Chapter 206

1.7K 193 1
                                    

ငရဲမှလာသောသူ
ဘာသာပြန် Han Shin
The Man from Hell
Author Autumn Wind 123

စာစဉ် (14) Chapter (206) ငါတို့သခင်ကြီးရဲ့ အမိန့်အရ မင်းတို့ရဲ့ အညတရ အသက်တွေကို နုတ်ယူဖို့ ငါတို့ ဒီကိုလာတာ

တစ်ရက်ကြာပြီးနောက် နေ့လည်ခင်းတစ်ခုတွင် မွန်ဂိုးလီးယားနိုင်ငံ၏ ချာရှစ်မြို့တော်၌ မဟူရာ ကြက်ခြေခတ်ဘားက အထူးဧည့်သည်တော် အဖွဲ့တစ်ဖွဲ့အား ကြိုဆိုလျက် ရှိသည်။

"အရှင် မိစ္ဆာ ဝိညာဉ်ရိုင်း၊ တွေ့ရတာ ဝမ်းသာပါတယ်။ ခင်ဗျား ရှန့်ကျန်းဂိုဏ်းခွဲက ညီအစ်ကို တော်တော်များများကို ခေါ်လာတာပဲ"

ချာရှစ်မြို့ရှိ မဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲခေါင်းဆောင် ဝူလူက မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အခြားသူများကို နှုတ်ခွန်းဆက်၍ ကြိုဆိုလိုက်၏။

သူသည် ဆရာသခင် နောက်ဆုံးအဆင့်သို့ ရောက်နေသော မွန်ဂိုလီးယား လူကြမ်းကြီး တစ်ယောက် ဖြစ်သည်။

ရှန့်ကျန်းမြို့ ဂိုဏ်းခွဲမှ မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အခြားသူများ ရောက်လာလိမ့်မည်ဟု ဝူလူ လုံးဝ မျှော်လင့်မထားခဲ့မိပါ။

သူ့စကားကို ကြားသောအခါ ဝိညာဉ်ရိုင်း မသိမသာ မခိုးမခန့် အပြုံးမျိုး ပြုံး၍ ပြောလိုက်သည်။

"ကျုပ်တို့ သခင်ကြီးရဲ့ အမိန့်အရ ချာရှစ်မြို့မှာ သုတ်သင် ရှင်းလင်းရမယ့် တာဝန်ကို ထမ်းဆောင်ဖို့ ကျုပ်တို့ လာတာ"

*သခင်ကြီး*

ဝူလူ တစ်ခဏမျှ ကြောင်သွားရသည်။ မိစ္ဆာ ဝိညာဉ်ရိုင်း ပြောသည့် 'သခင်ကြီး' ဟူသော စကားကို သူ လုံးဝ နားမလည်နိုင်ပါ။

သူ ပြန်မေးတော့မည့် အချိန်တွင် ဝိညာဉ်ရိုင်း၏ မေးခွန်းကို သူ ရုတ်တရက် ကြားလိုက်ရသည်။

"ဝူလူ၊ မွန်ဂိုးလီးယားက ဒီမဟူရာ ကြက်ခြေခတ် ဂိုဏ်းခွဲရဲ့ ဂိုဏ်းသားအားလုံး ဒီမှာ ရှိလား"

မြေအောက်ခန်းတွင် မွန်ဂိုလီးယား ဆရာသခင်အဆင့် ပညာရှင် အယောက် နှစ်ဆယ်ကျော်ခန့် ရှိသည်၊ သူတို့အားလုံးက မဟူရာ ကြက်ခြေခတ် အဖွဲ့သားများ ဖြစ်သည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now