Chapter 219

1.5K 168 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (15) Chapter (219) အိပ်မက်ဆိုး

ဝူနတ်ဘုရားတောင်သည် ဟွာရှနိုင်ငံ မြောင်ဒေသရှိ အနောက်တောင်ဘက်တွင် တည်ရှိသည်။

ဝူနတ်ဘုရားဟု နာမည်ကြီးသည့် ဝူကူလာသည် ဟွာရှနိုင်ငံ၏ ထောက်တိုင်လေးယောက် ထဲမှ တစ်ယောက် ဖြစ်ပြီး ဝူနတ်ဘုရားတောင်တွင် နာမည်အကြီးဆုံးသူ ဖြစ်သည်။

ဝူနတ်ဘုရားတောင်၏ အနီးအနားတွင် ဝူနတ်ဘုရားမြို့ တည်ရှိသည်။ ဝူနတ်ဘုရားမြို့တော်တွင် နေထိုင်ကြသော လူတိုင်းနီးပါးသည် ဝူနတ်ဘုရား၏ နောက်လိုက်မျိုးဆက်များ ဖြစ်သည်။

ဝူနတ်ဘုရားမြို့တော်သည် ကြွယ်ဝ ချမ်းသာသော မြို့တစ်မြို့ ဖြစ်သည်။ လမ်းအားလုံးတွင် အမျိုးအစား စုံလင်သော ဆိုင်များစွာ ရှိသည်။

တစ်စုံတစ်ယောက်ကသာ သေချာ လေ့လာကြည့်မည်ဆိုပါက ဝူနတ်ဘုရားမြို့တော်၏ ဒေသခံတိုင်းက အလွန်အင်အားကြီးသူများ ဖြစ်သည်ကို သတိထားမိပေလိမ့်မည်။

လမ်းတိုင်းတွင် ကြယ်တစ်လုံးအဆင့်၊ ကြယ်နှစ်လုံးအဆင့်နှင့် ကြယ်သုံးလုံးအဆင့် သိုင်းပညာရှင်များစွာဖြင့် ပြည့်နှက်နေသည်။

ထိုမြို့တော်သည် သိုင်းပညာရှင်များအတွက် အလွန် ထူးခြားဆန်းကြယ်ပြီး ကြောက်မက်ဖွယ်ကောင်းသော မြို့တစ်မြို့ ဖြစ်သည်။

"ဟေ့….မင်း သတင်းကြားပြီးပြီလား၊ ဆယ့်နှစ်ယောက်မြောက် ဝူနတ်ဘုရား မနေ့ညက ပြန်လာတယ်တဲ့၊ သူ ငါတို့ရဲ့ ယဇ်ကောင်ကို ခေါ်လာခဲ့ပင်မယ့် သူ့လက်မောင်းတစ်ဘက် ဆုံးရှုံးလိုက်ရတယ်တဲ့ကွ"

"ဘာ … သူ့လက်မောင်းကို ဘယ်သူ ဖြတ်လိုက်တာလဲ၊ ရဲတင်းလှချည်လားကွ၊ သူက ဆယ့်နှစ်ယောက်မြောက် ဝူနတ်ဘုရား ဝူကူလာရဲ့ လက်မောင်းတစ်ဘက်ကို ဖြတ်ရဲတယ်‌ပေါ့လေ"

"ရှန့်ကျန်းမြို့က ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ရဲ့ လက်ချက်လို့ ပြောနေကြတယ်ကွ၊ ဝူနတ်ဘုရားတောင်က လူတိုင်းလည်း ထိတ်လန့်သွားကြတယ်လို့ သတင်းထွက်နေတယ်၊ ကျန်တဲ့ ဝူနတ်ဘုရား ဆယ့်တစ်ယောက်လုံးက ရှန့်ကျန်းမြို့က သူ့ဒဏ်ရာအတွက် လက်စားချေမယ်လို့ ပြောနေကြတယ်"
"ဝူကူလာရဲ့ မြေး၊ ဂျူနီယာ ဝူနတ်ဘုရားလေး မြို့ထဲမှာ ဆေးဖက်ဝင် အပင်တွေ လာဝယ်တာကို ငါအခုလေးတင် တွေ့လိုက်တယ်၊ ဆယ့်နှစ်ယောက်မြောက် ဝူနတ်ဘုရားရဲ့ လက်မောင်းကို ကုဖို့ဆိုတာ အသိသာကြီးပဲ"

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now