Chapter 291

1.1K 134 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (20) CHAPTER (291) ရုတ်တရက် ပြောင်းလဲမှု
သေမင်းမြစ်ဝကျွန်းပေါ်ဒေသ၏ အလယ်ဗဟို၌ အထွတ်အမြတ်ထားသော နေရာတစ်ခုရှိသည်။ ထိုနေရာသည် ယခင် အိပ်မက်ဆိုးဘုရင်၏ ဂေဟာ ဖြစ်သည်။
ရုတ်တရက် ထိုဂေဟာ၏ အလယ်ဗဟိုမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ခြံဝန်းတစ်ခုလုံး တစ်ဟုန်ထိုး တိုးပွားလာသော ချီဓာတ်များဖြင့် ပြည့်နှက်သွားသည်။
ထိုအချိန်တွင် ယဲ့ဖန်နှင့် သူ့လူများသည် ထိုပေါက်ကွဲမှုကို အာရုံခံမိသွားပြီးနောက် အားရဝမ်းသာစွာ ပြုံးလိုက်ကြသည်။
"ကြည့်ရတာ ကျုပ်တို့ဘော့စ်က ဒဏ္ဍာရီလာအဆင့်ကို အဆင့်တက်သွားပြီးနဲ့ တူတယ်"
ဝံပုလွေရိုင်းက အလွန် စိတ်လှုပ်ရှားနေသော မျက်နှာနှင့် ရေရွတ်လိုက်သည်။ အိပ်မက်ဆိုး သိုင်းပညာရှင်တိုင်းလည်း အလွန် တက်ကြွ ပျော်ရွှင်သွားကြပြီး ယဲ့ဖန်ကိုလည်း အလွန် လေးစားကြည်ညိုဟန်များ ဖော်ပြလာသည်။
သူတို့စိတ်ထဲတွင် ယဲ့ဖန်၏ အကူအညီသာ မရခဲ့ပါက အိပ်မက်ဆိုးအဖွဲ့သည် ဖျက်ဆီးခံခဲ့ရသည်မှာ ကြာလောက်ပြီ ဖြစ်ပြီး အိပ်မက်ဆိုး သိုင်းပညာရှင်များအားလုံး မင်းသား ကာရိုးလ်၏ ကျွန်ပြုခြင်းကို ခံခဲ့ရပြီ ဖြစ်သည်။
ထိုစဉ် အိပ်မက်ဆိုး သိုင်းပညာရှင်တစ်ယောက်သည် ခန်းမထဲသို့ ဒရောသောပါး ပြေးဝင်လာသည်၊ သူ့နဖူးပေါ်တွင် ချွေးသီးချွေးပေါက်များဖြင့် ပြည့်နှက်နေ၏။
"သခင်ကြီး … တီဗွီ ဖွင့်ကြည့်ပါဦး … အရေးပေါ် အခြေအနေပါ"
*ဟမ်*
ထိုသိုင်းပညာရှင်သည် အလွန် ကြောက်မက်ဖွယ်ကောင်းသော တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ အလွန် ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ကြောက်လန့်လို့နေ၏။
သူ့စကားများက အခန်းထဲရှိ လူတိုင်းအား ထိတ်လန့်သွားစေသည်။
*တီဗွီလား*
ထို့နောက် လူအုပ်ကြီးသည် ယဲ့ဖန်အား ဝိုင်းကြည့်လိုက်မိကြသည်။ ထိုအခါ ယဲ့ဖန်က မျက်မှောင်ကြုတ်မိကာ စိတ်ထဲ ထင့်သွားမိသည်။ သူ ချက်ချင်း လက်ပြလိုက်သည်။
ထို့နောက်တွင်မူ အိပ်မက်ဆိုး သိုင်းပညာရှင်တစ်ယောက်က ချက်ချင်း ရှေ့သို့ တိုးသွားကာ နံရံပေါ်မှ ကြည်လင်သော တီဗွီကို ကောက်ဖွင့်လိုက်သည်။
တီဗွီမှ ထုတ်လွှင့်နေသော သတင်းကို ကြည့်ပြီး သူတို့အားလုံး ရုတ်ချည်းဆိုသလို မှင်တက်သွားရသည်။
"ထိုင်းနိုင်ငံ သတင်းပါ … ဒီမနက် ဆယ်နာရီအချိန်က ထိုင်းနိုင်ငံ တောက်ဘက်ခြမ်းရှိ ထိုင်းပင်လယ်ကွေ့တွင် ပင်လယ်သားရဲများက လူတွေကို တိုက်ခိုက်ခဲ့ပါတယ် … ခရီးသွား သုံးယောက် အသတ်ခံလိုက်ရပါတယ် … ထိုပင်လယ်သားရဲများလည်း အသတ်ခံလိုက်ရပါပြီ … ကျွမ်းကျင်တဲ့ သုတေသနပညာရှင်များရဲ့အဆိုအရ ထိုသားရဲများက ကျားငါးမန်းမျိုးစိတ်တွေရဲ့ သန္ဓေပြောင်းလဲကောင်တွေလို့ ဆိုပါတယ်"
ထိုသတင်းတင်ဆက်သူ၏ သတင်းအပြီး မကြာခင်မှာပင် ဖုန်းတစ်လုံးနှင့် ရိုက်ထားသော ဗွီဒီယိုတစ်ခုကို ထုတ်လွှင့်လာသည်။
ထိုင်းပင်လယ်ကွေ့ရှိ ပင်လယ်ကမ်းခြေတွင် ရာနှင့်ချီသော ခရီးသွားများ လာရောက်လည်ပတ်လျက် ရှိနေသည်။
ရုတ်တရက် ပင်လယ်ထဲမှ ငါးမန်းနှင့်တူသော ပင်လယ်သားရဲတစ်ကောင် ခုန်ထွက်လာသည်။သို့သော် ထိုပင်လယ်သားရဲ၌ ခြေလက်များ ပါရှိနေသည်။ ထိုသတ္တဝါသည် ကုန်းမြေပေါ်တွင် လျင်မြန်စွာ ပြေးလွှားနိုင်ပြီး ပင်လယ်ထဲ၌လည်း လျှောခနဲ ကူးခတ်သွားလာနိုင်သည်။
ခရီးသွားများအားလုံး ကြောက်လန့်သွားကာ အသည်းအသန် ထွက်ပြေးခဲ့ကြသည်။ ထိုစဉ် ထိုပင်လယ်သားရဲသည် သွေးစွန်းနေသော ၎င်း၏ ပါးစပ်ကို ဖွင့်ကာ ခရီးသွားအချို့ကို ဆွဲဖြဲကာ စားသောက်ပစ်ခဲ့သည်။
၎င်းပါးစပ်ပိတ်လိုက်တိုင်း ရဲရဲနီနေသော သွေးများက လေထဲ ပန်းထွက်လာသည်။ ၎င်း၏ လက်သည်းများသည် အလွန် ထက်လှ၏။ ၎င်း၏ ချွန်ထက်နေသော လက်သည်းများကို ဝှေ့ယမ်းလိုက်တိုင်း ခရီးသွားများ တစ်ယောက်ပြီးတစ်ယောက် တစ်စစီ ဖြစ်ကာ သွေးမိုးများ ရွာချလာသလိုပင်။
မြင်ကွင်းကား အလွန်သွေးပျက်ဖွယ်ကောင်းလှသည်။ ခရီးသွားများ၏ သနားစဖွယ် အော်ဟစ်နေသံများနှင့် ပင်လယ်သားရဲများ၏ ရက်စက်သော မာန်ဖီသံများက ကြည့်နေသူများ၏ နားစည်ထဲတွင် စွဲကျန်ရစ်နေသည်။
အဆုံးတွင် ထိုင်းနိုင်ငံ၏ စစ်တပ်သည် တာဝန်ယူရတော့သည်။ ထို့ကြောင့် ထိုင်းအစိုးရသည် ကြည်းရေလေ တပ်မတော်များ၊ ဟယ်လီကော်ပတာနှင့် အပူကိရိယာ လက်နက်များဖြင့် ပင်လယ်သားရဲအား ဝိုင်းစေခဲ့သည်။
သို့သော် ထိုပင်လယ်သားရဲသည် လျင်မြန်စွာ ရွေ့လျားနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိပေ။ ပထမအကြိမ်မှာပင် စစ်တပ်သည် အတော်လေး ဆုံးရှုံးလိုက်ရသည်။
ပို၍ ကြောက်လန့်ဖွယ်ကောင်းသည်က ထိုပင်လယ်သားရဲ၏ အရေပြားသည် အနက်ရောင် ကြေးခွံများဖြင့် ဖုံးလွှမ်းလို့နေပြီး ၎င်း၏ ကိုယ်ထည်အား အဖြိုက်နက် သံမဏိဖြင့် ပြုလုပ်ထားသလို ဖြစ်နေ၏။ ကျည်ဆံများက လုံးဝ မထိရောက်နိုင်ခဲ့ပေ။
စစ်တပ်မှ မျှော်လင့်ချက် ပျက်သုန်းနေချိန်တွင် အင်အားကြီးသော ပုံရိပ်တစ်ခုက အင်မော်တဘ် စစ်သားသဖွယ် မြေကြီးပေါ်သို့ ဆင်းသက်လာသည်။
ထိုသူသည် သူ့လက်ထဲမှ ဓားမော့ဖြင့် ပင်လယ်သားရဲအား တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်လေသည်။
ထို့နောက်တွင် ထိုပင်လယ်သားရဲသည် နှစ်ပိုင်း ပိုင်းခံလိုက်ရသဖြင့် တိုက်ပွဲသည် ရပ်တန့်သွားလေတော့၏။
"ဒဏ္ဍာရီအဆင့် ထိုင်းလူမျိုးပါလား"
ထိုဗွီဒီယိုအား ကြည်နေရင်း အခန်းထဲမှ လူတိုင်း အသက်ကို ပြင်းစွာ ရှူနေမိသည်။ ပင်လယ်သားရဲကောင်သည် ဒဏ္ဍာရီအဆင့် သိုင်းပညာရှင်တစ်ယောက်နှင့် တိုက်ခိုက် နိုင်ရလောက်အောင် သန်မာနေလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိပေ။
၎င်းသည် အသတ်ခံလိုက်ရပြီးတာတောင်မှ ၎င်း၏ အဖျက်စွမ်းအားသည် ဒုက္ခပေးနိုင်နေသေးသည်။ ထို့နောက်တွင် သတင်းတင်ဆက်သူက ဆက်၍ ကြေညာလေသည်။
"ထိုင်း တပ်မတော်က ပင်လယ်ကမ်းခြေပတ်လည်က ဧရိယာတွေအားလုံးကို ပိတ်ဆို့ထားပြီး ပင်လယ်သားရဲတွေကို သတ်ဖြတ်ဖို့ များပြားလှတဲ့ အင်အားစုတွေကို တာဝန်ပေးထားပါတယ် … ဒါပေမယ့် သက်ရောက်မှုက နည်းပါးလွန်းလှပါတယ် … အချို့ပင်လယ်သားရဲတွေက ကုန်းတွင်းပိုင်း ဒေသကို ဝင်ရောက်လာပြီး လူတွေကို တိုက်ခိုက်ခဲ့ပါတယ်"
"ဒီလိုမျိုး တူညီတဲ့ ကိစ္စတွေက ထိုင်းနိုင်ငံတစ်ဝိုက်မှာ ဖြစ်ပေါ်ခဲ့ပါတယ် … အကျိုးဆက်ကတော့ လူပေါင်း သုံးရာခြောက်ဆယ့်ငါးယောက်လုံး အသက်ဆုံးရှုံးခဲ့ရပါတယ်"
"ထိုင်းအာဏာပိုင်အများ အဆိုအရ ဒီကိစ္စက ကမ္ဘာတစ်ဝှမ်းမှာ ပြောင်းလဲလာတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ ဆက်စပ်မှု ရှိလိမ့်မယ်လို့ ဆိုပါတယ် … မြို့သူမြို့သားများခင်ဗျား … ခင်ဗျားတို့ရဲ့ လုံခြုံရေးအတွက် ကျေးဇူးပြုပြီး ပင်လယ်ကမ်းခြေနဲ့ ဝေးရာမှာ နေထိုင်ပေးကြပါ"
ကြားဖြတ်သတင်းအား ကြည့်ရှုပြီးနောက် အခန်းတစ်ခန်းလုံး အလွန် တိတ်ကျသွားသည်။ အခန်းထဲ၌ မှောင်ရိပ်သန်းနေ၏။ ယဲ့ဖန်တောင်မှ ခြွင်းချက်ဖြစ်မနေပေ။
"ကြည့်ရတာ မှင်စာတွေ သမုဒ္ဒရာအောက်ကနေ ထွက်လာပြီနဲ့ တူတယ်"
ယဲ့ဖန် ပြောနေရင်း သူ့မျက်နှာက သုန်မှုန်လာသည်။ သူတောင်းအိုကြီးက ကမ္ဘာပေါ်တွင် ရေခီစွမ်းအင်များ ပို၍ တိုးပွားလာသည်ဟု ပြောခဲ့သည်ကို သတိရလာသည်၊ ဤအဓိပ္ပာယ်မှာ ပို၍ ပို၍ သန်မာသော အင်အားစုများ ပေါ်ထွက်လာမည်ဟု ဆိုလိုခြင်းပင်။
ကြမ်းတမ်းသော သားရဲများတောင်မှ မှင်စာများအဖြစ်သို့ ပြောင်းလဲ ဖြစ်ပေါ်လာသည်။ မှင်စာများသည် စကြဝဠာထဲတွင် အလွန် ကြောက်လန့်ဖွယ်ကောင်းသည့် မျိုးစိတ်ဖြစ်သည်။
စကြဝဠာထဲတွင် နတ်ဘုရားများ၊ အင်မော်တယ်များ၊ မှင်စာများ၊ နတ်ဆိုးများ၊ တစ္ဆေများနှင့် ထူးဆန်းသည့် အချို့ အင်အားစုများကဲ့သို့သော အလွန် ကြောက်မက်ဖွယ်ကောင်းလှသည့် အင်အားစုများရှိသည်။
ထို့နောက်တွင် အိပ်မက်ဆိုး သိုင်းပညာရှင်တစ်ယောက်က တီဗွီလိုင်းကို ခပ်သွက်သွက် ပြောင်းလိုက်သည်။
ဂျပန်နိုင်ငံသတင်း။
စင်ကာပူနိုင်ငံသတင်း။
ဖိလစ်ပိုင်နိုင်ငံသတင်း။
ပင်လယ်ကမ်းခြေ နိုင်ငံအားလုံးနီးပါး ပင်လယ်သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ပင်လယ်သားရဲတိုင်းသည် အလွန် ကြမ်းကြုတ်လျသည်။
ထိုပင်လယ်သားရဲများ၏ ချွန်ထက်သော လက်သည်းများနှင့် ယှဉ်လျင် လူသားများသည် ပုရွက်ဆိတ်ကဲ့သို့ အားနည်းလွန်းလှသည်။
သွေးပျက်ဖွယ် သတင်းများကို ကြည့်ပြီး ယဲ့ဖန်သည် အသက်ပြင်းစွာ ရှူ၍ မတ်တပ်ထရပ်ကာ အခန်းထဲမှ ထွက်သွားသည။ ထို့နောက် သူက ချက်ချင်း အမိန့်ပေးလိုက်သည်။
"အိပ်မက်ဆိုး ချောက်ကမ်းပါးကို သွားကြစို့"
ထို့နောက် သူသည် အိပ်မက်ဆိုး ချောက်ကမ်းပါးသို့ ထွက်ခွာသွားသည်။ သူ့နောက်မှ အမှောင်သခင်၊ ဝံပုလွေရိုင်း၊ သွေးစွန်း တစ္ဆေနှင့် အကြီးအကဲ ချာခါတို့ လိုက်ပါလာသည်။ မကြာခင်မှာပင် သူတို့ ထိုနေရာသို့ ရောက်သွားကြသည်။
အိပ်မက်ဆိုး ချောက်ကမ်းပါးသည် နက်ရှိုင်းလွန်းလှသည်။ တစ်စုံတစ်ယောက်သာ ငုံ့ကြည့်မည်ဆိုပါက အဆုံးမရှိနိုင်သော ကီလိုမီတာများစွာ နက်ရှိုင်းမှုကို မြင်တွေ့ရပေလိမ့်မည်။
ထို့နောက် ယဲ့ဖန်သည် မကောင်းဆိုးဝါးဆန်သော အလင်းများ ဖြာထွက်နေသည့် မျက်လုံးများနှင့် အမှောင်သခင်အား မေးလိုက်သည်။
"အမှောင်သခင် အရင်တစ်ခေါက်က ဒီနေရာကနေ ရင်းနှီးနေတဲ့ ချီဓာတ်ကို မင်း ခံစားမိလား"
*ဟမ်*
အမှောင်သခင် ပြန်လည်ဝင်စားထားသူက တစ်ခဏမျှ မှင်တက်သွားသည်။ ထို့နောက် သူသည် မျက်မှောင်ကြုတ်ရင်း ထိတ်လန့်နေသော မျက်နှာထားဖြင့် ပြန်ဖြေလာသည်။
"ရပါတယ် သခင်ကြီး … အရင်တစ်ခေါက် ကျွန်တော်တို့ ဒီနေရာကို လာတုန်းက ကျွန်တော် တကယ်ကို ရင်းနှီးနေတဲ့ ချီဓာတ်ကို ခံစားခဲ့မိပါတယ် … အဲ့တုန်းက အဲ့ဒါကို ကျွန်တော် ဂရုမစိုက်မိခဲ့ပင်မယ့်လည်းပေါ့"
"စကြဝဠာထဲက အခြားနေရာမှာ ရှိတဲ့ ရင်းနှီးတဲ့ ချီဓာတ်မျိုး ခံစားမိပါတယ်"
အမှောင်သခင် ပြန်လည်ဝင်စားသူ၏ စကားကြောင့် ကြည့်နေသူများ၏ မျက်နှာများက ချက်ချင်း ပြောင်းလဲသွားကြသည်။
ထိုအခါ ယဲ့ဖန်က တလက်လက် တောက်ပပြီး နက်မှောင်နေသော အကြည့်များဖြင့် သုန်မှုန်စွာ ပြောလာသည်။
"ငါ အန္တရာယ်ရှိတဲ့ ချီဓာတ်မျိုး အနံ့ရနေတယ် … အနီးအနားမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ တစ်စုံတစ်ခု ရှိကိုရှိနေလိမ့်မယ်"
*ဘာ*
ယဲ့ဖန်၏ စကားကြောင့် ဘေးပတ်လည်မှ လူများအားလုံး အကြီးအကျယ် ထိတ်လန့်သွားကြသည်။ သူတို့ ယဲ့ဖန်၏ အရည်အချင်းကို သိနားလည်သည်။
ယဲ့ဖန်က အင်မတန် သန်မာနေလျင်တောင်မှ ၊ သူ အာရုံခံမိသည့် အရာက ဘယ်လိုအရာပဲ ဖြစ်နေပါစေ သူ့ကိုလည်း ထိတ်လန့်စေသည်။
ထို့နောက် ယဲ့ဖန်သည် အကြီးအကဲ ချာခါအား စိုက်ကြည့်ကာ မေးလိုက်သည်။
"အရင် အိပ်မက်ဆိုးဘုရင်က ဒီနေရာ သေသွားခဲ့တယ်လို့ ခင်ဗျားပြောခဲ့တာကို ကျုပ်သတိရမိတယ် .. ဟုတ်သလား"
ယဲ့ဖန်၏ အမေးကြောင့် အကြီးအကဲ ချာခါသည် အလျင်အမြန် ကိုယ်ကို ယို့၍ လေးစားမှုအပြည့်ဖြင့် ပြန်ပြောလိုက်သည်။
"ဟုတ်ပါတယ် သခင်ကြီး"
အကြီးအကဲ ချာခါသည် ယဲ့ဖန်အား အလွန်တရာ လေးစားမိသည်။ ထို့ကြောင့်ပင် သူသည် ဖေးချမ်ကဲ့သို့ ယဲ့ဖန်အား သခင်ကြီးဟု ခေါ်ခြင်း ဖြစ်သည်။
ထို့နောက် အကြီးအကဲ ချာခါက ထပ်ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ရာနဲ့ ချီစဉ်က ကျုပ်ရဲ့ ဘိုးဘေးက ကြီးကျယ်တဲ့ တိုက်ပွဲတစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ် … အိပ်မက်ဆိုးဘုရင်က အိပ်မက်ဆိုး ချောက်ကမ်းပါး အစွန်အဖျားနားမှာ တံခါးပိတ် ကျင့်ကြံနေခဲ့တဲ့ ထိပ်တန်း သိုင်းပညာရှင်တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့တာပါ … သူတို့ သရေကျခဲ့ပါတယ်"
"ဒါပေမယ့် အဆုံးမှာတော့ …"
ဝံပုလွေရိုင်းသည် မနေနိုင်ဘဲ ဖြတ်ပေးလိုက်မိသည်။
"အဲ့ ထိပ်တန်းသိုင်းပညာရှင်က အိပ်မက်ဆိုးဘုရင်ကို သတ်ခဲ့တာလား"
အကြီးအကဲ ချာခါက ခေါင်းကိုခါ၍ အကြီးအကျယ် ထိတ်လန့်၍ မယုံနိုင်ဟန်ဖြင့် ဆက်ပြောလာသည်။
"မဟုတ်ဘူး … အိပ်မက်ဆိုး ဘုရင် သေခဲ့သလို အဲ့ထိပ်တန်း သိုင်းပညာရှင်လည်း သေဆုံးခဲ့တယ်"
"ဒါပေမဲ့ သူတို့ကို သတ်လိုက်တဲ့ သူက … ပုရွက်ဆိတ်တစ်ကောင်ပါ"
*ဘာ*
သူ့စကားကြောင့် ယဲ့ဖန်နှင့် အမှောင်သခင် ဝင်စားသူပါ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
*ပုရွက်ဆိတ်လား*
*အဲ့ဒါများ…*
#ZAWGYI
စာစဥ္ (20) CHAPTER (291) ႐ုတ္တရက္ ေျပာင္းလဲမႈ
ေသမင္းျမစ္ဝကြၽန္းေပၚေဒသ၏ အလယ္ဗဟို၌ အထြတ္အျမတ္ထားေသာ ေနရာတစ္ခုရွိသည္။ ထိုေနရာသည္ ယခင္ အိပ္မက္ဆိုးဘုရင္၏ ေဂဟာ ျဖစ္သည္။
႐ုတ္တရက္ ထိုေဂဟာ၏ အလယ္ဗဟိုမွ က်ယ္ေလာင္ေသာ ေပါက္ကြဲသံတစ္ခု ထြက္ေပၚလာသည္။ ထို႔ေနာက္ ၿခံဝန္းတစ္ခုလုံး တစ္ဟုန္ထိုး တိုးပြားလာေသာ ခ်ီဓာတ္မ်ားျဖင့္ ျပည့္ႏွက္သြားသည္။
ထိုအခ်ိန္တြင္ ယဲ့ဖန္ႏွင့္ သူ႔လူမ်ားသည္ ထိုေပါက္ကြဲမႈကို အာ႐ုံခံမိသြားၿပီးေနာက္ အားရဝမ္းသာစြာ ၿပဳံးလိုက္ၾကသည္။
"ၾကည့္ရတာ က်ဳပ္တို႔ေဘာ့စ္က ဒ႑ာရီလာအဆင့္ကို အဆင့္တက္သြားၿပီးနဲ႔ တူတယ္"
ဝံပုေလြ႐ိုင္းက အလြန္ စိတ္လႈပ္ရွားေနေသာ မ်က္ႏွာႏွင့္ ေရ႐ြတ္လိုက္သည္။ အိပ္မက္ဆိုး သိုင္းပညာရွင္တိုင္းလည္း အလြန္ တက္ႂကြ ေပ်ာ္႐ႊင္သြားၾကၿပီး ယဲ့ဖန္ကိုလည္း အလြန္ ေလးစားၾကည္ညိဳဟန္မ်ား ေဖာ္ျပလာသည္။
သူတို႔စိတ္ထဲတြင္ ယဲ့ဖန္၏ အကူအညီသာ မရခဲ့ပါက အိပ္မက္ဆိုးအဖြဲ႕သည္ ဖ်က္ဆီးခံခဲ့ရသည္မွာ ၾကာေလာက္ၿပီ ျဖစ္ၿပီး အိပ္မက္ဆိုး သိုင္းပညာရွင္မ်ားအားလုံး မင္းသား ကာ႐ိုးလ္၏ ကြၽန္ျပဳျခင္းကို ခံခဲ့ရၿပီ ျဖစ္သည္။
ထိုစဥ္ အိပ္မက္ဆိုး သိုင္းပညာရွင္တစ္ေယာက္သည္ ခန္းမထဲသို႔ ဒေရာေသာပါး ေျပးဝင္လာသည္၊ သူ႔နဖူးေပၚတြင္ ေခြၽးသီးေခြၽးေပါက္မ်ားျဖင့္ ျပည့္ႏွက္ေန၏။
"သခင္ႀကီး … တီဗြီ ဖြင့္ၾကည့္ပါဦး … အေရးေပၚ အေျခအေနပါ"
*ဟမ္*
ထိုသိုင္းပညာရွင္သည္ အလြန္ ေၾကာက္မက္ဖြယ္ေကာင္းေသာ တစ္စုံတစ္ရာကို ျမင္လိုက္ရသကဲ့သို႔ အလြန္ ျဖဴဖပ္ျဖဴေရာ္ ျဖစ္ေနၿပီး ေၾကာက္လန႔္လို႔ေန၏။
သူ႔စကားမ်ားက အခန္းထဲရွိ လူတိုင္းအား ထိတ္လန႔္သြားေစသည္။
*တီဗြီလား*
ထို႔ေနာက္ လူအုပ္ႀကီးသည္ ယဲ့ဖန္အား ဝိုင္းၾကည့္လိုက္မိၾကသည္။ ထိုအခါ ယဲ့ဖန္က မ်က္ေမွာင္ၾကဳတ္မိကာ စိတ္ထဲ ထင့္သြားမိသည္။ သူ ခ်က္ခ်င္း လက္ျပလိုက္သည္။
ထို႔ေနာက္တြင္မူ အိပ္မက္ဆိုး သိုင္းပညာရွင္တစ္ေယာက္က ခ်က္ခ်င္း ေရွ႕သို႔ တိုးသြားကာ နံရံေပၚမွ ၾကည္လင္ေသာ တီဗြီကို ေကာက္ဖြင့္လိုက္သည္။
တီဗြီမွ ထုတ္လႊင့္ေနေသာ သတင္းကို ၾကည့္ၿပီး သူတို႔အားလုံး ႐ုတ္ခ်ည္းဆိုသလို မွင္တက္သြားရသည္။
"ထိုင္းႏိုင္ငံ သတင္းပါ … ဒီမနက္ ဆယ္နာရီအခ်ိန္က ထိုင္းႏိုင္ငံ ေတာက္ဘက္ျခမ္းရွိ ထိုင္းပင္လယ္ေကြ႕တြင္ ပင္လယ္သားရဲမ်ားက လူေတြကို တိုက္ခိုက္ခဲ့ပါတယ္ … ခရီးသြား သုံးေယာက္ အသတ္ခံလိုက္ရပါတယ္ … ထိုပင္လယ္သားရဲမ်ားလည္း အသတ္ခံလိုက္ရပါၿပီ … ကြၽမ္းက်င္တဲ့ သုေတသနပညာရွင္မ်ားရဲ႕ အဆိုအရ ထိုသားရဲမ်ားက က်ားငါးမန္းမ်ိဳးစိတ္ေတြရဲ႕ သေႏၶေျပာင္းလဲေကာင္ေတြလို႔ ဆိုပါတယ္"
ထိုသတင္းတင္ဆက္သူ၏ သတင္းအၿပီး မၾကာခင္မွာပင္ ဖုန္းတစ္လုံးႏွင့္ ႐ိုက္ထားေသာ ဗြီဒီယိုတစ္ခုကို ထုတ္လႊင့္လာသည္။
ထိုင္းပင္လယ္ေကြ႕ရွိ ပင္လယ္ကမ္းေျခတြင္ ရာႏွင့္ခ်ီေသာ ခရီးသြားမ်ား လာေရာက္လည္ပတ္လ်က္ ရွိေနသည္။
႐ုတ္တရက္ ပင္လယ္ထဲမွ ငါးမန္းႏွင့္တူေသာ ပင္လယ္သားရဲတစ္ေကာင္ ခုန္ထြက္လာသည္။သို႔ေသာ္ ထိုပင္လယ္သားရဲ၌ ေျခလက္မ်ား ပါရွိေနသည္။ ထိုသတၱဝါသည္ ကုန္းေျမေပၚတြင္ လ်င္ျမန္စြာ ေျပးလႊားႏိုင္ၿပီး ပင္လယ္ထဲ၌လည္း ေလွ်ာခနဲ ကူးခတ္သြားလာႏိုင္သည္။
ခရီးသြားမ်ားအားလုံး ေၾကာက္လန႔္သြားကာ အသည္းအသန္ ထြက္ေျပးခဲ့ၾကသည္။ ထိုစဥ္ ထိုပင္လယ္သားရဲသည္ ေသြးစြန္းေနေသာ ၎၏ ပါးစပ္ကို ဖြင့္ကာ ခရီးသြားအခ်ိဳ႕ကို ဆြဲၿဖဲကာ စားေသာက္ပစ္ခဲ့သည္။
၎ပါးစပ္ပိတ္လိုက္တိုင္း ရဲရဲနီေနေသာ ေသြးမ်ားက ေလထဲ ပန္းထြက္လာသည္။ ၎၏ လက္သည္းမ်ားသည္ အလြန္ ထက္လွ၏။ ၎၏ ခြၽန္ထက္ေနေသာ လက္သည္းမ်ားကို ေဝွ႔ယမ္းလိုက္တိုင္း ခရီးသြားမ်ား တစ္ေယာက္ၿပီးတစ္ေယာက္ တစ္စစီ ျဖစ္ကာ ေသြးမိုးမ်ား ႐ြာခ်လာသလိုပင္။
ျမင္ကြင္းကား အလြန္ေသြးပ်က္ဖြယ္ေကာင္းလွသည္။ ခရီးသြားမ်ား၏ သနားစဖြယ္ ေအာ္ဟစ္ေနသံမ်ားႏွင့္ ပင္လယ္သားရဲမ်ား၏ ရက္စက္ေသာ မာန္ဖီသံမ်ားက ၾကည့္ေနသူမ်ား၏ နားစည္ထဲတြင္ စြဲက်န္ရစ္ေနသည္။
အဆုံးတြင္ ထိုင္းႏိုင္ငံ၏ စစ္တပ္သည္ တာဝန္ယူရေတာ့သည္။ ထို႔ေၾကာင့္ ထိုင္းအစိုးရသည္ ၾကည္းေရေလ တပ္မေတာ္မ်ား၊ ဟယ္လီေကာ္ပတာႏွင့္ အပူကိရိယာ လက္နက္မ်ားျဖင့္ ပင္လယ္သားရဲအား ဝိုင္းေစခဲ့သည္။
သို႔ေသာ္ ထိုပင္လယ္သားရဲသည္ လ်င္ျမန္စြာ ေ႐ြ႕လ်ားႏိုင္လိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားခဲ့မိေပ။ ပထမအႀကိမ္မွာပင္ စစ္တပ္သည္ အေတာ္ေလး ဆုံးရႈံးလိုက္ရသည္။
ပို၍ ေၾကာက္လန႔္ဖြယ္ေကာင္းသည္က ထိုပင္လယ္သားရဲ၏ အေရျပားသည္ အနက္ေရာင္ ေၾကးခြံမ်ားျဖင့္ ဖုံးလႊမ္းလို႔ေနၿပီး ၎၏ ကိုယ္ထည္အား အၿဖိဳက္နက္ သံမဏိျဖင့္ ျပဳလုပ္ထားသလို ျဖစ္ေန၏။ က်ည္ဆံမ်ားက လုံးဝ မထိေရာက္ႏိုင္ခဲ့ေပ။
စစ္တပ္မွ ေမွ်ာ္လင့္ခ်က္ ပ်က္သုန္းေနခ်ိန္တြင္ အင္အားႀကီးေသာ ပုံရိပ္တစ္ခုက အင္ေမာ္တဘ္ စစ္သားသဖြယ္ ေျမႀကီးေပၚသို႔ ဆင္းသက္လာသည္။
ထိုသူသည္ သူ႔လက္ထဲမွ ဓားေမာ့ျဖင့္ ပင္လယ္သားရဲအား တစ္ေယာက္တည္း ရင္ဆိုင္တိုက္ခိုက္ေလသည္။
ထို႔ေနာက္တြင္ ထိုပင္လယ္သားရဲသည္ ႏွစ္ပိုင္း ပိုင္းခံလိုက္ရသျဖင့္ တိုက္ပြဲသည္ ရပ္တန႔္သြားေလေတာ့၏။
"ဒ႑ာရီအဆင့္ ထိုင္းလူမ်ိဳးပါလား"
ထိုဗြီဒီယိုအား ၾကည္ေနရင္း အခန္းထဲမွ လူတိုင္း အသက္ကို ျပင္းစြာ ရႉေနမိသည္။ ပင္လယ္သားရဲေကာင္သည္ ဒ႑ာရီအဆင့္ သိုင္းပညာရွင္တစ္ေယာက္ႏွင့္ တိုက္ခိုက္ ႏိုင္ရေလာက္ေအာင္ သန္မာေနလိမ့္မည္ဟု သူတို႔ ထင္မွတ္မထားခဲ့မိေပ။
၎သည္ အသတ္ခံလိုက္ရၿပီးတာေတာင္မွ ၎၏ အဖ်က္စြမ္းအားသည္ ဒုကၡေပးႏိုင္ေနေသးသည္။ ထို႔ေနာက္တြင္ သတင္းတင္ဆက္သူက ဆက္၍ ေၾကညာေလသည္။
"ထိုင္း တပ္မေတာ္က ပင္လယ္ကမ္းေျခပတ္လည္က ဧရိယာေတြအားလုံးကို ပိတ္ဆို႔ထားၿပီး ပင္လယ္သားရဲေတြကို သတ္ျဖတ္ဖို႔ မ်ားျပားလွတဲ့ အင္အားစုေတြကို တာဝန္ေပးထားပါတယ္ … ဒါေပမယ့္ သက္ေရာက္မႈက နည္းပါးလြန္းလွပါတယ္ … အခ်ိဳ႕ပင္လယ္သားရဲေတြက ကုန္းတြင္းပိုင္း ေဒသကို ဝင္ေရာက္လာၿပီး လူေတြကို တိုက္ခိုက္ခဲ့ပါတယ္"
"ဒီလိုမ်ိဳး တူညီတဲ့ ကိစၥေတြက ထိုင္းႏိုင္ငံတစ္ဝိုက္မွာ ျဖစ္ေပၚခဲ့ပါတယ္ … အက်ိဳးဆက္ကေတာ့ လူေပါင္း သုံးရာေျခာက္ဆယ့္ငါးေယာက္လုံး အသက္ဆုံးရႈံးခဲ့ရပါတယ္"
"ထိုင္းအာဏာပိုင္အမ်ား အဆိုအရ ဒီကိစၥက ကမာၻတစ္ဝွမ္းမွာ ေျပာင္းလဲလာတဲ့ သဘာဝပတ္ဝန္းက်င္နဲ႔ ဆက္စပ္မႈ ရွိလိမ့္မယ္လို႔ ဆိုပါတယ္ … ၿမိဳ႕သူၿမိဳ႕သားမ်ားခင္ဗ်ား … ခင္ဗ်ားတို႔ရဲ႕ လုံၿခဳံေရးအတြက္ ေက်းဇူးျပဳၿပီး ပင္လယ္ကမ္းေျခနဲ႔ ေဝးရာမွာ ေနထိုင္ေပးၾကပါ"
ၾကားျဖတ္သတင္းအား ၾကည့္ရႈၿပီးေနာက္ အခန္းတစ္ခန္းလုံး အလြန္ တိတ္က်သြားသည္။ အခန္းထဲ၌ ေမွာင္ရိပ္သန္းေန၏။ ယဲ့ဖန္ေတာင္မွ ႁခြင္းခ်က္ျဖစ္မေနေပ။
"ၾကည့္ရတာ မွင္စာေတြ သမုဒၵရာေအာက္ကေန ထြက္လာၿပီနဲ႔ တူတယ္"
ယဲ့ဖန္ ေျပာေနရင္း သူ႔မ်က္ႏွာက သုန္မႈန္လာသည္။ သူေတာင္းအိုႀကီးက ကမာၻေပၚတြင္ ေရခီစြမ္းအင္မ်ား ပို၍ တိုးပြားလာသည္ဟု ေျပာခဲ့သည္ကို သတိရလာသည္၊ ဤအဓိပၸာယ္မွာ ပို၍ ပို၍ သန္မာေသာ အင္အားစုမ်ား ေပၚထြက္လာမည္ဟု ဆိုလိုျခင္းပင္။
ၾကမ္းတမ္းေသာ သားရဲမ်ားေတာင္မွ မွင္စာမ်ားအျဖစ္သို႔ ေျပာင္းလဲ ျဖစ္ေပၚလာသည္။ မွင္စာမ်ားသည္ စၾကဝဠာထဲတြင္ အလြန္ ေၾကာက္လန႔္ဖြယ္ေကာင္းသည့္ မ်ိဳးစိတ္ျဖစ္သည္။
စၾကဝဠာထဲတြင္ နတ္ဘုရားမ်ား၊ အင္ေမာ္တယ္မ်ား၊ မွင္စာမ်ား၊ နတ္ဆိုးမ်ား၊ တေစၦမ်ားႏွင့္ ထူးဆန္းသည့္ အခ်ိဳ႕ အင္အားစုမ်ားကဲ့သို႔ေသာ အလြန္ ေၾကာက္မက္ဖြယ္ေကာင္းလွသည့္ အင္အားစုမ်ားရွိသည္။
ထို႔ေနာက္တြင္ အိပ္မက္ဆိုး သိုင္းပညာရွင္တစ္ေယာက္က တီဗြီလိုင္းကို ခပ္သြက္သြက္ ေျပာင္းလိုက္သည္။
ဂ်ပန္ႏိုင္ငံသတင္း။
စင္ကာပူႏိုင္ငံသတင္း။
ဖိလစ္ပိုင္ႏိုင္ငံသတင္း။
ပင္လယ္ကမ္းေျခ ႏိုင္ငံအားလုံးနီးပါး ပင္လယ္သားရဲမ်ား၏ တိုက္ခိုက္ျခင္းကို ခံခဲ့ရသည္။ ပင္လယ္သားရဲတိုင္းသည္ အလြန္ ၾကမ္းၾကဳတ္လ်သည္။
ထိုပင္လယ္သားရဲမ်ား၏ ခြၽန္ထက္ေသာ လက္သည္းမ်ားႏွင့္ ယွဥ္လ်င္ လူသားမ်ားသည္ ပု႐ြက္ဆိတ္ကဲ့သို႔ အားနည္းလြန္းလွသည္။
ေသြးပ်က္ဖြယ္ သတင္းမ်ားကို ၾကည့္ၿပီး ယဲ့ဖန္သည္ အသက္ျပင္းစြာ ရႉ၍ မတ္တပ္ထရပ္ကာ အခန္းထဲမွ ထြက္သြားသည။ ထို႔ေနာက္ သူက ခ်က္ခ်င္း အမိန႔္ေပးလိုက္သည္။
"အိပ္မက္ဆိုး ေခ်ာက္ကမ္းပါးကို သြားၾကစို႔"
ထို႔ေနာက္ သူသည္ အိပ္မက္ဆိုး ေခ်ာက္ကမ္းပါးသို႔ ထြက္ခြာသြားသည္။ သူ႔ေနာက္မွ အေမွာင္သခင္၊ ဝံပုေလြ႐ိုင္း၊ ေသြးစြန္း တေစၦႏွင့္ အႀကီးအကဲ ခ်ာခါတို႔ လိုက္ပါလာသည္။ မၾကာခင္မွာပင္ သူတို႔ ထိုေနရာသို႔ ေရာက္သြားၾကသည္။
အိပ္မက္ဆိုး ေခ်ာက္ကမ္းပါးသည္ နက္ရႈိင္းလြန္းလွသည္။ တစ္စုံတစ္ေယာက္သာ ငုံ႔ၾကည့္မည္ဆိုပါက အဆုံးမရွိႏိုင္ေသာ ကီလိုမီတာမ်ားစြာ နက္ရႈိင္းမႈကို ျမင္ေတြ႕ရေပလိမ့္မည္။
ထို႔ေနာက္ ယဲ့ဖန္သည္ မေကာင္းဆိုးဝါးဆန္ေသာ အလင္းမ်ား ျဖာထြက္ေနသည့္ မ်က္လုံးမ်ားႏွင့္ အေမွာင္သခင္အား ေမးလိုက္သည္။
"အေမွာင္သခင္ အရင္တစ္ေခါက္က ဒီေနရာကေန ရင္းႏွီးေနတဲ့ ခ်ီဓာတ္ကို မင္း ခံစားမိလား"
*ဟမ္*
အေမွာင္သခင္ ျပန္လည္ဝင္စားထားသူက တစ္ခဏမွ် မွင္တက္သြားသည္။ ထို႔ေနာက္ သူသည္ မ်က္ေမွာင္ၾကဳတ္ရင္း ထိတ္လန႔္ေနေသာ မ်က္ႏွာထားျဖင့္ ျပန္ေျဖလာသည္။
"ရပါတယ္ သခင္ႀကီး … အရင္တစ္ေခါက္ ကြၽန္ေတာ္တို႔ ဒီေနရာကို လာတုန္းက ကြၽန္ေတာ္ တကယ္ကို ရင္းႏွီးေနတဲ့ ခ်ီဓာတ္ကို ခံစားခဲ့မိပါတယ္ … အဲ့တုန္းက အဲ့ဒါကို ကြၽန္ေတာ္ ဂ႐ုမစိုက္မိခဲ့ပင္မယ့္လည္းေပါ့"
"စၾကဝဠာထဲက အျခားေနရာမွာ ရွိတဲ့ ရင္းႏွီးတဲ့ ခ်ီဓာတ္မ်ိဳး ခံစားမိပါတယ္"
အေမွာင္သခင္ ျပန္လည္ဝင္စားသူ၏ စကားေၾကာင့္ ၾကည့္ေနသူမ်ား၏ မ်က္ႏွာမ်ားက ခ်က္ခ်င္း ေျပာင္းလဲသြားၾကသည္။
ထိုအခါ ယဲ့ဖန္က တလက္လက္ ေတာက္ပၿပီး နက္ေမွာင္ေနေသာ အၾကည့္မ်ားျဖင့္ သုန္မႈန္စြာ ေျပာလာသည္။
"ငါ အႏၲရာယ္ရွိတဲ့ ခ်ီဓာတ္မ်ိဳး အနံ႔ရေနတယ္ … အနီးအနားမွာ ေၾကာက္မက္ဖြယ္ေကာင္းတဲ့ တစ္စုံတစ္ခု ရွိကိုရွိေနလိမ့္မယ္"
*ဘာ*
ယဲ့ဖန္၏ စကားေၾကာင့္ ေဘးပတ္လည္မွ လူမ်ားအားလုံး အႀကီးအက်ယ္ ထိတ္လန႔္သြားၾကသည္။ သူတို႔ ယဲ့ဖန္၏ အရည္အခ်င္းကို သိနားလည္သည္။
ယဲ့ဖန္က အင္မတန္ သန္မာေနလ်င္ေတာင္မွ ၊ သူ အာ႐ုံခံမိသည့္ အရာက ဘယ္လိုအရာပဲ ျဖစ္ေနပါေစ သူ႔ကိုလည္း ထိတ္လန႔္ေစသည္။
ထို႔ေနာက္ ယဲ့ဖန္သည္ အႀကီးအကဲ ခ်ာခါအား စိုက္ၾကည့္ကာ ေမးလိုက္သည္။
"အရင္ အိပ္မက္ဆိုးဘုရင္က ဒီေနရာ ေသသြားခဲ့တယ္လို႔ ခင္ဗ်ားေျပာခဲ့တာကို က်ဳပ္သတိရမိတယ္ .. ဟုတ္သလား"
ယဲ့ဖန္၏ အေမးေၾကာင့္ အႀကီးအကဲ ခ်ာခါသည္ အလ်င္အျမန္ ကိုယ္ကို ယို႔၍ ေလးစားမႈအျပည့္ျဖင့္ ျပန္ေျပာလိုက္သည္။
"ဟုတ္ပါတယ္ သခင္ႀကီး"
အႀကီးအကဲ ခ်ာခါသည္ ယဲ့ဖန္အား အလြန္တရာ ေလးစားမိသည္။ ထို႔ေၾကာင့္ပင္ သူသည္ ေဖးခ်မ္ကဲ့သို႔ ယဲ့ဖန္အား သခင္ႀကီးဟု ေခၚျခင္း ျဖစ္သည္။
ထို႔ေနာက္ အႀကီးအကဲ ခ်ာခါက ထပ္ေျပာလိုက္သည္။
"လြန္ခဲ့တဲ့ ႏွစ္ရာနဲ႔ ခ်ီစဥ္က က်ဳပ္ရဲ႕ ဘိုးေဘးက ႀကီးက်ယ္တဲ့ တိုက္ပြဲတစ္ခုကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ခဲ့ရပါတယ္ … အိပ္မက္ဆိုးဘုရင္က အိပ္မက္ဆိုး ေခ်ာက္ကမ္းပါး အစြန္အဖ်ားနားမွာ တံခါးပိတ္ က်င့္ႀကံေနခဲ့တဲ့ ထိပ္တန္း သိုင္းပညာရွင္တစ္ေယာက္နဲ႔ တိုက္ခိုက္ခဲ့တာပါ … သူတို႔ သေရက်ခဲ့ပါတယ္"
"ဒါေပမယ့္ အဆုံးမွာေတာ့ …"
ဝံပုေလြ႐ိုင္းသည္ မေနႏိုင္ဘဲ ျဖတ္ေပးလိုက္မိသည္။
"အဲ့ ထိပ္တန္းသိုင္းပညာရွင္က အိပ္မက္ဆိုးဘုရင္ကို သတ္ခဲ့တာလား"
အႀကီးအကဲ ခ်ာခါက ေခါင္းကိုခါ၍ အႀကီးအက်ယ္ ထိတ္လန႔္၍ မယုံႏိုင္ဟန္ျဖင့္ ဆက္ေျပာလာသည္။
"မဟုတ္ဘူး … အိပ္မက္ဆိုး ဘုရင္ ေသခဲ့သလို အဲ့ထိပ္တန္း သိုင္းပညာရွင္လည္း ေသဆုံးခဲ့တယ္"
"ဒါေပမဲ့ သူတို႔ကို သတ္လိုက္တဲ့ သူက … ပု႐ြက္ဆိတ္တစ္ေကာင္ပါ"
*ဘာ*
သူ႔စကားေၾကာင့္ ယဲ့ဖန္ႏွင့္ အေမွာင္သခင္ ဝင္စားသူပါ အႀကီးအက်ယ္ ထိတ္လန႔္သြားၾကသည္။
*ပု႐ြက္ဆိတ္လား*
*အဲ့ဒါမ်ား…*

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now