Chapter 329

1K 108 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (22) CHAPTER (329) ကျွန်မ ရှင့်ကို သိပ်ချစ်တယ်

အခန်းလေးအား ပန်းရောင်များဖြင့် အလှဆင်ထားသည်။ အခန်းတွင်းမှ ရနံ့သည် အလွန် မွှေးကြိုင်လှ၏။ မည်သူမဆို အသာအယာ အနံ့ခံလိုက်သည့်အခါတိုင်း ချက်ချင်း ယစ်မူးသွားလောက်သည်။
သို့သော် နံရံများတွင် ဓာတ်ပုံများ၊ စက္ကူညှပ်များနှင့် ပုံတူပန်းချီများနှင့် ပြည့်နှက်လို့နေသည်။
‘ရှန့်ကျန်း တိုက်ခိုက်ရေး သတင်းစာ -- လီကျိုးယောင် အကြီးအကျယ် ရှုံးနိမ့်ခြင်း၊ မြေပြန့် သူရဲကောင်းအသစ် တစ်ယောက် ပေါ်ထွန်းလာခြင်း’
‘သေမင်း နတ်ဘုရား၏ တိုက်ခိုက်မှု၊ ရှန့်ကျန်းမြို့ သိုင်းလောက၏ အိပ်မက်ဆိုး’
‘ရှန့်ကျန်းမြို့ကို ထိတ်လန့်စေခဲ့သည့် အင်အားအကြီးဆုံး ကိုရီးယားလူမျိုး သားအဖ သေရေးရှင်ရေး အခြေအနေ၌ ဆိုးရွားစွာ နင်းခြေခံလိုက်ရခြင်း’
သတင်းစာ အပိုင်းအစတိုင်းက လွန်ခဲ့သည့် နှစ်ဝက်ကာလမှ ရှန့်ကျန်းမြို့နှင့် ဟွာရှနိုင်ငံကို ထိတ်လန့်စေခဲ့သည့် အဓိက အဖြစ်အပျက်များ ဖြစ်သည်။
ထိုသတင်းစာ အပိုင်းအစအားလုံး၌ နာမည်တစ်လုံး ပါဝင်နေ၏။ ထိုနာမည်ကား __ ယဲ့ဖန် ပင်။
ထို့အပြင် ပုံတူပန်းချီကားတိုင်းသည် ယဲ့ဖန်၏ အပြုံး၊ အေးစက်မှု၊ နတ်ဆိုးဆန်မှုနှင့် ရက်စက်မှုများအကြောင်း ရေးဆွဲထားခြင်း ဖြစ်သည်။
ပန်းချီကားချပ်တိုင်းက အလွန် ကွက်ကွက်ကွင်းကွင်း ရှိလှပြီး အစစ်လား အောက်မေ့ရသည်။
ယခုအချိန်တွင် ဖြူစင်လှသော မိန်းကလေးတစ်ဦးက သတင်းစာများကို တစ်ခုပြီး တစ်ခု ဖြတ်နေပြီး စုတ်ချက် တစ်ခုချင်းစီတိုင်းက သူမကို အမှန်တကယ် ပျော်ရွှင်စေဟန်ဖြင့် ပန်းချီကားများအား အပြုံးနှင့် ဆွဲနေသည်ကို ယဲ့ဖန် မြင်ယောင်လာသည်။
တစ်ခုပြီးတစ်ခု။ သတင်းစာ အပိုင်းအစများကို ကြည့်ပြီး ယဲ့ဖန် ရင်ထဲ တဆစ်ဆစ်နှင့် နာကျင်လာသလို ခံစားလာရသည်။
သည်လောက် ဖြူစင်လှသည့် မိန်းကလေးက သူ့အား တိတ်တခိုး သဘောကျနေခဲ့မှန်း သူ မသိခဲ့ပါ။ သူမက သူ့ထံသို့ ဘယ်သောအခါကမှ စိတ်ဝင်တစား ချဉ်းကပ်ခဲ့ခြင်း မရှိခဲ့သလို သူမ လွန်ကဲစွာ ပြုမူခဲ့ခြင်းလည်း မရှိပေ။
သူမက သည်အတိုင်းလေး တိတ်တဆိတ် စောင့်ကြည့်၊ နားထောင်ကာ ပြုံးခဲ့နေခဲ့သည်။
ထို့အပြင် သူမ ခေါင်းအုံးပေါ်မှ သူမ မရေတွက်နိုင်လောက်အောင် ငိုကြွေးခဲ့သဖြင့် ဖြစ်ပေါ်လာသော အဖြူရောင် အစင်းကြောင်းများကို မြင်လိုက်ရသည်။ သူမ ခေါင်းအုံးပေါ်မှ သူမ မျက်ရည်များ ခြောက်သွေ့သွားသည့်အခါတွင် ခေါင်းအုံးပေါ်၌ အရာ ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ် ယဲ့ဖန် ခြေသံ ကြားလိုက်ရပြီးနောက် အခန်းထဲသို့ ပိုင်ရှုံး ဖြည်းဖြည်းချင်း ဝင်လာသည်ကို မြင်လိုက်ရသည်။
သူ့မြေးမလေး၏ တစ်ကိုယ်ရေ ပိုင်ဆိုင်မှုများကို ကြည့်ပြီး ပိုင်ရှုံး အလွန် ကြေကွဲသလို ခံစားရပြီး ပြောလာသည်။
“ယဲ့ဖန် မင်း သိလား။ ပိုင်ယီက မင်းကို အမြဲတမ်း ချစ်နေခဲ့တာ။ သူ မင်းကို သိပ်ချစ်တာ”
“သူမက ကျောင်းက သူမ အတန်းချိန်တွေကို အာရုံမစိုက်နိုင်ခဲ့ဘူး။ သူမက သူရဲ့ အတန်းချိန်တွေတိုင်း အမြဲ မင်းကို ခိုးကြည့်နေခဲ့တာ”
“သူမ အိမ်ကို ပြန်လာပြီဆိုရင် အမြဲ မင်းအကြောင်း ပြောတယ်”
“သူမ မင်းနာမည်ကို ရည်ညွှန်းပြီး ပြောလိုက်တိုင်း သူမက အရူးလို အားပါးတရ ပြုံးတတ်သေးတယ်”
ပိုင်ရှုံးသည် သူ၏ အပြစ်ကင်းစင်လှသော မြေးမလေးကို အလွန် သနားမိသဖြင့် သက်ပြင်းချလိုက်မိ၏။
“သူမ မင်းကို ငါ ပြောလိုက်မှာကို မလိုချင်ခဲ့သလို ပိုင်ကလန်ထဲက ဘယ်သူမဆို မင်းကို ပြောလိုက်မှာကိုလည်း မလိုလားခဲ့ဘူး”
“တစ်ခါတုန်းကဆိုရင် သူမက မင်းကို တိတ်တိတ်လေး ကြည့်နေရရင်ကို ပျော်နေပါပြီလို့ ပြောခဲ့ဖူးတယ်။ အခြားသူတွေမျိုးပဲပေါ့တဲ့”
သူ့စကားကြောင့် ယဲ့ဖန် အနည်းငယ် တုန်လှုပ်သွားခဲ့သည်။ ပိုင်ယီ သူ့ကို တစ်ခဏတာမျှ စိတ်ဝင်စားနေမှန်း သူ သိပါသည်။ သို့သော် သူမ သူ့ကို သည်လောက်ထိ ချစ်နေခဲ့မှန်း သူ မသိခဲ့။
“မင်း သေပြီဆိုတဲ့ သတင်းကို ကြားပြီးတော့ ပိုင်ယီ အသည်းကွဲသွားခဲ့တယ်။ သူမ သုံးကြိမ်ဆက်တိုက် သတ်သေဖို့ ကြိုးစားခဲ့တာ။ ငါတို့ ကြိုတင်ကာကွယ်မှုတွေ အများကြီး လုပ်ထားခဲ့မိလို့ တော်သေးတယ်”
“အဲ့အချိန်အတောအတွင်း သူမ နေ့တိုင်းနီးပါး စိတ်ဓာတ်ကျနေခဲ့တာ။ သူ့အခန်းထဲသူ တံခါးပိတ်နေပြီး စားလည်းမစား၊ သောက်လည်းမသောက်နဲ့ အိပ်လည်း မအိပ်ဘူး၊ သူ ငိုပဲငိုနေခဲ့တာ”
“လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်တုန်းက သူမ ကျခဲ့ရတဲ့ မျက်ရည်တွေက ဒီအချိန်အတောအတွင်း သူမ ကျခဲ့တဲ့ မျက်ရည်တွေနဲ့ ယှဉ်လို့တောင် မရဘူး”
ထိုစဉ် ယဲ့ဖန်သည် ပိုင်ယီတစ်ယောက် အိပ်ရာဘေး၌ ထိုင်ရင်း မျက်ရည်များကို သုတ်ကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ ကြည့်နေသည်ကို မြင်ယောင်လာရသည်။
သူမ အရမ်းကို အထီးကျန်ဆန်ခဲ့ရတာပါလား။ ထိုအထီးကျန်ဆန်၍ အစွဲအလမ်းကြီးသော မျက်နှာလေးက သိပ်ကို ဝမ်းနည်းဖွယ် ကောင်းလှသည်။
“သူမ ဘယ်လိုလုပ် ပျောက်သွားတာလဲ”
ယဲ့ဖန်သည် ရင်ထဲ နာကျင်သလို ခံစားလာရသဖြင့် ခပ်အက်အက် အသံဖြင့် မေးလိုက်သည်။ ယဲ့ဖန် စကားကြောင့် ပိုင်ရှုံးက သုန်မှုန်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“တစ်ညတုန်းက ငါတို့ သူ့အခန်းက မူမမှန်တဲ့ အသံမျိုး ကြားခဲ့ရတယ်။ ငါတို့ အခန်းထဲလည်း ရောက်ရော အမယ်အိုကြီးတစ်ယောက်က ပိုင်ယီနဲ့အတူ ထွက်သွားတာကို မြင်လိုက်ရတယ်။ ငါတို့ သူ့နောက်လိုက်ပင်မယ့် သူတို့ကို ဘယ်မှာမှ ရှာမတွေ့ခဲ့ဘူး”
*အမယ်အိုကြီး*
ယဲ့ဖန်၏ မျက်လုံးများက အလွန်ခက်ထန်လာသည်။ ထိုစဉ် ခပ်သုတ်သုတ် ခြေသံတစ်ချို့ကို ကြားလိုက်ရသည်။
“အဖေ အဖေ”
ပိုင်ရှုံးကို ဝမ်းသာအားရ ခေါ်နေသည့်သူက ပိုင်ကျန်းခို့ ဖြစ်သည်။ ပိုင်ကျန်းခို့၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ပြီး ပိုင်ရှုံးတစ်ယောက် မျက်မှောင်ကြုတ်ကာ သူ့သားကို အပြစ်တင်လိုက်သည်။
“ကျန်းခို့၊ မင်း ဘာလို့ မစ္စတာယဲ့ရှေ့မှာ ရိုင်းပျရတာလဲ”
သို့သော် ပိုင်ကျန်းခို့က ပိုင်ရှုံး၏ အပြစ်တင်မှုကို ဂရုမစိုက်ဘဲ ဝမ်းသာအားရ ပြောလာသည်။
“အဖေ ရှောင်ပိုင် (ပိုင်ယီကို ချစ်စနိုးဖြင့် ခေါ်သောနာမည်) ပြန်လာပြီ”
*ဘာ*
သူ့စကားကြောင့် ပိုင်ရှုံး တစ်ခဏမျှ တွေဝေသွားသည်။ ထို့နောက် သူက ဝမ်းမြောက်စွာ မေးလိုက်သည်။
“ဘယ်မှာလဲ။ ပိုင်ယီ ဘယ်မှာလဲ”
ပိုင်ရှုံးတစ်ယောက် စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်လာရသည်။
“သူမက ဧည့်ခန်းထဲမှာ၊ သူ ယဲ့ဖန်နဲ့ တွေ့ချင်နေတယ်”
လူသုံးယောက်သည် ဧည့်ခန်းထဲသို့ ခပ်သွက်သွက် လျှောက်သွားလိုက်ကြသည်။
….
ထိုစဉ် အပြာရောင် ကြာပန်းထက်ပင် ပို၍ သန့်ရှင်း ကြည်လင်လှသည့် အမျိုးသမီးတစ်ယောက်က ဧည့်ခန်းထဲ၌ ကြော့ရှင်း၊ ငြိမ်သက်စွာ ထိုင်နေသည်။
ထိုအမျိုးသမီးကို မြင်သည့် ဒေါသထွက်နေသော မည်သည့်အမျိုးသားမဆို တည်ငြိမ် သွားပေလောက်သည်။
“ပိုင်ယီ”
ထိုအမျိုးသမီးကို မြင်သည်နှင့် ပိုင်ရှုံးနှင့် အခြားသူများအားလုံး ပျော်ရွှင်သွားသည်။
“ဘိုးဘိုး”
ပိုင်ယီက ရှေ့သို့ ပြေးလာကာ ပိုင်ရှုံးအား ဖက်လိုက်ပြီး တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။
“ဘိုးဘိုး ပြီးခဲ့တဲ့ သုံးလလုံးလုံး သမီး ဘိုးဘိုးကို သိပ် လွမ်းနေခဲ့တာ”
“ကောင်မစုတ်လေး၊ မင်း ဒီအတောအတွင်း ဘယ်ကိုရောက်နေတာလဲ။ မင်းက ဘိုးဘိုးကို စိုးရိမ်ရအောင် အရမ်းလုပ်တာပဲ”
ပိုင်ရှုံးက သူမကို အပြစ်တင်နေသော်လည်း သူပုံစံက ဆက်၍ အလိုလိုက် အလျော့ပေးချင်နေပုံ ရသည်။ ပိုင်ရှုံး၏ စကားကြောင့် ပိုင်ယီက ရှက်ကိုးရှက်ကန်း ပြုံး၍ ပြန်ပြောလိုက်သည်။
“တောင်းပန်ပါတယ်၊ ဘိုးဘိုး၊ သမီးရဲ့ ဆရာက ဘိုးဘိုးရဲ့ ခွင့်ပြုချက် မပါဘဲ သမီးကို အဝေးခေါ်သွားခဲ့တာ။ သမီးရဲ့ ဆရာကိုယ်စား သမီးကပဲ တောင်းပန်ပါတယ်”
“ယဲ့ဖန်က အသက်ရှင်နေသေးတယ်ဆိုတာကို ကြားပြီး သမီးဆရာက သမီးကို တောင်ပေါ်က ဆင်းခွင့်ပေးလိုက်တာ”
*ဆရာ*
*တောင်ပေါ်က ဆင်းခွင့်ပေးတယ်*
သူမ၏ ရှင်းပြချက်ကို ကြားပြီး ပိုင်ရှုံးနှင့် အခြားသူတွေအားလုံး ချက်ချင်း ပင့်သက်ရှိုက်လိုက်မိသည်။
“ဘိုးဘိုး သမီး ယဲ့ဖန်နဲ့ နှစ်ယောက်တည်း စကားပြောချင်လို့”
ထိုစဉ် ပိုင်ယီက ရှက်သွေးဖြန်းနေသော မျက်နှာလေးဖြင့် ပိုင်ရှုံးကို ပြောလိုက်သည်။ သူမ စကားကြောင့် ပိုင်ရှုံးက နားလည်ပေးသော မျက်နှာဖြင့် အော်ရယ်၍ ပြောလိုက်သည်။
“ဟုတ်ပါပြီ။ မင်းတို့နှစ်ယောက်လုံးက လူငယ်တွေဆိုတော့ မင်းတို့ဘာသာ မင်းတို့ ပြောကြပါ”
“ကျေးဇူး ဘိုးဘိုး”
ပိုင်ယီက ကျေနပ်သွားသော မျက်နှာထားလေးဖြင့် သူ့ကို ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။
….
တစ်ခဏမျှ ကြာပြီးနောက် လူငယ်တစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက်တို့သည် ဝေ့ဟေးမြစ်ကမ်းပါး နံဘေး၌ ဖြည်းညှင်းစွာ လမ်းလျှောက်နေကြသည်။
သူတို့နှစ်ယောက်ကား ယဲ့ဖန်နှင့် ပိုင်ယီတို့ပင်။
“ယဲ့ဖန် ရှင် ဒီနေရာကို မှတ်မိလား”
ပိုင်ယီက မသိမသာ ရှက်သွေးဖြန်းနေသော မျက်နှာလေးဖြင့် မေးလာသည်။ ထို့အပြင် သူမ၏ မျက်လုံးထဲ၌ ချစ်ခြင်းတရားများဖြင့် ပြည့်နှက်လို့နေသည်။
“အင်း ငါ မှတ်မိတယ်”
ယဲ့ဖန်က ဖြစ်ပျက်ခဲ့သမျှကို ရှင်းလင်းစွာ အမှတ်ရသွားဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။
“ငါတို့ ဒီဝေ့ဟေးမြစ်ကမ်းဘေးမှာပဲ တစ်ယောက်နဲ့ တစ်ယောက် ဒီနေရာမှာ ဆုံခဲ့ကြတာ”
ယဲ့ဖန်၏ ပြန်ပြောစကားကြောင့် ပိုင်ယီ ချက်ချင်း ကျေနပ်သွားသလို ရှိလာသည်။
“ဟုတ်တယ်၊ အချိန်ကုန်တာ မြန်တယ်နော်၊ တစ်နှစ်တောင် ရှိသွားပြီ”
ပိုင်ယီ၏ လှပသော မျက်ဝန်းလေးများက လခြမ်းကွေးကဲ့သို့ ဖြစ်လာပြီး လွန်စွာ လှပလှ၏။
“ကျွန်မအဘိုး၊ အန်ကယ်လ်ကျိုးနဲ့ ကျွန်မတို့ ဒီနေရာမှာ ငါးဖမ်းခဲ့ကြတာကို မှတ်မိသေးတယ်၊ မမျှော်လင့်ဘဲ ကျွန်မတို့ အသက်ရှင်နေသေးတဲ့ လူကို ဖမ်းမိသွားတာလေ”
ပိုင်ယီက တခစ်ခစ် ရယ်မောလိုက်သောအခါ သူမ၏ မျက်နှာလေးက ဝင်းပလို့လာသည်။သူမ ရယ်လို့ပြီးသွားသောအခါ သူမက ယဲ့ဖန်၏ မျက်လုံးကို တည့်တည့်ကြည့်ကာ ရှက်သွေးဖြာနေသော မျက်နှာလေးဖြင့် မေးလိုက်သည်။
“ယဲ့ဖန် ရှင်သိလား။ ကျွန်မ ရှင် သေပြီဆိုတဲ့ သတင်းကိုလည်း ကြားရော ကျွန်မဘဝကြီးတစ်ခုလုံး အဆုံးသတ်သွားပြီလို့ တွေးလိုက်မိတာ။ ကျွန်မဆရာက ကျွန်မကို တောင်ပေါ် ခေါ်သွားတုန်းက ကျွန်မ လောကီရေးရာတွေမှာ ထပ်မပါတော့ဘဲ တောင်ပေါ်မှာ တစ်သက်လုံး နေတော့မယ်လို့ စီစဉ်ခဲ့တာ”
“မမျှော်လင့်ဘဲ ရှင် ပြန်ရောက်လာခဲ့တယ်”
ထို့နောက် ပိုင်ယီက အောက်နှုတ်ခမ်းကို သွားဖြင့် ကိုက်ကာာ အလွန် ချစ်စိတ်များဖြင့် ဖုံးလွှမ်းနေသော အကြည့်များဖြင့် ဆက်ပြောလိုက်သည်။
“ယဲ့ဖန် ကျွန်မ ရှင့်ကို ပြောစရာရှိလို့”
“ကျွန်မ …. ရှင့်ကို … ချစ်တယ်”
ထိုစကားလေး သုံးလုံးက သူမ၏ အားအင်များကို စုပ်ယူသွားသည့်ပုံပင်။ သူမက ယဲ့ဖန်၏ ပခုံးပေါ် ဖြည်းဖြည်းချင်း မှီလိုက်သည်။ သူ၏ ကိုယ်နံ့ကို ရှူရှိုက်ရင်း သူမက ချစ်စိတ် လွှမ်းနေသော မျက်လုံးများဖြင့် ပြောလိုက်သည်။
“ယဲ့ဖန် ကျွန်မ ရှင့်ကို သိပ်ချစ်တာပဲ”
ရွှစ်!
ပိုင်ယီ၏ စကားအဆုံးတွင် ယဲ့ဖန်က သူမ၏ နှလုံးသားသို့ သူ့လက်ဖြင့် ထိုးဖောက်လိုက်သဖြင့် ရဲရဲနီနေသော သွေးများက မြေကြီးပေါ် စီးကျလာသည်။
ပိုင်ယီက အလွန် ထိတ်လန့်သွားသော မျက်နှာလေးဖြင့် ပြောလိုက်မိသည်။
“ယဲ့ဖန် ရှင် ….”
“မင်း ငါ့ကို မချစ်ပါဘူး၊ မင်းက ငါ့ခေါင်းကို သဘောကျနေတာလေ”
ယဲ့ဖန်က အေးတိအေးစက် မျက်နှာထားဖြင့် ပြောကာ လက်ကို ဝှေ့ယမ်းလိုက်သဖြင့် ယဲ့ဖန် သူမကို သတ်မည်ဟု မထင်ထားသဖြင့် ထိတ်လန့်နေသော မိန်းမပျိုလေး၏ ဦးခေါင်းက အဝေးသို့ လွင့်ထွက်သွားသည်။
သို့သော် ဤမျှနှင့် မပြီးသေးပေ။ ထို့နောက် ယဲ့ဖန်က ပိုင်အိမ်တော်နားမှ တောအုပ်ကို စိုက်ကြည့်ကာ ရက်စက်သော မျက်နှာထားဖြင့် အော်ပြောလိုက်သည်။
“မင်းတို့ ထွက်လာလို့ ရတယ်”
သူ့စကားအဆုံးတွင် ရွှန်းလက်သော မိန်းမပျိုများစွာက လက်ဖျားခါလောက်သော ချီဓာတ်တို့နှင့်အတူ တောအုပ်ထဲမှ ထွက်လာသည်။
ပို၍ ထိတ်လန့်ဖွယ်ကောင်းသည့် အချက်ကား သူတို့အားလုံးက … ပိုင်ယီ ဖြစ်နေခြင်းပင်။
#ZAWGYI
စာစဥ္ (22) CHAPTER (329) ကြၽန္မ ရွင့္ကို သိပ္ခ်စ္တယ္
အခန္းေလးအား ပန္းေရာင္မ်ားျဖင့္ အလွဆင္ထားသည္။ အခန္းတြင္းမွ ရနံ႔သည္ အလြန္ ေမႊးႀကိဳင္လွ၏။ မည္သူမဆို အသာအယာ အနံ႔ခံလိုက္သည့္အခါတိုင္း ခ်က္ခ်င္း ယစ္မူးသြားေလာက္သည္။
သို႔ေသာ္ နံရံမ်ားတြင္ ဓာတ္ပုံမ်ား၊ စကၠဴညႇပ္မ်ားႏွင့္ ပုံတူပန္းခ်ီမ်ားႏွင့္ ျပည့္ႏွက္လို႔ေနသည္။
‘ရွန႔္က်န္း တိုက္ခိုက္ေရး သတင္းစာ -- လီက်ိဳးေယာင္ အႀကီးအက်ယ္ ရႈံးနိမ့္ျခင္း၊ ေျမျပန႔္ သူရဲေကာင္းအသစ္ တစ္ေယာက္ ေပၚထြန္းလာျခင္း’
‘ေသမင္း နတ္ဘုရား၏ တိုက္ခိုက္မႈ၊ ရွန႔္က်န္းၿမိဳ႕ သိုင္းေလာက၏ အိပ္မက္ဆိုး’
‘ရွန႔္က်န္းၿမိဳ႕ကို ထိတ္လန႔္ေစခဲ့သည့္ အင္အားအႀကီးဆုံး ကိုရီးယားလူမ်ိဳး သားအဖ ေသေရးရွင္ေရး အေျခအေန၌ ဆိုး႐ြားစြာ နင္းေျခခံလိုက္ရျခင္း’
သတင္းစာ အပိုင္းအစတိုင္းက လြန္ခဲ့သည့္ ႏွစ္ဝက္ကာလမွ ရွန႔္က်န္းၿမိဳ႕ႏွင့္ ဟြာရွႏိုင္ငံကို ထိတ္လန႔္ေစခဲ့သည့္ အဓိက အျဖစ္အပ်က္မ်ား ျဖစ္သည္။
ထိုသတင္းစာ အပိုင္းအစအားလုံး၌ နာမည္တစ္လုံး ပါဝင္ေန၏။ ထိုနာမည္ကား __ ယဲ့ဖန္ ပင္။
ထို႔အျပင္ ပုံတူပန္းခ်ီကားတိုင္းသည္ ယဲ့ဖန္၏ အၿပဳံး၊ ေအးစက္မႈ၊ နတ္ဆိုးဆန္မႈႏွင့္ ရက္စက္မႈမ်ားအေၾကာင္း ေရးဆြဲထားျခင္း ျဖစ္သည္။
ပန္းခ်ီကားခ်ပ္တိုင္းက အလြန္ ကြက္ကြက္ကြင္းကြင္း ရွိလွၿပီး အစစ္လား ေအာက္ေမ့ရသည္။
ယခုအခ်ိန္တြင္ ျဖဴစင္လွေသာ မိန္းကေလးတစ္ဦးက သတင္းစာမ်ားကို တစ္ခုၿပီး တစ္ခု ျဖတ္ေနၿပီး စုတ္ခ်က္ တစ္ခုခ်င္းစီတိုင္းက သူမကို အမွန္တကယ္ ေပ်ာ္႐ႊင္ေစဟန္ျဖင့္ ပန္းခ်ီကားမ်ားအား အၿပဳံးႏွင့္ ဆြဲေနသည္ကို ယဲ့ဖန္ ျမင္ေယာင္လာသည္။
တစ္ခုၿပီးတစ္ခု။ သတင္းစာ အပိုင္းအစမ်ားကို ၾကည့္ၿပီး ယဲ့ဖန္ ရင္ထဲ တဆစ္ဆစ္ႏွင့္ နာက်င္လာသလို ခံစားလာရသည္။
သည္ေလာက္ ျဖဴစင္လွသည့္ မိန္းကေလးက သူ႔အား တိတ္တခိုး သေဘာက်ေနခဲ့မွန္း သူ မသိခဲ့ပါ။ သူမက သူ႔ထံသို႔ ဘယ္ေသာအခါကမွ စိတ္ဝင္တစား ခ်ဥ္းကပ္ခဲ့ျခင္း မရွိခဲ့သလို သူမ လြန္ကဲစြာ ျပဳမူခဲ့ျခင္းလည္း မရွိေပ။
သူမက သည္အတိုင္းေလး တိတ္တဆိတ္ ေစာင့္ၾကည့္၊ နားေထာင္ကာ ၿပဳံးခဲ့ေနခဲ့သည္။
ထို႔အျပင္ သူမ ေခါင္းအုံးေပၚမွ သူမ မေရတြက္ႏိုင္ေလာက္ေအာင္ ငိုေႂကြးခဲ့သျဖင့္ ျဖစ္ေပၚလာေသာ အျဖဴေရာင္ အစင္းေၾကာင္းမ်ားကို ျမင္လိုက္ရသည္။ သူမ ေခါင္းအုံးေပၚမွ သူမ မ်က္ရည္မ်ား ေျခာက္ေသြ႕သြားသည့္အခါတြင္ ေခါင္းအုံးေပၚ၌ အရာ က်န္ရစ္ခဲ့ျခင္း ျဖစ္သည္။
ထိုစဥ္ ယဲ့ဖန္ ေျခသံ ၾကားလိုက္ရၿပီးေနာက္ အခန္းထဲသို႔ ပိုင္ရႈံး ျဖည္းျဖည္းခ်င္း ဝင္လာသည္ကို ျမင္လိုက္ရသည္။
သူ႔ေျမးမေလး၏ တစ္ကိုယ္ေရ ပိုင္ဆိုင္မႈမ်ားကို ၾကည့္ၿပီး ပိုင္ရႈံး အလြန္ ေၾကကြဲသလို ခံစားရၿပီး ေျပာလာသည္။
“ယဲ့ဖန္ မင္း သိလား။ ပိုင္ယီက မင္းကို အၿမဲတမ္း ခ်စ္ေနခဲ့တာ။ သူ မင္းကို သိပ္ခ်စ္တာ”
“သူမက ေက်ာင္းက သူမ အတန္းခ်ိန္ေတြကို အာ႐ုံမစိုက္ႏိုင္ခဲ့ဘူး။ သူမက သူရဲ႕ အတန္းခ်ိန္ေတြတိုင္း အၿမဲ မင္းကို ခိုးၾကည့္ေနခဲ့တာ”
“သူမ အိမ္ကို ျပန္လာၿပီဆိုရင္ အၿမဲ မင္းအေၾကာင္း ေျပာတယ္”
“သူမ မင္းနာမည္ကို ရည္ၫႊန္းၿပီး ေျပာလိုက္တိုင္း သူမက အ႐ူးလို အားပါးတရ ၿပဳံးတတ္ေသးတယ္”
ပိုင္ရႈံးသည္ သူ၏ အျပစ္ကင္းစင္လွေသာ ေျမးမေလးကို အလြန္ သနားမိသျဖင့္ သက္ျပင္းခ်လိုက္မိ၏။
“သူမ မင္းကို ငါ ေျပာလိုက္မွာကို မလိုခ်င္ခဲ့သလို ပိုင္ကလန္ထဲက ဘယ္သူမဆို မင္းကို ေျပာလိုက္မွာကိုလည္း မလိုလားခဲ့ဘူး”
“တစ္ခါတုန္းကဆိုရင္ သူမက မင္းကို တိတ္တိတ္ေလး ၾကည့္ေနရရင္ကို ေပ်ာ္ေနပါၿပီလို႔ ေျပာခဲ့ဖူးတယ္။ အျခားသူေတြမ်ိဳးပဲေပါ့တဲ့”
သူ႔စကားေၾကာင့္ ယဲ့ဖန္ အနည္းငယ္ တုန္လႈပ္သြားခဲ့သည္။ ပိုင္ယီ သူ႔ကို တစ္ခဏတာမွ် စိတ္ဝင္စားေနမွန္း သူ သိပါသည္။ သို႔ေသာ္ သူမ သူ႔ကို သည္ေလာက္ထိ ခ်စ္ေနခဲ့မွန္း သူ မသိခဲ့။
“မင္း ေသၿပီဆိုတဲ့ သတင္းကို ၾကားၿပီးေတာ့ ပိုင္ယီ အသည္းကြဲသြားခဲ့တယ္။ သူမ သုံးႀကိမ္ဆက္တိုက္ သတ္ေသဖို႔ ႀကိဳးစားခဲ့တာ။ ငါတို႔ ႀကိဳတင္ကာကြယ္မႈေတြ အမ်ားႀကီး လုပ္ထားခဲ့မိလို႔ ေတာ္ေသးတယ္”
“အဲ့အခ်ိန္အေတာအတြင္း သူမ ေန႔တိုင္းနီးပါး စိတ္ဓာတ္က်ေနခဲ့တာ။ သူ႔အခန္းထဲသူ တံခါးပိတ္ေနၿပီး စားလည္းမစား၊ ေသာက္လည္းမေသာက္နဲ႔ အိပ္လည္း မအိပ္ဘူး၊ သူ ငိုပဲငိုေနခဲ့တာ”
“လြန္ခဲ့တဲ့ ဆယ္ႏွစ္ေက်ာ္တုန္းက သူမ က်ခဲ့ရတဲ့ မ်က္ရည္ေတြက ဒီအခ်ိန္အေတာအတြင္း သူမ က်ခဲ့တဲ့ မ်က္ရည္ေတြနဲ႔ ယွဥ္လို႔ေတာင္ မရဘူး”
ထိုစဥ္ ယဲ့ဖန္သည္ ပိုင္ယီတစ္ေယာက္ အိပ္ရာေဘး၌ ထိုင္ရင္း မ်က္ရည္မ်ားကို သုတ္ကာ ျပတင္းေပါက္မွတစ္ဆင့္ အျပင္သို႔ ၾကည့္ေနသည္ကို ျမင္ေယာင္လာရသည္။
သူမ အရမ္းကို အထီးက်န္ဆန္ခဲ့ရတာပါလား။ ထိုအထီးက်န္ဆန္၍ အစြဲအလမ္းႀကီးေသာ မ်က္ႏွာေလးက သိပ္ကို ဝမ္းနည္းဖြယ္ ေကာင္းလွသည္။
“သူမ ဘယ္လိုလုပ္ ေပ်ာက္သြားတာလဲ”
ယဲ့ဖန္သည္ ရင္ထဲ နာက်င္သလို ခံစားလာရသျဖင့္ ခပ္အက္အက္ အသံျဖင့္ ေမးလိုက္သည္။ ယဲ့ဖန္ စကားေၾကာင့္ ပိုင္ရႈံးက သုန္မႈန္ေနေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
“တစ္ညတုန္းက ငါတို႔ သူ႔အခန္းက မူမမွန္တဲ့ အသံမ်ိဳး ၾကားခဲ့ရတယ္။ ငါတို႔ အခန္းထဲလည္း ေရာက္ေရာ အမယ္အိုႀကီးတစ္ေယာက္က ပိုင္ယီနဲ႔အတူ ထြက္သြားတာကို ျမင္လိုက္ရတယ္။ ငါတို႔ သူ႔ေနာက္လိုက္ပင္မယ့္ သူတို႔ကို ဘယ္မွာမွ ရွာမေတြ႕ခဲ့ဘူး”
*အမယ္အိုႀကီး*
ယဲ့ဖန္၏ မ်က္လုံးမ်ားက အလြန္ခက္ထန္လာသည္။ ထိုစဥ္ ခပ္သုတ္သုတ္ ေျခသံတစ္ခ်ိဳ႕ကို ၾကားလိုက္ရသည္။
“အေဖ အေဖ”
ပိုင္ရႈံးကို ဝမ္းသာအားရ ေခၚေနသည့္သူက ပိုင္က်န္းခို႔ ျဖစ္သည္။ ပိုင္က်န္းခို႔၏ စိတ္လႈပ္ရွားေနေသာ အမူအရာကို ၾကည့္ၿပီး ပိုင္ရႈံးတစ္ေယာက္ မ်က္ေမွာင္ၾကဳတ္ကာ သူ႔သားကို အျပစ္တင္လိုက္သည္။
“က်န္းခို႔၊ မင္း ဘာလို႔ မစၥတာယဲ့ေရွ႕မွာ ႐ိုင္းပ်ရတာလဲ”
သို႔ေသာ္ ပိုင္က်န္းခို႔က ပိုင္ရႈံး၏ အျပစ္တင္မႈကို ဂ႐ုမစိုက္ဘဲ ဝမ္းသာအားရ ေျပာလာသည္။
“အေဖ ေရွာင္ပိုင္ (ပိုင္ယီကို ခ်စ္စႏိုးျဖင့္ ေခၚေသာနာမည္) ျပန္လာၿပီ”
*ဘာ*
သူ႔စကားေၾကာင့္ ပိုင္ရႈံး တစ္ခဏမွ် ေတြေဝသြားသည္။ ထို႔ေနာက္ သူက ဝမ္းေျမာက္စြာ ေမးလိုက္သည္။
“ဘယ္မွာလဲ။ ပိုင္ယီ ဘယ္မွာလဲ”
ပိုင္ရႈံးတစ္ေယာက္ စိတ္လႈပ္ရွားမႈေၾကာင့္ ကတုန္ကယင္ ျဖစ္လာရသည္။
“သူမက ဧည့္ခန္းထဲမွာ၊ သူ ယဲ့ဖန္နဲ႔ ေတြ႕ခ်င္ေနတယ္”
လူသုံးေယာက္သည္ ဧည့္ခန္းထဲသို႔ ခပ္သြက္သြက္ ေလွ်ာက္သြားလိုက္ၾကသည္။
….
ထိုစဥ္ အျပာေရာင္ ၾကာပန္းထက္ပင္ ပို၍ သန႔္ရွင္း ၾကည္လင္လွသည့္ အမ်ိဳးသမီးတစ္ေယာက္က ဧည့္ခန္းထဲ၌ ေၾကာ့ရွင္း၊ ၿငိမ္သက္စြာ ထိုင္ေနသည္။
ထိုအမ်ိဳးသမီးကို ျမင္သည့္ ေဒါသထြက္ေနေသာ မည္သည့္အမ်ိဳးသားမဆို တည္ၿငိမ္ သြားေပေလာက္သည္။
“ပိုင္ယီ”
ထိုအမ်ိဳးသမီးကို ျမင္သည္ႏွင့္ ပိုင္ရႈံးႏွင့္ အျခားသူမ်ားအားလုံး ေပ်ာ္႐ႊင္သြားသည္။
“ဘိုးဘိုး”
ပိုင္ယီက ေရွ႕သို႔ ေျပးလာကာ ပိုင္ရႈံးအား ဖက္လိုက္ၿပီး ေတာက္ပစြာ ၿပဳံး၍ ေျပာလိုက္သည္။
“ဘိုးဘိုး ၿပီးခဲ့တဲ့ သုံးလလုံးလုံး သမီး ဘိုးဘိုးကို သိပ္ လြမ္းေနခဲ့တာ”
“ေကာင္မစုတ္ေလး၊ မင္း ဒီအေတာအတြင္း ဘယ္ကိုေရာက္ေနတာလဲ။ မင္းက ဘိုးဘိုးကို စိုးရိမ္ရေအာင္ အရမ္းလုပ္တာပဲ”
ပိုင္ရႈံးက သူမကို အျပစ္တင္ေနေသာ္လည္း သူပုံစံက ဆက္၍ အလိုလိုက္ အေလ်ာ့ေပးခ်င္ေနပုံ ရသည္။ ပိုင္ရႈံး၏ စကားေၾကာင့္ ပိုင္ယီက ရွက္ကိုးရွက္ကန္း ၿပဳံး၍ ျပန္ေျပာလိုက္သည္။
“ေတာင္းပန္ပါတယ္၊ ဘိုးဘိုး၊ သမီးရဲ႕ ဆရာက ဘိုးဘိုးရဲ႕ ခြင့္ျပဳခ်က္ မပါဘဲ သမီးကို အေဝးေခၚသြားခဲ့တာ။ သမီးရဲ႕ ဆရာကိုယ္စား သမီးကပဲ ေတာင္းပန္ပါတယ္”
“ယဲ့ဖန္က အသက္ရွင္ေနေသးတယ္ဆိုတာကို ၾကားၿပီး သမီးဆရာက သမီးကို ေတာင္ေပၚက ဆင္းခြင့္ေပးလိုက္တာ”
*ဆရာ*
*ေတာင္ေပၚက ဆင္းခြင့္ေပးတယ္*
သူမ၏ ရွင္းျပခ်က္ကို ၾကားၿပီး ပိုင္ရႈံးႏွင့္ အျခားသူေတြအားလုံး ခ်က္ခ်င္း ပင့္သက္ရႈိက္လိုက္မိသည္။
“ဘိုးဘိုး သမီး ယဲ့ဖန္နဲ႔ ႏွစ္ေယာက္တည္း စကားေျပာခ်င္လို႔”
ထိုစဥ္ ပိုင္ယီက ရွက္ေသြးျဖန္းေနေသာ မ်က္ႏွာေလးျဖင့္ ပိုင္ရႈံးကို ေျပာလိုက္သည္။ သူမ စကားေၾကာင့္ ပိုင္ရႈံးက နားလည္ေပးေသာ မ်က္ႏွာျဖင့္ ေအာ္ရယ္၍ ေျပာလိုက္သည္။
“ဟုတ္ပါၿပီ။ မင္းတို႔ႏွစ္ေယာက္လုံးက လူငယ္ေတြဆိုေတာ့ မင္းတို႔ဘာသာ မင္းတို႔ ေျပာၾကပါ”
“ေက်းဇူး ဘိုးဘိုး”
ပိုင္ယီက ေက်နပ္သြားေသာ မ်က္ႏွာထားေလးျဖင့္ သူ႔ကို ေက်းဇူးတင္ေၾကာင္း ေျပာလိုက္သည္။
….
တစ္ခဏမွ် ၾကာၿပီးေနာက္ လူငယ္တစ္ေယာက္ႏွင့္ မိန္းမပ်ိဳေလးတစ္ေယာက္တို႔သည္ ေဝ့ေဟးျမစ္ကမ္းပါး နံေဘး၌ ျဖည္းညႇင္းစြာ လမ္းေလွ်ာက္ေနၾကသည္။
သူတို႔ႏွစ္ေယာက္ကား ယဲ့ဖန္ႏွင့္ ပိုင္ယီတို႔ပင္။
“ယဲ့ဖန္ ရွင္ ဒီေနရာကို မွတ္မိလား”
ပိုင္ယီက မသိမသာ ရွက္ေသြးျဖန္းေနေသာ မ်က္ႏွာေလးျဖင့္ ေမးလာသည္။ ထို႔အျပင္ သူမ၏ မ်က္လုံးထဲ၌ ခ်စ္ျခင္းတရားမ်ားျဖင့္ ျပည့္ႏွက္လို႔ေနသည္။
“အင္း ငါ မွတ္မိတယ္”
ယဲ့ဖန္က ျဖစ္ပ်က္ခဲ့သမွ်ကို ရွင္းလင္းစြာ အမွတ္ရသြားဟန္ျဖင့္ ၿပဳံးကာ ေျပာလိုက္သည္။
“ငါတို႔ ဒီေဝ့ေဟးျမစ္ကမ္းေဘးမွာပဲ တစ္ေယာက္နဲ႔ တစ္ေယာက္ ဒီေနရာမွာ ဆုံခဲ့ၾကတာ”
ယဲ့ဖန္၏ ျပန္ေျပာစကားေၾကာင့္ ပိုင္ယီ ခ်က္ခ်င္း ေက်နပ္သြားသလို ရွိလာသည္။
“ဟုတ္တယ္၊ အခ်ိန္ကုန္တာ ျမန္တယ္ေနာ္၊ တစ္ႏွစ္ေတာင္ ရွိသြားၿပီ”
ပိုင္ယီ၏ လွပေသာ မ်က္ဝန္းေလးမ်ားက လျခမ္းေကြးကဲ့သို႔ ျဖစ္လာၿပီး လြန္စြာ လွပလွ၏။
“ကြၽန္မအဘိုး၊ အန္ကယ္လ္က်ိဳးနဲ႔ ကြၽန္မတို႔ ဒီေနရာမွာ ငါးဖမ္းခဲ့ၾကတာကို မွတ္မိေသးတယ္၊ မေမွ်ာ္လင့္ဘဲ ကြၽန္မတို႔ အသက္ရွင္ေနေသးတဲ့ လူကို ဖမ္းမိသြားတာေလ”
ပိုင္ယီက တခစ္ခစ္ ရယ္ေမာလိုက္ေသာအခါ သူမ၏ မ်က္ႏွာေလးက ဝင္းပလို႔လာသည္။သူမ ရယ္လို႔ၿပီးသြားေသာအခါ သူမက ယဲ့ဖန္၏ မ်က္လုံးကို တည့္တည့္ၾကည့္ကာ ရွက္ေသြးျဖာေနေသာ မ်က္ႏွာေလးျဖင့္ ေမးလိုက္သည္။
“ယဲ့ဖန္ ရွင္သိလား။ ကြၽန္မ ရွင္ ေသၿပီဆိုတဲ့ သတင္းကိုလည္း ၾကားေရာ ကြၽန္မဘဝႀကီးတစ္ခုလုံး အဆုံးသတ္သြားၿပီလို႔ ေတြးလိုက္မိတာ။ ကြၽန္မဆရာက ကြၽန္မကို ေတာင္ေပၚ ေခၚသြားတုန္းက ကြၽန္မ ေလာကီေရးရာေတြမွာ ထပ္မပါေတာ့ဘဲ ေတာင္ေပၚမွာ တစ္သက္လုံး ေနေတာ့မယ္လို႔ စီစဥ္ခဲ့တာ”
“မေမွ်ာ္လင့္ဘဲ ရွင္ ျပန္ေရာက္လာခဲ့တယ္”
ထို႔ေနာက္ ပိုင္ယီက ေအာက္ႏႈတ္ခမ္းကို သြားျဖင့္ ကိုက္ကာာ အလြန္ ခ်စ္စိတ္မ်ားျဖင့္ ဖုံးလႊမ္းေနေသာ အၾကည့္မ်ားျဖင့္ ဆက္ေျပာလိုက္သည္။
“ယဲ့ဖန္ ကြၽန္မ ရွင့္ကို ေျပာစရာရွိလို႔”
“ကြၽန္မ …. ရွင့္ကို … ခ်စ္တယ္”
ထိုစကားေလး သုံးလုံးက သူမ၏ အားအင္မ်ားကို စုပ္ယူသြားသည့္ပုံပင္။ သူမက ယဲ့ဖန္၏ ပခုံးေပၚ ျဖည္းျဖည္းခ်င္း မွီလိုက္သည္။ သူ၏ ကိုယ္နံ႔ကို ရႉရႈိက္ရင္း သူမက ခ်စ္စိတ္ လႊမ္းေနေသာ မ်က္လုံးမ်ားျဖင့္ ေျပာလိုက္သည္။
“ယဲ့ဖန္ ကြၽန္မ ရွင့္ကို သိပ္ခ်စ္တာပဲ”
႐ႊစ္!
ပိုင္ယီ၏ စကားအဆုံးတြင္ ယဲ့ဖန္က သူမ၏ ႏွလုံးသားသို႔ သူ႔လက္ျဖင့္ ထိုးေဖာက္လိုက္သျဖင့္ ရဲရဲနီေနေသာ ေသြးမ်ားက ေျမႀကီးေပၚ စီးက်လာသည္။
ပိုင္ယီက အလြန္ ထိတ္လန႔္သြားေသာ မ်က္ႏွာေလးျဖင့္ ေျပာလိုက္မိသည္။
“ယဲ့ဖန္ ရွင္ ….”
“မင္း ငါ့ကို မခ်စ္ပါဘူး၊ မင္းက ငါ့ေခါင္းကို သေဘာက်ေနတာေလ”
ယဲ့ဖန္က ေအးတိေအးစက္ မ်က္ႏွာထားျဖင့္ ေျပာကာ လက္ကို ေဝွ႔ယမ္းလိုက္သျဖင့္ ယဲ့ဖန္ သူမကို သတ္မည္ဟု မထင္ထားသျဖင့္ ထိတ္လန႔္ေနေသာ မိန္းမပ်ိဳေလး၏ ဦးေခါင္းက အေဝးသို႔ လြင့္ထြက္သြားသည္။
သို႔ေသာ္ ဤမွ်ႏွင့္ မၿပီးေသးေပ။ ထို႔ေနာက္ ယဲ့ဖန္က ပိုင္အိမ္ေတာ္နားမွ ေတာအုပ္ကို စိုက္ၾကည့္ကာ ရက္စက္ေသာ မ်က္ႏွာထားျဖင့္ ေအာ္ေျပာလိုက္သည္။
“မင္းတို႔ ထြက္လာလို႔ ရတယ္”
သူ႔စကားအဆုံးတြင္ ႐ႊန္းလက္ေသာ မိန္းမပ်ိဳမ်ားစြာက လက္ဖ်ားခါေလာက္ေသာ ခ်ီဓာတ္တို႔ႏွင့္အတူ ေတာအုပ္ထဲမွ ထြက္လာသည္။
ပို၍ ထိတ္လန႔္ဖြယ္ေကာင္းသည့္ အခ်က္ကား သူတို႔အားလုံးက … ပိုင္ယီ ျဖစ္ေနျခင္းပင္။

ငရဲမှလာသောသူ [ Chapter 201 to 400]Donde viven las historias. Descúbrelo ahora