Chapter 339

1K 118 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (23) CHAPTER (339) ဧကရီ၏ နောက်ဆုံးဝှက်ဖဲ

အနောက်တိုင်း တစ္ဆေနတ်ဘုရားသည် ဝိညာဉ်စား ဦးခွံ၏ ဝါးမျိုခြင်းကို ခံလိုက်ရသည်။ အလင်းတော် ဘုန်းတော်ကြီးသည်လည်း အဝေးသို့ ထွက်ပြေးသွားပြီ။
နတ်ဘုရားအဆင့်တွင် တစ်ယောက်သေ၍ တစ်ယောက်က ထွက်ပြေးသွားသည်။ မည်သူမျှ ဤသို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု ထင်မှတ်မထားမိကြပေ။
ယဲ့ဖန်၏ ခက်ထန်သော မေးခွန်းဖြစ်သည့် ‘မင်းတို့ သေဖို့ အဆင်သင့်ပဲလား’ ဟူသော အမေးကြောင့် နတ်ဘုရားမတို့၏ ဧကရီ၊ မဟာ ကာရိုးလ်သခင်ကြီးနှင့် မှော်နက်နတ်ဘုရားမတို့ ကြောက်လန့်ကာ တုန်ယင်လာကြသည်။
“ငါတို့ ဘာလုပ်ကြမလဲ”
မှော်နက်နတ်ဘုရားမ အလွန် ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်။ ယခင်တုန်းက ယဲ့ဖန်ကို အလွယ်တကူ သတ်နိုင်မည်ဟု သူမ ထင်ခဲ့မိသည်။
ထင်မှတ်မထားဘဲ အင်အားအကြီးဆုံး နတ်ဘုရားနှစ်ယောက်ထဲမှ တစ်ယောက် သေဆုံး၍ ကျန်တစ်ယောက်က ထွက်ပြေးသွားသဖြင့် အားနည်းသည့် သူမတို့ သုံးယောက်သာ ကျန်ခဲ့တော့သည်။
ယခုအချိန်တွင် မှော်နက်နတ်ဘုရားမနှင့် မဟာ ကာရိုးလ်သခင်ကြီးတို့သည် မျက်နှာများ ပြာနှမ်း၍ စိတ်မပါဟန် ပေါ်နေသည်။
သို့သော် ယဲ့ဖန်သည် သူတို့အား နောက်ထပ် မည်သို့ လှုပ်ရှားမှုများ ပြုလုပ်မည်ကို စဉ်းစားရန် အချိန်မပေးပေ။
“သွားသေလိုက်တော့”
သူ၏ မိစ္ဆာ မရဏ သံလက်သီးကို ထုတ်ဖော်ပြီးနောက် သူသည် မဟာ ကာရိုးလ် သခင်ကြီးထံသို့ ပြေးဝင်သွားသည်။
ပြင်းထန်သော လေဟုန်ခွင်းသံကြောင့် မဟာ ကာရိုးလ် သခင်ကြီး လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။
သူ အားကုန်သုံး၍ ယဲ့ဖန်၏ လက်သီးချက်အား ခပ်သွက်သွက် ပြန်ထိုးနှက်လိုက်သည်။ ထို့နောက် ထိုနေရာ၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထိပ်တန်း သိုင်းပညာရှင် နှစ်ယောက် ထိပ်တိုက် ရင်ဆိုင်မိသွားကြသည်။
ဝုန်း!
မဟာ ကာရိုးလ် သခင်ကြီးသည် ထိတ်လန့်ဖွယ် အင်အားတစ်ခုကို ခံစားလိုက်မိသည်။ ထို့ပြင် သူသည် သူ့လက်သီးမှ ဂျွတ်ခနဲ မြည်သံကို ကြားလိုက်ရပြီးနောက် သူ့လက်သီးသည်လည်း တစ်စစီ ကျိုးပဲ့သွား၏။
ထို့ပြင် ထိုထိတ်လန့်ဖွယ် အင်အားသည် သူ၏ လက်မောင်းတစ်ခုလုံးသို့ ပျံ့နှံ့လာပြီး သူ့လက်မောင်းတစ်ဘက်လုံး ပေါက်ကွဲသွားသည်။
ထို့နောက် သူ့ခန္ဓာကိုယ်တစ်ဝက် ကွဲထွက်သွားကာ သူ၏ ရဲရဲနီနေသော သွေးများက မြေကြီးပေါ် စိမ့်၍ စီးကျလာသည်။
ဆိုးရွားစွာ ကိုယ်အင်္ဂါ ပြတ်တောက်သွားပြီးနောက် အော်သံနှင့်အတူ မဟာ ကာရိုးလ် သခင်ကြီး၏ ကျန်ကိုယ်တစ်ဝက်သည် မြေကြီးပေါ် ပြုတ်ကျလာသည်။
အလွန့်ကို ချောက်ချားဖွယ် ကောင်းလှသည်။
လက်သီးချက် တစ်ချက်တည်းနှင့် ယဲ့ဖန်က မဟာ ကာရိုးလ်သခင်ကြီးအား အကြီးအကျယ် ထိခိုက်အောင် လုပ်နိုင်သွားခဲ့သည်။
တိုက်ခိုက်မှုသည် အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။ ဘေးပတ်လည်မှ အခြားသူများအားလုံး သွေးသံတရဲရဲ မြင်ကွင်းကြောင့် လုံးဝကို သွေးပျက်သွားကြသည်။
မဟာ ကာရိုးလ်သခင်ကြီး၏ အော်သံများကို ကြားပြီးနောက် အခြားသူများအားလုံး ချမ်းစိမ့်စိမ့် ဖြစ်လာရသည်။
တစ်ချိန်တည်းမှာပင် မိုရိုသွေးစွန်းတစ္ဆေ၊ အမှောင်သခင်နှင့် ကျိုချင်းချန်တို့က နတ်ဘုရားမတို့၏ ဧကရီနှင့် မှော်နက် နတ်ဘုရားမတို့အား ဆက်၍ တိုက်ခိုက်လာသည်။
“သတ်၊သတ်၊သတ်”
သူတို့သည် သူတို့၏ ခွန်အားကို အပြည့်ထုတ်သုံးကာ အသေသတ်နိုင်သော တိုက်ကွက်များဖြင့် နတ်ဘုရားအဆင့် နှစ်ယောက်အား တိုက်ခိုက်လာကြသည်။
ထို့ကြောင့် နတ်ဘုရားမတို့၏ ဧကရီနှင့် မှော်နက်နတ်ဘုရားမတို့ ဒဏ်ရာများ ရလာကြပြီး သွေးများ ပန်းထွက်လာသည်။
နတ်ဘုရားအဆင့် နှစ်ယောက်သည် အလွန်စူးရှလှသည့် နာကျင်မှုကြောင့် ဒေါသအိုး‌ ပေါက်ကွဲလို့လာသည်။
ဤသည်ကို ကြည့်ပြီး နတ်ဘုရားမမြို့တော်ထဲမှ အခြားသူများ ကြောက်လန့်ကာ အသက်ပင် မရှူနိုင်တော့ပေ။
*ငါတို့တော့ ကြွတော့မှာပဲ*
တစ်ကမ္ဘာလုံး၌ နှစ်တစ်ထောင်နီးပါး နာမည်ကျော်ကြားခဲ့သည့် နတ်ဘုရားမ မြို့တော်၏ ကမ္ဘာပျက်မည့်နေ့သို့ ရောက်လာပြီ ဖြစ်ကြောင်း သူတို့ သတိပြုလိုက်မိသည်။
အခြားသူများသည် သူတို့‌ ရေခဲအိမ်၌ ရောက်သွားသကဲ့သို့ အေးစိမ့်စိမ့် ဖြစ်လာကြသည်။ ခဲလ်ဆာနှင့် သူ့လူများ အံ့အားသင့်နေကြ၏။
အော်ဟစ်နေသော မဟာ ကာရိုးလ် သခင်ကြီးနှင့် သွေးအလိမ်းလိမ်း ဖြစ်နေသော နတ်ဘုရားမတို့၏ ဧကရီတို့ကို ကြည့်ပြီး သူတို့၌ မည်သည့်အခွင့်အရေးမျှ မရှိတော့သလို ခံစားလာရသည်။
“မဖြစ်နိုင်ဘူး … နတ်ဘုရားမမြို့တော်က ကမ္ဘာတစ်ဝန်းမှာ ပြိုင်ဘက်ကင်းခဲ့တာ၊ ဘယ်လိုလုပ် ငါတို့မြို့တော်က သူ့ရဲ့ ဖယ်ရှားခြင်းကို ခံရနိုင်မှာလဲ”
“နတ်ဆိုးတွေ၊ သူတို့အားလုံးက နတ်ဆိုးတွေပဲ”
ခဲလ်ဆာသည် ပြာနှမ်းနေသော မျက်နှာနှင့် မြေကြီးပေါ် ဖင်ထိုင်ရက် လဲကျသွားသည်။ သူ အသေးအဖွဲကောင်ဟု သတ်မှတ်ထားသော လူက နတ်ဘုရားမမြို့တော်တစ်ခုလုံးအား သုတ်သင် တော့မည်ဟု သူ လုံးဝ မယုံကြည်နိုင်သေးပါ။
“အား...အား...အား...”
ထိုစဉ် စူးခနဲ အော်သံတစ်ခုကို သူတို့ ကြားလိုက်ရသည်။ ထို့နောက် နတ်ဘုရားမတို့၏ ဧကရီထံမှ လက်မောင်းတစ်ဘက်ကို အမှောင်သခင်က ဆွဲဖြုတ်လိုက်သည်ကို သူတို့ မြင်လိုက်ရသည်။
ထို့နောက်တွင် သူမ၏ ပြတ်ထွက်သွားသော လက်မောင်းတစ်ဘက်က အဝေးသို့ လွင့်ထွက် သွားလေတော့သည်။
“နင် ငါ့ကို ဒီလိုလုပ်ရအောင် အတင်းလုပ်တာ။ နင် ငါ့ကို ဒီလိုလုပ်ရအောင် အတင်းလုပ်တာပဲ”
နတ်ဘုရားမတို့၏ ဧကရီက ဧကရီတစ်ပါး၏ မြင့်မြတ်သော ဟန်ပန်မှ ဝေးကွာကာ ဖိုသီဖတ်သီ အမူအရာနှင့် ကြုံးဝါးလာသည်။
သူမပုံစံက အရူးလိုပင်။
ယဲ့ဖန်နှင့် ယဲ့ဖန်ဘက်မှ နတ်ဘုရားအဆင့်များကို မီးဝင်းဝင်းတောက်နေသော အကြည့်များဖြင့် ကြည့်ကာ အလွန် နာကြည်းမုန်းတီးဟန်ဖြင့် ပြောလိုက်သည်။
“နင်က နတ်ဘုရားမမြို့တော်ကို ရှင်းလင်းချင်မှတော့ အတူတူ ပျောက်ကွယ်ကြတာပေါ့”
*ဘာ*
သူမ၏ ကြုံးဝါးသံကြောင့် အားလုံး ထိတ်လန့်သွားကြသည်။
*သူမမှာ ဝှက်ဖဲရှိတာလား*
*ဧကရီမှာ ဝှက်ဖဲရှိတယ်ဆို ဘာလို့ အစောကတည်းက ထုတ်မသုံးတာလဲ*
အားလုံးသည် သူမစကားကို မယုံသင်္ကာ ဖြစ်နေကြသည်။ သို့သော် နောက်ဆက်တွဲ အဖြစ်အပျက်က အားလုံးကို မျက်လုံးပြူးသွားစေရသည်။
နတ်ဘုရားမတို့၏ ဧကရီသည် သူမ၏ ကျန်ရှိနေသော လက်တစ်ဘက်ဖြင့် သူမနဖူး အလယ်တည့်တည့်ကို ထိ၍ ပြောလာသည်။
“အနောက်ဘက် ကောင်းကင်ဘုံငယ် နတ်ဘုရားများကို ဂါဝရပြုပါတယ်၊ နတ်ဘုရားမမြို့တော်က အနောက်ဘက် ကောင်းကင်ဘုံ အရှင်ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေခဲ့တာ နှစ်တစ်ထောင်နီးပါး ရှိခဲ့ပါပြီ။ အခု ကျွန်မတို့ ကပ်ဘေးတစ်ခုနဲ့ ရင်ဆိုင်နေရပြီး သုတ်သင်ခံရပါတော့မယ်”
“နတ်ဘုရားမမြို့တော်ရဲ့ ဧကရီဖြစ်ပြီး သင့်ရဲ့ ကျိုးနွံတဲ့ အစေခံလည်း ဖြစ်တဲ့ မန်ရှန်က ကိုယ့်ရဲ့ နတ်ဘုရားအဆင့် အမြုတေကို သုံးပြီး အနောက်ဘက် ကောင်းကင်ဘုံရဲ့ ဂိတ်တံခါးကို ဖွင့်ချင်ပါတယ်။ အရှင် ... ကျေးဇူးပြု၍ ကိုယ်ထင်ပြပေးပြီးတော့ နတ်ဘုရားမြို့တော်ရဲ့ ဆုံးရှုံးမှုတွေအတွက် လူသတ်သမားတွေကို လက်စားချေပေးပါ”
သူမစကားကို ကြားပြီးနောက် အခြားသူများ အလွန် မှင်တက်သွားကြသည်။
*အရှင်*
နတ်ဘုရားမ၏ နောက်လိုက်တိုင်းသည် အလွန် ထိတ်လန့်သွားသော မျက်နှာထားဖြင့် ရေရွတ် လိုက်မိကြသည်။
မြင့်မြတ်သော နတ်ဘုရားမတို့၏ ဧကရီက အရှင်သခင်တစ်ယောက်၏ အစေခံဖြစ်နေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားမိခဲ့ကြပေ။
*မ...မဖြစ်နိုင်လိုက်တာ*
သို့သော် နတ်ဘုရားမတို့၏ ဧကရီသည် အခြားသူများ၏ အပြုအမူများကို မသိကျိုးကျွန် ပြုထားကာ မြေကြီးပေါ်၌ လေးဘက်ထောက်ထားသည်။
ဂျွတ်!
သူမသည် သူမ၏ နတ်ဘုရား အမြုတေကို ရက်စက်စွာ ထုတ်ယူလိုက်သည်။
တောက်! တောက်!
နီရဲနေသော သွေးများက သူမ၏ နတ်ဘုရားအဆင့် အမြုတေမှ တစ်စက်စက် ကျနေသဖြင့် သွေးပျက်ဖွယ်ကောင်းလှသည်။
ထိုစဉ် အားလုံး၏ အကြည့်များအောက်မှာပင် နတ်ဘုရားမမြို့တော်၏ အမြင့်ဆုံး မြင့်မြတ်သော မျှော်စင်မှ ပဲစေ့ခန့် အဖြူရောင် အလင်းတန်း ဆင်းသက်လာပြီး နတ်ဘုရားအဆင့် အမြုတေပေါ်သို့ ရောင်ပြန်ကျရောက်လာသည်။
ထို့နောက် မြို့တစ်ခုလုံးအား မိုးကောင်းကင်မှ တောက်ပစွာ အလင်းတန်းများ လွှမ်းခြုံသွားးသည်။ ထိုအရာသည် ကမ္ဘာခြား အာကာသ ဟင်းလင်းပြင်၏ ကျယ်ပြောသော ဧရိယာ ဖြစ်သည်။
များစွာသော ဖြစ်ထွန်းစည်ပင်သည့် ဂြိုဟ်များက ဖြည်းညှင်းစွာ လည်ပတ်နေပြီး ထိုဂြိုဟ်များ၌ ကြောက်မက်ဖွယ် ကောင်းသော သက်ရှိများစွာ တည်ရှိနေသည်။
ထို့ပြင် သရဖူနှင့် ဆံဖြူအဘိုးအို တစ်ယောက်သည် ထိတ်လန့်ဖွယ်ကောင်းသည့် သိုင်းပညာရှင်များ နှင့်အတူ ရုတ်တရက် ထွက်ပေါ်လာသည်။
သူတို့အဖွဲ့သည် လင်းလက်နေသော ကောင်းကင်မှ ကောင်းကင်ဘုံ နတ်ဘုရားများကဲ့သို့ လွင့်မျောကာ ရောက်ရှိလာသည်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များက ဟင်းလင်းပြင်တစ်ခုလုံးကို ပုံပျက်သွားစေသည်။
“ဘယ်သူက သောင်းကျန်းနေတာလဲ။ အနောက်ဘက် ကောင်းကင်ဘုံဂိတ်တံခါးရဲ့ မြို့တော်က ကျေးကျွန်တွေကို သုတ်သင်ဖို့ စိတ်ကူးထဲတောင် မထည့်နဲ့”
ထိုစဉ် ကောင်းကင်ဘုံ၏ ခွန်အားများ ပါဝင်သော အသံတစ်သံက အားလုံး၏ နားထဲသို့ ရိုက်ခတ်လာသည်။
ထို့နောက် အားလုံး၏ အံ့ဩနေသော အကြည့်များအောက်တွင် သရဖူနှင့် အဘိုးအိုက ရှေ့သို့ တစ်လှမ်းတိုးလာပြီးနောက် သူ၏ ကိုယ်ပွားက ဟင်းလင်းပြင် ဂိတ်တံခါးကို ဖြတ်သန်းလာသည်။
ဝုန်း!
ထိုမြင်ကွင်းကြောင့် အားလုံး အလွန် အံ့အားသင့်သွားကြသည်။
*နတ်ဘုရား*
*သူက တကယ့် နတ်ဘုရားပဲ*
သို့သော် သူသည် နတ်ဘုရားအဆင့်နှင့် မတူပေ။ သူ၏ ကိုယ်ပွားမှ ခွန်အားနှင့်ပင် သူ့နောက်လိုက်များ အားလုံးကို လေးဘက်ထောက် ဝပ်တွားသွားစေနိုင်သည်။
မည်မျှ လွှမ်းမိုးနိုင်သည့် ချီဓာတ်ပါလိမ့်။
သူ၏ ကိုယ်ပွားပင် ဖြစ်သော်ငြားလည်း ကမ္ဘာတစ်ခုလုံးအား လက်သီး တစ်ချက်တည်းဖြင့် ပေါက်ကွဲသွားအောင် လုပ်နိုင်သည်။
သူ၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်က လူတိုင်းကို လိပ်ပြာလွင့်မတတ် ထိတ်လန့် သွားစေသည်။ ဤသည်ကို ကြည့်ပြီး နတ်ဘုရားမတို့၏ ဧကရီက အားတက်လာသည်။
သူနှင့် ရင်မဆိုင်ရဲသဖြင့် သူမ လေးဘက်ထောက်ထားမိသည်။ သူမ အသံက တုန်ယင်လို့နေသည်။
“ကြိုဆိုပါတယ် ကောင်းကင် ဂိတ်တံခါး အရှင်၊ ကျေးဇူးပြုပြီး ဒီလူသတ်သမားတွေကို သတ်ပြီး ကျွန်မတို့ကို ကူညီပေးပါ”
ထို့အတူ အပြင်းအထန် ဒဏ်ရာရထားသော နတ်ဘုရားမ အယောက်နှစ်ဆယ်လုံးသည်လည်း လေးဘက်ထောက်၍ ကျယ်လောင်စွာ အော်ပြောလာသည်။
“အရှင် ကျေးဇူးပြုပြီး ဒီလူသတ်သမားတွေကို သတ်ပေးပါ”
….
သူတို့၏ ရူးမတတ် အော်သံများက နတ်ဘုရားမမြို့တော်အနှံ့ ပျံ့နှံ့သွားသည်။ သူတို့၏ အသံများကို နားထောင်ပြီးနောက် အဘိုးအို၏ ကိုယ်ပွားသည် လေထုထဲသို့ ကြမ်းကြုတ်သော ချီဓာတ်ကို ဖြန့်လွှင့်လိုက်ရင်း ယဲ့ဖန်ကို စိုက်ကြည့်လာသည်။
သို့သော် ယဲ့ဖန်ကို လှမ်းကြည့်ပြီးသည်နှင့် သူ၏ ကိုယ်ပွားသည် တုန်ယင်လာပြီး သူ၏ အိုမင်းနေသော မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်လာသည်။
#Zawgyi
စာစဥ္ (23) CHAPTER (339) ဧကရီ၏ ေနာက္ဆုံးဝွက္ဖဲ
အေနာက္တိုင္း တေစၦနတ္ဘုရားသည္ ဝိညာဥ္စား ဦးခြံ၏ ဝါးမ်ိဳျခင္းကို ခံလိုက္ရသည္။ အလင္းေတာ္ ဘုန္းေတာ္ႀကီးသည္လည္း အေဝးသို႔ ထြက္ေျပးသြားၿပီ။
နတ္ဘုရားအဆင့္တြင္ တစ္ေယာက္ေသ၍ တစ္ေယာက္က ထြက္ေျပးသြားသည္။ မည္သူမွ် ဤသို႔ေသာ ရလဒ္မ်ိဳး ျဖစ္လာလိမ့္မည္ဟု ထင္မွတ္မထားမိၾကေပ။
ယဲ့ဖန္၏ ခက္ထန္ေသာ ေမးခြန္းျဖစ္သည့္ ‘မင္းတို႔ ေသဖို႔ အဆင္သင့္ပဲလား’ ဟူေသာ အေမးေၾကာင့္ နတ္ဘုရားမတို႔၏ ဧကရီ၊ မဟာ ကာ႐ိုးလ္သခင္ႀကီးႏွင့္ ေမွာ္နက္နတ္ဘုရားမတို႔ ေၾကာက္လန႔္ကာ တုန္ယင္လာၾကသည္။
“ငါတို႔ ဘာလုပ္ၾကမလဲ”
ေမွာ္နက္နတ္ဘုရားမ အလြန္ ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ေနသည္။ ယခင္တုန္းက ယဲ့ဖန္ကို အလြယ္တကူ သတ္ႏိုင္မည္ဟု သူမ ထင္ခဲ့မိသည္။
ထင္မွတ္မထားဘဲ အင္အားအႀကီးဆုံး နတ္ဘုရားႏွစ္ေယာက္ထဲမွ တစ္ေယာက္ ေသဆုံး၍ က်န္တစ္ေယာက္က ထြက္ေျပးသြားသျဖင့္ အားနည္းသည့္ သူမတို႔ သုံးေယာက္သာ က်န္ခဲ့ေတာ့သည္။
ယခုအခ်ိန္တြင္ ေမွာ္နက္နတ္ဘုရားမႏွင့္ မဟာ ကာ႐ိုးလ္သခင္ႀကီးတို႔သည္ မ်က္ႏွာမ်ား ျပာႏွမ္း၍ စိတ္မပါဟန္ ေပၚေနသည္။
သို႔ေသာ္ ယဲ့ဖန္သည္ သူတို႔အား ေနာက္ထပ္ မည္သို႔ လႈပ္ရွားမႈမ်ား ျပဳလုပ္မည္ကို စဥ္းစားရန္ အခ်ိန္မေပးေပ။
“သြားေသလိုက္ေတာ့”
သူ၏ မိစာၦ မရဏ သံလက္သီးကို ထုတ္ေဖာ္ၿပီးေနာက္ သူသည္ မဟာ ကာ႐ိုးလ္ သခင္ႀကီးထံသို႔ ေျပးဝင္သြားသည္။
ျပင္းထန္ေသာ ေလဟုန္ခြင္းသံေၾကာင့္ မဟာ ကာ႐ိုးလ္ သခင္ႀကီး လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္သြားသည္။
သူ အားကုန္သုံး၍ ယဲ့ဖန္၏ လက္သီးခ်က္အား ခပ္သြက္သြက္ ျပန္ထိုးႏွက္လိုက္သည္။ ထို႔ေနာက္ ထိုေနရာ၌ ေပါက္ကြဲမႈတစ္ခု ျဖစ္ေပၚလာသည္။ ထိပ္တန္း သိုင္းပညာရွင္ ႏွစ္ေယာက္ ထိပ္တိုက္ ရင္ဆိုင္မိသြားၾကသည္။
ဝုန္း!
မဟာ ကာ႐ိုးလ္ သခင္ႀကီးသည္ ထိတ္လန႔္ဖြယ္ အင္အားတစ္ခုကို ခံစားလိုက္မိသည္။ ထို႔ျပင္ သူသည္ သူ႔လက္သီးမွ ဂြၽတ္ခနဲ ျမည္သံကို ၾကားလိုက္ရၿပီးေနာက္ သူ႔လက္သီးသည္လည္း တစ္စစီ က်ိဳးပဲ့သြား၏။
ထို႔ျပင္ ထိုထိတ္လန႔္ဖြယ္ အင္အားသည္ သူ၏ လက္ေမာင္းတစ္ခုလုံးသို႔ ပ်ံ႕ႏွံ႔လာၿပီး သူ႔လက္ေမာင္းတစ္ဘက္လုံး ေပါက္ကြဲသြားသည္။
ထို႔ေနာက္ သူ႔ခႏၶာကိုယ္တစ္ဝက္ ကြဲထြက္သြားကာ သူ၏ ရဲရဲနီေနေသာ ေသြးမ်ားက ေျမႀကီးေပၚ စိမ့္၍ စီးက်လာသည္။
ဆိုး႐ြားစြာ ကိုယ္အဂၤါ ျပတ္ေတာက္သြားၿပီးေနာက္ ေအာ္သံႏွင့္အတူ မဟာ ကာ႐ိုးလ္ သခင္ႀကီး၏ က်န္ကိုယ္တစ္ဝက္သည္ ေျမႀကီးေပၚ ျပဳတ္က်လာသည္။
အလြန႔္ကို ေခ်ာက္ခ်ားဖြယ္ ေကာင္းလွသည္။
လက္သီးခ်က္ တစ္ခ်က္တည္းႏွင့္ ယဲ့ဖန္က မဟာ ကာ႐ိုးလ္သခင္ႀကီးအား အႀကီးအက်ယ္ ထိခိုက္ေအာင္ လုပ္ႏိုင္သြားခဲ့သည္။
တိုက္ခိုက္မႈသည္ အလြန္ ထိတ္လန႔္ဖြယ္ေကာင္းလွသည္။ ေဘးပတ္လည္မွ အျခားသူမ်ားအားလုံး ေသြးသံတရဲရဲ ျမင္ကြင္းေၾကာင့္ လုံးဝကို ေသြးပ်က္သြားၾကသည္။
မဟာ ကာ႐ိုးလ္သခင္ႀကီး၏ ေအာ္သံမ်ားကို ၾကားၿပီးေနာက္ အျခားသူမ်ားအားလုံး ခ်မ္းစိမ့္စိမ့္ ျဖစ္လာရသည္။
တစ္ခ်ိန္တည္းမွာပင္ မို႐ိုေသြးစြန္းတေစၦ၊ အေမွာင္သခင္ႏွင့္ က်ိဳခ်င္းခ်န္တို႔က နတ္ဘုရားမတို႔၏ ဧကရီႏွင့္ ေမွာ္နက္ နတ္ဘုရားမတို႔အား ဆက္၍ တိုက္ခိုက္လာသည္။
“သတ္၊သတ္၊သတ္”
သူတို႔သည္ သူတို႔၏ ခြန္အားကို အျပည့္ထုတ္သုံးကာ အေသသတ္ႏိုင္ေသာ တိုက္ကြက္မ်ားျဖင့္ နတ္ဘုရားအဆင့္ ႏွစ္ေယာက္အား တိုက္ခိုက္လာၾကသည္။
ထို႔ေၾကာင့္ နတ္ဘုရားမတို႔၏ ဧကရီႏွင့္ ေမွာ္နက္နတ္ဘုရားမတို႔ ဒဏ္ရာမ်ား ရလာၾကၿပီး ေသြးမ်ား ပန္းထြက္လာသည္။
နတ္ဘုရားအဆင့္ ႏွစ္ေယာက္သည္ အလြန္စူးရွလွသည့္ နာက်င္မႈေၾကာင့္ ေဒါသအိုး‌ ေပါက္ကြဲလို႔လာသည္။
ဤသည္ကို ၾကည့္ၿပီး နတ္ဘုရားမၿမိဳ႕ေတာ္ထဲမွ အျခားသူမ်ား ေၾကာက္လန႔္ကာ အသက္ပင္ မရႉႏိုင္ေတာ့ေပ။
*ငါတို႔ေတာ့ ႂကြေတာ့မွာပဲ*
တစ္ကမာၻလုံး၌ ႏွစ္တစ္ေထာင္နီးပါး နာမည္ေက်ာ္ၾကားခဲ့သည့္ နတ္ဘုရားမ ၿမိဳ႕ေတာ္၏ ကမာၻပ်က္မည့္ေန႔သို႔ ေရာက္လာၿပီ ျဖစ္ေၾကာင္း သူတို႔ သတိျပဳလိုက္မိသည္။
အျခားသူမ်ားသည္ သူတို႔‌ ေရခဲအိမ္၌ ေရာက္သြားသကဲ့သို႔ ေအးစိမ့္စိမ့္ ျဖစ္လာၾကသည္။ ခဲလ္ဆာႏွင့္ သူ႔လူမ်ား အံ့အားသင့္ေနၾက၏။
ေအာ္ဟစ္ေနေသာ မဟာ ကာ႐ိုးလ္ သခင္ႀကီးႏွင့္ ေသြးအလိမ္းလိမ္း ျဖစ္ေနေသာ နတ္ဘုရားမတို႔၏ ဧကရီတို႔ကို ၾကည့္ၿပီး သူတို႔၌ မည္သည့္အခြင့္အေရးမွ် မရွိေတာ့သလို ခံစားလာရသည္။
“မျဖစ္ႏိုင္ဘူး … နတ္ဘုရားမၿမိဳ႕ေတာ္က ကမာၻတစ္ဝန္းမွာ ၿပိဳင္ဘက္ကင္းခဲ့တာ၊ ဘယ္လိုလုပ္ ငါတို႔ၿမိဳ႕ေတာ္က သူ႔ရဲ႕ ဖယ္ရွားျခင္းကို ခံရႏိုင္မွာလဲ”
“နတ္ဆိုးေတြ၊ သူတို႔အားလုံးက နတ္ဆိုးေတြပဲ”
ခဲလ္ဆာသည္ ျပာႏွမ္းေနေသာ မ်က္ႏွာႏွင့္ ေျမႀကီးေပၚ ဖင္ထိုင္ရက္ လဲက်သြားသည္။ သူ အေသးအဖြဲေကာင္ဟု သတ္မွတ္ထားေသာ လူက နတ္ဘုရားမၿမိဳ႕ေတာ္တစ္ခုလုံးအား သုတ္သင္ ေတာ့မည္ဟု သူ လုံးဝ မယုံၾကည္ႏိုင္ေသးပါ။
“အား...အား...အား...”
ထိုစဥ္ စူးခနဲ ေအာ္သံတစ္ခုကို သူတို႔ ၾကားလိုက္ရသည္။ ထို႔ေနာက္ နတ္ဘုရားမတို႔၏ ဧကရီထံမွ လက္ေမာင္းတစ္ဘက္ကို အေမွာင္သခင္က ဆြဲျဖဳတ္လိုက္သည္ကို သူတို႔ ျမင္လိုက္ရသည္။
ထို႔ေနာက္တြင္ သူမ၏ ျပတ္ထြက္သြားေသာ လက္ေမာင္းတစ္ဘက္က အေဝးသို႔ လြင့္ထြက္ သြားေလေတာ့သည္။
“နင္ ငါ့ကို ဒီလိုလုပ္ရေအာင္ အတင္းလုပ္တာ။ နင္ ငါ့ကို ဒီလိုလုပ္ရေအာင္ အတင္းလုပ္တာပဲ”
နတ္ဘုရားမတို႔၏ ဧကရီက ဧကရီတစ္ပါး၏ ျမင့္ျမတ္ေသာ ဟန္ပန္မွ ေဝးကြာကာ ဖိုသီဖတ္သီ အမူအရာႏွင့္ ႀကဳံးဝါးလာသည္။
သူမပုံစံက အ႐ူးလိုပင္။
ယဲ့ဖန္ႏွင့္ ယဲ့ဖန္ဘက္မွ နတ္ဘုရားအဆင့္မ်ားကို မီးဝင္းဝင္းေတာက္ေနေသာ အၾကည့္မ်ားျဖင့္ ၾကည့္ကာ အလြန္ နာၾကည္းမုန္းတီးဟန္ျဖင့္ ေျပာလိုက္သည္။
“နင္က နတ္ဘုရားမၿမိဳ႕ေတာ္ကို ရွင္းလင္းခ်င္မွေတာ့ အတူတူ ေပ်ာက္ကြယ္ၾကတာေပါ့”
*ဘာ*
သူမ၏ ႀကဳံးဝါးသံေၾကာင့္ အားလုံး ထိတ္လန႔္သြားၾကသည္။
*သူမမွာ ဝွက္ဖဲရွိတာလား*
*ဧကရီမွာ ဝွက္ဖဲရွိတယ္ဆို ဘာလို႔ အေစာကတည္းက ထုတ္မသုံးတာလဲ*
အားလုံးသည္ သူမစကားကို မယုံသကၤာ ျဖစ္ေနၾကသည္။ သို႔ေသာ္ ေနာက္ဆက္တြဲ အျဖစ္အပ်က္က အားလုံးကို မ်က္လုံးျပဴးသြားေစရသည္။
နတ္ဘုရားမတို႔၏ ဧကရီသည္ သူမ၏ က်န္ရွိေနေသာ လက္တစ္ဘက္ျဖင့္ သူမနဖူး အလယ္တည့္တည့္ကို ထိ၍ ေျပာလာသည္။
“အေနာက္ဘက္ ေကာင္းကင္ဘုံငယ္ နတ္ဘုရားမ်ားကို ဂါဝရျပဳပါတယ္၊ နတ္ဘုရားမၿမိဳ႕ေတာ္က အေနာက္ဘက္ ေကာင္းကင္ဘုံ အရွင္ရဲ႕ ကာကြယ္မႈေအာက္မွာ ရွိေနခဲ့တာ ႏွစ္တစ္ေထာင္နီးပါး ရွိခဲ့ပါၿပီ။ အခု ကြၽန္မတို႔ ကပ္ေဘးတစ္ခုနဲ႔ ရင္ဆိုင္ေနရၿပီး သုတ္သင္ခံရပါေတာ့မယ္”
“နတ္ဘုရားမၿမိဳ႕ေတာ္ရဲ႕ ဧကရီျဖစ္ၿပီး သင့္ရဲ႕ က်ိဳးႏြံတဲ့ အေစခံလည္း ျဖစ္တဲ့ မန္ရွန္က ကိုယ့္ရဲ႕ နတ္ဘုရားအဆင့္ အျမဳေတကို သုံးၿပီး အေနာက္ဘက္ ေကာင္းကင္ဘုံရဲ႕ ဂိတ္တံခါးကို ဖြင့္ခ်င္ပါတယ္။ အရွင္ ... ေက်းဇူးျပဳ၍ ကိုယ္ထင္ျပေပးၿပီးေတာ့ နတ္ဘုရားၿမိဳ႕ေတာ္ရဲ႕ ဆုံးရႈံးမႈေတြအတြက္ လူသတ္သမားေတြကို လက္စားေခ်ေပးပါ”
သူမစကားကို ၾကားၿပီးေနာက္ အျခားသူမ်ား အလြန္ မွင္တက္သြားၾကသည္။
*အရွင္*
နတ္ဘုရားမ၏ ေနာက္လိုက္တိုင္းသည္ အလြန္ ထိတ္လန႔္သြားေသာ မ်က္ႏွာထားျဖင့္ ေရ႐ြတ္ လိုက္မိၾကသည္။
ျမင့္ျမတ္ေသာ နတ္ဘုရားမတို႔၏ ဧကရီက အရွင္သခင္တစ္ေယာက္၏ အေစခံျဖစ္ေနလိမ့္မည္ဟု သူတို႔ ထင္မွတ္မထားမိခဲ့ၾကေပ။
*မ...မျဖစ္ႏိုင္လိုက္တာ*
သို႔ေသာ္ နတ္ဘုရားမတို႔၏ ဧကရီသည္ အျခားသူမ်ား၏ အျပဳအမူမ်ားကို မသိက်ိဳးကြၽန္ ျပဳထားကာ ေျမႀကီးေပၚ၌ ေလးဘက္ေထာက္ထားသည္။
ဂြၽတ္!
သူမသည္ သူမ၏ နတ္ဘုရား အျမဳေတကို ရက္စက္စြာ ထုတ္ယူလိုက္သည္။
ေတာက္! ေတာက္!
နီရဲေနေသာ ေသြးမ်ားက သူမ၏ နတ္ဘုရားအဆင့္ အျမဳေတမွ တစ္စက္စက္ က်ေနသျဖင့္ ေသြးပ်က္ဖြယ္ေကာင္းလွသည္။
ထိုစဥ္ အားလုံး၏ အၾကည့္မ်ားေအာက္မွာပင္ နတ္ဘုရားမၿမိဳ႕ေတာ္၏ အျမင့္ဆုံး ျမင့္ျမတ္ေသာ ေမွ်ာ္စင္မွ ပဲေစ့ခန႔္ အျဖဴေရာင္ အလင္းတန္း ဆင္းသက္လာၿပီး နတ္ဘုရားအဆင့္ အျမဳေတေပၚသို႔ ေရာင္ျပန္က်ေရာက္လာသည္။
ထို႔ေနာက္ ၿမိဳ႕တစ္ခုလုံးအား မိုးေကာင္းကင္မွ ေတာက္ပစြာ အလင္းတန္းမ်ား လႊမ္းၿခဳံသြားးသည္။ ထိုအရာသည္ ကမာၻျခား အာကာသ ဟင္းလင္းျပင္၏ က်ယ္ေျပာေသာ ဧရိယာ ျဖစ္သည္။
မ်ားစြာေသာ ျဖစ္ထြန္းစည္ပင္သည့္ ၿဂိဳဟ္မ်ားက ျဖည္းညႇင္းစြာ လည္ပတ္ေနၿပီး ထိုၿဂိဳဟ္မ်ား၌ ေၾကာက္မက္ဖြယ္ ေကာင္းေသာ သက္ရွိမ်ားစြာ တည္ရွိေနသည္။
ထို႔ျပင္ သရဖူႏွင့္ ဆံျဖဴအဘိုးအို တစ္ေယာက္သည္ ထိတ္လန႔္ဖြယ္ေကာင္းသည့္ သိုင္းပညာရွင္မ်ား ႏွင့္အတူ ႐ုတ္တရက္ ထြက္ေပၚလာသည္။
သူတို႔အဖြဲ႕သည္ လင္းလက္ေနေသာ ေကာင္းကင္မွ ေကာင္းကင္ဘုံ နတ္ဘုရားမ်ားကဲ့သို႔ လြင့္ေမ်ာကာ ေရာက္ရွိလာသည္။ သူတို႔၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ ခ်ီဓာတ္မ်ားက ဟင္းလင္းျပင္တစ္ခုလုံးကို ပုံပ်က္သြားေစသည္။
“ဘယ္သူက ေသာင္းက်န္းေနတာလဲ။ အေနာက္ဘက္ ေကာင္းကင္ဘုံဂိတ္တံခါးရဲ႕ ၿမိဳ႕ေတာ္က ေက်းကြၽန္ေတြကို သုတ္သင္ဖို႔ စိတ္ကူးထဲေတာင္ မထည့္နဲ႔”
ထိုစဥ္ ေကာင္းကင္ဘုံ၏ ခြန္အားမ်ား ပါဝင္ေသာ အသံတစ္သံက အားလုံး၏ နားထဲသို႔ ႐ိုက္ခတ္လာသည္။
ထို႔ေနာက္ အားလုံး၏ အံ့ဩေနေသာ အၾကည့္မ်ားေအာက္တြင္ သရဖူႏွင့္ အဘိုးအိုက ေရွ႕သို႔ တစ္လွမ္းတိုးလာၿပီးေနာက္ သူ၏ ကိုယ္ပြားက ဟင္းလင္းျပင္ ဂိတ္တံခါးကို ျဖတ္သန္းလာသည္။
ဝုန္း!
ထိုျမင္ကြင္းေၾကာင့္ အားလုံး အလြန္ အံ့အားသင့္သြားၾကသည္။
*နတ္ဘုရား*
*သူက တကယ့္ နတ္ဘုရားပဲ*
သို႔ေသာ္ သူသည္ နတ္ဘုရားအဆင့္ႏွင့္ မတူေပ။ သူ၏ ကိုယ္ပြားမွ ခြန္အားႏွင့္ပင္ သူ႔ေနာက္လိုက္မ်ား အားလုံးကို ေလးဘက္ေထာက္ ဝပ္တြားသြားေစႏိုင္သည္။
မည္မွ် လႊမ္းမိုးႏိုင္သည့္ ခ်ီဓာတ္ပါလိမ့္။
သူ၏ ကိုယ္ပြားပင္ ျဖစ္ေသာ္ျငားလည္း ကမာၻတစ္ခုလုံးအား လက္သီး တစ္ခ်က္တည္းျဖင့္ ေပါက္ကြဲသြားေအာင္ လုပ္ႏိုင္သည္။
သူ၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ ခ်ီဓာတ္က လူတိုင္းကို လိပ္ျပာလြင့္မတတ္ ထိတ္လန႔္ သြားေစသည္။ ဤသည္ကို ၾကည့္ၿပီး နတ္ဘုရားမတို႔၏ ဧကရီက အားတက္လာသည္။
သူႏွင့္ ရင္မဆိုင္ရဲသျဖင့္ သူမ ေလးဘက္ေထာက္ထားမိသည္။ သူမ အသံက တုန္ယင္လို႔ေနသည္။
“ႀကိဳဆိုပါတယ္ ေကာင္းကင္ ဂိတ္တံခါး အရွင္၊ ေက်းဇူးျပဳၿပီး ဒီလူသတ္သမားေတြကို သတ္ၿပီး ကြၽန္မတို႔ကို ကူညီေပးပါ”
ထို႔အတူ အျပင္းအထန္ ဒဏ္ရာရထားေသာ နတ္ဘုရားမ အေယာက္ႏွစ္ဆယ္လုံးသည္လည္း ေလးဘက္ေထာက္၍ က်ယ္ေလာင္စြာ ေအာ္ေျပာလာသည္။
“အရွင္ ေက်းဇူးျပဳၿပီး ဒီလူသတ္သမားေတြကို သတ္ေပးပါ”
….
သူတို႔၏ ႐ူးမတတ္ ေအာ္သံမ်ားက နတ္ဘုရားမၿမိဳ႕ေတာ္အႏွံ႔ ပ်ံ႕ႏွံ႔သြားသည္။ သူတို႔၏ အသံမ်ားကို နားေထာင္ၿပီးေနာက္ အဘိုးအို၏ ကိုယ္ပြားသည္ ေလထုထဲသို႔ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္ကို ျဖန႔္လႊင့္လိုက္ရင္း ယဲ့ဖန္ကို စိုက္ၾကည့္လာသည္။
သို႔ေသာ္ ယဲ့ဖန္ကို လွမ္းၾကည့္ၿပီးသည္ႏွင့္ သူ၏ ကိုယ္ပြားသည္ တုန္ယင္လာၿပီး သူ၏ အိုမင္းေနေသာ မ်က္ႏွာက ျဖဴဖတ္ျဖဴေရာ္ ျဖစ္လာသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now