Chapter 321

1K 114 1
                                    
ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (22) CHAPTER (321) မင်း သေချာလား

ဝုန်း!
ရီကျန့်ထျန်း မြေကြီးပေါ် လဲကျသွားပြီးနောက် ခွန်းလွင်တောင်ထိပ်၌ တိတ်ဆိတ်လို့သွားသည်။ ဓားသမားဂိုဏ်းမှ အသက်ရှင်နေသေးသော သိုင်းပညာရှင်များ ကိုယ့်မျက်လုံးပင် ကိုယ် မယုံနိုင်သလို ဖြစ်နေကြသည်။
ရီကျန့်ထျန်းက တိုက်ပွဲမှာ ရှုံးသွားတယ်တဲ့လား။ ဤကဲ့သို့ တစ်ဖက်သတ် တိုက်ပွဲမျိုးတွင် ဓားသမားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်ပြီး ဟွာရှတစ်နိုင်ငံလုံး၏ နံပါတ်တစ် သိုင်းပညာရှင်ဖြစ်သူ ရီကျန့်ထျန်းက ဒဏ္ဍာရီ တစ်ပိုင်းအဆင့်ဖြစ်သူ ယဲ့ဖန် ဖိနှိပ်ခြင်းကို ခံရသည်တဲ့လား။
*မဖြစ်နိုင်ဘူး*
ဓားသမားဂိုဏ်းမှ အသက်ရှင်နေသေးသော သိုင်းပညာရှင်များ အလွန် ထိတ်ထိတ်ပျာပျာ ဖြစ်သွားသော မျက်နှာထားများဖြင့် ဖြစ်နေကြသည်။
ဓားသမားဂိုဏ်းသာမက ဟွာရှနိုင်ငံမှ သိုင်းပညာရှင်များအားလုံးပါ သူတို့မြင်လိုက်ရသည့် အရာကြောင့် အလွန် ထိတ်လန့်နေကြသည်။
အဖြစ်အပျက်များကို ပြန်သတိပြုမိပြီးနောက် သူတို့အားလုံး ကျွက်ကျွက်ညံလာကြသည်။
“ဟွာရှနိုင်ငံရဲ့ နံပါတ်တစ် သိုင်းပညာရှင်”

သူတို့၏ နားကွဲမတတ် အော်သံများက တစ်နိုင်ငံလုံး အနှံ့ ပဲ့တင်ထပ်နေ၏။ ဟွာရှ သိုင်းပညာရှင်များ၏ စိတ်ထဲတွင်တော့ ယဲ့ဖန်သည် နတ်ဘုရားတစ်ပါးပင်။
ယဲ့ဖန်သည် သူတို့ လေးစားကြည်ညိုခြင်းကို ခံယူထိုက်လောက်သည့် ဟွာရှနိုင်ငံ၏ စစ်မှန်သော နံပါတ်တစ် သိုင်းပညာရှင်ဟု သူတို့အားလုံး ယုံကြည်ထားရသည်။
“မဟုတ်ဘူး…”
ထိုစဉ် ရီကျန့်ထျန်းသည် မြေကြီးပေါ်မှ ထိတ်လန့်တကြားနှင့် ပြန်ထလာသည်။
“မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ငါက ဒဏ္ဍာရီတစ်ပိုင်းအဆင့် ပုရွက်ဆိတ်လိုကောင်ဆီမှာ ရှုံးရမှာလဲ”
ရီကျန့်ထျန်းသည် ပါးစပ်ထောင့်မှ သွေးများ စီးကျနေရင်း ရေရွတ်လိုက်သည်။ ရင်ဘတ်မှာ ကြေမွနေပြီး ခန္ဓာကိုယ်သည်လည်း ဆိုးရွားစွာ ပျက်ဆီးနေသည့် သူသည် အလွန် အံ့အားသင့်နေပုံရသည်။
ရီကျန့်ထျန်းအတွက် သည်လို ဒဏ်ရာများက မမှုပေ၊ လက်မခံနိုင်ဆုံး အပိုင်းက သူ၏ စိတ်ဒဏ်ရာပင် ဖြစ်နေခြင်းပင်။
ယခင်က နတ်ဘုရားတစ်ပိုင်းဖြစ်သည့် သူက ယဲ့ဖန်အား အလွယ်တကူ သတ်နိုင်လိမ့်မည်ဟု သူ ယုံကြည်ခဲ့မိသည်။ သို့သော် အနိုင်ပိုင်းခံလိုက်ရသည့်သူက သူ ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့မိချေ။
“သိပ်ကောင်းတယ်၊ ခွေးမသား”
သူ့မျက်လုံးသည် ရူးသွပ်မှုများနှင့် တဖိတ်ဖိတ်တောက်နေပြီး သူ ကျိန်ဆဲလိုက်သည်။ ထို့နောက် သူက လက်ဖဝါးကို လှုပ်ခါ၍ အော်ဟစ်လိုက်သည်။
“ဓား လာခဲ့စမ်း”
သူ့စကားအဆုံးတွင် ထောင်ထွတ်၌ စိုက်ထူထားသော ဧရာမ နီညိုရောင် ဓားတစ်လက်က တုန်ယင်လာသည်။
ဝီ! ချွင်!
သတ္တုချင်း ပွတ်တိုက်သံနှင့်အတူ ဧရာမ နီညိုရောင် ဓားတစ်လက်သည် ကျောက်ထရံမှ လှစ်ခနဲ ထွက်လာသည်။
ထို့နောက် ထိုဓားသည် အလင်းတန်းကဲ့သို့ ရီကျန့်ထျန်းထံသို့ ပြေးဝင်လာသည်။ ထိုအချိန်တွင် တောင်ပေါ်မှ အခြားသူများအားလုံး အဖျက်စွမ်းအင် ချီဓာတ်ကို ခံစားလိုက်မိပြီး လိပ်ပြာလွင့်မတတ် ကြောက်ရွံ့လာသည်။
ထို့နောက် ရီကျန့်ထျန်းက အားပါးတရ လှောင်ရယ်၍ ပြောလိုက်သည်။
“မင်းတို့အားလုံး ကမ္ဘာပေါ်မှာ ကောင်းကင်ခွင်းဓားက ခုနစ်လက်ပဲ ရှိတယ်လို့ သိထားကြတာမလား၊ ဒါပေမယ့် မင်းတို့ မသိတာက နောက်ထပ် ကောင်းကင်ခွင်း ဓားတစ်လက် ထပ်ရှိနေသေးတယ်ဆိုတာပဲ။ အဲ့ဒါက အင်အားအကောင်းဆုံး ဓားပဲ၊ ဓားနာမည်က ကောင်းကင်ခွင်း အင်မော်တယ်ဓားတဲ့”
*ကောင်းကင်ခွင်း အင်မော်တယ်ဓား*
တောင်ထိပ်ပေါ်မှ လူတိုင်း ဤသတင်းကြောင့် မှင်တက်သွားကြသည်။
*အင်မော်တယ် လက်နက်*
*ဒါ … ဒါ အင်မော်တယ် လက်နက်ပဲ ဖြစ်ရမယ်။ အဲ့သလို ကြောက်မက်ဖို့ ကောင်းတဲ့ အရာဝတ္ထုကပဲ သည်လောက် ကြောက်စရာကောင်းတဲ့ ချီဓာတ် အများအပြားကို ထုတ်လွှင့်နိုင်မှာ*
အခြားသူများ ထိတ်လန့်ကာ တွေဝေနေစဉ်တွင် ထိုဧရာမ နီညိုရောင်ဓားက ရီကျ့န်ထျန်း၏ လက်ထဲသို့ သက်ဆင်းသွားလေသည်။
ချွတ်! ချွတ်!
ကောင်းကင်ခွင်း အင်မော်တယ်ဓား၏ ကြောက်မက်ဖွယ် ကောင်းသော အင်မော်တယ် ခွန်အားကြောင့် ခွန်းလွင် တောင်ထိပ်တစ်ခုလုံး မြေကြီးထဲသို့ တစ်မီတာခန့် ကျွံကြသွားသည်။
သူ့လက်ထဲမှ ဓားနှင့်ဆိုလျင် ရီကျန့်ထျန်းသည် မည်သည့်တိုက်ပွဲမဆို အနိုင်ရနိုင်ပြီဟု ယုံကြည်မှု ရှိသည်။ ကြည့်ရှုနေသူများက ရီကျန့်ထျန်းအား ထိတ်လန့်တကြား ကြည့်နေမိကြသည်။
“ယဲ့ဖန် ဒီကောင်းကင်ခွင်း အင်မော်တယ်ဓားကို ထုတ်သုံးလာအောင် ငါ့ကို ဖိအားပေးနိုင်ခဲ့တဲ့အတွက် မင်း ဂုဏ်ယူသင့်တယ်”
ဓားကို ကိုင်ဆွဲ၍ ရီကျန့်ထျန်းက ရှေ့သို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။
“မင်း မြေအောက်လောကကို ရောက်လို့ရှိရင် မင်းကို သတ်လိုက်တဲ့လူက ရီကျန့်ထျန်းဆိုတာကို ငရဲဘုရင်ကို ပြောဖို့ သတိရဦး”
ထိုသို့ပြောပြီး ရီကျန့်ထျန်းက လက်ကို ဝင့်၍ ယဲ့ဖန်အား ကောင်းကင်ခွင်း အင်မော်တယ်ဓားဖြင့် ကြမ်းကြုတ်စွာ ခုတ်ပိုင်းလိုက်သည်။
....
ထိုအချိန်တွင် သူ့ဓားမှ အရှိန်သည် အလွန်ကို ဖိနှိပ်နိုင်လှသည်။ သို့သော် ယဲ့ဖန်၏ တုံ့ပြန်မှုက ပို၍ ထိတ်လန့်ဖွယ်ကောင်းလှသည်။
အထင်သေးသော မျက်နှာထားဖြင့် ယဲ့ဖန်သည် လက်ကို ဆန့်ထုတ်၍ ရီကျန့်ထျန်း၏ ကောင်းကင်ခွင်း အင်မော်တယ်ဓားအား ထိုးလိုက်သည်။
“သခင်ကြီး သတိထားပါ”
ကျိုချင်းချန်သည် ကြောက်ရွံ့စိတ်ကြောင့် ဖြူဖပ်ဖြူရော် ဖြစ်နေသော မျက်နှာထားဖြင့် လှမ်းအော်လိုက်သည်။ ကြည့်ရှုနေသူများ အားလုံးကြား၌ ပွက်လောရိုက်သွားသည်။
သံမဏိလက်သီးနှင့် အင်မော်တယ်ဓား။
*သူ ... သူ ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ*
ချွင်!
သတ္တုချင်း ပွတ်တိုက်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် သံမဏိလက်သီးနှင့် အင်မော်တယ်ဓားသို့ ထိပ်တိုက်ဆုံတွေ့ပြီး နောက်သို့ အသီးသီး ပြန်လွင့်သွားသည်။
*ဒါ … လုံးဝ မဖြစ်နိုင်ဘူး*
ထိုအသံကို ကြားပြီးနောက် လက်သီး၌ မည်သည့် သွေးစသွေးနမျှ စွန်းထင်းမနေသည်ကို ကြည့်ရှုသူများ သတိထားမိကြသည်။ မည့်သည့် ဒဏ်ရာမျှလည်း မရှိပေ။
သံမဏိလက်သီး၌ ထင်ကျန်နေသည့် တစ်ခုတည်းသော အရာကတော့ အဖြူရောင် အစင်းကြောင်းပင်။

ဤအဖြစ်ကို ကြည့်ပြီး ကြည့်ရှုနေကြသူများအားလုံး မှင်တက်သွားကြသည်။ ရီကျန့်ထျန်းသည် မျက်လုံးပြူး မျက်ဆံပြူးနှင့် တုန်လှုပ်နေသည်။
“မဖြစ်နိုင်ဘူး။ ဘယ် … ဘယ်လိုလုပ် မင်းရဲ့ ခန္ဓာကိုယ်က ငါ့ရဲ့ အင်မော်တယ်ဓားကို ယှဉ်နိုင်နေတာလဲ။ ဒါ … လုံးဝ မဖြစ်နိုင်ဘူးလေ”
တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်က သည်လောက် မာကျောနေလိမ့်မည်ဟု ရီကျန်းထျန်း မယုံကြည်နိုင်ပါ။
“မယုံနိုင်စရာ”
“မဖြစ်နိုင်ဘူး ဟုတ်လား”
ယဲ့ဖန်က နတ်ဆိုးသဖွယ် လှောင်ရယ်လိုက်သည်။ ကောင်းကင်ခွင်းဓား ခုနစ်လက်အား ဝါးစားပြီးနောက် သူ၏ ခန္ဓာကိုယ်သည် အင်မော်တယ် လက်နက်တစ်ခုနီးပါး မာကျောနေပြီ ဖြစ်သည်။
ဓားခုနစ်လက်အား မွမ်းမံပြီးနောက် သူ၏ ခန္ဓာကိုယ် မာကျောမှုက တိုးပွားလာသည်။
“ထွေထွေထူးထူးမှ မဟုတ်တာ။ ငါ မင်းကို သတ်မယ်ဆိုတဲ့အတိုင်းပဲလေ သိပ်မှမခက်တာ”
*ဘာ*
သူ့စကားကြောင့် ရီကျန့်ထျန်း၏ မျက်နှာက ချက်ချင်း သုန်မှုန်လာသည်။
မောက်မာလှသည်။
*ဘယ်လိုလုပ် ပုရွက်ဆိတ်လိုကောင်က ငါ့ရှေ့မှာ လာပြီး တင်စီးနေရတာလဲ*
“ခွေးမသား၊ မင်း သေချင်နေတာပဲ”
ရီကျန့်ထျန်းသည် ကြမ်းကြုတ်သော ချီဓာတ်ကို ထုတ်လွှင့်ရင်း ယဲ့ဖန်အား သူ၏ ကောင်းကင်ခွင်း အင်မော်တယ်ဓားဖြင့် ပိုင်းဖြတ်လာသည်။
ချွင်! ချွင်! ချွင်!
ထိုအချိန်တွင် ကြည့်ရှုနေသူများ အလွန်တရာ ထိတ်လန့်နေကြသည်။ ယဲ့ဖန်၏ သံမဏိလက်သီးသည် ကောင်းကင်ခွင်း အင်မော်တယ်ဓားဖြင့် ထပ်ခါထပ်ခါ ရင်ဆိုင်မိသည်။
တစ်ချက်၊ ငါးချက်၊ ဆယ်ချက်၊ အချက်နှစ်ဆယ်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူတို့သည် အကြိမ် တစ်ရာကျော် ရင်ဆိုင်မိပြီးသွားပြီ ဖြစ်သည်။
ယဲ့ဖန်၏ သံမဏိလက်သီးများမှ သွေးများ မနည်းမနော စီးကျလာသည်။ သူ၏ ခန္ဓာကိုယ်က မည်မျှပင် မာကျောနေပါစေ၊ အင်မော်တယ် လက်နက်နှင့် နှိုင်းယှဉ်လျင် အနည်းငယ် နိမ့်ကျနေသေးသည်။
“ဟားဟား … မင်း ဒဏ်ရာရလာပြီပဲ။ မင်းခန္ဓာကိုယ်က ဘယ်လောက်ပဲ မာကျောပါစေ၊ မင်းက ငါ့ရဲ့ ကောင်းကင်ခွင်း အင်မော်တယ်ဓားနဲ့ အသတ်ခံရမှာပါပဲ”
ရီကျန့်ထျန်းက စိတ်လှုပ်ရှားစွာ အော်ဟစ်ပြောဆိုလိုက်သည်။ သို့သော် သူ့အသံကို ကြားပြီးနောက် ယဲ့ဖန်သည် သူ့လက်သီးမှ သွေးကို လျက်၍ လှောင်ပြောင်သရော်သော မျက်လုံးများဖြင့် ပြောလိုက်သည်။
“ဓားရှိတာ မင်းတစ်ယောက်တည်းလို့ ထင်နေတာလား”
*အမ်*
ရီကျန့်ထျန်း တစ်ခါမျှ ကြောင်အသွားသည်။ ယဲ့ဖန် စကား၏ ဆိုလိုရင်းကို သူ နားမလည်ပေ။ ထို့နောက် သူ ကြည့်နေစဉ်မှာပင် ယဲ့ဖန်က သူ့လက်ဖဝါးကို လှုပ်ခါလိုက်သည်။ သူ့လက်ထဲ၌ လက်ကိုင်တစ်ခု ပေါ်လာသည်။
ဤသည်မှာ ဓားသွားမရှိသည့် ဓားလက်ကိုင်တစ်ခုပင်။ ထိုဓားလက်ကိုင်သည် ရွှေရောင် တောက်လို့နေ၏။ မျက်နှာပြင်ပေါ်၌ စကားလုံးတစ်ခုကို ထွင်းထားသည်။ ထိုစကားလုံးသည်ကား ကောင်းကင်ဘုံဟူတည်း။
ရုတ်တရက် ခွန်းလွင်တောင်ထိပ်၌ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်များဖြင့် ပြည့်နှက်လာသည်။ ထို့အတူ တောင်ထိပ်ပေါ်ရှိ ကျန်သိုင်းပညာရှင်များ ထိတ်လန့်ကာ တုံ့ဆိုင်းသွားကြ၏။
“ဒါ … မဖြစ်နိုင်ဘူး”
ရီကျန့်ထျန်း အလွန် အံ့အားသင့်နေသည်။
*ကောင်းကင်ခွင်း အင်မော်တယ်ဓားက အဲ့ဓားလက်ကိုင်ကို ကြောက်နေတာလား။ အဲ့ဒါ ဘာကြီးလဲ*
“ယဲ့ဖန် မင်း ငါ့ကို ဓားလက်ကိုင်နဲ့ သတ်နိုင်မယ်ထင်နေတာလား။ မင်း ငါ့ကို လာနောက်နေတာလား”
ရီကျန့်ထျန်း ကြောက်နေသော်လည်း ဓားလက်ကိုင်က သူ့ကို သတ်နိုင်မည်ဟု မယုံကြည်ပါ။ အနီးဝန်းကျင်မှ အခြားသူများလည်း မယုံကြည်ကြချေ။
သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က ပြန်ချေပလိုက်သည်။
“မင်း သေချာလို့လား”
ယဲ့ဖန်က မခိုးမခန့် မျက်နှာထားဖြင့် ပြောကာ ဓားလက်ကိုင်ကို ချက်ချင်း လှုပ်ခါလိုက်သည်။ ထို့နောက် ဓားလက်ကိုင်ထဲမှ အနက်ရောင် အလင်းတန်းများစွာ ထွက်ပေါ်လာသည်ကို အားလုံး မြင်တွေ့လိုက်ရသည်။
ဤသည်ကား ပုရွက်ဆိတ်စစ်တပ်ပင် ဖြစ်သည်။ ချက်ချင်းဆိုသလို ၎င်းတို့သည် စုစည်းလာကြသည်။
ပုရွက်ဆိတ် တစ်ကောင်ပေါ် တစ်ကောင်ထပ်နေကြသည်။ ဓားသွားတစ်ခု လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
ထို့အပြင် ပုရွက်ဆိတ်အားလုံးက ၎င်းတို့၏ ချွန်ထက်နေသော အစွယ်များကို ထုတ်ဖော်ထားသဖြင့် ဓားသွားအား အလွန် ထက်ရှလာစေ၏။
ဧရာမ ပုရွက်ဆိတ်ဓားကြီးပါတကား။
….
လူအုပ်ကြီးသည် သည်းထိတ်ရင်ဖို ဖြစ်လို့လာကြသည်။
#ZAWGYI

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now