Chapter 275

1.3K 170 2
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (19) CHAPTER (275) ဝံပုလွေဘုရင် ပြန်လည်ပေါ်ထွက်လာခြင်း
ဆိုက်ဘေးရီးယားဒေသသည် အာရှမြောက်ပိုင်းရှိ အလွန် ကျယ်ပြောသော ကုန်းမြေဒေသဖြစ်သည်။ ထိုဒေသသည် အနောက်ဘက် ဒေသရှိ ယူရယ်တောင်တန်းမှ စတင်လာပြီး အရှေ့ဘက် ဒေသရှိ ချူကော့စကီး ပင်နီဆူလာ ကျွန်းဆွယ်၌ အဆုံးသတ်သည်။ ထိုဒေသသည် မြောက်ဘက်ရှိ အာတိတ်ဒေသနှင့်နယ်နိမိတ်ထိစပ်နေ၏။
ဆိုက်ဘေးရီးယားအား ငြိမ်သက်အေးချမ်းသော ဒေသဟူ၍ သာမန်လူများကြား၌ ကျော်ကြားသည်။
သို့သော် သိုင်းပညာရှင်များ၏ လောကတွင်တော့ ထိုနေရာသည် အန္တရာယ်ရှိသော သေမင်းနယ်မြေပင်။
သိုင်းပညာရှင်များ၏ လောကတွင် ဆိုက်ဘေးရီးယားမှ အလွန် ထူးချွန်စွာ ရက်စက်ပြီး နာမည်ကြီးသော အင်အားစု သုံးခု ရှိသည်။
ပထမတစ်ခုကတော့ … တစ္ဆေလူသား လေ့ကျင့်ရေးစခန်း။
တစ္ဆေလူသား လေ့ကျင့်ရေးစခန်းသည် တစ္ဆေလူသားများ မွေးဖွားရာနေရာ ဖြစ်သည်။ တစ္ဆေလူသား
တစ်သုတ်ချင်းစီတိုင်းတွင် ကြမ်းကြုတ်သော သိုင်းပညာရှင် အယောက်တစ်ထောင်ကျော် ပါဝင်သည်။
သို့သော် ထိုလူများသည် သေသည်အထိ တိုက်ခိုက်ရန် ဖိအားပေးခံရသည်။ တစ်ယောက်သာလျင် အသက်ရှင်နိုင်၏။
တစ်သုတ်ချင်းစီ၌ အဆုံးထိ အသက်ရှင်ကျန်ရစ်သော တစ္ဆေလူသားသည် အလွန် သန်မာပြီး အရက်စက်ဆုံး သူဖြစ်သည်။
ဒုတိယတစ်ခုကတော့ သေမင်း ပြိုင်ကွင်း။
ကမ္ဘာတစ်ဝှမ်းမှ များစွာသော ရက်စက်သည့် သူများက သေမင်းနယ်မြေသို့ အသေအကျေတိုက်ပွဲများ ဆင်နွှဲရန် ခရီးထွက်လိုကြသည်။
ကြမ်းကြုတ်သော တိုက်ပွဲများကြားမှ သူတို့ ရင့်ကျက်ပြီး တိုက်ပွဲအတွင်း၌ပင် သေဆုံးကြရသည်။ သေမင်းပြိုင်ကွင်းမှ တိုက်ခိုက်ရေးသမားတိုင်း ရာနှင့်ချီသော တိုက်ပွဲများနှင့် ကြုံတွေ့ခဲ့ရပြီး သူတို့နှင့် အဆင့်တူသည့် မည်သူကိုမဆို လွယ်လင့်တကူ သတ်ဖြတ်နိုင်သည်။
တတိယမြောက်တစ်ခုကတော့ သားသတ်သမား အသင်းပင်ဖြစ်သည်။
သားသတ်သမား အသင်းဝင်တစ်ယောက်ချင်းစီတိုင်းသည် အစစ်အမှန် သွေးစွန်း သားသတ်သမား ဖြစ်မလာခင် အနည်းဆုံး လူဆယ်ယောက်မှ အယောက်တစ်ရာအထိ သတ်ကိုသတ်ရမည် ဖြစ်သည်။
ဆိုက်ဘေးရီးယားရှိ ထိပ်တန်း အင်အားစုသုံးခု၏ အဖွဲ့ဝင်များသည် သွေးစွန်းရသည်ကို နှစ်သက်ပြီး တိုက်ပွဲကို ခုံမင်သည့် အရူးများဖြစ်သည်ဟု ဆို၍ ရသည်။
သူတို့သည် ပိုက်ဆံကိုလည်း မကြိုက်သလို အာဏာကိုလည်း လိုချင်စိတ် မရှိပါ။ သူတို့သည် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းအတွက် မွေးဖွာလာခြင်းသာ ဖြစ်သည်။
သို့သော် ယခုအခါတွင် ထို ရက်စက်သော ထိပ်တန်းအင်အားစု သုံးခုသည် ဆိုက်ဘေးရီးားရှိ မြင့်မြတ်သော နယ်မြေထဲမှ မက်စက်သော တောင်ကြားဖြစ်သည့် ဝံပုလွေနတ်ဘုရား တောင်ကြားသို့ ရောက်ရှိနေကြသည်။
လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာက ဆိုက်ဘေးရီးယားရှိ ထိုအင်အားစု သုံးခုကို ဝံပုလွေ နတ်ဘုရားက တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
သူတို့သည် ဝံပုလွေ နတ်ဘုရားနောက် လိုက်၍ ဥရောပ၊ အာရှနှင့် အမေရိကန်တို့ကို ရှင်းလင်း သုတ်သင်ပစ်ခဲ့သည်။
သို့သော် ဝံပုလွေနတ်ဘုရား သေဆုံးသွားပြီးနောက် ထိုထိပ်တန်းအင်အားစု သုံးခုသည် သဲမှုန်ကဲ့သို့ ယိုယွင်းကာ ကွဲထွက်သွားကြသည်။
ရုတ်တရက် တစ္ဆေလူသားများကို ဦးဆောင်လာသော နှုတ်ခမ်းမွှေး ကောက်ကောက်နှင့် လူတစ်ယောက်သည် စိုးရိမ်ပူပန်မှုနှင့် စိတ်လှုပ်ရှားမှုတို့ကြောင့် မျက်နှာ နီမြန်းလာပြီး ဝံပုလွေ နတ်ဘုရား တောင်ကြားမှ နက်ရှိုင်းသော လှိုဏ်ဂူကို လှမ်းကြည့်ရင်း မေးလာသည်။
"အဲ့ဒါ စတင်တော့မှာလား"
ထိုလိုဏ်ဂူသည် ဆာလောင်နေသော ဝံပုလွေ၏ သွေးဆောနေသော ပါးစပ်ကဲ့သို့ ကြောက်မက်ဖွယ် ကောင်းလှသည်။
ကြမ်းကြုတ်သော လူဖြူ သားသတ်သမားတစ်ယောက်က အလွန် တက်ကြွပြီး လောဘကြီးဟန်ဖြင့် ရယ်မောကာ ပြန်ဖြေလာသည်။
"မကြာခင်ပေါ့ကွာ … အခုမှ စရုံပဲ ရှိသေးတယ်"
ထိုကြမ်းကြုတ်သော လူဖြူ သားသတ်သမားသည် သေမင်း တိုက်ခိုက်ရေးသမားဟု လူသိများပြီး လူအိုကြီးတစ်ယောက် ဖြစ်သည်။
ဖြူစွတ်နေသော ဆံပင်နှင့် နီကြင့်ကြင့် အသားအရေ ရှိသော သူသည် စိတ်လှုပ်ရှားမှုကြောင့် ခိုက်ခိုက်တုန်နေပြီး မျက်ရည်ဝဲနေသော မျက်နှာနှင့် ရေရွတ်လိုက်သည်။
"နှစ်ပေါင်း ရာနဲ့ချီခဲ့ပြီ … နောက်ဆုံးတော့ ဝံပုလွေ နတ်ဘုရားက သူ့ရဲ့ အမွေဆက်ခံသူကို ရှာတွေ့ခဲ့ပြီပဲ … ဝံပုလွေ နတ်ဘုရား တောင်ကြားကတော့ တစ်ကမ္ဘာလုံးမှာ သူ့ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည် ရယူနိုင်တော့မှာပဲ"
သိုင်းပညာရှင် သုံးယောက်သာမက သူတို့နောက်မှ တစ္ဆေလူသားများ၊ သားသတ်သမားများနှင့် အသေခံ တိုက်ခိုက်ရေးသမားများအားလုံး စိတ်လှုပ်ရှားမှုကြောင့် ခိုက်ခိုက်တုန်နေကြသည်။
ဝံပုလွေနတ်ဘုရား အသစ်သည် ဆိုက်ဘေးရီးယား၏ အကြီးကျယ်ဆုံး အောင်မြင်မှု ဖြစ်လာပေလိမ့်မည်။
….
ထိုအဖွဲ့များ ဆက်၍ အော်ဟစ်၍ ဩဘာပေးနေကြစဉ်တွင် ဝံပုလွေ နတ်ဘုရား တောင်ကြားတစ်ခုလုံး နားကွဲမတတ် ပေါက်ကွဲသံတစ်ခု ပဲ့တင်ထပ်၍ ထွက်ပေါ်လာသည်။
ထို့နောက် များစွာသော ရေခီစွမ်းအင်များက လှိုဏ်ဂူထဲမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ပန်းပင်များ၊ မြက်ပင်များနှင့် သစ်ပင်များအားလုံး ပိုမို မြင့်မား တောင့်ခိုင်စွာ ရှင်သန်လာပြီး သူတို့၏ ပင်စည်နှင့် အကိုင်းအခက်များက သွေးများ ဖြန်းပက်ခံလိုက်ရသလို နီမြန်းလာသည်။
ထိုစဉ် သိုင်းပညာရှင်အဖွဲ့များကြား၌ ဂျိုးဂျိုးဂျွတ်ဂျွတ်အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
အဆင့်တက်ခြင်း။
အဆင့်တက်ခြင်း။
အဆင့်တက်ခြင်း။
သိုင်းပညာရှင်တစ်ယောက်ချင်းစီတိုင်းသည် သူတို့၏ တိုက်ပွဲဝင်ခွန်အားများ မိုးထိမတတ် တိုးပွားလာသည်ကို ခံစားမိသည်။
ဆရာသခင်အဆင့်များက ဒဏ္ဍာရီတစ်ပိုင်းအဆင့်သို့ အဆင့်တက်သွားကြသည်။
ဒဏ္ဍာရီတစ်ပိုင်းအဆင့်များက ဒဏ္ဍာရီအဆင့်သို့ အဆင့်တက်သွားကြသည်။
သို့ပေမဲ့ ပို၍ ထိတ်လန့်ဖွယ် ကောင်းသည်က နံပါတ်တစ် သွေးစွန်း သားသတ်သမား ဒါးလ်ပင် ဖြစ်သည်။
ဒါးလ်သည် ဒဏ္ဍာရီလာတစ်ပိုင်းအဆင့်သို့ ရောက်နေပြီ ဖြစ်သော်လည်း ထိုအချိန်တွင် ရေခီစွမ်းအင်များစွာကို ရရှိလိုက်သဖြင့် သူ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအားသည် ဖိနှိပ်ချုပ်ကိုင်နိုင်သော ဟန်ဖြင့် တစ်ဟုန်ထိုး မြင့်တက်လာပြီး သူသည် ဒဏ္ဍာရီလာအဆင့်သို့ အဆင့်တက်သွားသည်။
ဘေးပတ်လည်ရှိ လူတိုင်း လုံးဝ နားဝေတိမ်တောင်ဖြစ်သွားကြသည်။ နံပါတ်တစ် သွေးစွန်း သားသတ်သမားက ဒဏ္ဍာရီလာအဆင့်သို့ အဆင့်တက်သွားလိမ့်မည်ဟု သူတို့ ထင်မှတ်မထားခဲ့မိကြပါ။
"ဟားဟား … ဒဏ္ဍာရီလာအဆင့်ကွ … နောက်ဆုံးတော့ ဒီလိုနေ့ကို ရောက်လာပြီပဲ"
ဒါးလ်က အလွန် ပျော်ရွှင်နေသော အပြုံးဖြင့် ပြောလာသည်။ သူ၏ တင်းမာသော မျက်လုံးများ၌ အလွန် ကြောက်မက်ဖွယ်ကောင်းသော လောဘများ ပါဝင်နေသည်။ ထို့နောက် သူက ထပ်ပြောလာသည်။
"ဝံပုလွေ နတ်ဘုရားရဲ့ လျှို့ဝှက်သိုင်းကျမ်းက ငါ့အပိုင်ပဲ … ငါက ဝံပုလွေ နတ်ဘုရား တောင်ကြားရဲ့ အင်အားအကြီးဆုံး သူပဲ"
*ဘာ*
သူ့စကားကြောင့် ကျန်လူများအားလုံး မျက်နှာပျက်သွားကြသည်။ ထို့နောက် သူတို့ ကြည့်နေစဉ်မှာပင် ဒါးလ်က လှိုဏ်ဂူထံသို့ လျှပ်စီးထက်မြန်သော အလျင်ဖြင့် ပြေးဝင်သွားသည်ကို ထိတ်လန့်တကြား တွေ့လိုက်ရသည်။
"သေစမ်း … ဒါးလ်က ဝံပုလွေ နတ်ဘုရားရဲ့ ကျမ်းသစ္စာကို ချိုးဖောက်နေတာပဲ … ဝံပုလွေဘုရင် ဒုက္ခရောက်ပြီ"
တစ္ဆေလူသားများ၏ ခေါင်းဆောင်က ချက်ချင်း ဒေါပွလာကာ နံပါတ်တစ် သွေးစွန်း သားသတ်သမားအား တားဆီးလိုက်သည်။ သို့သော် နံပါတ်တစ် သွေးစွန်းသားသတ်သမားက သူ့အား အဝေးသို့ ရိုက်ပုတ်လိုက်သည်။
ထို့အတူ ဘေးပတ်လည်မှ များစွာသော တစ္ဆေလူသားများ၊ သွေးစွန်းသားသတ်သမားများနှင့် အသေခံ တိုက်ခိုက်ရေးသမားများ နောက်သို့ လွင့်ထွက်သွားကြသည်။
ထို့နောက် ဒါးလ်က လိုဏ်ဂူထံသို့ အသံထက် မြန်သောနှုန်းဖြင့် လျင်မြန်စွာ ပြေးဝင်သွားသည်။
"ခွေးမသား"
ဤအဖြစ်ကြောင့် အခြားသူများအားလုံး ထိတ်လန့်ကာ ဒေါသူပုန်ထသွားကြသည်။ ဒါးလ်က ယခုလို အချိန်ကို အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်ကြောင်း သူတို့ ယခုမှ သိရှိသွားကြသည်။ သေဆုံးသွားသော ဝံပုလွေ နတ်ဘုရားထံမှ အလွန် ရှေးကျသော လျှို့ဝှက်သိုင်းကျမ်းအား ဝံပုလွေဘုရင်အသစ် မရရှိခင် သူ ဒဏ္ဍာရီလာအဆင့်သို့ ရောက်ရှိရန် စောင့်နေခဲ့ခြင်းပင်။
အကယ်၍ သူ့၌ အခွင့်အရေးသာ ရလာပါက သူသည် ဝံပုလွေဘုရင်အသစ်အား သတ်ပြီး သေဆုံးသွားသော ဝံပုလွေ နတ်ဘုရားထံမှ အလွန် ရှေးကျသော လျှို့ဝှက်သိုင်းကျမ်းအား ရယူမည်ဖြစ်သည်။
အခြားသူများ ဒါးလ်၏ အကြံကို ရိပ်မိသွားပြီနောက် သူတို့၏ မျက်နျာများက အလွန်ပြာနှမ်းသွားကြသည်။
"ဟားဟား … အဲ့ဒါ ငါ့အပိုင်ပဲ … ဝံပုလွေ နတ်ဘုရားရဲ့ လျှို့ဝှက်သိုင်းကျမ်းကို သားသတ်မား ဒါးလ်ဆိုတဲ့ ငါပဲ ပိုင်တယ်"
ဒါးလ်က ပျော်ရွှင်စွာ ပြောဆိုလိုက်ပြီး လိုဏ်ဂူထဲသို့ လှစ်ခနဲ ဝင်ရောက်သွားသည်။
ဘုန်း!
တစ်ခဏကြာသော် သူသည် ကြောက်လန့်တကြား နောက်ပြန်ဆုတ်လာရသည်။ သူ လိုဏ်ဂူအဝသို့ ခြေချလိုက်သည်နှင့် တစ်စုံတစ်ယောက်က သူ့ရင်ဘတ်အား အားနှင့် ကန်ကျောက်လိုက်သည်။
ထို့နောက် သူသည် ဆယ်မီတာခန့် လွင့်ထွက်သွားပြီးမှ ရုတ်တရက် ရပ်တန့်လိုက်ရသည်။
"သေစမ်း … အဲ့ဒါ ဘယ်သူလဲကွ"
သားသတ်မား ဒါးလ်က တင်းမာနေသော မျက်နှာထားဖြင့် မေးလိုက်သည်။ အခြားသူများအားလုံး လုံးဝ တွေဝေသွားကြသည်။
ထိုစဉ် သူတို့ ခြေသံတစ်ချို့ကို ကြားလိုက်ရသည်။ ထို့နောက် လိုက်ဂူထဲမှ လူတစ်ယောက် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
သူ့ပုံစံသည် အလွန် ရက်စက်ပုံရသည်။
"မင်းကိုး"
သားသတ်သမား ဒါးလ်က လှောင်ရယ်၍ ဆက်ပြောလိုက်သည်။
"ဟီးဟီး … ကောင်စုတ်လေး … မင်း ငါ့ကို ဝံပုလွေ နတ်ဘုရားရဲ့ လျှို့ဝှက် သိုင်းကျမ်း ပေးမယ်ဆိုရင် ငါ မင်းကို အသက်ရှင်ခွင့် ပေးမယ် … မဟုတ်ရင်တော့ …"
သားသတ်သမား ဒါးလ် စကားမဆုံးခင်မှာပင် ထိုလူငယ်သည် မြားတစ်စင်းကဲ့သို့ ရှေ့သို့ လှစ်ခနဲ ပြေးထွက်လာသည်။
ဒုန်း!
သူသည် သားသတ်သမား ဒါးလ်၏ရင်ဘတ်အား ဖိနှိပ်ထားနိုင်သော ဟန်ပန်ဖြင့် ထိုးနှက်လိုက်သည်။
ဂျွတ်!
သားသတ်သမား ဒါးလ်၏ ရင်ညွန့်ရိုး ကျိုးသွားကာ နောက်သို့ လွင့်ထွက်သွားရသည်။ ထို့နောက် ထိုလူငယ်လေးသည် ရက်စက်သော သေမင်းနတ်ဘုရားတစ်ပါး အသွင်သို့ ပြောင်းလဲသွားသည်။
ထို့နောက်တွင်မူ သူသည် ဒါးလ်နောက်သို့ လိုက်ကာ ဆက်တိုက် ထိုးနှက်လေသည်။
ဘုန်း! ဘုန်း! ဘုန်း!
ကြောက်မက်ဖွယ်ကောင်းသော အရိုးကျိုးသံများကို ကြားပြီး အခြားသူများ ကြက်သီးတဖြန်းဖြန်း ထသွားရသည်။
ဒဏ္ဍာရီလာ တစ်ပိုင်းအဆင့်က ဤမျှ အကာအကွယ် မဲ့လောက်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့မိကြပါ။
ထိုသူက လုံးဝကို ဖိနှိပ်ထားနိုင်ခြင်း ဖြစ်သည်။
ကြောက်မက်ဖွယ်ကောင်းလှသည်။ ထိတ်လန့်ဖွယ်ကောင်းလှ၏။
ဒါးလ်တောင်မှ မှင်တက်သွားရသည်။ သူ့ပြိုင်ဘက်ကြောင့် သူ လုံးဝ သေးနုပ်သွားသလို သူ ခံစားမိသည်။
ပြိုင်ဘက်သည် ကြောက်မက်ဖွယ်ကောင်းသည့် သားရဲကောင်ကြီးလိုပင် သို့သော် သူသည် တစ်ချက်ကလေးမှ ပြန်လည် မတိုက်ခိုက်နိုင်ချေ။
"ခွင့်လွှတ်ပေးပါ ဝံပုလွေဘုရင် ခင်ဗျား … ခင်ဗျား နိုင်ပါတယ် … ကျုပ် ခင်ဗျားရဲ့ လက်အောက်ငယ်သား ဖြစ်ချင်ပါတယ် … ခင်ဗျားကို အရိုသေဆုံး ကျေးကျွန် ဖြစ်လာစေရပါမယ်"
ဒါးလ်သည် သေမတတ် ကြောက်လန့်ပြီး သံကုန်ဟစ်၍ ပြောဆိုလိုက်သည်။ သို့သော် သူ့စကားကြောင့် လူငယ်လေးက အနည်းငယ် သွေးဆာနေသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
"ကတိသစ္စာ ဖောက်ဖျက်တဲ့သူကို ဘယ်တော့မှ မယုံရဘူးလို့ ငါ့သခင်ကြီးက ငါ့ကို ပြောဖူးတယ်"
"ဒါကြောင့် သေလိုက်တော့"
*ဘာ*
သားသတ်သမား ဒါးလ် မှင်တက်သွားပြီးနောက် သေမတတ် ကြောက်ရွံ့သွားသည်။ ထို့နောက် သူ့ပြိုင်ဘက်က သူ့အား အားနှင့် ထိုးနှက်လိုက်သည်။
ဒုန်း!
ဒဏ္ဍာရီလာ အဆင့်ရောက်နေသော သူ၏ ခန္ဓာကိုယ်က လုံးဝ ပေါက်ကွဲထွက်သွားသည်။
*သူ သေသွားပြီ*
ဒဏ္ဍာရီလာအဆင့်သို့ ယခုလေးတင် အဆင့်တက်သွားသည့်သူက မည်သည့် တန်ပြန်တိုက်စစ်မှ မပြုလိုက်ရဘဲ ပေါက်ကွဲထွက်သွားရသည်။
ဤမြင်ကွင်းကြောင့် အခြားသူများ ထိတ်လန့်သွားကြသည်။ တစ်ခဏကြာသော် တစ္ဆေလူသားများ၊ သွေးစွန်းသားသတ်သမားများနှင့် အသေခံ တိုက်ခိုက်ရေးသမားများ အားလုံး အလွန် ရူးသွပ်ပျော်ရွှင်သွားသော မျက်နှာဖြင့် ဒူးထောက်ချကာ ပြိုင်တူနှုတ်ဆက်လိုက်ကြသည်။
"ဝံပုလွေဘုရင်ကို ဂါရဝပြုပါတယ် "
ထိုအသံများက ကမ္ဘာတုန်မတတ် ပဲ့တင်ထပ်သွားရသည်။
ဆိုက်ဘေးရီးယား ဝံပုလွေဘုရင်အသစ် မွေးဖွားလာချေပြီ။
#ZAWGYI
စာစဥ္ (19) CHAPTER (275) ဝံပုေလြဘုရင္ ျပန္လည္ေပၚထြက္လာျခင္း
ဆိုက္ေဘးရီးယားေဒသသည္ အာရွေျမာက္ပိုင္းရွိ အလြန္ က်ယ္ေျပာေသာ ကုန္းေျမေဒသျဖစ္သည္။ ထိုေဒသသည္ အေနာက္ဘက္ ေဒသရွိ ယူရယ္ေတာင္တန္းမွ စတင္လာၿပီး အေရွ႕ဘက္ ေဒသရွိ ခ်ဴေကာ့စကီး ပင္နီဆူလာ ကြၽန္းဆြယ္၌ အဆုံးသတ္သည္။ ထိုေဒသသည္ ေျမာက္ဘက္ရွိ အာတိတ္ေဒသႏွင့္နယ္နိမိတ္ထိစပ္ေန၏။
ဆိုက္ေဘးရီးယားအား ၿငိမ္သက္ေအးခ်မ္းေသာ ေဒသဟူ၍ သာမန္လူမ်ားၾကား၌ ေက်ာ္ၾကားသည္။
သို႔ေသာ္ သိုင္းပညာရွင္မ်ား၏ ေလာကတြင္ေတာ့ ထိုေနရာသည္ အႏၲရာယ္ရွိေသာ ေသမင္းနယ္ေျမပင္။
သိုင္းပညာရွင္မ်ား၏ ေလာကတြင္ ဆိုက္ေဘးရီးယားမွ အလြန္ ထူးခြၽန္စြာ ရက္စက္ၿပီး နာမည္ႀကီးေသာ အင္အားစု သုံးခု ရွိသည္။
ပထမတစ္ခုကေတာ့ … တေစၦလူသား ေလ့က်င့္ေရးစခန္း။
တေစၦလူသား ေလ့က်င့္ေရးစခန္းသည္ တေစၦလူသားမ်ား ေမြးဖြားရာေနရာ ျဖစ္သည္။ တေစၦလူသား
တစ္သုတ္ခ်င္းစီတိုင္းတြင္ ၾကမ္းၾကဳတ္ေသာ သိုင္းပညာရွင္ အေယာက္တစ္ေထာင္ေက်ာ္ ပါဝင္သည္။
သို႔ေသာ္ ထိုလူမ်ားသည္ ေသသည္အထိ တိုက္ခိုက္ရန္ ဖိအားေပးခံရသည္။ တစ္ေယာက္သာလ်င္ အသက္ရွင္ႏိုင္၏။
တစ္သုတ္ခ်င္းစီ၌ အဆုံးထိ အသက္ရွင္က်န္ရစ္ေသာ တေစၦလူသားသည္ အလြန္ သန္မာၿပီး အရက္စက္ဆုံး သူျဖစ္သည္။
ဒုတိယတစ္ခုကေတာ့ ေသမင္း ၿပိဳင္ကြင္း။
ကမာၻတစ္ဝွမ္းမွ မ်ားစြာေသာ ရက္စက္သည့္ သူမ်ားက ေသမင္းနယ္ေျမသို႔ အေသအေက်တိုက္ပြဲမ်ား ဆင္ႏႊဲရန္ ခရီးထြက္လိုၾကသည္။
ၾကမ္းၾကဳတ္ေသာ တိုက္ပြဲမ်ားၾကားမွ သူတို႔ ရင့္က်က္ၿပီး တိုက္ပြဲအတြင္း၌ပင္ ေသဆုံးၾကရသည္။ ေသမင္းၿပိဳင္ကြင္းမွ တိုက္ခိုက္ေရးသမားတိုင္း ရာႏွင့္ခ်ီေသာ တိုက္ပြဲမ်ားႏွင့္ ႀကဳံေတြ႕ခဲ့ရၿပီး သူတို႔ႏွင့္ အဆင့္တူသည့္ မည္သူကိုမဆို လြယ္လင့္တကူ သတ္ျဖတ္ႏိုင္သည္။
တတိယေျမာက္တစ္ခုကေတာ့ သားသတ္သမား အသင္းပင္ျဖစ္သည္။
သားသတ္သမား အသင္းဝင္တစ္ေယာက္ခ်င္းစီတိုင္းသည္ အစစ္အမွန္ ေသြးစြန္း သားသတ္သမား ျဖစ္မလာခင္ အနည္းဆုံး လူဆယ္ေယာက္မွ အေယာက္တစ္ရာအထိ သတ္ကိုသတ္ရမည္ ျဖစ္သည္။
ဆိုက္ေဘးရီးယားရွိ ထိပ္တန္း အင္အားစုသုံးခု၏ အဖြဲ႕ဝင္မ်ားသည္ ေသြးစြန္းရသည္ကို ႏွစ္သက္ၿပီး တိုက္ပြဲကို ခုံမင္သည့္ အ႐ူးမ်ားျဖစ္သည္ဟု ဆို၍ ရသည္။
သူတို႔သည္ ပိုက္ဆံကိုလည္း မႀကိဳက္သလို အာဏာကိုလည္း လိုခ်င္စိတ္ မရွိပါ။ သူတို႔သည္ တိုက္ခိုက္ျခင္းႏွင့္ သတ္ျဖတ္ျခင္းအတြက္ ေမြးဖြာလာျခင္းသာ ျဖစ္သည္။
သို႔ေသာ္ ယခုအခါတြင္ ထို ရက္စက္ေသာ ထိပ္တန္းအင္အားစု သုံးခုသည္ ဆိုက္ေဘးရီးယားရွိ ျမင့္ျမတ္ေသာ နယ္ေျမထဲမွ မက္စက္ေသာ ေတာင္ၾကားျဖစ္သည့္ ဝံပုေလြနတ္ဘုရား ေတာင္ၾကားသို႔ ေရာက္ရွိေနၾကသည္။
လြန္ခဲ့သည့္ ႏွစ္ရာေပါင္းမ်ားစြာက ဆိုက္ေဘးရီးယားရွိ ထိုအင္အားစု သုံးခုကို ဝံပုေလြ နတ္ဘုရားက တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။
သူတို႔သည္ ဝံပုေလြ နတ္ဘုရားေနာက္ လိုက္၍ ဥေရာပ၊ အာရွႏွင့္ အေမရိကန္တို႔ကို ရွင္းလင္း သုတ္သင္ပစ္ခဲ့သည္။
သို႔ေသာ္ ဝံပုေလြနတ္ဘုရား ေသဆုံးသြားၿပီးေနာက္ ထိုထိပ္တန္းအင္အားစု သုံးခုသည္ သဲမႈန္ကဲ့သို႔ ယိုယြင္းကာ ကြဲထြက္သြားၾကသည္။
႐ုတ္တရက္ တေစၦလူသားမ်ားကို ဦးေဆာင္လာေသာ ႏႈတ္ခမ္းေမႊး ေကာက္ေကာက္ႏွင့္ လူတစ္ေယာက္သည္ စိုးရိမ္ပူပန္မႈႏွင့္ စိတ္လႈပ္ရွားမႈတို႔ေၾကာင့္ မ်က္ႏွာ နီျမန္းလာၿပီး ဝံပုေလြ နတ္ဘုရား ေတာင္ၾကားမွ နက္ရႈိင္းေသာ လႈိဏ္ဂူကို လွမ္းၾကည့္ရင္း ေမးလာသည္။
"အဲ့ဒါ စတင္ေတာ့မွာလား"
ထိုလိုဏ္ဂူသည္ ဆာေလာင္ေနေသာ ဝံပုေလြ၏ ေသြးေဆာေနေသာ ပါးစပ္ကဲ့သို႔ ေၾကာက္မက္ဖြယ္ ေကာင္းလွသည္။
ၾကမ္းၾကဳတ္ေသာ လူျဖဴ သားသတ္သမားတစ္ေယာက္က အလြန္ တက္ႂကြၿပီး ေလာဘႀကီးဟန္ျဖင့္ ရယ္ေမာကာ ျပန္ေျဖလာသည္။
"မၾကာခင္ေပါ့ကြာ … အခုမွ စ႐ုံပဲ ရွိေသးတယ္"
ထိုၾကမ္းၾကဳတ္ေသာ လူျဖဴ သားသတ္သမားသည္ ေသမင္း တိုက္ခိုက္ေရးသမားဟု လူသိမ်ားၿပီး လူအိုႀကီးတစ္ေယာက္ ျဖစ္သည္။
ျဖဴစြတ္ေနေသာ ဆံပင္ႏွင့္ နီၾကင့္ၾကင့္ အသားအေရ ရွိေသာ သူသည္ စိတ္လႈပ္ရွားမႈေၾကာင့္ ခိုက္ခိုက္တုန္ေနၿပီး မ်က္ရည္ဝဲေနေသာ မ်က္ႏွာႏွင့္ ေရ႐ြတ္လိုက္သည္။
"ႏွစ္ေပါင္း ရာနဲ႔ခ်ီခဲ့ၿပီ … ေနာက္ဆုံးေတာ့ ဝံပုေလြ နတ္ဘုရားက သူ႔ရဲ႕ အေမြဆက္ခံသူကို ရွာေတြ႕ခဲ့ၿပီပဲ … ဝံပုေလြ နတ္ဘုရား ေတာင္ၾကားကေတာ့ တစ္ကမာၻလုံးမွာ သူ႔ရဲ႕ ဂုဏ္က်က္သေရကို ျပန္လည္ ရယူႏိုင္ေတာ့မွာပဲ"
သိုင္းပညာရွင္ သုံးေယာက္သာမက သူတို႔ေနာက္မွ တေစၦလူသားမ်ား၊ သားသတ္သမားမ်ားႏွင့္ အေသခံ တိုက္ခိုက္ေရးသမားမ်ားအားလုံး စိတ္လႈပ္ရွားမႈေၾကာင့္ ခိုက္ခိုက္တုန္ေနၾကသည္။
ဝံပုေလြနတ္ဘုရား အသစ္သည္ ဆိုက္ေဘးရီးယား၏ အႀကီးက်ယ္ဆုံး ေအာင္ျမင္မႈ ျဖစ္လာေပလိမ့္မည္။
….
ထိုအဖြဲ႕မ်ား ဆက္၍ ေအာ္ဟစ္၍ ဩဘာေပးေနၾကစဥ္တြင္ ဝံပုေလြ နတ္ဘုရား ေတာင္ၾကားတစ္ခုလုံး နားကြဲမတတ္ ေပါက္ကြဲသံတစ္ခု ပဲ့တင္ထပ္၍ ထြက္ေပၚလာသည္။
ထို႔ေနာက္ မ်ားစြာေသာ ေရခီစြမ္းအင္မ်ားက လႈိဏ္ဂူထဲမွ ထြက္ေပၚလာသည္။ တစ္ခ်ိန္တည္းမွာပင္ ပန္းပင္မ်ား၊ ျမက္ပင္မ်ားႏွင့္ သစ္ပင္မ်ားအားလုံး ပိုမို ျမင့္မား ေတာင့္ခိုင္စြာ ရွင္သန္လာၿပီး သူတို႔၏ ပင္စည္ႏွင့္ အကိုင္းအခက္မ်ားက ေသြးမ်ား ျဖန္းပက္ခံလိုက္ရသလို နီျမန္းလာသည္။
ထိုစဥ္ သိုင္းပညာရွင္အဖြဲ႕မ်ားၾကား၌ ဂ်ိဳးဂ်ိဳးဂြၽတ္ဂြၽတ္အသံမ်ား ဆက္တိုက္ ထြက္ေပၚလာသည္။
အဆင့္တက္ျခင္း။
အဆင့္တက္ျခင္း။
အဆင့္တက္ျခင္း။
သိုင္းပညာရွင္တစ္ေယာက္ခ်င္းစီတိုင္းသည္ သူတို႔၏ တိုက္ပြဲဝင္ခြန္အားမ်ား မိုးထိမတတ္ တိုးပြားလာသည္ကို ခံစားမိသည္။
ဆရာသခင္အဆင့္မ်ားက ဒ႑ာရီတစ္ပိုင္းအဆင့္သို႔ အဆင့္တက္သြားၾကသည္။
ဒ႑ာရီတစ္ပိုင္းအဆင့္မ်ားက ဒ႑ာရီအဆင့္သို႔ အဆင့္တက္သြားၾကသည္။
သို႔ေပမဲ့ ပို၍ ထိတ္လန႔္ဖြယ္ ေကာင္းသည္က နံပါတ္တစ္ ေသြးစြန္း သားသတ္သမား ဒါးလ္ပင္ ျဖစ္သည္။
ဒါးလ္သည္ ဒ႑ာရီလာတစ္ပိုင္းအဆင့္သို႔ ေရာက္ေနၿပီ ျဖစ္ေသာ္လည္း ထိုအခ်ိန္တြင္ ေရခီစြမ္းအင္မ်ားစြာကို ရရွိလိုက္သျဖင့္ သူ စူးစူးဝါးဝါး ေအာ္ဟစ္လိုက္သည္။
သူ၏ စိတ္ဝိညာဥ္စြမ္းအားသည္ ဖိႏွိပ္ခ်ဳပ္ကိုင္ႏိုင္ေသာ ဟန္ျဖင့္ တစ္ဟုန္ထိုး ျမင့္တက္လာၿပီး သူသည္ ဒ႑ာရီလာအဆင့္သို႔ အဆင့္တက္သြားသည္။
ေဘးပတ္လည္ရွိ လူတိုင္း လုံးဝ နားေဝတိမ္ေတာင္ျဖစ္သြားၾကသည္။ နံပါတ္တစ္ ေသြးစြန္း သားသတ္သမားက ဒ႑ာရီလာအဆင့္သို႔ အဆင့္တက္သြားလိမ့္မည္ဟု သူတို႔ ထင္မွတ္မထားခဲ့မိၾကပါ။
"ဟားဟား … ဒ႑ာရီလာအဆင့္ကြ … ေနာက္ဆုံးေတာ့ ဒီလိုေန႔ကို ေရာက္လာၿပီပဲ"
ဒါးလ္က အလြန္ ေပ်ာ္႐ႊင္ေနေသာ အၿပဳံးျဖင့္ ေျပာလာသည္။ သူ၏ တင္းမာေသာ မ်က္လုံးမ်ား၌ အလြန္ ေၾကာက္မက္ဖြယ္ေကာင္းေသာ ေလာဘမ်ား ပါဝင္ေနသည္။ ထို႔ေနာက္ သူက ထပ္ေျပာလာသည္။
"ဝံပုေလြ နတ္ဘုရားရဲ႕ လွ်ိဳ႕ဝွက္သိုင္းက်မ္းက ငါ့အပိုင္ပဲ … ငါက ဝံပုေလြ နတ္ဘုရား ေတာင္ၾကားရဲ႕ အင္အားအႀကီးဆုံး သူပဲ"
*ဘာ*
သူ႔စကားေၾကာင့္ က်န္လူမ်ားအားလုံး မ်က္ႏွာပ်က္သြားၾကသည္။ ထို႔ေနာက္ သူတို႔ ၾကည့္ေနစဥ္မွာပင္ ဒါးလ္က လႈိဏ္ဂူထံသို႔ လွ်ပ္စီးထက္ျမန္ေသာ အလ်င္ျဖင့္ ေျပးဝင္သြားသည္ကို ထိတ္လန႔္တၾကား ေတြ႕လိုက္ရသည္။
"ေသစမ္း … ဒါးလ္က ဝံပုေလြ နတ္ဘုရားရဲ႕ က်မ္းသစၥာကို ခ်ိဳးေဖာက္ေနတာပဲ … ဝံပုေလြဘုရင္ ဒုကၡေရာက္ၿပီ"
တေစၦလူသားမ်ား၏ ေခါင္းေဆာင္က ခ်က္ခ်င္း ေဒါပြလာကာ နံပါတ္တစ္ ေသြးစြန္း သားသတ္သမားအား တားဆီးလိုက္သည္။ သို႔ေသာ္ နံပါတ္တစ္ ေသြးစြန္းသားသတ္သမားက သူ႔အား အေဝးသို႔ ႐ိုက္ပုတ္လိုက္သည္။
ထို႔အတူ ေဘးပတ္လည္မွ မ်ားစြာေသာ တေစၦလူသားမ်ား၊ ေသြးစြန္းသားသတ္သမားမ်ားႏွင့္ အေသခံ တိုက္ခိုက္ေရးသမားမ်ား ေနာက္သို႔ လြင့္ထြက္သြားၾကသည္။
ထို႔ေနာက္ ဒါးလ္က လိုဏ္ဂူထံသို႔ အသံထက္ ျမန္ေသာႏႈန္းျဖင့္ လ်င္ျမန္စြာ ေျပးဝင္သြားသည္။
"ေခြးမသား"
ဤအျဖစ္ေၾကာင့္ အျခားသူမ်ားအားလုံး ထိတ္လန႔္ကာ ေဒါသူပုန္ထသြားၾကသည္။ ဒါးလ္က ယခုလို အခ်ိန္ကို အခ်ိန္အေတာ္ၾကာ ေစာင့္ဆိုင္းေနခဲ့ျခင္း ျဖစ္ေၾကာင္း သူတို႔ ယခုမွ သိရွိသြားၾကသည္။ ေသဆုံးသြားေသာ ဝံပုေလြ နတ္ဘုရားထံမွ အလြန္ ေရွးက်ေသာ လွ်ိဳ႕ဝွက္သိုင္းက်မ္းအား ဝံပုေလြဘုရင္အသစ္ မရရွိခင္ သူ ဒ႑ာရီလာအဆင့္သို႔ ေရာက္ရွိရန္ ေစာင့္ေနခဲ့ျခင္းပင္။
အကယ္၍ သူ႔၌ အခြင့္အေရးသာ ရလာပါက သူသည္ ဝံပုေလြဘုရင္အသစ္အား သတ္ၿပီး ေသဆုံးသြားေသာ ဝံပုေလြ နတ္ဘုရားထံမွ အလြန္ ေရွးက်ေသာ လွ်ိဳ႕ဝွက္သိုင္းက်မ္းအား ရယူမည္ျဖစ္သည္။
အျခားသူမ်ား ဒါးလ္၏ အႀကံကို ရိပ္မိသြားၿပီေနာက္ သူတို႔၏ မ်က္န်ာမ်ားက အလြန္ျပာႏွမ္းသြားၾကသည္။
"ဟားဟား … အဲ့ဒါ ငါ့အပိုင္ပဲ … ဝံပုေလြ နတ္ဘုရားရဲ႕ လွ်ိဳ႕ဝွက္သိုင္းက်မ္းကို သားသတ္မား ဒါးလ္ဆိုတဲ့ ငါပဲ ပိုင္တယ္"
ဒါးလ္က ေပ်ာ္႐ႊင္စြာ ေျပာဆိုလိုက္ၿပီး လိုဏ္ဂူထဲသို႔ လွစ္ခနဲ ဝင္ေရာက္သြားသည္။
ဘုန္း!
တစ္ခဏၾကာေသာ္ သူသည္ ေၾကာက္လန႔္တၾကား ေနာက္ျပန္ဆုတ္လာရသည္။ သူ လိုဏ္ဂူအဝသို႔ ေျခခ်လိုက္သည္ႏွင့္ တစ္စုံတစ္ေယာက္က သူ႔ရင္ဘတ္အား အားႏွင့္ ကန္ေက်ာက္လိုက္သည္။
ထို႔ေနာက္ သူသည္ ဆယ္မီတာခန႔္ လြင့္ထြက္သြားၿပီးမွ ႐ုတ္တရက္ ရပ္တန႔္လိုက္ရသည္။
"ေသစမ္း … အဲ့ဒါ ဘယ္သူလဲကြ"
သားသတ္မား ဒါးလ္က တင္းမာေနေသာ မ်က္ႏွာထားျဖင့္ ေမးလိုက္သည္။ အျခားသူမ်ားအားလုံး လုံးဝ ေတြေဝသြားၾကသည္။
ထိုစဥ္ သူတို႔ ေျခသံတစ္ခ်ိဳ႕ကို ၾကားလိုက္ရသည္။ ထို႔ေနာက္ လိုက္ဂူထဲမွ လူတစ္ေယာက္ ျဖည္းျဖည္းခ်င္း ထြက္ေပၚလာသည္။
သူ႔ပုံစံသည္ အလြန္ ရက္စက္ပုံရသည္။
"မင္းကိုး"
သားသတ္သမား ဒါးလ္က ေလွာင္ရယ္၍ ဆက္ေျပာလိုက္သည္။
"ဟီးဟီး … ေကာင္စုတ္ေလး … မင္း ငါ့ကို ဝံပုေလြ နတ္ဘုရားရဲ႕ လွ်ိဳ႕ဝွက္ သိုင္းက်မ္း ေပးမယ္ဆိုရင္ ငါ မင္းကို အသက္ရွင္ခြင့္ ေပးမယ္ … မဟုတ္ရင္ေတာ့ …"
သားသတ္သမား ဒါးလ္ စကားမဆုံးခင္မွာပင္ ထိုလူငယ္သည္ ျမားတစ္စင္းကဲ့သို႔ ေရွ႕သို႔ လွစ္ခနဲ ေျပးထြက္လာသည္။
ဒုန္း!
သူသည္ သားသတ္သမား ဒါးလ္၏ရင္ဘတ္အား ဖိႏွိပ္ထားႏိုင္ေသာ ဟန္ပန္ျဖင့္ ထိုးႏွက္လိုက္သည္။
ဂြၽတ္!
သားသတ္သမား ဒါးလ္၏ ရင္ၫြန႔္႐ိုး က်ိဳးသြားကာ ေနာက္သို႔ လြင့္ထြက္သြားရသည္။ ထို႔ေနာက္ ထိုလူငယ္ေလးသည္ ရက္စက္ေသာ ေသမင္းနတ္ဘုရားတစ္ပါး အသြင္သို႔ ေျပာင္းလဲသြားသည္။
ထို႔ေနာက္တြင္မူ သူသည္ ဒါးလ္ေနာက္သို႔ လိုက္ကာ ဆက္တိုက္ ထိုးႏွက္ေလသည္။
ဘုန္း! ဘုန္း! ဘုန္း!
ေၾကာက္မက္ဖြယ္ေကာင္းေသာ အ႐ိုးက်ိဳးသံမ်ားကို ၾကားၿပီး အျခားသူမ်ား ၾကက္သီးတျဖန္းျဖန္း ထသြားရသည္။
ဒ႑ာရီလာ တစ္ပိုင္းအဆင့္က ဤမွ် အကာအကြယ္ မဲ့ေလာက္မည္ဟု မည္သူမွ် ထင္မွတ္မထားခဲ့မိၾကပါ။
ထိုသူက လုံးဝကို ဖိႏွိပ္ထားႏိုင္ျခင္း ျဖစ္သည္။
ေၾကာက္မက္ဖြယ္ေကာင္းလွသည္။ ထိတ္လန႔္ဖြယ္ေကာင္းလွ၏။
ဒါးလ္ေတာင္မွ မွင္တက္သြားရသည္။ သူ႔ၿပိဳင္ဘက္ေၾကာင့္ သူ လုံးဝ ေသးႏုပ္သြားသလို သူ ခံစားမိသည္။
ၿပိဳင္ဘက္သည္ ေၾကာက္မက္ဖြယ္ေကာင္းသည့္ သားရဲေကာင္ႀကီးလိုပင္ သို႔ေသာ္ သူသည္ တစ္ခ်က္ကေလးမွ ျပန္လည္ မတိုက္ခိုက္ႏိုင္ေခ်။
"ခြင့္လႊတ္ေပးပါ ဝံပုေလြဘုရင္ ခင္ဗ်ား … ခင္ဗ်ား ႏိုင္ပါတယ္ … က်ဳပ္ ခင္ဗ်ားရဲ႕ လက္ေအာက္ငယ္သား ျဖစ္ခ်င္ပါတယ္ … ခင္ဗ်ားကို အ႐ိုေသဆုံး ေက်းကြၽန္ ျဖစ္လာေစရပါမယ္"
ဒါးလ္သည္ ေသမတတ္ ေၾကာက္လန႔္ၿပီး သံကုန္ဟစ္၍ ေျပာဆိုလိုက္သည္။ သို႔ေသာ္ သူ႔စကားေၾကာင့္ လူငယ္ေလးက အနည္းငယ္ ေသြးဆာေနေသာ အၿပဳံးျဖင့္ ျပန္ေျပာလိုက္သည္။
"ကတိသစၥာ ေဖာက္ဖ်က္တဲ့သူကို ဘယ္ေတာ့မွ မယုံရဘူးလို႔ ငါ့သခင္ႀကီးက ငါ့ကို ေျပာဖူးတယ္"
"ဒါေၾကာင့္ ေသလိုက္ေတာ့"
*ဘာ*
သားသတ္သမား ဒါးလ္ မွင္တက္သြားၿပီးေနာက္ ေသမတတ္ ေၾကာက္႐ြံ႕သြားသည္။ ထို႔ေနာက္ သူ႔ၿပိဳင္ဘက္က သူ႔အား အားႏွင့္ ထိုးႏွက္လိုက္သည္။
ဒုန္း!
ဒ႑ာရီလာ အဆင့္ေရာက္ေနေသာ သူ၏ ခႏၶာကိုယ္က လုံးဝ ေပါက္ကြဲထြက္သြားသည္။
*သူ ေသသြားၿပီ*
ဒ႑ာရီလာအဆင့္သို႔ ယခုေလးတင္ အဆင့္တက္သြားသည့္သူက မည္သည့္ တန္ျပန္တိုက္စစ္မွ မျပဳလိုက္ရဘဲ ေပါက္ကြဲထြက္သြားရသည္။
ဤျမင္ကြင္းေၾကာင့္ အျခားသူမ်ား ထိတ္လန႔္သြားၾကသည္။ တစ္ခဏၾကာေသာ္ တေစၦလူသားမ်ား၊ ေသြးစြန္းသားသတ္သမားမ်ားႏွင့္ အေသခံ တိုက္ခိုက္ေရးသမားမ်ား အားလုံး အလြန္ ႐ူးသြပ္ေပ်ာ္႐ႊင္သြားေသာ မ်က္ႏွာျဖင့္ ဒူးေထာက္ခ်ကာ ၿပိဳင္တူႏႈတ္ဆက္လိုက္ၾကသည္။
"ဝံပုေလြဘုရင္ကို ဂါရဝျပဳပါတယ္ "
ထိုအသံမ်ားက ကမာၻတုန္မတတ္ ပဲ့တင္ထပ္သြားရသည္။
ဆိုက္ေဘးရီးယား ဝံပုေလြဘုရင္အသစ္ ေမြးဖြားလာေခ်ၿပီ။

ငရဲမှလာသောသူ [ Chapter 201 to 400]Where stories live. Discover now