Chapter 227

1.4K 175 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (16) Chapter (227) နတ်ဆိုးတွေကို ခန့်အပ်ခဲ့သည့်သူ

ထိုအချိန်တွင် ဆယ့်ရှစ်ထပ် တစ်ထပ်လုံး လုံးဝကို တိတ်ကျနေပြီး အပ်ပြုတ်ကျသွားသည့် အသံကိုတောင်မှ ကြားရလောက်သည်။

မဟာ ဝူနတ်ဘုရား ၊ ဝူပီတ ၊ ယွမ်ထျန့်ထျန်းရီ ၊ ရွမ်ကျုံးမို့ ၊ ရွမ်ဟုန်တို့ …. ဆယ့်ရှစ်ထပ်မှ ပြိုင်ဘက်ကင်း ကြမ်းကြုတ်သည့် နတ်ဘုရားများတောင်မှ ဆွံ့အကာ တောင့်တင်းသွားကြသည်။

သူတို့ အာရုံတွေများ ဖမ်းစားခံထားရသလား ဟုတောင် သံသယဝင်မိကြသည်။ သူတို့ အကြားအာရုံနှင့် ပတ်သက်၍ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုတောင် သံသယဝင်မိကြသည်။

*သ….သခင်ကြီးတဲ့လား*

သူတို့ ဘာတွေ ကြားလိုက်ရတာပါလိမ့်။

နတ်ဆိုးတောင်ကြား၏ အရှင်သခင်က ယဲ့ဖန်ကို သခင်ကြီးလို့ ခေါ်လိုက်တာလား။

"မဖြစ်နိုင်ဘူး … ဒါ လုံးဝ မဖြစ်နိုင်ဘူး"

မဟာ ဝူနတ်ဘုရားတောင်မှ တွေဝေသွားရသည်။

သူ့ဝိညာဉ်တောင်မှ ကြောက်လန့်ပြီး တုန်ယင်နေသည်။

သူ၏ အရှင်သခင် တစ်ဖြစ်လည်း နတ်ဘုရားက သူ့ရန်သူရှေ့ ဒူးထောက်လို့ နေပြီး မိသားစုနှင့် အခုမှ ပြန်ဆုံရသည့် ကလေးသဖွယ် အော်ဟစ် ငိုယိုနေသည်။

ဒါ…. လုံးဝ မဖြစ်နိုင်ဘူး။

*နတ်ဆိုးတောင်ကြားရဲ့ အရှင်သခင် … ကမ္ဘာတစ်ဝှမ်းက ဒဏ္ဍာရီများစွာကို ဖန်တီးခဲ့တဲ့ ထိပ်တန်း ဒဏ္ဍာရီအဆင့်က ဘေးဘက်ထောက် ဝပ်တွားပြီး တစ်စုံတစ်ယောက်ကို သူ့သခင်ကြီးလို့ ခေါ်နေတာလား*

*ဒါ… အံ့ဩဖို့ကောင်းလိုက်တာ*

ကြည့်နေသူများ အလွန် စိတ်ရှုပ်သွားကြသည်။ သူတို့ အလွန် ထိတ်လန့်သွားသဖြင့် မျက်ရည်တောင် ကျချင်လာသည်။

သို့သော် ယဲ့ဖန်နှင့် အမှောင် မိစ္ဆာသခင်တို့၏ ကမ္ဘာထဲတွင်တော့ သူတို့မှလွဲ၍ အခြားသူများ ရှိမနေကြပါ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now