Chapter 328

1K 102 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (22) CHAPTER (328) သူမ … ပျောက်နေတယ်

အနောက်ဘက်ဒေသရှီ ဓားသမားဂိုဏ်း ဌာနချုပ်မှ မိုင်သုံးဆယ် အကွာ၌ ချိုင့်ဝှမ်းတစ်ခု ရှိသည်။ ယခုအချိန်တွင် များစွာသော လူတို့ ထိုနေရာသို့ ရောက်ရှိနေကြသည်။
ထိုသူများကား ယဲ့ဖန်၊ ကျိုချင်းချန်၊ ဝံပုလွေရိုင်း၊ မိစ္ဆာ ဝိညာဉ်ရိုင်း၊ အရှင်ဝူနှင့် အခြားသူ များစွာတို့ ဖြစ်ကြသည်။
“သခင်ကြီး၊ ဒါက ဓားသူရဲကောင်းများ ချိုင့်ဝှမ်းပါ”
ဝံပုလွေရိုင်းက သုန်မှုန်၍ ဝမ်းနည်းပူဆွေးနေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
သူ့စကားအဆုံးတွင် ယဲ့ဖန်က ခေါင်းညိတ်၍ လက်တစ်ဘက်ကို လှုပ်ခါလိုက်သည်။ ထို့နောက် တောက်ပသော အဖြူရောင် အလုံးလေးတစ်လုံးက သူ့လက်ထဲ ပေါ်လာသည်။

ထို့နောက် ယဲ့ဖန်က ငရဲမီးအား ထိုတောက်ပသော အဖြူရောင် အလုံးလေးထဲသို့ ထည့်သွင်းလိုက်သည်။ ရုတ်တရက် တရှဲရှဲ မြည်သံများက စူးခနဲ ထွက်ပေါ်လာသည်။
“အား…အား…အား”
“မစ္စတာယဲ့၊ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ကျုပ်တို့ ဒီကို ရောက်နေပါပြီ။ ဖေးချမ်နဲ့ ညအဖွဲ့က အခြားသူတွေလည်း ဒီမှာပါ”
ထိုအော်သံသည် ရီကျန့်ထျန်း၏ အသံပင်။ ထိုတောက်ပသော အလုံးလေးသည် ရီကျန့်ထျန်း၏ စိတ်ဝိညာဉ် ဖြစ်သည်။
ယဲ့ဖန်က တောက်ပသော အလုံးလေးအား အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်ကာ တင်းမာစွာ ပြောလိုက်သည်။
“ဆက်ပြော”
သူ့စကားကြောင့် ထိုအလုံးက ချက်ချင်း တုန်ယင်သွားသည်။ ထို့နောက် ရီကျန့်ထျန်း၏ စိတ်ဝိညာဉ်က ခပ်သွက်သွက်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ သုံးလလောက်က ကျုပ်တို့ ဖေးချမ်နဲ့ အခြားသူတွေကို ဓားသူရဲကောင်းများ ချိုင့်ဝှမ်းအနီးအနားမှာ ခြေရာခံခဲ့မိပါတယ်။ အဲ့ဒါနဲ့ ကျုပ်တို့ အလင်းတော် ဘုန်းတော်ကြီး၊ အိန္ဒိယ ကာရိုးလ် မဟာသခင်ကြီး၊ ဥရောပ နတ်ဘုရားနဲ့ မှော်နက် နတ်ဘုရားမတို့ကို ဖိတ်ပြီး သူတို့နောက်ကို အတူတူ လိုက်လံ ဖမ်းဆီးခဲ့ပါတယ်”
“နောက်ဆုံးတော့ ကျုပ်တို့ သူတို့ကို ဓားသူရဲကောင်းများ ချိုင့်ဝှမ်းမှာ ဝိုင်းထားနိုင်ခဲ့တယ်၊ ဒါပေမယ့်…”
“ဒါပေမယ့် ကျုပ်တို့ သူတို့ကို ဒဏ်ရာ အပြင်းအထန် ရအောင် လုပ်နိုင်ခဲ့တဲ့ အချိန်မှာပဲ ဓားသူရဲကောင်းများ ချိုင့်ဝှမ်းက မထင်မှတ်ထားလောက်အောင် သန်မာတဲ့ အင်အားနဲ့ အဖြူရောင် အလင်းတန်းကို ထုတ်လွှတ်လာတယ်။ ခဏလောက်လည်း ကြာရော သူတို့အားလုံး ပျောက်ကွယ်သွားကြတယ် …”
*ဘာ*
သူ့စကားကြောင့် ဝံပုလွေရိုင်းနှင့် အခြားသူများအားလုံး ရုတ်ချည်းဆိုသလို အံ့အားသင့်သွားကြသည်။
*သူတို့ ဘယ်လိုလုပ် ပျောက်သွားကြတာလဲ*
သူတို့မျက်လုံးမှ ပြင်းထန်၍ ကြမ်းကြုတ်သော ချီဓာတ်များ ထုတ်ဖော်လာကြသည်။ ထို့နောက် ယဲ့ဖန်၏ မျက်လုံး သူငယ်အိမ်က ကျဉ်းမြောင်းလာပြီး မေးလိုက်သည်။
“အဲ့အချိန်တုန်းက ဒီနေရာမှာ ဘယ်သူတွေ ပျောက်သွားတာလဲ”
“ထောင်ချောက်ဆင်ခံလိုက်ရတဲ့သူတွေက ဖေးချမ်၊ လင်းလန်၊ အန်းရှီ၊ ယဲ့ရွှင်းအာ၊ ဖန့်ယင်းနဲ့ သေမင်း မြစ်ဝကျွန်းပေါ်ဒေသ သိုင်းပညာရှင်တွေပါ”
ရီကျန့်ထျန်းက ထိုသူတို့အား လနှင့်ချီ၍ နောက်ယောင်ခံလိုက်ခဲ့သည်။ ထို့ကြောင့် သူတို့အဖွဲ့ဝင်များနှင့် ပတ်သတ်၍ သူ သေချာသိနေခြင်း ဖြစ်သည်။
ထို့အပြင် သူ၏ စိတ်ဝိညာဉ်က ငရဲမီးကို ကြောက်ရွံ့နေသဖြင့် လုံးဝ ညာမပြောရဲပေ၊ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်က သိထားသမျှ အားလုံးကို ထုတ်ပြောနေခြင်းပင်။
သူ့စကားကြောင့် ယဲ့ဖန်‌ မျက်မှောင်ကြုတ်သွားရသည်။ ကျန်းရှီမြို့မှ တိုက်ပွဲကတည်းက စ၍ ဖေးချမ်နှင့် အခြားသူများ ပျောက်ဆုံးနေကြောင်း ဝံပုလွေရိုင်း သူ့ကို ပြောခဲ့ဖူးသည်။
ဝံပုလွေရိုင်းသာမက အမှောင်သခင် မိစ္ဆာနှင့် သွေးစွန်းတစ္ဆေတို့ပါ ဖေးချမ်နှင့် အခြားသူများ အားလုံးတို့နှင့် လူကွဲသွားကြပုံ ရသည်။
ထို့နောက် ယဲ့ဖန်က ဓားသူရဲကောင်းများ ချိုင့်ဝှမ်းသို့ ချက်ချင်း ဝင်သွားလိုက်သည်။ ဓားသူရဲကောင်းများ ချိုင့်ဝှမ်းတစ်ခုလုံးသည် မပြည့်မစုံနှင့် ကျိုးပဲ့နေသော ကျောက်တုံးများနှင့် ပြည့်နှက်လို့နေသည်။
ချိုင့်ဝှမ်းတစ်ဝိုက်အား တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာက ပို၍ သုန်မှုန်လာသည်။
“သခင်ကြီး၊ အခြေအနေ ဘယ်လိုရှိလဲဗျ”
ဝံပုလွေရိုင်းက အခြားသူများနှင့်အတူ စိတ်လှုပ်ရှား စောင့်နေပြီးမှ မေးလိုက်သည်။
“အဲ့ဒါ ပျက်စီးသွားပြီလို့ ငါ ထင်တယ် … ကမ္ဘာခြား နေရာရွှေ့ပြောင်း အစီအရင်လေ”
ယဲ့ဖန်၏ စကားကို ကြားပြီး အခြားသူများ အားလုံး ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြသည်။
*ကမ္ဘာခြား နေရာရွှေ့ပြောင်း အစီအရင်တဲ့*
“သခင်ကြီး၊ ခင်ဗျား ပြောချင်တာက သူတို့တွေ ကမ္ဘာပေါ်ကနေ ထွက်သွားပြီးတော့ တစ်ခြားဂြိုဟ်တစ်ခုကို ရွှေ့ပြောင်းသွားတယ်၊ အဲ့လိုလား”
ဝံပုလွေရိုင်းက အလွန် ဖြူဖတ်ဖြူရော် ဖြစ်နေသော မျက်နှာထားဖြင့် မေးလိုက်သည်။ ယဲ့ဖန်က ခေါင်းကိုခါ၍ ပြန်ပြောလိုက်သည်။
“ငါ တပ်အပ် မပြောနိုင်သေးဘူး”
“ဒီ ကမ္ဘာခြား နေရာရွှေ့ပြောင်း အစီအရင်ရဲ့ ဘောင်နဲ့ မှော်စာလုံးတွေက ဂမ္ဘီရပညာလိုပဲ လျှို့ဝှက်ဆန်းကြယ်တယ်။ ဒါပေမယ့် ဒီဟာရဲ့ အဓိက အစီအရင်က ပျက်စီးနေပြီ။ ဆိုလိုတာက သူတို့ နေရာ ရွှေ့ပြောင်းတဲ့ ဖြစ်စဉ်အတောအတွင်းမှာ ပြဿနာ တစ်ခုခု ကြုံခဲ့တဲ့ပုံပဲ”
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် ဝံပုလွေရိုင်းနှင့် အခြားသူများအားလုံး ထပ်မံ၍ စိတ်ဓာတ်ကျသွားကြသည်။
“သခင်ကြီး ပြောချင်တာက”
ယဲ့ဖန်က တောက်ပ၍ လေးနက်သော မျက်ဝန်းများဖြင့် ကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက်သည်။
“သူတို့ ကမ္ဘာပေါ်မှာ ဒါမှမဟုတ် … ဂြိုဟ်တွေကြားထဲက တစ်နေရာရာမှာ လူစုကွဲသွားလောက်တယ်”
*လူစုကွဲသွားတယ်*
သူ့စကားကြောင့် သူတို့အားလုံး ရင်ထဲလေးလံလာသလို ခံစားလိုက်ရ၏။ ဂြိုဟ်များတွင် အင်အားကြီးသော သက်ရှိများစွာ ရှိနေသည်။
အကယ်၍ ဖေးချမ်နှင့် အခြားသူများ အတူတကွ ရှိနေပါက သူတို့ တစ်ယောက်ကို တစ်ယောက် ကာကွယ်စောင့်ရှောက်နိုင်သည်။
သို့သော် သူတို့ လူစုကွဲသွားခဲ့ပါလျင် သူတို့ ပို၍ ကြီးမားသော ဘေးအန္တရာယ်များကို အသီးသီး ကြုံတွေ့ရလောက်သည်။
ယဲ့ဖန် စိတ်အပူဆုံးကတော့ လင်းလန်ပင်။
တကယ်တမ်းတွင် ဖေးချမ်သည် လောဘအိုး ဝံပုလွေ ဆုဒြာနှင့် အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းတို့ကို ကျွမ်းကျင်ခဲ့ပြီးပြီ ဖြစ်သည်။ ရွှင်းအာ၌ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်ရှိပြီး အန်းရှီ၌ ဆန်းကြယ် ရေခဲခန္ဓာကိုယ် ရှိသလို ဖန့်ယင်း၌လည်း မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ် ရှိနေသည်။
သို့သော် လင်းလန်ကတော့ သာမန်လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမသည် ပို၍ ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်နေရလောက်သည်။
“မင်း ဆက်ဆက် အသက်ရှင်နေမှ ဖြစ်မယ်”
ယဲ့ဖန် ကမ္ဘာခြား ဂြိုဟ်သို့ ပြန်လည်ရောက်ရှိလိုသည့် ဆန္ဒက ပို၍ ပြင်းပြလာသည်။
သူ ပြန်သွားနိုင်မှသာ ဖေးချမ်နှင့် ကမ္ဘာပေါ်၌ သိကျွမ်းခဲ့သော သူ၏ အခြားမိတ်ဆွေများကို ရှာဖွေနိုင်မည်ဖြစ်ပြီး စကြဝဠာထဲမှ အခြားနတ်ဆိုးများနှင့် ပြန်လည် ဆုံစည်းနိုင်ပြီး ဟွမ်အာနှင့် ပြန်တွေ့နိုင်မည် ဖြစ်သည်။
“လင်းလက်နေတဲ့ ကောင်းကင်ကြီးက ငါတို့နဲ့ သိပ်မလှမ်းတော့ပါဘူး”
ယဲ့ဖန်က မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ရေရွတ်လိုက်သည်။ ထိုစဉ် ရီကျန့်ထျန်း၏ ဖျော့တော့နေသော အသံကို သူ ကြားလိုက်ရသည်။
“မစ္စတာ … မစ္စတာယဲ့၊ ကျုပ် မှားခဲ့တယ်ဆိုတာကို ကျုပ် နားလည်သွားပါပြီ။ ကျုပ် သိသမျှ အရာအားလုံးကို ခင်ဗျားကို ပြောခဲ့ပြီးပါပြီ။ ကျေးဇူးပြုပြီး ကျုပ် စိတ်ဝိညာဉ်ကို လွှတ်ပေးပါ။ ကျုပ် သရဲဖြစ်နေခဲ့ရင်တောင် ခင်ဗျားကို ကျုပ် ကျေးဇူးတင်မိမှာပါ”
တောက်ပနေသော အလုံးလေးသည် ကြောက်စိတ်ကြောင့် တုန်ယင်နေသည်။ ရီကျန့်ထျန်းက ယဲ့ဖန်ကို အလွန်အမင်း ကြောက်လန့်နေသည်မှာ သိသာလှသည်။
*လွှတ်ပေးရမယ်*
ယဲ့ဖန်က ခက်ထန်သော အကြည့်များဖြင့် ထပ်ပြောလိုက်သည်။
“မင်းကို လွှတ်ပေးရမှာလား။ ဒါပေါ့ ငါ လုပ်ပေးနိုင်ပါတယ်”
*ငါ ဘာကြားလိုက်တာလဲ*
ယဲ့ဖန်၏ ကတိစကားကြောင့် ရီကျန့်ထျန်း၏ စိတ်ဝိညာဉ်က တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူ ပျော်ရွှင်သွားသည်။
သို့သော် သူ၏ စိတ်ဝိညာဉ်က ယဲ့ဖန်အား ကျေးဇူးတင်ကြောင်း ပြောတော့မည့်အချိန်တွင် ယဲ့ဖန်၏ ခက်ထန်သော အသံကို သူ ထပ်ကြားလိုက်ရသည်။
“အိပ်မက်မက်မနေနဲ့”
ထို့နောက် ငရဲမီး တောက်လောင်လာသည်။ လေတိုက်သံနှင့်အတူ ငရဲမီးကြောင့် ရီကျန့်ထျန်း၏ စိတ်ဝိညာဉ်သည် စူးရှစွာ အော်ဟစ်နေသည်။
နောက်ဆုံးတွင် တောက်ပသော အဖြူရောင် အလုံးလေး လောင်ကျွမ်းသွားသည်။ ထို့အတူ ရီကျန့်ထျန်း၏ စိတ်ဝိညာဉ်သည်လည်း ဘယ်သောအခါမှ ပြန်လည်ဝင်စားနိုင်မည် မဟုတ်ပေ။
ရီကျန့်ထျန်းကို သတ်ပြီးနောက် ယဲ့ဖန်သည် ဓားသူရဲကောင်းများ ချိုင့်ဝှမ်းမှ သူ၏နောက်လိုက်များ နှင့်အတူ ထွက်လာခဲ့သည်။
ကမ္ဘာခြား နေရာရွှေ့ပြောင်း အစီအရင်က ပျက်စီးနေပြီ ဖြစ်သဖြင့် သည့်ထက်ကြာကြာနေလည်း သူ့အတွက် အကျိုးမရှိတော့ပေ။
ယခုအချိန်တွင် ယဲ့ဖန် အလိုအပ်ဆုံးအရာကား ပို၍ အင်အားကြီးလာရန် ဖြစ်သည်။ ဤနည်းနှင့်မျသာ သူ၏ ညီအစ်ကိုများ၊ ဆွေမျိုးများနှင့် ပြန်လည် ဆုံစည်းနိုင်မည် ဖြစ်သည်။

ကျန်းရှီမြို့၌။
ယဲ့ဖန်နှင့် သူ၏ နောက်လိုက်များ ကျန်းရှီမြို့သို့ ပြန်ရောက်လာသောအခါ တစ်မြို့လုံး လူများနှင့် ပြည့်နှက်နေသည်ကို သတိပြုလိုက်မိသည်။
မြို့ထဲမှ ကျန်းရှီ သိုင်းပညာရှင်တိုင်း မြို့ပေါက်ဝသို့ လာကာ ယဲ့ဖန်အား အလွန် လေးစား ကြည်ညိုမှုများဖြင့် ခရီးဦးကြိုမှု ပြုကြသည်။
ယဲ့ဖန်ကို မြင်သည်နှင့် သိုင်းပညာရှင်များ ပွက်လောရိုက်သွားပြီး သူတို့၏ သူရဲကောင်းအား ပြိုင်တူနှုတ်ဆက်၍ ကြိုဆိုကြသည်။
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”
သို့သော် ယဲ့ဖန်သည် ထိုအသံများကို ဂရုမစိုက်ချေ။ သူသည် သူ၏ ကိုယ်ပိုင်ခြံဝန်းသို့ ပိုင်ရှုံးနှင့် အခြား မြို့ခံအင်အားစုနှင့်အတူ ဖြည်းဖြည်းချင်း လျှောက်လာသည်။
သို့သော် ထိုအချိန်တွင် ပိုင်ရှုံးတစ်ယောက် အလွန် အထီးကျန်၍ ဝမ်းနည်းနေသည်ကို ယဲ့ဖန် သတိထားလိုက်မိသည်။ ထို့နောက် သူ ပိုင်ရှုံးကို မေးလိုက်သည်။
“အဘိုးပိုင် ဘာဖြစ်ခဲ့လို့လဲ”
ယဲ့ဖန် ပိုင်ရှုံးကို အလွန်လေးစားသည်။ သူ့အမေးကြောင့် ပိုင်ရှုံး၏ မျက်လုံး၌ မျက်ရည်များဖြင့် ချက်ချင်း ပြည့်နှက်လာသည်။
“ယဲ့ဖန် ကျုပ် တောင်းပန်ပါတယ်၊ ကျုပ် အတွေးလွန်သွားတယ်”
“ကျုပ် တွေးနေတာက ပိုင်ယီသာ … ပိုင်ယီသာ မင်းပြန်လာတာကို မြင်ခဲ့ရင် သိပ်ကောင်းမှာပဲလို့ပါ”
*ပိုင်ယီ*
ပိုင်ရှုံး၏ စကားကြောင့် ယဲ့ဖန် တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“ပိုင်ယီ ဘာဖြစ်လို့လဲ”
ယဲ့ဖန်၏ အမေးကြောင့် ပိုင်ရှုံးက ဝမ်းနည်းမှုကြောင့် အက်ကွဲနေသော အသံများနှင့် မျက်ရည်များ ကျဆင်းလာရင်း ပြောလိုက်သည်။
“မင်း သေပြီဆိုတဲ့ သတင်း ရှန့်ကျန်းမြို့မှာ ပျံ့ခဲ့တုန်းက ပိုင်ယီက မယုံခဲ့ဘူး။ အဲ့ဒါကြောင့် သူမ ကျန်းရှီမြို့ကို ပြန်လာခဲ့တယ်”
“မင်း သေပြီဆိုတာကို အတည်လည်းပြုလိုက်ပြီးရော သူမ အရမ်း ကြေကွဲပြီးတော့ အခန်းထဲမှာ နေ့တိုင်း သော့ခတ်နေခဲ့တယ်။ သူမ စားလည်းမစား၊ သောက်လည်းမသောက်ဘဲ တစ်နေ့လုံး ငိုနေခဲ့တယ်”
“တစ်လလောက်လည်း ကြာရော သူမ …”
*ဘာ*
ပိုင်ရှုံး၏ စကားကို ကြားပြီးနောက် ယဲ့ဖန်၏ မျက်နှာက ချက်ချင်း ဝမ်းနည်းသလို ဖြစ်လာသည်။ ပိုင်ရှုံးက ဆက်ပြောလာသည်။
“ယဲ့ဖန် ငါက မင်းထက် အသက်ပိုကြီးတယ် ဆိုပင်မယ့်လည်း ငါ မင်းကို တစ်ခုလောက်တော့ တောင်းဆိုချင်သေးတယ်”
“ငါနဲ့အတူ ပိုင်အိမ်တော်ကို လိုက်ခဲ့ပေးပါ”

ပိုင်အိမ်တော်။
ပိုင်အိမ်တော်သည် ၎င်း၏ ဂုဏ်သိက္ခာကို ပြန်လည် ရရှိခဲ့ပြီးပြီ ဖြစ်သည်။ တန်ဖိုးကြီး အဆောက်အဦးများနှင့် လူသံများဖြင့် ပြည့်နှက်လို့နေသည်။
သို့သော် အခန်းတစ်ခန်းကတော့ အလွန် တိတ်ဆိတ်လို့နေဆဲပင်။ ထိုအခန်းသည် အခန်းပိုင်ရှင်ကဲ့သို့ အလွန် ကြော့ရှင်း၊ ငြိမ်သက်အေးချမ်း၍ ချစ်စဖွယ်ကောင်းလှသည်။
ထိုအခန်းသည် ပိုင်ယီ၏ အခန်းပင်။
သို့သော် ယဲ့ဖန် သူမအခန်းတံခါးကို ဖွင့်၍ အထဲသို့ ဝင်လိုက်ချိန်တွင် အကြီးအကျယ် ထိတ်လန့်သွားမှုကြောင့် တုန်ယင်သွားရသည်။
#ZAWGYI
စာစဥ္ (22) CHAPTER (328) သူမ … ေပ်ာက္ေနတယ္
အေနာက္ဘက္ေဒသရွီ ဓားသမားဂိုဏ္း ဌာနခ်ဳပ္မွ မိုင္သုံးဆယ္ အကြာ၌ ခ်ိဳင့္ဝွမ္းတစ္ခု ရွိသည္။ ယခုအခ်ိန္တြင္ မ်ားစြာေသာ လူတို႔ ထိုေနရာသို႔ ေရာက္ရွိေနၾကသည္။
ထိုသူမ်ားကား ယဲ့ဖန္၊ က်ိဳခ်င္းခ်န္၊ ဝံပုေလြ႐ိုင္း၊ မိစာၦ ဝိညာဥ္႐ိုင္း၊ အရွင္ဝူႏွင့္ အျခားသူ မ်ားစြာတို႔ ျဖစ္ၾကသည္။
“သခင္ႀကီး၊ ဒါက ဓားသူရဲေကာင္းမ်ား ခ်ိဳင့္ဝွမ္းပါ”
ဝံပုေလြ႐ိုင္းက သုန္မႈန္၍ ဝမ္းနည္းပူေဆြးေနေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
သူ႔စကားအဆုံးတြင္ ယဲ့ဖန္က ေခါင္းညိတ္၍ လက္တစ္ဘက္ကို လႈပ္ခါလိုက္သည္။ ထို႔ေနာက္ ေတာက္ပေသာ အျဖဴေရာင္ အလုံးေလးတစ္လုံးက သူ႔လက္ထဲ ေပၚလာသည္။

ထို႔ေနာက္ ယဲ့ဖန္က ငရဲမီးအား ထိုေတာက္ပေသာ အျဖဴေရာင္ အလုံးေလးထဲသို႔ ထည့္သြင္းလိုက္သည္။ ႐ုတ္တရက္ တရွဲရွဲ ျမည္သံမ်ားက စူးခနဲ ထြက္ေပၚလာသည္။
“အား…အား…အား”
“မစၥတာယဲ့၊ ေက်းဇူးျပဳၿပီး က်ဳပ္ကို ခြင့္လႊတ္ေပးပါ။ က်ဳပ္တို႔ ဒီကို ေရာက္ေနပါၿပီ။ ေဖးခ်မ္နဲ႔ ညအဖြဲ႕က အျခားသူေတြလည္း ဒီမွာပါ”
ထိုေအာ္သံသည္ ရီက်န႔္ထ်န္း၏ အသံပင္။ ထိုေတာက္ပေသာ အလုံးေလးသည္ ရီက်န႔္ထ်န္း၏ စိတ္ဝိညာဥ္ ျဖစ္သည္။
ယဲ့ဖန္က ေတာက္ပေသာ အလုံးေလးအား ေအးစက္ေသာ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ကာ တင္းမာစြာ ေျပာလိုက္သည္။
“ဆက္ေျပာ”
သူ႔စကားေၾကာင့္ ထိုအလုံးက ခ်က္ခ်င္း တုန္ယင္သြားသည္။ ထို႔ေနာက္ ရီက်န႔္ထ်န္း၏ စိတ္ဝိညာဥ္က ခပ္သြက္သြက္ေျပာလိုက္သည္။
“လြန္ခဲ့တဲ့ သုံးလေလာက္က က်ဳပ္တို႔ ေဖးခ်မ္နဲ႔ အျခားသူေတြကို ဓားသူရဲေကာင္းမ်ား ခ်ိဳင့္ဝွမ္းအနီးအနားမွာ ေျခရာခံခဲ့မိပါတယ္။ အဲ့ဒါနဲ႔ က်ဳပ္တို႔ အလင္းေတာ္ ဘုန္းေတာ္ႀကီး၊ အိႏၵိယ ကာ႐ိုးလ္ မဟာသခင္ႀကီး၊ ဥေရာပ နတ္ဘုရားနဲ႔ ေမွာ္နက္ နတ္ဘုရားမတို႔ကို ဖိတ္ၿပီး သူတို႔ေနာက္ကို အတူတူ လိုက္လံ ဖမ္းဆီးခဲ့ပါတယ္”
“ေနာက္ဆုံးေတာ့ က်ဳပ္တို႔ သူတို႔ကို ဓားသူရဲေကာင္းမ်ား ခ်ိဳင့္ဝွမ္းမွာ ဝိုင္းထားႏိုင္ခဲ့တယ္၊ ဒါေပမယ့္…”
“ဒါေပမယ့္ က်ဳပ္တို႔ သူတို႔ကို ဒဏ္ရာ အျပင္းအထန္ ရေအာင္ လုပ္ႏိုင္ခဲ့တဲ့ အခ်ိန္မွာပဲ ဓားသူရဲေကာင္းမ်ား ခ်ိဳင့္ဝွမ္းက မထင္မွတ္ထားေလာက္ေအာင္ သန္မာတဲ့ အင္အားနဲ႔ အျဖဴေရာင္ အလင္းတန္းကို ထုတ္လႊတ္လာတယ္။ ခဏေလာက္လည္း ၾကာေရာ သူတို႔အားလုံး ေပ်ာက္ကြယ္သြားၾကတယ္ …”
*ဘာ*
သူ႔စကားေၾကာင့္ ဝံပုေလြ႐ိုင္းႏွင့္ အျခားသူမ်ားအားလုံး ႐ုတ္ခ်ည္းဆိုသလို အံ့အားသင့္သြားၾကသည္။
*သူတို႔ ဘယ္လိုလုပ္ ေပ်ာက္သြားၾကတာလဲ*
သူတို႔မ်က္လုံးမွ ျပင္းထန္၍ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ား ထုတ္ေဖာ္လာၾကသည္။ ထို႔ေနာက္ ယဲ့ဖန္၏ မ်က္လုံး သူငယ္အိမ္က က်ဥ္းေျမာင္းလာၿပီး ေမးလိုက္သည္။
“အဲ့အခ်ိန္တုန္းက ဒီေနရာမွာ ဘယ္သူေတြ ေပ်ာက္သြားတာလဲ”
“ေထာင္ေခ်ာက္ဆင္ခံလိုက္ရတဲ့သူေတြက ေဖးခ်မ္၊ လင္းလန္၊ အန္းရွီ၊ ယဲ့႐ႊင္းအာ၊ ဖန႔္ယင္းနဲ႔ ေသမင္း ျမစ္ဝကြၽန္းေပၚေဒသ သိုင္းပညာရွင္ေတြပါ”
ရီက်န႔္ထ်န္းက ထိုသူတို႔အား လႏွင့္ခ်ီ၍ ေနာက္ေယာင္ခံလိုက္ခဲ့သည္။ ထို႔ေၾကာင့္ သူတို႔အဖြဲ႕ဝင္မ်ားႏွင့္ ပတ္သတ္၍ သူ ေသခ်ာသိေနျခင္း ျဖစ္သည္။
ထို႔အျပင္ သူ၏ စိတ္ဝိညာဥ္က ငရဲမီးကို ေၾကာက္႐ြံ႕ေနသျဖင့္ လုံးဝ ညာမေျပာရဲေပ၊ ထို႔ေၾကာင့္ သူ၏ စိတ္ဝိညာဥ္က သိထားသမွ် အားလုံးကို ထုတ္ေျပာေနျခင္းပင္။
သူ႔စကားေၾကာင့္ ယဲ့ဖန္‌ မ်က္ေမွာင္ၾကဳတ္သြားရသည္။ က်န္းရွီၿမိဳ႕မွ တိုက္ပြဲကတည္းက စ၍ ေဖးခ်မ္ႏွင့္ အျခားသူမ်ား ေပ်ာက္ဆုံးေနေၾကာင္း ဝံပုေလြ႐ိုင္း သူ႔ကို ေျပာခဲ့ဖူးသည္။
ဝံပုေလြ႐ိုင္းသာမက အေမွာင္သခင္ မိစာၦႏွင့္ ေသြးစြန္းတေစၦတို႔ပါ ေဖးခ်မ္ႏွင့္ အျခားသူမ်ား အားလုံးတို႔ႏွင့္ လူကြဲသြားၾကပုံ ရသည္။
ထို႔ေနာက္ ယဲ့ဖန္က ဓားသူရဲေကာင္းမ်ား ခ်ိဳင့္ဝွမ္းသို႔ ခ်က္ခ်င္း ဝင္သြားလိုက္သည္။ ဓားသူရဲေကာင္းမ်ား ခ်ိဳင့္ဝွမ္းတစ္ခုလုံးသည္ မျပည့္မစုံႏွင့္ က်ိဳးပဲ့ေနေသာ ေက်ာက္တုံးမ်ားႏွင့္ ျပည့္ႏွက္လို႔ေနသည္။
ခ်ိဳင့္ဝွမ္းတစ္ဝိုက္အား တစ္ခ်က္ ၾကည့္လိုက္ၿပီးေနာက္ သူ၏ မ်က္ႏွာက ပို၍ သုန္မႈန္လာသည္။
“သခင္ႀကီး၊ အေျခအေန ဘယ္လိုရွိလဲဗ်”
ဝံပုေလြ႐ိုင္းက အျခားသူမ်ားႏွင့္အတူ စိတ္လႈပ္ရွား ေစာင့္ေနၿပီးမွ ေမးလိုက္သည္။
“အဲ့ဒါ ပ်က္စီးသြားၿပီလို႔ ငါ ထင္တယ္ … ကမာၻျခား ေနရာေ႐ႊ႕ေျပာင္း အစီအရင္ေလ”
ယဲ့ဖန္၏ စကားကို ၾကားၿပီး အျခားသူမ်ား အားလုံး ထိတ္ထိတ္ပ်ာပ်ာ ျဖစ္သြားၾကသည္။
*ကမာၻျခား ေနရာေ႐ႊ႕ေျပာင္း အစီအရင္တဲ့*
“သခင္ႀကီး၊ ခင္ဗ်ား ေျပာခ်င္တာက သူတို႔ေတြ ကမာၻေပၚကေန ထြက္သြားၿပီးေတာ့ တစ္ျခားၿဂိဳဟ္တစ္ခုကို ေ႐ႊ႕ေျပာင္းသြားတယ္၊ အဲ့လိုလား”
ဝံပုေလြ႐ိုင္းက အလြန္ ျဖဴဖတ္ျဖဴေရာ္ ျဖစ္ေနေသာ မ်က္ႏွာထားျဖင့္ ေမးလိုက္သည္။ ယဲ့ဖန္က ေခါင္းကိုခါ၍ ျပန္ေျပာလိုက္သည္။
“ငါ တပ္အပ္ မေျပာႏိုင္ေသးဘူး”
“ဒီ ကမာၻျခား ေနရာေ႐ႊ႕ေျပာင္း အစီအရင္ရဲ႕ ေဘာင္နဲ႔ ေမွာ္စာလုံးေတြက ဂမၻီရပညာလိုပဲ လွ်ိဳ႕ဝွက္ဆန္းၾကယ္တယ္။ ဒါေပမယ့္ ဒီဟာရဲ႕ အဓိက အစီအရင္က ပ်က္စီးေနၿပီ။ ဆိုလိုတာက သူတို႔ ေနရာ ေ႐ႊ႕ေျပာင္းတဲ့ ျဖစ္စဥ္အေတာအတြင္းမွာ ျပႆနာ တစ္ခုခု ႀကဳံခဲ့တဲ့ပုံပဲ”
*ဘာ*
ယဲ့ဖန္၏ စကားေၾကာင့္ ဝံပုေလြ႐ိုင္းႏွင့္ အျခားသူမ်ားအားလုံး ထပ္မံ၍ စိတ္ဓာတ္က်သြားၾကသည္။
“သခင္ႀကီး ေျပာခ်င္တာက”
ယဲ့ဖန္က ေတာက္ပ၍ ေလးနက္ေသာ မ်က္ဝန္းမ်ားျဖင့္ ေကာင္းကင္ကို ေမာ့ၾကည့္ၿပီး ေျပာလိုက္သည္။
“သူတို႔ ကမာၻေပၚမွာ ဒါမွမဟုတ္ … ၿဂိဳဟ္ေတြၾကားထဲက တစ္ေနရာရာမွာ လူစုကြဲသြားေလာက္တယ္”
*လူစုကြဲသြားတယ္*
သူ႔စကားေၾကာင့္ သူတို႔အားလုံး ရင္ထဲေလးလံလာသလို ခံစားလိုက္ရ၏။ ၿဂိဳဟ္မ်ားတြင္ အင္အားႀကီးေသာ သက္ရွိမ်ားစြာ ရွိေနသည္။
အကယ္၍ ေဖးခ်မ္ႏွင့္ အျခားသူမ်ား အတူတကြ ရွိေနပါက သူတို႔ တစ္ေယာက္ကို တစ္ေယာက္ ကာကြယ္ေစာင့္ေရွာက္ႏိုင္သည္။
သို႔ေသာ္ သူတို႔ လူစုကြဲသြားခဲ့ပါလ်င္ သူတို႔ ပို၍ ႀကီးမားေသာ ေဘးအႏၲရာယ္မ်ားကို အသီးသီး ႀကဳံေတြ႕ရေလာက္သည္။
ယဲ့ဖန္ စိတ္အပူဆုံးကေတာ့ လင္းလန္ပင္။
တကယ္တမ္းတြင္ ေဖးခ်မ္သည္ ေလာဘအိုး ဝံပုေလြ ဆုျဒာႏွင့္ အိပ္မက္ဆိုး လွ်ိဳ႕ဝွက္သိုင္းက်မ္းတို႔ကို ကြၽမ္းက်င္ခဲ့ၿပီးၿပီ ျဖစ္သည္။ ႐ႊင္းအာ၌ ထိပ္တန္း အဆိပ္ခႏၶာကိုယ္ရွိၿပီး အန္းရွီ၌ ဆန္းၾကယ္ ေရခဲခႏၶာကိုယ္ ရွိသလို ဖန႔္ယင္း၌လည္း ေမြးရာပါ စိတ္ဝိညာဥ္ ခႏၶာကိုယ္ ရွိေနသည္။
သို႔ေသာ္ လင္းလန္ကေတာ့ သာမန္လူတစ္ေယာက္ ျဖစ္သည္။ ထို႔ေၾကာင့္ သူမသည္ ပို၍ ႀကီးမားေသာ အႏၲရာယ္ႏွင့္ ရင္ဆိုင္ေနရေလာက္သည္။
“မင္း ဆက္ဆက္ အသက္ရွင္ေနမွ ျဖစ္မယ္”
ယဲ့ဖန္ ကမာၻျခား ၿဂိဳဟ္သို႔ ျပန္လည္ေရာက္ရွိလိုသည့္ ဆႏၵက ပို၍ ျပင္းျပလာသည္။
သူ ျပန္သြားႏိုင္မွသာ ေဖးခ်မ္ႏွင့္ ကမာၻေပၚ၌ သိကြၽမ္းခဲ့ေသာ သူ၏ အျခားမိတ္ေဆြမ်ားကို ရွာေဖြႏိုင္မည္ျဖစ္ၿပီး စၾကဝဠာထဲမွ အျခားနတ္ဆိုးမ်ားႏွင့္ ျပန္လည္ ဆုံစည္းႏိုင္ၿပီး ဟြမ္အာႏွင့္ ျပန္ေတြ႕ႏိုင္မည္ ျဖစ္သည္။
“လင္းလက္ေနတဲ့ ေကာင္းကင္ႀကီးက ငါတို႔နဲ႔ သိပ္မလွမ္းေတာ့ပါဘူး”
ယဲ့ဖန္က မီးဝင္းဝင္းေတာက္ေနေသာ မ်က္လုံးမ်ားျဖင့္ ေရ႐ြတ္လိုက္သည္။ ထိုစဥ္ ရီက်န႔္ထ်န္း၏ ေဖ်ာ့ေတာ့ေနေသာ အသံကို သူ ၾကားလိုက္ရသည္။
“မစၥတာ … မစၥတာယဲ့၊ က်ဳပ္ မွားခဲ့တယ္ဆိုတာကို က်ဳပ္ နားလည္သြားပါၿပီ။ က်ဳပ္ သိသမွ် အရာအားလုံးကို ခင္ဗ်ားကို ေျပာခဲ့ၿပီးပါၿပီ။ ေက်းဇူးျပဳၿပီး က်ဳပ္ စိတ္ဝိညာဥ္ကို လႊတ္ေပးပါ။ က်ဳပ္ သရဲျဖစ္ေနခဲ့ရင္ေတာင္ ခင္ဗ်ားကို က်ဳပ္ ေက်းဇူးတင္မိမွာပါ”
ေတာက္ပေနေသာ အလုံးေလးသည္ ေၾကာက္စိတ္ေၾကာင့္ တုန္ယင္ေနသည္။ ရီက်န႔္ထ်န္းက ယဲ့ဖန္ကို အလြန္အမင္း ေၾကာက္လန႔္ေနသည္မွာ သိသာလွသည္။
*လႊတ္ေပးရမယ္*
ယဲ့ဖန္က ခက္ထန္ေသာ အၾကည့္မ်ားျဖင့္ ထပ္ေျပာလိုက္သည္။
“မင္းကို လႊတ္ေပးရမွာလား။ ဒါေပါ့ ငါ လုပ္ေပးႏိုင္ပါတယ္”
*ငါ ဘာၾကားလိုက္တာလဲ*
ယဲ့ဖန္၏ ကတိစကားေၾကာင့္ ရီက်န႔္ထ်န္း၏ စိတ္ဝိညာဥ္က တစ္ဒဂၤမွ် မွင္တက္သြားသည္။ ထို႔ေနာက္ သူ ေပ်ာ္႐ႊင္သြားသည္။
သို႔ေသာ္ သူ၏ စိတ္ဝိညာဥ္က ယဲ့ဖန္အား ေက်းဇူးတင္ေၾကာင္း ေျပာေတာ့မည့္အခ်ိန္တြင္ ယဲ့ဖန္၏ ခက္ထန္ေသာ အသံကို သူ ထပ္ၾကားလိုက္ရသည္။
“အိပ္မက္မက္မေနနဲ႔”
ထို႔ေနာက္ ငရဲမီး ေတာက္ေလာင္လာသည္။ ေလတိုက္သံႏွင့္အတူ ငရဲမီးေၾကာင့္ ရီက်န႔္ထ်န္း၏ စိတ္ဝိညာဥ္သည္ စူးရွစြာ ေအာ္ဟစ္ေနသည္။
ေနာက္ဆုံးတြင္ ေတာက္ပေသာ အျဖဴေရာင္ အလုံးေလး ေလာင္ကြၽမ္းသြားသည္။ ထို႔အတူ ရီက်န႔္ထ်န္း၏ စိတ္ဝိညာဥ္သည္လည္း ဘယ္ေသာအခါမွ ျပန္လည္ဝင္စားႏိုင္မည္ မဟုတ္ေပ။
ရီက်န႔္ထ်န္းကို သတ္ၿပီးေနာက္ ယဲ့ဖန္သည္ ဓားသူရဲေကာင္းမ်ား ခ်ိဳင့္ဝွမ္းမွ သူ၏ေနာက္လိုက္မ်ား ႏွင့္အတူ ထြက္လာခဲ့သည္။
ကမာၻျခား ေနရာေ႐ႊ႕ေျပာင္း အစီအရင္က ပ်က္စီးေနၿပီ ျဖစ္သျဖင့္ သည့္ထက္ၾကာၾကာေနလည္း သူ႔အတြက္ အက်ိဳးမရွိေတာ့ေပ။
ယခုအခ်ိန္တြင္ ယဲ့ဖန္ အလိုအပ္ဆုံးအရာကား ပို၍ အင္အားႀကီးလာရန္ ျဖစ္သည္။ ဤနည္းႏွင့္မ်သာ သူ၏ ညီအစ္ကိုမ်ား၊ ေဆြမ်ိဳးမ်ားႏွင့္ ျပန္လည္ ဆုံစည္းႏိုင္မည္ ျဖစ္သည္။

က်န္းရွီၿမိဳ႕၌။
ယဲ့ဖန္ႏွင့္ သူ၏ ေနာက္လိုက္မ်ား က်န္းရွီၿမိဳ႕သို႔ ျပန္ေရာက္လာေသာအခါ တစ္ၿမိဳ႕လုံး လူမ်ားႏွင့္ ျပည့္ႏွက္ေနသည္ကို သတိျပဳလိုက္မိသည္။
ၿမိဳ႕ထဲမွ က်န္းရွီ သိုင္းပညာရွင္တိုင္း ၿမိဳ႕ေပါက္ဝသို႔ လာကာ ယဲ့ဖန္အား အလြန္ ေလးစား ၾကည္ညိဳမႈမ်ားျဖင့္ ခရီးဦးႀကိဳမႈ ျပဳၾကသည္။
ယဲ့ဖန္ကို ျမင္သည္ႏွင့္ သိုင္းပညာရွင္မ်ား ပြက္ေလာ႐ိုက္သြားၿပီး သူတို႔၏ သူရဲေကာင္းအား ၿပိဳင္တူႏႈတ္ဆက္၍ ႀကိဳဆိုၾကသည္။
“ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္”
“ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္”
“ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္”
သို႔ေသာ္ ယဲ့ဖန္သည္ ထိုအသံမ်ားကို ဂ႐ုမစိုက္ေခ်။ သူသည္ သူ၏ ကိုယ္ပိုင္ၿခံဝန္းသို႔ ပိုင္ရႈံးႏွင့္ အျခား ၿမိဳ႕ခံအင္အားစုႏွင့္အတူ ျဖည္းျဖည္းခ်င္း ေလွ်ာက္လာသည္။
သို႔ေသာ္ ထိုအခ်ိန္တြင္ ပိုင္ရႈံးတစ္ေယာက္ အလြန္ အထီးက်န္၍ ဝမ္းနည္းေနသည္ကို ယဲ့ဖန္ သတိထားလိုက္မိသည္။ ထို႔ေနာက္ သူ ပိုင္ရႈံးကို ေမးလိုက္သည္။
“အဘိုးပိုင္ ဘာျဖစ္ခဲ့လို႔လဲ”
ယဲ့ဖန္ ပိုင္ရႈံးကို အလြန္ေလးစားသည္။ သူ႔အေမးေၾကာင့္ ပိုင္ရႈံး၏ မ်က္လုံး၌ မ်က္ရည္မ်ားျဖင့္ ခ်က္ခ်င္း ျပည့္ႏွက္လာသည္။
“ယဲ့ဖန္ က်ဳပ္ ေတာင္းပန္ပါတယ္၊ က်ဳပ္ အေတြးလြန္သြားတယ္”
“က်ဳပ္ ေတြးေနတာက ပိုင္ယီသာ … ပိုင္ယီသာ မင္းျပန္လာတာကို ျမင္ခဲ့ရင္ သိပ္ေကာင္းမွာပဲလို႔ပါ”
*ပိုင္ယီ*
ပိုင္ရႈံး၏ စကားေၾကာင့္ ယဲ့ဖန္ တစ္ခဏမွ် မွင္တက္သြားသည္။ ထို႔ေနာက္ သူက မ်က္ေမွာင္ၾကဳတ္၍ ေမးလိုက္သည္။
“ပိုင္ယီ ဘာျဖစ္လို႔လဲ”
ယဲ့ဖန္၏ အေမးေၾကာင့္ ပိုင္ရႈံးက ဝမ္းနည္းမႈေၾကာင့္ အက္ကြဲေနေသာ အသံမ်ားႏွင့္ မ်က္ရည္မ်ား က်ဆင္းလာရင္း ေျပာလိုက္သည္။
“မင္း ေသၿပီဆိုတဲ့ သတင္း ရွန႔္က်န္းၿမိဳ႕မွာ ပ်ံ႕ခဲ့တုန္းက ပိုင္ယီက မယုံခဲ့ဘူး။ အဲ့ဒါေၾကာင့္ သူမ က်န္းရွီၿမိဳ႕ကို ျပန္လာခဲ့တယ္”
“မင္း ေသၿပီဆိုတာကို အတည္လည္းျပဳလိုက္ၿပီးေရာ သူမ အရမ္း ေၾကကြဲၿပီးေတာ့ အခန္းထဲမွာ ေန႔တိုင္း ေသာ့ခတ္ေနခဲ့တယ္။ သူမ စားလည္းမစား၊ ေသာက္လည္းမေသာက္ဘဲ တစ္ေန႔လုံး ငိုေနခဲ့တယ္”
“တစ္လေလာက္လည္း ၾကာေရာ သူမ …”
*ဘာ*
ပိုင္ရႈံး၏ စကားကို ၾကားၿပီးေနာက္ ယဲ့ဖန္၏ မ်က္ႏွာက ခ်က္ခ်င္း ဝမ္းနည္းသလို ျဖစ္လာသည္။ ပိုင္ရႈံးက ဆက္ေျပာလာသည္။
“ယဲ့ဖန္ ငါက မင္းထက္ အသက္ပိုႀကီးတယ္ ဆိုပင္မယ့္လည္း ငါ မင္းကို တစ္ခုေလာက္ေတာ့ ေတာင္းဆိုခ်င္ေသးတယ္”
“ငါနဲ႔အတူ ပိုင္အိမ္ေတာ္ကို လိုက္ခဲ့ေပးပါ”

ပိုင္အိမ္ေတာ္။
ပိုင္အိမ္ေတာ္သည္ ၎၏ ဂုဏ္သိကၡာကို ျပန္လည္ ရရွိခဲ့ၿပီးၿပီ ျဖစ္သည္။ တန္ဖိုးႀကီး အေဆာက္အဦးမ်ားႏွင့္ လူသံမ်ားျဖင့္ ျပည့္ႏွက္လို႔ေနသည္။
သို႔ေသာ္ အခန္းတစ္ခန္းကေတာ့ အလြန္ တိတ္ဆိတ္လို႔ေနဆဲပင္။ ထိုအခန္းသည္ အခန္းပိုင္ရွင္ကဲ့သို႔ အလြန္ ေၾကာ့ရွင္း၊ ၿငိမ္သက္ေအးခ်မ္း၍ ခ်စ္စဖြယ္ေကာင္းလွသည္။
ထိုအခန္းသည္ ပိုင္ယီ၏ အခန္းပင္။
သို႔ေသာ္ ယဲ့ဖန္ သူမအခန္းတံခါးကို ဖြင့္၍ အထဲသို႔ ဝင္လိုက္ခ်ိန္တြင္ အႀကီးအက်ယ္ ထိတ္လန႔္သြားမႈေၾကာင့္ တုန္ယင္သြားရသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now