Chapter 208

1.7K 176 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (14) Chapter (208) ပညာရှင်များ စုဝေးခြင်း

ရှန့်ကျန်းမြို့၌…

မဟူရာ ကြက်ခြေခတ် အဖွဲ့နှင့် ပတ်သက်၍ ဖြေရှင်းပြီးနောက် ယဲ့ဖန်က ရှန့်ကျန်းမြို့မှ ထွက်ခွာရန် စီစဉ်ခဲ့ပြီးသား ဖြစ်သည်။

ထိုစဉ် မာစတာရွှယ်ထံမှ စိတ်ဝိညာဉ်အားဖြည့် ဆေးပင်အကြောင်း သတင်း ရရှိလိုက်သည်။

စိတ်ဝိညာဉ်အားဖြည့် ဆေးပင်သည် ဆရာသခင်အဆင့် ပညာရှင်များအား အလွန် ဆွဲဆောင်နိုင်သည်။

စိတ်ဝိညာဉ်အားဖြည့် ဆေးပင်မှ ဖော်စပ်လိုက်သော စိတ်ဝိညာဉ်အားဖြည့် ဆေးရည်သည် ဆရာသခင်အဆင့် ပညာရှင်တစ်ယောက်အား ပိုမို မြင့်မားသော အဆင့်သို့ ချိုးဖောက် တက်ရောက်နိုင်အောင် ကူညီပေးနိုင်လေသည်။

ဥပမာ ပြောရလျင် ဆရာသခင် အစောပိုင်းအဆင့် ရှိသော ပညာရှင်တစ်ဦးက စိတ်ဝိညာဉ်အားဖြည့် ဆေးရည်အား သောက်လိုက်မည်ဆိုပါက ဆရာသခင် အလယ်အလတ် အဆင့်သို့ ချက်ချင်း ရောက်ရှိသွားမည် ဖြစ်သည်။

သို့သော် စိတ်ဝိညာဉ်အားဖြည့် ဆေးပင်အား စိတ်ဝိညာဉ်အားဖြည့် ဆေးရည်အဖြစ်သို့ ပြောင်းလဲ ဖော်စပ်မည် ဆိုပါက အလွန် ဖြုန်းတီးရာ ကျကြောင်း ယဲ့ဖန် တစ်ယောက်တည်းသာ သိထားသည်။

အကယ်၍ စိတ်ဝိညာဉ်အားဖြည့် ဆေးပင်အား စိတ်ဝိညာဉ်အားဖြည့် ဆေးလုံးအဖြစ်သို့ ပြောင်းလဲ ဖော်စပ်မည်ဆိုပါက စိတ်ဝိညာဉ်အားဖြည့် ဆေးလုံးသည် လူတစ်ယောက်၏ ဝိညာဉ်ကိုပါ သိမ်းဆည်းပေးထားနိုင်သည်အထိ ပို၍ အစွမ်းထက်လေသည်။

အကယ်၍ လူတစ်ယောက် သေသွားခဲ့ပါက သူ၏ ဝိညာဉ်သာ အပြည့်အစုံ ကျန်ရှိနေပါက သူ ပြန်လည် အသက်ရှင်နိုင်စွမ်း ရှိနိုင်သေးသည်။

ထို့ပြင် သူ ရရှိခဲ့သော သတင်းအရ ကုန်းတွင်းပိုင်းဒေသမှ တစ်ကိုယ်ရေ တစ်ကာယ ဆရာသခင်အဆင့် ပညာရှင်များ ပါဝင်သော အဖွဲ့ကြီးတစ်ဖွဲ့ ရှန့်ကျန်းမြို့သို့ ဆင်းလာကြောင်း သတင်းရထားသည်။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now