Chapter 388

1K 108 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (26) CHAPTER (388) ကမ္ဘာမြေမှ ထွက်ခွာခြင်း

ကမ္ဘာမြေပေါ်မှ ရုတ်တရက် တိုက်ပွဲဖြစ်ပွားပြီးနောက် သတင်းများစွာက နဂါးငွေ့တန်း အင်ပါယာသို့ ပျံ့နှံ့သွားသည်။
“ခေလန်က နတ်ဘုရားတို့ သေဆုံးရာ နယ်မြေကို ရှာတွေ့ခဲ့ပင်မယ့် ပြန်ရောက်မလာသေးဘူး”
“ဂရေးကလန်က သူ့ကို ကူညီပေးဖို့အတွက် သူတို့ ကမ္ဘာခြားမုဆိုးတွေ အားလုံးကို နေအဖွဲ့အစည်းထဲကို လွှတ်လိုက်တယ်တဲ့”
“ဂရေဆန်ကလည်း နတ်ဘုရားတို့ သေဆုံးရာနယ်မြေထဲကို စူးစမ်းချင်လို့ သွားတယ်လို့ ပြောကြသေးတယ်”
“နတ်ဘုရားတို့ သေဆုံးရာ နယ်မြေက နတ်ဘုရားအဆင့် သိုင်းပညာရှင်တွေရဲ့ သင်္ချိုင်းမြေလို့ ဆိုကြတယ်။ အဲ့နယ်မြေမှာ သိပ်တန်ဖိုးကြီးတဲ့ ရတနာတွေ ရှိတယ်တဲ့”
….
နံရံတိုင်းတွင် နားများ ရှိကြလေသည်။
နတ်ဘုရားတို့ သေဆုံးရာ နယ်မြေသို့ မထွက်ခွာခင်တွင် ကမ္ဘာခြားမုဆိုးများက သတင်းများစွာကို သူတို့၏ မိသားစုဝင်များနှင့် မိတ်ဆွေတို့အား ပြောပြခဲ့ပြီးသား ဖြစ်သည်။
ဤသည်ကား အလွန်အရေးကြီးသော သတင်းပင်။
အချိန်တိုလေးအတွင်းမှာပင် နတ်ဘုရားတို့ သေဆုံးရာ နယ်မြေကို ရှာတွေ့ပြီဟူသော သတင်းနှင့် ကမ္ဘာခြား စစ်သင်္ဘောများစွာတို့ နေအဖွဲ့အစည်းသို့ ထွက်ခွာသွားကြသည် ဟူသည့် သတင်းက နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံးအား ထိတ်လန့်သွားစေခဲ့သည်။
နေအဖွဲ့အစည်းနှင့် နီးကပ်သော အင်အားကြီးသည့် ဂြိုဟ်များမှ သိုင်းပညာရှင်များ ဒေါသူပုန်ထသွားကာ သူတို့အားလုံးက ကမ္ဘာမြေသို့ သွားရာတွင် သူတို့နှင့်အတူ ပူးပေါင်းပေးဖို့ သူတို့၏ မိတ်ဆွေများကို ဖိတ်ခေါ်လိုက်သည်။
….
သို့သော် အသစ်လာရောက်မည့် သိုင်းပညာရှင်များနှင့် ပတ်သက်၍ ယဲ့ဖန် ဘာတစ်ခုမျှ မသိချေ။
ထိုသို့သော အချိန်၌ သူသည် အခန်းဟောင်းတစ်ခု၌ ထိုင်လျက်ရှိနေသည်။
အသက်ဓာတ် ပျော်ရည်များက အပြင်ဘက်၌ ရွာသွန်းလျက် ရှိသည်။
ကမ္ဘာတစ်ခုလုံးသည် ရူးချင်စရာ ကောင်းသည့် ဆင့်ကဲပြောင်းလဲခြင်း ဖြစ်စဉ် အလယ်အလတ်သို့ ရောက်နေကြသည်။
ကမ္ဘာပေါ်မှ သက်ရှိများအားလုံး ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ကြီးထွားလျက် ရှိကြသည်။
သို့သော် ယဲ့ဖန်သည် အပြင်ဘက်မှ မည်သည့်အရာကိုမျှ ဂရုစိုက်ခြင်း မရှိပေ။
သူသည် ဒိုင်ယာရီတစ်ခုကို ဖတ်လို့နေ၏။ သူ တစ်မျက်နှာပြီး တစ်မျက်နှာ ဖတ်လို့နေသည်။
ဒိုင်ယာရီထဲတွင် ရေးထားသည့် အကြောင်းအရာများကြောင့် ယဲ့ဖန် စိတ်ထိခိုက်သွားရသည်။ နောက်ဆုံးတွင် သူသည် ဒိုင်ယာရီကို ပိတ်ကာ မျက်လုံးမှိတ်ထားလိုက်သည်။
ထိုအချိန်အတောအတွင်း၌ မျက်ရည်လည်ရွဲ ဖြစ်နေသော မျက်နှာလေးတစ်ခု သူ့စိတ်ထဲ စွဲထင်လာသည်။
“မောင်ငယ်လေး မင်း တကယ် ငါ့ကို စွန့်ပစ်ချင်နေတာလား”
ယန်ကျင့်ဂီတပွဲတော်တုန်းက ထိုဖြူစင်လှသော မိန်းကလေး၏ အော်ငိုသံများကို ယဲ့ဖန် ယခုထိ မှတ်မိနေပါသေးသည်။
ဝမ်အာ။
ဖျောင်ကျိုးဝမ်၊ ကလေးဘဝက သူနှင့် သုံးလအတူတူ နေခဲ့ဖူးပြီး သူ့အား ဆယ်နှစ်ကျော် ပြန်လိုက်ရှာနေခဲ့သည့် မိန်းကလေး။
“ဝမ်အာ ဘယ်မှာလဲ”
ယဲ့ဖန်က ခပ်အက်အက် အသံနှင့် မေးလိုက်သည်။
သူ့အမေးကြောင့် သူ့ဘေးမှ သူတောင်းစားအိုကြီးက ခါးသီးစွာ ပြုံးလာသည်။ ထို့နောက် သူသည် သနားနေသော မျက်နှာနှင့် ပြောလာသည်။
“မင်း သေမင်းမြစ်ဝကျွန်းပေါ် ဒေသကို ရောက်နေတုန်းက မင်း သေသွားပြီးဆိုတဲ့ သတင်းက ဝမ်အာကို ရင်ကွဲစေခဲ့တယ်”
“သူမက ကျန်းရှီမြို့ကို သွားပြီး မင်း နေခဲ့ဖူးတဲ့ နေရာကို ပြန်သွားခဲ့တယ်။ မင်း ချန်ထားရစ်ခဲ့တဲ့ ခြေရာလက်ရာတိုင်းကို သူမ ရှာဖွေခဲ့တယ်”
“အဲ့ကနေ ပြန်လာပြီးနောက်ပိုင်း သူမ သုံးရက်နဲ့ သုံးညတိတိ ငိုကြွေးခဲ့တယ်။ နောက်တော့ သူမက သူမကို …. စကြဝဠာထဲ ပို့ပေးဖို့ ငါ့ဆီမှာ လာတောင်းဆိုတယ်”
စကြဝဠာထဲကိုလား။
အဘိုးအို၏ စကားကို နားထောင်ရင်း ယဲ့ဖန် မျက်မှောင်ကြုတ်သွားသည်။
ဝမ်အာ၌ ပျက်သုဉ်းခြင်း ခန္ဓာကိုယ် ရှိသော်လည်း ထိုအရာက မနိုးထသေးပေ။ အကယ်၍ သူမတစ်ယောက်တည်း စကြဝဠာထဲ ခရီးထွက်လျင် သူမ သေချာပေါက်ကို သေရေးရှင်ရေး အခြေအနေများစွာနှင့် ရင်ဆိုင်ရပေလိမ့်မည်။
“မင်း သူမကို စိုးရိမ်နေမှန်း ငါ သိပါတယ်။ ငါလည်း သူမကို မသွားဖို့ ဖျောင်းဖျပါသေးတယ်”
သူတောင်းစားအိုကြီးက သူ သဘောတူလာအောင် သူမ မည်သို့ တောင်းပန်ခဲ့သည်ကို သတိရလာသကဲ့သို့ သက်ပြင်းချလာသည်။ ထို့နောက် သူက မချိပြုံးပြုံး၍ ဆက်ပြောလာသည်။
“ဒါပေမယ့် သူမ သန်မာချင်တယ်လို့ ပြောတယ်၊ အခြား ဘယ်သူမဆိုထက် သူမက ပိုပြီး သန်မာချင်နေတယ်၊။ သူမက … မင်းကို ပြန်အသက်သွင်းဖို့အတွက် သူမ အင်အားကို တိုးလာအောင် အားထုတ် ကြိုးပမ်းချင်နေခဲ့တာ”
….
အဘိုးအို၏ စကားကို ကြားပြီး ယဲ့ဖန်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည်။
သူ့အတွက်တဲ့လား။
သူက သူမရဲ့ မိသားစုဝင်တွေကို သတ်ခဲ့ပြီးတာတောင်မှတဲ့လား။
သူမ သူ့ကို အလွန် မုန်းနေတာတောင်မှတဲ့လား။
သူမက သူ့ကို ကယ်ချင်နေသေးသည်တဲ့။
သေလူအား ပြန်ရှင်သန်စေသည့် နည်းလမ်းကို ရှာဖွေရန်အတွက် သူမအသက်ကိုရင်း၍ စကြဝဠာထဲသို့ ထွက်ခွာရန် ရွေးချယ်ခဲ့သေးသည်။
“ဖြူစင်လွန်းလိုက်တဲ့ မိန်းကလေး”
ယဲ့ဖန် မချိတင်ကဲ ပြုံးလိုက်မိသည်။ သူမအပေါ် သူ အကြွေးတင်တာ များနေပါပေါ့လား.
“စကြဝဠာထဲမှာလား”
ယဲ့ဖန်သည် ခန်းဆီးအပြင်ဘက်၌ မိုးရွာနေသော ကောင်းကင်အား မျှော်လင့်တကြီး ဖြစ်နေသော မျက်လုံးနှင့် တင်းမာစွာ ကြည့်နေသည်။
သူ့ညီအစ်ကိုများက စကြဝဠာထဲ ရှိနေကြသည်။ သူ အချစ်ရဆုံး သူကလည်း စကြဝဠာထဲမှာပင်။
နတ်ဆိုးများကလည်း သူပြန်အလာကို စကြဝဠာထဲ၌ စောင့်နေကြသည်။
နတ်ဆိုးများက သူ့ကို ဆင့်ခေါ်နေလေပြီ။
“ငါလည်း ထွက်ခွာသင့်ပြီ ထင်တယ”
ထိုသို့ပြောပြီး ယဲ့ဖန်သည် မတ်တပ်ထရပ်ကာ အခန်းဟောင်းလေးထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။
….
နေစကြဝဠာ အဖွဲ့အစည်း အပြင်ဘက်၌။
ကမ္ဘာခြား စစ်သင်္ဘောတစ်စင်းသည် နေအဖွဲ့အစည်း ဝန်းကျင်၌ မြန်ဆန်လှသော အရှိန်ဖြင့် ကူးသန်းလို့နေသည်။
အကွာအဝေးတစ်ခု ရောက်တိုင်း လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများက စစ်သင်္ဘောထံမှ ထွက်ပေါ်လာသည်။
တစ်ခုပြီးတစ်ခု။
ကမ္ဘာခြား စစ်သင်္ဘောက နေအဖွဲ့အစည်းအား လှည့်ပတ်၍ ပြီးသွားချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးများက နေအဖွဲ့အစည်းတစ်ခုလုံး၏ မျက်နှာပြင်အား ဖုံးအုပ်သွားလေတော့သည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်သည် စစ်သင်္ဘောထဲမှ လှစ်ခနဲ ထွက်လာသည်။
စစ်သင်္ဘော၏ ထိပ်၌ ရပ်နေရင်း ယဲ့ဖန်သည် ဇဝေဇဝါဖြစ်နေသော မျက်လုံးများနှင့် ကမ္ဘာဂြိုဟ်အား အချိန်အတော်ကြာအောင် ကြည့်လို့နေ၏။
ထို့နောက် သူသည် နေအဖွဲ့အစည်းအား သူ့လက်ဝါးဖြင့် ချိန်ရွယ်လိုက်သည်။
ဝုန်း!
ရုတ်တရက် မှော်စာလုံးတိုင်းမှ ပြင်းထန်သော အလင်းများ ထွက်ပေါ်လာ၏။
ထိုအလင်းသည် ပို၍ တောက်ပလာပြီး ထင်းခနဲ မြင်သာလာသည်။ နောက်ဆုံးတွင်မူ ထိုတောက်ပနေသော အလင်းများသည် နေအဖွဲ့အစည်းတစ်ခုလုံးနှင့်အတူ ရုတ်ချည်း ပျောက်ကွယ်သွားလေတော့သည်။
“ကိုယ်ရောင်ဖျောက် နတ်ဆိုးသွေး ဖွဲ့စည်းခြင်း။ ဒါက ကမ္ဘာဂြိုဟ်ကို နတ်ဘုရား အရှင်သခင်အဆင့်တွေရဲ့ ရှာဖွေမှုကနေ ကာကွယ်ပေးပြီးတော့ ကမ္ဘာဂြိုဟ်ကို ဘေးကင်းအောင် လုပ်ပေးနိုင်တယ်”
ထို့အပြင် အမှောင်ဘုရင်၏ လက်မောင်းတစ်ဘက်က စည်းတံဆိပ်ထဲမှ လွတ်မြောက်လာပြီ ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာဂြိုဟ်အတွက် ယဲ့ဖန် လုံးဝ စိုးရိမ်စရာ မလိုချေ။
ဤအကြိမ်တွင် ယဲ့ဖန်သည် သူနှင့်အတူ မည်သူ့ကိုမျှ ခေါ်မလာခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာဂြိုဟ်သည် သူတို့ ခွန်အားတိုးလာရန်အတွက် အကောင်းဆုံးနေရာ ဖြစ်လေသည်။
ပြင်ဆင်မှုများစွာ ပြုလုပ်ပြီးနောက် ယဲ့ဖန်သည် ထွက်ခွာရန် အဆင်သင့် ဖြစ်လာသည်။
ထိုစဉ် ကမ္ဘာခြား စစ်သင်္ဘောတစ်စီးသည် သိပ်မဝေးသော နေရာမှနေ၍ နေအဖွဲ့အစည်းထံသို့ ဦးတည်လာနေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် နေအဖွဲ့အစည်းနားသို့ နီးကပ်လာသည်။ ထို့နောက် နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်သည် သူတို့၏ စစ်သင်္ဘောထဲမှ ထွက်လာပြီး ရှေ့သို့ ဇဝေဇဝါဖြင့် ကြည့်နေကြသည်။
“အာ၊ စကြဝဠာ ကိုဩဒိနိတ်အရဆို အဲ့ဒါက ဒီနားဝန်းကျင်လောက်မှာ ရှိသင့်တာလေ။ နေအဖွဲ့အစည်းက ဘယ်မှာလဲဟ”
နတ်ဘုရား ဆရာသခင်အဆင့် လူငယ်တစ်ယောက်က မျက်မှောင်ကြုတ်၍ ညည်းတွားနေသည်။
ထို့အတူ သူသည် ဘေးပတ်လည်အား အလွန် စိုးရိမ်၍ စိတ်ရှုပ်နေသော အမူအရာဖြင့် လှည့်ပတ်ကြည့်နေသည်။
ထိုသိုင်းပညာရှင်များအား မြင်သည်နှင့် ထိုသူတို့သည် ရတနာသိုက်များကို လိုက်ရှာသည့် ကမ္ဘာခြား သိုင်းပညာရှင်များ ဖြစ်သည်ကို ယဲ့ဖန် ရိပ်မိလိုက်သည်။ ထို့ကြောင့် သူသည် သူတို့အား လျစ်လျူရှုလိုက်ပြီး သူ၏ ကိုယ်ပိုင်စစ်သင်္ဘောထဲ ဝင်ကာ စကြဝဠာအတွင်း ခရီးဆန့်လေတော့သည်။
ယဲ့ဖန် ထွက်သွားချိန်တွင် နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်က ထိုလူငယ်လေးအား စကားစလာသည်။
“ဒုတိယသခင်လေး၊ စစ်သင်္ဘောနဲ့ အခုလေးတင် ထွက်သွားတဲ့လူကို သတိထားမိလား”
*ဟမ်*
သူ့စကားကြောင့် လူငယ်လေး တစ်ဒင်္ဂမျှ မှင်တက်သွားသည်။ ထို့နောက် သူက ခေါင်းခါ၍ အထင်သေးသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“သူက နတ်ဘုရား တပည့်အဆင့်လေးပဲ ရှိတာပါ။ ဘာမှ အရေးမကြီးပါဘူး”
ယခုအချိန်တွင် ထိုလူငယ်လေးသည် နတ်ဘုရားတို့ သေဆုံးရာနယ်မြေကိုသာ အာရုံစိုက်နေသည်။ ထို့ကြောင့် သူသည် ယဲ့ဖန်ကို လုံးဝ စိတ်ဝင်စားခြင်း မရှိချေ။
သို့သော် နတ်ဘုရား ဆရာသခင်အဆင့် တစ်ယောက်၏ နောက်ဆက်တွဲ စကားကို ကြားလိုက်ရချိန်တွင် သူ ထိတ်လန့်သွားသည်။
“သူက ခေလန်ရဲ့ စစ်သင်္ဘောကို မောင်းနေတာ”
*ဘာ*
လူငယ်လေးသာမက ကျန်နတ်ဘုရား ဆရာသခင်အဆင့် ခြောက်ယောက်တို့သည်လည်း အံ့ဩသွားသည်။
“ဆိုဒါ မင်း သေချာလား”
လူငယ်လေးက ကြောက်မက်ဖွယ်ကောင်းသော အကြည့်များဖြင့် မေးလိုက်သည်။
ခေလန်သည် နတ်ဘုရားတို့ သေဆုံးရာ နယ်မြေထဲ၌ ပျောက်ဆုံးနေသည်၊ သို့သော် သူ၏ စစ်သင်္ဘောကမူ နတ်ဘုရား တပည့်အဆင့်တစ်ယောက်၏ လက်ထဲ ကျရောက်လို့နေ၏။
ဤအဖြစ်အပျက် နှစ်ခုကြားမှ ဆက်နွယ်မှုက သိသာလှသည်။
“ဒုတိယသခင်လေး၊ ကျွန်တော် ဘယ်လိုလုပ် မှားနိုင်ပါ့မလဲ။ ကျွန်တော် အရင်က ခေလန်ရဲ့ ကျွန်းဆွယ်အဖွဲ့ထဲ ဝင်လုနီးပါး ဖြစ်ခဲ့တာလေ။ ကျွန်တော် သေချာပေါက် သူ့စစ်သင်္ဘောကို မှတ်မိတာပေါ့ဗျာ”
နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်က ခပ်သွက်သွက် ရှင်းပြလေသည်။
သူ့စကားအဆုံးတွင် လူငယ်လေးနှင့် ကျန်နတ်ဘုရား ဆရာသခင်အဆင့် ခြောက်ယောက်တို့၏ မျက်နှာ၌ လောဘရိပ်များ ဖုံးလွှမ်းလာသည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
လူငယ်လေးက အလွန်စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ပြောလာသည်။
“ငါတို့ ကူးလန်ကလန်က နေအဖွဲ့အစည်းနဲ့ အနီးဆုံး အင်အားကြီးဂြိုဟ်ပဲ။ အခြားအင်အားကြီးဂြိုဟ်က သိုင်းပညာရှင်တွေ ရောက်လာမှာကို ငါ စိုးရိမ်မိတယ်”
“သွားကြစို့၊ ခေလန်ရဲ့ စစ်သင်္ဘောကို အခြားသူတွေ မတွေ့ခင် ငါတို့ အဲ့ကောင်ကို တားမှဖြစ်မယ်”
“နတ်ဘုရားတို့ သေဆုံးရာနယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို သူ သိကိုသိနေရမယ်”
သူ့အမိန့်ကို ကြားပြီးနောက် ကျန်နတ်ဘုရား ဆရာသခင်အဆင့်များတွင် ခိုင်မာစွာ စိတ်ပိုင်းဖြတ်လိုက်ကြသည်။
ထို့နောက် သူတို့သည် သူတို့၏ စစ်သင်္ဘောတွင်း ချက်ချင်း ပြန်ဝင်၍ ယဲ့ဖန်နောက်သို့ အရှိန်မြှင့်၍ လိုက်ကြတော့သည်။
#Zawgyi
စာစဥ္ (26) CHAPTER (388) ကမာၻေျမမွ ထြက္ခြာျခင္း
ကမာၻေျမေပၚမွ ႐ုတ္တရက္ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ သတင္းမ်ားစြာက နဂါးေငြ႕တန္း အင္ပါယာသို႔ ပ်ံ႕ႏွံ႔သြားသည္။
“ေခလန္က နတ္ဘုရားတို႔ ေသဆုံးရာ နယ္ေျမကို ရွာေတြ႕ခဲ့ပင္မယ့္ ျပန္ေရာက္မလာေသးဘူး”
“ဂေရးကလန္က သူ႔ကို ကူညီေပးဖို႔အတြက္ သူတို႔ ကမာၻျခားမုဆိုးေတြ အားလုံးကို ေနအဖြဲ႕အစည္းထဲကို လႊတ္လိုက္တယ္တဲ့”
“ဂေရဆန္ကလည္း နတ္ဘုရားတို႔ ေသဆုံးရာနယ္ေျမထဲကို စူးစမ္းခ်င္လို႔ သြားတယ္လို႔ ေျပာၾကေသးတယ္”
“နတ္ဘုရားတို႔ ေသဆုံးရာ နယ္ေျမက နတ္ဘုရားအဆင့္ သိုင္းပညာရွင္ေတြရဲ႕ သခ်ႋဳင္းေျမလို႔ ဆိုၾကတယ္။ အဲ့နယ္ေျမမွာ သိပ္တန္ဖိုးႀကီးတဲ့ ရတနာေတြ ရွိတယ္တဲ့”
….
နံရံတိုင္းတြင္ နားမ်ား ရွိၾကေလသည္။
နတ္ဘုရားတို႔ ေသဆုံးရာ နယ္ေျမသို႔ မထြက္ခြာခင္တြင္ ကမာၻျခားမုဆိုးမ်ားက သတင္းမ်ားစြာကို သူတို႔၏ မိသားစုဝင္မ်ားႏွင့္ မိတ္ေဆြတို႔အား ေျပာျပခဲ့ၿပီးသား ျဖစ္သည္။
ဤသည္ကား အလြန္အေရးႀကီးေသာ သတင္းပင္။
အခ်ိန္တိုေလးအတြင္းမွာပင္ နတ္ဘုရားတို႔ ေသဆုံးရာ နယ္ေျမကို ရွာေတြ႕ၿပီဟူေသာ သတင္းႏွင့္ ကမာၻျခား စစ္သေဘၤာမ်ားစြာတို႔ ေနအဖြဲ႕အစည္းသို႔ ထြက္ခြာသြားၾကသည္ ဟူသည့္ သတင္းက နဂါးေငြ႕တန္း အင္ပါယာတစ္ခုလုံးအား ထိတ္လန႔္သြားေစခဲ့သည္။
ေနအဖြဲ႕အစည္းႏွင့္ နီးကပ္ေသာ အင္အားႀကီးသည့္ ၿဂိဳဟ္မ်ားမွ သိုင္းပညာရွင္မ်ား ေဒါသူပုန္ထသြားကာ သူတို႔အားလုံးက ကမာၻေျမသို႔ သြားရာတြင္ သူတို႔ႏွင့္အတူ ပူးေပါင္းေပးဖို႔ သူတို႔၏ မိတ္ေဆြမ်ားကို ဖိတ္ေခၚလိုက္သည္။
….
သို႔ေသာ္ အသစ္လာေရာက္မည့္ သိုင္းပညာရွင္မ်ားႏွင့္ ပတ္သက္၍ ယဲ့ဖန္ ဘာတစ္ခုမွ် မသိေခ်။
ထိုသို႔ေသာ အခ်ိန္၌ သူသည္ အခန္းေဟာင္းတစ္ခု၌ ထိုင္လ်က္ရွိေနသည္။
အသက္ဓာတ္ ေပ်ာ္ရည္မ်ားက အျပင္ဘက္၌ ႐ြာသြန္းလ်က္ ရွိသည္။
ကမာၻတစ္ခုလုံးသည္ ႐ူးခ်င္စရာ ေကာင္းသည့္ ဆင့္ကဲေျပာင္းလဲျခင္း ျဖစ္စဥ္ အလယ္အလတ္သို႔ ေရာက္ေနၾကသည္။
ကမာၻေပၚမွ သက္ရွိမ်ားအားလုံး ေၾကာက္မက္ဖြယ္ေကာင္းေသာ အရွိန္ျဖင့္ ႀကီးထြားလ်က္ ရွိၾကသည္။
သို႔ေသာ္ ယဲ့ဖန္သည္ အျပင္ဘက္မွ မည္သည့္အရာကိုမွ် ဂ႐ုစိုက္ျခင္း မရွိေပ။
သူသည္ ဒိုင္ယာရီတစ္ခုကို ဖတ္လို႔ေန၏။ သူ တစ္မ်က္ႏွာၿပီး တစ္မ်က္ႏွာ ဖတ္လို႔ေနသည္။
ဒိုင္ယာရီထဲတြင္ ေရးထားသည့္ အေၾကာင္းအရာမ်ားေၾကာင့္ ယဲ့ဖန္ စိတ္ထိခိုက္သြားရသည္။ ေနာက္ဆုံးတြင္ သူသည္ ဒိုင္ယာရီကို ပိတ္ကာ မ်က္လုံးမွိတ္ထားလိုက္သည္။
ထိုအခ်ိန္အေတာအတြင္း၌ မ်က္ရည္လည္႐ြဲ ျဖစ္ေနေသာ မ်က္ႏွာေလးတစ္ခု သူ႔စိတ္ထဲ စြဲထင္လာသည္။
“ေမာင္ငယ္ေလး မင္း တကယ္ ငါ့ကို စြန႔္ပစ္ခ်င္ေနတာလား”
ယန္က်င့္ဂီတပြဲေတာ္တုန္းက ထိုျဖဴစင္လွေသာ မိန္းကေလး၏ ေအာ္ငိုသံမ်ားကို ယဲ့ဖန္ ယခုထိ မွတ္မိေနပါေသးသည္။
ဝမ္အာ။
ေဖ်ာင္က်ိဳးဝမ္၊ ကေလးဘဝက သူႏွင့္ သုံးလအတူတူ ေနခဲ့ဖူးၿပီး သူ႔အား ဆယ္ႏွစ္ေက်ာ္ ျပန္လိုက္ရွာေနခဲ့သည့္ မိန္းကေလး။
“ဝမ္အာ ဘယ္မွာလဲ”
ယဲ့ဖန္က ခပ္အက္အက္ အသံႏွင့္ ေမးလိုက္သည္။
သူ႔အေမးေၾကာင့္ သူ႔ေဘးမွ သူေတာင္းစားအိုႀကီးက ခါးသီးစြာ ၿပဳံးလာသည္။ ထို႔ေနာက္ သူသည္ သနားေနေသာ မ်က္ႏွာႏွင့္ ေျပာလာသည္။
“မင္း ေသမင္းျမစ္ဝကြၽန္းေပၚ ေဒသကို ေရာက္ေနတုန္းက မင္း ေသသြားၿပီးဆိုတဲ့ သတင္းက ဝမ္အာကို ရင္ကြဲေစခဲ့တယ္”
“သူမက က်န္းရွီၿမိဳ႕ကို သြားၿပီး မင္း ေနခဲ့ဖူးတဲ့ ေနရာကို ျပန္သြားခဲ့တယ္။ မင္း ခ်န္ထားရစ္ခဲ့တဲ့ ေျခရာလက္ရာတိုင္းကို သူမ ရွာေဖြခဲ့တယ္”
“အဲ့ကေန ျပန္လာၿပီးေနာက္ပိုင္း သူမ သုံးရက္နဲ႔ သုံးညတိတိ ငိုေႂကြးခဲ့တယ္။ ေနာက္ေတာ့ သူမက သူမကို …. စၾကဝဠာထဲ ပို႔ေပးဖို႔ ငါ့ဆီမွာ လာေတာင္းဆိုတယ္”
စၾကဝဠာထဲကိုလား။
အဘိုးအို၏ စကားကို နားေထာင္ရင္း ယဲ့ဖန္ မ်က္ေမွာင္ၾကဳတ္သြားသည္။
ဝမ္အာ၌ ပ်က္သုဥ္းျခင္း ခႏၶာကိုယ္ ရွိေသာ္လည္း ထိုအရာက မႏိုးထေသးေပ။ အကယ္၍ သူမတစ္ေယာက္တည္း စၾကဝဠာထဲ ခရီးထြက္လ်င္ သူမ ေသခ်ာေပါက္ကို ေသေရးရွင္ေရး အေျခအေနမ်ားစြာႏွင့္ ရင္ဆိုင္ရေပလိမ့္မည္။
“မင္း သူမကို စိုးရိမ္ေနမွန္း ငါ သိပါတယ္။ ငါလည္း သူမကို မသြားဖို႔ ေဖ်ာင္းဖ်ပါေသးတယ္”
သူေတာင္းစားအိုႀကီးက သူ သေဘာတူလာေအာင္ သူမ မည္သို႔ ေတာင္းပန္ခဲ့သည္ကို သတိရလာသကဲ့သို႔ သက္ျပင္းခ်လာသည္။ ထို႔ေနာက္ သူက မခ်ိၿပဳံးၿပဳံး၍ ဆက္ေျပာလာသည္။
“ဒါေပမယ့္ သူမ သန္မာခ်င္တယ္လို႔ ေျပာတယ္၊ အျခား ဘယ္သူမဆိုထက္ သူမက ပိုၿပီး သန္မာခ်င္ေနတယ္၊။ သူမက … မင္းကို ျပန္အသက္သြင္းဖို႔အတြက္ သူမ အင္အားကို တိုးလာေအာင္ အားထုတ္ ႀကိဳးပမ္းခ်င္ေနခဲ့တာ”
….
အဘိုးအို၏ စကားကို ၾကားၿပီး ယဲ့ဖန္၏ မ်က္ႏွာက ခ်က္ခ်င္း မည္းေမွာင္သြားသည္။
သူ႔အတြက္တဲ့လား။
သူက သူမရဲ႕ မိသားစုဝင္ေတြကို သတ္ခဲ့ၿပီးတာေတာင္မွတဲ့လား။
သူမ သူ႔ကို အလြန္ မုန္းေနတာေတာင္မွတဲ့လား။
သူမက သူ႔ကို ကယ္ခ်င္ေနေသးသည္တဲ့။
ေသလူအား ျပန္ရွင္သန္ေစသည့္ နည္းလမ္းကို ရွာေဖြရန္အတြက္ သူမအသက္ကိုရင္း၍ စၾကဝဠာထဲသို႔ ထြက္ခြာရန္ ေ႐ြးခ်ယ္ခဲ့ေသးသည္။
“ျဖဴစင္လြန္းလိုက္တဲ့ မိန္းကေလး”
ယဲ့ဖန္ မခ်ိတင္ကဲ ၿပဳံးလိုက္မိသည္။ သူမအေပၚ သူ အေႂကြးတင္တာ မ်ားေနပါေပါ့လား.
“စၾကဝဠာထဲမွာလား”
ယဲ့ဖန္သည္ ခန္းဆီးအျပင္ဘက္၌ မိုး႐ြာေနေသာ ေကာင္းကင္အား ေမွ်ာ္လင့္တႀကီး ျဖစ္ေနေသာ မ်က္လုံးႏွင့္ တင္းမာစြာ ၾကည့္ေနသည္။
သူ႔ညီအစ္ကိုမ်ားက စၾကဝဠာထဲ ရွိေနၾကသည္။ သူ အခ်စ္ရဆုံး သူကလည္း စၾကဝဠာထဲမွာပင္။
နတ္ဆိုးမ်ားကလည္း သူျပန္အလာကို စၾကဝဠာထဲ၌ ေစာင့္ေနၾကသည္။
နတ္ဆိုးမ်ားက သူ႔ကို ဆင့္ေခၚေနေလၿပီ။
“ငါလည္း ထြက္ခြာသင့္ၿပီ ထင္တယ”
ထိုသို႔ေျပာၿပီး ယဲ့ဖန္သည္ မတ္တပ္ထရပ္ကာ အခန္းေဟာင္းေလးထဲမွ ျဖည္းညႇင္းစြာ ထြက္လာခဲ့သည္။
….
ေနစၾကဝဠာ အဖြဲ႕အစည္း အျပင္ဘက္၌။
ကမာၻျခား စစ္သေဘၤာတစ္စင္းသည္ ေနအဖြဲ႕အစည္း ဝန္းက်င္၌ ျမန္ဆန္လွေသာ အရွိန္ျဖင့္ ကူးသန္းလို႔ေနသည္။
အကြာအေဝးတစ္ခု ေရာက္တိုင္း လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ ေမွာ္စာလုံးမ်ားက စစ္သေဘၤာထံမွ ထြက္ေပၚလာသည္။
တစ္ခုၿပီးတစ္ခု။
ကမာၻျခား စစ္သေဘၤာက ေနအဖြဲ႕အစည္းအား လွည့္ပတ္၍ ၿပီးသြားခ်ိန္တြင္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ ေမွာ္စာလုံးမ်ားက ေနအဖြဲ႕အစည္းတစ္ခုလုံး၏ မ်က္ႏွာျပင္အား ဖုံးအုပ္သြားေလေတာ့သည္။
ထိုသို႔ေသာအခ်ိန္၌ ယဲ့ဖန္သည္ စစ္သေဘၤာထဲမွ လွစ္ခနဲ ထြက္လာသည္။
စစ္သေဘၤာ၏ ထိပ္၌ ရပ္ေနရင္း ယဲ့ဖန္သည္ ဇေဝဇဝါျဖစ္ေနေသာ မ်က္လုံးမ်ားႏွင့္ ကမာၻၿဂိဳဟ္အား အခ်ိန္အေတာ္ၾကာေအာင္ ၾကည့္လို႔ေန၏။
ထို႔ေနာက္ သူသည္ ေနအဖြဲ႕အစည္းအား သူ႔လက္ဝါးျဖင့္ ခ်ိန္႐ြယ္လိုက္သည္။
ဝုန္း!
႐ုတ္တရက္ ေမွာ္စာလုံးတိုင္းမွ ျပင္းထန္ေသာ အလင္းမ်ား ထြက္ေပၚလာ၏။
ထိုအလင္းသည္ ပို၍ ေတာက္ပလာၿပီး ထင္းခနဲ ျမင္သာလာသည္။ ေနာက္ဆုံးတြင္မူ ထိုေတာက္ပေနေသာ အလင္းမ်ားသည္ ေနအဖြဲ႕အစည္းတစ္ခုလုံးႏွင့္အတူ ႐ုတ္ခ်ည္း ေပ်ာက္ကြယ္သြားေလေတာ့သည္။
“ကိုယ္ေရာင္ေဖ်ာက္ နတ္ဆိုးေသြး ဖြဲ႕စည္းျခင္း။ ဒါက ကမာၻၿဂိဳဟ္ကို နတ္ဘုရား အရွင္သခင္အဆင့္ေတြရဲ႕ ရွာေဖြမႈကေန ကာကြယ္ေပးၿပီးေတာ့ ကမာၻၿဂိဳဟ္ကို ေဘးကင္းေအာင္ လုပ္ေပးႏိုင္တယ္”
ထို႔အျပင္ အေမွာင္ဘုရင္၏ လက္ေမာင္းတစ္ဘက္က စည္းတံဆိပ္ထဲမွ လြတ္ေျမာက္လာၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ ကမာၻၿဂိဳဟ္အတြက္ ယဲ့ဖန္ လုံးဝ စိုးရိမ္စရာ မလိုေခ်။
ဤအႀကိမ္တြင္ ယဲ့ဖန္သည္ သူႏွင့္အတူ မည္သူ႔ကိုမွ် ေခၚမလာခဲ့ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ကမာၻၿဂိဳဟ္သည္ သူတို႔ ခြန္အားတိုးလာရန္အတြက္ အေကာင္းဆုံးေနရာ ျဖစ္ေလသည္။
ျပင္ဆင္မႈမ်ားစြာ ျပဳလုပ္ၿပီးေနာက္ ယဲ့ဖန္သည္ ထြက္ခြာရန္ အဆင္သင့္ ျဖစ္လာသည္။
ထိုစဥ္ ကမာၻျခား စစ္သေဘၤာတစ္စီးသည္ သိပ္မေဝးေသာ ေနရာမွေန၍ ေနအဖြဲ႕အစည္းထံသို႔ ဦးတည္လာေနသည္။
မ်က္စိတစ္မွိတ္အတြင္းမွာပင္ ၎သည္ ေနအဖြဲ႕အစည္းနားသို႔ နီးကပ္လာသည္။ ထို႔ေနာက္ နတ္ဘုရား ဆရာသခင္အဆင့္ ရွစ္ေယာက္သည္ သူတို႔၏ စစ္သေဘၤာထဲမွ ထြက္လာၿပီး ေရွ႕သို႔ ဇေဝဇဝါျဖင့္ ၾကည့္ေနၾကသည္။
“အာ၊ စၾကဝဠာ ကိုဩဒိနိတ္အရဆို အဲ့ဒါက ဒီနားဝန္းက်င္ေလာက္မွာ ရွိသင့္တာေလ။ ေနအဖြဲ႕အစည္းက ဘယ္မွာလဲဟ”
နတ္ဘုရား ဆရာသခင္အဆင့္ လူငယ္တစ္ေယာက္က မ်က္ေမွာင္ၾကဳတ္၍ ညည္းတြားေနသည္။
ထို႔အတူ သူသည္ ေဘးပတ္လည္အား အလြန္ စိုးရိမ္၍ စိတ္ရႈပ္ေနေသာ အမူအရာျဖင့္ လွည့္ပတ္ၾကည့္ေနသည္။
ထိုသိုင္းပညာရွင္မ်ားအား ျမင္သည္ႏွင့္ ထိုသူတို႔သည္ ရတနာသိုက္မ်ားကို လိုက္ရွာသည့္ ကမာၻျခား သိုင္းပညာရွင္မ်ား ျဖစ္သည္ကို ယဲ့ဖန္ ရိပ္မိလိုက္သည္။ ထို႔ေၾကာင့္ သူသည္ သူတို႔အား လ်စ္လ်ဴရႈလိုက္ၿပီး သူ၏ ကိုယ္ပိုင္စစ္သေဘၤာထဲ ဝင္ကာ စၾကဝဠာအတြင္း ခရီးဆန႔္ေလေတာ့သည္။
ယဲ့ဖန္ ထြက္သြားခ်ိန္တြင္ နတ္ဘုရား ဆရာသခင္အဆင့္တစ္ေယာက္က ထိုလူငယ္ေလးအား စကားစလာသည္။
“ဒုတိယသခင္ေလး၊ စစ္သေဘၤာနဲ႔ အခုေလးတင္ ထြက္သြားတဲ့လူကို သတိထားမိလား”
*ဟမ္*
သူ႔စကားေၾကာင့္ လူငယ္ေလး တစ္ဒဂၤမွ် မွင္တက္သြားသည္။ ထို႔ေနာက္ သူက ေခါင္းခါ၍ အထင္ေသးေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
“သူက နတ္ဘုရား တပည့္အဆင့္ေလးပဲ ရွိတာပါ။ ဘာမွ အေရးမႀကီးပါဘူး”
ယခုအခ်ိန္တြင္ ထိုလူငယ္ေလးသည္ နတ္ဘုရားတို႔ ေသဆုံးရာနယ္ေျမကိုသာ အာ႐ုံစိုက္ေနသည္။ ထို႔ေၾကာင့္ သူသည္ ယဲ့ဖန္ကို လုံးဝ စိတ္ဝင္စားျခင္း မရွိေခ်။
သို႔ေသာ္ နတ္ဘုရား ဆရာသခင္အဆင့္ တစ္ေယာက္၏ ေနာက္ဆက္တြဲ စကားကို ၾကားလိုက္ရခ်ိန္တြင္ သူ ထိတ္လန႔္သြားသည္။
“သူက ေခလန္ရဲ႕ စစ္သေဘၤာကို ေမာင္းေနတာ”
*ဘာ*
လူငယ္ေလးသာမက က်န္နတ္ဘုရား ဆရာသခင္အဆင့္ ေျခာက္ေယာက္တို႔သည္လည္း အံ့ဩသြားသည္။
“ဆိုဒါ မင္း ေသခ်ာလား”
လူငယ္ေလးက ေၾကာက္မက္ဖြယ္ေကာင္းေသာ အၾကည့္မ်ားျဖင့္ ေမးလိုက္သည္။
ေခလန္သည္ နတ္ဘုရားတို႔ ေသဆုံးရာ နယ္ေျမထဲ၌ ေပ်ာက္ဆုံးေနသည္၊ သို႔ေသာ္ သူ၏ စစ္သေဘၤာကမူ နတ္ဘုရား တပည့္အဆင့္တစ္ေယာက္၏ လက္ထဲ က်ေရာက္လို႔ေန၏။
ဤအျဖစ္အပ်က္ ႏွစ္ခုၾကားမွ ဆက္ႏြယ္မႈက သိသာလွသည္။
“ဒုတိယသခင္ေလး၊ ကြၽန္ေတာ္ ဘယ္လိုလုပ္ မွားႏိုင္ပါ့မလဲ။ ကြၽန္ေတာ္ အရင္က ေခလန္ရဲ႕ ကြၽန္းဆြယ္အဖြဲ႕ထဲ ဝင္လုနီးပါး ျဖစ္ခဲ့တာေလ။ ကြၽန္ေတာ္ ေသခ်ာေပါက္ သူ႔စစ္သေဘၤာကို မွတ္မိတာေပါ့ဗ်ာ”
နတ္ဘုရား ဆရာသခင္အဆင့္တစ္ေယာက္က ခပ္သြက္သြက္ ရွင္းျပေလသည္။
သူ႔စကားအဆုံးတြင္ လူငယ္ေလးႏွင့္ က်န္နတ္ဘုရား ဆရာသခင္အဆင့္ ေျခာက္ေယာက္တို႔၏ မ်က္ႏွာ၌ ေလာဘရိပ္မ်ား ဖုံးလႊမ္းလာသည္။
“ေကာင္းတယ္၊ သိပ္ေကာင္းတယ္”
လူငယ္ေလးက အလြန္စိတ္လႈပ္ရွားေနေသာ မ်က္လုံးမ်ားျဖင့္ ေျပာလာသည္။
“ငါတို႔ ကူးလန္ကလန္က ေနအဖြဲ႕အစည္းနဲ႔ အနီးဆုံး အင္အားႀကီးၿဂိဳဟ္ပဲ။ အျခားအင္အားႀကီးၿဂိဳဟ္က သိုင္းပညာရွင္ေတြ ေရာက္လာမွာကို ငါ စိုးရိမ္မိတယ္”
“သြားၾကစို႔၊ ေခလန္ရဲ႕ စစ္သေဘၤာကို အျခားသူေတြ မေတြ႕ခင္ ငါတို႔ အဲ့ေကာင္ကို တားမွျဖစ္မယ္”
“နတ္ဘုရားတို႔ ေသဆုံးရာနယ္ေျမရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို သူ သိကိုသိေနရမယ္”
သူ႔အမိန႔္ကို ၾကားၿပီးေနာက္ က်န္နတ္ဘုရား ဆရာသခင္အဆင့္မ်ားတြင္ ခိုင္မာစြာ စိတ္ပိုင္းျဖတ္လိုက္ၾကသည္။
ထို႔ေနာက္ သူတို႔သည္ သူတို႔၏ စစ္သေဘၤာတြင္း ခ်က္ခ်င္း ျပန္ဝင္၍ ယဲ့ဖန္ေနာက္သို႔ အရွိန္ျမႇင့္၍ လိုက္ၾကေတာ့သည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now