Chapter 352

1K 110 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (24) CHAPTER (352) အင်ပါယာအဆင့် သားရဲ၏တိုက်ခိုက်မှု

ဂျွတ်! ဂျွတ်!
မျက်တောင်တစ်ခတ်အတွင်းမှာပင် များစွာသော ရွှေပိုးကောင်များက ယဲ့ဖန်အား တင်းကြပ်စွာ ဝိုင်းထားကြသည်။
ပိုးကောင်များသည် သိပ်ကို ကြောက်ဖို့ကောင်းလှသည်။ ပိုးကောင်တစ်ကောင်ချင်းစီက လူတစ်ယောက်၏ လက်သီးမျှ ကြီး၍ မထိုးဖောက်နိုင်သော ရွှေရောင် အခွံများ ရှိသည်။
သူတို့၏ အစွယ်များက သုံးစင်တီမီတာ ရှည်လျားသဖြင့် ကျောက်ခဲများကို အလွယ်တကူ တစ်စစီဖြစ်အောင် လုပ်ပစ်နိုင်သည်။
သူတို့၏ ချွန်ထက်သော လက်သည်းများက မှော်ဝင်ပစ္စည်းများနှင့် ယှဉ်နိုင်နေသည်။ တိုက်ခိုက်မှု၏ ကြောက်မက်ဖွယ်ကောင်းသော အပိုင်းသည်ကား ဆယ်စက္ကန့်ထဲနှင့် ရေကန်ထဲမှ ရွှေပိုးကောင် အကောင်တစ်ထောင် ထွက်လာခြင်း ဖြစ်သည်။
သူတို့ အတူတကွ စုစည်းလိုက်သောအခါ သူတို့သည် ရွှေရောင် အလင်းတန်းများကဲ့သို့ ဖြစ်နေပြီး မျက်စိကျိန်းလောက်သည်။
သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော ချီဓာတ်သည် တကယ့်နတ်ဘုရားများကိုတောင်မှ ကြောက်လန့်စေခဲ့သည်။
ယဲ့ဖန်၏ ခန့်မှန်းမှု မှန်ကန်ခဲ့သည်။ သူ လုံးဝ ကြောက်လန့်ပုံမရပေ၊ ထိုသို့ဖြစ်မည့်အစား အလွန် စိတ်လှုပ်ရှားနေဟန်ဖြင့် ရေရွတ်လိုက်သည်။
“သူတို့က သတ္တုစား ရွှေပိုးကောင်ရဲ့ ပိုးလောင်းအဆင့်ပဲ၊ အကယ်၍ သူတို့သာ အရွယ်ရောက်လာမယ်ဆိုရင် နှစ်တစ်ရာအတွင်း တစ်ကမ္ဘာလုံးမှာ ပြိုင်ဘက်ကင်း ဖြစ်လာနိုင်တယ်”
“သနားစရာပဲ၊ ဝိညာဉ်စား ပုရွက်ဆိတ်တွေရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်ရမှာဆို‌တော့ သူတို့ရဲ့ အနာဂတ်က အဆုံးသတ်သွားပြီ”
ထို့နောက် ယဲ့ဖန်က ပြုံးလိုက်ပြီး သူ့လက်ဖဝါးကို လှုပ်လိုက်သည်။ ဝိညာဉ်စား ပုရွက်ဆိတ် စုစုပေါင်း အကောင်ရေ ခြောက်ထောင်တို့သည် မြေကြီးပေါ်သို့ ဖြန့်ကြဲနေ၏။
ကျွိ! ကျွိ!
ဝိညာဉ်စား ပုရွက်ဆိတ်များသည် သတ္တုစား ရွှေပိုးကောင်များ၏ ချီဓာတ်ကို အာရုံခံမိသည်နှင့် သူတို့အားလုံး ချက်ချင်း တက်ကြွလာကြသည်။
ထို့နောက် သူတို့သည် သူတို့၏ အစွယ်များနှင့် လက်သည်းများကို ထုတ်ဖော်၍ သူတို့ရှေ့မှ နတ်သုဒ္ဓါကို ဝါးစားရန် မစောင့်နိုင်သလို ဖြစ်နေကြသည်။
ရှဲရှဲ။
ထိုသို့သော အချိန်တွင် သတ္တုစား ရွှေပိုးကောင်များသည် သူတို့ သဘာဝရန်သူများ၏ တည်ရှိမှုကို အာရုံခံမိသွားသဖြင့် မြန်နိုင်သမျှမြန်မြန် နောက်ဆုတ်သွားကြသည်။ ထို့အတူ သူတို့အားလုံး ကြောက်လန့်ကာ ကတုန်ကယင်ဖြစ်လာကြသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များသည် သတ္တုစား ရွှေပိုးကောင်များကို ဖိနှိပ်ရန် မွေးဖွားလာကြခြင်း ဖြစ်၏။
ပုရွက်ဆိတ် အကောင်ရေ ခြောက်ထောင်သည် လုံးဝကို သူတို့၏ အိပ်မက်ဆိုး ဖြစ်သည်။
“သွားကြ၊ သတ္တုစား ရွှေပိုးကောင်တွေရဲ့ အသွေးအသားတွေကို စားပြီး ကြီးထွားလာကြ”
ယဲ့ဖန်က ပြုံး၍ အမိန့်ပေးလိုက်သည်။ ထို့နောက်တွင်မူ ဝိညာဉ်စား ပုရွက်ဆိတ်များသည် သတ္တုစား ရွှေပိုးကောင်များထံသို့ နိုင်လိုမင်းထက်ဆန်သော ဟန်ပန်နှင့် ပြေးဝင်သွားကြသည်။
ချွင်!
ထိတ်လန့်ဖွယ်ကောင်းသော မျိုးနွယ်စုနှစ်ခုက တစ်ခုနှင့်တစ်ခု ထိပ်တိုက်ရင်ဆိုင်မိကြတော့သည်။ စက္ကန့်ပိုင်းမျှ အကြာတွင် မယုံနိုင်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားလာခဲ့သည်။
သတ္တုစား ရွှေပိုးကောင်တစ်ကောင်သည် ၎င်း၏ ချွန်ထက်သော လက်သည်းနှင့် ပုရွက်ဆိတ်လေးအား ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
သို့သော် ၎င်းက ပုရွက်ဆိတ်လေး၏ ကျောပေါ်၌ အဖြူရောင် အစင်းလေးသာ ဖြစ်စေခဲ့သည်။ ပုရွက်ဆိတ်လေးသည် သူ၏ ချွန်ထက်နေသော အစွယ်ကို ထုတ်ဖော်၍ ပိုးကောင်၏ အခွံကို ကိုက်ဖောက်လိုက်သည်။
ဂျွတ်!
အခွံသည် ချက်ချင်းကွဲအက်သွားသည်။ ထို့နောက် ပုရွက်ဆိတ်လေးသည် ထိုပိုးကောင်၏ အသွေး၊ အသားနှင့် အခွံတို့ကို ရူးသွပ်စွာ ဝါးမျိုလေတော့သည်။
ဝိညာဉ်စား ပုရွက်ဆိတ်များသည် ပိုးကောင်များ၏ အသွေး၊အသားနှင့် အခွံများကို ဆက်၍ ဝါးမျိုနေကြသဖြင့် သူတို့၏ ရွှေရောင်သွေးများက မြေကြီးအနှံ့ လွင့်စဉ်နေသည်။
ဝိညာဉ်စား ပုရွက်ဆိတ်များသည် သူတို့၏ ရန်သူများအား လျင်မြန်စွာ ဝါးမျိုနေကြသည်။
တစ်ကောင်၊ အကောင်တစ်ရာ၊ အကောင်တစ်ထောင်။
….
သတ္တုစားပိုးကောင်များ၏ အရေအတွက်က လျင်မြန်စွာကျဆင်းလို့လာသည်။ ကျန်ရှိနေသော သတ္တုစားပိုးကောင်များ အလွန် ရူးမတတ် ဖြစ်သွားကြ၏။
သူတို့ ရေထဲ၊ မြေကြီးထဲနှင့် ကျောက်တုံးကြားထဲသို့ အသည်းအသန် ပြေးပုန်းကြသည်။ သို့သော်လည်း သူတို့ သေရလိမ့်မည်ဟု ကံတရားက ကြိုတင်ပြဋ္ဌာန်းထားပြီး ဖြစ်သည်။
သေဆုံးခြင်း၊ သေဆုံးခြင်း၊ သေဆုံးခြင်း။
သတ္တုစား ရွှေပိုးကောင်များအတွက် အကြီးမားဆုံး အိပ်မက်ဆိုးပင်။
သတ္တုစား ရွှေပိုးကောင်များ၏ အရေအတွက်သည် ရှစ်ထောင်မှ ခြောက်ထောင်၊ လေးထောင်၊ … တစ်စစ လျော့နည်းလို့လာ၏။
သတ္တုစား ရွှေပိုးကောင်ဘုရင်ကို ပုရွက်ဆိတ်လေးက ဆွဲဖြဲ၍ ဝါးစားလိုက်ပြီးနောက် ကျန်ရှိနေသော ပိုးကောင်များအားလုံး ရှင်းလင်းသွားပြီး မြေကြီးပေါ်၌ ရွှေရောင်သွေးများက ထိတ်လန့်ဖွယ် ကျန်ရစ်နေခဲ့သည်။
“သူတို့တွေ ဆင့်ကဲပြောင်းလဲတော့မှာပဲ”
ယဲ့ဖန်က တက်ကြွနေသော အကြည့်များဖြင့် ရေရွတ်လိုက်သည်။ ပုရွက်ဆိတ်လေးနှင့် ကျန်ပုရွက်ဆိတ် ခြောက်ထောင်တို့ မြေကြီးပေါ် လဲလျောင်းနေသည်ကို သူ သတိပြုမိသည်။
သူတို့၏ ခန္ဓာကိုယ်များသည် တဖြည်းဖြည်း ကျယ်ပြန့်လာပြီး အတောင်များသည်လည်း စတင်၍ ကြီးထွားလာသည်။
တစ်စချင်းစီ ကြီးထွားလာကြသည်။
ပုရွက်ဆိတ်များ၏ ချီဓာတ်သည် ပို၍ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။

အချိန်က တဖြည်းဖြည်း ကုန်လွန်လို့လာသည်။
တောင်ဥမင် အပြင်ဘက်မှ ထို့ပါကလန်သားများ ဂနာမငြိမ် ဖြစ်နေကြသည်။
“တစ်ရက်နဲ့ တစ်ညတောင် ကြာသွားပြီ။ လောကသခင် ဒုက္ခရောက်နေတာများလား”
ထို့ပါချင်းရှန်က စိုးရိမ်တကြီးနှင့် ပြောလာသည်။ သူ တစ်ချိန်က ယဲ့ဖန်အား မုန်းတီးခဲ့သည်။ သို့သော် ပြိုင်ဘက်က သူတို့၏ လောကသခင် ဖြစ်နေသည်ကို သူ သိလိုက်ရပြီးနောက် သူသည် သူ၏ မုန်းတီးမှုအားလုံးကို မေ့လျော့သွားပြီး ယဲ့ဖန်ကို အလွန်လေးစားလာသည်။
“မဟုတ်ဘူး၊ သူက နတ်ဆိုး ဧကရာဇ်က၊ သူက လောကသခင်။ သူ ဘယ်လိုနည်းနဲ့မှ ဒုက္ခရောက်မှာ မဟုတ်ဘူး”
ထို့ပါယွင်သည် စိုးရိမ်နေသော်လည်း ယတိပြတ် ပြန်ပြောလိုက်သည်။ ထို့ပါကလန်သား တစ်ယောက်ချင်းစီတို့သည် မိနစ်တိုင်း၌ ပို၍ စိုးရိမ်၊ ဝမ်းနည်းလာကြသည်။
ထို့ပါကလန်၏ မဟာအကြီးအကဲက အထင်သေးစွာ ပြောလိုက်သည်။
“ကလန်ခေါင်းဆောင်၊ အဲ့ကောင်စုတ်လေး တကယ် ပြန်လာလိမ့်မယ်လို့ ခင်ဗျား ထင်လား”
“အဲ့ပိုးကောင်တွေက အရမ်းကြောက်ဖို့ကောင်းတယ်။ တကယ့်နတ်ဘုရားတွေတောင်မှ အထဲရောက်ရင် သေသွားကြတာ၊ ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်ဆို ပြောနေစရာတောင် မလိုဘူး”
“ငါတို့ သူ့ကို ထပ်စောင့်မနေသင့်ဘူးလို့ ငါ အကြံပေးချင်တယ်။ သူ အစားခံနေရလောက်ပြီးပြီ”
မဟာအကြီးအကဲ၏ စကားကို ကြားပြီး ထို့ပါဟိုင်နှင့် အခြားသူများ ခါးခါးသီးသီး ဖြစ်သွားကြသည်။ သူတို့၏ လောကသခင်ကို စောင့်နေသည်မှာ နှစ်တစ်သောင်းတောင် ရှိပြီ ဖြစ်သည်။ သူတို့၏ လောကသခင်က ပေါ်လာပြီး ဘယ်လောက်မှ မကြာသောအချိန်၌ ကျဆုံးသွားနိုင်ပါမည်နည်း။
စောင့်မည်။ သူတို့ အံ့ဖွယ်ဖြစ်ရပ်တစ်ခု လိုအပ်သည်။
တစ်နာရီ၊ နှစ်နာရီ။
နောက်ထပ် နေ့တာနှင့် ညတာတို့ ကုန်လွန်သွား၏။
ယဲ့ဖန် တောင်ဥမင်ထဲ ရောက်နေတာ နှစ်ရက်နှင့် နှစ်ည ရှိပြီ ဖြစ်သည်။ သို့သော် ကလန်သားများသည် ယဲ့ဖန်၏ အခြေအနေကို သတိမထားမိကြပေ။
*သူ သေသွားတာပဲ ဖြစ်မယ်*
ထို့ပါကလန်သားများ အလွန် စိတ်ပျက်သွားကြသည်။ ထို့ပါယွင်ကတောင်မှ ယဲ့ဖန်ကို သံသယ ဝင်လာသည်။
ထိုစဉ် ကောင်းကင်ပေါ်မှ ကျယ်လောင်သော မာန်ဖီသံတစ်သံကို သူတို့ ကြားလိုက်ရသည်။ ထို့ပါကလန်သားများ ပစ်လဲကျသွားကာ နားများနှင့် နှာခေါင်းများမှ သွေးများ စီးကျလာ၏။
စက္ကန့်ပိုင်းအတွင်း သူတို့ ပြင်းထန်စွာ ဒဏ်ရာရသွားကြသည်။ ဤသည်ကို ကြည့်ပြီး အခြားသူများ ကြောက်လန့်သွားကြသည်။
ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားသည့် ဇီးကွက်တစ်ကောင်က ကောင်းကင်ပေါ်မှ မြေကြီးထံသို့ ထိုးဆင်းလာသည်ကို သူတို့ မြင်လိုက်ရသည်။
“မဖြစ်ဘူး၊ အဲ့ဒါ ဧကရာဇ်အဆင့် သားရဲကောင် ကင်းကောင်မှော်ဇီးကွက်ပဲ”
မဟာအကြီးအကဲ၏ မျက်နှာက ချက်ချင်း ပြာနှမ်းလာသည်။ ထိုအရာသည် ရှန်းနုန်ကျားတောအုပ် အတွင်းထဲက အလွန် ဆန်းကြယ်တဲ့ သက်ရှိပဲ”
သို့သော် သားရဲများသည် ပုံမှန်အားဖြင့် တစ်ကိုယ်ရေ ကျင့်ကြံ၍ ထို့ပါကလန်သားများအား တိုက်ခိုက်ခဲလှသည်။
ကင်းကောင် မှော်ဇီးကွက်က တိုက်ခိုက်လာမည်ဟု မဟာအကြီးအကဲ လုံးဝ ထင်မထားခဲ့မိပါ။
“သေစမ်း၊ ကြာပန်းက ပွင့်လာပြီ။ အဲ့ဒါရဲ့ရနံ့က ကင်းကောင်မှော်ဇီးကွက်ကို ဆွဲဆောင်နေတာပါလား”
လေထဲမှ ဆေးဖက်ဝင်ရနံ့ကို ရှူရှိုက်မိပြီးနောက် ထို့ပါဟိုင်၏ မျက်နှာက ချက်ချင်း သုန်မှုန်လာသည်။
မှော်ဆေးဘက်ဝင်အပင်၏ ရနံ့သည် ဧကရာဇ်အဆင့် သားရဲများကို အလွန် ဆွဲဆောင်နိုင်သည်။ သို့သော် ကြာပန်းက သည်လောက်မြန်မြန် ပွင့်လာလိမ့်မည်ဟု သူတို့ ထင်မထားခဲ့မိကြပေ။
ထိုစဉ် ကင်းကောင်မှော်ဇီးကွက်က ပြင်းထန်သော လေလှိုင်း ဖြစ်ပေါ်လာအောင် ရိုက်ခတ်လိုက်ပြီး သူ၏ လက်သည်းများက လေထုအား ထိုးခွင်းလာသည်။
ထိုလက်သည်းများက မြေကြီးပေါ်ရှိ ကလန်သားများထံသို့ ဦးတည်လာသည်။
“ဝေးဝေး ရှောင်ကြဟေ့”
ဤသည်ကို ကြည့်ပြီး မဟာအကြီးအကဲနှင့် ထို့ပါဟိုင်တို့ ဒေါသထွက်လာကြသည်။ တကယ့် နတ်ဘုရားအဆင့် နှစ်ယောက်က တစ်ပြိုင်တည်း ခုန်လွှား၍ ဇီးကွက်၏ ချွန်ထက်သော လက်သည်းများအား ထိုးနှက်လိုက်ကြသည်။
ဝုန်း!
တကယ့် နတ်ဘုရား နှစ်ယောက် ချက်ချင်း သွေးအန်လာကြသည်။ ထိတ်လန့်ဖွယ်ကောင်းလှ၏။
ဧကရာဇ်အဆင့် သားရဲက သည်လောက် ထိတ်လန့်ဖွယ် ကောင်းလောက်အောင် လုပ်ဆောင် နိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားမိခဲ့ကြပါ။
တစ်ချက်တည်းနှင့် တကယ့် နတ်ဘုရားနှစ်ယောက် ရှုံးနိမ့်သွားသည်။ ထိုသို့ရှိနေစဉ်တွင် ထို့ပါယွင်က စိုးရိမ်တကြီး သတိပေး အော်ဟစ်လာသည်။
ကင်းကောင် မှော်ဇီးကွက်က လက်သည်းများကို ထုတ်ဖော်၍ တကယ့်နတ်ဘုရား နှစ်ယောက်ထံသို့ လျင်မြန်စွာ ပြေးဝင်လာသည်ကို သူ မြင်လိုက်ရသည်။
*ငါတို့တော့ သေပြီပဲ*
ထိုစဉ် မဟာအကြီးအကဲနှင့် ထို့ပါဟိုင်တို့ အလွန် ကြောက်လန့်သွားကြသည်။ မကောင်းဆိုးဝါးများသည် လူသားများထက် မွေးကတည်းက ပို၍ သန်မာကြသည်။ အထူးသဖြင့် ကောင်းကင်၌ ကျက်စားနေသည့် ဧကရာဇ်အဆင့် သားရဲများက ပိုသန်မာကြသည်။
ယခုလိုအချိန်၌ မဟာအကြီးအကဲနှင့် ထို့ပါဟိုင်တို့သည် သူတို့၏ သေခြင်းတရားက သေချာနေပြီဟု ယုံကြည်လိုက်မိကြသည်။
သို့သော် ခဏအကြာတွင် မည်းနက်သော အလင်းတန်းများက တောင်ဥမင်ထဲမှ လေတိုးသံနှင့်အတူ လှစ်ခနဲ ပြေးထွက်လာကြသည်။
#Zawgyi
စာစဥ္ (24) CHAPTER (352) အင္ပါယာအဆင့္ သားရဲ၏တိုက္ခိုက္မႈ
ဂြၽတ္! ဂြၽတ္!
မ်က္ေတာင္တစ္ခတ္အတြင္းမွာပင္ မ်ားစြာေသာ ေ႐ႊပိုးေကာင္မ်ားက ယဲ့ဖန္အား တင္းၾကပ္စြာ ဝိုင္းထားၾကသည္။
ပိုးေကာင္မ်ားသည္ သိပ္ကို ေၾကာက္ဖို႔ေကာင္းလွသည္။ ပိုးေကာင္တစ္ေကာင္ခ်င္းစီက လူတစ္ေယာက္၏ လက္သီးမွ် ႀကီး၍ မထိုးေဖာက္ႏိုင္ေသာ ေ႐ႊေရာင္ အခြံမ်ား ရွိသည္။
သူတို႔၏ အစြယ္မ်ားက သုံးစင္တီမီတာ ရွည္လ်ားသျဖင့္ ေက်ာက္ခဲမ်ားကို အလြယ္တကူ တစ္စစီျဖစ္ေအာင္ လုပ္ပစ္ႏိုင္သည္။
သူတို႔၏ ခြၽန္ထက္ေသာ လက္သည္းမ်ားက ေမွာ္ဝင္ပစၥည္းမ်ားႏွင့္ ယွဥ္ႏိုင္ေနသည္။ တိုက္ခိုက္မႈ၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ အပိုင္းသည္ကား ဆယ္စကၠန႔္ထဲႏွင့္ ေရကန္ထဲမွ ေ႐ႊပိုးေကာင္ အေကာင္တစ္ေထာင္ ထြက္လာျခင္း ျဖစ္သည္။
သူတို႔ အတူတကြ စုစည္းလိုက္ေသာအခါ သူတို႔သည္ ေ႐ႊေရာင္ အလင္းတန္းမ်ားကဲ့သို႔ ျဖစ္ေနၿပီး မ်က္စိက်ိန္းေလာက္သည္။
သူတို႔၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ ခ်ီဓာတ္သည္ တကယ့္နတ္ဘုရားမ်ားကိုေတာင္မွ ေၾကာက္လန႔္ေစခဲ့သည္။
ယဲ့ဖန္၏ ခန႔္မွန္းမႈ မွန္ကန္ခဲ့သည္။ သူ လုံးဝ ေၾကာက္လန႔္ပုံမရေပ၊ ထိုသို႔ျဖစ္မည့္အစား အလြန္ စိတ္လႈပ္ရွားေနဟန္ျဖင့္ ေရ႐ြတ္လိုက္သည္။
“သူတို႔က သတၱဳစား ေ႐ႊပိုးေကာင္ရဲ႕ ပိုးေလာင္းအဆင့္ပဲ၊ အကယ္၍ သူတို႔သာ အ႐ြယ္ေရာက္လာမယ္ဆိုရင္ ႏွစ္တစ္ရာအတြင္း တစ္ကမာၻလုံးမွာ ၿပိဳင္ဘက္ကင္း ျဖစ္လာႏိုင္တယ္”
“သနားစရာပဲ၊ ဝိညာဥ္စား ပု႐ြက္ဆိတ္ေတြရဲ႕ တိုက္ခိုက္မႈကို ရင္ဆိုင္ရမွာဆိုေတာ့ သူတို႔ရဲ႕ အနာဂတ္က အဆုံးသတ္သြားၿပီ”
ထို႔ေနာက္ ယဲ့ဖန္က ၿပဳံးလိုက္ၿပီး သူ႔လက္ဖဝါးကို လႈပ္လိုက္သည္။ ဝိညာဥ္စား ပု႐ြက္ဆိတ္ စုစုေပါင္း အေကာင္ေရ ေျခာက္ေထာင္တို႔သည္ ေျမႀကီးေပၚသို႔ ျဖန႔္ႀကဲေန၏။
ကြၽိ! ကြၽိ!
ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားသည္ သတၱဳစား ေ႐ႊပိုးေကာင္မ်ား၏ ခ်ီဓာတ္ကို အာ႐ုံခံမိသည္ႏွင့္ သူတို႔အားလုံး ခ်က္ခ်င္း တက္ႂကြလာၾကသည္။
ထို႔ေနာက္ သူတို႔သည္ သူတို႔၏ အစြယ္မ်ားႏွင့္ လက္သည္းမ်ားကို ထုတ္ေဖာ္၍ သူတို႔ေရွ႕မွ နတ္သုဒၶါကို ဝါးစားရန္ မေစာင့္ႏိုင္သလို ျဖစ္ေနၾကသည္။
ရွဲရွဲ။
ထိုသို႔ေသာ အခ်ိန္တြင္ သတၱဳစား ေ႐ႊပိုးေကာင္မ်ားသည္ သူတို႔ သဘာဝရန္သူမ်ား၏ တည္ရွိမႈကို အာ႐ုံခံမိသြားသျဖင့္ ျမန္ႏိုင္သမွ်ျမန္ျမန္ ေနာက္ဆုတ္သြားၾကသည္။ ထို႔အတူ သူတို႔အားလုံး ေၾကာက္လန႔္ကာ ကတုန္ကယင္ျဖစ္လာၾကသည္။
ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားသည္ သတၱဳစား ေ႐ႊပိုးေကာင္မ်ားကို ဖိႏွိပ္ရန္ ေမြးဖြားလာၾကျခင္း ျဖစ္၏။
ပု႐ြက္ဆိတ္ အေကာင္ေရ ေျခာက္ေထာင္သည္ လုံးဝကို သူတို႔၏ အိပ္မက္ဆိုး ျဖစ္သည္။
“သြားၾက၊ သတၱဳစား ေ႐ႊပိုးေကာင္ေတြရဲ႕ အေသြးအသားေတြကို စားၿပီး ႀကီးထြားလာၾက”
ယဲ့ဖန္က ၿပဳံး၍ အမိန႔္ေပးလိုက္သည္။ ထို႔ေနာက္တြင္မူ ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားသည္ သတၱဳစား ေ႐ႊပိုးေကာင္မ်ားထံသို႔ ႏိုင္လိုမင္းထက္ဆန္ေသာ ဟန္ပန္ႏွင့္ ေျပးဝင္သြားၾကသည္။
ခြၽင္!
ထိတ္လန႔္ဖြယ္ေကာင္းေသာ မ်ိဳးႏြယ္စုႏွစ္ခုက တစ္ခုႏွင့္တစ္ခု ထိပ္တိုက္ရင္ဆိုင္မိၾကေတာ့သည္။ စကၠန႔္ပိုင္းမွ် အၾကာတြင္ မယုံႏိုင္ဖြယ္ေကာင္းေသာ ျမင္ကြင္းတစ္ခု ျဖစ္ပြားလာခဲ့သည္။
သတၱဳစား ေ႐ႊပိုးေကာင္တစ္ေကာင္သည္ ၎၏ ခြၽန္ထက္ေသာ လက္သည္းႏွင့္ ပု႐ြက္ဆိတ္ေလးအား ျပင္းထန္စြာ ထိုးႏွက္လိုက္သည္။
သို႔ေသာ္ ၎က ပု႐ြက္ဆိတ္ေလး၏ ေက်ာေပၚ၌ အျဖဴေရာင္ အစင္းေလးသာ ျဖစ္ေစခဲ့သည္။ ပု႐ြက္ဆိတ္ေလးသည္ သူ၏ ခြၽန္ထက္ေနေသာ အစြယ္ကို ထုတ္ေဖာ္၍ ပိုးေကာင္၏ အခြံကို ကိုက္ေဖာက္လိုက္သည္။
ဂြၽတ္!
အခြံသည္ ခ်က္ခ်င္းကြဲအက္သြားသည္။ ထို႔ေနာက္ ပု႐ြက္ဆိတ္ေလးသည္ ထိုပိုးေကာင္၏ အေသြး၊ အသားႏွင့္ အခြံတို႔ကို ႐ူးသြပ္စြာ ဝါးမ်ိဳေလေတာ့သည္။
ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားသည္ ပိုးေကာင္မ်ား၏ အေသြး၊အသားႏွင့္ အခြံမ်ားကို ဆက္၍ ဝါးမ်ိဳေနၾကသျဖင့္ သူတို႔၏ ေ႐ႊေရာင္ေသြးမ်ားက ေျမႀကီးအႏွံ႔ လြင့္စဥ္ေနသည္။
ဝိညာဥ္စား ပု႐ြက္ဆိတ္မ်ားသည္ သူတို႔၏ ရန္သူမ်ားအား လ်င္ျမန္စြာ ဝါးမ်ိဳေနၾကသည္။
တစ္ေကာင္၊ အေကာင္တစ္ရာ၊ အေကာင္တစ္ေထာင္။
….
သတၱဳစားပိုးေကာင္မ်ား၏ အေရအတြက္က လ်င္ျမန္စြာက်ဆင္းလို႔လာသည္။ က်န္ရွိေနေသာ သတၱဳစားပိုးေကာင္မ်ား အလြန္ ႐ူးမတတ္ ျဖစ္သြားၾက၏။
သူတို႔ ေရထဲ၊ ေျမႀကီးထဲႏွင့္ ေက်ာက္တုံးၾကားထဲသို႔ အသည္းအသန္ ေျပးပုန္းၾကသည္။ သို႔ေသာ္လည္း သူတို႔ ေသရလိမ့္မည္ဟု ကံတရားက ႀကိဳတင္ျပ႒ာန္းထားၿပီး ျဖစ္သည္။
ေသဆုံးျခင္း၊ ေသဆုံးျခင္း၊ ေသဆုံးျခင္း။
သတၱဳစား ေ႐ႊပိုးေကာင္မ်ားအတြက္ အႀကီးမားဆုံး အိပ္မက္ဆိုးပင္။
သတၱဳစား ေ႐ႊပိုးေကာင္မ်ား၏ အေရအတြက္သည္ ရွစ္ေထာင္မွ ေျခာက္ေထာင္၊ ေလးေထာင္၊ … တစ္စစ ေလ်ာ့နည္းလို႔လာ၏။
သတၱဳစား ေ႐ႊပိုးေကာင္ဘုရင္ကို ပု႐ြက္ဆိတ္ေလးက ဆြဲၿဖဲ၍ ဝါးစားလိုက္ၿပီးေနာက္ က်န္ရွိေနေသာ ပိုးေကာင္မ်ားအားလုံး ရွင္းလင္းသြားၿပီး ေျမႀကီးေပၚ၌ ေ႐ႊေရာင္ေသြးမ်ားက ထိတ္လန႔္ဖြယ္ က်န္ရစ္ေနခဲ့သည္။
“သူတို႔ေတြ ဆင့္ကဲေျပာင္းလဲေတာ့မွာပဲ”
ယဲ့ဖန္က တက္ႂကြေနေသာ အၾကည့္မ်ားျဖင့္ ေရ႐ြတ္လိုက္သည္။ ပု႐ြက္ဆိတ္ေလးႏွင့္ က်န္ပု႐ြက္ဆိတ္ ေျခာက္ေထာင္တို႔ ေျမႀကီးေပၚ လဲေလ်ာင္းေနသည္ကို သူ သတိျပဳမိသည္။
သူတို႔၏ ခႏၶာကိုယ္မ်ားသည္ တျဖည္းျဖည္း က်ယ္ျပန႔္လာၿပီး အေတာင္မ်ားသည္လည္း စတင္၍ ႀကီးထြားလာသည္။
တစ္စခ်င္းစီ ႀကီးထြားလာၾကသည္။
ပု႐ြက္ဆိတ္မ်ား၏ ခ်ီဓာတ္သည္ ပို၍ပို၍ ေၾကာက္မက္ဖြယ္ေကာင္းလာသည္။

အခ်ိန္က တျဖည္းျဖည္း ကုန္လြန္လို႔လာသည္။
ေတာင္ဥမင္ အျပင္ဘက္မွ ထို႔ပါကလန္သားမ်ား ဂနာမၿငိမ္ ျဖစ္ေနၾကသည္။
“တစ္ရက္နဲ႔ တစ္ညေတာင္ ၾကာသြားၿပီ။ ေလာကသခင္ ဒုကၡေရာက္ေနတာမ်ားလား”
ထို႔ပါခ်င္းရွန္က စိုးရိမ္တႀကီးႏွင့္ ေျပာလာသည္။ သူ တစ္ခ်ိန္က ယဲ့ဖန္အား မုန္းတီးခဲ့သည္။ သို႔ေသာ္ ၿပိဳင္ဘက္က သူတို႔၏ ေလာကသခင္ ျဖစ္ေနသည္ကို သူ သိလိုက္ရၿပီးေနာက္ သူသည္ သူ၏ မုန္းတီးမႈအားလုံးကို ေမ့ေလ်ာ့သြားၿပီး ယဲ့ဖန္ကို အလြန္ေလးစားလာသည္။
“မဟုတ္ဘူး၊ သူက နတ္ဆိုး ဧကရာဇ္က၊ သူက ေလာကသခင္။ သူ ဘယ္လိုနည္းနဲ႔မွ ဒုကၡေရာက္မွာ မဟုတ္ဘူး”
ထို႔ပါယြင္သည္ စိုးရိမ္ေနေသာ္လည္း ယတိျပတ္ ျပန္ေျပာလိုက္သည္။ ထို႔ပါကလန္သား တစ္ေယာက္ခ်င္းစီတို႔သည္ မိနစ္တိုင္း၌ ပို၍ စိုးရိမ္၊ ဝမ္းနည္းလာၾကသည္။
ထို႔ပါကလန္၏ မဟာအႀကီးအကဲက အထင္ေသးစြာ ေျပာလိုက္သည္။
“ကလန္ေခါင္းေဆာင္၊ အဲ့ေကာင္စုတ္ေလး တကယ္ ျပန္လာလိမ့္မယ္လို႔ ခင္ဗ်ား ထင္လား”
“အဲ့ပိုးေကာင္ေတြက အရမ္းေၾကာက္ဖို႔ေကာင္းတယ္။ တကယ့္နတ္ဘုရားေတြေတာင္မွ အထဲေရာက္ရင္ ေသသြားၾကတာ၊ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ဆို ေျပာေနစရာေတာင္ မလိုဘူး”
“ငါတို႔ သူ႔ကို ထပ္ေစာင့္မေနသင့္ဘူးလို႔ ငါ အႀကံေပးခ်င္တယ္။ သူ အစားခံေနရေလာက္ၿပီးၿပီ”
မဟာအႀကီးအကဲ၏ စကားကို ၾကားၿပီး ထို႔ပါဟိုင္ႏွင့္ အျခားသူမ်ား ခါးခါးသီးသီး ျဖစ္သြားၾကသည္။ သူတို႔၏ ေလာကသခင္ကို ေစာင့္ေနသည္မွာ ႏွစ္တစ္ေသာင္းေတာင္ ရွိၿပီ ျဖစ္သည္။ သူတို႔၏ ေလာကသခင္က ေပၚလာၿပီး ဘယ္ေလာက္မွ မၾကာေသာအခ်ိန္၌ က်ဆုံးသြားႏိုင္ပါမည္နည္း။
ေစာင့္မည္။ သူတို႔ အံ့ဖြယ္ျဖစ္ရပ္တစ္ခု လိုအပ္သည္။
တစ္နာရီ၊ ႏွစ္နာရီ။
ေနာက္ထပ္ ေန႔တာႏွင့္ ညတာတို႔ ကုန္လြန္သြား၏။
ယဲ့ဖန္ ေတာင္ဥမင္ထဲ ေရာက္ေနတာ ႏွစ္ရက္ႏွင့္ ႏွစ္ည ရွိၿပီ ျဖစ္သည္။ သို႔ေသာ္ ကလန္သားမ်ားသည္ ယဲ့ဖန္၏ အေျခအေနကို သတိမထားမိၾကေပ။
*သူ ေသသြားတာပဲ ျဖစ္မယ္*
ထို႔ပါကလန္သားမ်ား အလြန္ စိတ္ပ်က္သြားၾကသည္။ ထို႔ပါယြင္ကေတာင္မွ ယဲ့ဖန္ကို သံသယ ဝင္လာသည္။
ထိုစဥ္ ေကာင္းကင္ေပၚမွ က်ယ္ေလာင္ေသာ မာန္ဖီသံတစ္သံကို သူတို႔ ၾကားလိုက္ရသည္။ ထို႔ပါကလန္သားမ်ား ပစ္လဲက်သြားကာ နားမ်ားႏွင့္ ႏွာေခါင္းမ်ားမွ ေသြးမ်ား စီးက်လာ၏။
စကၠန႔္ပိုင္းအတြင္း သူတို႔ ျပင္းထန္စြာ ဒဏ္ရာရသြားၾကသည္။ ဤသည္ကို ၾကည့္ၿပီး အျခားသူမ်ား ေၾကာက္လန႔္သြားၾကသည္။
ေၾကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ ႀကီးမားသည့္ ဇီးကြက္တစ္ေကာင္က ေကာင္းကင္ေပၚမွ ေျမႀကီးထံသို႔ ထိုးဆင္းလာသည္ကို သူတို႔ ျမင္လိုက္ရသည္။
“မျဖစ္ဘူး၊ အဲ့ဒါ ဧကရာဇ္အဆင့္ သားရဲေကာင္ ကင္းေကာင္ေမွာ္ဇီးကြက္ပဲ”
မဟာအႀကီးအကဲ၏ မ်က္ႏွာက ခ်က္ခ်င္း ျပာႏွမ္းလာသည္။ ထိုအရာသည္ ရွန္းႏုန္က်ားေတာအုပ္ အတြင္းထဲက အလြန္ ဆန္းၾကယ္တဲ့ သက္ရွိပဲ”
သို႔ေသာ္ သားရဲမ်ားသည္ ပုံမွန္အားျဖင့္ တစ္ကိုယ္ေရ က်င့္ႀကံ၍ ထို႔ပါကလန္သားမ်ားအား တိုက္ခိုက္ခဲလွသည္။
ကင္းေကာင္ ေမွာ္ဇီးကြက္က တိုက္ခိုက္လာမည္ဟု မဟာအႀကီးအကဲ လုံးဝ ထင္မထားခဲ့မိပါ။
“ေသစမ္း၊ ၾကာပန္းက ပြင့္လာၿပီ။ အဲ့ဒါရဲ႕ရနံ႔က ကင္းေကာင္ေမွာ္ဇီးကြက္ကို ဆြဲေဆာင္ေနတာပါလား”
ေလထဲမွ ေဆးဖက္ဝင္ရနံ႔ကို ရႉရႈိက္မိၿပီးေနာက္ ထို႔ပါဟိုင္၏ မ်က္ႏွာက ခ်က္ခ်င္း သုန္မႈန္လာသည္။
ေမွာ္ေဆးဘက္ဝင္အပင္၏ ရနံ႔သည္ ဧကရာဇ္အဆင့္ သားရဲမ်ားကို အလြန္ ဆြဲေဆာင္ႏိုင္သည္။ သို႔ေသာ္ ၾကာပန္းက သည္ေလာက္ျမန္ျမန္ ပြင့္လာလိမ့္မည္ဟု သူတို႔ ထင္မထားခဲ့မိၾကေပ။
ထိုစဥ္ ကင္းေကာင္ေမွာ္ဇီးကြက္က ျပင္းထန္ေသာ ေလလႈိင္း ျဖစ္ေပၚလာေအာင္ ႐ိုက္ခတ္လိုက္ၿပီး သူ၏ လက္သည္းမ်ားက ေလထုအား ထိုးခြင္းလာသည္။
ထိုလက္သည္းမ်ားက ေျမႀကီးေပၚရွိ ကလန္သားမ်ားထံသို႔ ဦးတည္လာသည္။
“ေဝးေဝး ေရွာင္ၾကေဟ့”
ဤသည္ကို ၾကည့္ၿပီး မဟာအႀကီးအကဲႏွင့္ ထို႔ပါဟိုင္တို႔ ေဒါသထြက္လာၾကသည္။ တကယ့္ နတ္ဘုရားအဆင့္ ႏွစ္ေယာက္က တစ္ၿပိဳင္တည္း ခုန္လႊား၍ ဇီးကြက္၏ ခြၽန္ထက္ေသာ လက္သည္းမ်ားအား ထိုးႏွက္လိုက္ၾကသည္။
ဝုန္း!
တကယ့္ နတ္ဘုရား ႏွစ္ေယာက္ ခ်က္ခ်င္း ေသြးအန္လာၾကသည္။ ထိတ္လန႔္ဖြယ္ေကာင္းလွ၏။
ဧကရာဇ္အဆင့္ သားရဲက သည္ေလာက္ ထိတ္လန႔္ဖြယ္ ေကာင္းေလာက္ေအာင္ လုပ္ေဆာင္ ႏိုင္လိမ့္မည္ဟု မည္သူမွ် ထင္မွတ္မထားမိခဲ့ၾကပါ။
တစ္ခ်က္တည္းႏွင့္ တကယ့္ နတ္ဘုရားႏွစ္ေယာက္ ရႈံးနိမ့္သြားသည္။ ထိုသို႔ရွိေနစဥ္တြင္ ထို႔ပါယြင္က စိုးရိမ္တႀကီး သတိေပး ေအာ္ဟစ္လာသည္။
ကင္းေကာင္ ေမွာ္ဇီးကြက္က လက္သည္းမ်ားကို ထုတ္ေဖာ္၍ တကယ့္နတ္ဘုရား ႏွစ္ေယာက္ထံသို႔ လ်င္ျမန္စြာ ေျပးဝင္လာသည္ကို သူ ျမင္လိုက္ရသည္။
*ငါတို႔ေတာ့ ေသၿပီပဲ*
ထိုစဥ္ မဟာအႀကီးအကဲႏွင့္ ထို႔ပါဟိုင္တို႔ အလြန္ ေၾကာက္လန႔္သြားၾကသည္။ မေကာင္းဆိုးဝါးမ်ားသည္ လူသားမ်ားထက္ ေမြးကတည္းက ပို၍ သန္မာၾကသည္။ အထူးသျဖင့္ ေကာင္းကင္၌ က်က္စားေနသည့္ ဧကရာဇ္အဆင့္ သားရဲမ်ားက ပိုသန္မာၾကသည္။
ယခုလိုအခ်ိန္၌ မဟာအႀကီးအကဲႏွင့္ ထို႔ပါဟိုင္တို႔သည္ သူတို႔၏ ေသျခင္းတရားက ေသခ်ာေနၿပီဟု ယုံၾကည္လိုက္မိၾကသည္။
သို႔ေသာ္ ခဏအၾကာတြင္ မည္းနက္ေသာ အလင္းတန္းမ်ားက ေတာင္ဥမင္ထဲမွ ေလတိုးသံႏွင့္အတူ လွစ္ခနဲ ေျပးထြက္လာၾကသည္။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now