Chapter 287

1.1K 128 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (287) မင်း ထပ်ပြောရဲရင် ပြောကြည့်လိုက်စမ်း

အိပ်မက်ဆိုး ချောက်ကမ်းပါးအစွန်း၌

လေထုသည် အလွန် လေးလံထိုင်းမှိုင်းလို့နေ၏။ ဖေးချမ် သည်လောက် စိတ်ဓာတ် ခိုင်မာလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပါ။ သူသည် အညံ့ခံရမည့်အစား အသေခံသာ ခံလိုက်သည်။

အိပ်မက်ဆိုး သိုင်းပညာရှင်များ၏ မျက်နှာများသည် အလွန် ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်လို့နေပြီး ပြာနှမ်းလို့နေ၏။

အိပ်မက်ဆိုး ဘုရင်သည် အိပ်မက်ဆိုး ချောက်ကမ်းပါး အစွန်း၌ သုတ်သင်ခံရတော့မည်။ ယခင် အိပ်မက်ဆိုးဘုရင်သည် အိပ်မက်ဆိုး ချောက်ကမ်းပါးမှ ပြုတ်ကျပြီး သေဆုံးသွားခဲ့ရသည်။ ဘုရင်အသစ်သည်လည်း တူညီသော ကံကြမ္မာကို ဝေမျှ ခံစားရတော့မည်။

အိပ်မက်ဆိုး ချောက်ကမ်းပါးသည် တကယ်ပင် သေမင်း မြစ်ဝကျွန်းပေါ်ဒေသ၏ အိပ်မက်ဆိုး ဖြစ်ဟန်တူသည်။

"အရှင်"

အကြီးအကဲ ချာခါနှင့် အခြားသူများ မျက်ရည်ကျလာကြသည်။ ဖေးချမ်၏ သေဆုံးမှုသည် သေမင်း မြစ်ဝကျွန်းပေါ်ဒေသတစ်ခုလုံး၏ နေဝင်ချိန်ကို ရောက်နေပြီဟု ညွှန်ပြနေသလိုပင်။
သူတို့ စိတ်ဓာတ်ကျနေကြသည်။ သူတို့၏ သစ်လွင်လာသော မျှော်လင့်ချက်များအားလုံး ဆုံးရှုံးလိုက်ရသကဲ့သို့ သူတို့၏ မျက်လုံးများ ဗလာနတ္ထိ ဖြစ်နေကြသည်။

မင်းသား ကာရိုးလ်၏ မျက်နှာသည်လည်း သုန်မှုန်လို့နေ၏။

"သောက်ခွေးမသား"

မင်းသား ကာရိုးလ်သည် မုန်းတီးဟန်ဖြင့် အံကို တင်းနေအောင် ကြိတ်လိုက်မိသည်။ ဖေးချမ်က အိပ်မက်ဆိုး လျို့ဝှက်သိုင်းကျမ်းကို ရရှိသွားပြီ ဟူသော သတင်းကို ရလိုက်သည်နှင့် မင်းသား ကာရိုးလ်သည် သေမင်း မြစ်ဝကျွန်းပေါ်ဒေသအား ချင်းနင်းဝင်ရောက်ပြီး အိပ်မက်ဆိုး လျှို့ဝှက်သိုင်းကျမ်းအား လုယက်၍ အိပ်မက်ဆိုး သိုင်းပညာရှင်များ အားလုံးကို အုပ်စိုးချင်ခဲ့သည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now