Chapter 284

1.3K 147 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (19) CHAPTER (284) ငါ မသာတွေကို ငါ့အစေခံအဖြစ် မထားဘူး
ဂလု!
တစ္ဆေ နတ်ဘုရား၏ ကိုယ်ဝါးကို ဧရာမ ဦးခွံက ဝါးမျိုနေသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရသောအခါ လမ်းကြားလေးထဲမှ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွားကြသည်။
"မဖြစ်နိုင်ဘူး"
*အနောက်တိုင်း တစ္ဆေ နတ်ဘုရားရဲ့ ကိုယ်ပွားက သာမန် တိုက်ကွက်လေးနဲ့တောင် ဒဏ္ဍာရီလာအဆင့်ကို သတ်နိုင်တာလေ … ဘယ်လိုလုပ် ယဲ့ဖန် ထုတ်လိုက်တဲ့ ဦးခွံရဲ့ တစ်ချက်တည်းနဲ့ ဝါးစားတာကို ခံလိုက်ရတာလဲ"
*မယုံနိုင်စရာပါလား*
မဟူရာ ဧကရာဇ်၏ အပြုံးသည် သရဲတစ္ဆေအား မြင်တွေ့လိုက်ရသကဲ့သို့ လုံးဝကို အေးခဲသွားသည်။
"မဟုတ်ဘူး … မဖြစ်ရဘူး … အဲ့ဒါ ဘာကြီးလဲကွာ … ဘယ်လိုလုပ် အဲ့ဒါကြီးက တစ္ဆေ နတ်ဘုရားရဲ့ ကိုယ်ပွားကို ဝါးမျိုနိုင်ရတာလဲ"
မဟူရာ ဧကရာဇ် သူ့ဘဝတစ်လျှောက်လုံး တစ်ခါမှ ဒီလောက် မကြောက်လန့်ခဲ့ရဖူးပါ။ ယခု သူ မျက်ဝါးထင်ထင် ကြုံတွေ့လိုက်ရသည့်အရာက လုံးဝကို ကျောချမ်းစရာ ကောင်းလှသည်။
မဟူရာ ကြက်ခြေခတ်၏ အခြားအဖွဲ့သားများ အားလုံး ကြံရာမရ ဖြစ်ကာ ကြောက်လန့်လာကြသည်။ ထို့ပြင် ဦးခွံ၏ ပါးစပ်ထဲမျ စူးရှသော အော်သံများ ထွက်ပေါ်လာသည်။
"အား…အား…အား"
ထိုအသံသည် တစ္ဆေ နတ်ဘုရား၏ အသံပင်။ ထိုအသံထဲတွင် အလွန်အမင်း ကြောက်လန့်ဖွယ်ကောင်းသော တစ်စုံတစ်ရာ ဖြစ်နေသကဲ့သို့ ကြောက်လန့်စိတ်များစွာ ပါဝင်နေသည်။
"မဟုတ်ဘူး … ဝိညာဉ်စား ဦးခွံပါလား … ဒီကမ္ဘာပေါ်မှာ ဘယ်လိုလုပ် ဝိညာဉ်စား ဦးခွံရှိနေရတာလဲ"
တစ္ဆေ နတ်ဘုရား၏ စူးရှသော အော်သံက ဆက်တိုက်ပဲ့တင်ထပ်၍ ထွက်ပေါ်နေသည်။ သူ၏ အော်သံထဲမှ ကြောက်ရွံ့စိတ်သည် လူအများက ကြောက်လန့်ကာ ကတုန်ကယင်ဖြစ်သွားစေသည်။
ကျွိ! ကျွိ!
ဝိညာဉ်စား ဦးခွံ၏ ပါးစပ်ထဲမှ ပဲ့တင်ထပ်၍ ထွက်ပေါ်နေသော ဝါးစားနေသည့်အသံသည် တစ္ဆေနတ်ဘုရား၏ ခန္ဓာကိုယ်အား ဝါးစားနေသလိုပင်။
"ငါ သိသွားပြီ … သူကိုး … မင်းက အဲ့လူ ဖြစ်နေတာကိုး"
တစ္ဆေနတ်ဘုရား၏ အသံသည် ပို၍ပို၍ ကြောက်လန့်သံပေါက်လာသည်။
"အိုး … ဝိုး … မင်းက … ကမ္ဘာခြား နတ်ဆိုး …"
တစ္ဆေ နတ်ဘုရား စကားဆုံးအောင် မပြောလိုက်ရခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော ဂျွတ်ဟူသည့် အသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ တစ္ဆေ နတ်ဘုရား၏ ကိုယ်ပွားသည် စကားပြောဆိုနေရာမှ ချက်ချင်း ရပ်တန့်သွားသည်။
ဒုန်းခနဲ အသံနှင့်အတူ မဟူရာ ဧကရာဇ် မြေကြီးပေါ်သို့ ပစ်လဲကျသွားသည်။ တစ္ဆေ နတ်ဘုရား ကိုယ်ပွား၏ ချီဓာတ်ကို သူ လုံးဝ အာရုံခံ၍ မရတော့ချေ၊ ထိုသို့ဆိုလျင် …
*သေသွားပြီ*
*တစ္ဆေနတ်ဘုရားရဲ့ ကိုယ်ပွား သေသွားပြီ*
*မဖြစ်နိုင်ဘူးလေ*
မဟူရာ ဧကရာဇ်သည် တွေဝေ ငေးငိုင်သွားဟန်ဖြင့် ဖင်ထိုင်ရက်လဲကျကာ ကြောက်လန့်နေသည့်ပုံပင်။ ယခင်က သူသည် ကမ္ဘာပေါ်တွင် တစ္ဆေနတ်ဘုရားသည်သာ အစွမ်းအထက်ဆုံးနှင့် အရက်စက်ဆုံး သက်ရှိဖြစ်သည်ဟု သူ ယုံကြည်ထားခဲ့သည်။
တစ္ဆေနတ်ဘုရား ဖြတ်သန်းသွားသည့် ဘယ်နေရာမဆို အရာရာတိုင်း ဖျက်ဆီးခံရပေလိမ့်မည်။ သို့သော် တစ္ဆေနတ်ဘုရားကိုတောင် အာလူးကြော်ကဲ့သို့ ဝါးစားနိုင်သည့် ကြောက်မက်ဖွယ်ကောင်းသည့် တည်ရှိမှုမျိုး ကမ္ဘာပေါ်၌ ရှိနေလိမ့်မည်ဟု မဟူရာ ဧကရာဇ် ထင်မှတ်မထားခဲ့မိပါ။
ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိတ်လန့်ဖွယ်ကောင်းလှ၏။
ဤသည်မှာ မဟူရာ ဧကရာဇ်၏ ဘဝတစ်လျှောက်တွင် အမှောင်မိုက်ဆုံး နေ့ပင်ဖြစ်သည်။ ထိုစဉ် ဝိညာဉ်စား ဦးခွံက ရုတ်တရက် နတ်ဆိုးချီဓာတ်များအဖြစ်သို့ ပြောင်းလဲသွားကာ ယဲ့ဖန်၏ ခန္ဓာကိုယ်ထဲသို့ လျှော၍ ဝင်ရောက်သွားသည်။
ယဲ့ဖန်၏ ချီဓာတ်များ ရုတ်တရက် တစ်ဟုန်ထိုး တိုးပွားလာသည်။
….
ထိုစဉ် ကြောက်လန့်ဖွယ်ကောင်းသော အင်အားတစ်ခုက လေထုထဲသို့ ချက်ချင်း ဖြန့်ကြက်သွားကာ ဘေးပတ်ဝန်းကျင်ရှိ ကျောက်တုံးကျောက်ခဲများကို တစ်စစီ ပျက်စီးသွားစေကာ နေရာအနှံ့သို့ လွင့်စဉ်သွားစေသည်။
ထိုချီဓာတ်သည် မဟူရာ ဧကရာဇ်နှင့် သူ့လူများအား ကြောက်လန့်ကာ ကတုန်ကယင် ဖြစ်လာစေသည်။
"ဆရာသခင် အထွတ်အထိပ်အဆင့် … အဲ့ခွေးမသားလေးက ဆရာသခင် အထွတ်အထိပ် အဆင့်လောက်လေးနဲ့ ဒီလောက် ကြောက်ဖို့ကောင်းတဲ့ အင်အားကို ဘယ်လိုလုပ် ထုတ်နိုင်ရတာလဲ"
မဟူရာ ဧကရာဇ်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လာပြီး သူ့နဖူးမှ ချွေးတဒီးဒီးကျလို့လာသည်။ သူ ဤအဖြစ်ကို မယုံကြည်နိုင်ပါ။ ထိုအချိန်တွင် အနက်ရောင် နတ်ဆိုးချီမျှင်စုများက ယဲ့ဖန်၏ သံမဏိလက်သီး ပတ်လည်၌ စုစည်းလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် မိစ္ဆာ မရဏ သံလက်သီး ဖြစ်တည်လာလေသည်။
"အဲ့တစ္ဆေက ငါ့အပိုင်ပဲလို့ မင်းကို ငါ ပြောခဲ့သားပဲ"
ယဲ့ဖန်က ထိုသို့ပြောပြီး မဟူရာ ဧကရာဇ်အား အလွန် ခက်ထန်သော အကြည့်ဖြင့် ကြည့်လာသည်။ ထို့နောက် မဟူရာ ဧကရာဇ်သည် နတ်ဆိုး၏ စိုက်ကြည့်ခြင်းကို ခံနေရသကဲ့သို့ ခံစားမိပြီး ဆံပင်မွှေးပင် ထောင်လာသလို ခံစားရသည်။
"မဖြစ်ဘူး"
သူ ချက်ချင်း ထွက်ပြေးလိုက်သည်။
*ပြေးရမယ်*
သူသည် ကျန်းရှီမြို့နှင့် ယဲ့ဖန်လက်မှ တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးချင်နေသည်။ သို့သော် ယဲ့ဖန်၏ သံလက်သီးများက ပို၍ လျင်မြန်စွာ လှုပ်ရှားလာသည်။
ဘုန်း!
မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ မိစ္ဆာ မရဏ သံလက်သီးသည် မဟူရာ ဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။
"မဟုတ်ဘူး"
မဟူရာ ဧကရာဇ်သည် အလွန် စိတ်ဓာတ်ကျ၍ ကြောက်စိတ်မွှန်နေသော မျက်လုံးများဖြင့်‌ အော်ဟစ်လိုက်မိသည်။
ဒုန်း!
သူ့ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားပြီး သွေးသံတရဲရဲ အသားစများနှင့် အရိုးများက မြေကြီးပေါ်သို့ ဖွာခနဲ လွင့်စဉ်ထွက်လာသည်။ ထို့နောက် သူ့ခေါင်းသည် မြေကြီးပေါ်သို့ ပြုတ်ကျလာကာ ယဲ့ဖန်၏ ခြေထောက်ရှေ့သို့ လိမ့်ထွက်လာသည်။
*သူ သေသွားပြီ*
မဟူရာ အဖွဲ့သားများအားလုံး မှင်တက်သွားပြီး ယဲ့ဖန်က သူတို့ခေါင်းဆောင်၏ ဦးခေါင်းပေါ်သို့ ခြေထောက်ဖြင့် တင်လိုက်သည်ကို ကြောင်ကြည့်နေမိသည်။
သူတို့၏ ခေါင်းဆောင်နှင့် သူတို့၏ ယုံကြည်မှုများက လက်သီးတစ်ချက်၏ အောက်၌ ပေါက်ကွဲထွက်သွားလေပြီ။ ထို့နောက် ယဲ့ဖန်က ခြေထောက်ကို အားထည့်၍ နင်းလိုက်သည်။
ဖောက်!
ဦးခေါင်းသည် ကြေမွသွားလေသည်။ ထို့နောက် ယဲ့ဖန်သည် ကိုယ်ကိုကိုင်း၍ သွေးအိုင်ထဲမှ တောက်ပနေသော ဒဏ္ဍာရီလာအဆင့်၏ မူလ သလင်းကျောက်ကို ကောက်ယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်။
ဂျွတ်! ဂျွတ်!
မူလ သလင်းကျောက်ကို ဝါးစားနေသည့် အသံသည် လမ်းကြားလေးထဲမှ လူတိုင်းအား တုန်ယင်သွားစေသည်။
တုန်လှုပ်ဖွယ်ကောင်းလှသည်။ ရက်စက်လှ၏။
ကျန်ရှိနေသော မဟူရာ ကြက်ခြေခတ်အဖွဲ့သားများ၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် နတ်ဆိုးလိုပင် ဖြစ်နေသည်။
မြေအောက်သခင်၊ ဒုစရိုက်၏ အကြောက်အလန့်ကင်းသော တိုက်ခိုက်ရေးသမားများနှင့် ဝံပုလွေ နတ်ဘုရားတောင်ကြားရှိ လူတွေတောင်မှ ထိတ်လန့်ကာ တောင့်တင်းသွားရသည်။
ဤမျှ ကြမ်းကြုတ်ရက်စက်သော လူမျိုး သူတို့ တစ်ခါမှ မမြင်ခဲ့ဖူးပါ။ ယဲ့ဖန်ကို လူဟုပင် သူတို့ မထင်တော့ပါ။
ဒုန်းခနဲ အသံနှင့်အတူ ကျန် မရဏ အစေခံ သုံးယောက်နှင့် မဟူရာ ကြက်ခြေခတ်အဖွဲ့၏ အခြားသိုင်းပညာရှင်များအားလုံး မြေကြီးပေါ်သို့ ဒူးထောက်လိုက်ကြသည်။
နောက်ဆုံးတွင် ကြောက်လန့်လို့လာသည်။ သူတို့ တစ်ဘဝလုံး သည်လောက် မကြောက်ခဲ့ရဖူးပါ။
"မစ္စတာယဲ့ ကျုပ် …. ကျုပ်တို့ အညံ့ခံပါတယ် … ကျုပ်တို့အားလုံးက ခင်ဗျားနဲ့ တိုက်ခိုက်ဖို့ မဟူရာ ဧကရာဇ်ရဲ့ အတင်းဖိအားပေးတာကို ခံခဲ့ရတာပါ … ကျေးဇူးပြုပြီး ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ မစ္စတာယဲ့"
"မစ္စတာယဲ့ … ကျုပ် ခင်ဗျားရဲ့ အစေခံအဖြစ် တစ်သက်လုံး နေချင်ပါတယ် … ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ"
….
သူတို့၏ တောင်းပန်တိုးလျှိုးသံများက တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။ မဟူရာ ဧကရာဇ်၏ မောက်မာသော သိုင်းပညာရှင်များ ကြံရာမရ ဖြစ်ကာ ကြောက်လန့်လာသည်။
ဤမြင်ကွင်းကို ကြည့်ပြီး မြေအောက်သခင်သည် အိပ်မက်ထဲများ ရောက်နေသလားဟုတောင် ဇဝေဇဝါဖြစ်လာရသည်။
မဟူရာ ကြက်ခြေခတ်အဖွဲ့သည် ဥရောပတွင် ထိတ်လန့်ဖွယ်ကောင်းသော ထိပ်တန်းအင်အားစု လေးခုထဲမှ တစ်ခု ဖြစ်သည်။ အော်ဟစ်တောင်းပန်နေသည့် လူထဲမှ တစ်ချို့သည် ကမ္ဘာတစ်ဝှမ်းရှိ အကောင်းဆုံး တိုက်ခိုက်ရေးသမား ဖြစ်ကြသည်။
သူတို့တစ်ယောက်ချင်းစီသည် ဩဇာညောင်းသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ သို့သော် သူတို့အားလုံးသည် ယဲ့ဖန်အား ကြောက်ရွံ့ကာ မြေကြီးပေါ်တွင် ပုရွက်ဆိတ်များကဲ့သို့ ဝပ်တွားနေကြသည်။
သို့သော် ယဲ့ဖန်က သနားညှာတာမှု မရှိစွာ ပြန်ပြောလိုက်သည်။
"နတ်ဆိုးတွေက သေဖို့ ထိုက်တန်တဲ့ တစ္ဆေတွေကို အစေခံအဖြစ် မထားဘူး"
"သူတို့ကို သတ်ပစ်လိုက်"
ယဲ့ဖန်၏ ခပ်ပြတ်ပြတ် အဖြေအောက်တွင် ကြောက်လန့်ဖွယ်ကောင်းသော ထိပ်သီးပုဂ္ဂိုလ်များ၏ ကံကြမ္မာမှာ ဆုံးဖြတ်ချက်ချခံလိုက်သည်။
အမှောင်ဂိုဏ်းချုပ်၊ ဒုစရိုက် ဧကရာဇ် ၊ ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်နှင့် အမှောင်သခင် ပြန်လည်ဝင်စားသူတို့သည် မဟူရာ ကြက်ခြေခတ်အဖွဲ့၏ ကျန်ရှိနေသော အဖွဲ့သားများထံသို့ ပြေးဝင်သွားပြီး သူတို့နောက်မှ များစွာသော အကြောက်အလန့်ကင်းသည့် တိုက်ခိုက်ရေး သမားများ လိုက်ပါသွားသည်။
ဤသည်ကား အစုလိုက် အပြုံလိုက် သုတ်သင်မှုကြီးပင်။ တကယ့်ကို တစ်ဖက်သတ် အမြစ်ဖြုတ် သုတ်သင်မှုကြီး ဖြစ်ပေ၏။
မဟူရာ ကြက်ခြေခတ်အဖွဲ့၏ သိုင်းပညာရှင်များ ပြန်လည်ခုခံနိုင်ရန် အရည်အချင်း မရှိတော့ပါ။ သူတို့၏ အလောင်းများ စုစည်းထားခြင်းကြောင့် သွေးအိုင်များ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာသည်။
တစ်ကမ္ဘာလုံး၌ ကျော်ကြားသည့် ထိပ်သီးပုဂ္ဂိုလ်များဖြစ်သော သူတို့ကိုယ်သူတို့ ဤကဲ့သို့ မြို့သေးသေးလေး၌ မသေနိုင်လောက်ဟု ယုံကြည်ထားပုံရသည်။
ဤဖြစ်စဉ်ကြီးတစ်ခုလုံးက ငါးမိနစ်လောက်တောင် မကြာလိုက်ပေ။ နောက်ဆုံးသော ဒဏ္ဍာရီလာအဆင့် သုံးယောက်နှင့် ကျန်ရှိနေသော ဒါနှင့်ချီသည့် ဒဏ္ဍာရီအဆင့်များအားလုံး လမ်းမပေါ်၌ သေဆုံးသွားကြလေပြီ။
များစွာသော အလောင်းပုံများနှင့် ညှီစို့စို့ သွေးနံ့များကြောင့် မြေအောက်သခင် ပစ်လဲကျသွားသည်။
*သူတို့ သေကုန်ပြီ*
တိုက်ပွဲအပြီးတွင် ကမ္ဘာတစ်ဝန်းမှ မဟူရာ ကြက်ခြေခတ်အဖွဲ့၏ ထိပ်တန်းသိုင်းပညာရှင်များအားလုံး သုတ်သင်ခံလိုက်ရလေပြီ။
မြေအောက်သခင်နှင့် မြေအောက်ကမ္ဘာ လုပ်ကြံရေး အဖွဲ့ကြီးတစ်ခုလုံးတောင်မှ ဤကဲ့သို့ စွမ်းဆောင်မှုမျိုး မလုပ်ဆောင်နိုင်ပါ။
သို့သော် ယဲ့ဖန်ကတော့ တစ်နာရီအတွင်း လုပ်ဆောင်သွားနိုင်သည်။ မြေအောက်သခင်သည် ယဲ့ဖန်၏ ပိန်သေးသေး ခန္ဓာကိုယ်အား အလွန် လေးစားစွာဖြင့် နတ်ဘုရားကဲ့သို့ ထင်မှတ်ကာ ကြည့်နေသည်။
မြေအောက်သခင်က ဒုန်းခနဲ အသံနှင့်အတူ ယဲ့ဖန်ရှေ့ ဒူးတစ်ဘက် ထောက်လိုက်သည်။ ထို့နောက် သူသည် ရင်ဘတ်ပေါ် လက်တစ်ဘက်တင်၍ အလွန် ရိုသေကိုင်းရှိုင်းဟန်ဖြင့် ပြောလိုက်သည်။
"မစ္စတာယဲ့ … ခင်ဗျားရဲ့ ကူညီမှုအတွက် ကျုပ် ကျေးဇူးတင်ပါတယ် … ကျုပ်သမီးရဲ့ သေဆုံးမှုကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"အခုချိန်ကစပြီး မြေအောက်သခင်နဲ့ မြေအောက်ကမ္ဘာ လုပ်ကြံရေးအဖွဲ့ကြီးတစ်ဖွဲ့လုံးက မစ္စတာယဲ့ကို ကျုပ်တို့ရဲ့ သခင်ကြီးအဖြစ် မှတ်ယူပါ့မယ် … ကျုပ်တို့ မျိုးဆက်တိုင်း မျိုးဆက်တိုင်း ခင်ဗျားရဲ့ အစေခံအဖြစ် နေထိုင်ပါ့မယ်"
"ခင်ဗျားကို သစ္စာဖောက်တဲ့ ဘယ်သူမဆို ဂူသင်္ချိုင်းတောင် မရှိဘဲ သေစေရပါ့မယ်"
ထိုသို့ပြောပြီး မြေအောက်သခင်သည် သူ၏ မာနကြီးသော ဦးခေါင်းအား ယဲ့ဖန်ရှေ့ နိမ့်ချလိုက်သည်။
#ZAWGYI
စာစဥ္ (19) CHAPTER (284) ငါ မသာေတြကို ငါ့အေစခံအျဖစ္ မထားဘူး
ဂလု!
တေစၦ နတ္ဘုရား၏ ကိုယ္ဝါးကို ဧရာမ ဦးခြံက ဝါးမ်ိဳေနသည္ကို မ်က္ဝါးထင္ထင္ ျမင္လိုက္ရေသာအခါ လမ္းၾကားေလးထဲမွ လူတိုင္း နားေဝတိမ္ေတာင္ ျဖစ္သြားၾကသည္။
"မျဖစ္ႏိုင္ဘူး"
*အေနာက္တိုင္း တေစၦ နတ္ဘုရားရဲ႕ ကိုယ္ပြားက သာမန္ တိုက္ကြက္ေလးနဲ႔ေတာင္ ဒ႑ာရီလာအဆင့္ကို သတ္ႏိုင္တာေလ … ဘယ္လိုလုပ္ ယဲ့ဖန္ ထုတ္လိုက္တဲ့ ဦးခြံရဲ႕ တစ္ခ်က္တည္းနဲ႔ ဝါးစားတာကို ခံလိုက္ရတာလဲ"
*မယုံႏိုင္စရာပါလား*
မဟူရာ ဧကရာဇ္၏ အၿပဳံးသည္ သရဲတေစၦအား ျမင္ေတြ႕လိုက္ရသကဲ့သို႔ လုံးဝကို ေအးခဲသြားသည္။
"မဟုတ္ဘူး … မျဖစ္ရဘူး … အဲ့ဒါ ဘာႀကီးလဲကြာ … ဘယ္လိုလုပ္ အဲ့ဒါႀကီးက တေစၦ နတ္ဘုရားရဲ႕ ကိုယ္ပြားကို ဝါးမ်ိဳႏိုင္ရတာလဲ"
မဟူရာ ဧကရာဇ္ သူ႔ဘဝတစ္ေလွ်ာက္လုံး တစ္ခါမွ ဒီေလာက္ မေၾကာက္လန႔္ခဲ့ရဖူးပါ။ ယခု သူ မ်က္ဝါးထင္ထင္ ႀကဳံေတြ႕လိုက္ရသည့္အရာက လုံးဝကို ေက်ာခ်မ္းစရာ ေကာင္းလွသည္။
မဟူရာ ၾကက္ေျခခတ္၏ အျခားအဖြဲ႕သားမ်ား အားလုံး ႀကံရာမရ ျဖစ္ကာ ေၾကာက္လန႔္လာၾကသည္။ ထို႔ျပင္ ဦးခြံ၏ ပါးစပ္ထဲမ် စူးရွေသာ ေအာ္သံမ်ား ထြက္ေပၚလာသည္။
"အား…အား…အား"
ထိုအသံသည္ တေစၦ နတ္ဘုရား၏ အသံပင္။ ထိုအသံထဲတြင္ အလြန္အမင္း ေၾကာက္လန႔္ဖြယ္ေကာင္းေသာ တစ္စုံတစ္ရာ ျဖစ္ေနသကဲ့သို႔ ေၾကာက္လန႔္စိတ္မ်ားစြာ ပါဝင္ေနသည္။
"မဟုတ္ဘူး … ဝိညာဥ္စား ဦးခြံပါလား … ဒီကမာၻေပၚမွာ ဘယ္လိုလုပ္ ဝိညာဥ္စား ဦးခြံရွိေနရတာလဲ"
တေစၦ နတ္ဘုရား၏ စူးရွေသာ ေအာ္သံက ဆက္တိုက္ပဲ့တင္ထပ္၍ ထြက္ေပၚေနသည္။ သူ၏ ေအာ္သံထဲမွ ေၾကာက္႐ြံ႕စိတ္သည္ လူအမ်ားက ေၾကာက္လန႔္ကာ ကတုန္ကယင္ျဖစ္သြားေစသည္။
ကြၽိ! ကြၽိ!
ဝိညာဥ္စား ဦးခြံ၏ ပါးစပ္ထဲမွ ပဲ့တင္ထပ္၍ ထြက္ေပၚေနေသာ ဝါးစားေနသည့္အသံသည္ တေစၦနတ္ဘုရား၏ ခႏၶာကိုယ္အား ဝါးစားေနသလိုပင္။
"ငါ သိသြားၿပီ … သူကိုး … မင္းက အဲ့လူ ျဖစ္ေနတာကိုး"
တေစၦနတ္ဘုရား၏ အသံသည္ ပို၍ပို၍ ေၾကာက္လန႔္သံေပါက္လာသည္။
"အိုး … ဝိုး … မင္းက … ကမာၻျခား နတ္ဆိုး …"
တေစၦ နတ္ဘုရား စကားဆုံးေအာင္ မေျပာလိုက္ရခင္မွာပင္ ေၾကာက္မက္ဖြယ္ေကာင္းေသာ ဂြၽတ္ဟူသည့္ အသံႀကီးတစ္ခု ထြက္ေပၚလာသည္။ ထို႔ေနာက္တြင္မူ တေစၦ နတ္ဘုရား၏ ကိုယ္ပြားသည္ စကားေျပာဆိုေနရာမွ ခ်က္ခ်င္း ရပ္တန႔္သြားသည္။
ဒုန္းခနဲ အသံႏွင့္အတူ မဟူရာ ဧကရာဇ္ ေျမႀကီးေပၚသို႔ ပစ္လဲက်သြားသည္။ တေစၦ နတ္ဘုရား ကိုယ္ပြား၏ ခ်ီဓာတ္ကို သူ လုံးဝ အာ႐ုံခံ၍ မရေတာ့ေခ်၊ ထိုသို႔ဆိုလ်င္ …
*ေသသြားၿပီ*
*တေစၦနတ္ဘုရားရဲ႕ ကိုယ္ပြား ေသသြားၿပီ*
*မျဖစ္ႏိုင္ဘူးေလ*
မဟူရာ ဧကရာဇ္သည္ ေတြေဝ ေငးငိုင္သြားဟန္ျဖင့္ ဖင္ထိုင္ရက္လဲက်ကာ ေၾကာက္လန႔္ေနသည့္ပုံပင္။ ယခင္က သူသည္ ကမာၻေပၚတြင္ တေစၦနတ္ဘုရားသည္သာ အစြမ္းအထက္ဆုံးႏွင့္ အရက္စက္ဆုံး သက္ရွိျဖစ္သည္ဟု သူ ယုံၾကည္ထားခဲ့သည္။
တေစၦနတ္ဘုရား ျဖတ္သန္းသြားသည့္ ဘယ္ေနရာမဆို အရာရာတိုင္း ဖ်က္ဆီးခံရေပလိမ့္မည္။ သို႔ေသာ္ တေစၦနတ္ဘုရားကိုေတာင္ အာလူးေၾကာ္ကဲ့သို႔ ဝါးစားႏိုင္သည့္ ေၾကာက္မက္ဖြယ္ေကာင္းသည့္ တည္ရွိမႈမ်ိဳး ကမာၻေပၚ၌ ရွိေနလိမ့္မည္ဟု မဟူရာ ဧကရာဇ္ ထင္မွတ္မထားခဲ့မိပါ။
ေၾကာက္မက္ဖြယ္ေကာင္းလွသည္။ ထိတ္လန႔္ဖြယ္ေကာင္းလွ၏။
ဤသည္မွာ မဟူရာ ဧကရာဇ္၏ ဘဝတစ္ေလွ်ာက္တြင္ အေမွာင္မိုက္ဆုံး ေန႔ပင္ျဖစ္သည္။ ထိုစဥ္ ဝိညာဥ္စား ဦးခြံက ႐ုတ္တရက္ နတ္ဆိုးခ်ီဓာတ္မ်ားအျဖစ္သို႔ ေျပာင္းလဲသြားကာ ယဲ့ဖန္၏ ခႏၶာကိုယ္ထဲသို႔ ေလွ်ာ၍ ဝင္ေရာက္သြားသည္။
ယဲ့ဖန္၏ ခ်ီဓာတ္မ်ား ႐ုတ္တရက္ တစ္ဟုန္ထိုး တိုးပြားလာသည္။
….
ထိုစဥ္ ေၾကာက္လန႔္ဖြယ္ေကာင္းေသာ အင္အားတစ္ခုက ေလထုထဲသို႔ ခ်က္ခ်င္း ျဖန႔္ၾကက္သြားကာ ေဘးပတ္ဝန္းက်င္ရွိ ေက်ာက္တုံးေက်ာက္ခဲမ်ားကို တစ္စစီ ပ်က္စီးသြားေစကာ ေနရာအႏွံ႔သို႔ လြင့္စဥ္သြားေစသည္။
ထိုခ်ီဓာတ္သည္ မဟူရာ ဧကရာဇ္ႏွင့္ သူ႔လူမ်ားအား ေၾကာက္လန႔္ကာ ကတုန္ကယင္ ျဖစ္လာေစသည္။
"ဆရာသခင္ အထြတ္အထိပ္အဆင့္ … အဲ့ေခြးမသားေလးက ဆရာသခင္ အထြတ္အထိပ္ အဆင့္ေလာက္ေလးနဲ႔ ဒီေလာက္ ေၾကာက္ဖို႔ေကာင္းတဲ့ အင္အားကို ဘယ္လိုလုပ္ ထုတ္ႏိုင္ရတာလဲ"
မဟူရာ ဧကရာဇ္၏ မ်က္ႏွာက ျဖဴဖပ္ျဖဴေရာ္ ျဖစ္လာၿပီး သူ႔နဖူးမွ ေခြၽးတဒီးဒီးက်လို႔လာသည္။ သူ ဤအျဖစ္ကို မယုံၾကည္ႏိုင္ပါ။ ထိုအခ်ိန္တြင္ အနက္ေရာင္ နတ္ဆိုးခ်ီမွ်င္စုမ်ားက ယဲ့ဖန္၏ သံမဏိလက္သီး ပတ္လည္၌ စုစည္းလာသည္။
မ်က္စိတစ္မွိတ္အတြင္းမွာပင္ မိစာၦ မရဏ သံလက္သီး ျဖစ္တည္လာေလသည္။
"အဲ့တေစၦက ငါ့အပိုင္ပဲလို႔ မင္းကို ငါ ေျပာခဲ့သားပဲ"
ယဲ့ဖန္က ထိုသို႔ေျပာၿပီး မဟူရာ ဧကရာဇ္အား အလြန္ ခက္ထန္ေသာ အၾကည့္ျဖင့္ ၾကည့္လာသည္။ ထို႔ေနာက္ မဟူရာ ဧကရာဇ္သည္ နတ္ဆိုး၏ စိုက္ၾကည့္ျခင္းကို ခံေနရသကဲ့သို႔ ခံစားမိၿပီး ဆံပင္ေမႊးပင္ ေထာင္လာသလို ခံစားရသည္။
"မျဖစ္ဘူး"
သူ ခ်က္ခ်င္း ထြက္ေျပးလိုက္သည္။
*ေျပးရမယ္*
သူသည္ က်န္းရွီၿမိဳ႕ႏွင့္ ယဲ့ဖန္လက္မွ တတ္ႏိုင္သမွ် ျမန္ျမန္ ထြက္ေျပးခ်င္ေနသည္။ သို႔ေသာ္ ယဲ့ဖန္၏ သံလက္သီးမ်ားက ပို၍ လ်င္ျမန္စြာ လႈပ္ရွားလာသည္။
ဘုန္း!
မ်က္စိတစ္မွိတ္အတြင္းမွာပင္ သူ၏ မိစာၦ မရဏ သံလက္သီးသည္ မဟူရာ ဧကရာဇ္၏ ခႏၶာကိုယ္ေပၚသို႔ ျပင္းထန္စြာ က်ေရာက္သြားသည္။
"မဟုတ္ဘူး"
မဟူရာ ဧကရာဇ္သည္ အလြန္ စိတ္ဓာတ္က်၍ ေၾကာက္စိတ္မႊန္ေနေသာ မ်က္လုံးမ်ားျဖင့္ ေအာ္ဟစ္လိုက္မိသည္။
ဒုန္း!
သူ႔ခႏၶာကိုယ္ ေပါက္ကြဲထြက္သြားၿပီး ေသြးသံတရဲရဲ အသားစမ်ားႏွင့္ အ႐ိုးမ်ားက ေျမႀကီးေပၚသို႔ ဖြာခနဲ လြင့္စဥ္ထြက္လာသည္။ ထို႔ေနာက္ သူ႔ေခါင္းသည္ ေျမႀကီးေပၚသို႔ ျပဳတ္က်လာကာ ယဲ့ဖန္၏ ေျခေထာက္ေရွ႕သို႔ လိမ့္ထြက္လာသည္။
*သူ ေသသြားၿပီ*
မဟူရာ အဖြဲ႕သားမ်ားအားလုံး မွင္တက္သြားၿပီး ယဲ့ဖန္က သူတို႔ေခါင္းေဆာင္၏ ဦးေခါင္းေပၚသို႔ ေျခေထာက္ျဖင့္ တင္လိုက္သည္ကို ေၾကာင္ၾကည့္ေနမိသည္။
သူတို႔၏ ေခါင္းေဆာင္ႏွင့္ သူတို႔၏ ယုံၾကည္မႈမ်ားက လက္သီးတစ္ခ်က္၏ ေအာက္၌ ေပါက္ကြဲထြက္သြားေလၿပီ။ ထို႔ေနာက္ ယဲ့ဖန္က ေျခေထာက္ကို အားထည့္၍ နင္းလိုက္သည္။
ေဖာက္!
ဦးေခါင္းသည္ ေၾကမြသြားေလသည္။ ထို႔ေနာက္ ယဲ့ဖန္သည္ ကိုယ္ကိုကိုင္း၍ ေသြးအိုင္ထဲမွ ေတာက္ပေနေသာ ဒ႑ာရီလာအဆင့္၏ မူလ သလင္းေက်ာက္ကို ေကာက္ယူ၍ ပါးစပ္ထဲ ထည့္လိုက္သည္။
ဂြၽတ္! ဂြၽတ္!
မူလ သလင္းေက်ာက္ကို ဝါးစားေနသည့္ အသံသည္ လမ္းၾကားေလးထဲမွ လူတိုင္းအား တုန္ယင္သြားေစသည္။
တုန္လႈပ္ဖြယ္ေကာင္းလွသည္။ ရက္စက္လွ၏။
က်န္ရွိေနေသာ မဟူရာ ၾကက္ေျခခတ္အဖြဲ႕သားမ်ား၏ မ်က္လုံးထဲတြင္ ယဲ့ဖန္သည္ နတ္ဆိုးလိုပင္ ျဖစ္ေနသည္။
ေျမေအာက္သခင္၊ ဒုစ႐ိုက္၏ အေၾကာက္အလန႔္ကင္းေသာ တိုက္ခိုက္ေရးသမားမ်ားႏွင့္ ဝံပုေလြ နတ္ဘုရားေတာင္ၾကားရွိ လူေတြေတာင္မွ ထိတ္လန႔္ကာ ေတာင့္တင္းသြားရသည္။
ဤမွ် ၾကမ္းၾကဳတ္ရက္စက္ေသာ လူမ်ိဳး သူတို႔ တစ္ခါမွ မျမင္ခဲ့ဖူးပါ။ ယဲ့ဖန္ကို လူဟုပင္ သူတို႔ မထင္ေတာ့ပါ။
ဒုန္းခနဲ အသံႏွင့္အတူ က်န္ မရဏ အေစခံ သုံးေယာက္ႏွင့္ မဟူရာ ၾကက္ေျခခတ္အဖြဲ႕၏ အျခားသိုင္းပညာရွင္မ်ားအားလုံး ေျမႀကီးေပၚသို႔ ဒူးေထာက္လိုက္ၾကသည္။
ေနာက္ဆုံးတြင္ ေၾကာက္လန႔္လို႔လာသည္။ သူတို႔ တစ္ဘဝလုံး သည္ေလာက္ မေၾကာက္ခဲ့ရဖူးပါ။
"မစၥတာယဲ့ က်ဳပ္ …. က်ဳပ္တို႔ အညံ့ခံပါတယ္ … က်ဳပ္တို႔အားလုံးက ခင္ဗ်ားနဲ႔ တိုက္ခိုက္ဖို႔ မဟူရာ ဧကရာဇ္ရဲ႕ အတင္းဖိအားေပးတာကို ခံခဲ့ရတာပါ … ေက်းဇူးျပဳၿပီး က်ဳပ္တို႔ကို ခြင့္လႊတ္ေပးပါ မစၥတာယဲ့"
"မစၥတာယဲ့ … က်ဳပ္ ခင္ဗ်ားရဲ႕ အေစခံအျဖစ္ တစ္သက္လုံး ေနခ်င္ပါတယ္ … ေက်းဇူးျပဳၿပီး က်ဳပ္ကို ခြင့္လႊတ္ေပးပါ"
….
သူတို႔၏ ေတာင္းပန္တိုးလွ်ိဳးသံမ်ားက တစ္ခုၿပီးတစ္ခု ပဲ့တင္ထပ္၍ ထြက္ေပၚလာသည္။ မဟူရာ ဧကရာဇ္၏ ေမာက္မာေသာ သိုင္းပညာရွင္မ်ား ႀကံရာမရ ျဖစ္ကာ ေၾကာက္လန႔္လာသည္။
ဤျမင္ကြင္းကို ၾကည့္ၿပီး ေျမေအာက္သခင္သည္ အိပ္မက္ထဲမ်ား ေရာက္ေနသလားဟုေတာင္ ဇေဝဇဝါျဖစ္လာရသည္။
မဟူရာ ၾကက္ေျခခတ္အဖြဲ႕သည္ ဥေရာပတြင္ ထိတ္လန႔္ဖြယ္ေကာင္းေသာ ထိပ္တန္းအင္အားစု ေလးခုထဲမွ တစ္ခု ျဖစ္သည္။ ေအာ္ဟစ္ေတာင္းပန္ေနသည့္ လူထဲမွ တစ္ခ်ိဳ႕သည္ ကမာၻတစ္ဝွမ္းရွိ အေကာင္းဆုံး တိုက္ခိုက္ေရးသမား ျဖစ္ၾကသည္။
သူတို႔တစ္ေယာက္ခ်င္းစီသည္ ဩဇာေညာင္းေသာ ပုဂၢိဳလ္မ်ား ျဖစ္ၾကသည္။ သို႔ေသာ္ သူတို႔အားလုံးသည္ ယဲ့ဖန္အား ေၾကာက္႐ြံ႕ကာ ေျမႀကီးေပၚတြင္ ပု႐ြက္ဆိတ္မ်ားကဲ့သို႔ ဝပ္တြားေနၾကသည္။
သို႔ေသာ္ ယဲ့ဖန္က သနားညႇာတာမႈ မရွိစြာ ျပန္ေျပာလိုက္သည္။
"နတ္ဆိုးေတြက ေသဖို႔ ထိုက္တန္တဲ့ တေစၦေတြကို အေစခံအျဖစ္ မထားဘူး"
"သူတို႔ကို သတ္ပစ္လိုက္"
ယဲ့ဖန္၏ ခပ္ျပတ္ျပတ္ အေျဖေအာက္တြင္ ေၾကာက္လန႔္ဖြယ္ေကာင္းေသာ ထိပ္သီးပုဂၢိဳလ္မ်ား၏ ကံၾကမၼာမွာ ဆုံးျဖတ္ခ်က္ခ်ခံလိုက္သည္။
အေမွာင္ဂိုဏ္းခ်ဳပ္၊ ဒုစ႐ိုက္ ဧကရာဇ္ ၊ ဆိုက္ေဘးရီးယား ဝံပုေလြဘုရင္ႏွင့္ အေမွာင္သခင္ ျပန္လည္ဝင္စားသူတို႔သည္ မဟူရာ ၾကက္ေျခခတ္အဖြဲ႕၏ က်န္ရွိေနေသာ အဖြဲ႕သားမ်ားထံသို႔ ေျပးဝင္သြားၿပီး သူတို႔ေနာက္မွ မ်ားစြာေသာ အေၾကာက္အလန႔္ကင္းသည့္ တိုက္ခိုက္ေရး သမားမ်ား လိုက္ပါသြားသည္။
ဤသည္ကား အစုလိုက္ အၿပဳံလိုက္ သုတ္သင္မႈႀကီးပင္။ တကယ့္ကို တစ္ဖက္သတ္ အျမစ္ျဖဳတ္ သုတ္သင္မႈႀကီး ျဖစ္ေပ၏။
မဟူရာ ၾကက္ေျခခတ္အဖြဲ႕၏ သိုင္းပညာရွင္မ်ား ျပန္လည္ခုခံႏိုင္ရန္ အရည္အခ်င္း မရွိေတာ့ပါ။ သူတို႔၏ အေလာင္းမ်ား စုစည္းထားျခင္းေၾကာင့္ ေသြးအိုင္မ်ား တစ္ခုၿပီးတစ္ခု ျဖစ္ေပၚလာသည္။
တစ္ကမာၻလုံး၌ ေက်ာ္ၾကားသည့္ ထိပ္သီးပုဂၢိဳလ္မ်ားျဖစ္ေသာ သူတို႔ကိုယ္သူတို႔ ဤကဲ့သို႔ ၿမိဳ႕ေသးေသးေလး၌ မေသႏိုင္ေလာက္ဟု ယုံၾကည္ထားပုံရသည္။
ဤျဖစ္စဥ္ႀကီးတစ္ခုလုံးက ငါးမိနစ္ေလာက္ေတာင္ မၾကာလိုက္ေပ။ ေနာက္ဆုံးေသာ ဒ႑ာရီလာအဆင့္ သုံးေယာက္ႏွင့္ က်န္ရွိေနေသာ ဒါႏွင့္ခ်ီသည့္ ဒ႑ာရီအဆင့္မ်ားအားလုံး လမ္းမေပၚ၌ ေသဆုံးသြားၾကေလၿပီ။
မ်ားစြာေသာ အေလာင္းပုံမ်ားႏွင့္ ညႇီစို႔စို႔ ေသြးနံ႔မ်ားေၾကာင့္ ေျမေအာက္သခင္ ပစ္လဲက်သြားသည္။
*သူတို႔ ေသကုန္ၿပီ*
တိုက္ပြဲအၿပီးတြင္ ကမာၻတစ္ဝန္းမွ မဟူရာ ၾကက္ေျခခတ္အဖြဲ႕၏ ထိပ္တန္းသိုင္းပညာရွင္မ်ားအားလုံး သုတ္သင္ခံလိုက္ရေလၿပီ။
ေျမေအာက္သခင္ႏွင့္ ေျမေအာက္ကမာၻ လုပ္ႀကံေရး အဖြဲ႕ႀကီးတစ္ခုလုံးေတာင္မွ ဤကဲ့သို႔ စြမ္းေဆာင္မႈမ်ိဳး မလုပ္ေဆာင္ႏိုင္ပါ။
သို႔ေသာ္ ယဲ့ဖန္ကေတာ့ တစ္နာရီအတြင္း လုပ္ေဆာင္သြားႏိုင္သည္။ ေျမေအာက္သခင္သည္ ယဲ့ဖန္၏ ပိန္ေသးေသး ခႏၶာကိုယ္အား အလြန္ ေလးစားစြာျဖင့္ နတ္ဘုရားကဲ့သို႔ ထင္မွတ္ကာ ၾကည့္ေနသည္။
ေျမေအာက္သခင္က ဒုန္းခနဲ အသံႏွင့္အတူ ယဲ့ဖန္ေရွ႕ ဒူးတစ္ဘက္ ေထာက္လိုက္သည္။ ထို႔ေနာက္ သူသည္ ရင္ဘတ္ေပၚ လက္တစ္ဘက္တင္၍ အလြန္ ႐ိုေသကိုင္းရႈိင္းဟန္ျဖင့္ ေျပာလိုက္သည္။
"မစၥတာယဲ့ … ခင္ဗ်ားရဲ႕ ကူညီမႈအတြက္ က်ဳပ္ ေက်းဇူးတင္ပါတယ္ … က်ဳပ္သမီးရဲ႕ ေသဆုံးမႈကို လက္ခံေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္"
"အခုခ်ိန္ကစၿပီး ေျမေအာက္သခင္နဲ႔ ေျမေအာက္ကမာၻ လုပ္ႀကံေရးအဖြဲ႕ႀကီးတစ္ဖြဲ႕လုံးက မစၥတာယဲ့ကို က်ဳပ္တို႔ရဲ႕ သခင္ႀကီးအျဖစ္ မွတ္ယူပါ့မယ္ … က်ဳပ္တို႔ မ်ိဳးဆက္တိုင္း မ်ိဳးဆက္တိုင္း ခင္ဗ်ားရဲ႕ အေစခံအျဖစ္ ေနထိုင္ပါ့မယ္"
"ခင္ဗ်ားကို သစၥာေဖာက္တဲ့ ဘယ္သူမဆို ဂူသခ်ႋဳင္းေတာင္ မရွိဘဲ ေသေစရပါ့မယ္"
ထိုသို႔ေျပာၿပီး ေျမေအာက္သခင္သည္ သူ၏ မာနႀကီးေသာ ဦးေခါင္းအား ယဲ့ဖန္ေရွ႕ နိမ့္ခ်လိုက္သည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now