်းပညာရှင်မဆို ဤထဲ ပြုတ်ကျသွားပါက ပျော့ဖတ်ဖတ် အသားစအဖြစ် ပြောင်းသွားပေလိမ့်မည်။
သို့သော် ယခုအခါတွင် … ချာခါနှင့် အခြားသူများ ချက်ချင်း ထိတ်လန့်သွားကြသည်။ ထို့နောက် ချာခါသည် သက်ပြင်းချလိုက်မိပြီး သူ့မျက်လုံးထဲတွင် အလွန်တရာ ကြောက်လန့်နေဟန်များ ပျော်ဝင်နေသည်။
"နတ်ဘုရားတွေ … နတ်ဘုရားတွေသာလျင် သည်လို စွမ်းဆောင်နိုင်လိမ့်မယ်"
ချာခါ၏ စိတ်နှလုံးထဲတွင် ယဲ့ဖန်၏ ပုံရိပ်သည် ချက်ချင်းဆိုသလို ပို၍ အင်အားကြီး ခိုင်မာလာသည်။
….
ယဲ့ဖန်နှင့် အမှောင်သခင်တို့ အသူတရာချောက်နက်၏ အောက်ခြေသို့ ရောက်ရှိရန် မိနစ်သုံးဆယ်ခန့် အချိန်ယူခဲ့ရသည်။
သို့သော် အောက်ခြေမှ မြင်ကွင်းနှင့် ရင်ဆိုင်လိုက်ရချိန်တွင် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း သုန်မှုန်လာသည်။
"ရှေးဟောင်းတားမြစ်စနစ်ပါလား"
ချောက်ကမ်းပါး၏ နံရံနှစ်ခုတွင်အလွန်များပြားသော ဖားလောင်းအရွယ် မှော်စာလုံးများနှင့် ပြည့်နှက်နေသည်။
မမြင်ရသော သေစေနိုင်လောက်သည့် တားမြစ်စနစ်တစ်ခုက သူတို့ကို ဟန့်တားထားသည်။ တားမြစ်စနစ်ထဲကို ဝင်လိုက်သည့် မည်သူမဆို အသတ်ခံရမည် ဖြစ်သည်။
ထို့ပြင် ထိုတားမြစ်စနစ်သည် ပင့်ကူမျှင်ကဲ့သို့သော အက်ရာများနှင့် ဖုံးလွှမ်းနေသည်ကို ယဲ့ဖန် သတိထားမိသွားသည်။
ဤစနစ်အား ပြုလုပ်ထားသည်မှာ နှစ်ထောင်နှင့်ချီ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ပထမဆုံး ပြုလုပ်ခဲ့စဉ်ကထက် အဆတစ်ထောင်ခန့် အားနည်းနေပြီ ဖြစ်သည်။ နောင်နှစ်အနည်းငယ်အတွင်း ဤတားမြစ်စနစ် ပျက်ဆီးသွားနိုင်သည်။
"သခင်ကြီး … ဒါဆို ကျွန်တော်တို့ ဘာလုပ်သင့်လဲ"
အမှောင်သခင် ဝင်စားသူက ယဲ့ဖန်အား သုန်မှုန်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။ ဤတားမြစ်စနစ်သာ ကျိုးပျက်သွားပါက ကမ္ဘာဂြိုဟ်ကြီး ဒုက္ခရောက်တော့မည်ကို သူ သိနေသည်။
ကမ္ဘာပေါ်မှာ ရှိသည့် လူတိုင်း သေဆုံးကြရလိမ့်မည်။ ထိုအခါ ယဲ့ဖန်က ဝမ်းနည်းနေသော မျက်လုံးများဖြင့် ပြောလာသည်။
"ကြည့်ရတာ ငါတို့ အထဲကို တစ်ချက် ဝင်ကြည့်ရမယ်ထင်တယ် … အဲ့ဒါက တကယ်ပဲ ငါတို့ထင်နေတဲ့အရာ ဖြစ်နေမယ်ဆိုရင် ငါတို့ ဒါကို ချိပ်ပိတ်ဖို့ ကြိုးကို ကြိုးစားကြည့်ရမယ်"
သူ အထဲကို ဝင်ကြည့်မှကို ဖြစ်မည်။ သို့မဟုတ်ပါက အကယ်၍ တားမြစ်စနစ်သာ ကျိုးပျက်ပြီး ထိုအရာက ပိတ်ထားရမှ လွတ်မြောက်လာပါက ပြဿနာ အကြီးအကျယ် တက်ပေလိမ့်မည်။ ထိုအခါ သေဆုံးသွားမည့်သူက ယဲ့ဖန်သာ ဖြစ်နေပါက သူ့မိတ်ဆွေများနှင့် နောက်လိုက်များက သေဆုံးရလိမ့်မည်။
ကမ္ဘာပေါ်ရှိ လူသားတိုင်း ရုတ်တရက် ဖြစ်ပွားလာသည့် ကပ်ဘေးနှင့် ကြုံတွေ့ရပေလိမ့်မည်။ ချက်ချင်းဆိုသလိုပင် ယဲ့ဖန်က လက်ကို ဝှေ့ယမ်း၍ တားမြစ်စနစ်ကို ဖျက်ရန် ပြင်လိုက်သည်။
သူ အသေးစိတ် ဂရုစိုက်၍ ပြုလုပ်ခြင်း ဖြစ်သည်။ ရှေ့သို့ တစ်လက်မ တိုး၍ ဖျက်လိုက်တိုင်း နောက်၌ ကျန်ခဲ့သည့် တားမြစ်စနစ်၏ အလွှာတစ်ခုကို သူ ချိပ်ပိတ်လိုက်သည်။
ဤနည်းအားဖြင့် အကယ်၍ အထဲ၌ တကယ့်ကို ကြောက်မက်ဖွယ်ကောင်းသည့် သက်ရှိမျိုး ရှိနေလျင်တောင်မှ သူတို့ ဘယ်တော့မှ လွတ်မြောက်ရန် အခွင့်အရေး မရတော့ပေ။
အချိန်သည် တဖြည်းဖြည်းနှင့် ကုန်လွန်သွားပြီးနောက် ယဲ့ဖန်နှင့် အမှောသခင် ဝင်စားသူတို့ တားမြစ်စနစ် အတွင်းသို့ နက်သထက် နက်အောင် ဝင်ရောက်လာခဲ့ပြီး ဖြစ်သည်။
ထိုအချိန်တွင် အတွင်းမှ ကြမ်းကြုတ်သော ချီဓာတ်အချို့ တိုက်ခတ်လာသည်။
တားမြစ်စနစ်၏ နောက်ဆုံးအလွှာသည် ယဲ့ဖန်ကြောင့် ကျိုးပျက်သွားပြီးနောက် လူနှစ်ယောက်သည် အသူတရာ ချောက်နက်၏ အောက်ခြေသို့ ချက်ချင်း ပြုတ်ကျလာသည်။
အေးစိမ့်လှသည်။ မနှစ်မြို့ဖွယ်ကောင်းလှ၏။
သူတို့ ကြမ်းပြင်နှင့် ထိခိုက်သွားပြီးနောက် ထိုနေရာသည် အရိုးကွဲမတတ် အေးစိမ့်သော ချီဓာတ်များနှင့် ပြည့်နှက်လို့နေသည်။
ချောက်နက်ကြီးသည် နှစ်ထောင်သောင်းနှင့် ချီ၍ ချိပ်ပိတ်ထားခြင်း ခံထားရတာ ဖြစ်သည်။ ဆိုးရွားသော ချီဓာတ်ကြောင့် ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူတို့ အန်လုမတတ် ဖြစ်သွားကြသည်။
ထို့ပြင် မြေကြီးပေါ်၌ တောင်ကဲ့သို့ ရွှေအိုရောင် အလောင်းများ တည်ရှိနေသည်။ နှစ်ထောင်သောင်းနှင့် ချီ၍ ကြာမြင့်ခဲ့ပြီးတာတောင်မှ ချောက်နက်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များဖြင့် ပြည့်နှက်လို့နေဆဲပင်။
"ဒါတွေက နတ်ဘုရားတွေရဲ့ အလောင်းတွေပဲ"
ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းအား မြင်လိုက်ရပြီးနောက် ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူတို့ မျက်ခုံး ခပ်လှုပ်လှုပ်ဖြစ်လာကြသည်။
ထို့အတူ အလောင်းတစ်ချို့သည် နတ်ဘုရားများ၏ အရိုးစုကို ဖြတ်၍ ငွေရောင်အလင်းများ ထုတ်လွှတ်နေသည်။
ထိုအရိုးစုများသည် အင်မော်တယ်များ၏ အရိုးစုများ ဖြစ်သည်။ သာမန် အရိုးစုများဘေးတွင် တောင်ကဲ့သို့ ကြီးမားသော အရိုးစုပုံကြီး ရှိနေပြီး ထိုအရိုးပုံသည် မှင်စာများ၏ အရိုးစုများ ဖြစ်ကြသည်။
"နတ်ဘုရားတွေ၊ အင်မော်တယ်တွေနဲ့ မှင်စာတွေ … သည်လောက် ကြောက်ဖို့ကောင်းတဲ့ မျိုးစိတ်တွေရဲ့ အလောင်းက ဘယ်လိုလုပ် ဒီမှာ ရှိနေရတာလဲ .. လွန်ခဲ့တဲ့ နှစ်ထောင်သောင်းချီတုန်းက သူတို့ လမ်းမှားပြီး ဝင်လာမိကြတာလား"
သူ့စကားကြောင့် ယဲ့ဖန်က ခေါင်းကိုခါ၍ ပြန်ဖြေလိုက်သည်။
"မဟုတ်ဘူး … သူတို့က အဖမ်းခံရပြီးတော့ အဲ့အကောင်ရဲ့ ငါးစာအဖြစ် ဒီမှာ အထားခံခဲ့ရတာ"
*ဘယ်လို*
ယဲ့ဖန်စကားကြောင့် အမှောင်သခင် ဝင်စားသူ အကြီးအကျယ် ထိတ်လန့်သွားသည်။
*ငါးစာတဲ့လား*
*တစ်စုံတစ်ယောက်က ဒီအကောင်ကို ရည်ရွယ်ချက် ရှိရှိ မွေးခဲ့တာလို့ သူ ပြောချင်နေတာလား*
အမှောင်သခင် ဝင်စားသူသည် မထိန်းချုပ်နိုင်လောက်အောင် တုန်ယင်သွားသည်။ ယဲ့ဖန်၏ မျက်နှာသည် အလွန် သုန်မှုန်လာပြီး ချောက်နောက်၏ ကျောက်နံရံကို လှမ်းကြည့်ကာ ပြောလာသည်။
"ဒါ ရှေးဟောင်း သိုင်းပညာရှင်တစ်ယောက်ရဲ့ မွေးမြူရေးခြံပဲ … သူက နတ်ဘုရားတွေ ၊ အင်မော်တယ်တွေနဲ့ မှင်စာတွေကို ဖမ်းပြီးတော့ သူတို့ရဲ့ ခန္ဓာကိုယ်ကို အဲ့အကောင်ကို ကျွေးခဲ့တာ .. ပြီးတော့ အဲ့လူက ဒီနေရာကို နှစ်ထောင်သောင်းနဲ့ ချီပြီး ချိပ်ပိတ်ခဲ့တယ် … ဒီအကောင်တွေ အရွယ်ရောက်လာရင် သူတို့က ဒီစည်းကို ချိုးဖျက်နိုင်လိမ့်မယ်"
ထိုသို့ပြောပြီး ယဲ့ဖန်သည် မျက်လုံးကို မှိတ်၍ သူ့အတွေးတွေကို စွန့်ပစ်ရန် ပြင်လိုက်သည်၊ သို့သော် သူသည် အမှောင်သခင် ဝင်စားသူအား ဆက်ပြောလိုက်သည်။
"ဒီအရိုးစုတွေတစ်ခုတည်းကပဲ ငါးစာ မဖြစ်နိုင်ဘူး … ငါ့အထင် ဒီကမ္ဘာကြီးကလည်း သူ့အစီအစဉ်တွေထဲက အစိတ်အပိုင်းတစ်ခု ဖြစ်မယ်ထင်တယ်"

ယဲ့ဖန်၏ စကားကို ကြားပြီးနောက် အမှောင်သခင် ဝင်စားသူသည် ထပ်မံ၍ တုန်လှုပ်သွားပြီးနောက် ပြန်၍ ပြောလိုက်သည်။
"သခင်ကြီး … သခင်ကြီး ပြောချင်တာက …"
အမှောင်သခင် ဝင်စားသူသည် နားရှိလို့သာ ကြားရပြီး မယုံနိုင်သလို ဖြစ်လို့နေ၏။
"ဟုတ်တယ် … ဒီအရိုးစုတေါက အဲ့အကောင်တွေ အရွယ်ရောက်လာအောင် လုပ်ဆောင်ပေးနိုင်တယ် … ဒီတားမြစ်စနစ်ကို သူတို့ ချိုးဖောက်နိုင်တာနဲ့ သူတို့က ကမ္ဘာတစ်ခုလုံးကို စားပစ်ပြီးတော့ ပိုပြီး ဆင့်ကဲ ပြောင်းလဲနိုင်လာလိမ့်မယ်"
သူ့စကားကြောင့် အမှောင်သခင် ဝင်စားသူသည် တစ်ကိုယ်လုံး ကြက်သီး တဖြန်းဖြန်း ထလာရသည်။
လျှို့ဝှက်စီစဉ်ထားမှုပါလား၊ ဒါက တကယ့်ကို လျှို့ဝှက် စီစဉ်ထားမှုကြီးပါလား"
ထိုရှေးဟောင်း သိုင်းပညာရှင်သည် နတ်ဘုရားများ၊ အင်မော်တယ်များနှင့် မှင်စာများအား ထိုအကောင်၏ အစာအဖြစ် ထားခဲ့ကာ ကမ္ဘာတစ်ခုလုံးအား ၎င်း၏ စားကျက်မြေအဖြစ် ထားရှိခဲ့သည်။
ကမ္ဘာပေါ်မှ လူသားအားလုံးသည် ၎င်း၏အစာပင်။ အမှောင်သခင် ဝင်စားသူ၏ မျက်နှာသည် အလွန့်ကို သုန်မှုန်လာ၏။
"သွားကြစို့ … ငါတို့ ဒီမှာ ကြာကြာနေလို့ မဖြစ်ဘူး"
ယဲ့ဖန်၏ မျက်နှာက ပို၍ မည်းမှောင်လာသည်။ ယခု သူ အမှန်တရားကို သိပြီဆိုမှတော့ ထိုကြောက်ဖို့ကောင်းသည့် သိုင်းပညာရှင် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ ဤနေရာ၌ သူ ထပ်မနေချင်တော့ပါ။
သူ မြန်နိုင်သမျှ မြန်မြန် အပြင်ပြန်ထွက်ပြီး တားမြစ်စနစ်အား အပြင်မှ ပို၍ အားကောင်းစွာ ပိတ်နှောင်နိုင်အောင် လုပ်ရန် လိုအပ်နေသည်။
သို့မဟုတ်ပါက ကမ္ဘာကြီး ဒုက္ခအကြီးအကျယ် ရောက်သွားလိမ့်မည်။ ထို့ကြောင့် ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူတို့ တတ်နိုင်သမျှ မြန်မြန် ထွက်သွားရန် လိုအပ်နေသည်။ သို့သော် ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော တရှဲရှဲမြည်သံကို သူတို့ ကြားလိုက်ရသည်။
ထို့နောက်တွင်မူ အရိုးစုများကြားမှ ပုရွက်ဆိတ်များ သုတ်သုတ်ပျာပျာနှင့် ပြေးထွက်လာသည်ကို သူတို့ မြင်လိုက်ရသည်။
ထိုပုရွက်ဆိတ်များက ချက်ချင်းဆိုသလိုပင် အရိုးစုများအား ဖုံးလွှမ်းသွားကြသည်။ ခပ်လှမ်းလှမ်းတွင် အနက်ရောင် ပုရွက်ဆိတ်များက သမုဒ္ဒရာကဲ့သို့ ထွက်ပေါ်နေသည်။ ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူတို့ ထိတ်လန့်သွားကြသည်။
ထိုစဉ် တောင်ပံပါသော ပုရွက်ဆိတ်များစွာက သူတို့ထံသို့ ထူထဲသော အနက်ရောင် မြူခိုးများကဲ့သို့ တဝီဝီနှင့် ပြေးဝင်လာကြသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ပုရွက်ဆိတ်များက ထွက်ပြေးနိုင်သည့် လမ်းကြောင်းများကို ပိတ်ဆို့ထားပြီးသား ဖြစ်သွားသည်။
သွေးပျက်ဖွယ်ကောင်းသည့် ဤမြင်ကွင်းကို ကြည့်ပြီး အမှောင်သခင် ဝင်စားသူသည် ထိတ်လန့်တကြား ထအော်လိုက်မိသည်။
"ဝိညာဉ်စား ပုရွက်ဆိတ်တွေ"
ဤပုရွက်ဆိတ်သည် နတ်ဘုရားများ၊ အင်မော်တယ်များ၊ မှင်စာများ၊ နတ်ဆိုးများနှင့် တစ္ဆေများ ကြောက်လန့်ကြာသော စကြဝဠာထဲရှိ မျိုးစိတ်တစ်ခု ဖြစ်သည်။
သူတို့ ဖြတ်သွားသည့် ဘယ်နေရာမဆိုတွင် အရာအားလုံး ဖျက်ဆီးခံခဲ့ရသည်။ သို့သော် သူတို့သည် အလွန် ရှားပါးသော မျိုးစိတ်များ ဖြစ်သည်။
စကြဝဠာတစ်ခွင်တွင် ယခင်က ဝိညာဉ်စား ပုရွက်ဆိတ် အကောင်တစ်ရာသာ ရှိခဲ့ဖူးသည်။ သို့ဖြစ်ပါလျက်နှင့် ယခုအခါတွင် …
"မဖြစ်နိုင်ဘူး … ဝိညာဉ်စား ပုရွက်ဆိတ် အကောင် ထောင်သောင်းချီပြီး ရှိနေတယ် … မဖြစ်နိုင်ဘူး"
အမှောင်သခင် ဝင်စားသူနှင့် ယဲ့ဖန်တို့ အလွန် အံ့အားသင့်သွားကြသည်။ ယဲ့ဖန်၏ မျက်နှာသည် ချက်ချင်း ပြာနှမ်းလာပြီးနောက် ရေရွတ်လိုက်မိသည။
"ကြည့်ရတာ ငါ မှားသွားပြီနဲ့ တူတယ်"
"သူတို့က ဒုတိယအကြိမ် သန္ဓေပြောင်းခြင်းကာလကို‌တောင် ပြီးမြောက်သွားပြီးတော့ အရေအတွက်က တိုးပွားလာပြီပဲ"
ယဲ့ဖန်စကားကြောင့် အမှောင်သခင် ဝင်စားသူသည် ကြောက်လန့်ကာ တုန်ယင်လာပြီးနောက် ခပ်သွက်သွက် ပြန်ပြောလာသည်။
"သခင်ကြီး … အဲ့ဒါက … မဖြစ်နိုင်ဘူးလေ"
"ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး … ဘာလို့လဲဆိုတော့ သူတို့က သူတို့ကို မွေးမြူခဲ့တဲ့ ရှေးဟောင်း သိုင်းပညာရှင်ကို စားပြီးနေလို့ပဲ … သူတို့က သူ့ရဲ့ အသားကို စားပြီး သွေးကို သောက်သုံးခဲ့တယ် … သူတို့က အကောင်ရေ တိုးပွားနေပြီးပြီ"
#ZAWGYI
စာစဥ္ (20) CHAPTER (292) ေၾကာက္မက္ဖြယ္ေကာင္းေသာ ပု႐ြက္ဆိတ္ေမြးျမဴေရးၿခံ
ယဲ့ဖန္ႏွင့္ အေမွာင္သခင္ ဝင္စားသူတို႔သည္ အႀကီးအကဲခ်ာခါ၏ စကားကို ၾကားလိုက္ရၿပီးေနာက္ အႀကီးအက်ယ္ မ်က္ႏွာပ်က္သြားၾကသည္။
သူတို႔မ်က္လုံးမ်ားက ခ်က္ခ်င္း ခက္ထန္လာသည္။
"သခင္ႀကီး … အဲ့ဒါ ဟိုအေကာင္ ျဖစ္ႏိုင္လား"
အေမွာင္သခင္ ဝင္စားသူက ယဲ့ဖန္အား ေၾကာက္လန႔္တၾကား ေမးလိုက္သည္။ ထိုအရာသည္ သူတို႔ ထင္ထားသည့္ အရာသာ ျဖစ္ေနပါက သူတို႔အားလုံး အႀကီးအက်ယ္ ဒုကၡေရာက္မည္ ျဖစ္သည္။
ေသမင္း ျမစ္ဝကြၽန္းေပၚေဒသ သာမက ကမာၻတစ္ခုလုံးပါ ဒုကၡေရာက္မည္ျဖစ္သည္။
ယဲ့ဖန္၏ မ်က္လုံးသည္ ေအးစက္ကာ ခက္ထန္ေန၏။ ကမာၻေပၚတြင္ ထူးဆန္းဖြယ္ရာ အရာမ်ားစြာ ရွိသည္ကို သူ သတိထားမိပါသည္။ သို႔ေသာ္ သည္ေလာက္ အင္အားႀကီးေသာ သက္ရွိမ်ိဳး ရွိေနလိမ့္မည္ဟု သူ ထင္မွတ္မထားမိပါ။
"အဲ့ေအာက္ကို တစ္ခ်က္ ဆင္းၾကည့္ရေအာင္"
ယဲ့ဖန္သည္ ေခ်ာက္ကမ္းပါးေအာက္မွ တိမ္ထူထူမ်ားကို ၾကည့္ၿပီး တစ္ဘက္လွည့္ကာ အေမွာင္သခင္ ဝင္စားသူအား ေျပာလိုက္သည္။
"အေမွာင္သခင္ … ငါနဲ႔ လိုက္ခဲ့"
သူ႔စကားအဆုံးတြင္ ယဲ့ဖန္သည္ ေခ်ာက္ကမ္းပါးထဲသို႔ ခုန္ခ်သြားသည္။ အေမွာင္သခင္သည္ ေခါင္းညိတ္ျပ၍ သူ႔ေနာက္မွ ခုန္ခ်သြားသည္။
*သူတို႔က ေခ်ာက္ကမ္းပါးကေန ခုန္ခ်သြားတယ္*
႐ူးသြပ္ဖြယ္ေကာင္းေသာ ျမင္ကြင္းကို ၾကည့္ၿပီး အျခားသူမ်ားအားလုံး အလြန္တရာ ထိတ္လန႔္သြားၾကသည္။
အိပ္မက္ဆိုး ေခ်ာက္ကမ္းပါးသည္ အနက္ မီတာ သုံးေထာင့္ခန႔္ ရွိသည္ဟု ဆိုၾကသည္။ ဒ႑ာရီလာအဆင့္ သိုင္းပညာရွင္မဆိုထားႏွင့္ မည္သည့္ သိုင္းပညာရွင္မဆို ဤထဲ ျပဳတ္က်သြားပါက ေပ်ာ့ဖတ္ဖတ္ အသားစအျဖစ္ ေျပာင္းသြားေပလိမ့္မည္။
သို႔ေသာ္ ယခုအခါတြင္ … ခ်ာခါႏွင့္ အျခားသူမ်ား ခ်က္ခ်င္း ထိတ္လန႔္သြားၾကသည္။ ထို႔ေနာက္ ခ်ာခါသည္ သက္ျပင္းခ်လိုက္မိၿပီး သူ႔မ်က္လုံးထဲတြင္ အလြန္တရာ ေၾကာက္လန႔္ေနဟန္မ်ား ေပ်ာ္ဝင္ေနသည္။
"နတ္ဘုရားေတြ … နတ္ဘုရားေတြသာလ်င္ သည္လို စြမ္းေဆာင္ႏိုင္လိမ့္မယ္"
ခ်ာခါ၏ စိတ္ႏွလုံးထဲတြင္ ယဲ့ဖန္၏ ပုံရိပ္သည္ ခ်က္ခ်င္းဆိုသလို ပို၍ အင္အားႀကီး ခိုင္မာလာသည္။
….
ယဲ့ဖန္ႏွင့္ အေမွာင္သခင္တို႔ အသူတရာေခ်ာက္နက္၏ ေအာက္ေျခသို႔ ေရာက္ရွိရန္ မိနစ္သုံးဆယ္ခန႔္ အခ်ိန္ယူခဲ့ရသည္။
သို႔ေသာ္ ေအာက္ေျခမွ ျမင္ကြင္းႏွင့္ ရင္ဆိုင္လိုက္ရခ်ိန္တြင္ ယဲ့ဖန္၏ မ်က္ႏွာက ခ်က္ခ်င္း သုန္မႈန္လာသည္။
"ေရွးေဟာင္းတားျမစ္စနစ္ပါလား"
ေခ်ာက္ကမ္းပါး၏ နံရံႏွစ္ခုတြင္ အလြန္မ်ားျပားေသာ ဖားေလာင္းအ႐ြယ္ ေမွာ္စာလုံးမ်ားႏွင့္ ျပည့္ႏွက္ေနသည္။
မျမင္ရေသာ ေသေစႏိုင္ေလာက္သည့္ တားျမစ္စနစ္တစ္ခုက သူတို႔ကို ဟန႔္တားထားသည္။ တားျမစ္စနစ္ထဲကို ဝင္လိုက္သည့္ မည္သူမဆို အသတ္ခံရမည္ ျဖစ္သည္။
ထို႔ျပင္ ထိုတားျမစ္စနစ္သည္ ပင့္ကူမွ်င္ကဲ့သို႔ေသာ အက္ရာမ်ားႏွင့္ ဖုံးလႊမ္းေနသည္ကို ယဲ့ဖန္ သတိထားမိသြားသည္။
ဤစနစ္အား ျပဳလုပ္ထားသည္မွာ ႏွစ္ေထာင္ႏွင့္ခ်ီ ၾကာျမင့္ခဲ့ၿပီ ျဖစ္သည္။ ပထမဆုံး ျပဳလုပ္ခဲ့စဥ္ကထက္ အဆတစ္ေထာင္ခန႔္ အားနည္းေနၿပီ ျဖစ္သည္။ ေနာင္ႏွစ္အနည္းငယ္အတြင္း ဤတားျမစ္စနစ္ ပ်က္ဆီးသြားႏိုင္သည္။
"သခင္ႀကီး … ဒါဆို ကြၽန္ေတာ္တို႔ ဘာလုပ္သင့္လဲ"
အေမွာင္သခင္ ဝင္စားသူက ယဲ့ဖန္အား သုန္မႈန္ေနေသာ မ်က္ႏွာထားျဖင့္ ေမးလိုက္သည္။ ဤတားျမစ္စနစ္သာ က်ိဳးပ်က္သြားပါက ကမာၻၿဂိဳဟ္ႀကီး ဒုကၡေရာက္ေတာ့မည္ကို သူ သိေနသည္။
ကမာၻေပၚမွာ ရွိသည့္ လူတိုင္း ေသဆုံးၾကရလိမ့္မည္။ ထိုအခါ ယဲ့ဖန္က ဝမ္းနည္းေနေသာ မ်က္လုံးမ်ားျဖင့္ ေျပာလာသည္။
"ၾကည့္ရတာ ငါတို႔ အထဲကို တစ္ခ်က္ ဝင္ၾကည့္ရမယ္ထင္တယ္ … အဲ့ဒါက တကယ္ပဲ ငါတို႔ထင္ေနတဲ့အရာ ျဖစ္ေနမယ္ဆိုရင္ ငါတို႔ ဒါကို ခ်ိပ္ပိတ္ဖို႔ ႀကိဳးကို ႀကိဳးစားၾကည့္ရမယ္"
သူ အထဲကို ဝင္ၾကည့္မွကို ျဖစ္မည္။ သို႔မဟုတ္ပါက အကယ္၍ တားျမစ္စနစ္သာ က်ိဳးပ်က္ၿပီး ထိုအရာက ပိတ္ထားရမွ လြတ္ေျမာက္လာပါက ျပႆနာ အႀကီးအက်ယ္ တက္ေပလိမ့္မည္။ ထိုအခါ ေသဆုံးသြားမည့္သူက ယဲ့ဖန္သာ ျဖစ္ေနပါက သူ႔မိတ္ေဆြမ်ားႏွင့္ ေနာက္လိုက္မ်ားက ေသဆုံးရလိမ့္မည္။
ကမာၻေပၚရွိ လူသားတိုင္း ႐ုတ္တရက္ ျဖစ္ပြားလာသည့္ ကပ္ေဘးႏွင့္ ႀကဳံေတြ႕ရေပလိမ့္မည္။ ခ်က္ခ်င္းဆိုသလိုပင္ ယဲ့ဖန္က လက္ကို ေဝွ႔ယမ္း၍ တားျမစ္စနစ္ကို ဖ်က္ရန္ ျပင္လိုက္သည္။
သူ အေသးစိတ္ ဂ႐ုစိုက္၍ ျပဳလုပ္ျခင္း ျဖစ္သည္။ ေရွ႕သို႔ တစ္လက္မ တိုး၍ ဖ်က္လိုက္တိုင္း ေနာက္၌ က်န္ခဲ့သည့္ တားျမစ္စနစ္၏ အလႊာတစ္ခုကို သူ ခ်ိပ္ပိတ္လိုက္သည္။
ဤနည္းအားျဖင့္ အကယ္၍ အထဲ၌ တကယ့္ကို ေၾကာက္မက္ဖြယ္ေကာင္းသည့္ သက္ရွိမ်ိဳး ရွိေနလ်င္ေတာင္မွ သူတို႔ ဘယ္ေတာ့မွ လြတ္ေျမာက္ရန္ အခြင့္အေရး မရေတာ့ေပ။
အခ်ိန္သည္ တျဖည္းျဖည္းႏွင့္ ကုန္လြန္သြားၿပီးေနာက္ ယဲ့ဖန္ႏွင့္ အေမွာသခင္ ဝင္စားသူတို႔ တားျမစ္စနစ္ အတြင္းသို႔ နက္သထက္ နက္ေအာင္ ဝင္ေရာက္လာခဲ့ၿပီး ျဖစ္သည္။
ထိုအခ်ိန္တြင္ အတြင္းမွ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္အခ်ိဳ႕ တိုက္ခတ္လာသည္။
တားျမစ္စနစ္၏ ေနာက္ဆုံးအလႊာသည္ ယဲ့ဖန္ေၾကာင့္ က်ိဳးပ်က္သြားၿပီးေနာက္ လူႏွစ္ေယာက္သည္ အသူတရာ ေခ်ာက္နက္၏ ေအာက္ေျခသို႔ ခ်က္ခ်င္း ျပဳတ္က်လာသည္။
ေအးစိမ့္လွသည္။ မႏွစ္ၿမိဳ႕ဖြယ္ေကာင္းလွ၏။
သူတို႔ ၾကမ္းျပင္ႏွင့္ ထိခိုက္သြားၿပီးေနာက္ ထိုေနရာသည္ အ႐ိုးကြဲမတတ္ ေအးစိမ့္ေသာ ခ်ီဓာတ္မ်ားႏွင့္ ျပည့္ႏွက္လို႔ေနသည္။
ေခ်ာက္နက္ႀကီးသည္ ႏွစ္ေထာင္ေသာင္းႏွင့္ ခ်ီ၍ ခ်ိပ္ပိတ္ထားျခင္း ခံထားရတာ ျဖစ္သည္။ ဆိုး႐ြားေသာ ခ်ီဓာတ္ေၾကာင့္ ယဲ့ဖန္ႏွင့္ အေမွာင္သခင္ ဝင္စားသူတို႔ အန္လုမတတ္ ျဖစ္သြားၾကသည္။
ထို႔ျပင္ ေျမႀကီးေပၚ၌ ေတာင္ကဲ့သို႔ ေ႐ႊအိုေရာင္ အေလာင္းမ်ား တည္ရွိေနသည္။ ႏွစ္ေထာင္ေသာင္းႏွင့္ ခ်ီ၍ ၾကာျမင့္ခဲ့ၿပီးတာေတာင္မွ ေခ်ာက္နက္ထဲတြင္ ေၾကာက္မက္ဖြယ္ေကာင္းေသာ ခ်ီဓာတ္မ်ားျဖင့္ ျပည့္ႏွက္လို႔ေနဆဲပင္။
"ဒါေတြက နတ္ဘုရားေတြရဲ႕ အေလာင္းေတြပဲ"
ထိတ္လန႔္ဖြယ္ေကာင္းေသာ ျမင္ကြင္းအား ျမင္လိုက္ရၿပီးေနာက္ ယဲ့ဖန္ႏွင့္ အေမွာင္သခင္ ဝင္စားသူတို႔ မ်က္ခုံး ခပ္လႈပ္လႈပ္ျဖစ္လာၾကသည္။
ထို႔အတူ အေလာင္းတစ္ခ်ိဳ႕သည္ နတ္ဘုရားမ်ား၏ အ႐ိုးစုကို ျဖတ္၍ ေငြေရာင္အလင္းမ်ား ထုတ္လႊတ္ေနသည္။
ထိုအ႐ိုးစုမ်ားသည္ အင္ေမာ္တယ္မ်ား၏ အ႐ိုးစုမ်ား ျဖစ္သည္။ သာမန္ အ႐ိုးစုမ်ားေဘးတြင္ ေတာင္ကဲ့သို႔ ႀကီးမားေသာ အ႐ိုးစုပုံႀကီး ရွိေနၿပီး ထိုအ႐ိုးပုံသည္ မွင္စာမ်ား၏ အ႐ိုးစုမ်ား ျဖစ္ၾကသည္။
"နတ္ဘုရားေတြ၊ အင္ေမာ္တယ္ေတြနဲ႔ မွင္စာေတြ … သည္ေလာက္ ေၾကာက္ဖို႔ေကာင္းတဲ့ မ်ိဳးစိတ္ေတြရဲ႕ အေလာင္းက ဘယ္လိုလုပ္ ဒီမွာ ရွိေနရတာလဲ .. လြန္ခဲ့တဲ့ ႏွစ္ေထာင္ေသာင္းခ်ီတုန္းက သူတို႔ လမ္းမွားၿပီး ဝင္လာမိၾကတာလား"
သူ႔စကားေၾကာင့္ ယဲ့ဖန္က ေခါင္းကိုခါ၍ ျပန္ေျဖလိုက္သည္။
"မဟုတ္ဘူး … သူတို႔က အဖမ္းခံရၿပီးေတာ့ အဲ့အေကာင္ရဲ႕ ငါးစာအျဖစ္ ဒီမွာ အထားခံခဲ့ရတာ"
*ဘယ္လို*
ယဲ့ဖန္စကားေၾကာင့္ အေမွာင္သခင္ ဝင္စားသူ အႀကီးအက်ယ္ ထိတ္လန႔္သြားသည္။
*ငါးစာတဲ့လား*
*တစ္စုံတစ္ေယာက္က ဒီအေကာင္ကို ရည္႐ြယ္ခ်က္ ရွိရွိ ေမြးခဲ့တာလို႔ သူ ေျပာခ်င္ေနတာလား*
အေမွာင္သခင္ ဝင္စားသူသည္ မထိန္းခ်ဳပ္ႏိုင္ေလာက္ေအာင္ တုန္ယင္သြားသည္။ ယဲ့ဖန္၏ မ်က္ႏွာသည္ အလြန္ သုန္မႈန္လာၿပီး ေခ်ာက္ေနာက္၏ ေက်ာက္နံရံကို လွမ္းၾကည့္ကာ ေျပာလာသည္။
"ဒါ ေရွးေဟာင္း သိုင္းပညာရွင္တစ္ေယာက္ရဲ႕ ေမြးျမဴေရးၿခံပဲ … သူက နတ္ဘုရားေတြ ၊ အင္ေမာ္တယ္ေတြနဲ႔ မွင္စာေတြကို ဖမ္းၿပီးေတာ့ သူတို႔ရဲ႕ ခႏၶာကိုယ္ကို အဲ့အေကာင္ကို ေကြၽးခဲ့တာ .. ၿပီးေတာ့ အဲ့လူက ဒီေနရာကို ႏွစ္ေထာင္ေသာင္းနဲ႔ ခ်ီၿပီး ခ်ိပ္ပိတ္ခဲ့တယ္ … ဒီအေကာင္ေတြ အ႐ြယ္ေရာက္လာရင္ သူတို႔က ဒီစည္းကို ခ်ိဳးဖ်က္ႏိုင္လိမ့္မယ္"
ထိုသို႔ေျပာၿပီး ယဲ့ဖန္သည္ မ်က္လုံးကို မွိတ္၍ သူ႔အေတြးေတြကို စြန႔္ပစ္ရန္ ျပင္လိုက္သည္၊ သို႔ေသာ္ သူသည္ အေမွာင္သခင္ ဝင္စားသူအား ဆက္ေျပာလိုက္သည္။
"ဒီအ႐ိုးစုေတြတစ္ခုတည္းကပဲ ငါးစာ မျဖစ္ႏိုင္ဘူး … ငါ့အထင္ ဒီကမာၻႀကီးကလည္း သူ႔အစီအစဥ္ေတြထဲက အစိတ္အပိုင္းတစ္ခု ျဖစ္မယ္ထင္တယ္"

ယဲ့ဖန္၏ စကားကို ၾကားၿပီးေနာက္ အေမွာင္သခင္ ဝင္စားသူသည္ ထပ္မံ၍ တုန္လႈပ္သြားၿပီးေနာက္ ျပန္၍ ေျပာလိုက္သည္။
"သခင္ႀကီး … သခင္ႀကီး ေျပာခ်င္တာက …"
အေမွာင္သခင္ ဝင္စားသူသည္ နားရွိလို႔သာ ၾကားရၿပီး မယုံႏိုင္သလို ျဖစ္လို႔ေန၏။
"ဟုတ္တယ္ … ဒီအ႐ိုးစုေတါက အဲ့အေကာင္ေတြ အ႐ြယ္ေရာက္လာေအာင္ လုပ္ေဆာင္ေပးႏိုင္တယ္ … ဒီတားျမစ္စနစ္ကို သူတို႔ ခ်ိဳးေဖာက္ႏိုင္တာနဲ႔ သူတို႔က ကမာၻတစ္ခုလုံးကို စားပစ္ၿပီးေတာ့ ပိုၿပီး ဆင့္ကဲ ေျပာင္းလဲႏိုင္လာလိမ့္မယ္"
သူ႔စကားေၾကာင့္ အေမွာင္သခင္ ဝင္စားသူသည္ တစ္ကိုယ္လုံး ၾကက္သီး တျဖန္းျဖန္း ထလာရသည္။
လွ်ိဳ႕ဝွက္စီစဥ္ထားမႈပါလား၊ ဒါက တကယ့္ကို လွ်ိဳ႕ဝွက္ စီစဥ္ထားမႈႀကီးပါလား"
ထိုေရွးေဟာင္း သိုင္းပညာရွင္သည္ နတ္ဘုရားမ်ား၊ အင္ေမာ္တယ္မ်ားႏွင့္ မွင္စာမ်ားအား ထိုအေကာင္၏ အစာအျဖစ္ ထားခဲ့ကာ ကမာၻတစ္ခုလုံးအား ၎၏ စားက်က္ေျမအျဖစ္ ထားရွိခဲ့သည္။
ကမာၻေပၚမွ လူသားအားလုံးသည္ ၎၏အစာပင္။ အေမွာင္သခင္ ဝင္စားသူ၏ မ်က္ႏွာသည္ အလြန႔္ကို သုန္မႈန္လာ၏။
"သြားၾကစို႔ … ငါတို႔ ဒီမွာ ၾကာၾကာေနလို႔ မျဖစ္ဘူး"
ယဲ့ဖန္၏ မ်က္ႏွာက ပို၍ မည္းေမွာင္လာသည္။ ယခု သူ အမွန္တရားကို သိၿပီဆိုမွေတာ့ ထိုေၾကာက္ဖို႔ေကာင္းသည့္ သိုင္းပညာရွင္ ေသသည္ျဖစ္ေစ၊ ရွင္သည္ျဖစ္ေစ ဤေနရာ၌ သူ ထပ္မေနခ်င္ေတာ့ပါ။
သူ ျမန္ႏိုင္သမွ် ျမန္ျမန္ အျပင္ျပန္ထြက္ၿပီး တားျမစ္စနစ္အား အျပင္မွ ပို၍ အားေကာင္းစြာ ပိတ္ေႏွာင္ႏိုင္ေအာင္ လုပ္ရန္ လိုအပ္ေနသည္။
သို႔မဟုတ္ပါက ကမာၻႀကီး ဒုကၡအႀကီးအက်ယ္ ေရာက္သြားလိမ့္မည္။ ထို႔ေၾကာင့္ ယဲ့ဖန္ႏွင့္ အေမွာင္သခင္ ဝင္စားသူတို႔ တတ္ႏိုင္သမွ် ျမန္ျမန္ ထြက္သြားရန္ လိုအပ္ေနသည္။ သို႔ေသာ္ ထိုအခ်ိန္တြင္ ေၾကာက္မက္ဖြယ္ေကာင္းေသာ တရွဲရွဲျမည္သံကို သူတို႔ ၾကားလိုက္ရသည္။
ထို႔ေနာက္တြင္မူ အ႐ိုးစုမ်ားၾကားမွ ပု႐ြက္ဆိတ္မ်ား သုတ္သုတ္ပ်ာပ်ာႏွင့္ ေျပးထြက္လာသည္ကို သူတို႔ ျမင္လိုက္ရသည္။
ထိုပု႐ြက္ဆိတ္မ်ားက ခ်က္ခ်င္းဆိုသလိုပင္ အ႐ိုးစုမ်ားအား ဖုံးလႊမ္းသြားၾကသည္။ ခပ္လွမ္းလွမ္းတြင္ အနက္ေရာင္ ပု႐ြက္ဆိတ္မ်ားက သမုဒၵရာကဲ့သို႔ ထြက္ေပၚေနသည္။ ယဲ့ဖန္ႏွင့္ အေမွာင္သခင္ ဝင္စားသူတို႔ ထိတ္လန႔္သြားၾကသည္။
ထိုစဥ္ ေတာင္ပံပါေသာ ပု႐ြက္ဆိတ္မ်ားစြာက သူတို႔ထံသို႔ ထူထဲေသာ အနက္ေရာင္ ျမဴခိုးမ်ားကဲ့သို႔ တဝီဝီႏွင့္ ေျပးဝင္လာၾကသည္။
မ်က္စိတစ္မွိတ္အတြင္းမွာပင္ ပု႐ြက္ဆိတ္မ်ားက ထြက္ေျပးႏိုင္သည့္ လမ္းေၾကာင္းမ်ားကို ပိတ္ဆို႔ထားၿပီးသား ျဖစ္သြားသည္။
ေသြးပ်က္ဖြယ္ေကာင္းသည့္ ဤျမင္ကြင္းကို ၾကည့္ၿပီး အေမွာင္သခင္ ဝင္စားသူသည္ ထိတ္လန႔္တၾကား ထေအာ္လိုက္မိသည္။
"ဝိညာဥ္စား ပု႐ြက္ဆိတ္ေတြ"
ဤပု႐ြက္ဆိတ္သည္ နတ္ဘုရားမ်ား၊ အင္ေမာ္တယ္မ်ား၊ မွင္စာမ်ား၊ နတ္ဆိုးမ်ားႏွင့္ တေစၦမ်ား ေၾကာက္လန႔္ၾကာေသာ စၾကဝဠာထဲရွိ မ်ိဳးစိတ္တစ္ခု ျဖစ္သည္။
သူတို႔ ျဖတ္သြားသည့္ ဘယ္ေနရာမဆိုတြင္ အရာအားလုံး ဖ်က္ဆီးခံခဲ့ရသည္။ သို႔ေသာ္ သူတို႔သည္ အလြန္ ရွားပါးေသာ မ်ိဳးစိတ္မ်ား ျဖစ္သည္။
စၾကဝဠာတစ္ခြင္တြင္ ယခင္က ဝိညာဥ္စား ပု႐ြက္ဆိတ္ အေကာင္တစ္ရာသာ ရွိခဲ့ဖူးသည္။ သို႔ျဖစ္ပါလ်က္ႏွင့္ ယခုအခါတြင္ …
"မျဖစ္ႏိုင္ဘူး … ဝိညာဥ္စား ပု႐ြက္ဆိတ္ အေကာင္ ေထာင္ေသာင္းခ်ီၿပီး ရွိေနတယ္ … မျဖစ္ႏိုင္ဘူး"
အေမွာင္သခင္ ဝင္စားသူႏွင့္ ယဲ့ဖန္တို႔ အလြန္ အံ့အားသင့္သြားၾကသည္။ ယဲ့ဖန္၏ မ်က္ႏွာသည္ ခ်က္ခ်င္း ျပာႏွမ္းလာၿပီးေနာက္ ေရ႐ြတ္လိုက္မိသည။
"ၾကည့္ရတာ ငါ မွားသြားၿပီနဲ႔ တူတယ္"
"သူတို႔က ဒုတိယအႀကိမ္ သေႏၶေျပာင္းျခင္းကာလကိုေတာင္ ၿပီးေျမာက္သြားၿပီးေတာ့ အေရအတြက္က တိုးပြားလာၿပီပဲ"
ယဲ့ဖန္စကားေၾကာင့္ အေမွာင္သခင္ ဝင္စားသူသည္ ေၾကာက္လန႔္ကာ တုန္ယင္လာၿပီးေနာက္ ခပ္သြက္သြက္ ျပန္ေျပာလာသည္။
"သခင္ႀကီး … အဲ့ဒါက … မျဖစ္ႏိုင္ဘူးေလ"
"ဘယ္အရာမွ မျဖစ္ႏိုင္ဘူးဆိုတာ မရွိဘူး … ဘာလို႔လဲဆိုေတာ့ သူတို႔က သူတို႔ကို ေမြးျမဴခဲ့တဲ့ ေရွးေဟာင္း သိုင္းပညာရွင္ကို စားၿပီးေနလို႔ပဲ … သူတို႔က သူ႔ရဲ႕ အသားကို စားၿပီး ေသြးကို ေသာက္သုံးခဲ့တယ္ … သူတို႔က အေကာင္ေရ တိုးပြားေနၿပီးၿပီ"

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now