Chapter 345

1K 118 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (23) CHAPTER (345) ဒါကို သောက်ပြီး သူ့ကို သတ်လိုက်
“အား”
ဟွမ်ဖူလင်းသည် စူးစူးဝါးဝါး အော်လိုက်ရင်း နောက်သို့ ဆုတ်လိုက်ရသည်။
သူ့မျက်နှာ ဖြူရော်နေသလို မျက်လုံးများတွင်လည်း အလွန် သံသယဝင်နေသော အကြည့်များဖြင့် ဖြစ်နေသည်။
ပြတ်သွားပြီ။ သူ့လက်မောင်းတစ်ဘက် ပြတ်သွားလေပြီ။
“ဘယ်သူလဲ။ ထွက်လာခဲ့စမ်း”
မှင်တက်သွားသည့် သူသည် ဟွမ်ဖူလင်း တစ်ယောက်တည်း မဟုတ်ပေ၊ အဖွဲ့အစည်းချုပ်မှ အထူးသံတမန် ချာလီတောင်မှ ထိတ်လန့်သွားရသည်။
ဟွမ်ဖူလင်းသည် ရှေးဟောင်းကလန်ဖြစ်သော ဟွမ်ဖူကလန်တွင် ကျင့်ကြံခြင်း၌ ပါရမီရှင်တစ်ယောက် ဖြစ်သလို ဟွမ်ဖူကလန်၏ အမိန့်အရ ကျန်းရှီမြို့အား သိမ်းပိုက်ရန် တာဝန်ပေးခံရသည့် နတ်ဘုရားအဆင့် တစ်‌ယောက်ဖြစ်သည်။
သူ့လက်မောင်းတစ်ဘက် ဆုံးရှုံးသွားခြင်းသည် သေချာပေါက်ကို ကလန်ကြီးတစ်ခုအား ရန်စလိုက်ခြင်း ဖြစ်သည်။
ထိုအချက်က ချာလီ၏ စိတ်ထဲပေါ်လာပြီးနောက် ချက်ချင်းဆိုသလို သူ့မျက်နှာ ပြာနှမ်းသွားသည်။ ထိုစဉ်
“ဟွာရှရဲ့ အရှင်သခင်”
“ဟွာရှရဲ့ အရှင်သခင်”
“ဟွာရှရဲ့ အရှင်သခင်”
နားကွဲမတတ် အော်သံများနှင့်အတူ ဟွာရှသား သိုင်းပညာရှင်များ အလွန် တက်ကြွလာကြပြီး မြေကြီးပေါ်၌ စိုက်နေသော ဧရာမ ပုရွက်ဆိတ်ဓားအား သူတို့၏ နတ်ဘုရား ပြန်ရောက်လာသကဲ့သို့ ကြည့်နေကြသည်။
သူတို့အားလုံး ပျော်ရွှင်ရူးသွပ်လာကြပုံ ရသည်။
ရုတ်တရက် တရှဲရှဲမြည်သံနှင့်အတူ လူအုပ်ကြားထဲ၌ လူသွားလမ်းလွတ် တစ်ခုပေါ်လာသည်။ ထို့နောက်တွင်မူ ယဲ့ဖန် ဦးဆောင်သော နတ်ဘုရားကဲ့သို့ သိုင်းပညာရှင်တစ်ဖွဲ့က သူတို့ထံသို့ လျှောက်လာနေသည်။
အေးတိအေးစက်နိုင်သော မျက်လုံးများနှင့် သွေးများ ပေကျံနေသည့် ပုံအရ သူသည် ယခုလေးတင် တိုက်ပွဲဆင်နွှဲပြီးသွားသည့် တစ္ဆေတစ်ကောင်နှင့် ဆင်တူလှပြီး ထိတ်လန့် ကြောက်ရွံ့ဖွယ်ကောင်းသော အပြုံးမျိုးကို ထုတ်ဖော်ထားသည်။
သူ့နောက်တွင် နတ်ဘုရားအဆင့် လေးယောက်ပါလာသည်၊ မိုရိုသွေးစွန်းတစ္ဆေ၊ အမှောင်သခင်နှင့် မကြာခင်ကမှ နတ်ဘုရားအဆင့်သို့ အဆင့်တက်လာသော အမှောင်ဂိုဏ်းချုပ်နှင့် သံလက် ဝံပုလွေရိုင်း၊ နတ်ဘုရားတစ်ပိုင်း ဖြစ်သည့် မိစ္ဆာ ဝိညာဉ်ရိုင်းနှင့် အရှင်ဝူနှင့် ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့် ရာနှင့်ချီသော လူများ လိုက်ပါလာသည်။
ဝုန်း!
ဟွမ်ဖူလင်းနှင့် ချာလီတို့သည် ဤမြင်ကွင်းကြောင့် အလွန် အံ့အားသင့်သွားကြသည်။
နတ်ဘုရားတစ်ပိုင်းအဆင့် နှစ်ယောက်နှင့် နတ်ဘုရားအဆင့် လေးယောက်။
အံ့ဩစရာ ကောင်းလှသည်။
နတ်ဘုရားမတို့၏ ဧကရီကဲ့သို့သော နတ်ဘုရားအဆင့်များ ကျဆုံးသွားပြီးနောက် ကမ္ဘာတစ်ဝန်း၌ နတ်ဘုရားအဆင့် အနည်းငယ်မျှသာ ကျန်ရှိတော့သည်။
ကျန်ရှိသော နတ်ဘုရားအဆင့်များသည့် ရှေးဟောင်းကလန်များ၏ မိသားစုဝင်များသာ ဖြစ်သည်။
မမျှော်လင့်ဘဲ ကျန်းရှီမြို့၌ နတ်ဘုရားတစ်ပိုင်းအဆင့် နှစ်ယောက်နှင့် နတ်ဘုရားအဆင့် လေးယောက် ရှိနေ၏။
မယုံကြည်နိုင်စရာ ကောင်းလှသည်။
ထိုစဉ် အခြားသူများ၏ အံ့ဩနေသော အကြည့်များအောက်၌ ယဲ့ဖန်နှင့် သူ့လူများသည် မြေကွက်လပ်ထဲသို့ ရောက်ရှိလာကြသည်။
သောင်းသောင်းဖြဖြ ဩဘာသံများကို နားထောင်ရင်း ယဲ့ဖန်က လက်တစ်ဘက် မြှောက်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မြူးထူးသောင်းကျန်းနေသော မြေကွက်လပ်တစ်ခုလုံးရှိ လူများသည် အသံကို ပိတ်လိုက်သဖြင့် ချက်ချင်း တိတ်ကြသွားသည်။
အလွန်တရာ ထိတ်လန့်ဖွယ်ကောင်းလှ၏။
ဟွမ်ဖူလင်းနှင့် ချာလီတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေသည်။ လူတစ်ယောက်က လက်တစ်ဘက် မြှောက်လိုက်သည်နှင့် ထောင်သောင်းနှင့်ချီသော သိုင်းပညာရှင်များက ချက်ချင်း တိတ်သွားသည်။
မယုံနိုင်စရာ ကောင်းလောက်အောင် ထိတ်လန့်ဖွယ် ကောင်းလှသည့် ညီညွတ်သည့် အင်အားစုကြီးပါလိမ့်။
ထို့နောက် ယဲ့ဖန်က ထိပ်ပြောင် အားဆန်ကို လှမ်းကြည့်ကာ စိုးရိမ်တကြီး မေးလိုက်သည်။
“မင်း ဘယ်လိုနေသေးလဲ”
ထိပ်ပြောင်အားဆန်က စိတ်လှုပ်ရှားနေသော မျက်နှာနှင့် ခပ်သွက်သွက် ထလိုက်သည်။ သူ့မျက်နှာသည် ရှက်ရွံ့စိတ်ကြောင့် နီမြန်းလို့နေသည်။
ယဲ့ဖန်၏ အမေးကြောင့် ထိပ်ပြောင်အားဆန်က သူ၏ ပြောင်နေသော ခေါင်းအား ပွတ်ရင်း ခပ်ရှက်ရှက် အပြုံးဖြင့် ဖြေလိုက်သည်။
“ကျွန်တော် အသက်ရှင်နေပါသေးတယ်။ ဒါပေမယ့် ကျွန်တော် သခင်ကြီးကို အရှက်ရအောင် လုပ်လိုက်မိပါတယ်”
*ငါ့ကို အရှက်ရအောင် လုပ်မိတယ်တဲ့လား*
အားဆန်၏ စကားကြောင့် ယဲ့ဖန်က နတ်ဆိုးသဖွယ် အပြုံးနှင့် ပြန်ပြောလိုက်သည်။
“စိတ်မပူနဲ့၊ ငါတို့ မင်းရဲ့ အရှက်သိက္ခာအတွက် သွေးနဲ့ ပြန်ဆပ်ခိုင်းမယ်”
*ဟမ်*
ယဲ့ဖန်၏ စကားကြောင့် ထိပ်ပြောင်အားဆန် ထိတ်လန့်သွားသကဲ့သို့ ဟွမ်ဖူလင်းနှင့် ချာလီတို့ နှစ်ယောက်လုံး ကြောက်စိတ်များဖြင့် ပြည့်နှက်လာကြသည်။
အဖွဲ့အစည်းချုပ်မှ အထူးသံတမန်သည် ကြက်သီး တဖြန်းဖြန်း ထသလို ခံစားလိုက်ရပြီး ရှေ့သို့ ခပ်သွက်သွက် တိုးကာ ယဲ့ဖန်အား ပြောလိုက်သည်။
“မစ္စတာယဲ့၊ ကမ္ဘာမြေ အဖွဲ့အစည်းချုပ် ကိုယ်စား ကျွန်တော်က ခင်ဗျားကို ဂုဏ်ပြုချင်ပါတယ်။ ဟွာရှနိုင်ငံက အခြေစိုက် ဌာနချုပ်က ကမ္ဘာမြေ အဖွဲ့အစည်းက ပိုင်ဆိုင်ပါသေးတယ်၊ ပြီးတော့ ဒီလူငယ်လေးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာပါ”
“ထိပ်သီး ဌာနကလည်း ရှေးဟောင်းကလန် သုံးခုကို ဟွာရှနိုင်ငံကို အုပ်ချုပ်ခွင့် အမိန့်ချပေးပြီးပါပြီ။ မစ္စတာယဲ့ ခွင့်လွှတ်ပေးစေလိုပါတယ်”
ချာလီသည် ရှင်းပြနေရင်း နဖူး၌လည်း ချွေးစို့နေ၏။ သူသည် ယဲ့ဖန် စိတ်မကျေမနပ်ဖြစ်၍ သူ ကျန်းရှီမြို့က ထွက်သွားခွင့်မရမည်ကို ကြောက်လန့်နေသည်။
*အဖွဲ့အစည်း*
*ရှေးဟောင်းကလန်*
ယဲ့ဖန်က နတ်ဆိုးဆန်သော အပြုံးဖြင့် ပြောလိုက်သည်။
“ကမ္ဘာမြေ အဖွဲ့အစည်း၊ အဲ့ဒါ ဘာလဲ။ ရှေးဟောင်းကလန် သုံးခု ဟုတ်လား။ သူတို့က ဘယ်သူတွေမို့လို့လဲ”
“မင်းတို့က ငါ့ဇာတိမြို့ကို ဓားပြတိုက်ပြီးတော့ ငါ့ညီအစ်ကိုတွေကိုလည်း သတ်သေးတယ်။ မင်းတို့ ကိုယ့်သေတွင်း ကိုယ် တူးနေတာလား”
*ကိုယ့်သေတွင်း ကိုယ်တူးနေတာလားတဲ့လား*
ယဲ့ဖန်၏ စကားကြောင့် ဟွမ်ဖူလင်းနှင့် ချာလီတို့၏ မျက်နှာများက ချက်ချင်း ဖြူရော်လာပြီး ဟွမ်ဖူလင်း၏ မျက်လုံး၌ အရှက်ကွဲရခြင်းနှင့် ဒေါထွက်ခြင်းတို့ ပြည့်နှက်လာသည်။
ဟွမ်ဖူလင်း အလွန်အမင်း ဒေါသထွက်လာရသည်။
ဂုဏ်သတင်းကြီး၍ ကြာမြင့်စွာ ရပ်တည်လာခဲ့ကြသော ရှေးဟောင်းကလန်တစ်ခုမှ နတ်ဘုရားအဆင့် ဖြစ်သည့် သူသည် ဘယ်နေရာရောက်ရောက် အမြဲတစေ ဘေးပတ်လည်မှ သူများကို သူ့အား တလေးတစားနှင့် ဦးညွှတ်စေခဲ့သည်။
သို့သော် ယဲ့ဖန်သည် သူ့အား တိရစ္ဆာန်တစ်ကောင်ကဲ့သို့ လျစ်လျူရှုထားသည် ထို့ကြောင့် ဟွမ်ဖူလင်းသည် ဒေါသမီးတို့ဖြင့် တဟုန်းဟုန်း တောက်လောင်လာရသည်။
“ယဲ့ဖန် မင်း နာမည်ကြီးလာမှန်း ငါ သိတယ်”
ဟွမ်ဖူလင်းသည် အသံကိုနှိမ့်၍ တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဒါပေမယ့် မင်း အရင်က သတ်ခဲ့တဲ့ နတ်ဘုရားမတို့ရဲ့ ဧကရီတို့လို လူတွေက ဖြစ်ကတတ်ဆန်း နတ်ဘုရားအဆင့်တွေပဲ။ သူတို့က ငါတို့လို ရှေးဟောင်းကလန်တွေက တကယ့် နတ်ဘုရားတွေနဲ့ အကွာကြီး ကွာတယ်”
“ငါတို့ ရှေးဟောင်းကလန် သုံးခုလုံးမှာ ကျောထောက်နောက်ခံ အနေနဲ့ တကယ့်နတ်ဘုရားတွေ ရှိတယ်။ မင်း ငါတို့ကို ဆန့်ကျင်ရင် မင်း အဲ့ရလဒ်ရဲ့ အရင်းအမြစ်ကို ခံစားစေရမယ်”
*ဒါ ခြိမ်းခြောက်နေတာပဲ*
ဟွမ်ဖူလေးသည် ယခုလို အချိန်မျိုးမှာတောင်မှ ရှေးဟောင်းကလန်တစ်ခု၏ သခင်လေးဟူသော သူ၏ ဂုဏ်ပုဒ်ကို မမေ့နိုင်သေးပေ။
သို့သော် သူ့စကားအဆုံး၌ ယဲ့ဖန်က အားရပါးရ ပြုံး၍ ဟွမ်ဖူအား အရူးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေသည်။
“ဖြစ်ကတတ်ဆန်း နတ်ဘုရားတွေ ဟုတ်လား။ တကယ့် နတ်ဘုရားတွေတဲ့လား”
“ကောင်းတယ်၊ သိပ်ကောင်းတယ်”
“ဒါဆိုလည်း မင်းရဲ့ တကယ့် နတ်ဘုရားရဲ့ ခွန်အားတွေကို ပြပါဦး”
*ီးပဲ*
ယဲ့ဖန်၏ စကားကြောင့် ဟွမ်ဖူလင်း၏ မျက်နှာက ပြာနှမ်းလာသည်။
*ယဲ့ဖန်ရဲ့ ခွန်အားက သူ့အဆင့်ရဲ့ အထွတ်အထိပ်အဆင့်မှာပဲ ရှိသေးတယ်၊ ဒါပေမယ့် ငါက လက်မောင်းတစ်ဘက် ဆုံးရှုံးပြီးရပြီ*
*ငါ သူ့ကို မနိုင်ဘူး*
*ပြီးတော့ သူ့ဓားချက်ကနေတစ်ဆင့် ယဲ့ဖန်ရဲ့ ခွန်အားကို ငါ သိလိုက်ရပြီးပြီ။ ငါ ဘယ်တော့မှ နိုင်မှာမဟုတ်ဘူး*
ချာလီသည်လည်း မှင်တက်လို့နေသည်။ ဟွမ်ဖူလင်းသာ အသတ်ခံလိုက်ရပါက ရှေးဟောင်းကလန် ဖြစ်သည့် ဟွမ်ဖူကလန် ကျိန်းသေ ဒေါသထွက်လာလိမ့်မည်ကို ချာလီ ရိပ်မိနေ၏။
ဤသို့ဆိုလျင် အစုအပြုံလိုက် လူသတ်ခြင်း များစွာ ဖြစ်ပေါ်လာလိမ့်မည်။ ထို့ကြောင့် ချာလီသည် ချက်ချင်း ယဲ့ဖန်ကို နားချရန် ကြိုးစားလာသည်။
“ယဲ့ဖန်၊ စိတ်အေးအေးထားပါ။ သခင်လေးဟွမ်ဖူက ရှေးဟောင်းကလန်ရဲ့ တိုက်ရိုက်မျိုးဆက်ကပါ။ ခင်ဗျား သူ့ကို မသတ်သင့်ပါဘူး*
*အဲ့လိုလား*
ထို့နောက် ယဲ့ဖန်က နှုတ်ခမ်းကို တွန့်၍ ခေါင်းခါလိုက်ပြီး ဆက်ပြောလိုက်သည်။
“ခင်ဗျား မှားနေပြီ။ သူ့ကို သတ်မှာ ကျုပ်မဟုတ်ဘူး။ အဲ့ဒါက ...”
ယဲ့ဖန်က ထိပ်ပြောင်အားဆန်ကို လက်ညှိုးထိုး၍ ထပ်ပြောလိုက်သည်။
“ကျုပ် ညီအစ်ကိုက သူ့ကို သတ်မှာ”
*အမ်*
လူအုပ်ထဲမှ လူများအားလုံး ယဲ့ဖန်၏ စကားကြောင့် အကြီးအကျယ် ထိတ်လန့်သွားကြသလို သူလက်ညှိုးညွှန်ရာ အားဆန်သို့ လှည့်ကြည့်လာကြသည်။
*အားဆန်က ဟွမ်ဖူလင်းကို သတ်မယ်*
*ဒါ ... ဒါ မဖြစ်နိုင်ဘူးလေ*
ချာလီသည် မယုံသင်္ကာဟန်ဖြင့် ရေရွတ်လိုက်မိသည်။ ထိပ်ပြောင်အားဆန်သည် ဒဏ္ဍာရီလာ အထွတ်အထိပ်အဆင့် ဖြစ်ပြီး ဟွမ်ဖူလင်းကြောင့် ဒဏ်ရာရထားပြီးပြီ ဖြစ်သည်။ ယဲ့ဖန်၏ စကားများက စိတ်ကူးယဉ်နေသလိုပင်။
“ဟားဟား ... ယုတ္တိမရှိလိုက်တာကွာ။ ရယ်စရာကောင်းလိုက်တဲ့ စကားတွေ”
“ယဲ့ဖန် ပုရွက်ဆိတ်လိုကောင်က ငါ့ကို သတ်နိုင်မယ်လို့ မင်း ဘယ်လိုလုပ် ယုံကြည်ရဲရတာလဲ။ ရယ်ချင်စရာပဲကွာ”
*ရယ်စရာ*
ထိုစဉ် ဟွမ်ဖူလင်းမှ လွဲ၍ လူအုပ်ထဲမှ မည်သူမျှ မရယ်ကြပေ။
ယဲ့ဖန်၏ စကားများနှင့်အတူ သူသည် နတ်ဘုရားအဆင့်အား သတ်နိုင်တော့မည်ဟု သိနေသကဲ့သို့ ထိပ်ပြောင်အားဆန်၏ မျက်လုံးများသည် စိတ်အားထက်သန်သည့် အကြည့်များဖြင့် ဖြစ်လာသည်။
ထို့အတူ ထောင်သောင်းနှင့်ချီသော လူများသည် ယဲ့ဖန်၏ စကားများအား လုံးဝ သံသယ မဝင်သကဲ့သို့ တက်ကြွလာကြသည်။
ယဲ့ဖန်က အားဆန် ဟွမ်ဖူလင်းကို သတ်နိုင်သည်ဟု ပြောလျင် သူ သေချာပေါက် သတ်နိုင်လိမ့်မည်။ ဟွမ်ဖူလင်း မုချ သေရမည် ဖြစ်သည်။
ကိုးရိုးကားရား အခြေအနေကို သတိပြုမိပြီး ဟွမ်ဖူလင်းနှင့် ချာလီတို့ ချက်ချင်း မျက်နှာပျက် သွားကြသည်။
*ရူးနေပြီ*
*ဒီလူတွေ ရူးနေပြီ*
*ယဲ့ဖန်ရဲ့ အပြောလေးတစ်ခုတည်းနဲ့ သူတို့ ဘယ်လိုလုပ် စိတ်လွတ်ပြီး ခွန်အာချင်း ကွာတာကို မသိချင်ယောင်ဆောင်ထားကြရတာလဲ*
ထိုစဉ် ယဲ့ဖန်က ထိပ်ပြောင်အားဆန်ထံသို့ လှမ်းလာပြီး သူ့ကို ဆေးလုံးတစ်လုံး ပေးလိုက်သည်။ ထို့အတူ သူသည် လေသံမာမာဖြင့် ပြောလိုက်သည်။
“ဒါကို သောက်ပြီး သူ့ကို သတ်လိုက်”
“မှတ်ထားပါ မင်း အမုန်းဆုံး ရန်သူကို အရက်စက်ဆုံး နည်းလမ်းနဲ့ သတ်”
                               စာစဉ် (၂၃) ဤတွင်ပြီးပါပြီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now