Chapter 389

996 105 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (26) CHAPTER (389) ငါက ငရဲကလာတာ

“ငါ သူ့ကိုမြင်နေရပြီ။ အဲ့ဒါ တကယ်ပဲ ခေလန်ရဲ့ စစ်သင်္ဘောပဲ”
လူငယ်လေးနှင့် နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်က ယဲ့ဖန်၏ စစ်သင်္ဘောနောက်သို့ အရှိန်မြှင့်၍ လိုက်နေကြသည်။
အချိန်တစ်ခဏမျှ ကြာပြီးနောက် သူတို့သည် သူတို့ပစ်မှတ်ကို လှမ်းမြင်လိုက်ကြ၏။ ထို့နောက် သူတို့ ချက်ချင်း တက်ကြွလာကြသည်။
လူငယ်လေးက အားပါးတရ ပြုံးလာသည်။ ထို့နောက် သူသည် အဓိက ထိန်းချုပ်ခန်းထဲရှိ ထောင့်တစ်နေရာတွင် ကြိုးတုပ်ထားသည့် လူသန်ကြီးတစ်ယောက်နှင့် မိန်းမပျိုလေးတစ်ယောက်ကို မနှစ်မြို့ဖွယ်ကောင်းသော မျက်လုံးများဖြင့် လှည့်ကြည့်လာသည်။
ထိုလူနှစ်ယောက်အား ကြိုးများဖြင့် တုပ်နှောင်ထားသဖြင့် သူတို့သည် အကျဉ်းသားများမှန်း သိသာလှသည်။
မိန်းမပျိုလေးသည် အလွန်တရာမှကို လှပလှ၏။ သူမ၏ သေးငယ်သော ပါးစပ်လေးနှင့် ကျဉ်းမြောင်းသော နှာတံလေးတို့က နှစ်သက်ချင်စရာ ကောင်းလှသည်။
ထိုလူငယ်သည် မိန်းမပျိုလေးအား ကြည့်နေရင်း အသာပြုံး၍ မေးလိုက်သည်။
“ကူးမိန် ငါ ဘာတွေးနေသလဲဆိုတာ မင်း သိလား”
“ငါတို့ ပစ်မှတ်ကို ငါတို့ လိုက်မီလာပြီ။ တကယ်လို့ ငါ သူ့ကိုသတ်ပြီး နတ်ဘုရားတို့ သေဆုံးရာနယ်မြေက လျှို့ဝှက်ချက်တွေကို ရလိုက်မယ်ဆိုရင် အခြားကမ္ဘာက မိန်းမလှလေးတွေက ငါ့ကို လက်ထပ်ဖို့ စိတ်ကူးယဉ်လာကြတော့မှာ”
“အဲ့အခါကျရင် ငါနဲ့ လက်ထပ်ဖို့ မင်း တောင်းပန်ခယနေရင်တောင်မှ ငါ မင်းကို စိတ်ဝင်စားတော့မှာ မဟုတ်ဘူး”
လူငယ်လေးက ပြောရင်း ညစ်ညမ်းသော အပြုံးမျိုး ပြုံးလိုက်သည်။ သို့သော် သူ့စကားကို ကြားပြီးနောက် လူသန်ကြီးက ချက်ချင်း ဒေါပွသွားသည်။
“ထွီ ကူးထို့ မေ့လိုက်တော့။ ငါ့ညီမလေးက မင်းကို ဘယ်တော့မှ ချစ်လာမှာ မဟုတ်ဘူး”
“မင်းက လူယုတ်မာကွ”
လူသန်ကြီးသည် ထိုလူငယ်အား အလွန်တရာမှ မျက်မုန်းကျိုးလှသည်။
သူ့စကားကြောင့် ကူးထို့က မာထန်သော လေသံဖြင့် ပြောလိုက်သည်။
“ငါက မင်းညီမကို ပြောနေတာလေ။ ပါးစပ်ပိတ်ထား”
ထို့နောက် ကူးထို့က လက်မြှောက်လိုက်သည်။
ဖြောင်း။
သူက လူသန်ကြီး၏ မျက်နှာအား နတ်ဘုရားအဆင့် စွမ်းအင်ဖြင့် ရိုက်ချလိုက်ခြင်းပင်။
ချက်ချင်းဆိုသလိုပင် လူသန်ကြီး၏ ပါးစပ်၌ သွေးများနှင့် ပြည့်နှက်လာသည်။
“အစ်ကိုကြီး”
ဤအဖြစ်ကြောင့် မိန်းမလှလေး ကူးမိန် ဒေါသထွက်သွားရသည်။ ထို့နောက် သူမက ကူးထို့ကို စေ့စေ့ကြည့်၍ အော်ဟစ်လိုက်သည်။
“ကူးထို့ အဲ့အကြောင်း စိတ်ကူးတောင် ယဉ်မနေနဲ့။ ငါ ကူးမိန်က နင့်ကို ဘယ်တော့မှ လက်ထပ်မှာမဟုတ်ဘူး။ ငါ အသေပဲခံလိုက်မယ်”
ကူးမိန်၏ အသံက အလွန် ပြတ်သားလှ၏။ သူမသည် ကူးထို့အား အလွန်တရာမှ မုန်းတီးသည်။
သူမ စကားကြောင့် ကူးထို့၏ မျက်နှာသည် ချက်ချင်း တင်းမာသွားကာ ပြန်ပြောလိုက်သည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
ထို့နောက် ကူးထို့က ကြမ်းကြုတ်သော ချီဓာတ်များ ဖြာထွက်နေသည့် အကြည့်များဖြင့် ပြောလိုက်သည်။
“မင်းက ဒီလောက်မောက်မာနေမှတော့ ငါနဲ့လက်ထပ်ဖို့ မင်းကို အတင်းဖိအားမပေးတော့ဘူး။ အဲ့ကောင်ကို သတ်ပြီး နတ်ဘုရားတို့ သေဆုံးရာ နယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို သိမ်းယူနိုင်တဲ့အခါကျရင် မင်းရဲ့ ဆုံးဖြတ်ချက်အတွက် မင်း နောင်တရလာလိမ့်မယ်”
ထိုသို့ပြောပြီး ကူးထို့က သူ့နောက်လိုက် ခုနစ်ယောက်အား အချက်ပြ၍ အမိန့်ပေးလိုက်သည်။
“အဲ့ကောင်ကို တားကြစို့”
ထို့နောက်တွင်မူ နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်လုံးက သူတို့၏ စစ်သင်္ဘောထဲမှ ချက်ချင်း ထွက်ခွာလာကြသည်။
….
ထိုသို့သောအချိန်တွင် ယဲ့ဖန်သည် သူ့စစ်သင်္ဘောအတွင်း၌ ထိုင်နေပြီး မျက်လုံးကို မှိတ်၍ သူ၏ စိတ်ဝိညာဉ်အား ပြန်လည်အားဖြည့်နေသည်။
ဝုန်း!
ထိုစဉ် သူ၏ ကမ္ဘာခြား စစ်သင်္ဘောက တစ်စုံတစ်ခုနှင့် ဝင်တိုက်မိသကဲ့သို့ ရုတ်တရက် ရပ်တန့်သွားသည်။
ထို့နောက် စစ်သင်္ဘော၏ ဉာဏ်ရည်မြင့် သက်ရှိဖြစ်သော မိုတာက စိုးရိမ်တကြီး ပြောလာသည်။
“သခင် ကမ္ဘာခြား စစ်သင်္ဘောတစ်စီးက ကျွန်တော်တို့ကို ပိတ်ဆို့ထားပါတယ်”
*ဟမ်*
ယဲ့ဖန် မျက်လုံးဖွင့်လိုက်ရင်း မျက်မှောင်ကြုတ်သွားသည်။ ထိုစဉ် အပြင်ဘက်မှ ကျိန်းဝါးသံတစ်သံ ထွက်ပေါ်လာ၏။
“ဒီကို ထွက်လာခဲ့စမ်း”
စီ!
လွှမ်းမိုးနိုင်သော အသံလှိုင်းက ထိုနေရာတစ်ခုလုံးက စီခနဲ အသံမြည်သွားစေသည်။
ထို့နောက် နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်က သူ၏ ကမ္ဘာခြားစစ်သင်္ဘောရှေ့ ပိတ်ရပ်နေသည်ကို ယဲ့ဖန် မြင်လိုက်ရသည်။
သူ့မျက်လုံးများ ချက်ချင်း အေးစက်သွားသည်။ ထို့နောက် သူသည် ထိုင်ရာမှထ၍ သင်္ဘောအပြင်ဘက်သို့ ထွက်လာခဲ့သည်။
“သူ ထွက်လာပြီ”
ယဲ့ဖန်ကို မြင်သည်နှင့် ကူးထို့နှင့် အခြား နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်လုံး ချက်ချင်း တက်ကြွလာကြသည်။
“ဟေ့ကောင် မင်း ဘယ်ကလာတာလဲ”
ကူးထို့က ယဲ့ဖန်ကို စေ့စေ့ကြည့်ကာ မာဆတ်ဆတ်လေသံဖြင့် မေးလိုက်သည်။
ကူးထို့၏ အမေးကြောင့် ယဲ့ဖန်က မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။
“ဘာကိစ္စလဲ”
“ဟ မင်းက အလာကြီးပါလား”
သေးနုပ်သော နတ်ဘုရား တပည့်အဆင့်တစ်ယောက်က နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်၏ ရှေ့၌ တည်ငြိမ်နေလိမ့်မည်ဟု ကူးထို့နှင့် သူ့လူများ ထင်မှတ်မထားမိကြချေ။
သူ့ပုံစံက လုံးဝ ကြောက်လန့်ပုံမပေါ်ချေ။
ကူးထို့က အေးစက်စက် မျက်လုံးများဖြင့် ထပ်ပြောလိုက်သည်။
“ဟေ့ကောင် ငါပြောတာ နားမလည်ဘူးလား။ မင်း ဘယ်ကလာတာလဲဆိုတာ ပြောစမ်း”
ကူးထို့၏ စကားအဆုံးတွင် ဘေးပတ်လည်မှ အခြား နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်က သူတို့လက်နက်များကို ချွင်ခနဲ ထုတ်လိုက်ကြသည။
သူတို့အားလုံးက ယဲ့ဖန်၏ အဖြေကို တင်းမာသော မျက်နှာထားများဖြင့် စောင့်နေကြပြီး သူ အခြားစကားပြောသည်နှင့် သူ့အား သူတို့ နုတ်နုတ်စင်းတော့မလိုပင်။
ဤမြင်ကွင်းကိုကြည့်ပြီး အဖမ်းခံထားရသည့် သူနှစ်ယောက်၏ မျက်နှာများက ချက်ချင်း ဖြူရော်သွားသည်။
“သူတော့ သေပြီပဲ။ ငယ်ရွယ်တဲ့ နတ်ဘုရား တပည့်အဆင့်လေး သေသွားမှာကို ငါ စိုးရိမ်မိတယ်”
အကျဉ်းသား နှစ်ယောက်သည် သင်္ဘောအပြင်ဘက်မှ အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသည်။
ယခုအချိန်၌ သူတို့နှစ်ယောက်လုံးက ခေါင်းကိုယ်စီခါ၍ စိတ်ညစ်သလို သက်ပြင်းချလိုက်ကြသည်။
ထိုစဉ် ရုတ်တရက် ခက်ထန်သော အသံတစ်သံကို သူတို့ ကြားလိုက်ရသည်။
“ငါ လာတာက …”
“ငရဲက”
ထိုသို့ပြောပြီးနောက် အေးစက်စက် အလင်းတန်းတစ်ခုက လှစ်ခနဲ ဖြတ်ပြေးသွားသည်။
*ဟမ်*
ကူးထို့နှင့် အခြားသူများ ထိုသူစိမ်း၏ စကားကို မည်သို့မျှ မတုံ့ပြန်သည်ကို အကျဉ်းသား နှစ်ယောက်လုံး မြင်လိုက်ရသဖြင့် ချက်ချင်း အံ့အားသင့်သွားကြသည်။
*ဒါ … မဖြစ်နိုင်ဘူး*
အကျဉ်းသား နှစ်ယောက်လုံး လူရှစ်ယောက်အား ကပျာကယာနှင့် အာရုံစိုက်၍ ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့နှစ်ယောက်လုံး မှင်တက်သွားကြ၏။
နတ်ဘုရား ဆရာသခင်အဆင့် ရှစ်ယောက်၏ မျက်နှာ၌ ဆိုးရွားလှသော အပြုံးမျိုုး ဖြစ်ပေါ်လာသည်ကို သူတို့ မြင်လိုက်ကြရသည်။
ထိုစဉ်။
ရွှစ်!
နတ်ဘုရား ဆရာသခင်အဆင့်တစ်ယောက်၏ လည်ပင်းမှ သွေးများ ပန်းထွက်လာသည်။ ထို့နောက် ထိုနတ်ဘုရား ဆရာသခင်အဆင့်၏ ဦးခေါင်းက လည်ပင်းမှ တိခနဲ ပြတ်ကျလာသည်ကို အကျဉ်းသား နှစ်ယောက်လုံး မြင်တွေ့လိုက်ရ၏။
“သေစမ်း”
လူသန်ကြီးသည် ထိတ်လန့်နေသော မျက်နှာထားဖြင့် ညည်းတွားလိုက်မိသည်။ သို့သော် ဤသည်ကား အစသာ ရှိသေးသည်။
ရွှစ်! ရွှစ်! ရွှစ်!
အခြား နတ်ဘုရား ဆရာသခင်အဆင့် ခုနစ်ယောက်၏ လည်ပင်းမှလည်း သွေးများ ပန်းထွက်လာသည်။ ထို့နောက် သူတို့၏ ဦးခေါင်းများသည်လည်း သူတို့လည်ပင်းမှ ပြတ်ကျသွားသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ခေါင်းပြတ်ရှစ်လုံးနှင့် ခေါင်းမပါသော အလောင်းရှစ်လောင်းတို့က စကြဝဠာ၏ အမှောင်ထုတွင်း၌ ပျောက်ကွယ်သွားသည်။
ဂလု!
ကူးမိန် မနည်းကို တံတွေးမျိုချလိုက်မိသည်။ သူမ၏ လှပသော မျက်ဝန်းလေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း သူမ မြင်တွေ့လိုက်ရသည်က ပုံရိပ်ယောင်များ ဖြစ်သည်ဟု ထင်လိုက်မိသည်။
*သေသွားပြီလား*
သူတို့ ယဲ့ဖန်၏ တိုက်ခိုက်မှုကို သတိမထားလိုက်မိချေ။
*အံ့ဩစရာကောင်းလိုက်တာ*
ဘာတွေ ဖြစ်သွားခဲ့သည်ကို သတိပြုမိပြီးနောက် အကျဉ်းသား နှစ်ယောက်လုံး ချက်ချင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
ထိုသူသည် နတ်ဆိုးဆန်သော နည်းလမ်းများကို သုံးခဲ့ပုံရသည်။ ထို့နောက် ယဲ့ဖန်က တိုက်ခိုက်မှုအတောအတွင်း ပုရွက်ဆိတ်များအား သူ့ခြေထောက်ဖြင့် နင်းခြေလိုက်သကဲ့သို့ တောက်လျောက် တည်ငြိမ်နေခဲ့သည်ကို သူတို့ သတိထားလိုက်မိသည်။
ထို့နောက် ယဲ့ဖန်သည် သူ့သင်္ဘောသို့ ပြန်သွားရန် ကြံရွယ်လိုက်သည်။ ဤသည်ကို မြင်ပြီး အကျဉ်းသား နှစ်ယောက်က အသည်းအသန် အော်ပြောတော့သည်။
“ဆာ ကျွန်တော်တို့ကို ကယ်ပါဦး”
အကျဉ်းသား နှစ်ယောက်လုံး စိုးရိမ်နေကြသည်။ သူတို့ ထိုသူစိမ်းအား ကြောက်သော်လည်း သူတို့သာ သည်သင်္ဘောထဲ နေနေခဲ့ပါက ပို၍ ဆိုးရွားသော အခြေအနေများနှင့် ကြုံရမည်ကို သူတို့ ရိပ်မိနေသည်။
ယဲ့ဖန်ကသာ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်ဟု မှတ်ယူထားကြသည်။
သူတို့အသံကို ကြားပြီး ယဲ့ဖန် ရပ်တန့်သွားသည်။ သို့သော် သူသည် ထိုသူနှစ်ယောက်အား ဥပေက္ခာပြု၍ သူ့သင်္ဘောသို့ ဆက်သွားလိုက်သည်။
“သူ ငါတို့ကို မကယ်ဘူးလား”
ကူးရှုံးနှင့် ကူးမိန်တို့ နှစ်ယောက်လုံး သူတို့ သေရတော့မည်ကို သတိပြုမိပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။
ထိုစဉ် သူတို့ ဂျွတ်ခနဲ မြည်သံကျယ်ကြီးကို ကြားလိုက်ရသည်။ ထို့နောက် ကမ္ဘာခြား သင်္ဘောတစ်စီးလုံး နှစ်ပိုင်း ပြတ်သွားသည်ကို အူကြောင်ကြောင် မျက်နှာထားဖြင့် ကြည့်နေမိသည်။
သင်္ဘော၏ ကိုယ်ထည်သည် အလွန်ခိုင်ခံသော သတ္တုဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။ သို့သော် ၎င်းသည် ဓားကျိုး၏ ရှေ့မှောက်တွင်တော့ သစ်သားကဲ့သို့ မခိုင်ခံလှပေ။
အလွန် အဖျက်စွမ်းအင်များသော ဓားချက်ပါတကား။

ဖျတ်ခနဲ တိုက်ခိုက်မှုကြောင့် အကျဉ်းသားနှစ်ယောက်လုံး သတိလစ်တော့မလို ဖြစ်သွားသည်။
ထိုစဉ် ပိန်းမှောင်နေသော နတ်ဆိုးချီမျှင်စုနှစ်ခုက အကျဉ်းသားနှစ်ယောက်ထံသို့ တိုးဝင်လာသည်။ သူတို့ကို ဖုံးအုပ်သွားပြီးနောက် ထိုအနက်ရောင်ချီဓာတ်သည် သူတို့ကို ကောက်ယူ၍ အဝေးသို့ ခေါ်ဆောင်သွားသည်။
#Zawgyi
စာစဥ္ (26) CHAPTER (389) ငါက ငရဲကလာတာ
“ငါ သူ႔ကိုျမင္ေနရၿပီ။ အဲ့ဒါ တကယ္ပဲ ေခလန္ရဲ႕ စစ္သေဘၤာပဲ”
လူငယ္ေလးႏွင့္ နတ္ဘုရား ဆရာသခင္အဆင့္ ခုနစ္ေယာက္က ယဲ့ဖန္၏ စစ္သေဘၤာေနာက္သို႔ အရွိန္ျမႇင့္၍ လိုက္ေနၾကသည္။
အခ်ိန္တစ္ခဏမွ် ၾကာၿပီးေနာက္ သူတို႔သည္ သူတို႔ပစ္မွတ္ကို လွမ္းျမင္လိုက္ၾက၏။ ထို႔ေနာက္ သူတို႔ ခ်က္ခ်င္း တက္ႂကြလာၾကသည္။
လူငယ္ေလးက အားပါးတရ ၿပဳံးလာသည္။ ထို႔ေနာက္ သူသည္ အဓိက ထိန္းခ်ဳပ္ခန္းထဲရွိ ေထာင့္တစ္ေနရာတြင္ ႀကိဳးတုပ္ထားသည့္ လူသန္ႀကီးတစ္ေယာက္ႏွင့္ မိန္းမပ်ိဳေလးတစ္ေယာက္ကို မႏွစ္ၿမိဳ႕ဖြယ္ေကာင္းေသာ မ်က္လုံးမ်ားျဖင့္ လွည့္ၾကည့္လာသည္။
ထိုလူႏွစ္ေယာက္အား ႀကိဳးမ်ားျဖင့္ တုပ္ေႏွာင္ထားသျဖင့္ သူတို႔သည္ အက်ဥ္းသားမ်ားမွန္း သိသာလွသည္။
မိန္းမပ်ိဳေလးသည္ အလြန္တရာမွကို လွပလွ၏။ သူမ၏ ေသးငယ္ေသာ ပါးစပ္ေလးႏွင့္ က်ဥ္းေျမာင္းေသာ ႏွာတံေလးတို႔က ႏွစ္သက္ခ်င္စရာ ေကာင္းလွသည္။
ထိုလူငယ္သည္ မိန္းမပ်ိဳေလးအား ၾကည့္ေနရင္း အသာၿပဳံး၍ ေမးလိုက္သည္။
“ကူးမိန္ ငါ ဘာေတြးေနသလဲဆိုတာ မင္း သိလား”
“ငါတို႔ ပစ္မွတ္ကို ငါတို႔ လိုက္မီလာၿပီ။ တကယ္လို႔ ငါ သူ႔ကိုသတ္ၿပီး နတ္ဘုရားတို႔ ေသဆုံးရာနယ္ေျမက လွ်ိဳ႕ဝွက္ခ်က္ေတြကို ရလိုက္မယ္ဆိုရင္ အျခားကမာၻက မိန္းမလွေလးေတြက ငါ့ကို လက္ထပ္ဖို႔ စိတ္ကူးယဥ္လာၾကေတာ့မွာ”
“အဲ့အခါက်ရင္ ငါနဲ႔ လက္ထပ္ဖို႔ မင္း ေတာင္းပန္ခယေနရင္ေတာင္မွ ငါ မင္းကို စိတ္ဝင္စားေတာ့မွာ မဟုတ္ဘူး”
လူငယ္ေလးက ေျပာရင္း ညစ္ညမ္းေသာ အၿပဳံးမ်ိဳး ၿပဳံးလိုက္သည္။ သို႔ေသာ္ သူ႔စကားကို ၾကားၿပီးေနာက္ လူသန္ႀကီးက ခ်က္ခ်င္း ေဒါပြသြားသည္။
“ထြီ ကူးထို႔ ေမ့လိုက္ေတာ့။ ငါ့ညီမေလးက မင္းကို ဘယ္ေတာ့မွ ခ်စ္လာမွာ မဟုတ္ဘူး”
“မင္းက လူယုတ္မာကြ”
လူသန္ႀကီးသည္ ထိုလူငယ္အား အလြန္တရာမွ မ်က္မုန္းက်ိဳးလွသည္။
သူ႔စကားေၾကာင့္ ကူးထို႔က မာထန္ေသာ ေလသံျဖင့္ ေျပာလိုက္သည္။
“ငါက မင္းညီမကို ေျပာေနတာေလ။ ပါးစပ္ပိတ္ထား”
ထို႔ေနာက္ ကူးထို႔က လက္ေျမႇာက္လိုက္သည္။
ေျဖာင္း။
သူက လူသန္ႀကီး၏ မ်က္ႏွာအား နတ္ဘုရားအဆင့္ စြမ္းအင္ျဖင့္ ႐ိုက္ခ်လိုက္ျခင္းပင္။
ခ်က္ခ်င္းဆိုသလိုပင္ လူသန္ႀကီး၏ ပါးစပ္၌ ေသြးမ်ားႏွင့္ ျပည့္ႏွက္လာသည္။
“အစ္ကိုႀကီး”
ဤအျဖစ္ေၾကာင့္ မိန္းမလွေလး ကူးမိန္ ေဒါသထြက္သြားရသည္။ ထို႔ေနာက္ သူမက ကူးထို႔ကို ေစ့ေစ့ၾကည့္၍ ေအာ္ဟစ္လိုက္သည္။
“ကူးထို႔ အဲ့အေၾကာင္း စိတ္ကူးေတာင္ ယဥ္မေနနဲ႔။ ငါ ကူးမိန္က နင့္ကို ဘယ္ေတာ့မွ လက္ထပ္မွာမဟုတ္ဘူး။ ငါ အေသပဲခံလိုက္မယ္”
ကူးမိန္၏ အသံက အလြန္ ျပတ္သားလွ၏။ သူမသည္ ကူးထို႔အား အလြန္တရာမွ မုန္းတီးသည္။
သူမ စကားေၾကာင့္ ကူးထို႔၏ မ်က္ႏွာသည္ ခ်က္ခ်င္း တင္းမာသြားကာ ျပန္ေျပာလိုက္သည္။
“ေကာင္းတယ္၊ သိပ္ေကာင္းတယ္”
ထို႔ေနာက္ ကူးထို႔က ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ား ျဖာထြက္ေနသည့္ အၾကည့္မ်ားျဖင့္ ေျပာလိုက္သည္။
“မင္းက ဒီေလာက္ေမာက္မာေနမွေတာ့ ငါနဲ႔လက္ထပ္ဖို႔ မင္းကို အတင္းဖိအားမေပးေတာ့ဘူး။ အဲ့ေကာင္ကို သတ္ၿပီး နတ္ဘုရားတို႔ ေသဆုံးရာ နယ္ေျမရဲ႕ လွ်ိဳ႕ဝွက္ခ်က္ေတြကို သိမ္းယူႏိုင္တဲ့အခါက်ရင္ မင္းရဲ႕ ဆုံးျဖတ္ခ်က္အတြက္ မင္း ေနာင္တရလာလိမ့္မယ္”
ထိုသို႔ေျပာၿပီး ကူးထို႔က သူ႔ေနာက္လိုက္ ခုနစ္ေယာက္အား အခ်က္ျပ၍ အမိန႔္ေပးလိုက္သည္။
“အဲ့ေကာင္ကို တားၾကစို႔”
ထို႔ေနာက္တြင္မူ နတ္ဘုရား ဆရာသခင္အဆင့္ ရွစ္ေယာက္လုံးက သူတို႔၏ စစ္သေဘၤာထဲမွ ခ်က္ခ်င္း ထြက္ခြာလာၾကသည္။
….
ထိုသို႔ေသာအခ်ိန္တြင္ ယဲ့ဖန္သည္ သူ႔စစ္သေဘၤာအတြင္း၌ ထိုင္ေနၿပီး မ်က္လုံးကို မွိတ္၍ သူ၏ စိတ္ဝိညာဥ္အား ျပန္လည္အားျဖည့္ေနသည္။
ဝုန္း!
ထိုစဥ္ သူ၏ ကမာၻျခား စစ္သေဘၤာက တစ္စုံတစ္ခုႏွင့္ ဝင္တိုက္မိသကဲ့သို႔ ႐ုတ္တရက္ ရပ္တန႔္သြားသည္။
ထို႔ေနာက္ စစ္သေဘၤာ၏ ဉာဏ္ရည္ျမင့္ သက္ရွိျဖစ္ေသာ မိုတာက စိုးရိမ္တႀကီး ေျပာလာသည္။
“သခင္ ကမာၻျခား စစ္သေဘၤာတစ္စီးက ကြၽန္ေတာ္တို႔ကို ပိတ္ဆို႔ထားပါတယ္”
*ဟမ္*
ယဲ့ဖန္ မ်က္လုံးဖြင့္လိုက္ရင္း မ်က္ေမွာင္ၾကဳတ္သြားသည္။ ထိုစဥ္ အျပင္ဘက္မွ က်ိန္းဝါးသံတစ္သံ ထြက္ေပၚလာ၏။
“ဒီကို ထြက္လာခဲ့စမ္း”
စီ!
လႊမ္းမိုးႏိုင္ေသာ အသံလႈိင္းက ထိုေနရာတစ္ခုလုံးက စီခနဲ အသံျမည္သြားေစသည္။
ထို႔ေနာက္ နတ္ဘုရား ဆရာသခင္အဆင့္ ရွစ္ေယာက္က သူ၏ ကမာၻျခားစစ္သေဘၤာေရွ႕ ပိတ္ရပ္ေနသည္ကို ယဲ့ဖန္ ျမင္လိုက္ရသည္။
သူ႔မ်က္လုံးမ်ား ခ်က္ခ်င္း ေအးစက္သြားသည္။ ထို႔ေနာက္ သူသည္ ထိုင္ရာမွထ၍ သေဘၤာအျပင္ဘက္သို႔ ထြက္လာခဲ့သည္။
“သူ ထြက္လာၿပီ”
ယဲ့ဖန္ကို ျမင္သည္ႏွင့္ ကူးထို႔ႏွင့္ အျခား နတ္ဘုရား ဆရာသခင္အဆင့္ ခုနစ္ေယာက္လုံး ခ်က္ခ်င္း တက္ႂကြလာၾကသည္။
“ေဟ့ေကာင္ မင္း ဘယ္ကလာတာလဲ”
ကူးထို႔က ယဲ့ဖန္ကို ေစ့ေစ့ၾကည့္ကာ မာဆတ္ဆတ္ေလသံျဖင့္ ေမးလိုက္သည္။
ကူးထို႔၏ အေမးေၾကာင့္ ယဲ့ဖန္က မ်က္ေမွာင္ၾကဳတ္ကာ ျပန္ေမးလိုက္သည္။
“ဘာကိစၥလဲ”
“ဟ မင္းက အလာႀကီးပါလား”
ေသးႏုပ္ေသာ နတ္ဘုရား တပည့္အဆင့္တစ္ေယာက္က နတ္ဘုရား ဆရာသခင္အဆင့္ ရွစ္ေယာက္၏ ေရွ႕၌ တည္ၿငိမ္ေနလိမ့္မည္ဟု ကူးထို႔ႏွင့္ သူ႔လူမ်ား ထင္မွတ္မထားမိၾကေခ်။
သူ႔ပုံစံက လုံးဝ ေၾကာက္လန႔္ပုံမေပၚေခ်။
ကူးထို႔က ေအးစက္စက္ မ်က္လုံးမ်ားျဖင့္ ထပ္ေျပာလိုက္သည္။
“ေဟ့ေကာင္ ငါေျပာတာ နားမလည္ဘူးလား။ မင္း ဘယ္ကလာတာလဲဆိုတာ ေျပာစမ္း”
ကူးထို႔၏ စကားအဆုံးတြင္ ေဘးပတ္လည္မွ အျခား နတ္ဘုရား ဆရာသခင္အဆင့္ ခုနစ္ေယာက္က သူတို႔လက္နက္မ်ားကို ခြၽင္ခနဲ ထုတ္လိုက္ၾကသည။
သူတို႔အားလုံးက ယဲ့ဖန္၏ အေျဖကို တင္းမာေသာ မ်က္ႏွာထားမ်ားျဖင့္ ေစာင့္ေနၾကၿပီး သူ အျခားစကားေျပာသည္ႏွင့္ သူ႔အား သူတို႔ ႏုတ္ႏုတ္စင္းေတာ့မလိုပင္။
ဤျမင္ကြင္းကိုၾကည့္ၿပီး အဖမ္းခံထားရသည့္ သူႏွစ္ေယာက္၏ မ်က္ႏွာမ်ားက ခ်က္ခ်င္း ျဖဴေရာ္သြားသည္။
“သူေတာ့ ေသၿပီပဲ။ ငယ္႐ြယ္တဲ့ နတ္ဘုရား တပည့္အဆင့္ေလး ေသသြားမွာကို ငါ စိုးရိမ္မိတယ္”
အက်ဥ္းသား ႏွစ္ေယာက္သည္ သေဘၤာအျပင္ဘက္မွ အရာအားလုံးကို ရွင္းလင္းစြာ ျမင္ေနရသည္။
ယခုအခ်ိန္၌ သူတို႔ႏွစ္ေယာက္လုံးက ေခါင္းကိုယ္စီခါ၍ စိတ္ညစ္သလို သက္ျပင္းခ်လိုက္ၾကသည္။
ထိုစဥ္ ႐ုတ္တရက္ ခက္ထန္ေသာ အသံတစ္သံကို သူတို႔ ၾကားလိုက္ရသည္။
“ငါ လာတာက …”
“ငရဲက”
ထိုသို႔ေျပာၿပီးေနာက္ ေအးစက္စက္ အလင္းတန္းတစ္ခုက လွစ္ခနဲ ျဖတ္ေျပးသြားသည္။
*ဟမ္*
ကူးထို႔ႏွင့္ အျခားသူမ်ား ထိုသူစိမ္း၏ စကားကို မည္သို႔မွ် မတုံ႔ျပန္သည္ကို အက်ဥ္းသား ႏွစ္ေယာက္လုံး ျမင္လိုက္ရသျဖင့္ ခ်က္ခ်င္း အံ့အားသင့္သြားၾကသည္။
*ဒါ … မျဖစ္ႏိုင္ဘူး*
အက်ဥ္းသား ႏွစ္ေယာက္လုံး လူရွစ္ေယာက္အား ကပ်ာကယာႏွင့္ အာ႐ုံစိုက္၍ ၾကည့္လိုက္ၾကသည္။ ထို႔ေနာက္ သူတို႔ႏွစ္ေယာက္လုံး မွင္တက္သြားၾက၏။
နတ္ဘုရား ဆရာသခင္အဆင့္ ရွစ္ေယာက္၏ မ်က္ႏွာ၌ ဆိုး႐ြားလွေသာ အၿပဳံးမ်ိဳုး ျဖစ္ေပၚလာသည္ကို သူတို႔ ျမင္လိုက္ၾကရသည္။
ထိုစဥ္။
႐ႊစ္!
နတ္ဘုရား ဆရာသခင္အဆင့္တစ္ေယာက္၏ လည္ပင္းမွ ေသြးမ်ား ပန္းထြက္လာသည္။ ထို႔ေနာက္ ထိုနတ္ဘုရား ဆရာသခင္အဆင့္၏ ဦးေခါင္းက လည္ပင္းမွ တိခနဲ ျပတ္က်လာသည္ကို အက်ဥ္းသား ႏွစ္ေယာက္လုံး ျမင္ေတြ႕လိုက္ရ၏။
“ေသစမ္း”
လူသန္ႀကီးသည္ ထိတ္လန႔္ေနေသာ မ်က္ႏွာထားျဖင့္ ညည္းတြားလိုက္မိသည္။ သို႔ေသာ္ ဤသည္ကား အစသာ ရွိေသးသည္။
႐ႊစ္! ႐ႊစ္! ႐ႊစ္!
အျခား နတ္ဘုရား ဆရာသခင္အဆင့္ ခုနစ္ေယာက္၏ လည္ပင္းမွလည္း ေသြးမ်ား ပန္းထြက္လာသည္။ ထို႔ေနာက္ သူတို႔၏ ဦးေခါင္းမ်ားသည္လည္း သူတို႔လည္ပင္းမွ ျပတ္က်သြားသည္။
မ်က္ေတာင္တစ္ခတ္ အတြင္းမွာပင္ ေခါင္းျပတ္ရွစ္လုံးႏွင့္ ေခါင္းမပါေသာ အေလာင္းရွစ္ေလာင္းတို႔က စၾကဝဠာ၏ အေမွာင္ထုတြင္း၌ ေပ်ာက္ကြယ္သြားသည္။
ဂလု!
ကူးမိန္ မနည္းကို တံေတြးမ်ိဳခ်လိုက္မိသည္။ သူမ၏ လွပေသာ မ်က္ဝန္းေလးမ်ားကို ပုတ္ခတ္ပုတ္ခတ္လုပ္ရင္း သူမ ျမင္ေတြ႕လိုက္ရသည္က ပုံရိပ္ေယာင္မ်ား ျဖစ္သည္ဟု ထင္လိုက္မိသည္။
*ေသသြားၿပီလား*
သူတို႔ ယဲ့ဖန္၏ တိုက္ခိုက္မႈကို သတိမထားလိုက္မိေခ်။
*အံ့ဩစရာေကာင္းလိုက္တာ*
ဘာေတြ ျဖစ္သြားခဲ့သည္ကို သတိျပဳမိၿပီးေနာက္ အက်ဥ္းသား ႏွစ္ေယာက္လုံး ခ်က္ခ်င္း ထိတ္ထိတ္ပ်ာပ်ာ ျဖစ္သြားသည္။
ထိုသူသည္ နတ္ဆိုးဆန္ေသာ နည္းလမ္းမ်ားကို သုံးခဲ့ပုံရသည္။ ထို႔ေနာက္ ယဲ့ဖန္က တိုက္ခိုက္မႈအေတာအတြင္း ပု႐ြက္ဆိတ္မ်ားအား သူ႔ေျခေထာက္ျဖင့္ နင္းေျခလိုက္သကဲ့သို႔ ေတာက္ေလ်ာက္ တည္ၿငိမ္ေနခဲ့သည္ကို သူတို႔ သတိထားလိုက္မိသည္။
ထို႔ေနာက္ ယဲ့ဖန္သည္ သူ႔သေဘၤာသို႔ ျပန္သြားရန္ ႀကံ႐ြယ္လိုက္သည္။ ဤသည္ကို ျမင္ၿပီး အက်ဥ္းသား ႏွစ္ေယာက္က အသည္းအသန္ ေအာ္ေျပာေတာ့သည္။
“ဆာ ကြၽန္ေတာ္တို႔ကို ကယ္ပါဦး”
အက်ဥ္းသား ႏွစ္ေယာက္လုံး စိုးရိမ္ေနၾကသည္။ သူတို႔ ထိုသူစိမ္းအား ေၾကာက္ေသာ္လည္း သူတို႔သာ သည္သေဘၤာထဲ ေနေနခဲ့ပါက ပို၍ ဆိုး႐ြားေသာ အေျခအေနမ်ားႏွင့္ ႀကဳံရမည္ကို သူတို႔ ရိပ္မိေနသည္။
ယဲ့ဖန္ကသာ သူတို႔၏ တစ္ခုတည္းေသာ ေမွ်ာ္လင့္ခ်က္ျဖစ္သည္ဟု မွတ္ယူထားၾကသည္။
သူတို႔အသံကို ၾကားၿပီး ယဲ့ဖန္ ရပ္တန႔္သြားသည္။ သို႔ေသာ္ သူသည္ ထိုသူႏွစ္ေယာက္အား ဥေပကၡာျပဳ၍ သူ႔သေဘၤာသို႔ ဆက္သြားလိုက္သည္။
“သူ ငါတို႔ကို မကယ္ဘူးလား”
ကူးရႈံးႏွင့္ ကူးမိန္တို႔ ႏွစ္ေယာက္လုံး သူတို႔ ေသရေတာ့မည္ကို သတိျပဳမိၿပီး ခါးသီးစြာ ၿပဳံးလိုက္မိသည္။
ထိုစဥ္ သူတို႔ ဂြၽတ္ခနဲ ျမည္သံက်ယ္ႀကီးကို ၾကားလိုက္ရသည္။ ထို႔ေနာက္ ကမာၻျခား သေဘၤာတစ္စီးလုံး ႏွစ္ပိုင္း ျပတ္သြားသည္ကို အူေၾကာင္ေၾကာင္ မ်က္ႏွာထားျဖင့္ ၾကည့္ေနမိသည္။
သေဘၤာ၏ ကိုယ္ထည္သည္ အလြန္ခိုင္ခံေသာ သတၱဳျဖင့္ တည္ေဆာက္ထားျခင္း ျဖစ္သည္။ သို႔ေသာ္ ၎သည္ ဓားက်ိဳး၏ ေရွ႕ေမွာက္တြင္ေတာ့ သစ္သားကဲ့သို႔ မခိုင္ခံလွေပ။
အလြန္ အဖ်က္စြမ္းအင္မ်ားေသာ ဓားခ်က္ပါတကား။

ဖ်တ္ခနဲ တိုက္ခိုက္မႈေၾကာင့္ အက်ဥ္းသားႏွစ္ေယာက္လုံး သတိလစ္ေတာ့မလို ျဖစ္သြားသည္။
ထိုစဥ္ ပိန္းေမွာင္ေနေသာ နတ္ဆိုးခ်ီမွ်င္စုႏွစ္ခုက အက်ဥ္းသားႏွစ္ေယာက္ထံသို႔ တိုးဝင္လာသည္။ သူတို႔ကို ဖုံးအုပ္သြားၿပီးေနာက္ ထိုအနက္ေရာင္ခ်ီဓာတ္သည္ သူတို႔ကို ေကာက္ယူ၍ အေဝးသို႔ ေခၚေဆာင္သြားသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Tempat cerita menjadi hidup. Temukan sekarang