Chapter 313

1.1K 133 1
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (21) CHAPTER (313) အရှင်ဝူ ပြန်လာပြီ

ဟဲရှန့်စီရင်စုဒေသရှိ ကျန်းဟဲမြို့သည် မြစ်ကြီးတစ်စင်း၏ နံဘေး၌ တည်ရှိလေသည်။ ပြီးခဲ့သည့် နှစ်ဝက်ကာလအတွင်း ရေခီစွမ်းအင်များက တစ်ကမ္ဘာလုံးအနှံ့ တစ်ဟုန်ထိုးစတင် တိုးပွားလာသဖြင့် မြစ်ကြီးထဲမှ သတ္တဝါအားလုံး ရူးချင်စရာကောင်းလောက်သော သန္ဓေပြောင်းလဲမှုနှင့် ကြုံတွေ့ ရလေသည်။
သူတို့သည် အသားများကို စတင်၍ စားသောက်လာကြပြီး လူများကို ရက်စက်၊ကြမ်းတမ်းစွာ သတ်ဖြတ်ကြလေသည်။
သူတို့သည် များစွာသော သားရဲတပ်ဖွဲ့များ ဖွဲ့စည်း၍ ကျန်းဟဲမြို့အား ထပ်ကာတလဲလဲ တိုက်ခိုက်ကြသည်။
ထိုအချိန်အတောအတွင်း ကျန်းဟဲမြို့ရှိ မြို့သူမြို့သားများသည် ကြီးမားသော ထိခိုက် ပျက်စီးမှုနှင့် ကြုံရလေတော့သည်။ ကျန်းဟဲမြို့တစ်မြို့လုံး အလောင်းများနှင့် ပြည့်နှက်နေခဲ့သည်။
သို့သော် လွန်ခဲ့သည့် နှစ်ဝက်ခန့်က ကျန်းဟဲမြို့၌ လူတစ်ယောက် ပေါ်လာပြီးကတည်းက မည်သူမျှ ထပ်၍ မသေကြေကြတော့ပေ။
ထိုလူအား မြို့သူမြို့သားများက အရှင်ဝူဟု သိထားကြသည်။ သူက အရှင်ဝူ၏ အစောင့်တပ်ဖွဲ့စစ်သားများနှင့် အရှင်ဝူ၏ စစ်တပ်တို့အား တည်ထောင်ခဲ့သည်။
သူသည် သားရဲများစွာကို သတ်ဖြတ်ခဲ့ပြီး ဒေသခံ မြို့သူမြို့သားများအား အကြိမ်ကြိမ် အခါခါ ကာကွယ်ခဲ့သည်။
သူသည် ကျန်းဟဲမြို့ရှိ ထောင်သောင်းနှင့်ချီသော လူများက လေးစားကြည်ညိုခြင်းကို ခံရလေသည်။ သူသည် ကျန်းဟဲမြို့၏ အရှင်သခင် အစစ်ပင်။
အရှင်ဝူ၏ အိမ်တော်ဝင်းသည် ကျန်းဟဲမြို့လယ်၌ တည်ရှိသည်။ ထိုအချိန်တွင် အရှင်ဝူ၏ ဇနီးက သူ၏ ရင်ခွင်ထဲ၌ နေရင်း အတူတကွ တီဗွီကြည့်နေကြသည်။
အရှင်ဝူ၏ ဇနီးသည် အလွန် လှပပြီး ကိုယ်ကျင့်သိက္ခာ ကောင်းမွန်သည်။ သူမက သူ့ခင်ပွန်းကို ကြည့်နေသည့်အခါတိုင်း သူမမျက်နှာ၌ ချစ်ခြင်းမေတ္တာနှင့် နွေးထွေးမှုတို့ အမြဲထင်ဟပ်နေသည်။
သူမခင်ပွန်းသည် ကျန်းဟဲမြို့၏ သူရဲကောင်းဖြစ်သည်။ သူသည် သားရဲကောင်များအား ကြက်၊ဝက်တို့အား သတ်ဖြတ်သကဲ့သို့ အလွန် ထည်ဝါသော ဟန်ပငန်ဖြင့် သတ်ဖြတ်ခဲ့သည့် ဒဏ္ဍာရီလာအဆင့် သိုင်းပညာရှင် ဖြစ်သည်။
အရှင်ဝူ၏ ဇနီးသည်က ရင်သွေးငယ်လေး နှစ်ယောက် တည်ရှိနေသော သူမ၏ ဝမ်းဗိုက်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ဤရင်သွေးငယ်လေး နှစ်ယောက်သည် သူတို့ချစ်ခြင်း၏ အချစ်သက်သေလေး ဖြစ်သည်။
တောက်!
အရှင်ဝူ၏ ဇနီးသည်သည် နွေးထွေးသလို ဖြစ်နေစဉ်တွင် သူမမျက်နှာပေါ်သို့ မျက်ရည်တစ်စက် ကျလာသည်ကို သူမ ခံစားလိုက်မိသည်။
သူမ တစ်ခဏမျှ ထိတ်လန့်သွားရသည်။ ထို့နောက် အရှင်ဝူသည် နံရံပေါ်ရှိ နက်မှောင်နေသော အရိုးစုကို မျက်ရည်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
ထိုအနက်ရောင် အရိုးစုသည် အရှင်ဝူကိုယ်တိုင် ပြုလုပ်ထားသည့် အရိုးစုဖြစ်သည်။ ထိုအရိုးစုသည် သူ့လက်မောင်း၌ ရှိသော ‘အရိုးစု’ တက်တူးကဲ့သို့ ဆိုးရွား၍ မကောင်းဆိုးဝါးဆန်လှသည်။
သို့သော် အရှင်ဝူက ထိုနတ်ဆိုး အရိုးစုအား မြင်သည့်အခါတိုင်း ထိုအရိုးစုက ဝံပုလွေအုပ်အား သတိရစေသကဲ့သို့ မျက်ရည်ကျလာသည်။
“ဟင်း … ပြီးခဲ့တဲ့ နှစ်ဝက်အတွင်း ဒါနဲ့ဆို ကိုးဆယ့်သုံးကြိမ် ရှိပြီ”
အရှင်ဝူ၏ ဇနီးသည်က ပြောရင်း မချိတင်ကဲ ပြုံးလိုက်မိသည်။ သူမခင်ပွန်း ဘာတွေ ကြုံတွေ့ခဲ့ရသလဲဆိုတာ သူမ လုံးဝ မသိပါ။ သူ့အတိတ်အကြောင်းကို သူမ မေးလိုက်သည့်အခါတိုင်း သူမခင်ပွန်းက သူ့စိတ်ထဲ၌ ဘယ်လိုမှ မေ့မရနိုင်သော လူတစ်ယောက်ရှိနေဟန်ဖြင့် အမြဲ ငြိမ်ကျသွားသည်။
“အရှင်၊ အရှင်ရဲ့ အတိတ်အကြောင်းကို ပြန်တွေးပြန်တာလား”
“ဘာဖြစ်လို့ ဖြစ်ခဲ့တဲ့ ပြဿနာတွေကို အမှတ်ရနေသေးတာလဲ။ ဒီအတိုင်း မေ့လိုက်ပါလား”
အရှင်ဝူ၏ ဇနီးသည်က အလွန် သနားလို့နေသည်။
*မေ့လိုက်ရမှာလား*
သူမစကားကြောင့် အရှင်ဝူ၏ ခက်ထန်သော မျက်နှာ၌ ခါးသီးသော အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
“ငါ့အတိတ်အကြောင်းကို ငါ မမေ့နိုင်ဘူး။ သူက ငါ့ရဲ့ ယုံကြည်ရာဖြစ်ပြီး သူက ငါ့ရဲ့ နတ်ဘုရားပဲ”
“ကိုယ်တို့ကလေးတွေ ဒီလောကထဲ ရောက်လာတဲ့အချိန်ရောက်ရင် ကိုယ် သူ့ကို သွားရှာမယ်”
အရှင်ဝူက ပြုံးရယ်၍ ပြောလိုက်သည်။
*သူ့ကို သွားရှာမယ်*
အရှင်ဝူ၏ ဇနီးသည်က သူ့စကားများကို နားမလည်ပေ။ သို့သော် သူမ ခဏခဏ မေးလျင်လည်း သူမခင်ပွန်းက ဘယ်တော့မှ ပြန်ဖြေမည် မဟုတ်သည်ကို သိနေသည်။
ရှဲ!
ထိုစဉ် တီဗွီမှ ဖန်သားဖြင်သည် လျှပ်စစ်လှိုင်းနှင့်အတူ တရှဲရှဲမြည်လာသည်။ ထို့နောက် ဖန်သားပြင်တစ်ခုလုံး ဖွေးစွက်သွားသည်။
ထို့နောက် တိကျရှင်းလင်း ပြတ်သားသော မျက်နှာထားနှင့် တောက်ပသော မျက်လုံးတစ်စုံရှိသည့် အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက် ဖန်သားပြင်ပေါ်၌ ပေါ်လာပြီး ခက်ထန်၍ နတ်ဆိုးဆန်သော မျက်နှာထားဖြင့် ပြောလာသည်။
“နှစ်ဝက်တောင် ရှိသွားပြီပဲ။ ညအဖွဲ့ ပြန်ပေါ်လာပြီ”
မြင်ကွင်းက ရုတ်ချည်းဆိုသလို ပေါ်လာခြင်း ဖြစ်သည်။
အရှင်ဝူ၏ ဇနီးက ထိုသတင်းကို မြင်ပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်မိသည်။
“ဘာဖြစ်တာလဲ။ တီဗွီလိုင်းကများ တစ်ခုခု ဖြစ်နေတာလား”
သူမ ချက်ချင်း လိုင်းပြောင်းလိုက်ချင်သည်။ သို့သော် ထိုအချိန်တွင် သူမဘေးမှ အရှင်ဝူက တုန်ယင်လာသည်ကို သူမ ခံစားမိလိုက်သည်။
ထို့နောက် သူမ သူ့ကို လှည့်ကြည့်လိုက်သောအခါ သူက တီဗွီဖန်သားပြင်ပေါ်မှ လူကို ကြည့်ပြီး မျက်ရည်များ ကျနေသည်။
သူ့မျက်နှာသည် စိတ်လှုပ်ရှားမှုကို မဖုံးထားနိုင်သည့်ဟန်ဖြင့် နီမြန်းလို့နေ၏။
“သူ အသက်ရှင်နေသေးတယ် … သူ ပြန်လာပြီ။ ဟားဟား…ငါ့သခင်ကြီး ပြန်လာပြီ”
အရှင်ဝူ ချက်ချင်း တက်ကြွပျော်ရွှင်လာကာ ဆိုဖာပေါ်မှ ချက်ချင်း ခုန်ထလိုက်မိသည်။
“အရှင်ဝူရဲ့ အစောင့်တပ်သားတွေ၊ ငါ့အမိန့်ကို နာခံစမ်း”
အရှင်ဝူ အော်ဟစ်လိုက်မိပြီးနောက် ဒဏ္ဍာရီလာတစ်ပိုင်းအဆင့် ခြောက်ယောက် ချက်ချင်း ပေါ်လာသည်။ သူတို့တစ်ယောက်ချင်းစီသည် အလွန် သန်မာ၍ မျက်လုံးများမှ အလွန် ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်လွှတ်နေသည်။
ထို့နောက် သူတို့သည် ဒူးတစ်ဘက်ထောက်၍ ပြိုင်တူ နှုတ်ဆက်လာကြသည်။
“အရှင်”
ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ခြောက်ယောက်လုံးက အရှင်ဝူအား အလွန် ရိုသေလေးစားဟန်များ ပြသလျက် ရှိသည်။
သူတို့အားလုံး ခေါင်းကိုငုံ့ထားပြီး သူ့အား အညံ့ခံနေကြသည်။ သူ၏ ညီအစ်ကို ခြောက်ယောက်အား ကြည့်ပြီး အရှင်ဝူက တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။
“သွားကြမယ်၊ ငါ့သခင်ကြီး ပြန်လာပြီ။ ငါနဲ့အတူ ငါ့သခင်ကြီးကို နှုတ်ဆက်ဖို့ လိုက်ခဲ့ကြ”
*ဘာ*
သူ့စကားကြောင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ခြောက်ယောက်လုံး နားဝေတိမ်တောင် ဖြစ်သွားရသည်။
*အရှင်ဝူက … အဲ့လူကို ပြောနေတာများလား*
အရှင်ဝူသည် လူတစ်ယောက်အကြောင်း နေ့တိုင်းနီးပါး ပြောခဲ့သည်။ ထို့ကြောင့် ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့် ခြောက်ယောက်လုံးက ထိုထူးဆန်းသော လူအား အလွန်အမင်း လေးစားခဲ့သည်မှာ ကြာပြီဖြစ်သည်။
သို့သော် ယခုအခါတွင် … သူတို့သခင်ကြီး ပြန်ရောက်လာတာကို သိလိုက်ရသဖြင့် အလွန် စိတ်လှုပ်ရှားကာ ထခုန်မိမတတ် ဖြစ်သွားရသည်။
“အရှင်ဝူ”
ထိုစဉ် အရှင်ဝူ၏ ဇနီးသည်က ငိုကြွေးနေသဖြင့် သူမ၏ လှပသော မျက်နှာပေါ်၌ မျက်ရည်များ စီးကျလို့နေသည်။
“အရှင်ဝူ၊ သူက တကယ်ပဲ ရှင့်အတွက် ဒီလောက် အရေးပါတာလား”
သူမစကားကြောင့် အရှင်ဝူက ချက်ချင်း ရပ်တန့်သွားသည်။ သူ နောက်ပြန်မလှည့်သလို၊ သူ့မိန်းမ၏ မျက်ရည်များဖြင့် ရွှဲစိုနေသော မျက်နှာကိုလည်း လှည့်မကြည့်ရဲပါ။ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူက ပြတ်သားသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်။ ဆင့်ခေါ်ခံရပြီးမှတော့ ငါ့အသက်ကို စွန့်ရမယ်ဆိုရင်တောင်မှ ငါ အဲ့ဒီကို သွားမှဖြစ်မယ်”
သူ့စကားကြောင့် သူမ၏ သေးသွယ်သော ခန္ဓာကိုယ်လေးက ပြင်းထန်စွာ တုန်ယင်လာပြီး ပို၍ မျက်ရည်များ စီးကျနေသော မျက်နှာဖြင့် မေးလိုက်သည်။
“ကျွန်မကရော။ ကျွန်မတို့ ကလေးတွေကိုရော ဘယ်လိုလုပ်မလဲ”
“ကျန်းဟဲမြို့က မြို့သူမြို့သားတွေနဲ့ ရှင်ရဲ့ ငယ်သားတွေကိုရော ဘယ်လိုလုပ်မလဲ”
“အခြားသူ အားလုံးကို ဘယ်လိုလုပ်မလဲ”
အရှင်ဝူ၏ ဇနီးက ချုံးပွဲချ ငိုကြွေးလလာသည်။ ဘယ်လိုလူက သူမအရှင်၏ အလွန် ကြည်ညိုလေးစားခြင်းကို ခံရသလဲဆိုတာကို သူမ နားမလည်နိုင်ပါ။
သူမငိုသံကို ကြားပြီး အရှင်ဝူက အောင့်သက်သက် ပြုံး၍ ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ငါ အရှင်ဝူ စစ်တပ်ကို နှစ်ဝက်လုံး လေ့ကျင့်ထားပေးခဲ့ပြီးပြီ”
“သူတို့က ငါတို့ကို သစ္စာရှိပါတယ်။ သူတို့အားလုံးက သန်မာကြတယ်။ သူတို့က ကိုယ့်ကိုယ်စား မင်းနဲ့ ကိုယ်တို့ကလေးကိုရော ကျန်းဟဲမြို့က မြို့သူမြို့သားတွေကိုပါ ကာကွယ်နိုင်ပါတယ်”
*ကျွန်မ နားလည်ပြီ*
ထိုအခိုက်မှာပင် ဘာကြောင့် အရှင်ဝူက အရှင်ဝူ စစ်တပ်ကို ဖွဲ့စည်းခဲ့ပြီး သန်မာ၍ သစ္စာရှိလာအောင် သင်ပေးခဲ့တာလဲ ဆိုသည်ကို သူမ နားလည်သွားပြီ ဖြစ်သည်။ သူသည် ယခုလို အချိန်အခါအတွက် အားလုံးကို ပြင်ဆင်ထားခဲ့ပုံ ရသည်။
ထိုလူတစ်ယောက်အတွက် သူ အားလုံးကို လုပ်ထားခဲ့ခြင်း ဖြစ်သည်။
“ဝူလူ”
ရုတ်တရက် ဝူလူထံမှ အသံထွက်လာသဖြင့် သူ့ဇနီးသည် ကြောင်အသွားရသည်။
“အရှင်ဝူ၊ ရှင် ဘာပြောလိုက်တာလဲ”
အရှင်ဝူ၏ ဇနီးသည်က သူပြောလိုက်သည့် စကားကို နားမလည်လိုက်ပါ။ သို့သော် အရှင်ဝူက သူ၏ အစောင့် ခြောက်ယောက်နှင့်အတူ အိမ်တော်ထဲမှ ထွက်မလာခင် စကားအချို့ ထပ်ပြောခဲ့သည်။
“ကိုယ့်နာမည်က ဝူလူ၊ ညအဖွဲ့ဝင်၊ နတ်ဆိုးဧကရာဇ်ရဲ့ ကျေးကျွန် ဝူလူ”
*သူ့နာမည်ပါလား*
ဒါက အရှင်ဝူ၏ နာမည်ဖြစ်သည်။ သူမခင်ပွန်း၏ နာမည်။ အရှင်ဝူ၏ ဇနီးသည်က ငိုနေရင်း ပြုံးလိုက်မိသည်။
သူမခင်ပွန်းရဲ့ နာမည်အစစ်ကို သူမ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။ သူမခင်ပွန်း၏ ကျောပြင်ကို ငေးကြည့်ရင်း ခိုင်မာသော အကြည့်များဖြင့် ပြောလိုက်သည်။
“အရှင်ဝူ၊ ရှင် ခစားတဲ့သူက အနိုင်မခံ အရှုံးမပေးတဲ့ သူမျိုးပဲ ဖြစ်ရမယ်။ ကျွန်မ ရှင့်ကို ယုံတယ်”
“ကျွန်မတို့ ကလေးတွေ ဒီလောကထဲကို ရောက်လာတဲ့အချိန် ရောက်ရင် ကျွန်မ သူတို့ကို ပျိုးထောင်ပြီးတော့ သူတို့တွေကို ရှင့်ကို လိုက်ရှာခိုင်းမယ်။ သူတို့လည်း ရှင်နဲ့အတူ အဲ့လူကို ခစားလို့ရတာပေါ့”
“ကျွန်မ သေချာပေါက် အဲ့လိုလုပ်မှာပါ”
#ZAWGYI
စာစဥ္ (21) CHAPTER (313) အရွင္ဝူ ျပန္လာၿပီ
ဟဲရွန႔္စီရင္စုေဒသရွိ က်န္းဟဲၿမိဳ႕သည္ ျမစ္ႀကီးတစ္စင္း၏ နံေဘး၌ တည္ရွိေလသည္။ ၿပီးခဲ့သည့္ ႏွစ္ဝက္ကာလအတြင္း ေရခီစြမ္းအင္မ်ားက တစ္ကမာၻလုံးအႏွံ႔ တစ္ဟုန္ထိုးစတင္ တိုးပြားလာသျဖင့္ ျမစ္ႀကီးထဲမွ သတၱဝါအားလုံး ႐ူးခ်င္စရာေကာင္းေလာက္ေသာ သေႏၶေျပာင္းလဲမႈႏွင့္ ႀကဳံေတြ႕ ရေလသည္။
သူတို႔သည္ အသားမ်ားကို စတင္၍ စားေသာက္လာၾကၿပီး လူမ်ားကို ရက္စက္၊ၾကမ္းတမ္းစြာ သတ္ျဖတ္ၾကေလသည္။
သူတို႔သည္ မ်ားစြာေသာ သားရဲတပ္ဖြဲ႕မ်ား ဖြဲ႕စည္း၍ က်န္းဟဲၿမိဳ႕အား ထပ္ကာတလဲလဲ တိုက္ခိုက္ၾကသည္။
ထိုအခ်ိန္အေတာအတြင္း က်န္းဟဲၿမိဳ႕ရွိ ၿမိဳ႕သူၿမိဳ႕သားမ်ားသည္ ႀကီးမားေသာ ထိခိုက္ ပ်က္စီးမႈႏွင့္ ႀကဳံရေလေတာ့သည္။ က်န္းဟဲၿမိဳ႕တစ္ၿမိဳ႕လုံး အေလာင္းမ်ားႏွင့္ ျပည့္ႏွက္ေနခဲ့သည္။
သို႔ေသာ္ လြန္ခဲ့သည့္ ႏွစ္ဝက္ခန႔္က က်န္းဟဲၿမိဳ႕၌ လူတစ္ေယာက္ ေပၚလာၿပီးကတည္းက မည္သူမွ် ထပ္၍ မေသေၾကၾကေတာ့ေပ။
ထိုလူအား ၿမိဳ႕သူၿမိဳ႕သားမ်ားက အရွင္ဝူဟု သိထားၾကသည္။ သူက အရွင္ဝူ၏ အေစာင့္တပ္ဖြဲ႕စစ္သားမ်ားႏွင့္ အရွင္ဝူ၏ စစ္တပ္တို႔အား တည္ေထာင္ခဲ့သည္။
သူသည္ သားရဲမ်ားစြာကို သတ္ျဖတ္ခဲ့ၿပီး ေဒသခံ ၿမိဳ႕သူၿမိဳ႕သားမ်ားအား အႀကိမ္ႀကိမ္ အခါခါ ကာကြယ္ခဲ့သည္။
သူသည္ က်န္းဟဲၿမိဳ႕ရွိ ေထာင္ေသာင္းႏွင့္ခ်ီေသာ လူမ်ားက ေလးစားၾကည္ညိဳျခင္းကို ခံရေလသည္။ သူသည္ က်န္းဟဲၿမိဳ႕၏ အရွင္သခင္ အစစ္ပင္။
အရွင္ဝူ၏ အိမ္ေတာ္ဝင္းသည္ က်န္းဟဲၿမိဳ႕လယ္၌ တည္ရွိသည္။ ထိုအခ်ိန္တြင္ အရွင္ဝူ၏ ဇနီးက သူ၏ ရင္ခြင္ထဲ၌ ေနရင္း အတူတကြ တီဗြီၾကည့္ေနၾကသည္။
အရွင္ဝူ၏ ဇနီးသည္ အလြန္ လွပၿပီး ကိုယ္က်င့္သိကၡာ ေကာင္းမြန္သည္။ သူမက သူ႔ခင္ပြန္းကို ၾကည့္ေနသည့္အခါတိုင္း သူမမ်က္ႏွာ၌ ခ်စ္ျခင္းေမတၱာႏွင့္ ေႏြးေထြးမႈတို႔ အၿမဲထင္ဟပ္ေနသည္။
သူမခင္ပြန္းသည္ က်န္းဟဲၿမိဳ႕၏ သူရဲေကာင္းျဖစ္သည္။ သူသည္ သားရဲေကာင္မ်ားအား ၾကက္၊ဝက္တို႔အား သတ္ျဖတ္သကဲ့သို႔ အလြန္ ထည္ဝါေသာ ဟန္ပငန္ျဖင့္ သတ္ျဖတ္ခဲ့သည့္ ဒ႑ာရီလာအဆင့္ သိုင္းပညာရွင္ ျဖစ္သည္။
အရွင္ဝူ၏ ဇနီးသည္က ရင္ေသြးငယ္ေလး ႏွစ္ေယာက္ တည္ရွိေနေသာ သူမ၏ ဝမ္းဗိုက္ကို ညင္သာစြာ ပြတ္သပ္လိုက္သည္။ ဤရင္ေသြးငယ္ေလး ႏွစ္ေယာက္သည္ သူတို႔ခ်စ္ျခင္း၏ အခ်စ္သက္ေသေလး ျဖစ္သည္။
ေတာက္!
အရွင္ဝူ၏ ဇနီးသည္သည္ ေႏြးေထြးသလို ျဖစ္ေနစဥ္တြင္ သူမမ်က္ႏွာေပၚသို႔ မ်က္ရည္တစ္စက္ က်လာသည္ကို သူမ ခံစားလိုက္မိသည္။
သူမ တစ္ခဏမွ် ထိတ္လန႔္သြားရသည္။ ထို႔ေနာက္ အရွင္ဝူသည္ နံရံေပၚရွိ နက္ေမွာင္ေနေသာ အ႐ိုးစုကို မ်က္ရည္မ်ား ျပည့္ႏွက္ေနေသာ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနသည္။
ထိုအနက္ေရာင္ အ႐ိုးစုသည္ အရွင္ဝူကိုယ္တိုင္ ျပဳလုပ္ထားသည့္ အ႐ိုးစုျဖစ္သည္။ ထိုအ႐ိုးစုသည္ သူ႔လက္ေမာင္း၌ ရွိေသာ ‘အ႐ိုးစု’ တက္တူးကဲ့သို႔ ဆိုး႐ြား၍ မေကာင္းဆိုးဝါးဆန္လွသည္။
သို႔ေသာ္ အရွင္ဝူက ထိုနတ္ဆိုး အ႐ိုးစုအား ျမင္သည့္အခါတိုင္း ထိုအ႐ိုးစုက ဝံပုေလြအုပ္အား သတိရေစသကဲ့သို႔ မ်က္ရည္က်လာသည္။
“ဟင္း … ၿပီးခဲ့တဲ့ ႏွစ္ဝက္အတြင္း ဒါနဲ႔ဆို ကိုးဆယ့္သုံးႀကိမ္ ရွိၿပီ”
အရွင္ဝူ၏ ဇနီးသည္က ေျပာရင္း မခ်ိတင္ကဲ ၿပဳံးလိုက္မိသည္။ သူမခင္ပြန္း ဘာေတြ ႀကဳံေတြ႕ခဲ့ရသလဲဆိုတာ သူမ လုံးဝ မသိပါ။ သူ႔အတိတ္အေၾကာင္းကို သူမ ေမးလိုက္သည့္အခါတိုင္း သူမခင္ပြန္းက သူ႔စိတ္ထဲ၌ ဘယ္လိုမွ ေမ့မရႏိုင္ေသာ လူတစ္ေယာက္ရွိေနဟန္ျဖင့္ အၿမဲ ၿငိမ္က်သြားသည္။
“အရွင္၊ အရွင္ရဲ႕ အတိတ္အေၾကာင္းကို ျပန္ေတြးျပန္တာလား”
“ဘာျဖစ္လို႔ ျဖစ္ခဲ့တဲ့ ျပႆနာေတြကို အမွတ္ရေနေသးတာလဲ။ ဒီအတိုင္း ေမ့လိုက္ပါလား”
အရွင္ဝူ၏ ဇနီးသည္က အလြန္ သနားလို႔ေနသည္။
*ေမ့လိုက္ရမွာလား*
သူမစကားေၾကာင့္ အရွင္ဝူ၏ ခက္ထန္ေသာ မ်က္ႏွာ၌ ခါးသီးေသာ အၿပဳံးတစ္ခု ေပၚလာၿပီး ေျပာလိုက္သည္။
“ငါ့အတိတ္အေၾကာင္းကို ငါ မေမ့ႏိုင္ဘူး။ သူက ငါ့ရဲ႕ ယုံၾကည္ရာျဖစ္ၿပီး သူက ငါ့ရဲ႕ နတ္ဘုရားပဲ”
“ကိုယ္တို႔ကေလးေတြ ဒီေလာကထဲ ေရာက္လာတဲ့အခ်ိန္ေရာက္ရင္ ကိုယ္ သူ႔ကို သြားရွာမယ္”
အရွင္ဝူက ၿပဳံးရယ္၍ ေျပာလိုက္သည္။
*သူ႔ကို သြားရွာမယ္*
အရွင္ဝူ၏ ဇနီးသည္က သူ႔စကားမ်ားကို နားမလည္ေပ။ သို႔ေသာ္ သူမ ခဏခဏ ေမးလ်င္လည္း သူမခင္ပြန္းက ဘယ္ေတာ့မွ ျပန္ေျဖမည္ မဟုတ္သည္ကို သိေနသည္။
ရွဲ!
ထိုစဥ္ တီဗြီမွ ဖန္သားျဖင္သည္ လွ်ပ္စစ္လႈိင္းႏွင့္အတူ တရွဲရွဲျမည္လာသည္။ ထို႔ေနာက္ ဖန္သားျပင္တစ္ခုလုံး ေဖြးစြက္သြားသည္။
ထို႔ေနာက္ တိက်ရွင္းလင္း ျပတ္သားေသာ မ်က္ႏွာထားႏွင့္ ေတာက္ပေသာ မ်က္လုံးတစ္စုံရွိသည့္ အနက္ေရာင္ ဝတ္စုံႏွင့္ လူတစ္ေယာက္ ဖန္သားျပင္ေပၚ၌ ေပၚလာၿပီး ခက္ထန္၍ နတ္ဆိုးဆန္ေသာ မ်က္ႏွာထားျဖင့္ ေျပာလာသည္။
“ႏွစ္ဝက္ေတာင္ ရွိသြားၿပီပဲ။ ညအဖြဲ႕ ျပန္ေပၚလာၿပီ”
ျမင္ကြင္းက ႐ုတ္ခ်ည္းဆိုသလို ေပၚလာျခင္း ျဖစ္သည္။
အရွင္ဝူ၏ ဇနီးက ထိုသတင္းကို ျမင္ၿပီး မ်က္ေမွာင္ၾကဳတ္ကာ ေမးလိုက္မိသည္။
“ဘာျဖစ္တာလဲ။ တီဗြီလိုင္းကမ်ား တစ္ခုခု ျဖစ္ေနတာလား”
သူမ ခ်က္ခ်င္း လိုင္းေျပာင္းလိုက္ခ်င္သည္။ သို႔ေသာ္ ထိုအခ်ိန္တြင္ သူမေဘးမွ အရွင္ဝူက တုန္ယင္လာသည္ကို သူမ ခံစားမိလိုက္သည္။
ထို႔ေနာက္ သူမ သူ႔ကို လွည့္ၾကည့္လိုက္ေသာအခါ သူက တီဗြီဖန္သားျပင္ေပၚမွ လူကို ၾကည့္ၿပီး မ်က္ရည္မ်ား က်ေနသည္။
သူ႔မ်က္ႏွာသည္ စိတ္လႈပ္ရွားမႈကို မဖုံးထားႏိုင္သည့္ဟန္ျဖင့္ နီျမန္းလို႔ေန၏။
“သူ အသက္ရွင္ေနေသးတယ္ … သူ ျပန္လာၿပီ။ ဟားဟား…ငါ့သခင္ႀကီး ျပန္လာၿပီ”
အရွင္ဝူ ခ်က္ခ်င္း တက္ႂကြေပ်ာ္႐ႊင္လာကာ ဆိုဖာေပၚမွ ခ်က္ခ်င္း ခုန္ထလိုက္မိသည္။
“အရွင္ဝူရဲ႕ အေစာင့္တပ္သားေတြ၊ ငါ့အမိန႔္ကို နာခံစမ္း”
အရွင္ဝူ ေအာ္ဟစ္လိုက္မိၿပီးေနာက္ ဒ႑ာရီလာတစ္ပိုင္းအဆင့္ ေျခာက္ေယာက္ ခ်က္ခ်င္း ေပၚလာသည္။ သူတို႔တစ္ေယာက္ခ်င္းစီသည္ အလြန္ သန္မာ၍ မ်က္လုံးမ်ားမွ အလြန္ ၾကမ္းၾကဳတ္ေသာ ခ်ီဓာတ္မ်ားကို ထုတ္လႊတ္ေနသည္။
ထို႔ေနာက္ သူတို႔သည္ ဒူးတစ္ဘက္ေထာက္၍ ၿပိဳင္တူ ႏႈတ္ဆက္လာၾကသည္။
“အရွင္”
ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ေျခာက္ေယာက္လုံးက အရွင္ဝူအား အလြန္ ႐ိုေသေလးစားဟန္မ်ား ျပသလ်က္ ရွိသည္။
သူတို႔အားလုံး ေခါင္းကိုငုံ႔ထားၿပီး သူ႔အား အညံ့ခံေနၾကသည္။ သူ၏ ညီအစ္ကို ေျခာက္ေယာက္အား ၾကည့္ၿပီး အရွင္ဝူက ေတာက္ပစြာ ၿပဳံး၍ ေျပာလိုက္သည္။
“သြားၾကမယ္၊ ငါ့သခင္ႀကီး ျပန္လာၿပီ။ ငါနဲ႔အတူ ငါ့သခင္ႀကီးကို ႏႈတ္ဆက္ဖို႔ လိုက္ခဲ့ၾက”
*ဘာ*
သူ႔စကားေၾကာင့္ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ေျခာက္ေယာက္လုံး နားေဝတိမ္ေတာင္ ျဖစ္သြားရသည္။
*အရွင္ဝူက … အဲ့လူကို ေျပာေနတာမ်ားလား*
အရွင္ဝူသည္ လူတစ္ေယာက္အေၾကာင္း ေန႔တိုင္းနီးပါး ေျပာခဲ့သည္။ ထို႔ေၾကာင့္ ဒ႑ာရီလာ တစ္ပိုင္းအဆင့္ ေျခာက္ေယာက္လုံးက ထိုထူးဆန္းေသာ လူအား အလြန္အမင္း ေလးစားခဲ့သည္မွာ ၾကာၿပီျဖစ္သည္။
သို႔ေသာ္ ယခုအခါတြင္ … သူတို႔သခင္ႀကီး ျပန္ေရာက္လာတာကို သိလိုက္ရသျဖင့္ အလြန္ စိတ္လႈပ္ရွားကာ ထခုန္မိမတတ္ ျဖစ္သြားရသည္။
“အရွင္ဝူ”
ထိုစဥ္ အရွင္ဝူ၏ ဇနီးသည္က ငိုေႂကြးေနသျဖင့္ သူမ၏ လွပေသာ မ်က္ႏွာေပၚ၌ မ်က္ရည္မ်ား စီးက်လို႔ေနသည္။
“အရွင္ဝူ၊ သူက တကယ္ပဲ ရွင့္အတြက္ ဒီေလာက္ အေရးပါတာလား”
သူမစကားေၾကာင့္ အရွင္ဝူက ခ်က္ခ်င္း ရပ္တန႔္သြားသည္။ သူ ေနာက္ျပန္မလွည့္သလို၊ သူ႔မိန္းမ၏ မ်က္ရည္မ်ားျဖင့္ ႐ႊဲစိုေနေသာ မ်က္ႏွာကိုလည္း လွည့္မၾကည့္ရဲပါ။ အသက္ျပင္းျပင္းရႉလိုက္ၿပီးေနာက္ သူက ျပတ္သားေသာ မ်က္ႏွာထားျဖင့္ ေျပာလိုက္သည္။
“ဟုတ္တယ္။ ဆင့္ေခၚခံရၿပီးမွေတာ့ ငါ့အသက္ကို စြန႔္ရမယ္ဆိုရင္ေတာင္မွ ငါ အဲ့ဒီကို သြားမွျဖစ္မယ္”
သူ႔စကားေၾကာင့္ သူမ၏ ေသးသြယ္ေသာ ခႏၶာကိုယ္ေလးက ျပင္းထန္စြာ တုန္ယင္လာၿပီး ပို၍ မ်က္ရည္မ်ား စီးက်ေနေသာ မ်က္ႏွာျဖင့္ ေမးလိုက္သည္။
“ကြၽန္မကေရာ။ ကြၽန္မတို႔ ကေလးေတြကိုေရာ ဘယ္လိုလုပ္မလဲ”
“က်န္းဟဲၿမိဳ႕က ၿမိဳ႕သူၿမိဳ႕သားေတြနဲ႔ ရွင္ရဲ႕ ငယ္သားေတြကိုေရာ ဘယ္လိုလုပ္မလဲ”
“အျခားသူ အားလုံးကို ဘယ္လိုလုပ္မလဲ”
အရွင္ဝူ၏ ဇနီးက ခ်ဳံးပြဲခ် ငိုေႂကြးလလာသည္။ ဘယ္လိုလူက သူမအရွင္၏ အလြန္ ၾကည္ညိဳေလးစားျခင္းကို ခံရသလဲဆိုတာကို သူမ နားမလည္ႏိုင္ပါ။
သူမငိုသံကို ၾကားၿပီး အရွင္ဝူက ေအာင့္သက္သက္ ၿပဳံး၍ ေျပာလိုက္သည္။
“စိတ္မပူပါနဲ႔။ ငါ အရွင္ဝူ စစ္တပ္ကို ႏွစ္ဝက္လုံး ေလ့က်င့္ထားေပးခဲ့ၿပီးၿပီ”
“သူတို႔က ငါတို႔ကို သစၥာရွိပါတယ္။ သူတို႔အားလုံးက သန္မာၾကတယ္။ သူတို႔က ကိုယ့္ကိုယ္စား မင္းနဲ႔ ကိုယ္တို႔ကေလးကိုေရာ က်န္းဟဲၿမိဳ႕က ၿမိဳ႕သူၿမိဳ႕သားေတြကိုပါ ကာကြယ္ႏိုင္ပါတယ္”
*ကြၽန္မ နားလည္ၿပီ*
ထိုအခိုက္မွာပင္ ဘာေၾကာင့္ အရွင္ဝူက အရွင္ဝူ စစ္တပ္ကို ဖြဲ႕စည္းခဲ့ၿပီး သန္မာ၍ သစၥာရွိလာေအာင္ သင္ေပးခဲ့တာလဲ ဆိုသည္ကို သူမ နားလည္သြားၿပီ ျဖစ္သည္။ သူသည္ ယခုလို အခ်ိန္အခါအတြက္ အားလုံးကို ျပင္ဆင္ထားခဲ့ပုံ ရသည္။
ထိုလူတစ္ေယာက္အတြက္ သူ အားလုံးကို လုပ္ထားခဲ့ျခင္း ျဖစ္သည္။
“ဝူလူ”
႐ုတ္တရက္ ဝူလူထံမွ အသံထြက္လာသျဖင့္ သူ႔ဇနီးသည္ ေၾကာင္အသြားရသည္။
“အရွင္ဝူ၊ ရွင္ ဘာေျပာလိုက္တာလဲ”
အရွင္ဝူ၏ ဇနီးသည္က သူေျပာလိုက္သည့္ စကားကို နားမလည္လိုက္ပါ။ သို႔ေသာ္ အရွင္ဝူက သူ၏ အေစာင့္ ေျခာက္ေယာက္ႏွင့္အတူ အိမ္ေတာ္ထဲမွ ထြက္မလာခင္ စကားအခ်ိဳ႕ ထပ္ေျပာခဲ့သည္။
“ကိုယ့္နာမည္က ဝူလူ၊ ညအဖြဲ႕ဝင္၊ နတ္ဆိုးဧကရာဇ္ရဲ႕ ေက်းကြၽန္ ဝူလူ”
*သူ႔နာမည္ပါလား*
ဒါက အရွင္ဝူ၏ နာမည္ျဖစ္သည္။ သူမခင္ပြန္း၏ နာမည္။ အရွင္ဝူ၏ ဇနီးသည္က ငိုေနရင္း ၿပဳံးလိုက္မိသည္။
သူမခင္ပြန္းရဲ႕ နာမည္အစစ္ကို သူမ ပထမဆုံးအႀကိမ္ ၾကားဖူးျခင္း ျဖစ္သည္။ သူမခင္ပြန္း၏ ေက်ာျပင္ကို ေငးၾကည့္ရင္း ခိုင္မာေသာ အၾကည့္မ်ားျဖင့္ ေျပာလိုက္သည္။
“အရွင္ဝူ၊ ရွင္ ခစားတဲ့သူက အႏိုင္မခံ အရႈံးမေပးတဲ့ သူမ်ိဳးပဲ ျဖစ္ရမယ္။ ကြၽန္မ ရွင့္ကို ယုံတယ္”
“ကြၽန္မတို႔ ကေလးေတြ ဒီေလာကထဲကို ေရာက္လာတဲ့အခ်ိန္ ေရာက္ရင္ ကြၽန္မ သူတို႔ကို ပ်ိဳးေထာင္ၿပီးေတာ့ သူတို႔ေတြကို ရွင့္ကို လိုက္ရွာခိုင္းမယ္။ သူတို႔လည္း ရွင္နဲ႔အတူ အဲ့လူကို ခစားလို႔ရတာေပါ့”
“ကြၽန္မ ေသခ်ာေပါက္ အဲ့လိုလုပ္မွာပါ”

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now