Chapter 201

8.6K 271 5
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (14) Chapter (201) ဒါလား ဆရာသခင် အထွတ်အထိပ်အဆင့်၊ သာမန်ပါပဲလား

*မိစ္ဆာဝိညာဉ်ရိုင်း*

သူ့နာမည်အား ပထမဆုံး အကြိမ် ယဲ့ဖန် ကြားလိုက်ရပြီးနောက် သူက လျင်မြန်စွာပင် မခိုးမခန့် အပြုံးနှင့် မေးလိုက်သည်။

"ကုန်းကျန့်ထျန်းက မင်းကို ဒီလွှတ်လိုက်တာလား"

*အမ်*

မိစ္ဆာဝိညာဉ်ရိုင်းသည် ယဲ့ဖန် သူ့အား လုံးဝ မကြောက်ဘဲ နေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့မိပါ။ ထို့ကြောင့် သူက စူးရှသော မျက်လုံးများဖြင့် ပြန်ဟောက်လိုက်သည်။

"ဒါပေါ့ ငါ့ကို ဒီလာဖို့ တာဝန်ပေးလိုက်တာ ခေါင်းဆောင်ပဲ"

"ကောင်စုတ်လေး ဒီလောက် အင်အားကြီးတဲ့ ကျင့်ကြံနည်းကို ပိုင်ဆိုင်ဖို့ မင်းက တအား ချည့်နဲ့လွန်းတယ်၊ မင်း အဲ့ဒါကို ပို်ငဆိုင်ထားဖို့ မထိုက်တန်ဘူး"

"ခေါင်းဆောင်က မင်းရဲ့ ကျင့်ကြံနည်းနဲ့ မင်းခန္ဓာကိုယ်ကို လိုချင်နေတယ်၊ ဒါပေမယ့် မင်းရဲ့ စိတ်ဝိညာဉ်တော့ မပါဘူးပေါ့ကွာ၊ အဲ့ဒါကြောင့် မင်း သေကိုသေမှ ဖြစ်မယ်"

ဝိညာဉ်ရိုင်း၏ ရက်စက်သော စကားများကို ကြားပြီးသော် ယဲ့ဖန်က မကောင်းဆိုးဝါး အပြုံးမျိုး ပြုံး၍ ပြန်ပြောလိုက်သည်။

"မင်းက ငါ့ကို သတ်ချင်နေတာလား။ မင်းက အရည်အချင်း မပြည့်မှီဘူး"

*ဘာ*

ဝိညာဉ်ရိုင်း တစ်ခဏမျှ ကြောင်သွားရသည်။ သေခြင်းတရားနှင့် တွေ့အံ့ဆဲဆဲ ဖြစ်နေသည့် အချိန်မှာတောင် ယဲ့ဖန်က ဘာကြောင့် သည်လောက် လေလုံးထွားနေသလဲ ဆိုတာကို သူ လုံးဝ နားမလည်နိုင်ပါ။

ဝိညာဉ်ရိုင်းသည် ယဲ့ဖန်အား အရူးဟု သတ်မှတ်လိုက်ဟန်ဖြင့် ဟားတိုက်ရယ်ကာ ပြောလိုက်သည်။

"ကောင်စုတ်လေး၊ မင်းက အရမ်း နုံတာပဲ၊ ငါ မင်းကို အားသုံးပြီး သတ်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား"

ဝိညာဉ်ရိုင်းက ခေါင်းခါ၍ ဆက်ပြောလိုက်သည်။
"အမှန်အတိုင်းပြောရရင် ငါ မင်းစားလိုက်တဲ့ ဆရာသခင်တွေရဲ့ မူလ သလင်းကျောက်တွေထဲမှာ နတ်ဆိုးသစ်စေ့ ချန်ထားခဲ့တယ်။ ငါ အမိန့်ပေးလိုက်တာနဲ့ မင်းရဲ့ ဝိညာဉ်က စက္ကန့်ပိုင်းအတွင်း ပျက်စီးသွားမှာ။ မင်း ဆရာသခင်တွေရဲ့ မူလသလင်းကျောက်ကို ပိုပြီး ဝါးမျိုလေလေ၊ နတ်ဆိုးသစ်စေ့ရဲ့ အဖျက်အားက ပိုပြီး သက်ရောက်လေပဲ"

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now