Chapter 295

1K 121 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (295) သွေးသစ္စာ

ပျောက်ဆုံးမှု ဖြစ်ပေါ်ပြီး နောက်တစ်နေ့၌ ဟွာရှတိုက်ခိုက်ရေးသမား သတင်းအစီအစဉ်သည် မနက် ဆယ်နာရီ၌ အဓိက ရုပ်သံလိုင်းများ အားလုံးတွင် သတင်းကြေညာလေသည်။
မနက်ခင်းတွင် ရရှိလိုက်သော ကြားဖြတ်သတင်းသည် ဟွာရှတစ်နိုင်ငံလုံးရှိ သိုင်းပညာရှင်အားလုံးအား ထိတ်လန့်သွားစေခဲ့သည်။
ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင် ယဲ့ဖန် သေဆုံးသွားပြီတဲ့လား။
ထိုအစီအစဉ်သည် ယဲ့ဖန် ရှန့်ကျင်းမြို့၌ နာမည်ကြီးလာပြီး ဖျောင်ကျင်းတောင်၊ သူ့သားနှင့် ဖျောက်တထိုက်ရှင်းတို့အား သတ်ပြီးနောက် ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာပုံ အပါအဝင် ယဲ့ဖန်၏ ဘဝဇာတ်ကြောင်းများကို တင်ဆက်လေသည်။
ယန်ကျင်းမြို့၊ ကျန်းနန် စီရင်စုဒေသ၊ ကျင်းပေ စီရင်စုဒေသနှင့် ရှန့်ကျန်းမြို့တို့အားလုံး အံ့အားသင့်ဖွယ် သတင်းကြောင့် ထိတ်လန့်သွားကြသည်။
ယဲ့ဖန်နှင့် သိကျွမ်းပြီး သူ့အကြောင်း သိသူများအားလုံးသည် ထိုသတင်းကို မယုံကြည်နိုင်ကြပေ။ သည်လောက် သန်မာသော နတ်ဆိုးဆန်သည့် လူက သေဆုံးသွားလိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ပါ။
ရှန့်ကျန်း တိုက်ခိုက်ရေး ကွန်ရက်၌ သတင်းများဖြင့် ပြည့်နှက်လို့နေသည်။ ရှန့်ကျန်း တိုက်ခိုက်ရေးသမားများ အားလုံး စိတ်ထိခိုက်ကာ အကြီးအကျယ် ထိတ်လန့်နေကြသည်။
ယဲ့ဖန်အတွက် ဝမ်းနည်းကြေကွဲသည့် သတင်းများအား နှင်းပွင့်များလို့ တက်နေသည်။
“ယဲ့ဖန်ရဲ့ သေဆုံးမှုအတွက် …. ဖျောင်ကျိုးယိုကို သတ်ပြီး ဖျောင်ကျင်းတောင်ကို ဖောက်ခွဲခဲ့တဲ့ ငါတို့ စစ်နတ်ဘုရားက မသေဆုံးနိုင်ဘူး”
“ငြိမ်းချမ်းစွာ အနားယူပါ ယဲ့ဖန် … ရှန့်ကျန်း တိုက်ခိုက်ရေးသမားတွေက ခင်ဗျားကို အလွန့်ကို လေးစားပါတယ်”
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်၊ စစ်နတ်ဘုရား ယဲ့ဖန်က မသေဆုံးနိုင်ဘူးကွ”
….
သတင်းတစ်ခုချင်းစီတိုင်းက ယဲ့ဖန်အား အလွန် လေးစားပြီး စိတ်မကောင်း ဖြစ်နေသော သတင်းများပင်။
ကွန်ရက်ပိုင်ရှင်ကတောင်မှ ယဲ့ဖန်အတွက် သတင်းထိပ်ဆုံးတွင် သတင်းတစ်ခုကို အမြဲမြင်နေရအောင် တင်ထားပြီး ကိုရီးယား သိုင်းပညာရှင်များအား လက်သီးချက်ဖြင့် ဖောက်ကွဲပြီး ရှန့်ကျန်းမြို့တစ်ခုလုံးအား ထိတ်လန့်သွားစေခဲ့သည့် ယဲ့ဖန်၏ သမိုင်းဝင် ဇာတ်ကြောင်းများအား အမှတ်တရအဖြစ် တင်ထားသည်။
….
ယန်ကျင့်မြို့တွင် ဖျောင်ထိုက်ရှင်းက လက်ရှိ သိုင်းပညာရှင်အားလုံးအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
သူသည် ယန့်ကျင်းမြို့တွင် ထိပ်တန်း သိုင်းပညာရှင်များစွာအား သူ့လက်သီးချက်ဖြင့် ဖောက်ခွဲကာ သတ်ပစ်ခဲ့သည်။
ယဲ့ဖန်ကြောင့်သာ မဟုတ်ခဲ့ပါလျင် ယန်ကျင့်မြို့မှ သိုင်းပညာရှင်များအားလုံး အသတ်ခံခဲ့ရပေလိမ့်မည်။ ယန်ကျင့်မြို့မှ သိုင်းပညာရှင်အားလုံးသည် ယဲ့ဖန်အား သူတို့၏ ကယ်တင်ရှင်နှင့် သူရဲကောင်းအဖြစ် မှတ်ယူထားကြသည်။
ယဲ့ဖန်၏ ကျဆုံးမှု သတင်းကို ကြားရပြီးနောက် သိုင်းပညာရှင်များစွာသည် သူ့အတွက် အလွန် ဝမ်းနည်း ပူဆွေးကြလေတော့သည်။
အဓိက ကလန်များစွာက ဟွာရှနိုင်ငံ၏ နံပါတ်တစ် သိုင်းပညာရှင်အတွက် အထွတ်အမြတ် နေရာတစ်ခု တည်ဆောက်ရန် ကိုယ်စားလှယ်များအား တာဝန်ပေးခဲ့ကြသည်။
သူတို့ သူ့အား နေ့စဉ်နေ့တိုင်း ဝတ်ပြု ရှိခိုးနိုင်ရန် ဖြစ်သည်။

ကျန်းပေ စီရင်စုဒေသ၌ အဓိက ကလန်ရှစ်ခုလုံး ယဲ့ဖန်၏ သုတ်သင်ခြင်းကို ခံရပြီးနောက် သွေးစွန်း လင်းတသည် ကျန်းပေမြို့၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာပြီး တစ်မြို့လုံးအား ထိန်းချုပ်လာနိုင်ခဲ့သည်။
ယဲ့ဖန် သေဆုံးသွားသည့် သတင်းကို ရရှိပြီနောက် သွေးစွန်း လင်းတသည် မူးအောင်သောက်၍ ကျယ်လောင်စွာ အော်ဟစ်လေတော့သည်။
အချိန်အတော်ကြာခဲ့စဉ်က သူသည် ကျန်းရှီမြို့ရှိ ကျားနက်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သေမတတ် နှိပ်စက် ညှင်းပန်းခံခဲ့ရသည်။
သို့သော် ယဲ့ဖန်က သူ့အသက်ကို ကယ်တင်ခဲ့သည်။ ကျန်းပေစီရင်စု ဒေသမှ အဓိက ကလန်အားလုံး သုတ်သင်ခံလိုက်ရပြီးနောက် သွေးစွန်းလင်းတသည် သူ၏ ကယ်တင်ရှင်ကြောင့် ရလာသည့် လက်ကျန် ဂုဏ်သိက္ခာကြောင့် ကျန်းပေမြို့၏ နံပါတ်တစ် သိုင်းပညာရှင် ဖြစ်လာခဲ့သည်။
သို့သော် ယခုအခါတွင်တော့ သူ၏ အသက်သခင် ကျေးဇူးရှင်သည် သေဆုံးသွားခဲ့လေပြီ။ ထို့ကြောင့် သွေးစွန်းလင်းတသည် အလွန်တရာ စိတ်ထိခိုက်လို့နေသည်။
“ငါ့အမိန့်ကို နားထောင်ကြ … သွေးစွန်းလင်းတ အဖွဲ့အစည်းက အဖွဲ့ဝင်အားလုံး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင် ဝတ်စုံကို သုံးရက်တိတိ ဝတ်ဆင်ရမယ်လို့ အမိန့်ထုတ်လိုက်စမ်း … ဒါမှ ငါတို့ ကျေးဇူးရှင်ရဲ့ စိတ်ဝိညာဉ်ကို လေးစား ဂုဏ်ပြုသလို ဖြစ်မှာ”
….
ကျန်းရှီ တစ်မြို့လုံး အလွန်တရာ ဝမ်းနည်း ကြေကွဲနေကြသည်။ ညအဖွဲ့သားအားလုံး သောကများဖြင့် ဖိစီးလို့နေသည်။
သတင်းကို ရရှိပြီးနောက် လင်းလန်နှင့် အန်းရှီတို့သည် အလွန် ဝမ်းနည်းကာ ချက်ချင်းဆိုသလို ဖျားနာကြလေတော့သည်။
သူတို့ ချစ်ရသော အမျိုးသား အိမ်ပြန်မလာနိုင်တော့သည်ကို သူတို့ မယုံကြည်နိုင်ကြသေးပေ။ သူတို့နှစ်ယောက်လုံး အသည်းကွဲကာ မျက်နှာပေါ်တွင်လည်း မျက်ရည်များနှင့် ပြည့်နှက်လာသည်။
ထိုသတင်းကို သိရပြီးနောက်တွင် ဖန့်ယင်းသည်လည်း သူမကိုယ်သူမ အခန်းတံခါးပိတ်၍ နေလေတော့သည်။ သူမ၏ ရင်ကွဲမတတ် အော်ငိုသံများကို အပြင်မှ လူများ ကြားနေရသည်။
ယဲ့ရွှင်းအာသည် ယဲ့ဖန်၏ အခန်းတံခါးရှေ့၌ တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမ အချစ်ရဆုံးသော အစ်ကိုကြီး အိမ်သို့ ဘယ်တော့မှ ပြန်မလာနိုင်တော့သည့် အကြောင်းကို သူမ ဆက်တိုက် တွေးတောနေမိသည်။
သူမသည် သည်အတိုင်းလေး အခန်းတံခါးဝရှေ့၌ အရူးတစ်ယောက်လို ငေးမော၍ ကြည့်နေပြီး မျက်ရည်များ အဆက်မပြတ် ကျဆင်းနေသည်။
“အစ်ကိုကြီး … ကျွန်မ အစ်ကိုကြီးကို သိပ်သတိရတာပဲ … အိမ်ကို မြန်မြန် ပြန်လာပါတော့နော်”
“အစ်ကိုကြီးက ကျွန်မရဲ့ မိသားစုဝင်ဖြစ်ပြီးတော့ ကျွန်မကို ကာကွယ်ပေးပါ့မယ်လို့ အစ်ကိုကြီး မပြောခဲ့ဘူးလား”
“ဝါး … ဝါး … အစ်ကိုကြီး … အစ်ကိုကြီး ကျွန်မခေါင်းကို ပွတ်ပေးရင် ကျွန်မ သဘောကျတယ် … အစ်ကိုကြီး ရင်ခွင်ထဲ လှဲနေရတာကိုလည်း သဘောကျတယ် … ကျွန်မ အစ်ကိုကြီးရဲ့ ကိုယ်နံ့ကို သဘောကျတယ် … ကျွန်မ … “
ရွှင်းအာ ဗြုန်းခနဲ ထအော်ငိုလေတော့သည်။ သူမသည် နှစ်ထောင်နှင့်ချီ၍ စောင့်မျှော်နေနိုင်ဟန်ဖြင့် ယဲ့ဖန်၏ အခန်းတံခါးရှေ့ ကြမ်းပြင်၌ လှဲနေလေသည်။
….
ထိုအချိန်တွင် အနက်ရောင် ဇာပုဝါ လွှမ်းခြုံထားသော မိန်းမပျိုလေး ဦးဆောင်သည့် အရိပ်သုံးခုက ယဲ့ဖန်၏ အိမ်တော်တွင်းသို့ သရဲတစ္ဆေကဲ့သို့ ဝင်ရောက်လာသည်ကို မည်သူမျှ သတိမထားမိကြပါ။
သူမ ဖြတ်သွားသည့် အိမ်တော်၏ ထောင့်နေရာတိုင်းနှင့် ခြံဝန်းနေရာတိုင်းရှိ ကျောက်တုံးနှင့် သစ်ပင်ပန်းမန်များအား သူမ၏ သွယ်လျသော လက်လေးဖြင့် ထိတွေ့သွားသည်။
သူမသည် တစ္ဆေလိုပင်။ မည်သူမျှ သူမကို မမြင်နိုင်သလို၊ မည်သူမျှလည်း သူမကို ရှာမတွေ့နိုင်ပါ။
“ဒီနေရာပဲ … ဒီနေရာမှ ငါ သုံးလတိတိ နေခဲ့တာ … အချိုမြိန်ဆုံး သုံးလတာ ကာလပေါ့ …”
သလင်းကျောက်ကဲ့သို့ ကြည်လင်သော မျက်ရည်များက သူမ၏ အနက်ရောင် ဇာပုဝါအောက်မှ စီးကျလာသည်။ သူမအသံတွင် အဆုံးမရှိသော ဝမ်းနည်း ပူဆွေးမှုများ ပျော်ဝင်နေ၏။
“ဒီအခန်းလေးက ငါနဲ့ မောင်ငယ်လေးတို့ အတူနေခဲ့တဲ့ နေရာလေးပဲ … ဖုန်တွေသဲတွေကို ငါတို့ အိပ်ရာအဖြစ် မှတ်ယူခဲ့ပြီးတော့ ခြောက်သွေ့နေတဲ့ မြက်ပင်တွေကို ငါတို့ရဲ့ စောင်အဖြစ် သဘောထားခဲ့ကြတာ … ဒါပေမယ့် ငါတို့ ညတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်နိုင်ခဲ့ကြတာပဲ”
မိန်းမပျိုလေးက အခန်းကို ကြည့်နေရင်း မွန်းကျပ်လာသည်။
“အဲ့အပင်က ငါနဲ့ မောင်ငယ်လေးတို့ အတူတူ စိုက်ခဲ့တဲ့ အပင်လေးပဲ … အဲ့ဒါတော် တော်တော်ကြီးလာပြီပဲ”
“ပြီးတော့ ဒီကျောက်တုံး အပိုင်းအစလေး … ဒီဟာပေါ်မှ ငါတို့ ဖြူစင်စွာနဲ့ စာလုံးတွေ ရေးထွင်းကြပြီး မိသားစုအဖြစ် နေထိုင်ပြီး တစ်ယောက်ကို တစ်ယောက် ထာဝရ စောင့်ရှောက်ပါမယ်လို့ သစ္စာဆိုခဲ့ကြတယ်”
မိန်းမပျိုလေးက တစ်လှမ်းချင်း လှမ်းလာတိုင်း ရေရွတ်နေသည်။ ရုတ်တရက် သူမ ဆောင့်ကြောင့်ထိုင်ချကာ ရှိုက်ငိုလေတော့သည်။
“ဘာကြောင့်လဲ … ဘာလို့ ရှင် ထွက်သွားပြီး ကျွန်မတို့အိမ်လေးကို အထီးကျန်‌အောင် ထားခဲ့ရတာလဲ”
“ဘာကြောင့်လဲ … ဘာလို့ ယွမ်အာကို ရှင် တစ်ယောက်တည်း ထားခဲ့ရတာလဲ …”
“ဘာလို့လဲ”
မိန်းမပျိုလေးသည် ဝမ်းနည်းစိတ်နှင့် ဒေါသစိတ်တို့ကြောင့် သူမ နှလုံးသားလေး တစ်စစီ ဆွဲဖြဲခံနေရသလို ခံစားရကာ အကြီးအကျယ် ငိုကြွေးလေတော့သည်။
ညအဖွဲ့ဝင်တိုင်း ထိုငိုသံကို ကြားနေရသည်။ သို့သော် ဘယ်သူငိုနေတာလဲဆိုတာကိုတော့ သူတို့ မမြင်နိုင်ကြပေ။
အချိန်အတော်ကြာပြီးနောက် မိန်းမပျိုလေး ငိုနေရာမှ ရပ်သွားသည်။ ထို့နောက် သူ အိမ်တော်ထဲမှ ဖြည်းဖြည်းချင်း ထွက်ခွာလာခဲ့၏။
တံခါးဝကို သူမ ဖြတ်ကျော်လာခဲ့ပြီးနောက် သူမ နောက်ပြန်လှည့်ကာ သူမအိမ်ကို အတော်ကြာအောင် ငေးကြည့်နေသည်။ ထို့နောက် သူမသည် စမ်းချောင်းကဲ့သို့ မျက်ရည်များ စီးကျလာပြီး ပြောလိုက်သည်။
“မောင်ငယ်လေး … မင်း သေမှာ မဟုတ်ဘူး … ငါ ပိုပိုပြီး သန်မာလာရစေပါ့မယ် … တစ်နေ့တော့ ဘယ်လို အခက်အခဲတွေနဲ့ပဲ ကြုံရကြုံရ မင်းကို ပြန်အသက်ရှင်အောင် ငါ ကူညီပါ့မယ် … ငါ့အသက်ကို ရင်းရမယ်ဆိုရင်တောင်မှပေါ့”
ထိုသို့ပြောပြီးနောက် သူမသည် သူမလက်ချောင်းကို သွားဖြင့် ကိုက်ကာ သူမသွေးစက်ကို မြေကြီးပေါ်သို့ ကျစေ၍ ကောင်းကင်ဘုံအား သွေးသစ္စာ ကျန်ဆိုလိုက်သည်။
မိန်းမပျိုလေး ထွက်ခွာသွားသည်ကို ကြည့်ပြီး သူတောင်းစားအိုကြီးက ယန်အာကို ပြောလိုက်သည်။
“ကမ္ဘာပေါ်မှာ အခါးသီးဆုံးအရာက တစ်စုံတစ်ယောက်က ချစ်ရတဲ့သူကို ဆုံးရှုံးလိုက်ရခြင်းပဲ … ဟူး … ကဲ … သွားကြစို့”
ထိုသို့ပြောပြီး နှစ်ယောက်သား ထွက်ခွာရန် ပြင်လိုက်သည်။ ထိုစဉ် သူတောင်းစားအိုကြီးက တန့်ခနဲ ရပ်သွားကာ ချက်ချင်း နောက်လှည့်၍ ယဲ့ဖန်အခန်းကို လှမ်းကြည့်လိုက်သည်။
သူ့မျက်လုံးများသည် မှောင်ရိပ်သန်းသော အလင်းများဖြင့် တလက်လက် တောက်ပနေပြီး အခန်းနံရံများကို ဖောက်ထွင်း၍ ကြည့်ပြီးနောက် ကြမ်းပြင်၌ ထောင်မတ်နေသော ဓားကျိုးတစ်လက်ကို မြင်လိုက်ရသည်။
*ဓားကျိုးတစ်လက်ပါလား*
“ဘိုးဘိုး … ဘာဖြစ်တာလဲ”
ယန်အာက ဇဝေဇဝါ မျက်နှာလေးဖြင့် မေးလိုက်သည်။ သူတောင်းစားအိုကြီးသည် မျက်ခုံး ခပ်လှုပ်လှုပ် ဖြစ်လာသလို ခံစားရပြီးနောက် ပြန်ပြောလိုက်သည်။
“ဒီနေရာကနေ မထွက်သွားခင် အဲ့ကောင်လေးက ဓားကျိုးရဲ့ စိတ်ဝိညာဉ်ကို ဗဟိုပြုပြီး ဒဏ္ဍာရီလာအဆင့် ခုနစ်ယောက်ရဲ့ မူလသလင်းကျောက်ကို အုတ်မြစ်အဖြစ် အသုံးပြုပြီး သွေးစွန်း တိုက်ပွဲဝင် ဝင်္ကပါကို ပြုလုပ်သွားတယ် … ဒါပေမယ့် အဲ့ဓားကျိုးက နည်းနည်း ထူးဆန်းနေတယ်”
*ဘယ်လို*
သူ့စကားကြောင့် ယန်အာ၏ မျက်နှာသေးသေးက ချက်ချင်း ပျက်ယွင်းသွားသည။ သူမ အဘိုးဖြစ်သူ ထူးဆန်းသည်ဟု ခေါ်ဆိုသော အရာဟူ၍ အနည်းငယ်သာ ရှိခဲ့သည်။ သို့ပေမဲ့ ယခုအခါတွင် …
“စည်းတံဆိပ်က ကျိုးပျက်နေပြီးပြီလို့ ငါ ထင်မထားခဲ့မိဘူး … ဒါပေမယ့် အဲ့ဒါက လက်ရှိမှာ အရမ်း အားနည်းနေသေးတယ် …”
သူတောင်းစားအိုကြီးက ထိတ်လန့်တကြား ဆိုလိုက်သည်။ ထို့နောက် သူသည် ထိုဓားကျိုးအား အလွန် ကြောက်လန့်သည့် ဟန်ဖြင့် ယန်အာ၏ လက်မောင်းကို ဆွဲကာ ထွက်ခွာသွားရန် ပြင်လာသည်။
….
ကျန်းရှီမြို့သူမြို့သားများက ယဲ့ဖန်၏ သေဆုံးခြင်းအတွက် ဝမ်းနည်းကာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်နေကြစဉ်တွင် လူသုံးယောက်က ကျန်းရှီ မြူနီစီပယ် စီနီယာ အလယ်တန်းကျောင်း၏ အားကစားကွင်းထဲ၌ ရပ်လို့နေကြသည်။
ထိုသူတို့သည် လူဖြူ လူငယ်တစ်ယောက်၊ လူဖြူ မိန်းမပျိုလေးတစ်ယောက်နှင့် အရှေ့တောင်အာရှ အလှလေးတစ်ယောက်တို့ ဖြစ်ကြသည်။
သူတို့၏ နောက်ခံကိုသာ လူတိုင်း သိသွားကြပါက သူတို့ သေမတတ် ထိတ်လန့်သွားကြလောက်သည်။ ထိုသူတို့သည်ကား အနောက်တိုင်းမှ အလင်းတော် ဘုန်းတော်ကြီး၊ ဥရောပ၏ နတ်ဘုရားမနှင့် ထိုင်းနိုင်ငံ၏ မှော်နက်နတ်ဘုရားမတို့ပင် ဖြစ်ကြလေသည်။
#ZAWGYI
စာစဥ္ (20) CHAPTER (295) ေသြးသစၥာ
ေပ်ာက္ဆုံးမႈ ျဖစ္ေပၚၿပီး ေနာက္တစ္ေန႔၌ ဟြာရွတိုက္ခိုက္ေရးသမား သတင္းအစီအစဥ္သည္ မနက္ ဆယ္နာရီ၌ အဓိက ႐ုပ္သံလိုင္းမ်ား အားလုံးတြင္ သတင္းေၾကညာေလသည္။
မနက္ခင္းတြင္ ရရွိလိုက္ေသာ ၾကားျဖတ္သတင္းသည္ ဟြာရွတစ္ႏိုင္ငံလုံးရွိ သိုင္းပညာရွင္အားလုံးအား ထိတ္လန႔္သြားေစခဲ့သည္။
ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္ ယဲ့ဖန္ ေသဆုံးသြားၿပီတဲ့လား။
ထိုအစီအစဥ္သည္ ယဲ့ဖန္ ရွန႔္က်င္းၿမိဳ႕၌ နာမည္ႀကီးလာၿပီး ေဖ်ာင္က်င္းေတာင္၊ သူ႔သားႏွင့္ ေဖ်ာက္တထိုက္ရွင္းတို႔အား သတ္ၿပီးေနာက္ ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္ ျဖစ္လာပုံ အပါအဝင္ ယဲ့ဖန္၏ ဘဝဇာတ္ေၾကာင္းမ်ားကို တင္ဆက္ေလသည္။
ယန္က်င္းၿမိဳ႕၊ က်န္းနန္ စီရင္စုေဒသ၊ က်င္းေပ စီရင္စုေဒသႏွင့္ ရွန႔္က်န္းၿမိဳ႕တို႔အားလုံး အံ့အားသင့္ဖြယ္ သတင္းေၾကာင့္ ထိတ္လန႔္သြားၾကသည္။
ယဲ့ဖန္ႏွင့္ သိကြၽမ္းၿပီး သူ႔အေၾကာင္း သိသူမ်ားအားလုံးသည္ ထိုသတင္းကို မယုံၾကည္ႏိုင္ၾကေပ။ သည္ေလာက္ သန္မာေသာ နတ္ဆိုးဆန္သည့္ လူက ေသဆုံးသြားလိမ့္မည္ဟု သူတို႔ မယုံၾကည္ႏိုင္ပါ။
ရွန႔္က်န္း တိုက္ခိုက္ေရး ကြန္ရက္၌ သတင္းမ်ားျဖင့္ ျပည့္ႏွက္လို႔ေနသည္။ ရွန႔္က်န္း တိုက္ခိုက္ေရးသမားမ်ား အားလုံး စိတ္ထိခိုက္ကာ အႀကီးအက်ယ္ ထိတ္လန႔္ေနၾကသည္။
ယဲ့ဖန္အတြက္ ဝမ္းနည္းေၾကကြဲသည့္ သတင္းမ်ားအား ႏွင္းပြင့္မ်ားလို႔ တက္ေနသည္။
“ယဲ့ဖန္ရဲ႕ ေသဆုံးမႈအတြက္ …. ေဖ်ာင္က်ိဳးယိုကို သတ္ၿပီး ေဖ်ာင္က်င္းေတာင္ကို ေဖာက္ခြဲခဲ့တဲ့ ငါတို႔ စစ္နတ္ဘုရားက မေသဆုံးႏိုင္ဘူး”
“ၿငိမ္းခ်မ္းစြာ အနားယူပါ ယဲ့ဖန္ … ရွန႔္က်န္း တိုက္ခိုက္ေရးသမားေတြက ခင္ဗ်ားကို အလြန႔္ကို ေလးစားပါတယ္”
“ဟြာရွႏိုင္ငံရဲ႕ နံပါတ္တစ္ သိုင္းပညာရွင္၊ စစ္နတ္ဘုရား ယဲ့ဖန္က မေသဆုံးႏိုင္ဘူးကြ”
….
သတင္းတစ္ခုခ်င္းစီတိုင္းက ယဲ့ဖန္အား အလြန္ ေလးစားၿပီး စိတ္မေကာင္း ျဖစ္ေနေသာ သတင္းမ်ားပင္။
ကြန္ရက္ပိုင္ရွင္ကေတာင္မွ ယဲ့ဖန္အတြက္ သတင္းထိပ္ဆုံးတြင္ သတင္းတစ္ခုကို အၿမဲျမင္ေနရေအာင္ တင္ထားၿပီး ကိုရီးယား သိုင္းပညာရွင္မ်ားအား လက္သီးခ်က္ျဖင့္ ေဖာက္ကြဲၿပီး ရွန႔္က်န္းၿမိဳ႕တစ္ခုလုံးအား ထိတ္လန႔္သြားေစခဲ့သည့္ ယဲ့ဖန္၏ သမိုင္းဝင္ ဇာတ္ေၾကာင္းမ်ားအား အမွတ္တရအျဖစ္ တင္ထားသည္။
….
ယန္က်င့္ၿမိဳ႕တြင္ ေဖ်ာင္ထိုက္ရွင္းက လက္ရွိ သိုင္းပညာရွင္အားလုံးအား သတ္ပစ္မည္ဟု ၿခိမ္းေျခာက္ခဲ့သည္။
သူသည္ ယန႔္က်င္းၿမိဳ႕တြင္ ထိပ္တန္း သိုင္းပညာရွင္မ်ားစြာအား သူ႔လက္သီးခ်က္ျဖင့္ ေဖာက္ခြဲကာ သတ္ပစ္ခဲ့သည္။
ယဲ့ဖန္ေၾကာင့္သာ မဟုတ္ခဲ့ပါလ်င္ ယန္က်င့္ၿမိဳ႕မွ သိုင္းပညာရွင္မ်ားအားလုံး အသတ္ခံခဲ့ရေပလိမ့္မည္။ ယန္က်င့္ၿမိဳ႕မွ သိုင္းပညာရွင္အားလုံးသည္ ယဲ့ဖန္အား သူတို႔၏ ကယ္တင္ရွင္ႏွင့္ သူရဲေကာင္းအျဖစ္ မွတ္ယူထားၾကသည္။
ယဲ့ဖန္၏ က်ဆုံးမႈ သတင္းကို ၾကားရၿပီးေနာက္ သိုင္းပညာရွင္မ်ားစြာသည္ သူ႔အတြက္ အလြန္ ဝမ္းနည္း ပူေဆြးၾကေလေတာ့သည္။
အဓိက ကလန္မ်ားစြာက ဟြာရွႏိုင္ငံ၏ နံပါတ္တစ္ သိုင္းပညာရွင္အတြက္ အထြတ္အျမတ္ ေနရာတစ္ခု တည္ေဆာက္ရန္ ကိုယ္စားလွယ္မ်ားအား တာဝန္ေပးခဲ့ၾကသည္။
သူတို႔ သူ႔အား ေန႔စဥ္ေန႔တိုင္း ဝတ္ျပဳ ရွိခိုးႏိုင္ရန္ ျဖစ္သည္။

က်န္းေပ စီရင္စုေဒသ၌ အဓိက ကလန္ရွစ္ခုလုံး ယဲ့ဖန္၏ သုတ္သင္ျခင္းကို ခံရၿပီးေနာက္ ေသြးစြန္း လင္းတသည္ က်န္းေပၿမိဳ႕၏ နံပါတ္တစ္ သိုင္းပညာရွင္ ျဖစ္လာၿပီး တစ္ၿမိဳ႕လုံးအား ထိန္းခ်ဳပ္လာႏိုင္ခဲ့သည္။
ယဲ့ဖန္ ေသဆုံးသြားသည့္ သတင္းကို ရရွိၿပီေနာက္ ေသြးစြန္း လင္းတသည္ မူးေအာင္ေသာက္၍ က်ယ္ေလာင္စြာ ေအာ္ဟစ္ေလေတာ့သည္။
အခ်ိန္အေတာ္ၾကာခဲ့စဥ္က သူသည္ က်န္းရွီၿမိဳ႕ရွိ က်ားနက္၏ ဖမ္းဆီးျခင္းကို ခံခဲ့ရၿပီး ေသမတတ္ ႏွိပ္စက္ ညႇင္းပန္းခံခဲ့ရသည္။
သို႔ေသာ္ ယဲ့ဖန္က သူ႔အသက္ကို ကယ္တင္ခဲ့သည္။ က်န္းေပစီရင္စု ေဒသမွ အဓိက ကလန္အားလုံး သုတ္သင္ခံလိုက္ရၿပီးေနာက္ ေသြးစြန္းလင္းတသည္ သူ၏ ကယ္တင္ရွင္ေၾကာင့္ ရလာသည့္ လက္က်န္ ဂုဏ္သိကၡာေၾကာင့္ က်န္းေပၿမိဳ႕၏ နံပါတ္တစ္ သိုင္းပညာရွင္ ျဖစ္လာခဲ့သည္။
သို႔ေသာ္ ယခုအခါတြင္ေတာ့ သူ၏ အသက္သခင္ ေက်းဇူးရွင္သည္ ေသဆုံးသြားခဲ့ေလၿပီ။ ထို႔ေၾကာင့္ ေသြးစြန္းလင္းတသည္ အလြန္တရာ စိတ္ထိခိုက္လို႔ေနသည္။
“ငါ့အမိန႔္ကို နားေထာင္ၾက … ေသြးစြန္းလင္းတ အဖြဲ႕အစည္းက အဖြဲ႕ဝင္အားလုံး ဝမ္းနည္းျခင္း အထိမ္းအမွတ္အျဖစ္ အနက္ေရာင္ ဝတ္စုံကို သုံးရက္တိတိ ဝတ္ဆင္ရမယ္လို႔ အမိန႔္ထုတ္လိုက္စမ္း … ဒါမွ ငါတို႔ ေက်းဇူးရွင္ရဲ႕ စိတ္ဝိညာဥ္ကို ေလးစား ဂုဏ္ျပဳသလို ျဖစ္မွာ”
….
က်န္းရွီ တစ္ၿမိဳ႕လုံး အလြန္တရာ ဝမ္းနည္း ေၾကကြဲေနၾကသည္။ ညအဖြဲ႕သားအားလုံး ေသာကမ်ားျဖင့္ ဖိစီးလို႔ေနသည္။
သတင္းကို ရရွိၿပီးေနာက္ လင္းလန္ႏွင့္ အန္းရွီတို႔သည္ အလြန္ ဝမ္းနည္းကာ ခ်က္ခ်င္းဆိုသလို ဖ်ားနာၾကေလေတာ့သည္။
သူတို႔ ခ်စ္ရေသာ အမ်ိဳးသား အိမ္ျပန္မလာႏိုင္ေတာ့သည္ကို သူတို႔ မယုံၾကည္ႏိုင္ၾကေသးေပ။ သူတို႔ႏွစ္ေယာက္လုံး အသည္းကြဲကာ မ်က္ႏွာေပၚတြင္လည္း မ်က္ရည္မ်ားႏွင့္ ျပည့္ႏွက္လာသည္။
ထိုသတင္းကို သိရၿပီးေနာက္တြင္ ဖန႔္ယင္းသည္လည္း သူမကိုယ္သူမ အခန္းတံခါးပိတ္၍ ေနေလေတာ့သည္။ သူမ၏ ရင္ကြဲမတတ္ ေအာ္ငိုသံမ်ားကို အျပင္မွ လူမ်ား ၾကားေနရသည္။
ယဲ့႐ႊင္းအာသည္ ယဲ့ဖန္၏ အခန္းတံခါးေရွ႕၌ တိတ္ဆိတ္စြာ ထိုင္ေနသည္။ သူမ အခ်စ္ရဆုံးေသာ အစ္ကိုႀကီး အိမ္သို႔ ဘယ္ေတာ့မွ ျပန္မလာႏိုင္ေတာ့သည့္ အေၾကာင္းကို သူမ ဆက္တိုက္ ေတြးေတာေနမိသည္။
သူမသည္ သည္အတိုင္းေလး အခန္းတံခါးဝေရွ႕၌ အ႐ူးတစ္ေယာက္လို ေငးေမာ၍ ၾကည့္ေနၿပီး မ်က္ရည္မ်ား အဆက္မျပတ္ က်ဆင္းေနသည္။
“အစ္ကိုႀကီး … ကြၽန္မ အစ္ကိုႀကီးကို သိပ္သတိရတာပဲ … အိမ္ကို ျမန္ျမန္ ျပန္လာပါေတာ့ေနာ္”
“အစ္ကိုႀကီးက ကြၽန္မရဲ႕ မိသားစုဝင္ျဖစ္ၿပီးေတာ့ ကြၽန္မကို ကာကြယ္ေပးပါ့မယ္လို႔ အစ္ကိုႀကီး မေျပာခဲ့ဘူးလား”
“ဝါး … ဝါး … အစ္ကိုႀကီး … အစ္ကိုႀကီး ကြၽန္မေခါင္းကို ပြတ္ေပးရင္ ကြၽန္မ သေဘာက်တယ္ … အစ္ကိုႀကီး ရင္ခြင္ထဲ လွဲေနရတာကိုလည္း သေဘာက်တယ္ … ကြၽန္မ အစ္ကိုႀကီးရဲ႕ ကိုယ္နံ႔ကို သေဘာက်တယ္ … ကြၽန္မ … “
႐ႊင္းအာ ျဗဳန္းခနဲ ထေအာ္ငိုေလေတာ့သည္။ သူမသည္ ႏွစ္ေထာင္ႏွင့္ခ်ီ၍ ေစာင့္ေမွ်ာ္ေနႏိုင္ဟန္ျဖင့္ ယဲ့ဖန္၏ အခန္းတံခါးေရွ႕ ၾကမ္းျပင္၌ လွဲေနေလသည္။
….
ထိုအခ်ိန္တြင္ အနက္ေရာင္ ဇာပုဝါ လႊမ္းၿခဳံထားေသာ မိန္းမပ်ိဳေလး ဦးေဆာင္သည့္ အရိပ္သုံးခုက ယဲ့ဖန္၏ အိမ္ေတာ္တြင္းသို႔ သရဲတေစၦကဲ့သို႔ ဝင္ေရာက္လာသည္ကို မည္သူမွ် သတိမထားမိၾကပါ။
သူမ ျဖတ္သြားသည့္ အိမ္ေတာ္၏ ေထာင့္ေနရာတိုင္းႏွင့္ ၿခံဝန္းေနရာတိုင္းရွိ ေက်ာက္တုံးႏွင့္ သစ္ပင္ပန္းမန္မ်ားအား သူမ၏ သြယ္လ်ေသာ လက္ေလးျဖင့္ ထိေတြ႕သြားသည္။
သူမသည္ တေစၦလိုပင္။ မည္သူမွ် သူမကို မျမင္ႏိုင္သလို၊ မည္သူမွ်လည္း သူမကို ရွာမေတြ႕ႏိုင္ပါ။
“ဒီေနရာပဲ … ဒီေနရာမွ ငါ သုံးလတိတိ ေနခဲ့တာ … အခ်ိဳၿမိန္ဆုံး သုံးလတာ ကာလေပါ့ …”
သလင္းေက်ာက္ကဲ့သို႔ ၾကည္လင္ေသာ မ်က္ရည္မ်ားက သူမ၏ အနက္ေရာင္ ဇာပုဝါေအာက္မွ စီးက်လာသည္။ သူမအသံတြင္ အဆုံးမရွိေသာ ဝမ္းနည္း ပူေဆြးမႈမ်ား ေပ်ာ္ဝင္ေန၏။
“ဒီအခန္းေလးက ငါနဲ႔ ေမာင္ငယ္ေလးတို႔ အတူေနခဲ့တဲ့ ေနရာေလးပဲ … ဖုန္ေတြသဲေတြကို ငါတို႔ အိပ္ရာအျဖစ္ မွတ္ယူခဲ့ၿပီးေတာ့ ေျခာက္ေသြ႕ေနတဲ့ ျမက္ပင္ေတြကို ငါတို႔ရဲ႕ ေစာင္အျဖစ္ သေဘာထားခဲ့ၾကတာ … ဒါေပမယ့္ ငါတို႔ ညတိုင္း ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ႏိုင္ခဲ့ၾကတာပဲ”
မိန္းမပ်ိဳေလးက အခန္းကို ၾကည့္ေနရင္း မြန္းက်ပ္လာသည္။
“အဲ့အပင္က ငါနဲ႔ ေမာင္ငယ္ေလးတို႔ အတူတူ စိုက္ခဲ့တဲ့ အပင္ေလးပဲ … အဲ့ဒါေတာ္ ေတာ္ေတာ္ႀကီးလာၿပီပဲ”
“ၿပီးေတာ့ ဒီေက်ာက္တုံး အပိုင္းအစေလး … ဒီဟာေပၚမွ ငါတို႔ ျဖဴစင္စြာနဲ႔ စာလုံးေတြ ေရးထြင္းၾကၿပီး မိသားစုအျဖစ္ ေနထိုင္ၿပီး တစ္ေယာက္ကို တစ္ေယာက္ ထာဝရ ေစာင့္ေရွာက္ပါမယ္လို႔ သစၥာဆိုခဲ့ၾကတယ္”
မိန္းမပ်ိဳေလးက တစ္လွမ္းခ်င္း လွမ္းလာတိုင္း ေရ႐ြတ္ေနသည္။ ႐ုတ္တရက္ သူမ ေဆာင့္ေၾကာင့္ထိုင္ခ်ကာ ရႈိက္ငိုေလေတာ့သည္။
“ဘာေၾကာင့္လဲ … ဘာလို႔ ရွင္ ထြက္သြားၿပီး ကြၽန္မတို႔အိမ္ေလးကို အထီးက်န္‌ေအာင္ ထားခဲ့ရတာလဲ”
“ဘာေၾကာင့္လဲ … ဘာလို႔ ယြမ္အာကို ရွင္ တစ္ေယာက္တည္း ထားခဲ့ရတာလဲ …”
“ဘာလို႔လဲ”
မိန္းမပ်ိဳေလးသည္ ဝမ္းနည္းစိတ္ႏွင့္ ေဒါသစိတ္တို႔ေၾကာင့္ သူမ ႏွလုံးသားေလး တစ္စစီ ဆြဲၿဖဲခံေနရသလို ခံစားရကာ အႀကီးအက်ယ္ ငိုေႂကြးေလေတာ့သည္။
ညအဖြဲ႕ဝင္တိုင္း ထိုငိုသံကို ၾကားေနရသည္။ သို႔ေသာ္ ဘယ္သူငိုေနတာလဲဆိုတာကိုေတာ့ သူတို႔ မျမင္ႏိုင္ၾကေပ။
အခ်ိန္အေတာ္ၾကာၿပီးေနာက္ မိန္းမပ်ိဳေလး ငိုေနရာမွ ရပ္သြားသည္။ ထို႔ေနာက္ သူ အိမ္ေတာ္ထဲမွ ျဖည္းျဖည္းခ်င္း ထြက္ခြာလာခဲ့၏။
တံခါးဝကို သူမ ျဖတ္ေက်ာ္လာခဲ့ၿပီးေနာက္ သူမ ေနာက္ျပန္လွည့္ကာ သူမအိမ္ကို အေတာ္ၾကာေအာင္ ေငးၾကည့္ေနသည္။ ထို႔ေနာက္ သူမသည္ စမ္းေခ်ာင္းကဲ့သို႔ မ်က္ရည္မ်ား စီးက်လာၿပီး ေျပာလိုက္သည္။
“ေမာင္ငယ္ေလး … မင္း ေသမွာ မဟုတ္ဘူး … ငါ ပိုပိုၿပီး သန္မာလာရေစပါ့မယ္ … တစ္ေန႔ေတာ့ ဘယ္လို အခက္အခဲေတြနဲ႔ပဲ ႀကဳံရႀကဳံရ မင္းကို ျပန္အသက္ရွင္ေအာင္ ငါ ကူညီပါ့မယ္ … ငါ့အသက္ကို ရင္းရမယ္ဆိုရင္ေတာင္မွေပါ့”
ထိုသို႔ေျပာၿပီးေနာက္ သူမသည္ သူမလက္ေခ်ာင္းကို သြားျဖင့္ ကိုက္ကာ သူမေသြးစက္ကို ေျမႀကီးေပၚသို႔ က်ေစ၍ ေကာင္းကင္ဘုံအား ေသြးသစၥာ က်န္ဆိုလိုက္သည္။
မိန္းမပ်ိဳေလး ထြက္ခြာသြားသည္ကို ၾကည့္ၿပီး သူေတာင္းစားအိုႀကီးက ယန္အာကို ေျပာလိုက္သည္။
“ကမာၻေပၚမွာ အခါးသီးဆုံးအရာက တစ္စုံတစ္ေယာက္က ခ်စ္ရတဲ့သူကို ဆုံးရႈံးလိုက္ရျခင္းပဲ … ဟူး … ကဲ … သြားၾကစို႔”
ထိုသို႔ေျပာၿပီး ႏွစ္ေယာက္သား ထြက္ခြာရန္ ျပင္လိုက္သည္။ ထိုစဥ္ သူေတာင္းစားအိုႀကီးက တန႔္ခနဲ ရပ္သြားကာ ခ်က္ခ်င္း ေနာက္လွည့္၍ ယဲ့ဖန္အခန္းကို လွမ္းၾကည့္လိုက္သည္။
သူ႔မ်က္လုံးမ်ားသည္ ေမွာင္ရိပ္သန္းေသာ အလင္းမ်ားျဖင့္ တလက္လက္ ေတာက္ပေနၿပီး အခန္းနံရံမ်ားကို ေဖာက္ထြင္း၍ ၾကည့္ၿပီးေနာက္ ၾကမ္းျပင္၌ ေထာင္မတ္ေနေသာ ဓားက်ိဳးတစ္လက္ကို ျမင္လိုက္ရသည္။
*ဓားက်ိဳးတစ္လက္ပါလား*
“ဘိုးဘိုး … ဘာျဖစ္တာလဲ”
ယန္အာက ဇေဝဇဝါ မ်က္ႏွာေလးျဖင့္ ေမးလိုက္သည္။ သူေတာင္းစားအိုႀကီးသည္ မ်က္ခုံး ခပ္လႈပ္လႈပ္ ျဖစ္လာသလို ခံစားရၿပီးေနာက္ ျပန္ေျပာလိုက္သည္။
“ဒီေနရာကေန မထြက္သြားခင္ အဲ့ေကာင္ေလးက ဓားက်ိဳးရဲ႕ စိတ္ဝိညာဥ္ကို ဗဟိုျပဳၿပီး ဒ႑ာရီလာအဆင့္ ခုနစ္ေယာက္ရဲ႕ မူလသလင္းေက်ာက္ကို အုတ္ျမစ္အျဖစ္ အသုံးျပဳၿပီး ေသြးစြန္း တိုက္ပြဲဝင္ ဝကၤပါကို ျပဳလုပ္သြားတယ္ … ဒါေပမယ့္ အဲ့ဓားက်ိဳးက နည္းနည္း ထူးဆန္းေနတယ္”
*ဘယ္လို*
သူ႔စကားေၾကာင့္ ယန္အာ၏ မ်က္ႏွာေသးေသးက ခ်က္ခ်င္း ပ်က္ယြင္းသြားသည။ သူမ အဘိုးျဖစ္သူ ထူးဆန္းသည္ဟု ေခၚဆိုေသာ အရာဟူ၍ အနည္းငယ္သာ ရွိခဲ့သည္။ သို႔ေပမဲ့ ယခုအခါတြင္ …
“စည္းတံဆိပ္က က်ိဳးပ်က္ေနၿပီးၿပီလို႔ ငါ ထင္မထားခဲ့မိဘူး … ဒါေပမယ့္ အဲ့ဒါက လက္ရွိမွာ အရမ္း အားနည္းေနေသးတယ္ …”
သူေတာင္းစားအိုႀကီးက ထိတ္လန႔္တၾကား ဆိုလိုက္သည္။ ထို႔ေနာက္ သူသည္ ထိုဓားက်ိဳးအား အလြန္ ေၾကာက္လန႔္သည့္ ဟန္ျဖင့္ ယန္အာ၏ လက္ေမာင္းကို ဆြဲကာ ထြက္ခြာသြားရန္ ျပင္လာသည္။
….
က်န္းရွီၿမိဳ႕သူၿမိဳ႕သားမ်ားက ယဲ့ဖန္၏ ေသဆုံးျခင္းအတြက္ ဝမ္းနည္းကာ ဝမ္းနည္းျခင္း အထိမ္းအမွတ္ ျပဳလုပ္ေနၾကစဥ္တြင္ လူသုံးေယာက္က က်န္းရွီ ျမဴနီစီပယ္ စီနီယာ အလယ္တန္းေက်ာင္း၏ အားကစားကြင္းထဲ၌ ရပ္လို႔ေနၾကသည္။
ထိုသူတို႔သည္ လူျဖဴ လူငယ္တစ္ေယာက္၊ လူျဖဴ မိန္းမပ်ိဳေလးတစ္ေယာက္ႏွင့္ အေရွ႕ေတာင္အာရွ အလွေလးတစ္ေယာက္တို႔ ျဖစ္ၾကသည္။
သူတို႔၏ ေနာက္ခံကိုသာ လူတိုင္း သိသြားၾကပါက သူတို႔ ေသမတတ္ ထိတ္လန႔္သြားၾကေလာက္သည္။ ထိုသူတို႔သည္ကား အေနာက္တိုင္းမွ အလင္းေတာ္ ဘုန္းေတာ္ႀကီး၊ ဥေရာပ၏ နတ္ဘုရားမႏွင့္ ထိုင္းႏိုင္ငံ၏ ေမွာ္နက္နတ္ဘုရားမတို႔ပင္ ျဖစ္ၾကေလသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now