Chapter 309

1.1K 120 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (21) CHAPTER (309) ဒါ စိတ်အာရုံ ချောက်ချားတာ ဖြစ်ရမယ်

ကောင်းရှန့်နှင့် သူ့လူများ ယဲ့ဖန်အား တစ်ချက်တည်းဖြင့် တိုက်ခိုက်နိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားမိကြပါ။
ထို့အပြင် ယဲ့ဖန်က ရှောင်ခြင်းလည်း မရှိပေ။ သူတို့၏ ရက်စက်သော တိုက်ခိုက်မှုက ဝေ့ဖန်းနှင့် အခြားသူ လေးယောက်အား လိပ်ပြာလွင့်ထွက်သွားအောင် ခြောက်လှန့်စေခဲ့သည်။
ဤသည်ကား ဒဏ္ဍာရီလာအဆင့် ငါးယောက်နှင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ရှစ်ယောက်တို့၏ သာမန် တိုက်ကွက်သာ ဖြစ်သေးသည်။
ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့်ရှိသော သိုင်းပညာရှင်တစ်ယောက်တောင် သူတို့၏ တိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်ရဲခြင်းမရှိပေ။
အကယ်၍ ယဲ့ဖန်သာ သာမန် ဒဏ္ဍာရီလာအဆင့် ရှိသူ ဖြစ်နေလျင် သူ အသတ်ခံလောက်ပြီ ဖြစ်သည်။ သို့သော် ဤမျှ သန်မာသော တိုက်ကွက်ကား ယဲ့ဖန်ထံသို့ တိုးဝင်လာနေသည်။
ဝေ့ဖန်းနှင့် အခြားသူများ၏ မျက်နှာများ ပြာနှမ်းလာကာ ကြောက်စိတ်ကြောင့် မျက်လုံးကို အကြည့်လွှဲ ထားမိသည်။ သို့သော် သူတို့သည် သွေးများ ပန်းထွက်လာသည့် အသံကို မကြားရဘဲ သတ္တုချင်း ရိုက်ခတ်သံကိုသာ ကြားလိုက်ရသည်။
...
ဝေ့ဖန်းနှင့် အခြားသူ လေးယောက်တို့ ခပ်သွက်သွက် လှည့်ကြည့်လိုက်သောအခါ အလွန် ထက်သော ဓားသွားများက ယဲ့ဖန်၏ အရေပြားမှ ပြန်ကန်ထွက်လာသည်။
“ဒါ ... မဖြစ်နိုင်ဘူး”
ဤမြင်ကွင်းကို ကြည့်ပြိး အိမ်တော်ထဲမှ အခြားသူများအားလုံး အလွန် အံ့အားသင့်သွားကြသည်။ ထို့အပြင် ကောင်းရှန့်၏ သွေးသောက်ဓားက ဆံပင်မွေး အနည်းငယ်လောက်ကိုသာ ဖြတ်လိုက်နိုင်သည်ကို သူတို့ သတိထားလိုက်မိကြသည်။
ဤသည်ကား အစသာ ရှိသေးသည်။
ဂျွတ်! ဂျွတ်!
ကျိုးပဲ့သံများက ဆက်တိုက် ထွက်ပေါ်လာသည်။ အားလုံး၏ အံ့ဩနေသော အကြည့်များ အောက်မှာပင် ထက်လှသော ဓားများ၌ ချက်ချင်းဆိုသလို ပင့်ကူမျှင် အရွယ်အစားရှိသည့် အက်ရာများ ထွက်ပေါ်လာသည်။
သွေးသောက်ဓားတောင်မှ အက်ရာများ ဆက်တိုက်ပေါ်လာသည်။
ဂျွတ်!
နောက်ဆုံးသော ဂျွတ်ဟူသည့် မြည်သံအဆုံးတွင် ဓားများအားလုံး တစ်စစီ ကျိုးပဲ့သွားလေတော့သည်။ ထိုအခိုက်တွင် အချိန်သည် ရပ်တန့်နေပုံရသည်။ အိမ်တော်ထဲရှိ မည်သူမျှ အသက်မရှူနိုင်ပါ။
“မဟုတ်ဘူး … ဒါ မဖြစ်နိုင်ဘူး”
ကောင်းရှန့်လက်ထဲမှ သွေးသောက်ဓားတောင်မှ ကျိုးပဲ့သွားရသဖြင့် သူ့လက်ထဲ၌ ဓားလက်ကိုင်သာ ကျန်ရစ်ခဲ့သည်။ ကောင်းရှန့် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားရသည်။
“ကျိုးသွားပြီ … သွေးသောက်ဓားက ကျိုးသွားတယ်”
ထိုအချိန်တွင် ကောင်းရှန့်သည် မည်သို့မျှ မယုံနိုင်သေးချေ။ သွေးသောက်ဓားသည် ထိပ်တန်း အရည်အသွေးရှိသည့် ရှားပါးသော လက်နက်တစ်ခု ဖြစ်သည်။ ဤဓားသည် ဒဏ္ဍာရီလာအဆင့်ကိုတောင်မှ တစ်ချက်တည်းနှင့် သတ်နိုင်သေးသည်။
ဤဓားသည် ဒဏ္ဍာရီလာအဆင့် တစ်ယောက်၏ ခန္ဓာကိုယ်အား ဖရဲသီးနှင့် ဟင်းသီးဟင်းရွက်များအား လှီးဖြတ်သကဲ့သို့ နုတ်နုတ်စင်းနိုင်သည်။
သို့သော် ယခုအခါတွင် ဤဓားသည် အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားသဖြင့် ဘာကိုမျှ မဖြတ်နိုင်တော့ပေ။
အံ့ဩစရာ ကောင်းလှပါဘိ။ ထိတ်လန့်စရာ ကောင်းလှသည်။
သို့သော် ယဲ့ဖန်၏ ခံစစ်ကား ယခုမှ စမည်ဖြစ်သည်။
“သခင်လေး သတိထား”
သိုင်းပညာရှင်များ ငေးငိုင်နေကြစဉ်တွင် ဒဏ္ဍာရီလာအဆင့် မဟာစောင့်ရှောက်သူ တစ်ယောက် အလွန် ထိတ်လန့်သွားသည်။
ထို့‌နောက် သူသည် တွေဝေနေသော ကောင်းရှန့်ဆီသို့ အပြေးသွားကာ ကောင်းရှန့်ကို တွန်းထုတ်လိုက်သည်။ ထို့နောက် သူသည် လက်သီး ဆုပ်၍ ယဲ့ဖန်၏ ချီဓာတ်အပြည့်ပါသော လက်ဖဝါးအား ပြန်ထိုးလိုက်သည်။
ထိုစဉ် လေတိုးသံနှင့်အတူ ယဲ့ဖန်၏ ကြေးနီရောင် သံမဏီလက်ဖဝါးသည် အင်မော်တယ် တစ်ယောက်ထံမှ ဆင်းသက်လာသော လက်ဖဝါးကဲ့သို့ ရောက်ရှိလာသည်။
သန်မာသော အရှိန်အဟုန်ကြောင့် မြေပြင်တစ်လျှောက် အက်ရာများ ဖြစ်ပေါ်လာရသည်။
ဝုန်း!
စက္ကန့်ပိုင်းအတွင်းမှာပင် ယဲ့ဖန်၏ သံမဏိလက်ဖဝါးနှင့် မဟာစောင့်ရှောက်သူ၏ လက်သီးတို့ ပြင်းထန်စွာ ထိုးနှက်မိသွားကြသည်။ သို့သော် ယဲ့ဖန်၏ လက်ဖဝါးသည် အိပ်မက်ဆိုးတစ်ခုအား ဖန်တီးလို့လာခဲ့သည်။
ဂျွတ်!
ဒဏ္ဍာရီလာအဆင့် မဟာစောင့်ရှောက်သူ၏ လက်သီးသည် ဆွေးမြည့်နေသော သစ်သားကဲ့သို့ ကျိုးကြေသွားလေတော့သည်။ သူ တစ်ချက်ကလေးမှ အသံမထွက်လိုက်နိုင်ခင်မှာပင် သူ၏ ဦးခေါင်းသည်လည်း တစ်စစီ ပေါက်ကွဲထွက်သွားရသည်။
ဂျွတ်!
သူ၏ ရင်ညွန့်ရိုး ကျိုးကြေသွားရသည်။
ဂျွတ်!
သူ့ခြေထောက်များ ကျိုးသွားသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော လက်သီးသည် ဒဏ္ဍာရီလာအဆင့် မဟာစောင့်ရှောက်သူအား အသားတုံးကြီး ဖြစ်အောင် ထိုးနှက်လိုက်ပြီးပြီ ဖြစ်သည်။
*သူ သေသွားပြီ*
ဒဏ္ဍာရီလာအဆင့် မဟာစောင့်ရှောက်သူသည် အသံတစ်ချက်ကလေးမှ မထွက်လိုက်ရသေးခင်မှာပင် ယဲ့ဖန်၏ လက်ဖဝါးချက်ကြောင့် တစ်စစီ ပေါက်ကွဲ၍ သေဆုံးသွားပြီ ဖြစ်သည်။
ထို့နောက် မြေကြီးပေါ်၌ ဧရာမ လက်ဖဝါးရာတစ်ခု ထင်ကျန်ရစ်နေခဲ့သည်။ ထိုလက်ဖဝါးရာထဲမှ နီရဲရဲသွေးများ စီးထွက်လာသဖြင့် အခြားသူများ ကြက်သီး တဖြန်းဖြန်း ထသွားရသည်။
….
ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းကို ကြည့်ရင်း ဘေးပတ်လည်မှ အခြားသူများကြား၌ ပွက်လောရိုက်လာကြသည်။
ရက်စက်သည်။
လူ့ဘီလူးတစ်ကောင်က ပုရွက်ဆိတ်တစ်ကောင်ကို မြေကြီးပေါ် ပုတ်ထုတ်လိုက်သည်ကို ကြည့်ရသည်နှင့် ဆင်တူလှသည်။
“ခွေးမသား”
ဒဏ္ဍာရီလာအဆင့် မဟာစောင့်ရှောက်သူ နှစ်ယောက်တို့သည် ဘာတွေဖြစ်သွားခဲ့သည်ကို သတိပြုမိလာကြပြီး‌နောက် ကြောက်လန့်သွားကြသည်။
“မင်း … မင်း ငါ့ရဲ့ တတိယညီလေးကို သတ်လိုက်တယ်ပေါ့လေ။ သွားသေလိုက်တော့”
နှစ်ယောက်လုံး ရူးမတတ် ဒေါသထွက်လာကြသည်။ ထို့နောက် သူတို့သည် သူတို့အသက်ကို ပဓာန မထားဘဲ ယဲ့ဖန်အား ရူးသွပ်စွာ တိုက်ခိုက်လာကြသည်။ သို့သော် သူတို့၏ တိုက်ခိုက်မှုများသည် မီးကိုတိုးနေသည့် ပိုးဖလံအကောင်များ၏ အဖြစ်နှင့် သွား၍ ဆင်တူနေ၏။
ယဲ့ဖန်၏ မျက်လုံးထဲ၌ မီးဝင်းဝင်းတောက်လာသည်။ ဒဏ္ဍာရီလာအဆင့် မဟာစောင့်ရှောက်သူ နှစ်ယောက်ထံသို့ သူ၏ သံမဏိ လက်ဖဝါးနှစ်ဘက်ကို ဝင့်လိုက်သည်။
ဝုန်း! ဝုန်း!
ရုတ်တရက် နှစ်ယောက်လုံး အရှိန်ပျက်သွားသည်။ နှစ်ဦးစလုံးအား ကြောက်မက်ဖွယ်ကောင်းသော ကြီးမားသည့် အင်အားတစ်ခုက ဖုံးလွှမ်းသွားသလိုပင်။
“မဖြစ်ဘူး”
အခြားသူများ၏ အံ့ဩနေသော အကြည့်များ အောက်မှာပင် ကြောက်လန့်ကာ ငယ်သံပါအောင် အော်ဟစ်နေသံများနှင့်အတူ သူတို့၏ ခန္ဓာကိုယ်များသည် ယဲ့ဖန်၏ လက်ဖဝါးကြောင့် တစ်စစီ ဖြစ်သွားလေတော့သည်။
သူတို့၏ အရိုးများ ကျိုးကြေသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်လုံးသည် ပစ်ပေါက်ခံလိုက်ရသည့် အသားလုံးသဖွယ် ဖြစ်သွားကြသည်။ အခြားသူများအားလုံး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြပေ။
သူတို့နှစ်ယောက်လုံးသည် ဒဏ္ဍာရီလာအဆင့်များ ဖြစ်ကြသည်။ ယဲ့ဖန်က ဒဏ္ဍာရီလာအဆင့် သုံးယောက်ကို သုံးချက်တည်းဖြင့် ရိုက်သတ်လိုက်နိုင်ခဲ့သည်။
မည်မျှ သွေးပျက်ဖွယ်ကောင်းသည့် မြင်ကွင်းပါလိမ့်။
“သောက်ငကြောင်ကောင်”
နောက်ဆုံးသော ဒဏ္ဍာရီလာအဆင့် မဟာစောင့်ရှောက်သူသည် ကြက်သီးတဖြန်းဖြန်းကာ ခေါင်းမွေးများပင် ထောင်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းက သူ့အား လိပ်ပြာလွင့်မတတ် ကြောက်လန့်နေစေခဲ့သည်။ သူ ချက်ချင်း တတ်နိုင်သမျှ မြန်မြန် ထွက်ပြေးလိုက်သည်။
သူ မသေချင်သေးသလို အသားတုံးဖြစ်သည်အထိ ရိုက်သတ်ခံရမှာကိုလည်း မလိုလားပေ။ သူက အသံထက်မြန်သော အရှိန်ဖြင့် ထွက်ပြေးလို့နေ၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူသည် ခြံတံခါးဝနားသို့ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် သူ အလွန် ပျော်ရွှင်နေပုံရသည်။
တစ်စက္ကန့်။
နောက်ထပ် တစ်စက္ကန့်သာဆိုလျင် သူသည် အဝေးသို့ ထွက်ပြေးသွားနိုင်ပြီး နတ်ဆိုး၏ လက်သည်းနှင့် အစွယ်များလက်မှ လွတ်မြောက်တော့မည် ဖြစ်သည်။
သို့သော် သူ နောက်ဆုံး ခြေလှမ်း လှမ်းလိုက်ချိန်တွင် ရုတ်တရက် လေတိုးသံကို သူ ကြားလိုက်ရသည်။ သူ နောက်လှည့်ကြည့်လိုက်သောအခါ လက်ဖဝါးတစ်ဘက်က နီးကပ်လို့လာပြီး သူ့ကျောပြင်အား ရိုက်နှက်သွားသည်။
မိုးကြိုးပစ်ခြင်း ခံလိုက်ရသလို သူ ခံစားလိုက်ရသည်။
“အား”
ကြောက်လန့်ကာ ငယ်သံပါအောင် အော်ဟစ်လိုက်မိပြီးနောက် သူသည် လက်ဖဝါးချက် တစ်ချက်တည်းဖြင့် အသားတုံးကဲ့သို့ မြေကြီးပေါ် လဲကျသွားသည်။
တောက်! တောက်!
ထိုအချိန်တွင် ကောင်းအိမ်တော်တစ်ခုလုံး တိတ်ဆိတ်လို့နေပြီး ချွေးတဒီးဒီးကျနေကြသည်။
အခြားသူများသည် သွေးစီးကြောင်းများအား ငိုင်တွေ၍ ကြည့်နေကြသည်။ အသားတုံး လေးတုံး။
ဒဏ္ဍာရီလာအဆင့် မဟာစောင့်ရှောက်သူ လေးယောက်လုံး တစ်မိနစ် မပြည့်သေးသည့် အချိန်မှာပင် အသတ်ခံလိုက်ရလေပြီ။
ဂလု!
ကောင်းရှန့် တံတွေး မျိုချလိုက်ရင်း သူ့ခွန်အားတွေ အားလုံး စုပ်ယူခံလိုက်ရသလို ခံစားလိုက်ရသည်။ ကြောက်လွန်းလို့ ကိုယ်တွင်းရှိ ဆဲလ်များပင် တုန်လှုပ်နေကြသည်။
သူ အဝေးသို့ ထွက်ပြေးချင်သည်။ သို့သော် သူ့ခြေထောက်များသည် ကျောက်ချထားသကဲ့သို့ ဖြစ်ကာ လုံးဝ လှုပ်၍ မရပေ။
“မဖြစ်နိုင်ဘူး၊ ဒါ စိတ်ချောက်ချားတာ သက်သက်ပဲ၊ ဒါ စိတ်ချောက်ချားတာပဲ ဖြစ်ရမယ်”
ကောင်းရှန့် သူ မြင်နေရသည့်အရာများကို မယုံကြည်ရဲပါ။ ထိုအချိန်တွင် ယဲ့ဖန်က ကောင်းရှန့်အား ဆိုးရွား၍ နတ်ဆိုးဆန်သော အပြုံးမျိုးနှင့် ကြည့်နေသည်။
သို့သော် ကောင်းရှန့်၏ စိတ်ထဲတွင်တော့ ထိုအပြုံးသည် မရဏ အငွေ့အသက်များ အပြည့်အဝ ပါဝင်နေသော သေမင်းနတ်ဘုရား၏ အပြုံးဟု ထင်နေမိသည်။
#ZAWGYI
စာစဥ္ (21) CHAPTER (309) ဒါ စိတ္အာ႐ုံ ေခ်ာက္ခ်ားတာ ျဖစ္ရမယ္
ေကာင္းရွန႔္ႏွင့္ သူ႔လူမ်ား ယဲ့ဖန္အား တစ္ခ်က္တည္းျဖင့္ တိုက္ခိုက္ႏိုင္လိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားမိၾကပါ။
ထို႔အျပင္ ယဲ့ဖန္က ေရွာင္ျခင္းလည္း မရွိေပ။ သူတို႔၏ ရက္စက္ေသာ တိုက္ခိုက္မႈက ေဝ့ဖန္းႏွင့္ အျခားသူ ေလးေယာက္အား လိပ္ျပာလြင့္ထြက္သြားေအာင္ ေျခာက္လွန႔္ေစခဲ့သည္။
ဤသည္ကား ဒ႑ာရီလာအဆင့္ ငါးေယာက္ႏွင့္ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ရွစ္ေယာက္တို႔၏ သာမန္ တိုက္ကြက္သာ ျဖစ္ေသးသည္။
ဒ႑ာရီလာ အထြတ္အထိပ္အဆင့္ရွိေသာ သိုင္းပညာရွင္တစ္ေယာက္ေတာင္ သူတို႔၏ တိုက္ခိုက္မႈကို ထိပ္တိုက္ ရင္ဆိုင္ရဲျခင္းမရွိေပ။
အကယ္၍ ယဲ့ဖန္သာ သာမန္ ဒ႑ာရီလာအဆင့္ ရွိသူ ျဖစ္ေနလ်င္ သူ အသတ္ခံေလာက္ၿပီ ျဖစ္သည္။ သို႔ေသာ္ ဤမွ် သန္မာေသာ တိုက္ကြက္ကား ယဲ့ဖန္ထံသို႔ တိုးဝင္လာေနသည္။
ေဝ့ဖန္းႏွင့္ အျခားသူမ်ား၏ မ်က္ႏွာမ်ား ျပာႏွမ္းလာကာ ေၾကာက္စိတ္ေၾကာင့္ မ်က္လုံးကို အၾကည့္လႊဲ ထားမိသည္။ သို႔ေသာ္ သူတို႔သည္ ေသြးမ်ား ပန္းထြက္လာသည့္ အသံကို မၾကားရဘဲ သတၱဳခ်င္း ႐ိုက္ခတ္သံကိုသာ ၾကားလိုက္ရသည္။
...
ေဝ့ဖန္းႏွင့္ အျခားသူ ေလးေယာက္တို႔ ခပ္သြက္သြက္ လွည့္ၾကည့္လိုက္ေသာအခါ အလြန္ ထက္ေသာ ဓားသြားမ်ားက ယဲ့ဖန္၏ အေရျပားမွ ျပန္ကန္ထြက္လာသည္။
“ဒါ ... မျဖစ္ႏိုင္ဘူး”
ဤျမင္ကြင္းကို ၾကည့္ၿပိး အိမ္ေတာ္ထဲမွ အျခားသူမ်ားအားလုံး အလြန္ အံ့အားသင့္သြားၾကသည္။ ထို႔အျပင္ ေကာင္းရွန႔္၏ ေသြးေသာက္ဓားက ဆံပင္ေမြး အနည္းငယ္ေလာက္ကိုသာ ျဖတ္လိုက္ႏိုင္သည္ကို သူတို႔ သတိထားလိုက္မိၾကသည္။
ဤသည္ကား အစသာ ရွိေသးသည္။
ဂြၽတ္! ဂြၽတ္!
က်ိဳးပဲ့သံမ်ားက ဆက္တိုက္ ထြက္ေပၚလာသည္။ အားလုံး၏ အံ့ဩေနေသာ အၾကည့္မ်ား ေအာက္မွာပင္ ထက္လွေသာ ဓားမ်ား၌ ခ်က္ခ်င္းဆိုသလို ပင့္ကူမွ်င္ အ႐ြယ္အစားရွိသည့္ အက္ရာမ်ား ထြက္ေပၚလာသည္။
ေသြးေသာက္ဓားေတာင္မွ အက္ရာမ်ား ဆက္တိုက္ေပၚလာသည္။
ဂြၽတ္!
ေနာက္ဆုံးေသာ ဂြၽတ္ဟူသည့္ ျမည္သံအဆုံးတြင္ ဓားမ်ားအားလုံး တစ္စစီ က်ိဳးပဲ့သြားေလေတာ့သည္။ ထိုအခိုက္တြင္ အခ်ိန္သည္ ရပ္တန႔္ေနပုံရသည္။ အိမ္ေတာ္ထဲရွိ မည္သူမွ် အသက္မရႉႏိုင္ပါ။
“မဟုတ္ဘူး … ဒါ မျဖစ္ႏိုင္ဘူး”
ေကာင္းရွန႔္လက္ထဲမွ ေသြးေသာက္ဓားေတာင္မွ က်ိဳးပဲ့သြားရသျဖင့္ သူ႔လက္ထဲ၌ ဓားလက္ကိုင္သာ က်န္ရစ္ခဲ့သည္။ ေကာင္းရွန႔္ မ်က္လုံးျပဴး မ်က္ဆံျပဴး ျဖစ္သြားရသည္။
“က်ိဳးသြားၿပီ … ေသြးေသာက္ဓားက က်ိဳးသြားတယ္”
ထိုအခ်ိန္တြင္ ေကာင္းရွန႔္သည္ မည္သို႔မွ် မယုံႏိုင္ေသးေခ်။ ေသြးေသာက္ဓားသည္ ထိပ္တန္း အရည္အေသြးရွိသည့္ ရွားပါးေသာ လက္နက္တစ္ခု ျဖစ္သည္။ ဤဓားသည္ ဒ႑ာရီလာအဆင့္ကိုေတာင္မွ တစ္ခ်က္တည္းႏွင့္ သတ္ႏိုင္ေသးသည္။
ဤဓားသည္ ဒ႑ာရီလာအဆင့္ တစ္ေယာက္၏ ခႏၶာကိုယ္အား ဖရဲသီးႏွင့္ ဟင္းသီးဟင္း႐ြက္မ်ားအား လွီးျဖတ္သကဲ့သို႔ ႏုတ္ႏုတ္စင္းႏိုင္သည္။
သို႔ေသာ္ ယခုအခါတြင္ ဤဓားသည္ အစိတ္စိတ္ အႁမႊာႁမႊာ ျဖစ္သြားသျဖင့္ ဘာကိုမွ် မျဖတ္ႏိုင္ေတာ့ေပ။
အံ့ဩစရာ ေကာင္းလွပါဘိ။ ထိတ္လန႔္စရာ ေကာင္းလွသည္။
သို႔ေသာ္ ယဲ့ဖန္၏ ခံစစ္ကား ယခုမွ စမည္ျဖစ္သည္။
“သခင္ေလး သတိထား”
သိုင္းပညာရွင္မ်ား ေငးငိုင္ေနၾကစဥ္တြင္ ဒ႑ာရီလာအဆင့္ မဟာေစာင့္ေရွာက္သူ တစ္ေယာက္ အလြန္ ထိတ္လန႔္သြားသည္။
ထို႔‌ေနာက္ သူသည္ ေတြေဝေနေသာ ေကာင္းရွန႔္ဆီသို႔ အေျပးသြားကာ ေကာင္းရွန႔္ကို တြန္းထုတ္လိုက္သည္။ ထို႔ေနာက္ သူသည္ လက္သီး ဆုပ္၍ ယဲ့ဖန္၏ ခ်ီဓာတ္အျပည့္ပါေသာ လက္ဖဝါးအား ျပန္ထိုးလိုက္သည္။
ထိုစဥ္ ေလတိုးသံႏွင့္အတူ ယဲ့ဖန္၏ ေၾကးနီေရာင္ သံမဏီလက္ဖဝါးသည္ အင္ေမာ္တယ္ တစ္ေယာက္ထံမွ ဆင္းသက္လာေသာ လက္ဖဝါးကဲ့သို႔ ေရာက္ရွိလာသည္။
သန္မာေသာ အရွိန္အဟုန္ေၾကာင့္ ေျမျပင္တစ္ေလွ်ာက္ အက္ရာမ်ား ျဖစ္ေပၚလာရသည္။
ဝုန္း!
စကၠန႔္ပိုင္းအတြင္းမွာပင္ ယဲ့ဖန္၏ သံမဏိလက္ဖဝါးႏွင့္ မဟာေစာင့္ေရွာက္သူ၏ လက္သီးတို႔ ျပင္းထန္စြာ ထိုးႏွက္မိသြားၾကသည္။ သို႔ေသာ္ ယဲ့ဖန္၏ လက္ဖဝါးသည္ အိပ္မက္ဆိုးတစ္ခုအား ဖန္တီးလို႔လာခဲ့သည္။
ဂြၽတ္!
ဒ႑ာရီလာအဆင့္ မဟာေစာင့္ေရွာက္သူ၏ လက္သီးသည္ ေဆြးျမည့္ေနေသာ သစ္သားကဲ့သို႔ က်ိဳးေၾကသြားေလေတာ့သည္။ သူ တစ္ခ်က္ကေလးမွ အသံမထြက္လိုက္ႏိုင္ခင္မွာပင္ သူ၏ ဦးေခါင္းသည္လည္း တစ္စစီ ေပါက္ကြဲထြက္သြားရသည္။
ဂြၽတ္!
သူ၏ ရင္ၫြန႔္႐ိုး က်ိဳးေၾကသြားရသည္။
ဂြၽတ္!
သူ႔ေျခေထာက္မ်ား က်ိဳးသြားသည္။ စကၠန႔္ပိုင္းအတြင္းမွာပင္ ေၾကာက္မက္ဖြယ္ေကာင္းေသာ လက္သီးသည္ ဒ႑ာရီလာအဆင့္ မဟာေစာင့္ေရွာက္သူအား အသားတုံးႀကီး ျဖစ္ေအာင္ ထိုးႏွက္လိုက္ၿပီးၿပီ ျဖစ္သည္။
*သူ ေသသြားၿပီ*
ဒ႑ာရီလာအဆင့္ မဟာေစာင့္ေရွာက္သူသည္ အသံတစ္ခ်က္ကေလးမွ မထြက္လိုက္ရေသးခင္မွာပင္ ယဲ့ဖန္၏ လက္ဖဝါးခ်က္ေၾကာင့္ တစ္စစီ ေပါက္ကြဲ၍ ေသဆုံးသြားၿပီ ျဖစ္သည္။
ထို႔ေနာက္ ေျမႀကီးေပၚ၌ ဧရာမ လက္ဖဝါးရာတစ္ခု ထင္က်န္ရစ္ေနခဲ့သည္။ ထိုလက္ဖဝါးရာထဲမွ နီရဲရဲေသြးမ်ား စီးထြက္လာသျဖင့္ အျခားသူမ်ား ၾကက္သီး တျဖန္းျဖန္း ထသြားရသည္။
….
ေၾကာက္မက္ဖြယ္ေကာင္းသည့္ ျမင္ကြင္းကို ၾကည့္ရင္း ေဘးပတ္လည္မွ အျခားသူမ်ားၾကား၌ ပြက္ေလာ႐ိုက္လာၾကသည္။
ရက္စက္သည္။
လူ႔ဘီလူးတစ္ေကာင္က ပု႐ြက္ဆိတ္တစ္ေကာင္ကို ေျမႀကီးေပၚ ပုတ္ထုတ္လိုက္သည္ကို ၾကည့္ရသည္ႏွင့္ ဆင္တူလွသည္။
“ေခြးမသား”
ဒ႑ာရီလာအဆင့္ မဟာေစာင့္ေရွာက္သူ ႏွစ္ေယာက္တို႔သည္ ဘာေတြျဖစ္သြားခဲ့သည္ကို သတိျပဳမိလာၾကၿပီး‌ေနာက္ ေၾကာက္လန႔္သြားၾကသည္။
“မင္း … မင္း ငါ့ရဲ႕ တတိယညီေလးကို သတ္လိုက္တယ္ေပါ့ေလ။ သြားေသလိုက္ေတာ့”
ႏွစ္ေယာက္လုံး ႐ူးမတတ္ ေဒါသထြက္လာၾကသည္။ ထို႔ေနာက္ သူတို႔သည္ သူတို႔အသက္ကို ပဓာန မထားဘဲ ယဲ့ဖန္အား ႐ူးသြပ္စြာ တိုက္ခိုက္လာၾကသည္။ သို႔ေသာ္ သူတို႔၏ တိုက္ခိုက္မႈမ်ားသည္ မီးကိုတိုးေနသည့္ ပိုးဖလံအေကာင္မ်ား၏ အျဖစ္ႏွင့္ သြား၍ ဆင္တူေန၏။
ယဲ့ဖန္၏ မ်က္လုံးထဲ၌ မီးဝင္းဝင္းေတာက္လာသည္။ ဒ႑ာရီလာအဆင့္ မဟာေစာင့္ေရွာက္သူ ႏွစ္ေယာက္ထံသို႔ သူ၏ သံမဏိ လက္ဖဝါးႏွစ္ဘက္ကို ဝင့္လိုက္သည္။
ဝုန္း! ဝုန္း!
႐ုတ္တရက္ ႏွစ္ေယာက္လုံး အရွိန္ပ်က္သြားသည္။ ႏွစ္ဦးစလုံးအား ေၾကာက္မက္ဖြယ္ေကာင္းေသာ ႀကီးမားသည့္ အင္အားတစ္ခုက ဖုံးလႊမ္းသြားသလိုပင္။
“မျဖစ္ဘူး”
အျခားသူမ်ား၏ အံ့ဩေနေသာ အၾကည့္မ်ား ေအာက္မွာပင္ ေၾကာက္လန႔္ကာ ငယ္သံပါေအာင္ ေအာ္ဟစ္ေနသံမ်ားႏွင့္အတူ သူတို႔၏ ခႏၶာကိုယ္မ်ားသည္ ယဲ့ဖန္၏ လက္ဖဝါးေၾကာင့္ တစ္စစီ ျဖစ္သြားေလေတာ့သည္။
သူတို႔၏ အ႐ိုးမ်ား က်ိဳးေၾကသြားၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ သူတို႔ႏွစ္ေယာက္လုံးသည္ ပစ္ေပါက္ခံလိုက္ရသည့္ အသားလုံးသဖြယ္ ျဖစ္သြားၾကသည္။ အျခားသူမ်ားအားလုံး ကိုယ့္မ်က္လုံးကိုယ္ မယုံႏိုင္ၾကေပ။
သူတို႔ႏွစ္ေယာက္လုံးသည္ ဒ႑ာရီလာအဆင့္မ်ား ျဖစ္ၾကသည္။ ယဲ့ဖန္က ဒ႑ာရီလာအဆင့္ သုံးေယာက္ကို သုံးခ်က္တည္းျဖင့္ ႐ိုက္သတ္လိုက္ႏိုင္ခဲ့သည္။
မည္မွ် ေသြးပ်က္ဖြယ္ေကာင္းသည့္ ျမင္ကြင္းပါလိမ့္။
“ေသာက္ငေၾကာင္ေကာင္”
ေနာက္ဆုံးေသာ ဒ႑ာရီလာအဆင့္ မဟာေစာင့္ေရွာက္သူသည္ ၾကက္သီးတျဖန္းျဖန္းကာ ေခါင္းေမြးမ်ားပင္ ေထာင္ေနသည္။
ေၾကာက္မက္ဖြယ္ေကာင္းေသာ ျမင္ကြင္းက သူ႔အား လိပ္ျပာလြင့္မတတ္ ေၾကာက္လန႔္ေနေစခဲ့သည္။ သူ ခ်က္ခ်င္း တတ္ႏိုင္သမွ် ျမန္ျမန္ ထြက္ေျပးလိုက္သည္။
သူ မေသခ်င္ေသးသလို အသားတုံးျဖစ္သည္အထိ ႐ိုက္သတ္ခံရမွာကိုလည္း မလိုလားေပ။ သူက အသံထက္ျမန္ေသာ အရွိန္ျဖင့္ ထြက္ေျပးလို႔ေန၏။
မ်က္ေတာင္တစ္ခတ္ အတြင္းမွာပင္ သူသည္ ၿခံတံခါးဝနားသို႔ ေရာက္ရွိသြားခဲ့သည္။ ထိုအခ်ိန္တြင္ သူ အလြန္ ေပ်ာ္႐ႊင္ေနပုံရသည္။
တစ္စကၠန႔္။
ေနာက္ထပ္ တစ္စကၠန႔္သာဆိုလ်င္ သူသည္ အေဝးသို႔ ထြက္ေျပးသြားႏိုင္ၿပီး နတ္ဆိုး၏ လက္သည္းႏွင့္ အစြယ္မ်ားလက္မွ လြတ္ေျမာက္ေတာ့မည္ ျဖစ္သည္။
သို႔ေသာ္ သူ ေနာက္ဆုံး ေျခလွမ္း လွမ္းလိုက္ခ်ိန္တြင္ ႐ုတ္တရက္ ေလတိုးသံကို သူ ၾကားလိုက္ရသည္။ သူ ေနာက္လွည့္ၾကည့္လိုက္ေသာအခါ လက္ဖဝါးတစ္ဘက္က နီးကပ္လို႔လာၿပီး သူ႔ေက်ာျပင္အား ႐ိုက္ႏွက္သြားသည္။
မိုးႀကိဳးပစ္ျခင္း ခံလိုက္ရသလို သူ ခံစားလိုက္ရသည္။
“အား”
ေၾကာက္လန႔္ကာ ငယ္သံပါေအာင္ ေအာ္ဟစ္လိုက္မိၿပီးေနာက္ သူသည္ လက္ဖဝါးခ်က္ တစ္ခ်က္တည္းျဖင့္ အသားတုံးကဲ့သို႔ ေျမႀကီးေပၚ လဲက်သြားသည္။
ေတာက္! ေတာက္!
ထိုအခ်ိန္တြင္ ေကာင္းအိမ္ေတာ္တစ္ခုလုံး တိတ္ဆိတ္လို႔ေနၿပီး ေခြၽးတဒီးဒီးက်ေနၾကသည္။
အျခားသူမ်ားသည္ ေသြးစီးေၾကာင္းမ်ားအား ငိုင္ေတြ၍ ၾကည့္ေနၾကသည္။ အသားတုံး ေလးတုံး။
ဒ႑ာရီလာအဆင့္ မဟာေစာင့္ေရွာက္သူ ေလးေယာက္လုံး တစ္မိနစ္ မျပည့္ေသးသည့္ အခ်ိန္မွာပင္ အသတ္ခံလိုက္ရေလၿပီ။
ဂလု!
ေကာင္းရွန႔္ တံေတြး မ်ိဳခ်လိုက္ရင္း သူ႔ခြန္အားေတြ အားလုံး စုပ္ယူခံလိုက္ရသလို ခံစားလိုက္ရသည္။ ေၾကာက္လြန္းလို႔ ကိုယ္တြင္းရွိ ဆဲလ္မ်ားပင္ တုန္လႈပ္ေနၾကသည္။
သူ အေဝးသို႔ ထြက္ေျပးခ်င္သည္။ သို႔ေသာ္ သူ႔ေျခေထာက္မ်ားသည္ ေက်ာက္ခ်ထားသကဲ့သို႔ ျဖစ္ကာ လုံးဝ လႈပ္၍ မရေပ။
“မျဖစ္ႏိုင္ဘူး၊ ဒါ စိတ္ေခ်ာက္ခ်ားတာ သက္သက္ပဲ၊ ဒါ စိတ္ေခ်ာက္ခ်ားတာပဲ ျဖစ္ရမယ္”
ေကာင္းရွန႔္ သူ ျမင္ေနရသည့္အရာမ်ားကို မယုံၾကည္ရဲပါ။ ထိုအခ်ိန္တြင္ ယဲ့ဖန္က ေကာင္းရွန႔္အား ဆိုး႐ြား၍ နတ္ဆိုးဆန္ေသာ အၿပဳံးမ်ိဳးႏွင့္ ၾကည့္ေနသည္။
သို႔ေသာ္ ေကာင္းရွန႔္၏ စိတ္ထဲတြင္ေတာ့ ထိုအၿပဳံးသည္ မရဏ အေငြ႕အသက္မ်ား အျပည့္အဝ ပါဝင္ေနေသာ ေသမင္းနတ္ဘုရား၏ အၿပဳံးဟု ထင္ေနမိသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now