Chapter 225

1.4K 174 0
                                    

ငရဲမှလာ​သောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (15) Chapter (225) ဒဏ္ဍာရီအဆင့် သိုင်းသမားအား ဖြိုခွင်းခြင်း

"မင်း သေချင်နေတာပဲ"

ထိုအရိုးကွဲမတတ် အသံအား ကြားလိုက်ရပြီးနောက် မဟာဝူနတ်ဘုရား၏ အိုမင်းနေသော ခန္ဓာကိုယ်သည် ချက်ချင်း တုန်ယင်သွားသည်။

ထို့နောက် သူ နောက်လှည့်ကြည့်လိုက်သောအခါ အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက် ဖြည်းဖြည်းချင်း နီးကပ်လာသည်ကို တွေ့လိုက်ရသည်။

*အမ်*

မဟာ ဝူနတ်ဘုရားက မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

"မင်း ဘယ်သူလဲ"

ထိုလူငယ် နီးကပ်လာသည်နှင့်အမျှ ဝူပီတ၊ ယွမ်ထျန့်ထျန်းရီနှင့် သူတို့လူများသည် ဘာကြောင့်မှန်းမသိ ထွက်ပြေးသွားပုံ ရသည်။

သို့သော် ယဲ့ဖန်ကို သူ တစ်ခါမှ မမြင်ခဲ့ဖူးသလို ဆရာသခင် တစ်ပိုင်းအဆင့်က ဝင်ရောက်လာနိုင်မည် ဟုလည်း ထင်မှတ်မထားမိပါ။

"ဟေ့ကောင်လေး …. မင်း ငါ့အရှင်ရဲ့ သွေးယဇ်ပူဇော်ပွဲကို နှောင့်ယှက်မိရင် မင်း နတ်ဆိုးတောင်ကြားကနေ ထွက်သွားလို့ မရဘူးဆိုတာ သတိမထားမိဘူးလား"

မဟာဝူနတ်ဘုရားက ယဲ့ဖန်အား သေလူဟု သတ်မှတ်ကာ မျက်လုံးမှ အေးစက်စက် အလင်းများ ဖြာထွက်လျက် ပြောလိုက်သည်။

ထိုစဉ် ယဲ့ဖန်က လက်တစ်ချက် လှုပ်လိုက်သောအခါ ဆရာသခင်အဆင့်များ၏ မူလ သလင်းကျောက်များပါသော အိတ်တစ်အိတ် ထွက်ပေါ်လာသည်။

ဂျွတ်!

သူက သလင်းကျောက်များကို ပါးစပ်ထဲ ကောက်ထည့်၍ ဝါးစားလေတော့သည်။

တစ်ခဏမျှ ကြာပြိးမှ သူက ပြန်ပြောလိုက်သည်က

"ကျုပ်လား … ခင်ဗျား အသက်ကို နုတ်ယူမယ့် သူပေါ့"

*ဘာ*

သူ့စကားကြောင့် မဟာဝူနတ်ဘုရား တအံ့တဩ ဖြစ်သွားသည်။

ထိုစဉ် ထိုမူလသလင်းကျောက်များမှ ရင်းနှီးသော ချီဓာတ်တို့ကို သူ အာရုံခံလိုက်မိသဖြင့် သူ အကြီးအကျယ် ထိတ်လန့်သွားသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now